Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လွိုင်ကော်မြို့သို့ အလည်တစ်ခေါက် (၁)

weiweiDecember 30, 20134min59215

ဒီနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ဘယ်သွားရင်ကောင်းမလဲ စဉ်းစားရင်း တစ်ခါမှ မရောက်ဖူးသေးတဲ့ လွိုင်ကော်မြို့ကို သွားလည်ဖို့ စီစဉ်ဖြစ်သွားပါတယ်။ စီစဉ်တယ်ဆိုတာက အဓိက လမ်းခရီးအခြေအနေကောင်းမကောင်းနဲ့ စိတ်ဝင်စားစရာဘယ်လိုနေရာမျိုးလဲ ရှိသလဲဆိုတာ အရင်စုံစမ်းကြည့်တာပါ။ အင်တာနက်ကနေ ရှာကြည့်သလောက်ကတော့ လမ်းအနေနဲ့ နေပြည်တော်- ပင်လောင်းလမ်းကနေ သွားလဲရတယ်။ ကလောကနေ တဆင့်သွားလို့လဲရပါတယ်။ နေပြည်တော်-ပင်လောင်းလမ်းက အသွားအလာနဲတယ်လို့ သိရတဲ့အတွက် ကလောကနေတဆင့်သွားဖို့ ရွေးချယ်လိုက်ပါတယ်။ စိတ်ဝင်စားစရာနေရာကတော့ တောင်ကွဲစေတီနဲ့ ကယန်းမျိုးနွယ်စုတွေနေထိုင်တဲ့ ကယန်းရွာကို သွားလည်နိုင်တာလောက်ပဲ ရှာတွေ့ခဲ့ပါတယ်။

သောကြာနေ့ညဘက် ၁ဝ နာရီလောက် ရန်ကုန်ကနေစထွက်ခဲ့ကြတယ်။ နေပြည်တော်ရောက်ပြီးနောက် မိုင်တိုင် ၂၆၂ မိုင်မှာ ပျော်ဘွယ်ဘက်ကိုသွားတဲ့လမ်းခွဲဘက်ကို ချိုးကွေ့ပြီး ပျော်ဘွယ် – သာစည် လမ်းကနေ တောင်တက်လမ်းတွေကို ဖြတ်သန်းပြီး ကလောမြို့ကို မနက် ဝေလီဝေလင်းအချိန်မှာ ရောက်ခဲ့ပါတယ်။ ကားမောင်းတဲ့သူရော၊ ကားရော အနားရအောင်လို့ ကလောမှာ တစ်နေ့လုံးနေလိုက်ပြီး ကလောမှာပဲ ညအိပ်ခဲ့ပါတယ်။ ဆောင်းရာသီ ကလောမြို့မှာ နေရတဲ့ ခံစားချက်က နိုင်ငံခြားကို ရောက်နေသလိုပါပဲ။ တော်တော်လေးအေးပါတယ်။ ခြေစွပ်၊ လက်စွပ်၊ ခေါင်းစွပ်တွေနဲ့ပေါ့။ ကိုရီးယားကို သွားလည်ချင်တယ်လို့ ပြောလေ့ရှိတဲ့ ပထမတန်းကျောင်းသား တူတော်မောင်ကို ကိုရီးယားက အခုကလောထက်ပိုအေးတယ်လို့ ပြောလိုက်လို့ ကိုရီးယားကို မသွားချင်တော့ဘူးတဲ့။

ကလောမှာ လည်စရာအနေနဲ့ နှီးဘုရားနဲ့ ရွှေဥမင်လှိုင်ဂူပဲ ရှိပါတယ်။ ကလောဈေးထဲ လျှောက်ကြည့်ပြီး လက်ဆောင်တွေဝယ်လို့ရပါတယ်။ ကလောရောက်တိုင်း သုမောင် ထမင်းဆိုင်မှာပဲ စားဖြစ်တယ်။

ကလော နှီးဘုရား
ကလော နှီးဘုရား
ကလောဈေးနားက ဘုရားတစ်ဆူ (ညနေဆည်းဆာအချိန်)
ကလောဈေးနားက ဘုရားတစ်ဆူ (ညနေဆည်းဆာအချိန်)
ရွှေဥမင်သဘာဝလှိုဏ်ဂူတော်အတွင်း
ရွှေဥမင်သဘာဝလှိုဏ်ဂူတော်အတွင်း
ရွှေဥမင်ဘုရားစေတီများ (ဂူအပြင်ဘက်)
ရွှေဥမင်ဘုရားစေတီများ (ဂူအပြင်ဘက်)

နောက်တစ်နေ့မနက် ရ နာရီမှာ မနက်စာစားသောက်ပြီး လွိုင်ကော်ကို ခရီးဆက်ခဲ့ပါတယ်။ ကလောအလွန်မှာ မြင်းမထိဂူရှိလို့ အဲဒီကို အရင်ဝင်ခဲ့တယ်။ မနက်စောစောဖြစ်ပြီး ဖိနပ်ချွတ်ပြီး ကျောက်ပြားကို နင်းမိလိုက်တာနဲ့ ရေခဲတုံးပေါ်နင်းလိုက်ရသလို ခံစားချက်က တော်တော်လေးခံရခက်ပါတယ်။ သီးမခံနိုင်လောက်အောင် အေးတဲ့အတွက် လမ်းလျှောက်ရတာ ခြေထောက်ထုံကျင်တယ်။ အရမ်းအေးတာကို ခံစားမိတဲ့အခါတိုင်း တွေးမိတာတစ်ခုက အရမ်းပူတာက အရမ်းအေးတာထက် ပိုပြီးခံနိုင်ရည်ရှိတယ်လို့ ထင်မိတယ်။

မြင်းမထိဂူ အဝင်ပေါက်
မြင်းမထိဂူ အဝင်ပေါက်
မြင်းမထိဂူ အတွင်းပိုင်း
မြင်းမထိဂူ အတွင်းပိုင်း

မြင်းမထိဂူထဲ ဝင်ကြည့်ခဲ့ကြတယ်။ ကျွန်မတို့မိသားစုကလွဲပြီး တစ်ခြားတစ်ယောက်မှမရှိဘူး။ ခွေးတစ်ကောင်က ကျွန်မတို့ရှေ့ကနေ လမ်းပြပြီး ဂူထဲဝင်သွားတယ်။ လူတွေကိုသေချာစောင့်ခေါ်ပြီး ဂိုက်လုပ်ပေးခဲ့တဲ့ ခွေးတစ်ကောင်ကြောင့် ရယ်စရာကောင်းခဲ့သလို ပျော်စရာလဲကောင်းခဲ့ပါတယ်။ မြင်းမထိဂူက ဝင်ပေါက် ထွက်ပေါက် သီးသန့်ရှိပါတယ်။ ထွက်ပေါက်ကနေ ကားရပ်ထားတဲ့နေရာအထိ ခြေထောက်ဗလာနဲ့ လမ်းလျှောက်လိုက်ရတာ အမှတ်တရပါပဲ။

မြင်းမထိကနေ လွိုင်ကော်ကို ခရီးဆက်ခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် ရှုခင်းတွေက တစ်မျိုးလှပါတယ်။ တော်တော်အေးတဲ့ဒေသတွေဆိုတော့ ဆောင်းရာသီက အရွက်ခြောက်တွေနဲ့ တောင်တန်းတွေက လွမ်းစရာကောင်းသလိုလိုပဲ။ ကားလမ်းက ၂ စီးရှောင်လို့မရအောင် ကျဉ်းပါတယ်။ တစ်စီးက ဘေးကပ်ရပ်ပြီး ရှောင်ပေးရတဲ့အတွက် ၉၈ မိုင်ခရီးကို ၅ နာရီကျော်လောက် မောင်းခဲ့ရပါတယ်။ လမ်းတစ်လျှောက် ရွာအနဲငယ်သာတွေ့ခဲ့ရာကနေ လွိုင်ကော်မြို့ထဲရောက်လာတော့ မြို့ကြီးတစ်မြို့ကို ဘွားကနဲတွေ့လိုက်ရသလို စည်ကားနေပါတယ်။ လမ်းခရီးတစ်လျှေက် ကားပေါ်ကနေ လျှပ်တစ်ပြက်ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို ပြချင်ပါတယ်။

ကြက်သွန်မိတ် စိုက်နေတဲ့ ရှုခင်း
ကြက်သွန်မိတ် စိုက်နေတဲ့ ရှုခင်း
စိုက်ခင်းတွေနဲ့ တောင်တန်းတွေက ပဏာရနေတယ်
စိုက်ခင်းတွေနဲ့ တောင်တန်းတွေက ပဏာရနေတယ်
ခရစ်ယာန်ဘုရားကျောင်းတွေလဲ ရှိတယ်
ခရစ်ယာန်ဘုရားကျောင်းတွေလဲ ရှိတယ်
ငရုတ်သီးနဲနဲရဲရဲတွေ အိမ်ရှေ့တိုင်းလိုလိုမှာ လှမ်းထားကြတယ်
ငရုတ်သီးနဲနဲရဲရဲတွေ အိမ်ရှေ့တိုင်းလိုလိုမှာ လှမ်းထားကြတယ်
အိမ်ပုံစံတွေက တုံးတိတိပုံစံတွေများတယ်
အိမ်ပုံစံတွေက တုံးတိတိပုံစံတွေများတယ်
မိုးဗြဲမြို့မဝင်ခင်မှာ တွေ့ခဲ့ရတဲ့ အလွန်ကြီးမာတဲ့ ရေကန် (မိုးဗြဲဆည်လို့ ထင်တာပဲ)
မိုးဗြဲမြို့မဝင်ခင်မှာ တွေ့ခဲ့ရတဲ့ အလွန်ကြီးမာတဲ့ ရေကန် (မိုးဗြဲဆည်လို့ ထင်တာပဲ)
ဆောင်းရာသီအရောင်က တစ်မျိုးလှတယ်
ဆောင်းရာသီအရောင်က တစ်မျိုးလှတယ်
သဘာဝ အလှအပများ
သဘာဝ အလှအပများ
ရွာကလေးတစ်ရွာ
ရွာကလေးတစ်ရွာ
လွိုင်ကော်မြို့မှ ကြိုဆိုပါတယ် ..
လွိုင်ကော်မြို့မှ ကြိုဆိုပါတယ် ..

လမ်းခရီးပုံတွေကို ကားစီးနေတုန်းရိုက်ခဲ့ရလို့ မှန်ခံနေတာကတစ်ကြောင်း၊ လမ်းက လှုပ်လွန်းတာကတစ်ကြောင်းမို့ လိုအပ်တာတွေ အများကြီးရှိနေပေမယ့် ဒီပို့စ်ကို ဖတ်မိတဲ့အားလုံးကို အတူတူခေါ်သွားချင်တာကြောင့် ကောင်းတာလေးတွေရွေးပြီး တင်လိုက်ပါတယ်။

နဲနဲရှည်သွားပြီမို့လို့ တောင်ကွဲစေတီကို နောက်ထပ်ပို့စ်တစ်ခုနဲ့ သီးသန့်တင်ပါတော့မယ် …

(လမ်းခရီးပုံ)

15 comments

  • alinsett

    December 31, 2013 at 7:28 am

    အယ်
    သွားချင် လိုက်တာ

    ကိုသော်ဇင်တို့ ဆီကိုပေါ့လေ

    🙂

    အခုပိုစ့်ထဲက အရင် သွားထားဦးမယ်

  • KZ

    December 31, 2013 at 8:23 am

    လှတာဗျာ။ဓာတ်ပုံတွေ ကြည့်ရင်းးးးးး
    သဘာဝ အနံ့ကို ရလိုက်တယ်။
    🙂
    ကျနော်လည်း အအေးသာကြိုက်တာ
    အအေးဒဏ်မခံနိုင်ဘူးးး
    အပူဒဏ်ပိုခံနိုင်တယ်။

  • မဟာရာဇာ အံစာတုံး

    December 31, 2013 at 9:27 am

    လွိုင်ကော်ကို ရောက်ဖူးဘူး
    သွားဂျင်ဒယ် …
    သဘာဝ ရှုခင်းတွေ မြင်ရပြန်တော့
    ရွာကိုတောင် ပြန်လွမ်းမိတွားဒယ် …
    မြို့ပြက မွန်းကြပ်လှတယ်
    ဒီလို ခရီးသွားတာ ရှယ်ဘာဘဲရယ် …

  • TNA

    December 31, 2013 at 9:37 am

    လှလိုက်တဲ့ပုံလေးတွေ။ မဝေနဲ့အတူလိုက်လည်သွားပါတယ်။ အားကျလိုက်တာ အဲလိုခရီးတွေသွားရတာ ပျော်စရာကြီး

  • Wow

    December 31, 2013 at 11:06 am

    ကယားပြည်နယ် လွိုင်ကော်က ဒွေးမယ်နော်ရေချိုးတဲ့ ကန်ရှိတဲ့နေရာလားဟင်…

    • KZ

      December 31, 2013 at 11:46 am

      အဲလာ ပင်းတယ ဘုတ်တလုပ်ကန် ဟုတ်ဘူးလားဟမ်??
      ရှမ်းပြည်မှာလေ။
      ဒါမဲ့ ဒွေးမယ်နော် ဇာတိက ငွေတောင်ပြည်ဆိုတော့ ရှိနိုင်ပါတယ်။

      😀

      • Wow

        December 31, 2013 at 12:59 pm

        ငါမှားလား… မင်းမှန်လား … ရှမ်းပြည်နဲ့.. ကယားပြည်.. သိပ်မဝေးပါဝူး :mrgreen:

    • sorrow

      December 31, 2013 at 11:49 am

      ကန်ပဲမေးတယ်နော်…မမ…ပုဂျွန်မွေးမို့လား..အဟိဟိ

      • Wow

        December 31, 2013 at 1:02 pm

        စီးပွားရေးက အရေးကြီးတယ်အေ့… မွေးနိုင်မှ ကိုယ့်ဖို့… မွေးအူးမာ…………………………………
        ……………………………………………………..
        …………………………………………..
        ……………………………………
        ပုဂျွန်… :mrgreen:

  • Ma Ma

    December 31, 2013 at 6:20 pm

    ဝေဝေရဲ့ခရီးသွားပိုစ့်တွေ မတွေ့ရတာကြာလို့ သတိရနေတာ။
    ဒီရွာထဲမှာ အခြေချဖြစ်စေခဲ့တဲ့ ဝေဝေရဲ့ တရုတ်ပြည်က ခရီးသွားပိုစ့်တွေကိုတောင် လွမ်းမိသေးတော့တယ်။
    စိတ်သွားတိုင်းကိုယ်ပါနိုင်တဲ့အခြေအနေကို အားကျတယ်။
    ဝေဝေ့ပိုစ့်ကိုဖတ်ပြီး ကိုယ်ပါလိုက်သွားရသလိုပဲမို့ သဘောကျတယ်။
    နောက်ထပ်ပိုစ့်တွေကိုလည်း စောင့်နေပါမယ်။ 🙂

  • Crystalline

    January 1, 2014 at 2:24 pm

    လွိုင်ကော်ရောက်ဖူးပေမယ့် အစားတွေကြား တဝဲလည်လည်နဲ့ တောင်ကွဲစေတီကလွဲပြီး မရောက်ဖြစ်ခဲ့ဘူး.. :)) အသွားတလမ်း အပြန်တလမ်းသွားခဲ့တာ.. ကျမတို့သွားစဉ်ကတော့ တော်တော်လေးခြောက်တယ်.. မြို့လမ်းအကျယ်ကြီးမှာ ရှင်းကိုနေတာ.. လွိုင်ကော်ဝက်အူချောင်း၊ ဟင်းထုတ်တွေစားကောင်းတယ်.. နောက်တခါရောက်ဖြစ်ရင်တော့ မဝေတို့ရောက်ခဲ့တဲ့နားတွေသွားဖြစ်အောင်သွားအုန်းမယ်.. တိုင်းရင်းသားတွေရဲ့ရွာတွေကို..

  • Mလုလင်

    January 2, 2014 at 1:11 am

    လွိုင်ကော်မြို ့ ရဲ့ တိုးတက်မှုက အံ့မခန်းပါ။ ငြိမ်းချမ်းမှု ရဲ့ မှတ်တိုင် လို့ထင်ပါတယ်။ စာတတ်မြောက်မှုနှုန်း နဲ့ စာသင်ကျောင်း၊ ကျောင်းသား အရေအတွက် သိသိသာသာ တိုးတက် လာတာလဲ တွေ့ရပါတယ်။ ရာသီဥတု အေးအေး၊ ဒေသခံ တွေရဲ့ ရိုးသားမှု နဲ့ အစားအသာက် လတ်ဆက် ပေါများ မှု တွေကြောင့် . . မောင်ကြီး မပြန်နိုင် ဖြစ်ခဲ့ ရတဲ့ မြို ့ပါဗျို ့ . . . .။

  • လွိုင်ကော်ကိုဘယ်ရက်ကရောက်ခဲ့တာလဲ ပြောတော့မပြောဘူး ပြောရင်အနှံ့လိုက်ပြပေးပါတယ်ဗျာ။ နောက်လည်းလာလည်ပါ အရင်တုန်းကလို လူနေကျဲပြီး လမ်းတွေမရှင်းတော့ပါဘူး။ နည်းနည်းလေးစည်ကားလာတဲ့အတွက် ပျော်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း….။

    • weiwei

      January 2, 2014 at 12:08 pm

      22-12-2013 တစ်ရက်ထဲပါ .. ကိုသော်ဇင်ကို သတိရသေးတယ် .. တောင်ကွဲစေတီနဲ့ ဒီမော့ဆိုမြို့ပဲ ရောက်ဖြစ်ခဲ့တယ် ..
      ထမင်းဆိုင်နဲ့ တည်းခိုခန်းရှာတာနဲ့တင် တစ်မြို့လုံးလည်သွားပါတယ် ..

  • nozomi

    January 2, 2014 at 4:02 pm

    တုံးတိတိ အိမ်ဆိုတာမှာတွေ့တဲ့ အုတ်တွေက မေမြို့ဘက် ဗြုံးအုတ်တွေလိုမျိုးထင်တယ်

    ရွာတွေထိ တခြား ဟာ ရောက် မရောက်သာ မသေချာတယ် မြန်မာ တို့ ဂရန်း တို့ ရောက်တာကတော့ အသေအခြာပဲ

    မဝေ ကြီး များများသွား များများပျှော် ပို့စ် တွေ များများ တင်နိုင်ပါစေ

Leave a Reply