Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကဗျာချစ်သူများ၏ ကဗျာပြခန်း (၁၆)

ပြခန်း (၁၆) က ကျွန်မအလှည့်လို့ သဂျားက အသိပေးလာတော့ နည်းနည်းတောင် ရင်ခုန်သွားသေးတယ်။ ကျွန်မ မွေးရက်ကလည်း (၁၆) ဆိုတော့ (၁၆ = ၇) နဲ့ ပတ်သက်ရင် အစွဲလေးကလည်း နည်းနည်းရှိတာကိုး။ တစ်ဆက်တည်းမှာပဲ ကဗျာပြခန်းကိုတောင် နှမ်းဝင်မဖြူးဖြစ်တာ အတော်ကြာပေါ့လို့ တွေးမိသွားတယ်။

တကယ်တော့ ကဗျာပြခန်းနဲ့ပတ်သက်ရင် အစအဆုံးလုပ်ရတာ အလင်းဆက် နဲ့ သဂျားမင်း ပါ။ ကျွန်မကတော့ နှမ်းဖြူးရုံသက်သက်။ တစ်ခါတစ်လေတော့ သတ်ပုံတွေဘာတွေ ကြည့်ပေးပါတယ်။ ဒါတောင် သဂျားက သူအားရင် သူပဲ သတ်ပုံကြည့်တာ။ ပုံလုပ်ဖို့ကျတော့လည်း ဒီဇိုင်းအမြင်မရှိတဲ့ ကိုယ့်အကြောင်းကိုယ် သိတာနဲ့ ပထမပြခန်းပြီးကတည်းက မသိချင်ယောင်ဆောင်နေလိုက်တယ်။ သူတို့ကလည်း အကြောင်းသိပုံရပါတယ်။ ထပ်မခိုင်းကြတော့ဘူး။

ဒီလိုနဲ့ ကိုယ့်တင်ရမယ့်ပြခန်းဆို ပို့စ်လေးဘာလေး အသေအချာရေး၊ သူများပြခန်းတွေဆို နှမ်းဝင်ဖြူးနဲ့ နေလာလိုက်တာ လွန်ခဲ့တဲ့ (၂) လလောက်ကတော့ နှမ်းတောင် ဝင်မဖြူးနိုင်တဲ့ အခြေအနေဖြစ်သွားတယ်။ “မတ်လ ဒုတိယပတ်လောက်အထိ ငါဘာမှ မလုပ်နိုင်သေးဘူးဟယ်” လို့ သနားစရာလေး ပြောထားလိုက်တော့ သူတို့လည်း ဘာမှကို လာမခိုင်းတော့ဘူး။ လာခိုင်းမိရင်လည်း ခိုင်းရမှာကနည်းနည်း၊ ပြန်ငြီးပြခံရမှာက များများဆိုတော့ နားပူတာထက် ကျောပူတာက တော်သေးတယ်လို့ပဲ ဖြေတွေးကြပုံရတယ်။ ဒါပေမယ့် ကိုယ့်စကားနဲ့ကိုယ်က ရှိထားတော့ မတ်လဒုတိယပတ်လည်းကျော်ရော အားနာပါနာနဲ့ မေးရသေးတယ်။ “ငါ့အလှည့်မရောက်တာ အတော်ကြာနေသလိုပဲနော်” ဆိုတော့မှ “ဒီတစ်ခေါက်ပြခန်းက အမွန့်အလှည့်” တဲ့။

ကံကောင်းစွာနဲ့ပဲ ပြခန်း (၁၆) က ထူးထူးခြားခြားလေး ဖြစ်နေတယ်။ ကျွန်မတို့ရွာထဲမှာ စွယ်စုံရ အနုပညာရှင်တွေလည်း အတော်များကြပါတယ်။ အဲဒီထဲကမှ ရွာသားဟောင်းကြီးလည်းဖြစ်၊ ရွာလူကြီးလည်းဖြစ်၊ စာရေးတာလည်း အရမ်းကောင်း၊ ဓာတ်ပုံရိုက်လည်း အရမ်းတော်၊ သဂျီးရဲ့ အကယ်ဒမီကိုလည်း (၂) ထပ်ကွမ်းရတာတဲ့သူ.. (ဒီလောက်ဆို သိကြပြီထင်တယ်နော်).. အဲဒီသူဆီကနေ ဟိုနှစ်ယောက်က ဘယ်လိုမျိုး ဓားပြတိုက်တစ်မျိုး၊ ငိုပြပြီးတစ်ဖုံ တောင်းလိုက်ကြလဲ မသိဘူး၊ ကဗျာ (၁၄) ပုဒ် ရလာတယ်တဲ့။

အဲဒါကြောင့် ထူးထူးခြားခြားလေးဖြစ်သွားအောင် အဲဒီ ကဗျာ (၁၄) ပုဒ်ရယ်၊ ကဗျာပြခန်းကို အမြဲအားပေးပြီး ကဗျာတွေပို့ပေးနေတဲ့ ရွာဆေးဆရာ၊ ပရိုမိုးရှင်းပိုင်ရှင် လေးခရဲ့ မတ်လကဗျာလေးရယ်နဲ့ ကဗျာပြခန်း (၁၆) ကို ဖွင့်လှစ်လိုက်ပါတယ်။ ဘာတွေထူးခြားသလဲဆိုတာကိုတော့ ပြခန်းထဲက ကဗျာတွေကို ဝင်ရောက်ခံစားရင်း အားပေးကြပါဦးလို့… ။

ချစ်တဲ့

လုံမလေးမွန်မွန်

 

မတ်လ ကဗျာလေးနဲ့ စလိုက်ပါတယ်

 

ဒါကတော့ လေးပေါက်ရဲ့ ကဗျာတွေပေါ့။ နောက်ခံပုံတွေကိုလည်း လေးပေါက်ကပဲ ကူညီပေးပါတယ်။

 

ကျွန်တော်လွမ်းသည်

ဒီ က ဗျာ လေး က တော့ ကျ နော် ရေး ခဲ့ သမျှ ထဲ မှာ ကျ ေ နာ အ နှစ်သက်ဆုံး။
စာ လုံး တစ် လုံး ခြင်း စီ ရဲ့ ချိတ် ဆက် မူ့ နဲ့ ခံစား မူ့  တစ် ထပ် ထဲ  ကျ သော  ကဗျာ တစ် ပုဒ် ဖြစ် ပါ တယ်။
မိုး ဖွဲ ဖွဲ လေး ကျ နေ တဲ့ နံ နက် ခင်း လေး မှာ တောင်သမန် အင်း ကို ရောက် ပြီး နောက် နှစ် ရက် မြောက် တဲ့ နေ မှာ ကျ နော်  ရင် ထဲ ကို ခုန် ဆင်း လာ ခဲ့ တဲ့ ကဗျာေ လး ဖြစ် ပါ တယ်။

 

 

အထင်ကရ ၈၄ ခုမြောက် လမ်းမပေါ်က ဝိဉာဉ်

တစ် ရက် ကျ  နော် အ လုပ် က အ ပြန ်လမ်း မှာ ဆိုင် ကယ် ဘီး ပေါက် ပါ တယ်။ ည က လဲ ကိုး နာ  ရီ ကျော် နေ ပါ ပြီ။  ဆိုင် ကယ် ဘီး ဖာ တဲ့ ဆိုင် က လေ  အ ဝေး ကြီး ။ တွန်း လဲ မ တွန်း ချင် တော့ ပါဘူး။ အဲ ဒါ နဲ့ ၃၂ လမ်းက မိတ ်ဆွေ တစ် ယောက် အိမ် မှာ ဆိုင် ကယ် ထား။ ကျ နော် နေ တဲ့ ကန် တော် ကြီး တိုက် ခန်း ကို လမ်း လျောက် ပြီး ပြန် လာ ခဲ့ ပါတယ်။ ၈၄ လမ်း မ ကြီး အတိုင်း ပေါ့။

အဲလ ို သွား ရင် း နဲ့ ၈၄ လမ်း မ အ စ ဖြစ် တဲ့ ၂၂စီ လမ်း မ  က သူ ငယ် ချင်းတစ် ယောက်ကိုသွား သတိရ လိုက်မိ ပါ တယ်။ အ ဲ လို စဉ်း စား မိ တော့ ကျ နော် ငယ် ငယ် တုန်း က( မန်းလေး မြို ့ ကြီး မီး မ လောင် ခင်) ၈ လေး လုံး မတိုင်ခင်က ရှိ ခဲ့ တဲ့ မန်း လေး မြို့ ကြီး က  နာ မယ် ကြီး မြို့မျက် နှာ ဖုံး တွေ ရဲ့ အိမ ်တွေ ဆိုင် တွေ သ တိ ရ မိ တော့ ဒီ ကဗျာဖြစ်လာပါတယ်။

 

 

ချက်တင်ချစ်သူ နှင့် ချက်တင်ချစ်သူအတွက် အမျက်ဖြေ

2010 ခု နှစ် က ရေး ခဲ့ ပြီး   အင် တာ နက် ပေါ် မှာ ပ ထ မ ဆုံး တင် ခဲ့ သော ကဗျာ ဖြစ ်ပါ တယ်။ ထာ ဝ ရ သူ ငယ် ချင်း များ ဆိုဒ် မှာ ကော် မင်း အများ ကြီး ရ    ပြီး အ ပြန် အ လှန် ဆွေး နွေး ခဲ့ တဲ့ပိုစ် လဲ ဖြစ် ပါတယ်။ ဒီ က ဗျာ ရှဲု့ ရိုက် ခတ် မူ့ အားလုံးက ဝိုင်း ဝန်း အားေ ပး မူ့ ကြောင့် ဒု တိ  အ ပိုင်း အ နေ နဲ့ အောက် က ကဗျာ လေး ကို ဆက် တိုက်ေ ရ း ခဲ့ မိ ပါ တယ်။ ကျ နော် စာ ရေး သက် မှာ အ စော ဆုံး ရေး ခဲ့ တဲ့ ကဗျာ နှစ် ပုဒ် ပါ။

 

 

ကျွန်မအပျိုကြီးဖြစ်ရသော အကြောင်းရင်း နှင့် လူပျိုကြီးဖြစ်ရတဲ့အကြောင်း

၂၀၁ဝ ခု နှစ် ထဲ မှာ  ပါ ဘဲ  မိန်း ကလေး များ လို ချင်ေ သာ ခင် ပွန်း ဆို တဲ့ ဆောင်း ပါး လေး ကို ဖတ် မိ တော့ ခပ် နောက ်နောက် ရေး ချင် စိတ် ပေါက် လာ ပါ တယ်။ အဲ ဒါ နဲ့  ဒီ အပျို ကြီး ကဗျာ ကို ေ ရး လိုက် မိ ပါတယ်။ အဲ ဒီ က ဗျာ ကို  ရေး တွေ့ ဝိုင်း ပြီး ရန ်တွေ ့ ကြ တာ ပေါ့။ အဲ ဒါ နဲ့  လူ ပျို ကြိး က ဗျာ ကို ဆက် ရေး မိ ပါတယ်။ ကျ နော် ရေး သ မျှ ထဲ မှာ ဟာ သ ဆန် ဆန် ရေး ဘူး တဲ့ ကဗျာ လေး ပါ ဘဲ။

 

 

ကစ်ပလင်မမြင်ဖူးခဲ့တဲ့မန္တလေးလမ်း

မိုက်ကယ်ရူးမေကာ အလွန် မန်းတလေး အဲကွန်းဘက်စ်ဒရိုက်ဘာများ
Posted by windtalker on May 30, 2011
ကို မန္တလေး ဂေဇက်မှာဖတ်မိတဲ့အခါ ဒီကဗျာလေးရလာပါတယ်။
အဲဒီ တုံး က နောင် မှာ မောင် ပေ လို့ ရွာ ထဲ မှာ နာ မယ် ကျော် ဖြစ် လာ မယ့်  windtalker က မန်း လေး သား မှန်း လဲ မ သိ မြင် လဲ မ မြင် ဘူး သေး ပါ။
သူ ရေး တဲ့ ပိုစ် ဖတ် ပြိး ဒီ ကဗျာေ လးကို ရ လာ ပါတယ်။

 

 

အချစ်နဲ့လိင်

ကျ နော် တို့ ကျောင်း သား ဘ ဝ အ ရွယ် က လိင် ကိစ္စ နဲ့ ပါတ ်သက် ပြီး ပြော ရင် ညစ်ညမ်း တယ် လို့ သတ် မှတ် ကြ ပါ တယ်။ လူ ရှေ့ သူ ရှေ့ မပြော ရဲ မ ဆွေး နွေ း ရ ဲ ကြ ပါဘူး။ ကျ နော် ဆ ရာ တစ် ယောက် က တော့  ဆစ်ဂ မန် ဖ ရိုက်ဆို တဲ့  အ တွေး ပညာ ရှင် ရဲ့ အ ယူ  အဆ ကို သိပ် သ ဘော ကျ ပါတယ်။ သူ က ကျ နော် တို့ ကို ပြော ပြ ပါတယ်။ တစ် ရက် တော့ အရှုံးသမား ရဲ့ အိုဘယ့်မိန်းမသား ပိုစ် ကို ဖတ် လိုက် မိ တာ နဲ့  ဖရိုက် သီ အို ရီ ကို တွေး မိ ပြီး  ဒီ က ဗျာေ လး ဖြစ် လာ ခဲ့ ပါတယ်။

 

 

ငါးဒုက္ခ နဲ့ ငါ့ဒုက္ခ

 တစ် ရက် မှာ တော့ မိ တ် ဆွေ တစ်ေ ယာက် ခေါ် သွား တာ နဲ့ ဘီ ယာ ဆိုင် ကို ပါ သွား ပါတယ်။ မ သိ တဲ့ လူ တွေ စ တွေ့ စက တော့ ခပ် စိမ်း စိမ်း လေး ပေါ့။ သိပ် မကြ ခင် မှာဘ ဲ မြန် မာ အစွမ်း နဲ့  တစ် ယောက် နဲ့ တစ် ယောက် ရင်း နှီးသွား ကြပါ တယ်။ အဲ တော့ သူ့  အတွေ့ အ ကြုံ  တွေ ပြော ကြ တာ ပေါ့။ ခ ဏ နေ တော့ မှာထား တဲ့ ငါး ဒုက္ခ ဆို တဲ့ နာ မယ် ဆန်း ဆန်း နဲ့ ငါးကင် လေး လာ ချပါ တယ်။ ကျ နော် တို့  တစ် တွေ လဲ ပိုရင်း နှီး လာ ေ တာ့ လုပ်ငန်း ခွင် ထဲ မှာ အ ကျပ် ခံ ရ  အရစ် ခံ ရ တာ တွေ ရင် ဖွင့်  တာ နား ထောင် ရင်း ဒီ က ဗျာ လေး ရ လိုက် ပါ တယ်။

 

 

40 လေးဆယ် ၄၀

အသက် လေး ဆယ် ပြည့် သွား တဲ့ ကျ နေ ာ် ထက် ငယ် သော ကျ နော်သူ ငယ် ချင်းေ လး က  အ တော် စိတ် ကောက် တတ် ပါ တယ်။ အဲ တော့ ကျ နော် က သူ ကို စ တာ လို လို ဘာ လို လို နဲ့ ဒီ ကဗျာ ကို အ တည်ပေါက်ေ ရး ခဲ့ ပါ တယ်။

 

 

အခုတော့ ကျနော်နေတတ်ပြီ

ဒီ က ဗျာေ လးက တော့ ကျ နော် အင ်တာ နက်  သုံး ခါ စ က ခင် မင် ခဲ့ ရ ပါ သော ညီ လေး တစ် ယောက် ရှိ ပါ တယ်။ သူ နဲ့ ကျ နော် က ည တိုင်း အင်တာ နက် ဆိုင် မှာ အမြဲဆုံပါတယ်။ တစ် ရက် သူ နဲ့ ကျေ နာ် မ ထင် မှတ် ဘဲလက် ဖက် ရည် ဆို်င် မှာ ဆုံကြ တဲ့ အ ခါ သူက သူ့ ဇာတ် လမ်း လေး ကို ပြော ပြ တော့ ဒီ ကဗျာ လေး ဖြစ် လာပါတယ်။  အ ကြောင်း မ သိ သူ များ က တော့ ကို ပေါက် မှတ် ပြီး ဝိုင်း နှစ် သိမ့် ကြ ပါ တယ်။ ကျ နော် ရေး တဲ့ အ ထဲ မှာ ကျ နော် နှစ် သက်တဲ့ ကဗျာ တစ် ပုဒ် လဲ ဖြစ် ပါ တယ်။

 

 

အတိတ်ကို အလည်ပြန်သွားခဲ့တဲ့ည

ဒီ က ဗျာ လေး က တော့ ကျ နော် ဇာ တိ မြေ က နေ အ ဝေး ကို ရောက် နေ ချိန် ပြူ တင်း ပေါက် က နေ  လ ရောင် လေ း မစို့ မပို့  ဖြာ ကျ တာ ကို မြင် လိုက် တော့ ဒီ ကဗျာေ လး ဖြစ် လာ တာ ပါ။ ကိုယ် တွေ့ လား လို ့ တော့ မမေးရ။ သတင်း မှောင် ချ ထား သည်။

 

 

သံစဉ်မဲ့လရိပ်ည

 ဒီ က ဗျာေ လး က တော့ တစ် ခု သော လပြည့် ည တစ် ည မှာ မန်း လေး ကန် တော် ကြီး ရေပြင် ပေါ်က ကော် ဖီ ဆိုင် မှာ ထိုင်ရင်း ရုတ် တစ် ရက် ကောက် ရေးလ ိုက် တဲ့ ကဗျာ လေးပါ။

 

 

မိုးသည်းတဲ့နေ့ကစိန်ပန်းပင်အောက်မှာ (၁)

 

မိုးသည်းတဲ့နေ့ကစိန်ပန်းပင်အောက်မှာ (၂)

 ကျ နော် က မ နက် မနက် ဆို လမ်း လျောက် ထွက် လေ့ ရှိ ပါ တယ်။ တစ် ရက် မ ထင် မှတ် ဘဲ မိုး ရွာ ချ ပါ တယ်။ အ ဲ တော့ နီး တဲ့ အပင် အောက် ဝင် ခို လိုက် ပါ တယ်။ အဲ ဒီ အပင် က တော့ စိန် ပန်း ပင်ဖြစ် နေ ပါ တယ်။ ဒီ တော့ မိုး ခို နေ ရင်းဒီ က ဗျာေ လး ကို ရ လိုက် ပါ တယ်။

 

 

ကျနော့်ရင်ထဲကို..ရောက်မလာဘူး

ဒီ က ဗျာ က တော့ ကျ နော် ရင် ထဲ ကို ရောက် လာ တဲ့ မကျေ နပ် မူ ့ တွေ က နေ  ဖြစ် တည် လာ ခဲ့ တဲ့ က ဗျာ လေး ဖြစ် ပါ တယ်။ မာန သံ ဒေ ါသ သံ တွေ စွက် နေတဲ့ မ ချို မြိန် သော ကဗျာ တစ် ပုဒ် ဖြစ် ပါ တယ်။

 

 

၅၅ အလွန်

https://myanmargazette.net/179800
ဒီ ကဗျာ ကေ တာ့ ကျေ နာ် အ သက် 55နှစ် ပြည့် ချိန် မှာ ကိုယ့်ကို ကိုယ် မှန် ကြည့်ရင်း ရေး ဖြစ် ခဲ့ တဲ့ ကဗျာ လေး ပါ။

 

 

 

 

 

 

 

 

 

39 comments

  • Mr. MarGa

    March 17, 2014 at 8:34 am

    ဆယ့်ခြောက်ကြိမ်မြောက် ပြခန်းကတော့ အောင်မြင်စွာ တင်နိုင်ပါပေါ့
    ကွကိုယ် ဂုဏ်ပြုလိုက်ဦးမယ် ဗရာဗို..ဗရာဗို…ဗရာဗို… :mrgreenn:
    အစဖော်တဲ့ ဒညင်းဝက်
    ကဗျာတွေတင်မက ဖြစ်ပေါ်ပုံလေးတွေပါ ပို့ပေးပြီးတော့ ပုံတွေပါဖြည့်ပေးတဲ့ လေးပေါက်
    ရာသီဖွဲ့တွေကို ပုံစံအသစ်နဲ့ ဖွဲ့ပေးနေတဲ့ လေးခ
    ပြခန်းတင်တဲ့ အမွန်
    ပြီးတော့ ဘေးကနေ ဝိုင်းပေးတဲ့ ကဗျာချစ်သူတွေ အားလုံးကို

    ကျေးကျေး အကြီးကြီး တင်ပါ၏။
    ဒီပြခန်းမှာ
    လေးပေါက် ရဲ့ ကဗျာတောထဲ စီးမျောရင်းးးး ကဗျာတွေအကြောင်း ကျွက်ကျွက်ညံအေင် ဆွေးနွေးစေချင်ပါကြောင်းးးးးးးး

  • ဘရန်းဒက် ကေဇီ

    March 17, 2014 at 8:38 am

    ဘဲ အထီး ဂွတ်။

    ဓာတ်ပုံရော ကဗျာရော ပြခန်းတစ်ခန်းစာ ပေးနိုင်တာ နည်း တဲ့ အနုပညာမဟုတ်။
    လေးစား အားကျပါတယ်။

    🙂

  • alinsett (gazette)

    March 17, 2014 at 10:12 am

    မန်းလေးကို အလည်သွားတုန်းက သဂျားရယ် လေးပေါက်ရယ်နဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း
    ကဗျာပြခန်းအတွက် ကဗျာနည်းနေတဲ့အရေးကို တွေးလိုက်တာ
    လေးပေါက်က ရှေ ့မှာ . . . ထိုင်နေတော့ အကြံတစ်ခု ရသွားတယ်လေ

    ပြခန်းးးး
    လက်ရာစုံလည်း ပြလို့ရတာပဲ
    တစ်ကိုယ်တော်လည်း ပြလို့ရတာပဲလို ့. . .

    ဒါနဲ့ပဲ
    ကဗျာ လက်ရာစုံပြဖို့ရာ ကဗျာ ပို့လာတာနည်းတဲ့ လတွေမှာ
    တစ်ကိုယ်တော်ပြခန်းလေး လုပ်ရအောင်လို့ သဂျားနဲ့ တစ်ထိုင်တည်းတိုင်ပင်
    တလက်စတည်း လေးပေါက်ကို ကဗျာတွေတောင်းးး

    လေးပေါက်က ကဗျာတွေ အပြင် ပုံလေးတွေနဲ့ပါ တွဲလို့ရတယ်ဆိုတော့ ပိုအဆင်ပြေသွားတာပေါ့ ။

    ထူးထူးခြားခြားလေး ဖြစ်သွားတာပါပဲ။

    ———–

    လစဉ် ကဗျာတွေ ပေးပို့ကူညီနေတဲ့ လေးခ ကိုလည်း ကျေးဇူးတင်ပါတယ် ။

    ———–

    ဒီပြခန်း ၁၆ ကတော့
    ကျနော် နှမ်းတောင် ဝင်မဖြူးနိုင်တဲ့ပြခန်းပါ။
    ကဗျာချစ်သူ လူငယ်တွေ အသီးသီး လုပ်ကြကိုင်ကြဖန်တီနေကြတာကို
    ဘေးက ထိုင်ကြည့်နေရုံသာပါပဲ ။

    အခုလို ခမ်းခမ်းနားနား တင်ပြနိုင်တာတွေ ့လိုက်ရတော့
    တကယ် ကြည်နူးမိပါတယ် ။

    အော် ဘာလိုလိုနဲ့
    ကျနော်ချစ်သော ကဗျာပြခန်းလေး သက်တမ်း
    တစ်နှစ်တောင် ပတ်လည်တော့မှာပါလား . . .

  • မဟာရာဇာ အံစာတုံး

    March 17, 2014 at 12:19 pm

    အိုး …. !!!!!
    ကဗျာပြခန်းလေးက လှလှချေလားကွယ် …
    အေးလေ .. ပို့စ်ရှင်လေးက လှတာကိုးးး

    အားပေးသွားပါတယ်ကွယ် ….
    ပို့စ်ရှင်လေးကိုတော့ဖြင့်
    ဝစ်စနှစ်လုံးပေါက် ဖြုတ်၊ ဘကုံး ရေးချကို ဝစ်စနှစ်လုံးပေါက်လေး ထည့်သွားပါတယ်ကွယ် …

  • kyeemite

    March 17, 2014 at 3:06 pm

    ရေးနိုင်လွန်သူကြီးပါတကား…လို့လက်ဖျားခါသွားတယ်ဗျာ…တကယ်ချီးကျူးမိပါတယ်…
    ဖြေးဖြေးဖတ်မှဖြေးဖြေးခံစားတတ်မှာမို့ …ဖြေးဖြေးလေးပဲဖတ်ပါမယ်…

    • Mr. MarGa

      March 19, 2014 at 3:50 pm

      တစ်ရက်တစ်ပုဒ်နှုန်းလား ဦးမိုက် 🙂

  • ကိုယ့် က ဗျာ ကိုယ့် စာ ကို ဒီ လို မြင် လိုက် ရ တော့

    ကျေ နပ် ခြင်း ပီ တိ က ရင် မှာ တိုး ဝှေ့ လို့ လာ လိုက် တာ

    မှန် ထဲ များ ပြန ်ကြည့် ရင်း

    ပြုံး ပြုံး ကြိး ဖြစ် နေ မယ် ထင် ပါတယ်။

    • Mr. MarGa

      March 19, 2014 at 3:51 pm

      မိန့်မိန့်ကြီး ပြုံးနေမယ့် ပီတိပြုံးကို မြင်ယောင်နေသလိုလို…..

  • TNA

    March 18, 2014 at 8:00 pm

    ဒီတခေါက်ထူးဆန်းလိုက်တဲ့ ကဗျာပြခန်း။ အမွန်ရေးနေတုန်းက သိပ်သဘောမပေါက်ဖူး။ နောက်အောက်က ကဗျာတွေဖတ်တော့မှ ဟိုက်ရှားဘားအော်မိတဲ့အထိ အံ့ဩသွားတယ်။ ကဗျာပြခန်းတခုလုံးဖန်တီးနိုင်တဲ့ အနုပညာကိုတော့ မလေးစားပဲမနေနိုင်အောင်ဖြစ်မိတယ် လေးပေါက်ရေ။ စွယ်စုံမင်းသားကြီး မို့ လေးစားအားကျမိပါတယ်။

    • မွ သဲ ရေ

      ကဗျာ တွေက 2010 2011 2012 2013 လေး နစ် စာ ထဲ က ရွေး ထား တာ ပါ

      က ဗျာ အရေး ကျဲ ပါ တယ် အ ပုဒ် သုံး ဆယ် ကျော် ဘဲ ရေ း ထား တာ ပါ

    • Mr. MarGa

      March 19, 2014 at 3:52 pm

      ကဗျာချစ်သူတွေရဲ့ အကြံအဖန်ထဲက တစ်ခုလို့ ဆိုရင် ရလေများ…. :mrgreenn:

  • snow smile

    March 18, 2014 at 8:15 pm

    တော် ချက်
    က ဗျာ ဆ ရာ
    စာ ရေး ဆ ရာ
    ဓာတ် ပုံ ဆ ရာ
    ကျွန် မ မှာ တော့
    ဆိုက် ကား ဆ ရာ
    : ))))))))))))))))

  • snow smile

    March 18, 2014 at 8:22 pm

    ”ကျွန် တော် လွမ်း သည် ”
    က ဗျာ ဖတ် ပြီး
    ”ကျွန် မ လွမ်း သည်”
    ဖြစ် သွား ပါ ကြောင်း။
    ကျွန် မ က လဲ
    ခိုင် ထူူး သီ ချင်း တွေ ဆို
    အ ရမ်း ကြိုက် လှ သ ကို။

  • Ma Ma

    March 18, 2014 at 8:34 pm

    ကဗျာပြခန်းဘက်မရောက်တာ ကြာလို့ ဝင်ကြည့်မိပါတယ်….
    တစ်ကိုယ်တော်ပြခန်းဆိုတော့ အားး ဘားးး ဘားးးးးး 🙂 🙂 🙂

    • Mr. MarGa

      March 19, 2014 at 3:54 pm

      အန်တီမမနဲ့ဆို အားးး ဘားး ဘားး အော်တာ နှစ်ယောက်ရှိပြီ :mrgreen:

  • အ လင်း ဆက် မန်းေ လး ရောက် တော့ သ ကြား က လာ တွေ့ တယ်
    ကို ခင် ခ လဲ လာ တယ်
    သကြား က က ဗျာ မပြည့် ဘူး ပြော တယ်
    နောက် ဓါတ် ပုံ တောင်း တယ်
    အဲ တော့ ထူး ခြား အောက် တစ်ကိုယ် တော့် လုပ် ပါလား ပြော ပြီး

    စီ စဉ် လိုက် ကြ တာ ပါ

    အ ဲ တော့ ထူး ခြား သွား တယ် ပေါ့

    နောက် လ တွေ လဲ တစ်ကိုယ် တော်ေ တွ လာ ကြ မှာပါ

  • snow smile

    March 18, 2014 at 10:06 pm

    အ တိတ် ကို အ လည် ပြန် သွား ခဲ့ တဲ့ ည
    က ဗျာ နဲ့ ဓာတ် ပုံ ကြား
    နဲ နဲ များ ဟ နေ သလို လို

    • Mr. MarGa

      March 19, 2014 at 3:49 pm

      ဟမ် လေးပေါက်ရေ ဘယ်ပုံလဲဗျ။

  • Mr. MarGa

    March 22, 2014 at 6:15 pm

    အချိန်လေးနည်းနည်းအားနေတုန်း ကဗျာတောထဲပြန်ဝင်လိုက်ပါဦးမယ်
    ဆိုတော့
    လေးပေါက် ကဗျာတွေထဲက ကဗျာတစ်ပုဒ်လောက် ရွေးပြီး ပြောရရင်
    သံစဉ်မဲ့ လရိပ်ည ကို ရွေးပြောချင်တယ်
    ဟီးး ဘာမှမဟုတ်ဘူးရယ် စာရိုက်နေရင်း အဲ့ကဗျာဖတ်ရင်း နေရင်းထိုင်ရင်း ကြိုက်လာလို့ :mrgreenn:
    ဖတ်ရင်းဖတ်ရင်းနဲ့
    မီးတွေမှိတ် သီချင်းသံတွေပိတ်ပြီး
    (မျက်စိမှိတ်ပြီး မအိပ်ချင်ပေမယ့်) အဲ့ဒီလသာသာမှာ တစ်ယောက်ထဲ ထိုင်နေချင်မိတာ

  • alinsett (gazette)

    March 22, 2014 at 7:10 pm

    ကျနော်ကတော့. . .
    ကျနော့်ရင်ထဲကို ရောက်မလာဘူးဆိုတဲ့ ကဗျာကို တော်တော်နှစ်သက်မိပါတယ် ။

    ကျနော် ရေးချင်သော
    ကျနော် ဖတ်ချင်သော ကဗျာရေးဟန်နဲ့ လွတ်လပ်ရှင်းလင်းသော စာသားအစီးအမျောတွေ ဖွဲ့သီထားလို့ပါ. . .
    အဲဒီလို အလွယ် ညွှန်လိုက်ပေမယ့်
    တကယ်က အင်မတန် ခမ်းနားတဲ့ကဗျာပါ။
    အပြောကျယ်တဲ့ သမုဒ္ဒရာတစ်စင်းလို နက်နက်ရှိုင်းရှိုင်း တည်ရှိနေတဲ့ကဗျာ
    ——
    ကဗျာထဲမှာ ဘဝဖြစ်တည်မှုတွေ ရှိနေတယ်. . .
    အယူအဆ အတွေးအခေါ်တွေ ရှိနေတယ်. . .
    စိတ်ခံစားမှုတွေလည်း ပြင်းပြင်းထန်ထန် ရှိနေတယ်. . .
    တရားသဘောတွေလည်း ပျံ့နှံ ့စီးမျောနေတယ်. . .
    ကဗျာတစ်ပုဒ်လုံးဟာ တသွင်သွင် စီးနေတဲ့ ရေလိုပဲ
    သက်ဝင်နေတယ်. . .
    ရေတောင်မှ စမ်းချောင်းဖြစ်သွားလိုက် . . .
    ပင်လယ်ဖြစ်သွားလိုက်. . .
    ရေတံခွန်ကြီးဖြစ်သွားလိုက်နဲ့. . .
    အင်မတန် ရင်သပ်ရှုမော မြင်ကြရမယ့် ရေအလျဉ်မျိုး. . . .
    ကဗျာ ဟာ. . . ကဗျာ ပီသရုံမက. . . .
    မဟာဆန်သော အလင်္ကာတစ်ပုဒ်လည်း ဖြစ်နေတယ်. . .
    ဘဝဖြစ်တည်မှုတွေနဲ့ လေးနက်သော အသိတစ်ခုကို ညွှန်းဆိုသော
    စာသားအစုအဝေးကြီးလည်း ဖြစ်တယ် ။
    ——–

    ကဗျာတွေထဲက တစ်ပုဒ်ကို စိတ်ထဲရှိသလိုလေး ပြောသွားတာပါနော်။
    အပြောမတတ်လို့ အမြင် အဆင်မပြေတာ ရှိရင်
    ခွင့်လွှတ်ပါ ရေးသူ ချစ်သော လေးပေါက်ရေ . . .

    ——

    ဒါနဲ့ တစ်ခု မသိလို့ သိချင်လို့

    ” လက်ညိုးလေး ထောက်ထောက်ပြီး . . .” လား. . .
    ” လက်ညိုးလေး ထောင်ထောင်ပြီး ” လားဟင် . .

  • snow smile

    March 23, 2014 at 8:18 am

    ”လက် ညိုး လေး ထောက် ထောက် ပြီး” ပါ အ လင်း ဆက် ရေ
    အ ကြွေး စာ ရင်း စာ ရွက် ပေါ ် လက် ညိုး လေး ထောက် ပြီး
    အ ကြွေး စု စု ပေါင်း ဘယ် လောက် ရှိ ပြီ
    များ နေ ပြီ မို ့ နောက် ထပ် အ ကြွေး မ ရောင်း တော့ ဘူး လို ့
    ပြော လိုက် တဲ့ အ ရက် ဆိုင် ပိုင် ရှင် ရဲ့
    ့ဟန် အ မူ အ ရာ ကို ဖွဲ့ နွဲ့ ထား တာ ပါ

    • alinsett (gazette)

      March 23, 2014 at 5:27 pm

      ဟုတ်။
      ကျေးဇူး။

      ကျနော်က အဲ့ဒီ ထောက်ထောက်ပြီးဆိုတဲ့အမူအယာကို မြင်ပြီး
      တစ်ခု ထပ်တွေးမိလို့ပါ။

      ပုံလုပ်ရင်း စာစီမှားသွားလို့ လက်ညို း ထောင်ထောင်ပြီး ကနေ ထောက်ထောက်ပြီး ဖြစ်သွားသလားလို့ပါ။

      🙂

  • မာ ဃ ရေ အ ခု ပေး လိုက် တဲ့ ကဗျာ တွေ က ကျ နော် ကိုယ် တို်င် နှစ် သက် တဲ့ ကဗျာ လေး ပါ
    အလင်း ဆက် ရေ ကျ နော် ရင် ထဲ ကို ရောက် မ လာ ဘူး ဆို တဲ့ ကဗျာ က တ ကယ် ကို စိတ် ထဲ မှာခ ံ စား လာ ရ တာကို ချ ရေး ထား တာ ပါ။
    စာ ရေး သူ တစ ်ယောက် က ယဉ် ကျေး စွာ အပြင်း ထန် ဆုံ့း တုန့် ပြန် တဲ့ ကဗျာ တစ်ပုဒ် လို ဆို နိုင်ပါတယ်

    ဝေ ဖန် တာ ကို ကျေး ဇူး ပါ.

  • surmi

    March 24, 2014 at 10:04 am

    အခုမှ မန့်ဖြစ်တယ်
    ဝင်ဖတ်နေတာတော့အကြိမ်ကြိမ်ပါ
    ကဗျာဆိုတာ ကလည်း တခါဖတ်ရုံနဲ့အရသာကမပြည့်စုံဆိုတော့
    ဒီတစ်လလုံး ဖတ်ဦးမယ်ကွယ်

  • snow smile

    March 25, 2014 at 6:50 pm

    ရောက် ပါ ပေါ့ မတ် လ ရာ သီ မှာ
    ‘ပန်တော်ဝင် ရွှေကြာအင်းငယ်
    ‘သင်း ပျံ ခဲ့ပြီ”
    အဲ့ဒါ ကို မ ရှင်းပါ
    ”ပန်းတော်ဝင် ရွှေအင်ကြင်းငယ်
    သင်းပျံ့ခဲ့ပြီ”
    များ လား
    ”နှစ် ဆယ့် ခွန်း ရက်”ဖြစ် နေ ပါ တယ်
    ဖြစ် နေ ပါ တယ်
    က်ို ခင် ခ ရေ
    ကျွန် တော် လွမ်း သည် က
    ခု တော့သူက ဟိုးးခုတော့သူကဟိုးးး
    ၂ ခါ ဖြစ် နေ တာက
    စာ ရိုက် မှား တာ လား
    တကယ် ၂ ခါ ဆင့် ထား တာ လား
    လေး ပေါက် ရေ
    ကျွန် မ တ ကယ် မ ရှင်း လို ့ ပါ
    အဲ့ဒီ က ဗျာ ၂ ပုဒ် က နေ အောက် မ ဆင်း နိုင် ဘူး
    ဖြစ် နေ တယ်

    • Mr. MarGa

      March 26, 2014 at 2:01 pm

      အန်တီစနိုးရေ
      “ပန်တော်ဝင် ရွှေကြာအင်းငယ်” ကိုတော့
      ကျနော်လဲ အဓိပ္ပာယ် မရှင်းတတ်ဘူးဗျ။
      လေးခကို မေးပြီး ပြန်ပြောပေးပါမယ်။
      “နှစ်ဆယ့် ခွန်းရက်” က
      စာရိုက်မှားတာဖြစ်မှာပါ။ ကျနော် ပုံလုပ်တော့ ပြန်မစစ်မိလိုက်တာပါဗျ။

      လေးပေါက်ရဲ့ ကဗျာကိုလဲ….
      လေးပေါက်ကိုပဲ သေချာအောင်ပြန်မေးထားပါတယ်ဗျ
      အဖြေရရင် ပြန်ပြောပေးပါမယ် လို့
      🙂

    • Mr. MarGa

      March 26, 2014 at 2:40 pm

      လေးပေါက်ရဲ့ ကဗျာက တကယ် နှစ်ခါဆင်းထားတာပါ
      တစ်ခုက အသံတို တစ်ခုက အသံရှည်ပါ။

  • (ခု တော့သူက ဟိုးးခုတော့သူကဟိုးးး) snow smile ရေ

    မမှား ပါ

    မူ ရင်း ရေး စဉ် က တည်း က

    ခုတော့ သူက ဟိုးးးးးးး ခု တော့ သူ က ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဆို ပြီး မြည် သံ စွဲ လင်္ကာ နဲ့ ပုံ စံ အ သစ် လို ရေး ထား တာပါ.
    ကြီး ကြီး ကျယ် ကျယ် ပြော ရ ရင် တော့ ဒီ က ဗျာေ လး က ဘ ဝ နဲ့ ရင်း ခဲ့ တဲ့ နှ လုံး သား အမှတ်တ ရ လေး ဆို တာ ပါ ဘဲ။

  • alinsett (gazette)

    March 26, 2014 at 3:58 pm

    ” ရောက်ပါပေါ့ မတ်လရာသီ ”

    ခါနွေကပြောင်း ရွက်ဝါကြွေညောင်း
    မိန်ရာသီ လတပေါင်း
    သရက်ဖူးတွေက အစီအရီ
    ပန်တော်ဝင် ရွှေကြာအင်းငယ်
    သင်းပျံခဲ့ပြီ။

    တောင်သူလယ်သမား ဦးကြီးများအတွက်
    ၂ ရက်မြတ်ကို ဂုဏ်ပြုသတ်မှတ်
    ထိုနေ့မှတ်ကွယ့်၊
    တပေါင်းပွဲတော် ဆင်နွဲပျော်စို့
    ကျင်းပရွှေတိဂုံ မြူးလို့ပျော်ခန်း။

    ဖက်ဆစ်ရယ်တဲ့ ရက်စက်အလီလီ
    မခံနိုင်တော့ တွန်းလှန်ကြမည်
    ရှည်ရှည်ဝေးဝေး မပြောလိုသည်
    အနီးဆုံးရန်သူကို တိုက်ကြဖို့အတည်
    စစ်ထွက်မိန့်ခွန်း မှာတမ်းချွေတာ
    ဒို့ ဗိုလ်ချုပ်အောင်ဆန်းပါ။

    တပ်မတော်သမိုင်း အစဉ်ထွန်းလာ
    တော်လှန်ရေးနေ့ဟု မှည့်ခဲ့အမည်မှာ
    ဒီမတ်လ၏ နှစ်ဆယ့်ခွန်းရက်မဟာ
    အခုခေါ်ဆို တပ်မတော်နေ့ပါ။

    ဥဩကယ်က လွမ်းတေးဖွဲ့ဆို
    ပတ်ဝန်းကျင်က ပျင်းခြောက်ခြောက်လို
    နေ့လည်နေ့ခင်း ပူလှနေအရှိန်
    ရောက်ပါပေါ့ မတ်လရာသီချိန်။

    ခင်ခ။

    —————-

    လေးခ ပေးထားတဲ့ ဖေ့ဘုတ် ချက်ဘောက် ထဲက မူရင်းလေး ယူလာပြတာပါ။

  • snow smile

    March 26, 2014 at 4:20 pm

    ဘယ် လို မှ မ ထင် ကြ ပါ နဲ့ နော်
    တ ကယ် မ သိ လို ့ မေး တာ ပါ

    • alinsett (gazette)

      March 26, 2014 at 5:55 pm

      အို မထင်ပါဘူးဗျာ
      ကျနော်တို့က အခုလို စိတ်ဝင်တစားနဲ့ဆွေးနွေးး မေးမြန်းလာတာကိုပဲ
      ဝမ်းသာလှပါပြီ။
      မရှင်းလင်းတာပဲဖြစ်ဖြစ် အကြံဉာဏ်ပေးတာပဲဖြစ်ဖြစ်
      စိတ်ဝင်တစား ဆွေးနွေးမေးမြန်း ပြောဆိုတာကို
      ကြိုဆိုပါတယ်ဗျာ. . .

      အခုလို စိတ်ပါလက်ပါ ကြည့်ရှုခံစားပြီး မေးလာ/ထောက်ပြလာမှ
      ကျနော်တို့ လစ်ဟင်းမှုတွေ လိုအပ်ချက်တွေကို အချိန်မီ ပြင်ဆင်နိုင်မှာပါ။

      —–
      ဖြစ်ပုံက ကျနော်တို့ အဖွဲ့လည်း အလုပ်ကိုယ်စီနဲ့ အချိန်လုပြီး
      တစ်လ ပြခန်းတစ်ခန်းတက်နိုင်ဖို့ကို လုံးပမ်းကြရတာ
      ပြခန်းလည်း အချိန်မှီ တင်ပြီးရော လူတွေလည်း မျော့မျော့ပဲ ကျန်ရော
      အဲဒီမှာ စာလုံးပေါင်းမှားရိုက်တာတို့ တခြားလွဲချော်မှုတို့ ရှိနိုင်ပါတယ်။

      ပြခန်းကြည့်ရှုခံစားသူတွေ က မြင်ပြီး ထောက်ပြပေးတော့မှ ပြင်နိုင်တော့တာဆိုတော့
      စေတနာနဲ့ ဆွေးနွေးမေးမြန်းတာတွေ အကြံပေးတာတွေကို
      ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီး ကျေးဇူးတင်ပါတယ် လို့. . .

  • snow smile

    March 31, 2014 at 11:54 am

    ငါး ဆယ် ဆို တာ လေး ရော လုပ် ပါ အုန်း လေး ပေါက် ရေ
    လေး ဆယ် ဆို တာ
    ဆို တဲ့ က ဗျာ လေး ကို ဆက် ရေး ပေး ပါ အုန်း

    • alinsett (gazette)

      April 18, 2014 at 7:23 pm

      စာအရေးကောင်းသလို…
      ကဗျာလည်း..ရေးသားသီကုံး နိုင်လိမ့်မယ်..ထင်တယ်.. ။

      ကဗျာပြခန်းအတွက်..
      တစ်ပုဒ်လောက် ပေးပါ…တီတီပြုံး

      😆

      ကြုံတုန်း ကဗျာ အလှူခံတာပါ…

      :mrgreen:

      • snow smile

        April 27, 2014 at 6:38 am

        အောင် မ ငှှီး
        ခု မှ တွေ့ တာ
        လန် ့ သွား တာ ဘဲ ဆက် ဆက် ရေ
        က ဗျာ က ဖတ် ဘဲ ဖတ် တတ် တာ ပါ
        ဒါ တောင် ခု ခေတ် မော် ဒန် က ဗျာ ခေါ ် မ လား
        အဲ့ ဒါ တွေ ဖတ် မိ ရင်
        ဘာ ကို ဆို လို မှန်း ကို မ သိ တာ
        အဲ့ သ လို
        (က ဗျာ ပြ ခန် း လေး လွမ်း လို ့ လာ ကြည့် တာ)
        အ မွန် လေး က လဲ ရေး တတ် ပါ ပေ့

  • မိုး မင်းသား

    April 24, 2014 at 1:16 pm

    အားပေးဖတ်ရှူ ့သွားပါတယ်မွန်မွန်

    ရေးနိူင်တာလည်းအရေအချင်းတခုပါလေနော်

Leave a Reply