“အ တွေး ပါး ပါး လေး”
“အ တွေး ပါး ပါး လေး”
တစ် နေ့ တစ် ရွက်
တစ် ရက် တစ် ခါ
ဖြေး ဖြေး မှန် မှန် သာ
လှန် ခွင့် ရှိ တဲ့
ဘ ဝ စာ မျက် နှာ ဆိုတာ
ပြင် ဆင် ချက် မ ပါ
အ မှား ပြင် တာ မ ရှိ
ဖြည့် စွက် တာ မ ရှိ
အ စ အ ဆုံး ရေး ပြီး သား လို့ ဆို သူ က ဆို
ကိုယ့် ဘ ဝ ကိုယ် စီ ရင်
ဖြစ် ချင် ရင် တ ကယ် လုပ်
အ ဟုတ် ဖြစ် ရ မယ် လို့ ဆို သူ က ဆို
ကိုယ် လို သ လို ကောက် ချက် တွေ ဆွဲ ကြ သ ပေါ့
ဟို လို ဖြစ် ရင် ဟို လို နေ
ဒီ လို ဖြစ ်ရင် ဒီ လို နေ
ပျော့ ပြောင်း စွာ အ လိုက ်သင့် နေ ပါ
ဘဝ ဆို တာ သာ သာ ယာ ယာ လေး ပါ လို့
ဆို သူ ဆို
ဘ ဝ ဆို တာ စိန် ခေါ် ပွဲ
တိုက် ယူ ရဲ မှ လို တာ ရ သ တဲ့
မာ မာ ကျော ကျော
ပြော သူ က လဲ ပြော ရဲ့
ဘယ် သူ တွေ ဘာ ပြော ပြော
ဘယ် သူ တွေ ဘယ် လို ဟော ဟော
ကိုယ့် အ ရပ် နဲ့ ကိုယ့် ဇာတ်
အ ဟပ် မ ိဘို့ ဘဲ လို ပါ သတဲ့။
တ ကယ် ့ ဘ ဝ ဆို တာ
ရ ချင် တာ ရ တဲ့ အခါ လဲ ရှိ
ရ ချင် တာ မ ရ တဲ့ အ ခါ လဲ ရှိ
မ ရ ချင် တာ ရ တဲ့ အခါ လဲ ရှိ
မ ရ ချင် တာ မ ရ တဲ့ အခါ လဲ ရှိ
သိ ချင် တာ သိ တဲ့ အ ခါ လဲ ရှိ
သိ ချင် တာ မ သိ တဲ့ အ ခါ လ ဲ ရှိ
မ သိ ချင် တာ သိ တဲ့ အ ခါ လဲ ရှိ
မ သိ ချင် တာ မ သိ တဲ့ အ ခါ လဲ ရှိ
ဖြစ် ချင် တာ ဖြစ် တဲ့ အခါ လဲ ရှိ
ဖြစ် ချင် တာ မ ဖြစ ်တဲ့ အခါ လဲ ရှိ
မ ဖြစ် ချင် တာ ဖြစ် တဲ့ အခါ လဲ ရှိ
မ ဖြစ် ချင် တာ မ ဖြစ ်တဲ့ အခါ လဲ ရှိ
နိုင် ချင် တဲ့ အ ခ ါ နိုင်
ရှုံး ချင် တဲ့ အ ခ ါ ရှုံး
ပြုံး ချင် တဲ့ အခါ ပြုံး
မုန်း ချင် တဲ့ အခါ မုန်း
ချစ် ချင် တဲ့ အ ခါ ချစ်
ညစ် ချင် တဲ့ အခါ ညစ်
မိုက် ချင် တဲ့ အ ခါ မိုက်
ပျော် ချင် တဲ့ အ ခါ ပျော်
ရီ ချင် တဲ့ အခါ ရီ
ငို ချင် တဲ့ အ ခါ ငို
ချုို ချင် တဲ့ အခါ ချို
တို ချင် တဲ့ အခါ တို
ရှည် ချင် တဲ့ အခါ ရှည်
လေ ချင် တဲ့ အ ခါ လေ
ဒု က္ခ တွေ ဘယ် လို ဝေ ဝေ
သေ ချင် တယ် ဆို တာ ခပ ်ရှား ရှား
ဟို နို်င် ငံ ခြား က လူ ကြီး ပြော သ လို
ဓါး သွား ပေါ် ဘယ် သူ များ လာ ထား သွား လဲ မ သိ တဲ့
ပျား ရည် စက် ဆို လား ဘာ ဆို လား
အဲ ဒါ ကို လျက် ရင်း နဲ့ အ သက် ထွက် ဘို့ ရက် ကို
စောင့် နေ ရ တာ များ
ဒီ အ ထဲ ကြွက် ဖြူ နဲ့ ကြွက် မဲ က လဲ ပါ သေး သ တဲ့
ဘဝ ဆို တာ ဒီ လို ပါ ဘဲ ။
ဟို ……………………………………..
ညို တို တို ကောင် မ လေး ပြော သလို
ဇာတ် ဆ ရ ာ အ လို ကျ
ကိုယ် နေ ပြ လိုက် ရင် ကောင်း မ လား
တစ် ခါ တစ် ခါ ဘ ဝ ဆို တာ ကြီးကို
ဘိုင် စ ကုတ် ဇာတ် ညွှန်း ရေး သ လို
ကိုယ် တွေး ချင် တာ ကိုယ် တွေး
ရေး ချင် သ လို ရေး ခွင့် များ
ရ ရင် ကောင်း မ လား
ဟို လို ကောင်း မ လား
ဒီ လို ကောင်း မ လား
စဉ်း စား ရင်း
စဥ်း စား ရင်း ဝေ ဝါး
အ တွေး တွေ လဲ ပါး ပါး
ဘ ဝ ဆို တာ
ခါးးးးးးးးးးး
ခါးးးးးးးးးးးးးးး
ခါးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လို့
ဆို မိ ပြန် ပါ တယ်။
ကို ပေါက် လက ်ဆောင် အ တွေး စဥ ်
21-1-2014
24 comments
MAUNG
January 22, 2014 at 6:57 am
ကောင်း လိုက်တာ ဦးပေါက် ရာ
ကူးယူ သိမ်းထားခွင့်ပြုပါ
kyeemite
January 22, 2014 at 8:34 am
ဘဝကို ရှုဒေါင့်စုံကသုံးသပ်ပြီး ကဗျာစပ်ထားပုံလေး လှမှလှပါပဲ ကိုပေါက်ရေ…
တိုက်တိုက်ဆိုင်ဆိုင်ကျုပ်လည်း ခုတလော အဲဒီ“ဘဝ” အကြောင်းတွေပဲတွေးနေ ရေးနေမိတယ်ဗျာ…
ကိုပေါက်(မန္တလေး)
January 22, 2014 at 10:05 pm
ဘ ဝ တွေ ပေါင်း စုံ အဖြစ် တွေ ပေါင်း စုံ ပေါ့ ကို မို်က်စ် ရာ
ကိုပေါက်(မန္တလေး)
January 22, 2014 at 8:36 am
သိမ်း ပါ ဗျာ
လုံမလေးမွန်မွန်
January 22, 2014 at 11:12 am
ဘဝက ခါးတယ်နော်.. ငါတို့သောက်ဖို့ ထားခဲ့တော့..
(သီချင်းစာသား တစ်ခုပါ လေးပေါက်..သတိရသွားလို့)
ဘဝဆိုတာကို သေချာရေးပြထားတဲ့ ကဗျာလေးတစ်ပုဒ်ပဲ..
အရမ်းကြိုက်မိပါတယ်လို့..
ကိုပေါက်(မန္တလေး)
January 22, 2014 at 10:08 pm
ဘဝ ဟာ ခါး ခါး
က အင ဲ လေ ကွယ်
ဒညင်းဝက်
January 22, 2014 at 1:03 pm
ဝိုးးးး
လေးပေါက်… စကားလုံးတွေ..ပြောင်မြောက်နေတယ်.. ။
ကိုပေါက်(မန္တလေး)
January 22, 2014 at 10:09 pm
ပြော င် မြောက် ဆို ရင် မှာ ထိ ရှ ခံ စား တာ ကို
ပြန် ကြား ပြော ဆို လို့ ပါ ကွဲ့
Mr. MarGa
January 22, 2014 at 5:08 pm
ဘဝ………….
အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ကြ
သီအိုရီ အမျိုးမျိုး ထုတ်ကြ
ဒါပေမင့်
ကံဇာတ်ဆရာကို မလွန်ဆန်နိုင်ကြ
ကိုယ် ရသမျှ စည်း၊ဘောင်ထဲက
အဆင်ပြေအောင် နေထိုင်ကြ
ဪ…..ဒါဟာ ဘဝ…………
ကိုပေါက်(မန္တလေး)
January 22, 2014 at 10:30 pm
အ သက် ကြီး လေ ဘ ဝ တွေ ကြီး လာ လေ
ဒု က ္ခ တွေ လဲ ကြီး လေ ပါ ဘဲ ကွာ
Mr. MarGa
January 23, 2014 at 8:03 pm
ဆင်လဲဆင့်အထွာ ဆိတ်လဲ ဆိတ်အထွာ ဆိုတဲ့အတိုင်းပါလား………
starqueen kaungmalay
January 22, 2014 at 7:16 pm
ဘဝ……ဘဝ….တစ်ခါတစ်ခါ..ဇာတ်ဆရာအလိုကျလို့ပြောမိတယ်။ဒါပေမဲ့…..အခုတော့းးးးးဒီလိုလေး………။ဘဝတွေများပြောပါတယ်။။..အချို့က ကောင်းကင်ကိုငုံ့ကြည့်နေတဲအချိန်မှာ..ငါတို့ကတော့ မြေကြီးကိုတောင်မော်ကြည့်နေရတယ်…..အဲလို…..??????????????????
starqueen kaungmalay
January 22, 2014 at 7:20 pm
ဘဝ……ဘဝ….တစ်ခါတစ်ခါ..ဇာတ်ဆရာအလိုကျလို့ပြောမိတယ်။
ဒါပေမဲ့…..အခုတော့းးးးးဒီလိုလေး………။
ဘဝတွေများပြောပါတယ်။..
အချို့က ကောင်းကင်ကိုငုံ့ကြည့်နေတဲအချိန်မှာ..
ငါတို့ကတော့ မြေကြီးကိုတောင်မော်ကြည့်နေရတယ်…..
အဲလို…..??????????????????
ကိုပေါက်(မန္တလေး)
January 22, 2014 at 10:36 pm
အချို့ ဘဝ တွေ က တွင်း တူး ပြီး နေ ေ န ရ ပါ တယ် ဗျာ
ကိုပေါက်(မန္တလေး)
January 22, 2014 at 10:41 pm
လှ ဆို ရင် ထဲ မှာ တကယ် ခံ စား ရ တာ ကိုး ဗျ
padonmar
January 22, 2014 at 9:18 pm
Like
snow smile
January 22, 2014 at 10:00 pm
လော က ဓံ တ ရား တွေ ကို ရေး သွား လိုက် တာ
လှ လှ လေး
starqueen kaungmalay
January 23, 2014 at 6:22 pm
ဟုတ်..တွင်းတူးပြီးနေရတဲ့…သူတွေကိုမေ့သွားလို့။?????
‘ဒါဆို…..။
starqueen kaungmalay
January 23, 2014 at 7:03 pm
အချိုကပြောကြတယ်…ကိုယ်ထက်သာတဲ့သူနဲ့ခရီးနှင်ပါတဲ့……..
.အကြံလေးဘာလေးပေးကြပါအုံး။
ကိုပေါက်(မန္တလေး)
January 23, 2014 at 10:56 pm
ကို ယ် ထက ်သာ သူ နဲ့ ခရီး နှင် ရင်း
ကို ထက် နိမ့်ကျ သူ ကို လက် တွဲ ခေါ် ဘုူိ့ ကြိုး စား ပါ ခင်ဗျာ
ko six
January 24, 2014 at 6:37 am
ဘဝ..
ဆဲသံဆိုသံ အားပေးသံတွေနဲ့
တစ်ကိုယ်လုံး နှစ်သိမ့်
မျှော်လင့်ချက်က
ဖိနပ်အထက် ဖောက်ထွက်နေတဲ့ဆူး….
အော်…..ဘဝတဲ့လား
ကိုပေါက်(မန္တလေး)
January 25, 2014 at 8:22 am
ပုံ စံ အ မျိုး မျိုး နဲ့ ဖွဲ့ တည် ထား သော
အ ဖြစ် အ ပျက် ပေါင်း စုံ ဖြင် ့ ထုံ မွှမ်း ထား သော
အ ကြောင်း အ ရာ ပေါင်း များ စွာ ပါ ဝင် သော
လူ ပေါင်း စုံ ပါ ဝင် သော
အ စု အ ဝေး ကြိး က ဘ ဝ ပါ ဘဲ
starqueen kaungmalay
January 24, 2014 at 6:16 pm
ဟုတ်ပါတယ်…
ကိုယ့်ထက်နိမ်ကျတဲ့သူတွေကို လက်တွဲခေါ်ဖို့…
ကြိုးစားရမယ်။
ဒါမှ……ကျုပ်တို့ဘဝတွေလဲ…/////???
ကိုပေါက်(မန္တလေး)
January 25, 2014 at 8:23 am
ရေ မြင့် ကြာ မြင့်
ဆို တဲ့ စ ကား လေး က အ မှန် တ ရား ပါ