ရွာ့အရေးတစ်ခု တိုင်ပင်ဆွေးနွေးပါရစေ…
တစ်ခုလောက် တိုင်ပင်ချင်လာလို့ပါခည။
ဂဇက်မြို့တော်ကြီး စည်ကားသိုက်မြိုက်သည်ထက် ပိုစည်ကားလာဖို့ကို ရည်ရွယ်ပြီး
အစီအစဉ်လေးတစ်ခု လုပ်ကြည့်ချင်လာလို့ပါ ။
နည်းနည်း လျှာရှည်ပါရစေဦး။
ဂဇက်မြို့တော်ကြီးတည်ဆောက်ထားတဲ့ ရည်ရွယ်ချက်ထဲမှာ . . .
ကျနော်တို့ရဲ ့ လူမှုဘဝတိုးတက်ပြောင်းလဲရေး ဆိုတာကြီးပါမယ် ထင်တယ်။
((ပြီးတော့လေ ကျနော်က မိတ်ဆွေတွေကို ..
ကျနော်ချစ်သော ဂဇက်အကြောင်းပြောပြဖြစ်တိုင်း ထည့်ပြောဖြစ်တဲ့စကားက
ဒီဂဇက် ဆိုတာက အမြဲလိုလို သက်ဝင်လှုပ်ရှားပြီး ရှင်သန်နေတဲ့ website တစ်ခု လို့ ပြောတတ်တာ။ ))
ဆိုဓေါ့ဂါ. . .
ကျနော်တို့ ဂဇက်မြို ့တော်ထဲမှာ
ကျနော်တို့ လူမှုဘဝတွေ ပြုပြင်ပြောင်းလဲပေးနိုင်မယ့် တိုးတက်အောင် ကူညီပေးနိုင်မယ့် ရည်ရွယ်ချက်နဲ့
(( သက်ဝင်လှုပ်ရှားနေတဲ့ ရှင်သန်မှု သင်္ကေတအဖြစ်နဲ့ ))
အတိုင်ပင်ခံအဖွဲ ့သဘောမျိုး စုရပ်ကလေးတစ်ခုလုပ်ပြီး
မေးစရာရှိတာတွေ မေးကြ ဖြေပေးကြဖို့ . . .
တိုင်ပင်ဆွေးနွေး
အကြံတွေ ပေးကြဖို့ . . . ကဏ္ဍလေးတစ်ခု ဖွင့်ကြည့်စေချင်တာပါ ။
ရွာသူားထဲက ဖြစ်ဖြစ် အပြင်စာဖတ်သူတွေက ဖြစ်ဖြစ်
တစ်ခုခု သိချင်တာရှိတဲ့အခါ comment နဲ့ ဝင်မေးပေါ့။
ဖြေနိုင်တဲ့သူကလည်း လက်မနှေးပဲ ဝင်ဖြေပေးပေါ့။
ဥပမာ သဂျားကမေးမယ်
မေးသူ သဂျား =
လက်က ဝဲတွေ ပျောက်အောင် ဘာဆေးလိမ်းရမလဲ . . .
ဖြေသူ အန်တီပဒုမ္မာ =
သဂျားရဲ့ လက်က ဝဲတွေဟာ ရေစည်တွန်းလှည်းတွန်းလို့ ပေါက်လာတာဆိုတော့ အလုပ်ပြောင်း လုပ်ဖို ့လိုမယ်။
(ဝဲယားနာပျောက်ဆေး
တစ်ခုခုလည်း လိမ်းဖို့ ညွှန်းမယ်)
——-
မေးသူ ကနားစီးဂီဂီ=
သများတို့ ကနားအဖွဲ ့ ကနားပေးအခမ်းအနား
ဝန်ဆောင်ခတွေကို 25 % လျှော့ပေါ့ ဝန်ဆောင် ပေးမယ့်အကြောင်း ဘယ် website မှာ ကြော်ငြာသင့်ပါသလဲရှန် ့. . .
ဖြေသူ သဂျီး=
ရှောက်သီးဆေးပြားလိုက်ရောင်းတဲ့မိန်းမလျှာအပေါင်း
သူတော်ကောင်းတို့မှ တဆင့်လည်းကောင်း အလှပြင်ဆိုင်များတွင် ကြော်ငြာပိုစတာများကပ်၍သော်လည်းကောင်း ကြော်ငြာသင့်သည့်အပြင်
www.ဘာညာသာလကာ.com မှာ ကြော်ငြာလျှင်လည်း သင့်တော်ပါကြောင်းးးး
————–
မေးသူ မာမီမိုး(မိုးမင်းသား)=
သများလေ သများရဲ့ အသားအရေချောကလက်ရောင်
ဖျော့ဖျော့လေးနဲ့ ဘယ်မိတ်စကပ် လိမ်းရင် သင့်တော်သလဲ သိချင်ပါတယ်ချင့်
ပြီးတော့ သများ စလင်းဘက်ကောင်းကောင်း သုံးဖို့ ဘယ်ဘရန်းဒတ် သုံးရမလဲ သိချင်ပါတယ်ချင့်
ဖြေသူ ကေဇီ =
ဟို မိတ်စကပ်ကတော့ ဟိုလိုချိဘာလယ်
ဒီ မိတ်စကပ်ကတော့ ဒီလိုချိဘာလယ်
ဟို စလင်းဘက်ကတော့ ဟိုလိုပါ
ဒီ ပတ်တာအိတ်ကတော့ ဒီလိုပါ
————
မေးသူ အံဇာဒုံး =
အရပ်ရှည်ချင်ပါတယ် ဘယ်လိုလုပ်ရမလဲဆိ်ုတာ နည်းလေးပေးပါခည
ဖြေသူ ဦးကြောင်ကြီး=
ကလောပီနံအပင်မှာ ဘားဆွဲပါ
ကလောပီနံပင်မှာ လုပ်ထားတဲ့ ဘားမို့ ကလောဘားလို့ခေါ်ပါတယ်။
ဒီဓေါ့ ကလောဘားဆွဲပါ အံဇာ
—————
မေးသူ အလင်းဆက် =
အောင်ရဲလင်းတောင် ကျနော့်လောက် အောင်ရဲလင်းနဲ့မတူဘူးလို့ ရပ်ကွက်ထဲကလူတွေ ပြောနေကြပါတယ်။
အဲဒါ ဟုတ်ပါသလား
ဟုတ်ရင် ဘာကြောင့်ပါလဲ
ဖြေသူ ဦးခေါင် =
ဟုတ်ပါတယ် ။
အလင်းဆက်က အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့ ပို တူပါတယ် ။
ဘာကြောင့်လဲ ဆိုတော့
အောင်ရဲလင်းတောင် အလင်းဆက်လောက် အောင်ရဲလင်းနဲ့ မတူလို့ပါ ။
—————-
😀
အဲဒီလိုပေါ့လေ . . . .
ကိုယ် သိချင်တာ တစ်ခုခု ရှိရင် ဝင်မေးကြ ဖြေပေးကြရင် ကောင်းမယ်ပေါ့ ။
(((အပေါ်က အမေးအဖြေ ဥပမာတွေက ပျော်စေချင်လို့ ရွှတ်နောက်နောက် ရေးလိုက်တာပါ ။)))
တကယ်က အတည်မေးကြ ဖြေကြမှာပေါ့ ။
ကျန်းမာရေး
ပညာရေး
လူမှုရေး
ဘာသာရေး
နိုင်ငံရေး
အချစ်ရေး
အိမ်ထောင်ရေး
စသည်ဖြင့်ပေါ့ . . .
အတိုင်ပင်ခံ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်သိချင်တာတစ်ခုခု ရှိလာရင်
မေးစရာ ဆွေးနွေးတိုင်ပင်ဖို့နေရာကလေး ရှိတော့ အဆင်ပြေတာပေါ့။
အကျိုးများနိုင်ပါတယ်။
************************
လုပ်ငန်းစဉ်ကို စဉ်းစားရပါမယ်။
အဲဒီလို တိုင်ပင်ဆွေးနွေး မေးမြန်းတာတွေ ဖြေကြားတာတွေ လုပ်ဖို့
ပိုစ့်တစ်ပုဒ် ကျနော်တင်လိုက်တယ်ဆိုပါစို ့။
အဲဒီ ပိုစ့်အောက်မှာ comment နဲ့
သိချင်တာကို ဘယ်သူမဆို ဝင်မေးကြပါလိမ့်မယ်။
အဲဒီ အမေးကို ဖြေမယ့်သူကတော့ ဒီရွာသူားတွေပါပဲ ။
မေးလာမှာတွေက နယ်ပယ်စုံက အထွေထွေ အမေးတွေဆိုတော့
ဖြေဖို့ကလည်း နယ်ပယ်စုံက ဗဟုသုတအကြားအမြင်များတဲ့ လူကြီး လူငယ်တွေ ဖြစ်ဖို့လိုပါတယ် ။
ဒါက စိတ်ပူစရာမရှိပါဘူး။
ကျနော်တို့ ဂဇက်မြို့တော်သူ မြို့တော်သားတွေဟာ
နယ်ပယ်စုံကလည်း ဖြစ်တယ်။
အတွေးအခေါ်
အတွေ ့အကြုံဗဟုသုတ ရှိသူတွေလည်း ဖြစ်တဲ့အပြင်. . .
စကားပြောခြင်းအတတ်ပညာ ဆွေးနွေးတိုင်ပင်ခြင်း
အတတ်ပညာ တွေကို ကျကျနန တတ်မြောက်ထားသူတွေလည်း ဖြစ်တယ်။
ဒါကြောင့်
လောလောဆယ်မှာ ဒီမန်ဘာတွေထဲက
မေးကြ မြန်းကြတာတွေကို
ဒီ မန်ဘာတွေကပဲ
ဖြေကြ ရှင်းကြ ဆွေးနွေးတိုင်ပင်ကြမယ်။
နောက်များမှာ ဒီ ကဏ္ဍလေးထဲ ဝင်မေးဦးမှ ဆိုပြီး
မန်ဘာတွေဝင်လာကြသူတွေ ရှိလာမယ်လို့ မျှော်လင့်လို့ရပါတယ် ။
သတင်းကြီးမလာဘူးလို့ ဘယ်သူပြောနိုင်မလဲ ။
အဓိကကတော့
မန်ဘာတစ်ယောက် သိချင်တာတစ်ခုကို
တခြား သိတဲ့ မန်ဘာတစ်ယောက်က အဖြေရှာပေးသွားမယ့် လူမှုကူညီရေးအတိုင်ပင်ခံကဏ္ဍ အဖြစ် အကျိုးပြုနိုင်ဖို့ပါ။
ဒီ အမေးတွေကို ဖြေဖို ့ရာမှာ ဖြေမယ့်အဖွဲ ့ဆိုပြီး သီးသန့် မဖွဲ ့လိုပါဘူး ။
ဂဇက်မန်ဘာအားလုံးက အတိုင်ပင်ခံအဖွဲ့ကြီးပါပဲ။
မေးခွန်းတစ်ခု ဝင်လာတာ တွေ ့လို့ ကိုယ်ပြောပြနိုင်တာဆို
ဝင်ပြောဆို ဆွေးနွေး အဖြေရှာပြသွားတဲ့ လက်မနှေးအဖြေပေးစနစ်ကို သုံးမယ်ပေါ့ ။
((မေးခွန်းတစ်ခု သိချင်လို့မေးထားတာကို မကြာခင်မှာပဲ တစ်ယောက်ယောက်ကတွေ ့ပြီး
ဆွေးနွေးတိုင်ပင် အဖြေရှင်းချက်လေးး ပေးသွားမယ် ဆိုတော့
ဒီ နေရာဟာ ရှင်သန် သက်ဝင်လှုပ်ရှားနေတယ်ဆိုတာကိုလည်း သက်သေပြရာရောက်ပါတယ်။))
အဲဒီ အမေးနဲ့ အဖြေကို တခြားသူတွေ ဖတ်လိုက်ရရင်လည်း . . .
အသိတွေ ဗဟုသုတတွေ တိုးပွါးနိုင်တာမို့
မန်ဘာဝင်မဟုတ်သူတွေ
အပြင်ကဖတ်သူတွေ အတွက်လည်း အကျိုးရှိပါလိမ့်မယ် ။
(ရီစရာတွေ ဝင်မေးပြီး ရီစရာတွေ ဝင်ဖြေလည်း ပြဿနာမရှိပါဘူး။ ရယ်မောစရာအဖြစ် ထည့်သွင်းဖော်ပြထားမှာပါပဲ။ )
အမေးနဲ့ အဖြေတွေကို comment ထဲကနေ ပိုစ့်ထဲကို
ရရင် ရသလို ပြောင်းထည့်ပေးဖို့ကတော့ မော့မော့တွေ တာဝန်ယူရမယ်ပေါ့ဗျာ။
လောလောဆယ် ကျနော် အဲဒါကို တာဝန်ယူထားပါမယ် ။
အဲဒီ အတိုင်ပင်ခံပိုစ့် ဆိုပြီး ကဏ္ဍတစ်ခုဖွင့်ရာမှာ. . .
သူကြီးဆီက ခွင့်ပြုချက် နဲ ့အကူအညီ … နှစ်ခုတော့ လိုပါတယ် ။
(1) ဒီကဏ္ဍ ဖွင့်လှစ်တာကို ခွင့်ပြုခြင်း ။
(2) ဒီကဏ္ဍ အတိုင်ပင်ခံပိုစ့်ကို မြို့အဝင်ဝမှာ စတစ်ကီ ချိတ်ပေးခြင်း ။
စတစ်ကီ ချိတ်ပေးဖို့ တောင်းဆိုရတာ မျက်နှာတော့အပူသား. . .
ဒီလိုပိုစ့်မျိုးကျတော့ အချိန်ကြာကြာ မြင်နေရမှ အဆင်ပြေမှာမို ့ တောင်းဆိုရတာပါ။
တကယ်လို့. . .ရက်တွေကြာလာလို့မှ ဒီပိုစ့်မျိုးက အလုပ်မဖြစ် မအောင်မြင်ဘူးဆိုရင်
စတစ်ကီကနေ မစတစ်ကီ လုပ်ပေးပါတော့လို့. . .
(တလက်စတည်း. . .ကဗျာပြခန်းကတော့ စတစ်ကီချိတ်စရာမလို/မရှိတော့ပါဘူး လို ့. . .)
အဲဒီ နှစ်ချက်ကို . . .
ချစ်သော သူကြီး အနေနဲ့ လိုက်လျော ခွင့်ပြုပေးစေလိုပါတယ်လို့ တောင်းဆိုအပ်ပါတယ်ခည။
——
ဂဇက်မြို့တော်သူ မြို့တော်သားတွေကလည်း …
မိမိသိလိုသော ကိစ္စကို ဆွေးနွေးတိုင်ပင်ခြင်းနဲ့ အဖြေတစ်ခုထွက်စေဖို့
ပြီးတော့ . . . တခြားစာဖတ်သူတွေ
ဒီကိစ္စ အမေးအဖြေတွေကို ဖတ်ပြီး ဗဟုသုတရစေဖို့ . . . .
မေးကြမြန်းကြစေချင်ပါတယ် ။
ဖြေနိုင်သူကလည်း . . . .
မေးသူ/ ဖတ်သူတို့ အကျိုးရှိစေဖို့ လက်မနှေးပဲ ဝင်ဖြေပေးကြစေချင်ပါတယ်။
( ပိုစ့်ခေါင်းစဉ်ကို ” ဂဇက် အတိုင်ပင်ခံပိုစ့် ” လို့ပဲ ပေးထားမလား
တခြား သင့်တော်ရာ စကားလုံးလေး သုံးမလားလည်း သဘောထား သိချင်ပါသေးတယ်။ )
အဲဒါမျိုး အသိုင်းအဝိုင်းလေးတစ်ခုကို တည်ဆောက်ချင်တာပါ ။
သဘူတောကြလားဟင်။
အကျိုး/အပြစ်များကို ထောင့်အမျိုးမျိုးက ဆွေးနွေးဝေဖန်ပေးကြပါဦး လို့
————-
လေးစားစွာဖြင့်
အလင်းဆက်(Gazette)
25 / 4 / 2014 /