သင်္ကြန်….
တစ်နှစ်ပြီး တစ်နှစ် ကူးပြောင်းလာတဲ့ သင်္ကြန်က
တစ်လွှာပြီး တစ်လွှာ ပွင့်ချပ်တွေ ကွာကျလာတဲ့..
နှင်းဆီပွင့် လေးလိုပေါ့…
အရိုင်းတွေက ယဉ်ကျေးမှု ဖြစ်နေတဲ့..
ရိုးတံချည်းသက်သက်ရှိတဲ့..
နှင်းဆီလို သင်္ကြန်ကြီးရယ်…
ဘာကြောင့်မှန်းမသိ ငါ့ မင်းကို
ကြောက်နေမိတယ် ၊
အရင်ကတော့ သပြေခက် နဲ့… ရယ်…
အခုကတော့ အဖြေခက်တဲ့..
သေအရက်နဲ့…
လူငယ်ဆိုတာတွေလေ….
တွဲဖက်ကိုညီလို့ပေါ့….
အဝတ်အစားအပြဲ တွေတင်မက…
ကိုယ့်ရိုးရာ ကိုယ်ဖျက်..
စုတ်နွမ်းနေတဲ့.. သင်္ကြန်ဆိုတာက….
ရန်ကုန်လမ်းမပေါ် မူးပြီးမှောက်အိပ်နေတတ်ခဲ့ပြီ…၊
နှင်းဆီလို ရနံ့လေးမွှေး…
ပွင့်ချပ်စုံညီနဲ့ ယဉ်ယဉ်လေးလှနေတဲ့..
သင်္ကြန်ပျိ ု မဒီလေး…
ရန်ကုန်စင်မြင့်ပေါ် နွဲ့ နွဲ့ လေးနဲ့
ယိမ်းကနေတာ မြင်ချင်စမ်းပါဘိကွယ်..လို့…
4 comments
kyeemite
April 11, 2014 at 11:34 am
very very good poem.
alinsett (gazette)
April 11, 2014 at 12:37 pm
ယနေ့ခေတ်ရဲ့ မြင်ကွင်း
မြင်ရ ရုံနဲ ့ ကွင်းရှောင်စရာ
🙂
TNA
April 11, 2014 at 12:48 pm
ကောင်းလိုက်တဲ့ကဗျာ။ ခုခေတ်ကိုထင်ဟပ်နေတာပဲ။ ခုနောက်ပိုင်းသင်္ကြန်ကတော့ ပျက်သထက်ပျက်လာကြပြီ
Mr. MarGa
April 11, 2014 at 1:00 pm
shame on us.