Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရေကို စည်းသား အကြားမထင် အပိုင်း -(၁)

 

ယောကျာ်းတစ်ယောက်ဟာ အသက်သုံးဆယ်ကျော်ရင် အိမ်ထောင်မပြုသင့်ဘူး။

အသက်လေးဆယ်ကျော်မှ အစိုးရအမှုထမ်း ဝင်မလုပ်သင့်တော့ဘူး။ ငါးဆယ်ကျော်ရင်

နောက်ထပ်ကလေး မယူသင့်တော့ဘူး။အသက်ခြောက်ဆယ်ကျော်ကာမှ ခရီးဝေးသွားလို့

မတော်တော့ဘူးတဲ့။ ဘာလို့လဲဆိုတော့ အချိန်ကောင်းက လွန်ခဲ့ပြီ။ အရုဏ်တက်မှာ

ကိုယ့်မြို့ရပ်ရွာကို ကြည့်တော့ တောက်ပလတ်ဆတ်လို့။ နောက်တော့ လျှော်ဟဲ့၊ ဖွပ်ဟဲ့၊

စားဟဲ့ သောက်ဟဲ့ နဲ့ သိပ်မကြာဘူး၊ နေ့လည်ရောက်ကရော။ ဪ အချိန်ကုန်တာ မြန်လှ

ချည့်လို့ သတိပြုမိတာ။

 

 

တစ်ချို့များ သူများအသက် ဘယ်လောက် ဘာညာနဲ့ ပြောရတာများ ကျုပ်ဖြင့် သိပ်အံ့ဩ

တယ်။ လူ့ဘဝသက်တမ်းဆိုတာဖြင့် အချိန်ကြာကြီးတစ်ခုရဲ့ အစိတ်အပိုင်းကလေးပါပဲ။

ကိုယ့်ရှေ့မယ် ကမာ္ဘကြီးတစ်ခုလုံး ရှိတာများ အင်းဆက်ပိုးမွှားလေးတွေအကြောင်း အရေး

လုပ်ပြောနေတာ။ အချိန်ဆိုတာ တကယ်ပဲ နှစ်အပိုင်းအခြားနဲ့ တိုင်းတာလို့ ရသလား။

ရှင်းရှင်းမြင်တာကတော့ အချိန်ဆိုတာ တရွေ့ရွေ့သွားနေတာပဲ။ ဒါမှမဟုတ် ကုန်နေတာ

ပဲ။ အချိန်နဲ့အမျှ အားလုံးကလည်း ပြောင်းလဲနေတာပဲ။ တချို့ပြောင်းလဲမှုတွေကတော့

ကျုပ်ဟောဒီစာ စရေးကတည်းကပဲ။ အချိန်နဲ့အမျှ ပြောင်းလဲ ပျက်စီးမှုက ကျုပ်ကို ဝမ်း

နည်းကြေကွဲစေတော့တာ။

 

ကျုပ်စိတ်ကို လှုပ်ရှားပျော်ရွှင်စေတာကတော့ ကိုယ့်ငယ်ပေါင်း မိတ်ဆွေတွေနဲ့ တွေ့ဆုံ

စကားပြောရတာပဲ။ ဒါပေမဲ့ သူတို့မလာတဲ့အခါကျတော့ ကျုပ်မှာ နေမထိထိုင်မသာနဲ့

အထီးကျန်သလို။ မလာတာလည်း ရာသီဥတု မကောင်းလို့။ လေထန်လို့၊ မိုးရွာပြီး လမ်းတွေ

မှာ ရွှံ့တွေဗွက်တွေနဲ့ မို့လို့၊ ဖျားလို့ နာလို့ လဲ ဖြစ်မှာ။ ကိုယ့်ဘာသာ မသောက်ဖြစ်ပေမဲ့ သူငယ်

ချင်း အပေါင်းအသင်းများကိုတော့ မငြိုငြင်စေရပါဘူး။ ကျုပ်မိသားစုမယ် လယ်ကလေး ယာ

ကလေး နည်းနည်းရှိတယ်။ အိမ်ရှေ့မှာတော့ မြစ်ကြီးတစ်စင်း စီးလို့။ ကိုယ့်အိမ်ရှေ့ သစ်

ရိပ်အောက်မှာ အပေါင်းအသင်းတတွေနဲ့ ထိုင်ကြ ပြောကြပေါ့လေ။

 

အိမ်မှုကိစ္စ နဲ့ ချက်ဖို့ပြုတ်ဖို့တော့ အမယ်ကြီးလေးယောက်ရှိတယ်။ ကောင်ကလေး ဆယ်

ယောက်လောက်ကတော့ ဟိုသွား ဒီသွား ခိုင်းရတယ်။ သူတို့ တခြားလုပ်စရာမရှိတဲ့အခါကျတော့

တံမြက်စည်းတို့ ဖျာတို့ ယက်ကြ ၊လုပ်ကြတာ။

 

          အပေါင်းအသင်းစုံ လာကြရင်တော့ ဆယ့်လေးငါးခြောက်ယောက် လောက်ရှိတတ်တယ်။

တစ်ခါတလေ လမ်းပန်း ရာသီဥတု မသာရင်တော့ ခြောက်ယောက် ခုနစ်ယောက်လောက်ပေါ့။

သောက်ကြ စားကြ ပြောကြ နဲ့ ကြေနပ်စရာ။ အရက်ကြောင့်ရယ်တော့ ဟုတ်မထင်ဘူး။ စကားပြော

ရတာ အဓိကပါပဲ။ ပြောကြတဲ့အထဲတော့ နိုင်ငံရေး မပါဘူး။ ကိုယ့်နေရာက နယ်အစွန်အဖျား၊

ကြားရတဲ့ သတင်းတွေကလည်း မှုန်ဝါးဝါးဆိုတော့ အချိန်ကုန်တာပဲ ရှိမယ်။ သူများ အမှား လည်း

သိပ်မပြောပါဘူး။ ဟောသည် လောကမှာ ကိုယ့်ဘာသာတော့ အကုန်လုံး မှန်နေကြတာချည်းကိုး။

နောက်ပြီး ကိုယ့်အချင်းချင်း အတင်းလည်း မချဘူး။ ဒီတော့ ကိုယ်တွေပြောတဲ့ စကားက ဘယ်သူ

တစ်ဦးတစ်ယောက်ကိုမှ မရည်ညွှန်းဘူး။ လူ့သဘော သဘာဝ အကြောင်း ဆွေးနွေးကြတာ များ

 တယ်။

 

          ကျုပ် အပေါင်းအသင်းများကတော့ စိတ်သဘော ကျယ်ပြန့်တဲ့သူတွေ၊ ပညာဉာဏ်နဲ့

ပြည့်စုံကြတဲ့ သူတွေ။ နို့ပေမဲ့လို့ ကျုပ်တို့ပြောတဲ့စကားတွေကို ဘာမှတ်တမ်းမှတော့ မထားပါ

ဘူး။ ဒါကလည်း ကျုပ်တို့က ဒါမျိုးလုပ်ရမှာပျင်းလို့၊ လူသိများပြီး မထင်ရှားချင်လို့။ စကားပြော

ရတာပဲ နှစ်သက်ပြီးတော့ ရေးရမှာ ခက်နေလို့။ ကိုယ်တွေ သေပြီးတော့လည်း ကိုယ့်လူတွေထဲ

က တစ်ယောက်မှတောင် ပြန်ဖတ်နိုင် မဟုတ်လို့။ ဒါမှမဟုတ်လည်း အခုနှစ် ရေးတာက နောက်နှစ်

ကျတော့ မှားနေတာမျိုး ဖြစ်မှာစိုးလို့။ မှတ်တမ်း မထားတာ အဲဒါတွေကြောင့် ဖြစ်နိုင်တယ်။  

 

          ကျုပ်ကတော့ ကိုယ့်ဘာသာ စိတ်ပျော်လို့ ဒီမှတ်တမ်းကို ရေးတာ။ လျောင်ရှန် စိမ့်တောမြေမှာ

တစ်အူထုံဆင်း ညီရင်းအစ်ကိုတွေလို နေကြတဲ့ တောပုန်းကြီးတွေ အကြောင်းလေ။ အပေါင်းအသင်းတွေ

ပြန်လို့၊သူတို့မလာလို့ ကိုယ့်တစ်ယောက်တည်း အထီးကျန်တဲ့အချိန်တွေမှာ ဒီမှတ်တမ်းကို ရေးတာပဲ။

ကြိုတင် တွေးတောကောက်ချက်ဆွဲတာ ဘာညာတော့ မရှိဘူး။ ဒီလိုပဲ အစကလေးတစ်စ ကောက်

စရေးလိုက်တာ နဲ့ ဖြစ်လာတော့ပဲ။တစ်ခါတလေတော့လည်း ဝါးရုံပင်အောက်က ကွပ်ပျစ်ကလေးမှာ

လှဲရင်း စဉ်းစားခန်းဝင်နေတာတော့ ရှိသပေါ့လေ။အဲ..တစ်စုံတစ်ယောက်ကများ – ခင်ဗျားနှယ်ဗျာ..

သူငယ်ချင်းတွေနဲ့ ပြောတာဆိုတာတော့ မှတ်တမ်းချမရေးထားပဲ ဒီစာအုပ်ကျတော့ ရေးရသလား

လို့ မေးလာခဲ့ရင် အကြောင်းပြစရာလေးတွေတော့ ရှိပါရဲ့။ သောင်းပြောင်းထွေလာပြောကြတာ

ပြန်ရေးမယ်ဆိုရင် ကျုပ်ကို ယုံကြမှာ မဟုတ်ဘူး။ နောက်တစ်ခုက ကိုယ့်အားတဲ့အချိန်လေး

ကိုယ့်ဘာ သာ ကျေနပ်နှစ်သိမ့်ဖို့ ဒါကိုရေးတာ။ ပြီးတော့ ကျုပ်ရေးတာ ပညာတတ်တဲ့သူ

ဖတ်နိုင်သလို လူပြိန်းလည်း နားလည်အောင်ပေါ့။ အဲဒီလိုရေးတာ ကျုပ်အတွက် လွယ်ကူ

အဆင်ပြေလို့။

 

          အလိုဗျာ..ဘဝဆိုတာ သိပ်တိုတာမျိုး ဆိုတော့ ကိုယ့်စာဖတ်တဲ့သူတွေ ဘယ်လိုထင်

ကြမလဲဆိုတော ကျုပ် သိချင်မှ သိနိုင်တော့မှာ..။ ကိုယ့်အပေါင်းအသင်းထဲက တစ်ချို့တလေ

များ စိတ်ဝင်တစား ဖတ်ကြမယ်ဆိုရင်ဖြင့် ကျုပ် ကြေနပ်နိုင်ပါပြီလေ။ အင်း..ကိုယ်သေသွားတော့

လည်း ဒါတွေ သိမှာမှ မဟုတ်တော့တာ။ ဆိုတော့ ရှေ့အနာဂတ်အကြောင်း ဘာလို့ အရေးထား

တွေးနေတော့မလဲ။

 

 

နိဒါန်း

 

မင်းဆက် ငါးဖြာ ဗရမ်းဗတာ

(အဲဒါလွန်တော့)

တိမ်ညိုစင်လို့ ကောင်းကင်ပြာ။

မိုး ဝဿန် ရွာသွန်းဖြိုး၊

သစ်ပင်အိုတို့ အားအင်တိုး။

ယဉ်ကျေးမှု နဲ့ အသိပညာ

ထွန်းကား မြင့်မားမှာ။

လူသူအငါ လမ်းတွေကြား ပိုးချည်ထည်တွေ

ယက်လုပ်ထား။

အိမ် တိုက်တွေ(မှ) ဂီတသံ

ဟိုမှ သည်သို့ လွင့်ပျံ့ညံ။

ကောင်းကင်အောက်က အရာများ

ငြိမ်းချမ်းတည်ကြည် ခန့်ခန့်ညား။

ကျေးငှက် သာရကာ ပန်းမာလာ

သီးကျူး ဖွဲ့နွဲ့ ရောင်စုံတာ။

နေ့လည်ခင်းအခါ လူအများ

သူတို့ အကြားမှာ အိပ်စက်နား။

 

 

အဲဒီကဗျာကလေးက စုံ မင်းဆက် ဧကရာဇ် ရှန်ကျုံး လက်ထက်မှာ ပညာရှိ ရှောင်ယောင်ဖူ စပ်ဆိုခဲ့တာ။

13 comments

  • Ma Ma

    January 21, 2014 at 6:39 pm

    တရုတ်ဝတ္ထုု ဘာသာပြန်ထင်တယ်။
    ဖတ်ရချည်သေးရဲ့။ 🙂

  • padonmar

    January 21, 2014 at 8:23 pm

    ဆြာစိုးမင်းရဲ့ ဘာဘဲပြောပြောရာဇဝင်ရှိတယ် ကိုသတိရမိတယ်။
    နိဒါန်းလေးက ရှယ်ပါပဲ။
    (ယောကျာ်းတစ်ယောက်ဟာ အသက်သုံးဆယ်ကျော်ရင် အိမ်ထောင်မပြုသင့်ဘူး။
    အသက်လေးဆယ်ကျော်မှ အစိုးရအမှုထမ်း ဝင်မလုပ်သင့်တော့ဘူး။ ငါးဆယ်ကျော်ရင်
    နောက်ထပ်ကလေး မယူသင့်တော့ဘူး။အသက်ခြောက်ဆယ်ကျော်ကာမှ ခရီးဝေးသွားလို့
    မတော်တော့ဘူးတဲ့။)
    ဦးကျောက်က ကန့်ကွက်လိမ့်မယ်။
    …………….
    (ကိုယ့်အပေါင်းအသင်းထဲက တစ်ချို့တလေ
    များ စိတ်ဝင်တစား ဖတ်ကြမယ်ဆိုရင်ဖြင့် ကျုပ် ကြေနပ်နိုင်ပါပြီလေ။ အင်း..ကိုယ်သေသွားတော့
    လည်း ဒါတွေ သိမှာမှ မဟုတ်တော့တာ။)ဒါလေးလည်းကြိုက်တယ်။အဲလိုလေး ရေးတတ်ချင်လိုက်တာ။

  • ဦးကျောက်ခဲ

    January 22, 2014 at 12:43 pm

    ဆြာကိုဘလှိုင်… ပြောမှားဆိုမှား ရှိသွားလားဟင်င်င်…
    သိုးဆောင်းကထာမှာ ၄ဝကျော်မှ ဘဝ စ တယ်ဆိုလို့ ဘိုရူး ရူးကြည့်တာပါဗျာ…
    ဆြာပြောသလိုပဲ “ကိုယ်သေသွားတော့လည်း ဒါတွေ သိမှာမှ မဟုတ်တော့တာ…”
    😀

  • sorrow

    January 22, 2014 at 12:51 pm

    ယောကျာ်းတစ်ယောက်ဟာ အသက်သုံးဆယ်ကျော်ရင် အိမ်ထောင်မပြုသင့်ဘူး …အဟင့်ဟင့် ..ဆြာလေး ..လပိုင်းစွန်းရင်ရော ရလားဟင်….

  • ဒညင်းဝက်

    January 22, 2014 at 12:58 pm

    စောင့်မျှော်ဖတ်ရှုနေပါ့မယ်ခည…

    ပြီးတော့.. အသက်သုံးဆယ်နား..ကပ်လာပြီမို ့..
    မြန်မြန် ရှာပါတော့မယ်ခည…
    😆

  • kyeemite

    January 22, 2014 at 1:37 pm

    “ယောကျာ်းတစ်ယောက်ဟာ အသက်သုံးဆယ်ကျော်ရင် အိမ်ထောင်မပြုသင့်ဘူး။”
    ကိုကျောက်စ် တင်မဟုတ်…ကျုပ်လည်းကန့်ကွက်ရလိမ့်မယ်ဗျို့…၃၆မှအိမ်ထောင်ကျလို့ 😀
    “အသက်လေးဆယ်ကျော်မှ အစိုးရအမှုထမ်း ဝင်မလုပ်သင့်တော့ဘူး”
    အသက်လေးဆယ်ကျော်မှ ကုမ်ပဏီအလုပ်ပြန်ဝင်လုပ်မိပါတယ်…ခိခွိ
    ဘာသာပြန်အခန်းဆက်ကြီးဖတ်ရပေအုံးမပေါ့လေ…ဖတ်မယ်ဗျာ..ဒါပေမဲ့ တစ်ပိုင်းနဲ့တစ်ပိုင်း
    သိပ်မကွာစေနဲ့နော….ကျေးကျေးပါ ကိုရင်ဘလှိုင်ရေ….
    အော်..မေ့တော့မလို့…မြန်မာ စကားလုံးရွေးချယ်သုံးပုံ ကြိုက်သဗျာ…လက်ဖျားခါပါ၏။

  • kai

    January 22, 2014 at 1:59 pm

    တကယ်က..
    .. ယောက်ျားတယောက်ဟာ.. အသက်၃ဝမတိုင်မချင်းအိ်မ်ထောင်မပြုသင့်ဘူးဖြစ်ရမှာ…

    ဆိုတော့..
    ယူအက်စ်မှာ.. အစိုးရအမှုထမ်းက.. အသက်၄ဝကျော်မှစလုပ်ရင်.. ပင်စင်ယူချိန်..အသက် ၆ရနှစ်မှာ.. အမှုထမ်းသက် ၂၅နှစ်ကျော်နေပြီမို့.. ပင်စင်နဲ့အကျိုးခံစားခွင့်က.. လစာနီးပါးလောက်…. အတိုင်းလစဉ်ရမှာပါပဲ..။
    အိုကေပါတယ်..။
    ၅ဝကျော်ရင်တော့. .ငွေကြေးအိုကေ..ဘဝအခြေခိုင်နေတတ်တဲ့အရွယ်မို့.. အတူတူအိပ်လိုက်တဲ့..”မ”တွေက.. ကလေးရအောင်လုပ်တတ်ကြပါသတဲ့..။
    ရလည်းအရေးမကြီးပါ..။ မျိုးဆက်တောင်.. တောင့်သေး..

    ပင်စင်စားချိန်.. အသက်ကြီးချိန်မှ.. အလုပ်တွေဘေးချ.. အေးအေးဆေးဆေးကမ္ဘာပါတ်နိုင်တော့တာမို့.. မြန်မာပြည်ဝင်လာတဲ့.. ဇိမ်ခံသင်္ဘောခရီးစဉ်ပေါ်က.. ပထမကမ္ဘာ့နိုင်ငံသားလူတွေကြည့်ရင်..အသက်၆ဝကျော်တွေချည်းအများစုတွေ့ရမှာပါ…

    ပြောရရင်..
    ကိုရင်ဘလှိုင်.. သိုင်း..အဲ..အဲ.. စာပြောင်းပြန်သိုင်းများ.. သင်သလားဗျာ… လို့..

    • မောင်ဘလိူင်

      January 22, 2014 at 2:25 pm

      ဆယ့်လေးရာစုနဲ့ အခု နှစ်ဆယ့်တစ်ရာ အနှစ် ခြောက်ရာကျော် ကွာပါတယ် ခင်ဗျာ။
      ဆိုတော့ အထက်က မူရင်းစာရေးသူ ရှိနိုင်အန်း ဒါမှမဟုတ် လိုကွမ်းကျုံး ကိုသာ
      သွားပြောပေတော့ သဂျီးရေ။ သူလည်း ကြိုပြောထားပါတယ် သူသေပြီးတော့
      သူ့စာကို အနှစ်ခြောက်ရာကျော်ကြာတဲ့ အချိန်မှာ ဘယ်လိုတွေ သုံးသပ်ကြမယ်
      ဆိုတာ မသိနိုင်တော့ဘူးလေ။ ရှိနိုင်အန်းက လိုကွမ်းကျုံးရဲ့ ဆရာ ဖြစ်မယ်လို့
      လည်း ဆိုထားတာရှိတယ်။ ကျွန်တော် သိုင်းပြောင်းပြန်လည်း မသင်ဖူးပါဘူးဗျာ။
      စာပြောင်းပြန်တော့ မပြောတတ်ဘူး။ ဘာသာပြန်တာတော့ ပရိုမဟုတ်တဲ့အတွက်
      အမှားကင်းမဟုတ်ဘူး။ နို့ပေမဲ့ လုံးလုံးကြီး ချော်ထွက်မသွားအောင်တော့ ကျွန်တော်
      အားထုတ်ပါတယ်။
      ” A man should not marry after thirty years of age; should not enter the
      government service after the age of forty; should not have any more children
      after the age of fifty; and should not travel after the age of sixty. This is
      because the proper time for those things has passed.” ဒီလိုရေးထားတာပဲ။
      ရှိနိုင်အန်းမှားသလား၊ အင်္ဂလိလိုပြန်တဲ့ J.H. Jackson ကြီးမှားသလား ပြောတတ်ဘူး။

  • မောင်ဘလိူင်

    January 22, 2014 at 2:09 pm

    ဒီစာအုပ်က ရှိနိုင်အန်း ရဲ့ ရွှယ်ဟူကျွမ်း ကို ဘာသာပြန်တယ်။ တစ်ချို့လည်း သုံးပြည်ထောင်
    ဇာတ်လမ်းကို ရေးတဲ့လိုကွမ်ကျုံး တည်းဖြတ်ပြင်ဆင်တယ်လို့ ဆိုတယ်။ မူကွဲကလည်း အမျိုးမျိုး
    ဖြစ်နေတယ်။ ဒါကို အင်္ဂလိပ်လို ပြန်တဲ့သူကလည်း အဖုံဖုံ ဖြစ်နေတယ်။ အခု လက်ထဲမယ်တော့
    အပိုင်း ၇ဝ ပါတဲ့ မူနဲ့ အပိုင်း ၁၀ဝ ပါတဲ့မူ နှစ်မျိုး ရထားတယ်။ တရုတ်နာမည်တွေ ကလည်း
    အထွေထွေ ဆိုတော့ ပင်းယင်(တရုတ်အသံကို လက်တင်နဲ့ဖလှယ်တာ) နဲ့ ညှိကြည့်တယ်။
    စုံမင်းဆက် သမိုင်း နည်းနည်းလေ့လာ ကြည့်မယ်။ ကိုယ့်ဘာသာဖတ်ရင်းနဲ့ နာမည်တွေ
    လည်ကုန်တယ်။ မူနှစ်ခုမှာ ရန်ကျုံး လို့ ရေးတာရေး ရင်စုံ လို့ရေးတာရေး။ အရင်က ကိုဇေယံ
    ဆိုတာ ပြန်ဖူးတယ်။ မပြီးသေးခင် သူထည့်တဲ့ မဂ္ဂဇင်းရပ်သွားတော့ နောက် ဘယ်လိုလုပ်သလဲ
    မဆိုတတ်ဘူး။စာမျက်နှာ တစ်ထောင်ကျော် ဆိုတော့ ဒီလိုပဲ နည်းနည်းစီ ညီညွှတ်အောင် ညှိပြီး
    ဘာသာပြန်ကြည့်မယ်စိတ်ကူးတယ်။

    • kai

      January 22, 2014 at 2:17 pm

      ကာလားပြီး စီလုပ်…
      အောင်မလေးဗျ… ခြေလှမ်းကျယ်ချက်.. တော်ချက်…။
      ဒီတအုပ်ဘာသာပြန်ပြီးရင်တော့.. ကိုရင်ဘလှိုင်ကို.. ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးရမယ်..။ :mrgreen:

  • nozomi

    January 22, 2014 at 5:13 pm

    ပထမ တပိုဒ် နဲ့ ဆက်ဖတ်ဖို့ ဆုံးဖြတ်ဖြစ်သွားတယ်
    ဘာသာပြန် ဖတ်နေရတယ်လို့ကို မထင်ဘူး

  • Mr. MarGa

    January 22, 2014 at 5:18 pm

    တလေးတစား စောင့်ဖတ်ပါမယ်ဗျို့
    ဒီတစ်ခါတော့ အပိုင်းတွေ မလွတ်အောင်ဖတ်မယ်ဗျာ
    သဂျီးက ဘာသာပြန်ပြီမှပေးမှာ ကျနော်က ခုကတည်းက ဂုဏ်ထူးဆောင်ဘွဲ့ ပေးတယ်ဗျို့…………..

Leave a Reply