Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခါတော်မီ On time

Ma MaMarch 5, 20144min77637

အထက်တန်းကျောင်းတက်တုန်းက ……..
စာသင်တာကို ဝါသနာပါပြီး
ဆရာအလုပ်ကို တန်ဖိုးထားတဲ့
မြန်မာစာသင်တဲ့ မြန်မာစစ်စစ်ဆရာမကြီးကို ချစ်ကြောက်ရိုသေသလို သူသင်ပေးခဲ့တာတွေကိုလည်း ကြုံတိုင်းအမှတ်ရမိတယ်။ 🙂

ကလေးဘဝတုန်းက ဖတ်ခဲ့တဲ့ ဦးဖိုးကျားရဲ့ အခမဲ့ကူလီထမ်းခြင်း၏အကျိ ုး ဆိုတဲ့ စာဆိုရင် ဘဝတလျှောက်လုံးမှာ စွဲမြဲမှတ်သားထားမိစေတဲ့ စာတစ်ပုဒ်ပါပဲ။

ဦးဖိုးကျားရဲ့ ဘုရားဖူးသွားခြင်း ဆိုတဲ့စာထဲမှာ ပါလာတဲ့ ခါတော်မီ ဆိုတာ
အချိန်အခါအလျှောက်ပေါ်လာတာ ကိုခေါ်တယ်လို့ မြန်မာစာဆရာမက ရှင်းပြပေးခဲ့တယ်။

ကိုယ်လည်း စာမရေးဖြစ်တာ ကြာနေရာက သဂျီးက ပိုစ့်တွေပွိုင့်တိုးပေးတယ်ဆိုတာနဲ့  ပိုစ်တင်ဖို့ ကြိုးစားဖြစ်လို့ ခါတော်မီ ပေါ့။ 😆

နွေရောက်ပြီလေ.....
နွေရောက်ပြီလေ….

 

အရိုးပြိုင်းပြိုင်းနဲ့ သစ်ပင်တွေကို မြင်တော့ ဗစ်တာခင်ညိုသီဆိုထားတဲ့

နွေရောက်ပြီလေ …

ရိုးတံကျဲကျဲ ပင်အိုတို့အလှချင်းလည်းပြိုင်…. ဆိုတဲ့သီချင်းကို သတိရမိသလို ရွာထဲကနေပါလာတဲ့ အကျင့်နဲ့ ဓာတ်ပုံရိုက်ဖြစ်တယ်။

ဓာတ်ပုံရိုက်ဖြစ်တော့လည်း ကောင်းကောင်းမကောင်းကောင်း ရွာထဲမှာ ပြန်ကြွား အဲ… ပြန်မျှဝေချင်မိပြန်ရော။

ရိုးတံကျဲကျဲ .... ပင်အိုတို့ အလှချင်းလည်းပြိုင်...
ရိုးတံကျဲကျဲ …. ပင်အိုတို့ အလှချင်းလည်းးးးးးးးး ပြိုင်…

နေ့တိုင်းအလုပ်သွားဖို့ မနက်စောစောထရလို့ အလုပ်ပိတ်ရက်တွေဆို နေမြင့်အောင် အိပ်တတ်တယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းကတော့ မတ်လကြီးမှာကျတဲ့ မနက်ပိုင်းနှင်းမှုန်မှုန်နဲ့ ချမ်းစိမ့်စိမ့်လေးကို သဘောကျလို့ လမ်းထလျှောက်ဖြစ်တယ်။

နှင်းမှုန်မှုန်ကြားက မပီဝိုးတဝါးမြင်ကွင်းက လမ်းလျှောက်ဖို့ထက် ဓာတ်ပုံရိုက်ဖို့ စွဲဆောင်လေတော့……

 

ဝေလီဝေလင်းးးး
မပီဝိုးတဝါးးးးးးး
ပန်းချီကားလေလားးးး
ပန်းချီကားလေလားးးး
နှင်းမှုန်မှုန်ကြားးးးး
နှင်းမှုန်မှုန်ကြားးးးး

 

ကိုယ်မြင်တွေ့ခံစားရတာကို ဓာတ်ပုံရိုက်ပြီး သိမ်းထားချင်၊ မျှဝေချင်တဲ့ စိတ်ကို တခြားသူတစ်ယောက်မှာလည်း တွေ့ရတော့ ဝမ်းသာသွားတယ်။

 

ဗုဒ္ဓဂယာဘုရားကြီးပုံတူ (တော်တော်တူတယ်။)
ဗုဒ္ဓဂယာဘုရားကြီးပုံတူ (တော်တော်တူတယ်။)

နေပြည်တော်ဗုဒ္ဓဂါယာကို သွားတုန်းက ဓာတ်ပုံပြခန်းမှာ ဗုဒ္ဓဂယာကို အကြိမ်ပေါင်းများစွာသွားပြီး ဓာတ်ပုံပေါင်းများစွာရိုက်ပြီး မသွားနိုင်တဲ့သူတွေကို အပင်ပန်းခံမျှဝေထားတာကို တွေ့ခဲ့ရတယ်။

 

 

ဓာတ်ပုံပြခန်းကို ကြည့်နေကြတဲ့ ဘုရားဖူးတွေ
ဓာတ်ပုံပြခန်းကို ကြည့်နေကြတဲ့ ဘုရားဖူးတွေ

 
ဓာတ်ပုံပြခန်းကို ဝင်ကြည့်ပြီးတော့ ဒီလိုအပင်ပန်းခံရိုက်ပြီး မျှဝေထားတဲ့ ဓာတ်ပုံဆရာကို မြင်ဖူးချင်စိတ်ပေါ်လာတယ်။

ကိုယ်လိုပဲမြင်ဖူးချင်တဲ့သူတွေ ရှိမှာကို သိလို့ထင်ပါရဲ့ ဓာတ်ပုံတွေအားလုံးအပြီးမှာ ဓာတ်ပုံဆြာက ကိုယ်ထင်ပြထားတယ်။ 🙂

ဓာတ်ပုံဆရာ ကိုယ်ထင်ပြခြင်းးးးး
ဓာတ်ပုံဆရာ ကိုယ်ထင်ပြခြင်းးးးး

 

ရွှေတိဂုံဘုရားမှာလည်း အဲဒီလို ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်ပုံတွေကို ပြတဲ့ ပြခန်း လုပ်ဖူးသေးတယ်။ အဲဒီဓာတ်ပုံဆရာပဲလားတော့ မသိဘူး။

တိုက်တိုက်ဆိုင်ဆိုင် ညဘက်ရွှေတိဂုံဘုရားတက်ဖြစ်တော့ ရာဟုဒေါင့်နားက အောင်မြေမှာ ပရိုဂျက်တာကြီးထိုးပြီး ဗုဒ္ဓဂယာခရီးစဉ်အကြောင်းကို မိုက်နဲ့ ရှင်းပြနေတာ တွေ့လိုက်ရတယ်။

ထိုင်ပြီး နားထောင်ကြည့်ရှု့နေသူတွေ အများကြီးပဲ။

ကိုယ်လည်း ခရီးသွားဟန်လွဲနားထောင်မိတော့ ဘုရားတည်ရင် ရတနာပစ္စည်းတွေ ဌာပနာတဲ့အကြောင်း ပြောနေတဲ့အချိန်ဖြစ်နေတယ်။

ဗုဒ္ဓဘာသာဝင်တွေ သူများလှူ တိုင်းလိုက်လှူ ကြလေ့ရှိတယ်။
ဘာ့ကြောင့်ဆိုတာ ရေရေရာရာ ဂဃနဏ မသိကြဘူး။

ကိုယ်တိုင်လည်း အဲလိုပဲမသိလို့ ဘုရားတည်ရင် ရတနာတွေ ဌာပနာတာကို အဓိပ္ပါယ်မရှိဘူးထင်ပြီး သဘောမကျခဲ့ဘူး။

အမှန်က ဘုရားတည်တဲ့အခါ ရတနာတွေ ဌာပနာရတဲ့ ရည်ရွယ်ချက်က တချိန်ချိန်မှာ ပြိုပျက်လို့ဖြစ်စေ အကြောင်းတမျိုးမျိုးကြောင့်ဖြစ်စေ ပြုပြင်ဖို့လိုလာရင် နောက်ပြုပြင်မယ့်သူအနေနဲ့ ငွေကြေးအခက်အခဲမဖြစ်ရလေအောင် ဌာပနာထားတဲ့ ရတနာတွေကို ထုခွဲပြီး ပြုပြင်စရိတ်လုပ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်လို့ဆိုပါတယ်။

အဲလိုကျတော့မှ ရှေးလူကြီးတွေ အမျှော်အမြင်ကြီးလှပါပေတယ်လို့ ချီးကျူးမိတယ်။

ညဘက်ဘုရားရောက်တုန်း ဝေဝေရိုက်ထားတဲ့ပုံကို အားကျပြီး Night mode နဲ့ ဓာတ်ပုံရိုက်ကြည့်မိတယ်။

Night mode နဲ့ ရိုက်ကြည့်တာ
Night mode နဲ့ ရိုက်ကြည့်တာ

 

ကိုယ့်သားသမီးကို လှတယ်ချည်းထင်တတ်သလိုမျိး ကိုယ်ရိုက်ထားတဲ့ပုံ မလှမပကိုလည်း မြတ်နိုးမိတာပဲ။

အော်တိုဖိုးကပ်စ်နဲ့ ရိုက်ထားတာ
အော်တိုဖိုးကပ်စ်နဲ့ ရိုက်ထားတာ

Touch screen ဖုန်းလေးတွေနဲ့ ရိုက်တဲ့အခါမှာ ကိုယ်လိုတဲ့နေရာကို လက်ထောက်ရုံနဲ့ ဖိုးကပ်စ်ယူပြီး ရိုက်နေတာတွေ့လို့ စမ်းပြီး ရိုက်ကြည့်ခဲ့တာ။

ဖိုးကပ်စ်ပြောင်းယူပြီး ရိုက်ထားတာ
ဖိုးကပ်စ်ပြောင်းယူပြီး ရိုက်ထားတာ

ဘုရားကိုပတ်ပြီး ပြန်မယ်အလုပ်မှာ အောင်မြေရှေ့ကို ပြန်ရောက်တော့ လူတွေအများကြီး ဘုရားထီးတော်ကို မော့ကြည့်နေကြတယ်။

အပေါ်မော့ကြည့်ပြီး ဓာတ်ပုံရိုက်နေကြတယ်။
အပေါ်မော့ကြည့်ပြီး ဓာတ်ပုံရိုက်နေကြတယ်။

ဘုရားက ရောင်ခြည်တော်လွှတ်တယ်လို့ ပြောကြတယ်။
 

ထီးတော်နားမှာ အရောင်တလက်လက်ထွက်နေတာ ပုံမှာမပေါ်ဘူး။
ထီးတော်နားမှာ အရောင်တလက်လက်ထွက်နေတာ ပုံမှာမပေါ်ဘူး။

 ယုံချင်ယုံ မယုံချင်နေ ရွှေတိဂုံကို အကြိမ်ပေါင်းများစွာရောက်ဖူးပေမယ့် ဒီလိုမြင်ကွင်းမျိုးတော့ မမြင်ဖူးဘူး။

 

 

 

 

 

 

 

 

 

 

နီးလျှက်နဲ့ ဝေးးး
နီးလျှက်နဲ့ ဝေးးး

37 comments

  • TNA

    March 5, 2014 at 7:16 pm

    ပုံလေးတွေနဲ့စာတွေကို ကြည့်ရှု့ခံစားသွားတယ် မမရေ။ ဆောင်းဝေနေတဲ့မနက်ခင်းလေးတွေကြည့် ရတာ ကိုယ်ပါပြန်အေးလာသလိုခံစားမိပါတယ်။ ဘုရားပုံတွေတော့ ကြည့်ညိုသွားပါတယ်။ နီးရက်နဲ့ဝေးဆိုတာ ကိုတော့ဖြင့် နားမလည်ဘူး မမရေ။ သစ်ရွက်ရယ် ဖိနပ်ခြေရာရယ် မြေပြင်နဲ့လမ်းမအစပ်ရယ်။ ဘယ်သူနဲ့ဝေးနေလို့ ခံစားနေရပါလိမ့်လို့ ချဲ့ကားတွေးမိလိုက်သလိုပဲ မမရယ် 😀

    • Ma Ma

      March 6, 2014 at 7:30 am

      ချဲ့ကားတွေးမိတဲ့ မသဲရေ….
      နူးနူးဘာဂိုဏ်းသားတွေ ပြောသလို အထင်ကြီးခံရလည်း မနည်းဘူး။ 😀

      အဲဒီပုံက လမ်းလျှောက်ထွက်ရင်း သစ်ရွက်လေးတွေက မြေပြင်ကနေ ကတ္တရာလမ်းပေါ်မတက်နိုင်တာကို မြင်ပြီးးးးးးး
      တခါတလေမှာ အလှမ်းမဝေးပဲ နီးနေပါလျှက်နဲ့ အခြေအနေအမျိုးမျိုးကြောင့် မရောက်နို်င်/ရ တာကို ပြောချင်တဲ့အခါသုံးဖို့ဆိုပြီး ရိုက်ထားတာ။

      ဓာတ်ပုံတွေထည့်ရတာကြာလို့ ပုံတွေအကုန်တင်ပြီးမှ စာဖြည့်ရေးလိုက်တော့ အဲဒီပုံက ညှပ်ပြီး ပါသွားတာ။ 🙂

  • မမချွိ

    March 5, 2014 at 7:22 pm

    အို။
    ဘာဖြစ်ဖြစ် ခုမှ ဓာတ်ပုံရိုက်ချင်သူ ချင်းချင်းးးး
    ပို့(စ) အားဂျင်း တင်သူ ချင်းချင်း အားပေးတယ် ချစ်မ။ :mrgreenn:

    ဓာတ်ပုံတွေကနည်းနည်း အရွယ်ကြီးရင် ပိုကောင်းမယ်ထင်တယ်။

    ရိုးတံကျဲကျဲပုံတွေ အကြိုက်ဆုံးးး
    နားထဲမှာ သစ်ရွက် ခြောက် မြေမှာ ရှပ်တိုက်သံတွေပါ ကြားယောင်လာတယ်။
    :hint:

    • Ma Ma

      March 6, 2014 at 7:39 am

      ချင်းချင်း အားပေးတဲ့သူကိုလည်း ပြန်အားပေးမယ်။
      (ဟိုဘက်ပိုစ့်အတွက်)
      Fighting….. အောင်မြင်ပါစေ။ 🙂

  • ကထူးဆန်း

    March 5, 2014 at 8:10 pm

    သတ်ပုံဆရာမကြီးကို သတ်ပုံ မမိပေမဲ့ လ မှားတာ မိနေပြီ .. 😆

    • Ma Ma

      March 6, 2014 at 7:41 am

      သတ်ပုံမှားတာလည်း မကြာခဏမိနေကျမို့…. 😀

  • Foreign Resident

    March 6, 2014 at 7:39 am

    ၁ ။ နေပြည်တော် က ဗုဒ္ဓဂါယာ ဓာတ်ပုံပြခန်း ရော ၊
    ၂ ။ ရွှေတိဂုံဘုရား က ဗုဒ္ဓဂါယာ ဘုရားဖူးခရီးစဉ် ပြခန်း ရော ၊
    ၃ ။ ရွှေတိဂုံဘုရား ရာဟုဒေါင့်နားက အောင်မြေမှာ ပရိုဂျက်တာကြီးထိုးပြီး ၊
    ဗုဒ္ဓဂယာခရီးစဉ်အကြောင်းကို မိုက်နဲ့ ရှင်းပြနေတာ ရော ၊

    အဲဒါ အားလုံးကို ကုသိုလ်ဖြစ် လုပ်နေတာ တစ်ယောက်ထဲပါ ။ ဦးသန်းဇော် တဲ့ ။
    ကျနော် နှင့် ဝိတိုရိယ / နတ်မ တောင်မှာ ဘုန်းကြီး အတူတူ ဝတ်ခဲ့ကြတာပေါ့ ။

    • Ma Ma

      March 6, 2014 at 8:19 am

      ကိုဖောနဲ့သိတယ်ဆိုတော့ သူ့လုပ်ရပ်တွေကို အားပေးထောက်ခံသူတွေ ရှိနေကြောင်းးးး ကြုံရင် သတင်းစကားပါးပေးစေချင်ပါတယ်။ 🙂

  • mgpoe zar

    March 6, 2014 at 8:10 am

    ဒီပို့စ် ဆာယေးဆရာမကကော ကိုယ်ထင်မပြတော့ဘူးလား။
    ရိုးတံကျဲကျဲတို့ မြူကျနေပုံတို့.. ခြေရာ အရွက်ခြောက်လေး
    ရိုက်တာက ဆိုက်ကိုဗေဒအရ စိတ်ထဲမှာ ကျိတ်ပြီး လွမ်းမော အထီးကျန်နေတဲ့ပုံရိပ်မို့
    ရဲဇားနဲ့ကွဲနေသူဒို့၊ အပိုရီးတွေ အများဆုံးရိုက်တတ်တဲ့ အနေအထားမျိုးဆိုတော့
    ပိုပိုသာသာလေးတွေပြီး ဆာယေးဆရာမက သူချစ် ၅ယောက်ကို ထားခဲ့တဲ့ အပိုရီးများလားလို့ဗျာ။ :mrgreen:

    • Ma Ma

      March 6, 2014 at 8:27 am

      ဒီဆာယေးဆရာမက တစ်ရွာလုံးလည်း မသိတဲ့သူ မရှိသလောက် ကျော်ကြားးးး 😀 အဲ- ကိုယ်ထင်ပြထားပါတယ်လို့။ :kwi:

      ပိုပိုသာသာလေးတွေးပြီး ဇာတ်လမ်းလေးတွေရေးချင်ပါတယ်။
      အထင်ကြီးခံရနည်းလားးးးး 😀

  • ဦးကျောက်ခဲ

    March 6, 2014 at 8:46 am

    ဂွဇက်ထဲမှာ ဓာတ်သေမရိုက်တတ်တာဆိုလို့ ကျောက်စ် ပဲ ရှိမယ်ထင်ရဲ့…
    ရွှေတိဂုံတော့ မင်္ဂလက်မှတ်ထိုးတဲ့နေ့ကမှ ရောက်တယ်…
    ဘာလို့မှန်းမသိ… ဘိုခင်ညွန့်တို့ ထီးတင်ကတည်းက မသွားချင်တော့ဘူး…
    ဟီ ဟိ အပေါ်က mgpoe zar ကလည်း အကြောင်းသိချင်း ဗေဒင်ဟောနေပြီ…
    😀

    • Ma Ma

      March 6, 2014 at 10:15 am

      ဓာတ်သေပုံတွေပြောရင် မင်ဂါဆောင်ခါနီး စိတ်လှုပ်ရှားပြီး ဖုံးပြောနေတဲ့ပုံကို တော်တော်သဘောကျတယ်။ :p
      ဒါ့ထက်ရွှေတိဂုံမှာ ဗြဟ္မာသားပိုက်ရှိတယ်။
      နောင်တစ်ချိန် အသုံးဝင်မလားလို့ သတင်းပေးထားတာ။ 😀

      • အဘရဟူဒီ

        March 6, 2014 at 5:22 pm

        မေးငေါ့ပြခဲ့သားပါဂျာ. အဲ့အရုပ်ကို.
        ကိုယ့်အားကိုယ်ကိုး မယ်ဆိုပီး ချာကနဲမျက်နှာလွှဲသွားတာ ခုထိ
        မြင်ယောင်သေးသပါ့

        ဟီဟိ

        • Ma Ma

          March 6, 2014 at 6:14 pm

          မျက်စေ့ထဲမှာ ဘာမှမမြင်တော့ဘူးဆိုတာ…..
          ဖိုတိုရှော့လုပ်ပြီး မျက်စိနေရာမှာ အသဲပုံလေး ကပ်ပေးလိုက်ရင် ပိုပီပြင်သွားမယ်။ 😀

  • Mr. MarGa

    March 6, 2014 at 9:34 am

    ဟီးးး
    နွေမရောက်ခင် လေးရက်လောက်ကတည်းက အဲ့သီချင်းကို ညည်းနေတာ
    အခုထိပဲ…

    အောက်ဆုံးပုံလေးကိုကြည့်ပြီး ဘာပြောရမယ် မသိ
    အာဟိ :mrgreenn:

    • Ma Ma

      March 6, 2014 at 4:51 pm

      အောက်ဆုံးပုံလေးက……….
      မြေပြင်နဲ့လမ်းမ နီးနေပါလျှက်နဲ့ သစ်ရွက်ခြောက်လေးတွေက မြေပြင်မှာချည်းပဲ ရှိနေလို့ အနုပညာသမားပီပီ (အင်တာနေရှင်နယ် အပျီအပျီဆိုင်ရာဆာယေးစယာအကျော်အမော် ဘပုနဲ့ တဆိုဒ်ထဲတူတူရေးနေတာဆိုတော့) 😀 တမျိုးခံစားရလို့ ရိုက်ထားလိုက်တာ။
      အဆင်ပြေတဲ့နေရာထည့်သုံးမလို့ ဝှက်ဖဲထားတာ အမှတ်တမဲ့နဲ့ ပိုစ့်ထဲပါသွားတာ။

  • မဟာရာဇာ အံစာတုံး

    March 6, 2014 at 9:43 am

    အန်တီမားမား ခညားးး
    ခါတော်မီ သွားသလား
    မှီဘူးလားဆိုတာလေးလည်း သိဘာရစေခည …
    ခါတော်မီ ရင် ၂၀ဝ နော် .. ငိငိငိ :mrgreenn:

    • Ma Ma

      March 6, 2014 at 5:01 pm

      နာမည်ကိုက ခါတော်မီလေ
      လာထားးး ၂၀ဝ 🙂

    • Ma Ma

      March 6, 2014 at 5:37 pm

      ရုပ်ရှင်တွေမှာ ကားကူး/ကားဆက်တာကို အတုခိုးပြီး……
      ကိုယ်ပြောချင်တဲ့ ဟိုတစ်စ ဒီတစ်စတွေကို တွဲမိအောင် ကူးပြောင်းပေးထားတာ ဦးပါရေ။
      တွဲမရတဲ့ နောက်ဆုံးပုံက ကန့်လန့်ပါသွားတာ။ 😀

  • kyeemite

    March 6, 2014 at 11:56 am

    ဓါတ်ပုံနဲ့စာသားအတော်လိုက်ဖက်တယ်ဗျ…
    ပုံတွေအားလုံးလှပါတယ်..ဒါပေမဲ့“ရိုးတံကျဲကျဲ …. ပင်အိုတို့ အလှချင်းလည်းပြိုင်…” ပုံလေးအကြိုက်ဆုံးပဲ
    ဓါတ်ပုံပညာမှာတော့ ကိုယ့်ထက်သာသူချည့်ပါလား 😛

    • Ma Ma

      March 6, 2014 at 5:44 pm

      အရင်ကတည်းက ဓာတ်ပုံရိုက်တာကို ဝါသနာပါတယ်။
      ဒီရွာရောက်ပြီးနောက်ပိုင်းကျတော့ သွားလေရာတိုင်းလိုလို ကင်မရာ သယ်ဖြစ်သွားတယ်။
      ကင်မရာမပါလည်း ဖုန်းကင်မရာနဲ့ တွေ့လေရာ ရိုက်ဖြစ်တော့တာပဲ။
      ဒါ့အပြင် ကြုံသမျှ ရွာထဲမှာ ပြန်ပြောမယ်ဆိုတဲ့ စိတ်ကူးကလည်း ပေါ်သေးးးး 🙂

  • Crystalline

    March 6, 2014 at 1:39 pm

    မမက ကိုရင်စည်သူပြောတဲ့အတိုင်း တကယ့်ကိုပဲ သူချစ်ငါးယောက်ကိုထားခဲ့တာပေါ့လေ :kwi:

    • Ma Ma

      March 6, 2014 at 5:48 pm

      မောင်ပိုးဇာက ကိုရင်စည်သူဆိုတာ ခရစ်လေး ပြောမှပဲ သိတော့တယ်။
      ကရင်စည်ကို ဒါရိုက်တာလုပ်မှပဲ မင်းသမီးလုပ်ပြီး သူချစ်ငါးယောက်ကို ထားခဲ့တဲ့ဇာတ်လမ်းရိုက်ရမယ်။ :mrgreen:
      ဒါပေမယ့် ကရင်စည်က ခရစ်ကို မင်းသမီးတင်ပြီး ကိုယ်တိုင်မင်းသားလုပ်ချင်နေတာလား မသိ… :kwi:

      • Crystalline

        March 7, 2014 at 1:54 pm

        ငင်… ဝုတ်ဖူးလား.. 🙄 သများစိတ်ထင် ရှေ့ဖြစ်နောက်ဖြစ်တွေဟောတတ်ပြောတတ်တာ ကိုရင်စည်တစ်ယောက်တည်းမို့လို့ သူထင်ပြီး ရမ်းတုတ်လိုက်တာ.. :)) မဟုတ်ရင်တော့ဆောတီး….
        :mrgreenn:

        • ဦးကြောင်ကြီး

          March 10, 2014 at 12:39 pm

          ခွစ်လေး မှန်ပါဒယ်ကွယ်..။ အဲဒီ ငပိုး ခုတော့ တဂိုးပီးဒဂိုး သွင်းနေလေရဲ့.. ဘောလုံးကန်ဒါဂိုပြောထှာစ်… ခွစ်လေး တမျိုး အထဲနဲ့… ကွိကွိ

  • ရဲစည်

    March 6, 2014 at 5:30 pm

    ခါတော်မီ ဆိုပေမဲ့လည်း အကြောင်းအရာအစုံကို ဖတ်ရလို့ ကျေးကျေးပါ အန်တီမမရေ

    စကားမစပ်
    Touch Screen ဖုံး / ဖုံး=phone ကို ဖုန်းလို့ရေးရပါကြောင်း

    :mrgreen:

    ကမ်းကြီးပြောခိုင်းလို့ ခိ ခိ

    • Ma Ma

      March 6, 2014 at 5:54 pm

      ကမ်းကြီးရွာထဲမဝင်တာကြာလို့ သတ်ပုံစစ်မယ့်သူမရှိဘူးဆိုပြီး ရေးလိုက်တာ… လို့ မထင်ပါနဲ့။ :p
      ကရဲစည်ရေ- ကမ်းကြီးကို သတ်ပုံပြင်စေချင်ရင် ကိုယ်တိုင်ဝင်ပြောပါလို့ ပြောလိုက်ပါ။ 🙂

  • alinsett (gazette)

    March 6, 2014 at 5:57 pm

    နီးလျက်နဲ့ ဝေးဆိုတဲ့ ပုံရိပ်လေးမှာ ကျနော် အကြာကြီး ပိတ်မိသွားတယ်
    ငေးလို ့
    ငိုင်လို ့
    🙁

    • Ma Ma

      March 6, 2014 at 6:07 pm

      အဟမ်း အဟမ်း မစ်စတာ အလင်းဆက်…. ဟတ်ထိသွားတယ် ထင်ပါ့။
      တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါ။ 😀

  • padonmar

    March 6, 2014 at 8:37 pm

    နှင်းမှုန်မှုန်ကြားက ဘယ်နားလေးပါလိမ့်၊မာမားကို မနက် လမ်းထလျှောက်အောင် ဆွဲဆောင်နိုင်တဲ့ နှင်းတွေဟာ ကျောက်စ်ရဲ့ နှင်းလိုပဲ အင်အားတော်တော်ကြီး ပါပေတယ်။
    ဘုရားရောင်ခြည်လွှတ်တယ်ဆိုတာ ကိုယ်တိုင်တွေ့ရတယ်ဆိုတော့ ကံထူးရှင်ပဲ၊မုန့်ကျွေးပါ(ဆိုင်ဆိုင်မဆိုင်ဆိုင်)
    သတ်ပုံမမ ပို့စ်မှာ သတ်ပုံ ပြင်ပါမည်။
    Night mode လို့ဖြစ်ရမည် ထင်ပါဂျောင်း။
    (ကွဲစည်တို့ မမကမ်းတို့နဲ့ မတူသော အတွေးနဲ့ မန့်ရရင်တော့ အင်္ဂလိပ်လို Phone ကို အသံလှယ်တာဖြစ်လို့ ဖုံး/ဖုန်း ဘာဖြစ်ဖြစ်သုံးချင်ပါဂျောင်း၊ကန့်လန့်တိုက်ကြည့်တာ)
    အဲဒီ ဘုရားပုံလေး သဘောကျပါဂျောင်း၊တခါလောက်တော့ စမ်းကြည့်ရန် ကြံပါဂျောင်း။
    ကရင်စည်ကို အကြာကြီး ပျောက်နေမှု၊ပုံမှားရိုက်မှု၊ မှောင်ရိပ်ခိုမှုနဲ့ ဒဏ်ချချင်ပါဂျောင်း။

    • Ma Ma

      March 7, 2014 at 7:55 am

      မတ်လရောက်မှ မနက်ပိုင်းနှင်းတွေကျနေလို့ ရွှေတိဂုံဘုရားက ငါးကန်နားမှာ သွားလျှောက်တာ။
      အိမ်က လူတွေက လမ်းလျှောက်တာလား ဓာတ်ပုံရိုက်တာလားတဲ့။ :mrgreen:

      သတ်ပုံကတော့ ….
      စုံထောက်ကြီးဦးရှံစားလို မှားတဲ့အခါလည်း မှားပေမပေါ့… 😀

  • Ma Ma

    March 7, 2014 at 6:47 pm

    ကြုံတုန်း မှားတတ်တာလေး ပြောချင်ပါတယ်။
    မီ ဆိုတာ အချိန်မီတာ၊ နောက်မကျတာကို ရေးချင်ရင်သုံးပြီး
    မှီဆိုတာကတော့ မှီငြမ်းတာ၊ (နံရံကို) မှီတာ နေရာတွေမှာ သုံးပါတယ်။
    အချိန်မီ မှီငြမ်းပြုချင်ရင်တော့ သတ်ပုံကျမ်းကို http://myanmarwords.pikay.org/ လှန်ကြည့်ဖို့ တိုက်တွန်းပါတယ်။ 🙂

  • ဦးကြောင်ကြီး

    March 10, 2014 at 12:43 pm

    အမ်တီမမ အဲလို ပုံတွေထက် ကန်ဒေါ်ဂျီးဇောင်းသွားပီး စုံတွဲဓာတ်ပုံ ချောင်းရိုက်တာ လူကြိုက်ပိုများမြည်..။ စေတနှာဖြင့် ပြောဂျင်းဖြစ်အိ..

    • Ma Ma

      March 10, 2014 at 7:48 pm

      ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်းဂေဇက်ရွာသတင်းထောက်ပီပီ …………….
      ထိုင်ရာမှမထပဲ ကမာ္ဘတလွှားမှ ပုံများ ရနိုင်ပါသောကြောင့်………….
      ကိုယ့်ဘေးကိုယ်သိပြီး ယောင်တောင်ပေါင်တောင်အမောင်ကြောင်သည်လည်း ရှောင်နိုင်ရှားနိုင်ပါစေသတည်းးးးးး 😀

    • Ma Ma

      March 10, 2014 at 7:51 pm

      အမြှောက်မကြိုက်ပေမယ့် ……..
      ခုလို အမှန်အတိုင်းပြောတာကိုတော့ သဘောကျတယ်။ 😀

Leave a Reply