ဝန်ကြီးချုပ် ကျောက်ကျီနဲ့ သူ့လက်ထောက် ဝမ်ယန်ပို က ရှေ့ထွက်လာတဲ့ပြီး ကျောက်ကျီက – “ကူးစက်ရောဂါဆိုးကြီးက လျော့ပါးသွားသည် မရှိ တိုးလို့သာ ဆိုးလာပါသဖြင့် လူသူအများ သေဆုံးနေကြ ပါသည် အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့အနေဖြင့် အရှင်မင်းကြီးသည် နတ်ဒေဝတာများကို တောင်းပန် ပူ ဇော်စေချင်ပါသည်။ ရာဇဝတ်သားများကိုလည်း အပြစ်ပေါ့လျော့ပေးစေ လိုပါသည်။ အခွန်များကိုလည်း လျော့ချပေးစေ လိုပါသည်။ မိုးကောင်းကင်အား တိုင်တည်၍ လူအများ ဤကပ်ဆိုးကြီးမှ ချမ်းသာရာရ စေကြောင်း ဆုတောင်းစေလိုပါသည်။” ဒီလို လျှောက်တော့ ဧကရာဇ်ကလည်း ချက်ချင်းပဲ ဟန်လင်း အကယ်ဒမီက စာရေးတော် ပညာရှိတွေကို အမိန့်ပြန်တမ်း ရေးစေသတဲ့။ ပြစ်ဒဏ်တွေ လျော့ဖို့၊ အခွန်တွေ လျော့ဖို့၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်း တွေမှာ ရောဂါဆိုးကြီးက လွတ်ဖို့ […]


တန် မင်းဆက် ကုန်ခါနီးက စလို့ မင်း ငါးဆက်အတွင်းမှာ ပြည်တွင်းစစ်တွေ မနားတမ်းကို ဖြစ်နေခဲ့တာ။ ကနေ့မနက် စစ်သူကြီးတစ်ယောက် အထွတ်အထိပ်ရောက်တယ်။ ကနေ့ ညနေပဲ နောက်စစ်သူကြီး တစ်ယောက် အာဏာသိမ်းလိုက်တယ်။ စစ်သူကြီးတွေ တစ် ယောက်ပြီး တစ်ယောက်။ စစ်သူကြီး ချူ ချွမ်ချွင်၊ လိစွမ်းစူ၊ ရှိချင်းတန်၊ လျိုချင်ယွမ်၊ ကွော်ဝေ တို့ အသီးသီးက မင်းငါးဆက်ဖြစ်တဲ့ လျောင်၊ တန်၊ စင်၊ ဟန်၊ ချို တို့ရဲ့ နောက်ကွယ်မှာ ရှိခဲ့ ကြတာပေါ့။ ဆယ့်ငါးနှစ်အတွင်းမှာ ဧကရာဇ် ဆယ့်ငါးပါး စိုးစံခဲ့ကြတာ။ ဟိုမင်းတက် ဒီမင်း ဆင်း နဲ့ ဖြစ်လာလိုက်တာ နောက်ဆုံး ကျောက်ကွမ်းရင် က စုံမင်းဆက်ကို ထူထောင်တဲ့ တိုင်အောင်ပဲ။ […]


  ယောကျာ်းတစ်ယောက်ဟာ အသက်သုံးဆယ်ကျော်ရင် အိမ်ထောင်မပြုသင့်ဘူး။ အသက်လေးဆယ်ကျော်မှ အစိုးရအမှုထမ်း ဝင်မလုပ်သင့်တော့ဘူး။ ငါးဆယ်ကျော်ရင် နောက်ထပ်ကလေး မယူသင့်တော့ဘူး။အသက်ခြောက်ဆယ်ကျော်ကာမှ ခရီးဝေးသွားလို့ မတော်တော့ဘူးတဲ့။ ဘာလို့လဲဆိုတော့ အချိန်ကောင်းက လွန်ခဲ့ပြီ။ အရုဏ်တက်မှာ ကိုယ့်မြို့ရပ်ရွာကို ကြည့်တော့ တောက်ပလတ်ဆတ်လို့။ နောက်တော့ လျှော်ဟဲ့၊ ဖွပ်ဟဲ့၊ စားဟဲ့ သောက်ဟဲ့ နဲ့ သိပ်မကြာဘူး၊ နေ့လည်ရောက်ကရော။ ဪ အချိန်ကုန်တာ မြန်လှ ချည့်လို့ သတိပြုမိတာ။     တစ်ချို့များ သူများအသက် ဘယ်လောက် ဘာညာနဲ့ ပြောရတာများ ကျုပ်ဖြင့် သိပ်အံ့ဩ တယ်။ လူ့ဘဝသက်တမ်းဆိုတာဖြင့် အချိန်ကြာကြီးတစ်ခုရဲ့ အစိတ်အပိုင်းကလေးပါပဲ။ ကိုယ့်ရှေ့မယ် ကမာ္ဘကြီးတစ်ခုလုံး ရှိတာများ အင်းဆက်ပိုးမွှားလေးတွေအကြောင်း အရေး လုပ်ပြောနေတာ။ အချိန်ဆိုတာ တကယ်ပဲ နှစ်အပိုင်းအခြားနဲ့ တိုင်းတာလို့ […]