သုံးရာသီ အလွမ်းများ
ပုဂံမှာနေခြစ်ခြစ်တောက်ပူနေရာကနေရုတ်တရတ်မိုးထရွာတယ်။
သင်္ကြန်မိုးလားမိုးဦးစောမယ့်
သဘောလားတေ့ာမသိ။
ခဏနားနေတုန်း ကားဆရာဦးလေးကြီးနဲ့ စကားတွေပြောဖြစ်ကြတယ်။
၄လပိုင်းရောက်လာတော့ ဧည့်အဝင်ပါးလာတဲ့ အကြောင်းတွေပေါ့။
ဪ…ဟုတ်ပါရဲ့ ဒီဇင်ဘာလာတုန်းက ပုဂံမှာ ဧည့်အဝင်များတော့ ဟိုတယ်တွေ စားသောက်ဆိုင်တွေ နာမည်ကြီးဘုရားတွေမှာ ကြပ်ပိတ်လို့။
အခုများကျတော့လည်း ကျဲပါးခြောက်သွေ့နေလိုက်တာ။
အင်းပေါ့လေ ရာသီဥတု ခြောက်သွေ့သလို ဧည့်သည်တွေခြောက်သွေ့သလို ကျွန်မလည်း အလွမ်းဒဏ်ရာ စိတ်ဒဏ်ရာတွေနဲ့ ခြောက်သွေ့နေပါရဲ့။
့ ခြောက်သွေ့နေတဲ့ ကျွန်မအချိန်ကို ပျော်ရွှင်အောင် အဓိပ္ပါယ်ရှိလာအောင် လုပ်ပေးနိုင်တာ ကျွန်မရဲ့ ဧည့်သည်တွေပါပဲ။
မြန်မာပြည်လာလည်တဲ့ အခိုက် နင်သာမရှိရင် ဒုက္ခလို့ ပြောလာတဲ့ နားဝင်ပီယံစကားလေးတွေဟာ လူသားတစ်ယောက်အတွက် ကိုယ်မရှိလို့ မဖြစ်ပါဘူးလေဆိုတဲ့ အတ္တအချို့နဲ့ရှင်သန်ခွင့်ရှိနေစေပါ
တယ်။
ကျွန်မအတွေးကောင်းနေတုန်း မိုးတွေတိတ်သွားသည်။
ကားဆရာကြီးကလည်းပြောလာသည်။တူမကြီးဧည့်သည်တွေပြန်ထွက်တော့မယ်နဲ့တူတယ်တဲ့။
ဟုတ်ကဲ့ပါ ဦးလေးရေ သွားမှာပါကျွန်မသွားနေရဦးမှာပါ။
မသွားလို့မရ နားလို့မရတဲ့အတွက် ဒီခရီးအပြင်နောက်ထပ်လာမယ့်
ခရီးတွေလည်းကျွန်မဆက်သွားနေမှာပါ။
မိုးတိတ်လို့ပဲဖြစ်ဖြစ် မိုးရေတွေကြားထဲဖြစ်ဖြစ် ကျွန်မသွားနေရမှာပါပ။ဲ ဆောင်းအခါလည်း သွားနေရမှာပါပဲ နွေဦးပေါက်ချိန်ရွက်ကြွေတွေ
ွကြားထဲလည်းသွားနေရဦးမှာပါပဲ။
ကျွန်မရပ်နေလို့ ဖြစ်မှာမှ မဟုတ်တာ။
သွားတာလည်းသွားရင်း လွမ်းတာလည်းလွမ်းရင်းပေါ့။
စိတ်သက်သာရာရဖို့ ဆုတောင်းချင်တာကတော့
တစုံတရာကြောင့်နွေရာသီမှာ ကြုံရတဲ့ စိတ်နာခြင်းတွေကို မိုးရေတွေကဆေးကြောပေးသွား
နိုင်ပါစေ။
ဲ
တစုံတရာကြောင့်
မိုးရာသီမှာ ကြုံရတဲ့ လွမ်းဆွတ်ခြင်းတွေကို ဆောင်းနှင်းစက်တွေက အေးချမ်းပေးနိုင်ပါစေ။
တစုံတရာကြောင့်ဆောင်းရာသီမှာ ကြုံရတဲ့ ခါးသီးခြင်းတွေကို့ နွေဦးကလေရူးနဲ့အတူ တိုက်ခတ်သယ်ဆောင်ပေးသွားနိုင်ပါစေလို့သာ။
ဒါပေမယ့် ပျော်စရာကောင်းတာလေးတွေ စိတ်ကြည်နူးစရာကောင်းတာလေးတွေ နဲ့ကြုံတဲ့ ရာသီနဲ့ တွေ့ခွင့်ရမယ့်တစ်နေ့မှာတော့ ကျေးဇူးပြုပြီးနာရီလက်တံလေး
တွေကိုရပ်နားခွင့်ပြုပေးပါ။
ခဏလောက်လေးပဲဖြစ်ဖြစ်ပေါ့။
နွေမိုးဆောင်း သုံးရာသီလုံး မပျက်မကွက် သတိရနေမယ့်အကြောင်း ပြောပြချင်လို့ပါ။
7 comments
alinsett (gazette)
April 4, 2014 at 7:31 am
အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ် တဲ့
တာရာမင်းဝေ ပြောတာ
Mr. MarGa
April 4, 2014 at 9:28 am
ဘာတွေ ဘာတွေ ဘယ်လိုတွေ ဖြစ်နေပါစေ
လမ်းဆက်လျှောက်နေဖို့က အဓိက ကျပါတယ်
ဆိုတော့
ဆက်လျှောက်………..
kyeemite
April 4, 2014 at 10:43 am
တိုးဂိုက်ဆိုတော့ မြန်ပြည်အနှံ့ခြေဆန့်နေရတာဆိုတော့…ခရီးသွားဝါသနာပါသူဆိုရင်ပျော်စရာကြီးပါဗျာ…
“ ကျေးဇူးပြုပြီးနာရီလက်တံလေး တွေကိုရပ်နားခွင့်ပြုပေးပါ။”….မီလုပ်ပါနဲ့ဗျာ..ကျုပ်တို့လခမရပဲနေနေပါ့မယ်
😀
TNA
April 4, 2014 at 6:41 pm
အုတ်ကထကြီး ရိုက်။ မှန်ပါအိ :p:
မဟာရာဇာ အံစာတုံး
April 4, 2014 at 11:37 am
ဂလိုပါပဲ ..
ပျော်နေချိန်မှာ နာရီလက်တံတွေကို
လူတိုင်းလူတိုင်း ရပ်နေစေချင်ကြတာပဲ …
ဒါပေမယ့်လို့လည်း .. ဒါပေမယ့်ပေါ့နော် …
ကေဇီ
April 4, 2014 at 5:46 pm
“”နွေမိုးဆောင်း သုံးရာသီလုံး မပျက်မကွက် သတိရနေမယ့်အကြောင်း ပြောပြချင်လို့ပါ။””
ကြိုက်တယ်။
:s:
TNA
April 4, 2014 at 6:43 pm
အင်း ဒို့တွေဘဝဒို့တွေအရွယ်ရောက်ရင်တော့ နွေမိုးဆောင်း သုံးရာသီလုံးဘာမှန်းတောင်မသိလိုက်တော့ပါဖူးကွယ်။ 😥