“လွမ်းဘို့ ကောင်းသော ”
“လွမ်းဘို့ ကောင်းသော ”
၂၀၁၃ ဆောင်း ကတော့ မန်းလေး မှာ အတော်လေး အေးတယ်လို့ ဆိုနို်င်ပါတယ်။
မနေ့ ည နေ အလုပ်ပြန်လာတဲ့ လမ်းမှာ စင် ကလေး ထိုး ထား တာကို တွေ့ တော့
ည ပိုင်း ဒီ အနားမှာ ပွဲ ရှိတယ်ဆိုတဲ့သဘော ပေါ့။
သူ့ နား ပါတ ်ဝန်းကျင်မှာလဲ မုန့်လင် မယား သယ် လေးတွေ ရောက်နေတော့
ပွဲ ရှိတယ် ဆိုတာ ပို သေချာ သွား ပါတယ်.။
ညပိုင်းအပြင်တစ်ခေါက်ပြန်ထွက်တော့ “မြို့ မ တီးဝိုင်း”ဖြစ်နေတာတွေ့တော့
ဝါသနာပါသူဆိုတော့ ဆိုင်ကယ်လေး ဘေးထိုးပြီး ဆင်းနားထောင်မိသပေါ့။
စင်ပေါ်က အဆိုတော် နှစ်ယောက်ကတော့ နာမယ်ကြီးသင်္ကြန်မိုး ရုပ်ရှင်ထဲက
နှစ်ကိုယ် တူ ချစ် သမျှ သီချင်းကို အတိုင်အဖောက်ညီညီ နဲ့ ဆိုနေကြပါတယ်။
ပါတ်ဝန်းကျင်ကိုကြည့်လိုက်တော့ စင်နဲ့ တည့် တည့် မှာတော့ ဖျာလေးတွေခင်းပြီး
ထို်င်နားထောင်နေတာကလူ သုံးလေးဆယ်လောက်။
လမ်းဘေး ပလက်ဖောင်းမှာရပ်နားထောင်နေတာက လူ ခပ်ကျဲ ကျဲ။
ကျနော်တို့ လို့ ဆိုင်ကယ်ရပ်နားထောင်နေတာက လေးငါးယောက်ဘ
မြင် ရတော့လူ သိ ပ် မစည်ကား ဘူးလို့ ဆိုနိုင်ပါတယ်။
လမ်းပိတ်ထားပေး တာ တောင်မှ ဒီ စင် နံဘေးက နေ ဆိုင်ကယ်တွေ
ဖြတ် သွားနို်င်လောက်အောင်လမ်းကျန်ပါ သေးတယ်။
မန်းလေးမြို့ ဂုဏ်ဆောင် မြို့ မတီးဝိုင်း မှာတောင်ဒီ လို လူ ကျဲ ကျဲ လေး ဖြစ်နေ
ရတာက
“မြန်မာမူ မြန်မာဟန်သီချင်းကိုဘဲ လူတွေ မနှစ်သက်တော့ တာလား”
“အေးလွန်းလို ့ ဘဲ အိ်မ် ထဲ က ဘဲ မထွက်ကြတာလား”
“တနင်္ဂနွေည ဆို တော့ ပရီးမီးယားလိဂ် ဘောလုံးပွဲ ပြ မယ့် တီဗွီရှေ့ဘဲ
ရောက်နေကြသလား”
“ ၂ရကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ အစီအစဉ်တွေကို ဘဲ ကြည့် နေကြမလား“
“ ဘီယာ ဆိုင် ကို ဘဲ သွား နေ ကြ သလား “
“တီဗွီက လာ မယ့် နိုင်ငံခြား ဇာတ်လမ်းတွဲ အခန်း ဆက် တွေ လွတ်ကုန်မှာစိုးလို့ စောင့် ကြည့်
နေကြ သလား “
“မြို့ မ တီး ဝိုင်း နဲ့ ဧည့် ခံ မယ် ဆို တာ ကို ဘဲ မသိ ကြ လို့လား”
ဆို တဲ့ လား ပေါင်းများ စွာ ကို လုံးထွေး ပြီး တွေး ရင်း ငယ်ငယ်က ဖြတ်သန်းခဲ့တဲ့
မန်းလေးမြို့ ရဲ့ ဆောင်း ည များက ပွဲ ခင်း တွေ ကို လွမ်း လာ မိ ပါတယ်။
**************************************************************
မန်းလေးမြို့ ရဲ့ဘုရားပွဲရာသီရောက်ပြီဆိုရင် ပထမဆုံးကျင်းပ တဲ့ဘုရားပွဲကတော့ ၈၂လမ်း
၂၉-၃ဝလမ်းကြားက ဘုရားသုံးဆူဘုရားပွဲပါဘဲ။
သီတင်းကျွတ်လဆန်းပြီးဆိုတာနဲ့ အိုးပုတ်သည်တွေက ဒီ ဘုရားရှေ့ကိုရောက်လာပါတယ်။
ကလေး ကစားတဲ ့ အိုးပုတ်လိုချင်တယ် ဆိုရင် ဒီဘုရားပွဲကျင်းပချိ်န်မှာ ရနိုင်ပါတယ်။
နောက်ဆုံးပိတ် အဆုံးသတ်ဘုရားပွဲကတော့မန်းလေးမြို့ ၁၉လမ်း အနောက်ဘက် ကရတနာမဉ္စူဘုရားပွဲပါဘဲ။
တန်ဆောင်မုန်းလပြည့်နေ့ မှာကျင်းပတာပါ။
ကျန်တဲ့ ရပ်ကွက်တွေ က တော့ သူ့ရက်နဲ့သူ အစဉ်အတို်င်းကျင်းပကြ တာရှေးကတည်းကပါဘဲ။
ကျနော်တို့ လူပျိုပေါက် ၁၉၇၃-၇၅ ခုနှစ် ပါတ်ဝန်းကျင်က မန်းလေးမြို့ ဆောင်းညများက
တော့ပြန်တွေး ရင် လွမ်း ဘို့ ကောင်း ပါ တယ်။
အဲဒီ အချိန် က ကာဗွန်အခိုးအငွေ့ တွေ ရဲ့ နှိပ်စက်မူ့ကို မခံ ရသေးတဲ့ မန်းလေးမြို့ကြီး
က သီတင်းကျွတ် လပြည့် နီးပြီ ကျောက်တော်ကြီးဘုရားပွဲအချိန်ရောက်ပြီဆိုကတည်းက
အနွေးထည် တဖားဖား ဝတ် ရ အောင် အေး တဲ့ အချိန် ကာလကို ရောက်နေပါပြီ။
နှင်းမူန်တွေဝေ့ ဝေ့ ဝဲ နေ တဲ ့ ဆောင်းည များ မှာ စက်ဘီး ကိုယ်စီနဲ့
ဘုရားပွဲ တကာ ကို လှည့် သွား ရ တဲ့ အရသာ ကို ဘယ်တော့ မှ
ပြန် မရ နိုင်တာ သေချာ ပါတယ်။
အဲဒီကာလ က ကျနော်တို့ နိုင်ငံမှာ မဆလ လို့ ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ကြီးစိုးတဲ့အချိန်။
လွပ်လပ်စွာပြောခွင့် မ ရ တဲ့ အချိန်။
စိုင်းခမ်းလိတ်ရေး ပြီး စိုင်းခမ်းသီ ဆို တဲ့ သီချင်းထဲက
“စကားကိုတောင်ကွယ် တိုးတိုးငြင်သာ ည အ မှောင်မိုက်မှ ပြော ဆို ရဲ တယ် “လို့
ရေးဖွဲ့ ရလောက်အောင် အပြော အဆို ဆင်ခြင်ရ ပါတယ်။
အဲဒိအချိန်မျုးိမှာ ပြည်သူတွေ ရဲ့ ရင် ထ ဲ ကခံစားချက်တွေကို
သွယ်ဝိုက်သော နည်းများနဲ့ဖော်ထုတ် ပြ နိုင်သူတွေကတော့ အငြိမ့်စင်ပေါါ်က
လူ ရွှင်တော်များပါဘဲ။
သူတို့ ရဲ့ ထိ မိ ပိုင်နိုင်သော
ခေတ်ကို ထင် ဟပ်ပြနိုင်သော
အတွေးများနဲ့ ပြည့်လျံ နေသော
တစ်ဖက် သတ် ဇွတ်ခို်င်းစေခြင်းကြောင့် မှားယွင်းနေသောလုပ်ရပ်များကို ထောက်ပြ ပြော ဆို
နေ သော ပြော ရဲ သော
လူရွှင်တော်များရဲ့ ပျက် လုံးတွေကို
သဘောကျလွန်း လို့
လက်ခုတ် တဖြောင်း ဖြောင်း တီးနို်င်ဘို့ လက်ခေါက် တရွှီရွှီ မူတ်နိုင်ဘို့ အတွက်
မချမ်းမစီး နိုင် မညောင်း မညာနိုင်ဘဲ လမ်းတကာ လည် လို့ ပွဲ ကြည့် ခဲ့ ကြ ရ တာ အမှန်ပါဘဲ။
အဲဒီ အချိန် က မြန်မာပြည်မှာ လမ်း သူရဲသီချင်းလို့ အ မည်ပေးခဲ့ကြ တဲ့ စတီရီယိုသီချင်းတွေ
နဲ့ မြန်မာ့ ဂီ တ အားပြိုင်စ အချိန် လို့ ဆိုနိုင်ပါတယ်။.
ဘုရား ပွဲ တွေ ကထိန်တွေ မှာ
ဇာတ်ပါမယ်။
( လူကြီးတွေ နဲ့ မိန်း မ တွေ ကြိုက် တယ်)
အငြိမ့် ပါမယ်။
( လူငယ် နဲ့လူ လတ်ပိုင်း တွေ ကြိုက် တယ်)
စတီရီယို တီးဝိုင်းပါ မယ်။
( ခေတ်မီ တဲ့ လူငယ်ပိုင်း က ကြိုက်တယ်)
မြို့ မလို့ မိုးကေသီ လို တေးချစ်သူ လို့ မြန်မာ့ ဂီ တ ဝိုင်း ပါမယ်။
(လူကြီးပိုင်းနဲ့ လူ လတ် ပိုင်း တွေကြိုက်တယ်)
အဲ လို့ အသက် အရွယ် အလိုက် အကြိုက်ကွဲ ပြား သွားကြ တာပါ။
ကျနော်တို့ ကတော့ အငြိ်မ့် လဲ ကြိုက် မြန်မာသီချင်းတွေလဲ ကြိုက်ခဲ့ ပါတယ်။
ကျနော်တို့ ကြိုက်တဲ့ အငြိ်မ့် နောက်ကိုလဲ လိုက်တယ်။
မြို့ မ တီးဝိုင်းလို မိုးကေသီ လို တီးဝိုင်းနောက်ကိုလဲ လိုက်တယ်။
ကျနော် ငယ်ငယ်က မြို့ မ အဖွဲ့ ကြီး ရဲ့ ပြည်တော်ဝင် သီချင်းကို ကြား မိ တဲ့
အခါတိုင်းစိတ်ထဲမှာ အင်အားတစ်ခု စီးဝင်လာသလိုခံစားခဲ့ ရ ပါတယ်။
အခုလို ဆောင်းညများမှာဆိုရင် ပွဲ သတင်း နားထောင်ရင်းကိုယ်နှစ်သက်
ရာ အငြိမ့် နှစ်သက်ရာ တီးဝိုင်းနောက်ကို သွား ခဲ့ ကြ ရ တဲ့ အရ သာ
ခံစားချက် မျုးိ က အခု ချိန် မှာ မရ နို်င် တော့ ပါဘူး။
ကိုယ့် မိတ်ဆွေတွေရှိတဲ့ အသိ အကျွမ်းတွေရှိတဲ့ ရပ်ကွက်ဘုရားပွဲအိမ်တွေက
ဧည့်ခံ တဲ့ ကြာဇာဟင်း၊ ဆနွင်းမကင်း၊ မာစကပ် ၊ ခနုံထုပ်၊လက်ဖက်၊
ကို အား မ နာ တမ်း စား ခဲ့ ကြ ရ တာတွေက မမေ့ နိုင်စရာ။
ဒီထက် မမေ့ နိုင်စရာကောင်းတာကတော့
ဇီးဖြူ သီး ဆား ရေ စိမ်နဲ့ ငပိကြော် ပါဘဲ။
(ကျန်တာတွေက ဝယ် စားလို့ ရ ပေ မယ့် ဒါ ကတော့ ဝယ်စားလို့ မရ နိုင်ဘူးလေ)
အခုအချိန်မှာတော့ ဘုရားပွဲ သွား ပြီး စားကြ သောက်ကြတယ်ဆိုတဲ့
ဓလေ့ ကလေးက မန်းလေးမှာကွယ်ပျောက်သွား သလို။
ဟို အရင် အချိန် တွေ တုံး က ရပ်ကွက်ဘုရား ပွဲ မတိုင်ခင် နှစ်လလောက်ကတည်းက
ပြင်ကြ ဆင် ကြ သွေးတွေကြွ ကြာတာ မန်းလေးမြို့ က လူကြီးလူငယ်တိုင်းပါဘဲ။
မန်းလေးသူ မန်းလေးသား တိုင်း သင်္ကြန်နဲ့ ဘုရားပွဲကတော့ ရင်ထဲမှာအမြဲ ရှိနေတဲ့
ပွဲ နှစ်ခု ပါ ဘဲ။
လူကြီးတွေက တော့ ကိုယ့် ရပ်ကွက် ဘုရားပွဲ ရောက် ရင် မိတ်ဆွေသင်္ဂဟတွေကို
ဘယ်လိုဧည့် ခံ ရင် ကောင်း မလဲ လို့ တွေးပါတယ်။
လူလတ်ပိုင်းတွေ က တော့ အရပ်ဘုရားပွဲ မှာ ဘယ် ဇာတ်ထည့်ရင်ကောင်းမယ်
ဘယ် အငြိမ့် ငှားရင်ကောင်းမယ်လို့ စဉ်းစားကြပါတယ်။
အပျို လူပျို တွေ က တော့ ရပ်ကွက် ဘုရားပွဲ ရောက် ရင် ဘယ်လို အဆင်အသွေး
လေး နဲ့ ပွဲထွက် မယ် ဆိုတာ ကို စိတ် ကူး ယဉ် ပါတယ်။
ကလေးတွေကတော့ ဘုရားပွဲ ရောက်ရင် အိမ်တကာလှည့်ပြီး မုန့်စားမယ်
ပွဲ ဈေး တန်းလျောက်မယ်
လူ ကြီးတွေ ပေးထား တဲ့ မုန့် ဘိုးတွေနဲ့ အရုပ်ဝယ်မယ်
မုန့် သိုင်းခြုံ စားမယ်
ချွေတာရေး မုန့်ပျစ်သလက် စား မယ် ၊
ထန်းလျက် ရေ ဆမ်းထားတဲ့ မုန့်လေပွေစားမယ်
ဆိတ်ဝမ်းတွင်းသားဟင်းနဲ့ ခေါက်ဆွဲကြော်စားမယ်
ဘဲသားမြီး ရှည် စား မယ် ဆိုပြီး တေးထားကြပါတယ်။
အခုတော့ဒီ ရ သ တွေ ပျောက်ဆုံးကုန်ပါတယ်။
ရပ်ကွက်တော်တော်များများ မှာ ဘုရားပွဲ လုပ်တယ်ဆိုတာ
တကယ့် ဘုရား ပွဲ ကျင်း ပ တယ် ဆို ရုံလောက်။
အချို့တွေများ ကိုယ့် ရပ်ကွက် ဘုရား ပွဲ ဘယ် နေ့ ဆိုတာတောင် စိတ်ထဲ မှာ မရှိတော့။
အရင်က ပွဲလမ်း သဘင်တွေနဲ့ စည်ကား ခဲ့ တဲ့ ဇာတ်အဖွဲ့ တွေ အငြိမ့် တွေနဲ့ခန့်ထည်
ခဲ့ တဲ့ ရတနာပုံရွှေမြို့ တော်ကြီး မှာ အခုအချိန်မှာတော့ ဇာတ်အဖွဲ့ အငြိ်မ့် အဖွဲ့ ဆိုတာ
ရှိတယ် ဆို ရုံ လောက်ဘဲ ကျန် ခဲ့ ပါတယ်။
ဒါပေမယ့် တကယ့် လက်တွေ့ ကျကျ စဉ်းစား မယ်ဆိုရင်တော့
ခေတ် ရဲ့ အလို ကျ အတိုင်း လျောကျ ပျောက် ဆုံး သွား ရ တယ်လိုဘဲ
ဆိုရပါမယ်။
ပထမဆုံးအချက်ကတော့ မန်းလေးမြို့ ဟောင်း ရဲ့ ရပ်ကွက်ကြီးတွေမှာ ဘုရားပွဲ ကျင်း ပ ရာရပ်ကွက်တွေမှ
ာဘုရားပွဲ ကို ခုံ မင် တဲ့ လူတန်းစားတွေ မရှိတော့ တာပါဘဲ။
သူတို့က မြို့သစ် ကွက် သစ် တွေကို ပြောင်းရွှေ့ နေထို်င်ကြတော့တာကိုးဗျ။
သူ တို့ နေရာမှာ အစားထိုးဝင် လာတဲ့လူ သစ်တွေက ဘုရားပွဲ ရသကို စိတ်မဝင်စား
တာ အမှန် ပါ ဘဲ။
ဟိုအရင်က လူ ထု အတွက်ဖျော်ဖြေ ရေး လို့ ဆိုနိုင်တာက
ရုပ်ရှင် ရေ ဒီ ယို နဲ့ အလှူအောင်ပွဲ တို့ ဘုရားပွဲ တို့မှာသာ ကြည့် ခွင့်ရတဲ့
တီးဝိုင်းတွေ အငြိမ့် တွေ ဇာတ်တွေဘဲ ရှိတာကိုး။
အခု ခေတ်မှာတော့ ဖျော်ဖြေရေးတွေက စုံလင် လှပါတယ်။
အိမ်ထဲ က အိမ်ပြင်မထွက်ဘဲ ပြည်တွင်းပြည် ပ လိုင်းတွေကနေ့လွှင့်နေတဲ့
သီချင်း ၊ရုပ်ရှင် ၊အားကစား၊ဗဟုသုတ ကြည့် ချင် ရာ ကို တီဗွီကနေ ကြည့် လို့ ရတယ်။
တစ်နေကုန် အဆက်မပြတ် လာနေ တော့ ကြိုက်တဲ့ အချိန် ကြိုက်တာကြည့် ရုံ ပါဘဲ။
ကိုယ့် ဘာသာ ကိုယ် အိမ်မှာ သီချင်းဆိုချင်တယ်ဆိုရင်လဲ ရတယ်။
အိမ်မှာ မဆိုချင်ရင် ကေတီဗွီ ကို သွား ဆို လို့ ရ ပြန် ပါတယ်။
လက် ဖက် ရည်ဆိုင် ဘီယာဆိုင် ကြိုက်တဲ့ နေရာသွားလို့ ရတယ်။
ရုပ်ရှင်သွားချင်ရင်လဲ ရတယ်။
အဲတော့ ညပိုင်း အချိန် ဖြူန်းစ ရာနေရာ ခံစားစရာနေရာတွေက
ပေါ မှ ပေါ ပါဘဲ။
ဒီတော့ ရပ်ကွက် ဘုရားပွဲ မှာ မှ ကြည့် ရတယ်
ဇာတ်ပွဲ
အငြိမ့် ပွဲ
တီးဝိုင်းလဲ မက် စရာ မလို မျှော်စရာ မလိုတော့ဘူးလို့ ဆိုနိုင်ပါတယ်။
နောက်တစ်ချက် ကတော့ အဲဒီ ဇာတ်တွေ အငြိမ့်တွေကလဲ
ကျနော်တို့ကို မ ဆွဲ ဆောင်နိုင်တာ လဲ ပါ နိုင်ပါတယ်။
ဘယ်အငြိမ့် ဘယ်ဇာတ်ကြည့်ကြည့် စွဲမက်လောက်စရာ မ ပါ တာလဲ ဖြစ်နို်င်ပါတယ်။
လူရွှင်တော် တွေရဲ့ ပျက် လုံးတွေ နားထောင်လိုက်ရ ပြန် ရင်လဲ
ခေတ်စနစ်ကို ကိုယ်စား မပြု နိုင် တာ အမှန် ပါ ဘဲ။
အမြင် မတော် တာကို သ ရော် တာထက် မောင်နှဲ့ နှမ သားနဲ့ အမိ အတူနားထောင်
လို့ မတင့် တယ် တဲ့ အောက်လုံး(ညစ်ညမ်းသောပျက်လုံး)တွေကို ဘဲ
ကြား နေ ရ တော့ လူရွှင်တော်တွေရဲ့ ပြက်လုံးကို မ မက် တော့ ဘူးပေါ့။
ဘာ ဘဲ ပြောပြော မန်းလေးသားတစ်ယောက်အဘို့ ဒီ လို ဆောင်းညများရောက်ရင်
အရင်က စက်ဘီးလေးတွေနဲ့ အငြိ်မ့် တကာ လှည့် ကြည့် ခဲ့
စင်အောက်ကနေပြီး လက်ခုပ်တစ်ဖြောင်းဖြောင်းတီးခဲ့
လက်ခေါက် တရွှီရွှီမူတ်ခဲ့
တဟေးဟေး တဟားဟားနဲ့ အော်ခဲ့
ပျော်ခဲ့ ရ တဲ့ နေ့ ရက် များကို လွမ်း မိတာ အမှန် ပါ ဘဲ။
အော် ပြန် တွေး မိတော့ လျွမ်း ဘို့ ကောင်းတာ ကတော့ အသေ အချာပါဘဲ
ကိုပေါက်( မန္တလေး)
ကိုပေါက်လက်ဆောင် အတွေး ပါးပါးလေး
27-12-2013
12 comments
koyinmaung
December 28, 2013 at 1:44 pm
အေးဗျာ…ကိုပေါက်ရဲ့အတွေးပါးပါးလေးဖတ်လိုက်ရတော့ ငယ်ဘဝကို
ပြန်လည်အောင်မေ့တမ်းတမိပါရဲ့…
သီတင်းကျွတ် တန်ဆောင်တိုင်ဆို ငယ်ငယ်ကရပ်ကွက်ထဲမှာ အရပ်ပြဇတ်လေးတွေ
အပြိုင်အဆိုင် ကကြတာပြန်အမှတ်မိပါတယ်…
ငယ်ဘဝကိုပြန်လည်အမှတ်ရစေတဲ့ပို့စ်လေးကိုအားပေးသွားပါတယ် ကိုပေါက်ရေ…………
ကိုပေါက်(မန္တလေး)
December 28, 2013 at 5:30 pm
ဒီ လို အချိန် ဆို ရင ် ရှေး က မန်းေ လး မှာ ပွဲ ပေါ တဲ့ ရာ သီ ပေါ့ ကိုရင်မောင်ရေ
TNA
December 28, 2013 at 4:53 pm
ဟိုးအရင်တုန်းကဆို လမ်းထိပ်တိုင်းမှာ ဇာတ်စင်တွေဆောက်ပြီးတမိုးလုံးထွင်ထားတာတွေ အပြိုင်ပြကြတုန်း ကမန်းလေးလူထုနဲ့ အခုမန်းလေးလူထုအတော်ကွာသွားသလိုပဲနော်လေးပေါက် လွမ်းမိပါတယ်။
ကိုပေါက်(မန္တလေး)
December 28, 2013 at 5:32 pm
လူ ထု လဲ ကွာ
ခံစား စ ရာ လဲ ကွာ
ခံ စား မူ့ ခြင်း လဲ ကွာ
ဒီတော့ …………………………………
…………………………………………..
alinsett
December 28, 2013 at 5:42 pm
ကျကျနန လွမ်းပြသွားလိုက်တာ လေးပေါက်ရယ်
အလွမ်းတွေ ကူးစက် လာတယ်
•*¨နန်းတော်ရာသူ •*¨
December 29, 2013 at 1:59 pm
ပွဲတော်တွေကိုအဖြစ်လောက်ပဲလုပ်နိုင်တာနဲ့ ပွဲပြီးစားကြသောက်ကြတယ်ဆိုတာတွေက
ခေတ်စနစ်၊လူမှုစီးပွားရေးတွေနဲ့အများကြီးဆိုင်တယ်ဖေပေါက်။
အရင်ကဆို တောင်ငူရွှေဆံတော်ပွဲက တစ်လကိုးသီတင်း နာမည်ကြီးဇာတ်တွေတစ်ခုပြီးတစ်ခုဆက်ဝင်တာ။နောက်ပိုင်းစစ်အစိုးရလက်ထက်မှာ ရက်နည်းနည်းနဲ့အမြန်ကျင်းပရတာနဲ့၊ဟိုနားဗုံးပေါက်၊ဒီနားဗုံးပေါက်သတင်းတွေနဲ့ ပွဲတော်ကမစည်တော့တာ။
နှစ်ပေါင်းများစွာကြာခဲ့တယ်။အခုနောက်ပိုင်းမှ အရင်လိုတစ်လကိုးသီတင်းကျင်းပပြီး ပြန်စည်လာတာလေ။
ဒါပေမယ့် ပြည်သူတွေရဲ့စားဝတ်နေရေးမပြေလည်မှုနဲ့၊ခေတ်ပေါ်အိုင်တီပစ္စည်းတွေဝယ်ဖို့လောက်သာအားသန်နေကြတာမို့ အရင်လို အပျော်အပါး အစားအသောက်ဘက်မှာ မလိုက်နိုင်ကြတော့ပါဘူး။
စတန်းဒတ်ဟိုက်ဟိုက်ဖြစ်နေကြတာပေါ့
😀
ကိုပေါက်(မန္တလေး)
December 29, 2013 at 5:44 pm
မှန် တယ် နန်း တော် ရ ာ သူ ရေ။
ဒါ ပေ မယ့် ရိုး ရာ မ ပျောက် အောင် ယဉ် ကျေး မူ့ မ ပျောက် အောင် ထိန်း သိမ်း ကြ ရ မှာ ပါ
အစိုး ရ မှာ တင် မဟုတ် ပြည် သူ တွေ မှာ ပါ တာ ဝန် ရှိ ပါ တယ်။
ဦးဦးပါလေရာ
December 29, 2013 at 8:06 pm
ကိုပေါက်ပိုစ့်လေးဖတ်ရတော့
ကျနော် မန်းမှာ ၆ နှစ်နေခဲ့ရတဲ့ကာလလေးတွေကို
ပြန်သတိရပြီး ပြန်လွမ်းသွားမိတယ် အကိုရေ…။
ကျနော် မန်းလေးရောက်တဲ့အချိန်မှာတော့
အခုလို ဆောင်းညမျိုးမှာ အားရင်အားသလို စက်ဘီးတစ်စီးစီနဲ့ မြို့ပတ်ပြီး အငြိမ့်ရှာတာပါ…
တစ်နေရာမဟုတ် တစ်နေရာ တွေ့တတ်မြဲပါပဲ…။
ဆောင်းလေအေးအေးလေးကြားမှာ
အငြိမ့်စင်ဒေါင့်တစ်ခုခုကို ရသလောက်တိုးပြီး မြင်သလောက်ကြည့်ရတာ တကယ့်လွမ်းစရာအရသာပါ..။
မန်းလေးအငြိမ့်တွေကလဲ နေ့ရယ်ညရယ်မဟုတ်
ငှားတဲ့နေရာ ငှားတဲ့အချိန် လိုက် က ကြတာ
တစ်ခါကဆို မန္တလေးတောင် ပတ်လမ်းဘေးသစ်ပင်အောက်မှာ စင်ကလေးထိုးပြီး
လူရွှင်တော် ဆိုနီ နဲ့ မိုးကျော် တို့ နေ့ခင်းကြောင်တောင် က နေတာကို
စက်ဘီးရပ်ပြီးကြည့်ခဲ့ဖူးတယ်…။
အငြိမ့်တွေ ဇတ်ပွဲတွေဆိုတာက
ကြည့်ရတာလဲ အရသာတစ်မျိုး…
ပွဲခင်းပွဲဈေးလျှောက်လည်ရတာလဲ အရသာတစ်မျိုး….ဗျ ။
အခုခေတ်မှာတော့ အိမ်ထဲရောက်လာတဲ့ ဖျော်ဖြေရေးမျိုးစုံနဲ့ အင်တာနက် ဆိုရှယ်ဆိုက်တွေထဲမှာပဲ လည်ပတ်သွားလာနေကြတာများတော့-
လူအစစ်တွေကြားထဲ လည်ပတ်သွားလာရတာ သိပ်အရသာမတွေ့ကြတော့ဘူးထင်ပါရဲ့ …..
ကိုပေါက်(မန္တလေး)
December 29, 2013 at 9:48 pm
ဟုတ် တယ် ကို ပါ
ကျနော် တို့ က အ စစ် တွေ ကို မေ့ ထား ပြီး
မမြင် ရ တဲ့ အတု တွေ ကြား ထဲ မှာ ပျော် နေ ကြ တာ အမှန် ပါ ဘဲ။
Paing Lay
December 29, 2013 at 8:39 pm
အနော်လဲ အပေါ်မှာရှိတဲ့ စီနီယာတွေနဲ့ ထပ်တူထပ်မျှပါပဲဗျာ……ငယ်ငယ်က မိဘတွေကို ပွဲဈေးသွားရင် ဟိုအရုပ်ပူစာလိုက် ဟိုဟာလေးစားချင်တယ်ပူစာလိုက်နဲ့ ကလေးဘဝကိုတောင် ပြန်ရောက်သွားရသလိုပဲဗျာ 😥
ကိုပေါက်(မန္တလေး)
December 29, 2013 at 9:50 pm
ိပိုင ်ပိုင် ရေ
ငယ် က ဘု ရား ပွဲ မ ရောက် ခင် က တည်း ကကြို ပြီး ပျော် ခဲ့ ကြ ရ တာ လေ
KZ
December 30, 2013 at 11:13 am
ဆီးဖြူသီးဆားရေစိမ် နဲ့ ငပိကြော်ကို လွမ်းတယ်။
😀