Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Things you regret when you grow older အသက်ကြီးလာလေလေ နောင်တ ရစရာလေးတွေ ရှိလာလေလေတဲ့။

TTNUJanuary 8, 20142min85223

1. Not traveling when you had the chance.
Traveling becomes infinitely harder the older you get, especially if you have a family
and need to pay the way for three-plus people instead of just yourself.

အခွင့်အရေး ကြုံလာတုန်း ခရီးတွေ မသွားမိတာမျိုးလေ။အသက်ကြီးလာတော့ ခရီးတယ်မတွင်တော့ဘူးပေါ့။
အထူးသဖြင့် မိသားစုတစ်စုလုံးခရီးသွားဖို့ သုံးယောက်စာ အထက်တော့ ကုန်ကျပေတော့မယ်လေ။
တစ်ကိုယ်တည်းစာ မဟုတ်တော့ဘူးလေ။ ( ငွေကြေးတတ်နိုင်ပေမဲ့ ကရိကထတွေများတဲ့
အာရုံ ကိုပြောတာပါ)။

2. Not learning another language.
You’ll kick yourself when you realize you took many years of language in high school
and remember none of it.

ငယ်ငယ်တုန်းက အတန်းထဲမှာ သင်ယူခဲ့ရတဲ့ ဘာသာစကား ကို အခု မမှတ်မိတော့
လို့၊ ပြောမတတ်တော့လို့ ၊စိတ်တိုမိနေပြီနော်။ ကြီးမှ ပြန်သင်ရတဲ့ အခါ သင်ယူရတာနှေးကွေးနေတော့
ခဏခဏဆူခံထိပါရော။

3. Failing to make physical fitness a priority.
Too many of us spend the physical peak of our lives on the couch.
When you hit 40, 50, 60, and beyond, you’ll dream of what you could have done.

ကျန်းမာရေး လိုက်စားလေ့ကျင့်ဖို့လည်း အားနည်းခဲ့တယ်။အချိန်ရှိသမျှ အားတိုင်း လိုလို ဇိမ်နဲ့ထိုင်နေ
နားနေ လိုက်တာအသက် (၄၀) (၅၀) (၆၀) အထက်လည်းကျော်လာရော အရင်က ကျန်းမာရေး
လှုပ်ရှားကစားတာ လုပ်ခဲ့မိရင် ကောင်းမှာပဲလို့ စိတ်တွေကူးမိတော့တာပေါ့။

(4) Not realizing how beautiful you were.
Too many of us spend our youth unhappy with the way we look,
but the reality is, that’s when we’re our most beautiful.

မိမိကိုယ် မိမိ ငယ်ငယ်တုန်း ဘယ်လောက်ကြည့်ကောင်းတယ်ဆိုတာ မသိခဲ့ကြပါ။ အများစုက
ငယ်ငယ်တုန်းက ကိုယ့်ရုပ်ရည် ကြည့်မကောင်းဘူးထင်ပြီး  ဘဝင်မကျစွာဖြစ်ခဲ့ကြတယ်။
တကယ်တော့ (အခု ကြီးလာမှ သိလာကြတာ) နုပျို ငယ်ရွယ်စဉ်က အချောဆုံး အလှဆုံး
အလန်းဆုံး ဖြစ်ခဲ့ကြတာပါလား။
(5) Not quitting a terrible job.
Look, you gotta pay the bills. But if you don’t make a plan to improve your situation,
you might wake up one day having spent 40 years in hell.

အလုပ်မှာ အဆင်မပြေ လည်း မထွက်နိုင် ခဲ့တာမျိုး။ စဉ်းစားကြည့်လေ၊ ကုန်စရာ ပေးသွင်းစရာ
ဘီလ် ဆောင်စရာတွေက တစ်ပုံကြီး၊ ကိုယ့် ဘဝ အခြေအနေ ကို တိုးတက်အောင်လုပ်ဖို့က မစီမံနိုင်ရင်
နောက်ဆုံး ဒုက္ခမျိုးစုံနဲ့ အနှိပ်ကွပ်ခံ ရတဲ့ တစ်ဖက်သတ် ဝန်ထမ်းဘဝထဲမှာ
အနှစ် (၄၀) လောက် ကြာမှ နိုးထ လာတဲ့ အခါမှာတော့ ….. အင်း….

(6) Being afraid to say “I love you.”
When you’re old, you won’t care if your love wasn’t returned — only that you made it
known how you felt.

ငါ မင်းကို (မင်းတို့ကို) ချစ်ပါတယ်ကွာ ဆိုတာကို မ ပြောချင်ခဲ့၊ မပြောဖြစ်ခဲ့ တာကို ကြီး မှ နောင် တရ
မိတတ် ပါတယ်။ အသက်ကြီးလာ တော့ ကိုယ့် မေတ္တာ တရား တွေကို ပြန်တုံ့ ပြန် တယ် မတုံ့ ပြန်တယ်
အာရုံ မထားတော့ ပေမဲ့ ၊ ကိုယ်က ချစ် ခင် တန်ဖိုး ထား ကြောင်း တွေ ကို ပြော ပြ ခဲ့ မိ ရင် ကောင်းမှာ ပဲ လို့ ။

(7) Not listening to your parents’ advice.
You don’t want to hear it when you’re young,  but the infuriating truth is that most of
what your parents say about life is true.

ငယ်ငယ်တုန်းက မိဘစကားကို သိပ်နားမထောင်ချင်ခဲ့ဘူး။ သို့ပေမဲ့ အသေ အလဲ မှန်နေတဲ့ အချက်က
မိဘ နှစ်ပါး ပြောကြား ခဲ့တဲ့ ဘဝအတွက် စကားအများစုက အဟုတ်ချည်း ပဲလေ။

(8) Missing the chance to ask your grandparents questions before they die.
အဘိုးတို့အဘွားတို့ မကွယ်လွန်မီ သက်ရှိထင်ရှိ ထင်ရှားရှိတုန်းက သူတို့ကို မေးစရာရှိတာလေးတွေ မမေးဖြစ်ခဲ့ဘူး။

Most of us realize too late what an awesome resource  grandparents are. They can explain
everything you’ll ever  wonder about where you came from, but only if you ask them in time.

ကျွန်မ တို့ အများစုက ဘိုးတို့ ဘွားတို့ တွေဟာ တကယ့် ဗဟုသုတ ဆုံမှတ်ကြီးတွေဆိုတာ အချိန်လွန် မှ
သိမိတတ်ကြပါတယ်။ ကိုယ် ဘယ်လိုဇစ်မြစ်က စတည်ခဲ့တယ်ဆို တဲ့ အရာရာသောအချက်အလက်
တွေကို သူတို့ကသာ ရှင်းပြနိုင်မှာ။ ကိုယ်တိုင်ကလည်း အချိန်မီ မေးဖြစ်ခဲ့မယ် ဆိုရင်ပေါ့လေ။

(9) Holding grudges, especially with those you love.
အ ငြိုး အ တေး ထား မိ ခဲ့ တယ်။ အ ထူး သ ဖြင့် ကိုယ် ချစ် တဲ့ သူ တွေ အ ပေါ် မှာ ပါ။
You can’t carry a grudge and get to heaven.
အ မုန်း အ တေး တွေ ကို သယ် ဆောင် ပြီး ကောင်း ရာ ဂ တိ ကို
မ ရောက် နိုင် ဘူး။

“Be happy by forgiving or forgetting or doing both, but we can
gain no happiness by holding grudges.”
ဆို တော့… ခွင့် လွှတ် ချင် လွှတ် ၊ မေ့ ချင် မေ့ ပစ် လိုက် ။ ဒါ မှ မ ဟုတ်
ခွင့် လွှတ် မေ့ ပစ် နှစ် ခု လုံး လုပ် ။ ဒါ ေ ပ မဲ့ အာ ဃာ တ ထား နေ ရင် တော့
နေ ပျော် စရာ မ ကောင်း တော့ ဘူး ပေါ့ လေ။

ကျွန်မ Facebook မှာ တင်ထားပြီးသား စာတိုစာစလေးတွေပါ။ ဂဇက်ရွာထဲကို ကာလကြာရှည် မရောက်ဖြစ်ခဲ့ဘူး။ဒီနေ့ မှ သတိရ နေတာနဲ့ (လိုင်းကလေးလည်းကောင်းတုန်း) ဝင်နှုတ်ဆက်တာပါ။  ဂဇက်မိတ်ဆွေများ အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ။

TTNU.(8.Jan.2014)

23 comments

  • တိမ်တမန်

    January 8, 2014 at 9:23 pm

    တီတီနု ရေ… ကျနော်တို ့က… လွမ်းနေတာ..ပါနော်.. ။
    အခုလို..ပိုစ့်ကောင်းလေးလည်း..ဖတ်ရ..
    တီတီနုကိုလည်း.. ပြန် မြင်တွေ ့ရလို ့..ဝမ်းသာမိပါရဲ ့ဗျာ… ။

  • padonmar

    January 8, 2014 at 11:05 pm

    တီချာကြီးရေ
    ခုလို ပြန်တွေ့ရတာ ဝမ်းသာမဆုံးနို်င်ပေ…
    …….
    (၁)အမှန်ပါပဲ၊ငယ်ငယ်က ခရီးတွေ မထွက်ဖြစ်ခဲ့တာ ခုတော့ ကြိုးတွေက တုပ်နှောင်ထားပြီ။
    (၂)ဒါလည်းအမှန်ပဲ၊သေချာတတ်အောင် မသင်ခဲ့မိတဲ့ ဘာသာစကားတွေကြောင့်နောင်တရနေမိပြီ။
    (၃)ကျန်းမာရေး မလိုက်စားမိတာလည်း နောင်တရနေဆဲပါ။ခုထိလည်း ကွန်ပူတာရှေ့ငြိကပ်ပြီး လုပ်သင့်တာတွေ မလုပ်မိသေးပါဘူး။
    (၄)ငယ်ငယ်ကတော့ ကိုယ့်ကိုယ်ကိုယ် ဘဲရုပ်ဆိုးလေးပဲထင်တာ။ အခု ဘဲရုပ်ဆိုးကြီးနဲ့ ယှဉ်မှ ငယ်ငယ်က ဓာတ်ပုံတွေက ပိုကြည့်ကောင်းတာလည်း အမှန်ပါပဲ။
    (၅)+(၆)ကတော့ မသိဘူး။
    (၇) အမေနဲ့ အဖေ စကားနားမထောင်မိတာတွေတွက်လည်း နောင်တရမိတာပါပဲ။
    (၈) ဘိုးဘွားတွေကတော့ ကိုယ်မမွေးခင်ကတည်းက မရှိတော့။
    ဒါပေမယ့် အနားက သက်ကြီးတွေစကား မမှတ်သားခဲ့မိတာလေးတွေတွက်တော့ ….
    (၉) အငြိုးအတေးတွေတော့ ခုမြန်မြန်ခွာဖို့ ကြိုးစားပါမယ်။
    ကျေးဇူးအများကြီးတင်ပါတယ် တီချာကြီး။
    ပိုု့စ်ထဲမှာ ကိုးကားချင်တဲ့ အင်္ဂလိပ်စာတွေ Facebookကနေ မေးခွင့်ပြုပါနော်။

  • kai

    January 9, 2014 at 6:35 am

    မင်္ဂလာပါဆရာမ…
    ကျေးဇူးတင်ပါတယ်ဆရာမ…

  • သကြားလုုံးကြော်

    January 9, 2014 at 7:12 am

    နောင်တမရအောင်လိုု့ တစ် ကစလိုုက်တော့…
    ၁) ”ပိုုက်ဆံပြန်ရှာလိုု့ရသည်၊ အချိန်ပြန်ရှာလိုု့မရ” ဆိုုတဲ့ ဆောင်ပုုဒ်လက်ဆွဲပြီး ပြီးခဲ့တဲ့နှစ်အတွင်း ခရီးသွားလိုုက်တာ ပိုုက်ဆံအိတ်လဲပေါက်၊ အလုုပ်ကခွင့်ရက်တွေလဲ ကုုန်ရုုံမက အနှုတ်တွေပုုံနေပြီ။
    ၂) ခရီးကပြန်လာတော့ ဘာသာစကားအသစ်လေးသင်ရင်ကောင်းမယ်ဆိုုပြီးစဉ်းစားပါတယ်၊ ဒေါ်လှ၃၀ဝ လောက်ကုုန်မှာကပ်စီးနည်းနေတုုန်း ဒီပိုု့စ်ဖတ်လိုုက်မိတော့ ….. အင်း ”ပိုုက်ဆံပြန်ရှာလိုု့ရသည်၊ အချိန်ပြန်ရှာလိုု့မရ” အသက်ကြီးမှ နောင်တလဲမရအောင် လာလေရော့ ဘာသာစကားအသစ်
    ၅) ၁ နဲ့ ၂ ပြီးမှတော့ အလုုပ်ထွက်ဖိုု့ဆိုုတာ ဝေလာဝေးရောပဲ။
    နောင်တရမယ်ဆိုုရင်လည်း တသီကြီးပါလား။

  • Ma Ma

    January 9, 2014 at 7:57 am

    စာရေးကောင်းတဲ့ တီချယ်နုဆီက chicken soup စာလေးတွေ မဖတ်ရတာတောင် ကြာပေ့ါ။
    အခုလို ပြန်ဖတ်ရတာ ဝမ်းသာပါတယ်။
    စာရေးကောင်းတဲ့ ဆွိကို ရွာအတွက် လက်ဆောင်ပေးခဲ့တာလည်း မှတ်မိနေပါတယ်။
    တရားအလုပ်ကို ကြိုးစားအားထုတ်နေတဲ့ တီချယ်နု ပေးတဲ့ဆုနဲ့ ပြည့်စုံပါရစေ။ 🙂

  • kyeemite

    January 9, 2014 at 8:42 am

    “Be happy by forgiving or forgetting or doing both, but we can
    gain no happiness by holding grudges.”
    မင်္ဂလာပါတီချယ်ခင်ဗျား….စာလေးတွေဖတ်ပြီးဝမ်းသာမိပါ၏
    1. Not traveling when you had the chance.
    Traveling becomes infinitely harder the older you get, especially if you have a family
    and need to pay the way for three-plus people instead of just yourself.
    ဒီအချက်ကတော့ အခုကိုကြုံနေရပါပြီ….
    အားလုံးကမှတ်သားလိုက်နာစရာတွေပါ
    ကျေးဇူးတင်ပါတယ်

  • KZ

    January 9, 2014 at 9:22 am

    ချယ် ပြန်လာပြီ။
    :chit:

    1. Not traveling when you had the chance.
    Traveling becomes infinitely harder the older you get, especially if you have a family
    and need to pay the way for three-plus people instead of just yourself.
    ဒီ နောင်တကတော့ ခုထိမရသေးဘူးးး သွားရလာရမှာ အပျင်းကြီးနေတုန်းပဲ။
    ~~~~~~~~~~~~~~~
    2. Not learning another language.
    You’ll kick yourself when you realize you took many years of language in high school
    and remember none of it.
    ဟီးးး သင်ချင်တတ်ချင်တဲ့ ၂ မျိုးကို ရေလည်အောင်သိတယ်ဆိုတော့ နောင်တမရနိုင်သေးးးး
    ~~~~~~~~~~~~~~
    3. Failing to make physical fitness a priority.
    Too many of us spend the physical peak of our lives on the couch.
    When you hit 40, 50, 60, and beyond, you’ll dream of what you could have done.
    အဲဒီ နောင်တကတော့ရမှာ သေချာတယ်။ ဟိ။ ဒါမဲ့ ခုထိ လှုပ်လှုပ်ရှားရှားမလုပ်ဖြစ်သေးးးး
    ~~~~~~~~~~~~
    (4) Not realizing how beautiful you were.
    Too many of us spend our youth unhappy with the way we look,
    but the reality is, that’s when we’re our most beautiful.
    အဟုတ်ပဲ။ အဟုတ်ပဲ။
    ~~~~~~~~~~
    (5) Not quitting a terrible job.
    Look, you gotta pay the bills. But if you don’t make a plan to improve your situation,
    you might wake up one day having spent 40 years in hell.
    ဒီနောင်တတော့မရချင်လို့ အလုပ်လေးထွက်ပြီး မိသားစုနဲ့ ခဏ အေးအေးနေမယ် စဉ်းစားထားတယ်။
    ~~~~~~~~~~~~~~~
    (6) Being afraid to say “I love you.”
    When you’re old, you won’t care if your love wasn’t returned — only that you made it
    known how you felt.
    ဒီ နောင်တတော့မရချင်လို့ စိတ်သန့်သန့်နဲ့ ကြိုးစားနေတယ်။
    ~~~~~~~~~~
    (7) Not listening to your parents’ advice.
    You don’t want to hear it when you’re young, but the infuriating truth is that most of
    what your parents say about life is true.
    ဒီ နောင်တလည်းမရအောင် တတ်နိုင်သလောက် နားထောင်ခဲ့/နားထောင်ဆဲ/နားထောင်မှာပဲမို့။
    ~~~~~~~~~~~~
    (8) Missing the chance to ask your grandparents questions before they die.
    Most of us realize too late what an awesome resource grandparents are. They can explain
    everything you’ll ever wonder about where you came from, but only if you ask them in time.
    အဖိုးဆီက ရသင့်သလောက် ဗဟုသုတ၊ အတွေးအခေါ်၊ကိုယ်ရည်ကိုယ်သွေး အမွေ ရခဲ့တယ်လို့ တော့ ကိုယ့်ကိုယ်ကို ထင်တာပဲ။
    ~~~~~~~~~~
    (9) Holding grudges, especially with those you love. You can’t carry a grudge and get to heaven.
    “Be happy by forgiving or forgetting or doing both, but we can
    gain no happiness by holding grudges.”
    အချစ်ကြီးလို့ အမျက်ကြီးတာက ခုထိ ထိမ်းလို့မရ။ အဲ့ နောင်တ ဘယ်အချိန်ရမတုန်းမသိ။
    ~~~~~~
    တစ်ခုချင်း ခွဲခြမ်းစိတ်ဖြာလိုက်တော့ နောင် ကိုယ် ဘယ်လိုနေရမယ်၊ ဘယ်လို စိတ်ထားရမယ်ဆိုတာ သိသွားပြန်ရော။
    အကျိုးရှိတဲ့စာ အတွက် ကျေးဇူးတင်ပါတယ် ချယ်။

    😀

  • မဟာရာဇာ အံစာတုံး

    January 9, 2014 at 10:35 am

    တီချယ်ကြီး ..
    တီချယ်ကြီး …..
    တီချယ်ကြီးကို ချစ်တယ် ….

    တားဂဒေါ့ တီချယ်ကြီးကို ချစ်လို့ ဘယ်ဒေါ့မှ နောင်တရဘူးးး

    :mrgreen:

    • TTNU

      January 9, 2014 at 11:17 am

      မောင်အံစာရေ…
      အားလုံးရေးပြီးမှ မောင်ရင့် အချစ် ကြေငြာစာတမ်းကိုတွေ့ရလို့။
      OK…. SO DO I, SO DO I.

  • TTNU

    January 9, 2014 at 11:10 am

    တိမ်တမန်ရေ…
    ရွာကို မျက်စိလည်လာတာကို ရွာအဝင်ဝက ပထမဆုံး ဆီးကြိုပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်။

    padonmar ရေ…
    ခုလို ပြန်တွေ့ရတာ ဝမ်းသာမဆုံးနို်င်ပေ…မီးပုံးလှလှလေးတွေ ရောင်စုံထွန်းတဲ့ ကျွန်းနုမြေ
    ကို တီချာလည်းပြန်မသွားဖြစ်တာကြာပါပြီ။ ဖေ့ဘွတ်ကနေ padonmar တင်တာလေးတွေ
    ဖတ်ဖြစ်ပါတယ်။ like မိပါတယ်။ Anytime, keep in touch, please. “(၅)+(၆)ကတော့ မသိဘူး”
    ဆိုလို့… (၆) ကလေးကိုတော့ သိလိုက်ပါဦး။ တီချာ အရင်သိပေးပါမယ်။
    (I love you, padonmar.)

    ကိုခိုင်ရေ…
    လွမ်းလို့ကျန်ရစ်ခဲ့တာ အားမနာလို့မဟုတ်ပါဘူးကွယ်။ အဲဒီ အရပ်မှာ အရမ်းအေးစက်နေပြီလား။
    ကိုနေမျိုးတို့ မိသားစု ပြန်လာတုန်းက ကိုခိုင် အကြောင်းပြောဖြစ်ကြတယ်။

    သကြားလုုံးကြော် ရေ…
    နောင်တ တွေ ရနေတဲ့ အထဲမှာ တီချာတို့လို့ အိုမင်းမစွမ်းတွေက ဘာလုပ်ရမှန်းမသိ၊
    ဘာကိုင်ရမှန်းမသိ၊ ဂြိုဟ်သေ ဂြိုဟ်မျော တစ်ခုလို လည်နေတာနဲ့စာရင် မောင်ရင်တို့က
    တော်သေးတာပါ့ ကွယ်။

    မမရေ…
    နေကောင်းကျန်းမာစိတ်ချမ်းသာတယ်နော်။ မSweet2 ကစာအရေးသိပ်ကောင်းတာ။
    စာလည်းတော် လူလည်းချောတော့ သူ့ဆရာမ ဖြစ်ရတာ ပျော်နေတာပဲပေါ့။ ကျေးဇူးတင်ပါတယ်
    မမရေ။

    ကိုကြီးမိုက်ရေ…
    Life ကြီးလှပနေပါသလား။ ခရီးထွက်ရတာ ဝါသနာပါတဲ့ ကျွန်မလည်း ဝါသနာပါတာပဲရှိ
    တယ် ခရီးပန်းတတ်စပြုလာပါပြီ။ သိတယ်မဟုတ်လားကိုကြီးမိုက်ရေ ငယ်ငယ်တုန်းက
    ငွေလိုလို့၊ အရွယ်လတ်မှာ အချိန်လိုလို့၊ အခု အရွယ်အိုမှာ ခွန်အားလိုလို့။

    KZ ရေ…
    ချယ်ပြန်လာပြီ…ဆိုတဲ့ ဝါကျလေးနဲ့ အရုပ်လေးနဲ့တင် ကမ ္ဘာကြီးကို ပြုံးပြတတ်သွားပါပြီ။
    ဒါပေမဲ့ ..(အချစ်ကြီးလို့ အမျက်ကြီးတာက ခုထိ ထိမ်းလို့မရ။ ) ဆိုတာကိုတော့ ငါ့ ကိုလုပ်နဲ့နော်။
    ချစ်သော တီချာ။

    • kai

      January 9, 2014 at 12:44 pm

      အယ်လ်အေက… ဂိုးဒမ်းစတိတ်ထဲက.. ဂိုးဒမ်းမ်မြို့လေ…
      ဒီလောက်မအေးဘူးတီချယ်ရေ…
      အနွေးထည်အပါးတထည်နဲ့ရတယ်..။ ဒါတောင်ဒီရက်မှ..
      မနေ့တနေ့ကများ.. တီရှပ်သမားတွေတောင်တွေ့မိသေး…။

      ပြောနေကြတာက.. ဆောင်းတွင်းဒီလောက်မအေးရင်.. ငလျှင်သတိထားရမယ်တဲ့..။
      ငလျှင်တေ့ာ.. သားသားကြောက်ကြောက်…

      မြို့သူားတွေကို.. စာတွေသင်ပေးပါဦးနော…။ :mrgreen:

  • Ma Ei

    January 9, 2014 at 12:19 pm

    တီချယ်နုရေ…
    သတိတရ တင်ပေးတဲ့ စာကောင်းလေးတွေအတွက် ရယ်…
    ဂဇက်မိတ်ဆွေများ အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ဆုတောင်းလေးအတွက်ရယ်…
    ကျေးဇူးများကြီးတင်ပါတယ်နော်….
    တီချယ်နုလဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်…

  • ခင် ခ

    January 9, 2014 at 2:51 pm

    မင်္ဂလာပါတီချယ်ကြီးခင်ဗျ။
    ကျွန်တော် ငယ်တုန်းအရွယ်က လူကြီးတွေက သူ့လက်အောက်ငယ်သားတွေ ကို ပြောဆိုခိုင်းစေနေတာ တွေ့ရရင် လူကြီးအရမ်းဖြစ်ချင်ခဲ့တာလေ။ ဖြစ်နိုင်ရင် အသက်တွေတောင်ခုန်ကျော်ကာဖြစ်ချင်ခဲ့ရလောက်အောင် စိတ်ရူးခဲ့တာပေါ့။ အခုတော့ အသက်ကြီးတဲ့အရွယ်ပိုင်းကို စတင်ကာဖြတ်ကျော်ပြီး ဝင်လာနေပြီပေါ့။ အဲဒီတော့လည်း လူကြီးဆက်ဖြစ်မှာကို စိုးမိလာပြန်ရော ဘာလို့လဲဆိုတော့ တီချယ်ကြီးခေါင်းစဉ်ပေးထားသလို အသက်ကြီးလာလေလေ နောင်တရစရာလေးတွေ ရှိလာလေလေမို့လေ။
    အသက်ကြီးရင် ဆင် စီး ပါ တဲ့ ရှေးစကားကဆိုတော့ တိုင်းရင်းသမားတော်တွေကတော့ အသက်အရွယ်ကြီးလာတဲ့အခါ အားလဲဖြစ် ရောဂါလည်းကင်းအောင် ဆင်တုန်းမနွယ်ကို ဆေးဖော်စားသောက်မှီဝဲစေတာလို့ဆိုကြတယ်။ ဒါလည်းဟုတ်နိုင်ပေမယ့် ကျွန်တော်ကတော့ အဲဒီရှေးစကားရပ်ကို ဒီလိုနောက်အဓိပ္ပါယ်ပြုထားတယ် အသက်ကြီးလာတဲ့အခါ မိမိ ဆင် ချင်တုန်တရားနဲ့ ကိုယ့်ခန္ဓာကိုပြန်ပြီး စီး ကြည့်ပါ တရားရဖွယ်တွေ တွေ့လာမယ်လို့လေ။
    တီချယ်ကြီး အသက်ရှည်ကာ စိတ်ချမ်းသာကိုယ်ကျမ္မာရှိပါစေလို့ဆန္ဒမွန်ဖြင့်။

    • TTNU

      January 10, 2014 at 11:05 am

      ကိုခ ရေ…
      မင်္ဂလာပါရှင်။
      (အသက်ကြီးလာတဲ့အခါ မိမိ ဆင် ချင်တုန်တရားနဲ့ ကိုယ့်ခန္ဓာကိုပြန်ပြီး စီး ကြည့်ပါ တရားရဖွယ်တွေ တွေ့လာမယ်လို့လေ။)
      ဟုတ်လိုက်တာနော်။ ဆင်ခြင်တုံ တရား ရယ် ဒီခန္ဓာ ရယ် ပေါင်းလိုက်တိုင်း သတိတွေ ကပ်လာ
      တတ်တာမို့လို့ ထားခဲ့မိတဲ့ တဏှာ၊မာန၊ ဒိဋ္ဌိ တွေ အတွက် နောင်တ တွေ ရမိပါတယ်။
      ကိုခ ဆုတောင်းလေးကို လေးစားတန်ဖိုးထားလျှက်။

  • padonmar

    January 10, 2014 at 12:43 am

    တီချာကြီးရဲ့ ဒီပို့စ်ကတော့ ထုံးစံအတိုင်း Facebook မှာ ထပ်ဆင့်ထပ်ဆင့် share ထားကြတာတွေ တွေ့နေရကြောင်း ဝမ်းသာအားရ သတင်းပို့တာပါ။I Love You Teacher.

  • Swal Taw Ywet

    January 10, 2014 at 8:32 am

    မင်္ဂလာပါ ဆရာမကြီး၊
    ကူးထားလိုက်ပါပြီ ဆရာမကြီး။
    လိုက်လုပ်ဖြစ်ဘို့ မသေချာသေးတာခွင့်လွှတ်ပေးပါဆရာမကြီး။
    ဆရာမကြီး ရွှင်လန်းချမ်းမြေ့ပါစေ။
    ဒီလကုန်လောက် မန်းလေးရောက်မလားဘဲ။
    အခုတော့ ရန်ကုန်မှာ ရပ်တည်နိုင်ဘို့ကြိုးစားဆဲ။
    With respect,
    Swal Taw Ywet.

  • TTNU

    January 10, 2014 at 11:11 am

    padonma ရေ … ကျေးဇူးတင်ပါတယ်။
    Swal Taw Ywet ရေ… လိုက်မလုပ်နိုင်သေးပေမဲ့ Regret ရထားနှင့်ရင် အဆင်ပြေမှာပါ။
    ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် concept မတူကြတာမို့ တစ်ယောက် regret ရပေမဲ့
    ကျန်တစ်ယောက်က ရချင်မှ ရမှာပါ။ We have different tastes. ဟုတ်တယ်မို့လားနော်။
    အရင်တစ်ခေါက် appointment ယူပြီးဘာလို့မလာတာလဲ။ ဒီတစ်ခေါက်ဝင်ခဲ့လေ။ စာသင်တာ
    လာကြည့်မယ်ဆို။

  • Mr. MarGa

    January 10, 2014 at 11:30 am

    တီချာကြီးခင်ဗျ
    regret မဖြစ်ဖို့ အခုကတည်းက ပြင်ဆင်ပါတော့မယ်ခင်ဗျ။
    သို့သော်လဲ… သို့သော်လဲပေါ့လေ
    အဲ…အဲ့လို အကြောင်းပြချက်တွေပေးနေတာကိုလဲ ပြင်ပါတော့မယ်ခင်ဗျ။
    အဲ့ဒါလေး လာပြောတာပါ…… :mrgreenn:

  • amatmin

    January 10, 2014 at 11:51 am

    တီချယ်ရေ..မင်္ဂလာပါ ဗျ..။
    အမှတ်စဉ် ခြောက် နဲ့ ကိုး ကိုသေချာမှတ်သွားပါတယ် .. 😛
    တီချယ်စာလေးတွေ ဖတ်ပီးလိုက်တိုင်း
    အမြဲတခုခုရနေတတ်လို့ ကျေးဇူးတင်ပါတယ် ။

  • Paing Lay

    January 10, 2014 at 4:14 pm

    တီချယ်ရေ 6 7 9 ကို မှတ်သွားပါကြောင်း :mrgreen:

  • manawphyulay

    January 13, 2014 at 8:40 am

    တီတီနုရေ

    မနောလည်း ရွာထဲမလာဖြစ်တာ အတော်ကြာပြီ။ တီတီနုလည်း ပျောက်နေတာလား။
    ခုလို ပြန်မြင်ရတာ အတိုင်းမသိ ပိုမိုဝမ်းသာမိပါတယ်။ များများလေး ထပ်တင်ပေးပါဦးနော်။
    တီနုလာရင် မှတ်သားစရာ ပါစမြဲပဲဆိုတာ သိနေတယ်လေ…

    ခင်မင်စွာဖြင့်
    မနော

  • ဝင့်ပြုံးမြင့်

    January 16, 2014 at 6:58 am

    တီတီနု
    သမီးကတော့ စာတွေ အကုန်အလွတ်ကျက်သွားပါတယ်။ စာကိုပဲအလွတ်ကျက်တာနော်။ လိုက်နာမှတ်သားဖို့ကတော့ သမီးက လူမိုက်စာရင်းဝင်ဆိုတော့ နည်းနည်းဝေးပါသေးတယ် ဟီး .. ။
    တီချယ်နု ကျန်းမာတယ်ဆိုလို့ ဝမ်းသာပါတယ် တီချယ်ရေ။

  • တိမ်တမန်

    January 16, 2014 at 6:32 pm

    နောင်တရစရာလေးတွေ…များလာပြီလို ့..သတိထားမိရင်…
    ငါ..အသက်ကြီးလာပါပြီကော…လို ့.. သတိရမယ်.. ။

    :kwi:

Leave a Reply