မသေလို့ ပြန်ရေး ပြနိုင်တဲ့ ..ကျနော့် ခရီးစဉ်

alinsettApril 18, 20145min57430

အခု

သူရပြောပြမယ့်အကြောင်းက

တကယ့်အဖြစ်အပျက် တကယ့်အရှိအကြောင်းဆိုပေမယ့်

အိပ်မက်တမျှ ဆန်းကြယ်လှတဲ့နေရာတစ်ခုအကြောင်းပါ။

 

တကယ်လို့

အခု စာကို ဖတ်နေတဲ့ သင်ဟာ တောင်တွေ တက်ရတာ ခရီးတွေ ထွက်ရတာကို

ပျော်တတ်တဲ့လူဆိုရင် ………

တကယ်ပဲ ခရီးထွက်ခြင်းကို ချစ်တဲ့သူလား

ခရီးထွက်ခြင်းကို မချစ်သူလားဆိုတာ အဖြေတစ်ခုထွက်နိုင်ပါတယ် ။

 

ဘာလို့လဲဆိုတော့ ဒီခရီးဟာ အင်မတန်ကြမ်းတမ်းပြီး မသေမပျောက်တာ ကံကောင်းလို့ လို့ ဆိုရပါမယ်။

 

သူရ အခု ကံကောင်းလို့ ဒီခရီးစဉ်အကြောင်းကို ပြန်ရေးပြနိုင်တာပါ။

 

ခရီးစဉ်ရဲ့ အခြေအနေကို အသေးစိတ်မပြောခင် ဒီခရီးဟာ

လွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့ သူတွေအတွက် ၁ဝ မိနစ်လောက် စပြီးတာနဲ့ လာလမ်းလှည့်ပြန်မှာသေချာတဲ့ခရီး လို့

အရင် ပြောပါရစေ ။

 

တကယ်လို့

ခြေမခိုင် လက်မခိုင် အမော မခံနိုင်သူတွေ ဆိုရင်တော့ ဒီခရီးက သေတွင်းထဲ ဝုန်းခနဲ ခုန်ချတဲ့ ခရီးဖြစ်မှာ ။

အဲဒါသေချာပါတယ် ။

 

ဒါပေမယ့် ခရီးထွက်ရခြင်းနဲ့ တောင်တက်ရခြင်းအရသာကို တကယ်ချစ်သွားနိုင်လောက်အောင်

အိပ်မက်အလွန်ဆန်သော…

တော်ရုံစိတ်ကူးကြည့်လို့တောင်မရနိုင်သော

ခမ်းနားဆန်းကြယ် အံ့ဩဖွယ် မြင်ကွင်းကြီးတွေကို ခရီးအဆုံးတောင်ထိပ်မှာ မြင်ရမှာပါ။

 

ဟုတ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ရှိလိမ့်မယ်လို့တောင် မထင်ရတဲ့ မြင်ကွင်းမျိုးတွေပါ ။

 

လူသူအရောက်အပေါက် နည်းလွန်းလို ့ ရောက်ဖူးသူ ပြန်ပြောပြသူလည်း နည်းပါလိမ့်မယ် ။

 

အခု ရှာရှာဖွေဖွေနဲ့  သူရက အရောက်တက်သွားခဲ့လို့ မြင်ရသမျှကို ပြန် ပြောပြပါရစေ။

 

တောင်ရဲ့ နာမည်က ဝဲပျံတောင်ပါ။

 

ကရင်ပြည်နယ် ဘားအံမြို့နဲ့

( မြိုင်ကြီးငူလမ်းကလာရင် )

မိုင်းသုံးဆယ်လောက် ဝေးတဲ့. . .

သံလွင်မြစ်တစ်ဖက်ကမ်းက တောင်ကြီးပါ။

 

တောင်ရဲ့အမြင့်က ပေလေးထောင်လောက်

( ခန့်မှန်း ) (ဇွဲကပင်တောင်ထက် နိမ့်လည်းနည်းနည်း) ရှိပါတယ်။

တောင်ထိပ်မှာ စေတီတစ်ဆူကို ခက်ခက်ခဲခဲ တည်ထားလို့

ခက်ခက်ခဲခဲ တက်ဖူးကြပါတယ်။

 

တောင်ဟာ တက်လမ်းရယ်လို့မည်မည်ရရမရှိသော ကုပ်ကပ်တက်ရတဲ့ ကျောက်တောင်နံရံကြီးပါ။

 

ကျောက်သားကျောက်ခက်ချွန်ချွန်ကြီးတွေက

မိုးတိမ်တွေထဲ တိုးဝင်နေပြီး ကြောက်စရာ ရင်သပ်ရှုမောဖွယ် အလှတရားပါ။

 

သဘာဝတရားကြီးရဲ့ ဆန်းကြယ်လှတဲ့ တောင်အနေအထားပါ။

 

တောင်တက်လမ်းတလျှောက် လေးဘက်ထောက်ပြီး…

နွယ်တွေ သစ်ပင် သစ်ကိုင်းတွေကို ဆွဲကာ ကုတ်ဖဲ့ကာနဲ့ တက်ရပါတယ်။

 

ကိုယ် တက်နေတဲ့ ခြေဖဝါးတစ်ဖက်စာ နေရာ လမ်းကလေးက အချိန်မရွေး ပဲ့ကျပြီး ကိုယ်ပါ မြေသားတွေနဲ့အတူ ချောက်ထဲကျသွားနိုင်ပါတယ်။

 

မိုက်ခနဲ တစ်ချက်ဖြစ်တာနဲ့ လေဟာနယ်ထဲမှာ ကားခနဲပါပဲ။

အောက်မှာ ………

ဧရာမ ကျောက်သားဆူးချွန်

မည်းမည်းကြီးတွေက အဆင်သင့်စောင့်နေပါတယ်။

 

သေချာတာကတော့ လမ်းရယ်လို့ မတ်တပ်ရပ်ပြီးလျှောက်စရာ စိတ်ချလက်ချ နေရာမရှိပါဘူး။

 

တောင်ခြေကနေ တောင်တစ်ဝက်လောက်အထိက မြေသားနီနီကြီးတွေ ကို ကုပ်ကပ်တက်ရပါတယ်။

ညာဘက်မှာက ချောက်ကြီးပါ။  ဘယ်ဘက်မှာက ကျောက်နံရံကြီးပါ။

 

ဘုရားအကြိမ်ကြိမ်တပြီး တက်ရပါတယ်။

အသက်ရှူရပ်သွားမတတ် ကြောက်စရာကောင်းပါတယ်။

သတိတစ်ချက်လစ် …သွားတာနဲ့….သွားပြီပဲ။

 

တစ်နာရီလောက်တက်  အပြီးမှာတော့ . . . .

ချွန်မြနေတဲ့ အစွန်းတွေနဲ့ ဂဝံကျောက်လို့ခေါ်တဲ့ ကျောက်သားမှိုင်းညို့ညို့ကြီးတွေကို သတိကြီးကြီးထားပြီး တွယ်ကပ်တက်ရပါတယ်။

ထုံးကျောက်တောင်ကြီးပါ။

 

 

ဆန်းတာက . . .

ဘေးဘီကို ကြည့်လိုက်ရင် ကျောက်သားနံရံမည်းမည်းကြီး …….

ကိုယ် ကုပ်ဖဲ့တွယ်တက်နေတဲ့ အနောက်ဘက်ကို အသာပြန်လှည့်ကြည့်လိုက်ရင် အသည်းထဲ အေးခနဲဖြစ်ပြီး

မိုက်ခနဲ ဖြစ်သွားနိုင်လောက်တဲ့  မြင်ကွင်းကြီးပါ။

 

ကောင်းကင်ပြာပြာကြီးအောက်မှာ

ကိုယ်က ဘာအကာအကွယ်မှ မပါဘူး။

ဟိုးးးအောက်မှာ ကျောက်သားနံရံရဲ့ ထိပ်ဖျား ချွန်ထက်တဲ့ ကျောက်သားဆိုင်ကြီးတွေ. . .

 

ဟုတ်တယ် ကြောက်စရာကောင်းသော အံ့မခန်း အလှ ။

 

မြင်ရဖို့ ….. အိပ်မက်တောင် မမက်ခဲ့ဘူး ။

 

အဲဒီ ကျောက်သားနံရံကြီးရဲ့ အချွန်အထက် တွေကို ဆုပ်ကိုင်ပြီး

ခဲရာခဲဆစ် တက်အပြီး တစ်နာရီ  ( စုစုပေါင်း နှစ်နာရီနီးပါးလောက် ) တက်ပြီးရင်

တောင်ရဲ့ ထိပ်ဆုံး လေဟာနယ်ကြီးထဲ ရောက်ပါပြီ။

 

တောင်စဉ်တောင်တန်းကြီးရဲ့ အမြင့်ဆုံးနေရာပါ။

စေတီလေးတစ်ဆူရှိပါတယ်။

သစ်ပင်မရှိ အကာအကွယ်မရှိ

ကောင်းကင်ကြီးအောက်က ကျောက်တောင်နံရံကြီးရဲ့ ထိပ်ဖျား လေတဟူးဟူးကြားမှာပါ။

 

အောက်ကို လှမ်းကြည့်လိုက်ပါဦး။

 

ဟောာာာ   ဟိုမှာ သံလွင်မြစ်ကြီးကို ခပ်ပျပျ …..

ကရင်ပြည်နယ်ကြီးရဲ့ မြေပြင်တောင်စဉ်တွေက စိမ်းမြမြ

မြင်ရတာ အိပ်မက်ပါ။

 

အိပ်မက်ထက်တောင် ဆန်းတဲ့အလှပါ။

 

တောင်ထိပ်က စေတီလေးရဲ့ရင်ပြင်အကျယ်က ပေနှစ်ဆယ်ပတ်လည်လောက်ပဲရှိလိမ့်မယ်။

ကျန်တာက ကျောက်ချွန်ကျောက်ခက် ကိုယ့်ကို သေစေတဲ့ လက်နက်တွေချည်းပဲ။

 

တောင်ရဲ့ ညာဘက်အောက်ကို ငုံ့မကြည့်နဲ့။

 

ကြောက်တတ်သူဆိုရင် ခေါက်ခနဲသေသွားလောက်တဲ့ အမြင့်နဲ့ . . .

ကျောက်တောင်ထိပ်ဖျား ကျောက်သားချွန်ချွန်  မည်းမည်းကြီးတွေ . . .

 

အသည်းထဲ အေးခနဲဖြစ်သွားလိမ့်မယ်။

ဟာခနဲ ဟယ်ခနဲ ဖြစ်ပြီး

ကိုယ် ဒီလောက်အမြင့်ကြီး တက်ခဲ့နိုင်တာကို ဂုဏ်ယူ အံ့ဩမဆုံးဖြစ်သွားလိမ့်မယ်။

တကယ်။

 

ပြီးတော့

သူရ အဲဒီတောင်ပေါ် ကုတ်ကပ်တက်နေတာကို

တကယ်လို့များ တောင်ပေါ် အပေါ်စီးကနေ ဟယ်လီကော်ပတာလိုဟာကြီးနဲ့ ဗွီဒီယို လိုက်ရိုက်ရင်

ကြည့်ကောင်းလိုက်မယ့်ဖြစ်ခြင်း။

ကျောက်သားကျောက်ခက် မည်းညစ်ညစ် အချွန်အတက်တွေပေါ် ကျားကုတ်ကျားခဲ တက်နေတဲ့ပုံကို

(သစ်ပင်တွေ အပေါက်နည်းတဲ့ ကျောက်သားပြင်ကြီးမှာမို ့) အရှင်းကြီး မြင်ရနိုင်တယ်လေ ။

 

အရမ်းးးးးဆန်းးးးးတယ်ဗျ ။

 

ဘယ်တုန်းကမှ ထင်မှတ်မထားတဲ့

မမြင်ယောင်ဖူးတဲ့ မြင်ကွင်း . . .

အံ့ဩစရာ ကြောက်မက်ဖွယ်ရာ အလှတရား. . . .

 

ဒီလိုမြင်ကွင်းမျိုးက တော်ရုံလူမြင်ရပါ့မလား။

ဟင့်အင်း ။

 

( သာမန် )မိန်းကလေး တွေ အားနွဲ့ပုံမျိုးနဲ့ မရောက်နိုင်…

( သာမန် ) ယောက်ျားလေးတွေ ဇွဲသတိ္တိနည်းပုံမျိုးနဲ့ မရောက်နိုင်..

 

အဲ သူရဆိုတဲ့ ချာတိတ်က ဘာလို့ရောက်သွားလဲ ဆိုတော့

သတိ္တတွေ ကောင်းလွန်းလို့ ….

ဇွဲကောင်းလွန်းလို့……….

သာမန်ယောကျာ်းမဟုတ်လို့ လို့ မထင်ပါနဲ့။

သူရမှာ စိတ်ဓါတ်တစ်ခုရှိပါတယ်။

စ တက်မိပြီဆိုရင် အဲဒီတောင်ကို ဆုံးအောင် တက်လိုက်ချင်တာပါပဲ။

ဘယ်လောက်မြင့်မြင့် ဘယ်လောက် ခြေကုန်လက်ပန်းကျကျ အားခဲပြီး ဆက် တက်ပါ့မယ်။

လမ်းတစ်ဝက်တပျက်နဲ့ လှည့်ပြန်ရမှာကို ရှက်မိလို ့ပါ။

 

တကယ်တော့ ဒီဝဲပျံတောင်ကို သူရ ဘုရားအကြိမ်ကြိမ်တပြီးတက်ရတာပါ။

ဒူးတွေ တုန်နေပါတယ်။

မတ်တပ်ရပ်ပြီးပုံမှန်လျှောက်လို့ မရတဲ့ နေရာတွေမှာ

သူရ ကြောက်နေပါတယ်။

လေးဘက်ထောက်ပြီး တက်ရပါတယ်။

ခြေချမိတဲ့ မြေသားက ပဲ့ကျသွားနိုင်ပါတယ်။

 

ခြေတစ်ဖဝါးစာပဲ ချလို့ရတဲ့ ချောက်ကမ်းပါးနှုတ်ခမ်းဖျားလေးတွေမို ့ တုန်တုန်ယင်ယင်နဲ့ တက်ရ ဆင်းရပါတယ်။

 

တောင်အောက် . . .

ချော်ကျပြီး. . .

မသေလို့ ပြန်ပြောပြနိုင်တာပါ။

 

————–

 

တောင်ထိပ်အပေါ်ဆုံးနေရာ

ရောက်တော့ စေတီတော်လေးနဲ့ နားနေဆောင် …ခနော်ခနဲ့ တဲကုပ်ကလေးတစ်လုံး

တွေ ့ပါတယ်။

 

အဲဒီ တဲလေးထဲမှာ တစ်ပါးတည်းနေထိုင်သီတင်းသုံးတဲ့ ဘုန်းကြီးတစ်ပါးရှိပါတယ်တဲ့။

တဲလေး (ကျောင်းတော်လေးပေါ့လေ) ရဲ့ ခေါင်းရင်းမှာ သံဃာတစ်ပါးရဲ့အသုံးအဆောင်လေးနည်းနည်းတွေ ့ပါတယ်။

 

သံဃာတော်ကိုတော့ မတွေ ့ခဲ့ရပါဘူး။  ဘယ်နေရာ သွား တရားထိုင်နေတယ် မသိပါဘူး ။

အဲဒီ သံဃာရဲ့ ကျောက်တောင်ကြီးထိပ်မှာ တစ်ပါးတည်းနေထိုင်မှုကို အံ့ဩရပါတယ်။

ဆွမ်းကွမ်းကိစ္စတွေ ဘယ်လို ဖြေရှင်းသလဲ သိချင်မိပါရဲ့။

 

တဲလေးထဲမှာ ထိုင်နေတဲ့ လူတစ်ယောက်ကိုတွေ ့လို ့ စပ်စုကြည့်ပါတယ်။

 

မြန်မာစကားသိပ်မတတ်တဲ့ တိုင်းရင်းသားကြီးမို ့ စကားပြောရတာ သိပ်ခရီးမပေါက်ပါဘူး။

 

သူရခေါ်လာတဲ့ လမ်းပြကြီးကလည်း မြန်မာစကားသိပ်မတတ်လို့ စကားပြန်မပေးနိုင်ပါဘူး။

 

နားလည်သလောက်တော့. . .

အဲဒီ သံဃာဟာ ကျောက်တောင်ရဲ့ ဂူတွေ ကျောက်တုံးကြိုကြားတွေထဲ လှည့်လည်ပြီး တရားအားထုတ်နေတယ်တဲ့။

ဆွမ်းကွမ်း ကိစ္စ မေးတော့ . . .

ဒီတောင်ပေါ်မှာ တော်ရုံလူ တော်ရုံ ပုဂိ္ဂုလ်တွေ မနေနိုင်ဘူးတဲ့. . .

 

အဲဒီနောက်တော့

ကျောက်တောင်ထိပ်ဖျား လေတဟူးဟူးကြားမှာ အောက်ဘက်အဝေး လှမ်းငေးမြင်နေရတဲ့ သံလွင်မြစ်ကြီးအကြောင်းးးး

သံလွင်မြစ်ကမ်းနံဘေးက ကရင်လူမျိုးတို့ရဲ့

တိုက်ပွဲမဖြစ်ဖူးတဲ့မြေနေရာမရှိ ရဲဘော်မသေဖူးတဲ့မြေနေရာမရှှိ်တဲ့ ရွာကလေးတွေအကြောင်းကို

ငုံ ့ကြည့်ရင်း ပြောပြလို့ ……….

ခေါင်းညိတ်ရင်း နားထောင်ခဲ့ပါတယ်။

 

အဲဒီ တောင်ပေါ်က လူကြီးကလည်း တောင်ပေါ်တက် ဘုရားဖူးတဲ့ ဒေသခံကြီးတစ်ယောက်ပါပဲ။

 

သူက ဒီလို သင်္ကြန်အကျနေ့ရောက်တိုင်း

တောင်ပေါ်တက်ပြီး တောင်ပေါ်က သံဃာကို ဆွမ်းကပ်နေကျပါ တဲ့။

 

ဆွမ်းကပ်ဖို့ရာ

သံဃာကို . . .

ရှာမတွေ ့တဲ့အခါများမှာ. . .

ဆွမ်းချိုင့်ကလေးကို ဒီအတိုင်းထားပြီး ပြန်ဆင်းခဲ့တာပါပဲ တဲ့ ။

 

————-

 

အဆင်းဟာ အတက်လိုပဲ ခက်ခဲပါတယ်။

ပိုဆိုးတာက အမြင့်ကနေ. . .အနိမ့်ကို ဆင်းရတာဆိုတော့ လေးဘက်ထောက် ကုပ်တက်သလိုမဟုတ်ပဲ

ဖင်တရွတ်ဆွဲပြီး ဖြည်းဖြည်းလေးဆင်းရတာပါ။

အရှိန်လွန်ပြီးကျသွားမှာ စိုးရိမ်ရတယ်လေ ။

 

ပြီးတော့ ကျောက်တုံးတွေရဲ့ ဇောင်းတွေက ချွန်ထက်ထက် ထိလိုက်တာနဲ့ အသားကို ထိုးခွဲသွားနိုင်တယ်။

ထိ ကိုင်လိုက်ရင်  ….ကိုယ့် အသားကို မပေါက်ပြဲနိုင်တဲ့ကျောက်သားကိုရွေး ကိုင် ပြီး ဆင်းရ တက်ရတာ

 

ခြေချစရာကျတော့လည်း ….ဆိုးတာပဲ။

ကိုယ် နင့်လိုက်တဲ့ ကျောက်တုံးကျောက်ခဲက လှုပ်နေရင် ယိုင်နဲ့ပြီး လိမ့်ကျသွားနိုင်တယ်။

မြေသားဆိုလည်း ဒီလောက်ကျဉ်းကျဉ်း မြင့်မြင့်ကြီးမှာ ကပ်သပ်ပြီးလျှောက်ရတာ . .

ဆိုးချက်က သေစေလောက်တယ်။

 

ကျိုက်ထီးရိုးတောင် တက်တုန်းက မောတဲ့အမော ခက်တဲ့အခက်က . . .

ဇွဲကပင်တောင်ရဲ့ အခက်အခဲနဲ့ယှဉ်လိုက်တော့ ဘာမှ မပြောပလောက်ဘူး ။

 

ဇွဲကပင်တောင်ကို တက်ရဆင်းရ ခက်လှပြီ မှတ် နေတာ ။

အခု ဝဲပျံတောင်လမ်းက ဇွဲကပင်ထက် အဆနှစ်ဆယ်လောက် ပိုကြမ်းပါတယ် ။

 

 

 

မသေလို့ ပြန်ပြောပြနိုင်တာပါဆို

 

ကဲ ပုံလေးတွေ နည်းနည်းပါးပါးပြမယ်။

 

ကြည့်ပါဦး။

 

——————

 

 

ဝေးးးးကူးတို ့....လို ့.ကျနော့်လမ်းပြကြီးက အော်နေတယ်. ။ သံလွင်မြစ်ကမ်းနံဘေး ဝဲပျံတောင်ကြီးရှေ ့မှာပေါ့...
ဝေးးးးကူးတို ့….လို ့.ကျနော့်လမ်းပြကြီးက အော်နေတယ်. ။ သံလွင်မြစ်ကမ်းနံဘေး ဝဲပျံတောင်ကြီးရှေ ့မှာပေါ့…
သံလွင်ကို ဖြတ်ကျော်ခြင်း... ဝဲပျံတောင်ဆီသို ့...
သံလွင်ကို ဖြတ်ကျော်ခြင်း… ဝဲပျံတောင်ဆီသို ့…
သံလွင်မြစ်ရေ..ကြည်သည်..
သံလွင်မြစ်ရေ..ကြည်သည်..
ဝဲပျံတောင်ခြေရင်းသို ့လမ်းကလေးမှာ..လမ်းပြကြီးမသိခင်...
ဝဲပျံတောင်ခြေရင်းသို ့လမ်းကလေးမှာ..လမ်းပြကြီးမသိခင်…
ဒီတောင်ကြီး...ငါ့ဖဝါးအောက်
ဒီတောင်ကြီး…ငါ့ဖဝါးအောက်

 

 

ဒါ..လမ်းလား ။ ဟုတ်တယ်..တဲ့
ဒါ..လမ်းလား ။ ဟုတ်တယ်..တဲ့

 

ကိုယ် လျှောက်ခဲ့တဲ့လမ်း
ကိုယ် လျှောက်ခဲ့တဲ့လမ်း

 

ဒါများ.လမ်းတဲ့လားကွယ့်..ပြော...ပါ..ဦး...
ဒါများ.လမ်းတဲ့လားကွယ့်..ပြော…ပါ..ဦး…

 

ကျနော့်ကိုမကြည့်နဲ ့.. အနောက်ဘက်ကို .. ကျော်ပြီး ကြည့်...
ကျနော့်ကိုမကြည့်နဲ ့.. အနောက်ဘက်ကို ..
ကျော်ပြီး ကြည့်…

 

 

တအောင့်နားပြီးပြီဆိုတော့ ဆက်တက်ရဦးမယ်
တအောင့်နားပြီးပြီဆိုတော့ ဆက်တက်ရဦးမယ်

 

အိပ်မက်လား... တကယ်လား...။ ဆွဲဆိတ်ကြည့်တော့.. နာတယ်...
အိပ်မက်လား… တကယ်လား…။ ဆွဲဆိတ်ကြည့်တော့..
နာတယ် ။
ဒါဟာ..အိပ်မက်မဟုတ်ပါ..။ လက်တွေ ့မြင်နေရတာ...
ဒါဟာ..အိပ်မက်မဟုတ်ပါ..။ လက်တွေ ့မြင်နေရတာ…

 

 

ကဲ... ဆက်တက်မယ်.။ ဘယ်မှာလဲ..လမ်း...။ ဟင့်အင်း..ကျားကုတ်ကျားခဲသာတက်
ကဲ… ဆက်တက်မယ်.။ ဘယ်မှာလဲ..လမ်း…။ ဟင့်အင်း..ကျားကုတ်ကျားခဲသာတက် ။ လိမ့်ကျရင်တော့ မလွယ်ဘူး ။

 

အောက်ကို လှမ်းကြည့်ဦးမှ...။ အမလေး..။ ဟိုမှာ သံလွင်...အဲ..ဟိုကျောက်တောင်ကြီးက..ဟိုးးးအောက်မှာပါလား
အောက်ကို လှမ်းကြည့်ဦးမှ…။ ဟိုမှာ သံလွင်…အဲ.. အမလေးးးးး ဟိုကျောက်တောင်ကြီးက..ဟိုးးးအောက်မှာပါလား

 

ဘုရားးးးးဘုရားးးးး
ဘုရားးးးးဘုရားးးးး

 

 

ဦးကြောင်ကြီးလား..မသိ
ဦးကြောင်ကြီးလား..မသိ

 

ကျောက်တောင်ထိပ်ဖျားဆီက..စေတီ... ကဲ..ရောက်ပြီ..
ကျောက်တောင်ထိပ်ဖျားဆီက..စေတီ…
ကဲ..ရောက်ပြီ..

 

ဒီတောင်ကို..မောင် ကျော်ကာပြပါ့မယ်... တကယ်...
ဒီတောင်ကို..မောင်
ကျော်ကာပြပါ့မယ်…
တကယ်…

 

———————————————————-

 

အလင်းဆက် ( Gazette )

2014 /သင်္ကြန်ခရီးစဉ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

30 comments

  • alinsett (gazette)

    April 18, 2014 at 3:02 pm

    ပုံ ထည့်တာ များသွားလို ့လား မသိ.. ။
    တချို ့ပုံတွေ..ပျောက်နေတယ်.. ။
    ဒါတောင်… မြင်ကွင်းတချို ့ကို ပြန် နှုတ်ထားလိုက်သေးတယ်.. ။

  • ကေဇီ

    April 18, 2014 at 3:08 pm

    တော်ပါသေးရဲ့။ ဘာမဆို အနုပညာ စိတ်နဲ့ ခံစားတတ်တဲ့ နာ့ မောင်လေးးး
    ဝဲပျံတောင်ပေါ်ကနေ အနုပညာ စိတ်ဝင်စားပြီး ဝဲပျံတာမျိုးမလုပ်ခဲ့လို့။
    :hint:

    • alinsett (gazette)

      April 18, 2014 at 3:21 pm

      အိုးးးး
      ပျံချင်စိတ်ကို မနည်း နှိမ်နင်းထားရတာ

      အမှန်တော့ တောင်ထိပ်မှာ မတ်မတ်တောင် ရဲရဲ မရပ်ရဲခဲ့

      🙂

  • Char Too Lan

    April 18, 2014 at 3:11 pm

    ရှေ့ကနဲနဲဖယ်ပါဟယ်…. ပုံတွေကလှပေမယ့် အောင်သရဲလင်းကွယ်နေဒယ် 😀

    • alinsett (gazette)

      April 18, 2014 at 6:51 pm

      အဟီး…
      ဘာမှလည်း..မြင်ရဝူး…
      ဘာပြောတွားတာလဲ..မမဂျီး…ကျန်ကျောပါ
      😆

  • lu lu

    April 18, 2014 at 4:03 pm

    တကယ်သာယာပါတယ်
    သာမန်မိန်းက လေးမဟုတ်တဲ့ထဲ လုလု လည်း
    ပါ နိုင် ကောင်းပါရဲ ့
    နောက် တစ်ခေါက် လုလု ကို လမ်းပြ
    လိုက်လုပ်ပေးနော်
    အဟဲ ….တက်ကြည့်ဦးမယ်

    • alinsett (gazette)

      April 18, 2014 at 4:09 pm

      လမ်း
      ပြနိုင် ကောင်းပါရဲ့

      🙂

      နောက်တစ်ခေါက်သွားရင် လုလုကို လက်တို့ လိုက်မယ်

    • alinsett (gazette)

      April 18, 2014 at 5:55 pm

      လေးပေါက်သာ ရိုက်လိုက်ရင်
      ရှယ်မြင်ကွင်းတွေကို
      ရှယ်ထောင့်တွေက မြင်ရမှာ

  • Kaung Kin Pyar

    April 18, 2014 at 5:19 pm

    ကိုအလင်းစက်ကို အရမ်း အားကျပါတယ်….။ တခြားလူတော်တော်များများ မတွေးမိတဲ့ ခရီးတစ်ခုပါ…။ စိတ်လှုပ်ရှားဖို့ရော…ကိုယ်လုပ်လိုက်နိုင်လို့ ဝမ်းသာရတာရော မြင်ကွင်းတွေကြောင့် ကြည်နူးရတာရော…။ ဒီပို့စ်ကိုကြည့်ပြီး ဒီလို ခရီးတစ်ခေါက်လောက်တော့ ထွက်ချင်စိတ် ဖြစ်မိပါတယ်..။

  • alinsett (gazette)

    April 18, 2014 at 6:22 pm

    အဟဲ…
    လမ်းညွှန်ဆိုတော့.. သတိပြုမိအောင်. ကိုယ့် comment ကို ပြန် စိမ်းထားပါရစေ.. ။
    သတိပြုမိစေချင်ရုံသက်သက်ပါ ။ ( စိမ်းတာကလွဲပြီး.တခြားအရောင်လည်း.မရှိလေတော့..)
    ———————————————————————

    ဝဲပျံတောင်ဆီ တက်သွားချင်သူတွေအတွက်. .

    ဘားအံမြို ့နဲ့ သိပ်မဝေးလှတဲ့ တောင်ပါ။
    ဒါပေမယ့်
    ကျနော်က ကျနော်တည်းခိုရာ အိမ်ကလေးဘက်က သွားတာဆိုတော့ . . .
    ကျနော်သွားတဲ့လမ်းက
    အိမ်ကလေးရဲ့ အနောက်ဘက် လယ်ကွင်းတွေ. . .
    ဖရဲခင်းတွေ
    ကြံခင်းတွေ
    ထန်းတောတွေကို ဖြတ်လျှောက်
    သောင်ဖြစ်နေတဲ့ ချောင်းတစ်ခုကို ရေစပ်စပ်ဖြတ်ကူး။
    ပြီးတော့ ရွာစဉ်တလျောက်ဖြတ်လျှောက်
    ပြီးတော့ သံလွင်မြစ်ကမ်းကနေ မော်တော်နဲ့ ဟိုဘက်ကူး (တစ်ယောက် ငါးရာပေးရတယ်။)
    မြစ်ကနေတက် ရွာစဉ်တလျှောက်နည်းနည်း ထပ်လျှောက်

    စုစုပေါင်း အိမ်ကနေ တောင်ခြေထိလေးမိုင်လောက် လမ်းလျှောက်သွားရပါတယ်။

    ကျနော် တည်းတဲ့ရွာက . . .
    ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်
    (မြိုင်ကြီးငူအထူးဒေသဘက် လမ်း / ဘားအံမြို့နဲ့ မိုင်လေးဆယ်ခန့်အကွာ)မှာ ရှိတဲ့ စိန္တာ ဆိုတဲ့ရွာပါ။

    ——-

    တခြားသူတွေက
    နှစ်ဆန်းတစ်ရက်နေ့မှာ အဲဒီတောင်ပေါ် အများစုတက်ကြပါတယ်။

    အဲဒီ တခြားသူတွေ သွားရင်

    ဘားအံကနေ မိုင်သုံးဆယ်ခန့်အကွာ မြိုင်ကြီးငူအထူးဒေသဘက် လမ်း
    လှိုင်းဘွဲ့မြို့နယ်အတွင်းက ရွှေဂွန်းဆိုတဲ့ ရွာ
    မြစ်ဆိပ်ကနေ မော်တော်နဲ့ ကူးပြီး သွားကြပါတယ်။

    အဲဒီ လမ်းက ပိုနီးနိုင်ပါတယ်။

    ——–

    လမ်းပြကြီး ပြောတဲ့ မြန်မာစကားကို မနည်းနားထောင်ချက်အရတော့
    ဝဲပျံတောင်က ဘားအံမြို ့နဲ့ ပိုနီးပါတယ် တဲ့။

    အနီးဆုံး လမ်းတစ်ခုခုတော့ ရှိပါဦးမယ်။

    ———-

    ဝဲပျံတောင် တက်ရင် အဝတ်စထူထူနဲ့
    လက်အိတ်တို့
    အကြမ်းခံတဲ့ ဖိနပ်တို ့
    ဘောင်းဘီ အကျီ င်္ ထူထူတို့ ဆောင်သွားဖို့လိုပါတယ်။

    ကျောက်စွန်းထက်ထက်တွေက ပေါက်ပြဲ ပွန်းရှစေပါတယ်။

    ကျနော်ကတော့ ဘုရားတရင်း
    ပရိတ်ကြီး ၁၁ သုတ် ဖုန်းနဲ့ ဖွင့် လိုက်ရွတ်ရင်း တက်ပါတယ်။

    🙂

  • snow smile

    April 18, 2014 at 9:27 pm

    သွား တက် ကြည့် ချင် လိုက် တာ
    ဘား အံ ဘက် က သွား ရင် ပို ကောင်း မယ်
    တောင် ခြေ လောက် အ ထိ မ လျောက် ရ ဘူး ဆို ရင်
    တောင် တက် တဲ့ အ ခါ လူ က
    အား ပို ပြည့် နေ မှာ
    ဆက် ဆက် သွား တဲ့ လမ်း ကြောင်း က
    တည်း တဲ့ နေ ရာ က နေ တ ဆင့် သွား တာ ဆို တော့
    တောင် ခြေ ရောက် ရင် ကို အ တော် ပင် ပန်း နေ ပြီ
    တောင် ထိပ် ရောက် အောင် တက် နိုင် ခဲ့ တယ်
    ဆို တာ ကို တော့ ချီး ကျုး မိ တယ်

    • alinsett (gazette)

      April 19, 2014 at 6:10 am

      ဟုတ်တယ်ဗျို့။
      လမ်းသိပ်မလျှောက်ရပဲ တောင်ခြေကိုရောက်တဲ့လမ်းကသွားဖို့လိုတယ်။

      🙂

  • padonmar

    April 19, 2014 at 12:34 am

    တောင်တက်ရတဲ့ အရသာဟာ အဲဒါပါပဲ၊
    တောင်တက်နေရချိန် ပင်ပန်းဆင်းရဲတာတွေဟာ တောင်ပါ်ကို ရောက်သွားပြီဆိုရင် အားလုံးမေ့လိုက်နိုင်တာပါပဲ။
    ဒါကြောင့် တရားအားထုတ်တာကို တောင်တက်တာနဲ့ ဥပမာ နှိုင်းတတ်ကြပါတယ်။
    လမ်းခရီးမှာ ချောပြေတဲ့ အခါရှိသလို များသောအားဖြင့်တော့ ခက်ခဲပင်ပန်းအဆင်းရဲခံရတာချည်းပါပဲ။
    ဒါကို လက်လျှော့ပြီး ဆက်မတက်ရင်တော့ တောင်ထိပ်ကို ရောက်ဖူးရတဲ့ အရသာကို ဘယ်တော့မှ ရမှာ မဟုတ်ဘူး တဲ့။
    စကားလုံးတိတိကျကျတော့ မဟုတ်၊ကိုယ်နားလည်ခံစားရသလို ရေးပေးတာ။
    အလင်းဆက်လည်း ဝဲပျံတောင်ကို ကျော်လွှားနိုင်သလို ဓမ္မတောင်ကြီးပေါ်ကိုလည်း ရောက်နိုင်ပါစေ။

  • alinsett (gazette)

    April 19, 2014 at 6:12 am

    အင်းးးး
    ဓမ္မတောင်

    မြင့်တော့မြင့်တယ်
    တလှမ်းချင်း တက်ရဦးမယ်

    🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2014 at 9:20 am

    . ပြောရရင် တစ်ချိန်တုန်းက မာမီလည်း တောင်တက်ဘူးတယ်ကွဲ့
    . တောင်ပေါ်တက်ပြီး ထင်းသွားခုတ်တာ
    . စကားမစပ် အဲ့သည်တောင်ကြီးဖြို ပြီး ဘိလပ်မြေဖုတ်လို့ရနိုင်မလား??

    • alinsett (gazette)

      April 19, 2014 at 12:20 pm

      လုပ်ပြီ
      တောင်မြင်ရင် ဖြိုဖို့က အရင်

      🙂

  • Crystalline

    April 19, 2014 at 2:03 pm

    နာလည်း… ပုပ္ပါးတောင်ရယ်… ချင်းပြည်သွားတုန်းက ဘာတောင်မှန်းမသိတဲ့ ပေသုံးထောင်ကျော်မြင့်တဲ့တောင် တစ်တောင်ရယ်.. သံတောင်ကြီးက နော်မူဖောတောင်ရယ်တက်ဖူးတယ်.. :kwi: အဲ့လိုခက်ခက်ခဲခဲကြီးကို ဘာအထောက်အကူမှမပါဘဲတော့ မတက်ချင်ဘူး.. မတက်ရဲတာမဟုတ်ဘူးနော်.. :mrgreenn: ဘယ်လောက်မောမော အပေါ်ကနေပြီး ရှူ့ခင်းတွေမြင်လိုက်ရတဲ့အချိန်က ဘာနဲ့မှမလဲနိုင်ဘူး.. တောင်ပေါ်တက်ရင်လည်း အတက်ထက် အဆင်းကိုပိုကြောက်တာ ဘာကြောင့်မှန်းမသိ… တစ်ယောက်တည်းသွားခဲ့တာလား.. သူငယ်ချင်းပါပုံရတယ်..

    • alinsett (gazette)

      April 19, 2014 at 6:26 pm

      တောင်ပေါ်ရောက်သွားတဲ့အခါ
      မြင်ရတဲ့ မြင်ကွင်းက တကယ်အမောလည်းပြေ
      တက်ခဲ့နိုင်တာကိုလည်း ဂုဏ်ယူမဆုံးပေါ့
      ပိုပြီး မြင့်တဲ့တောင်တစ်ခုခုကို ထပ်တက်ဦးမယ်ဆိုတဲ့အတွေး
      ရစေတာကတော့
      အစအဆုံး တက်ပြီး
      တောင်အောက်ကနေ ပြန်ကြည့်ရတဲ့အချိန်မှာပေါ့

  • TNA

    April 19, 2014 at 3:07 pm

    ကြံကြံဖန်ဖန်ဟယ်။ တကယ့်ကိုမသေကောင်းမပျောက်ကောင်းပဲအေရယ်။ သူများတွေကောသွားကြလို့လား။ ဘယ်လိုများသိပြီးကြံကြံဖန်ဖန်သွားရတာလဲဟယ်။ အတက်ထက် အဆင်းကိုပိုစိတ်ဝင်စားတယ်။ အဲ့တောင်ပေါ်ကဘုန်းကြီးကကော ဘယ်လိုဆွမ်းဘုန်းပေးသလဲဟင်။ တောင်ပေါ်မှာ သစ်သီးသစ်ပင်ရှိလား။ စိတ်တော့ဝင်စားသား။ မသွားတော့မသွားရဲုပါဘူးဟယ်။ ဗဟုသုတရလို့ မှတ်သားသွားပါတယ်အေရယ်။

    • alinsett (gazette)

      April 19, 2014 at 7:00 pm

      နယ်ခံတွေကတော့
      နှစ်ဆန်းတစ်ရက်နေ့မှပဲ သွားလေ့ရှိကြတယ်တဲ့ တီသဲရေ

      ကျနော်ကတော့ ကျနော်တည်းတဲ့အိမ်က ညွှန်လို့ တက်ကြည့်တာပါ။
      အတက်လမ်းထက် အဆင်းလမ်းမှာ ဒူးတွေ ပိုတုန်တယ်
      ဘုရား ပိုတဖြစ်တယ်။
      တောင်ပေါ်က ဘုန်းဘုန်း ဆွမ်းကိစ္စ ဘယ်လိုဖြေရှင်းလဲဆိုတာ
      ကျနော်လည်း သိချင်စိတ်ဖြစ်နေတယ်။
      တောင်ခြေကနေ တောင်ထိပ်အထိ စားသုံးလို့ရတဲ့ အပင် မတွေ ့မိဘူး
      တောင်ပေါ်နားရောက်လေ ကျောက်ဆောင်ကျောက်သားစိုင်ကြီးတွေ ဖြစ်လာလေမို့
      တောင် အပေါ်ပိုင်းမှာဆို သစ်ပင်ရယ်လို့ မရှိသလောက်ပါပဲ။
      ပန်းပင်လေး တချို့တော့ ခပ်ကျဲကျဲတွေ ့တယ်
      ကျောက်တောင်ပေါ်မှာ ပွင့်တဲ့ပန်းဆိုတော့
      ဆန်းတော့ ဆန်းသား

  • black chaw

    April 19, 2014 at 4:08 pm

    မင်းသား ချောချော တစ်ယောက် ပါတဲ့…
    စွန် ့စားခန်း ရုပ် ရှင် ဇာတ်ကား တစ်ကားကို
    ကြည့်လိုက် ရ သလိုပါပဲ ညီလေးရေ။

    • ကေဇီ

      April 19, 2014 at 4:27 pm

      ပဂိုုးဒါးးးး
      ကိုုဘလက် ကော်မန့် အလင်းးဆက် မမြင်ပါစေနဲ့

      😀

  • kyeemite

    April 22, 2014 at 4:18 pm

    အင်း..တောင်ပေါ်ရောက်သွားတော့လည်း မောတာလေးတွေပြေပီး ကြည်နူးရတယ်မဟုတ်လား…
    ကောင်းပါတယ်…ပုံလေးတွေနဲ့ဆိုတော့မရောက်ဖူးသူတွေခံစားရတာပေါ့…

  • alinsett (gazette)

    April 23, 2014 at 12:13 pm

    ဟုတ်
    ဦးကြီး

    ပုံတွေက ရမ်းသမ်းရိုက်ချက်တွေဆိုတော့ သိပ်ပညာမပါဘူး

    လေးပေါက်တို့လို ဓ့ါပုံဆာတွေသာ သွားရိုက်လာလို့ကတော့
    ကြည့်ကောင်းလိုက်မယ့်ဖြစ်ခြင်း နော်

    ——

    အရောက်လာသွားတဲ့ ဦးကြီး
    ကျေးကျေးပါ
    j

Leave a Reply