ရွှေဖိနပ်ကြီး ရှပ်တိုက်စီးနေသူများ
ကျမတို့ငယ်ငယ်က အင်မတန် စည်းကမ်းကြီးတဲ့ မိဘ၊ဖွားကြီး၊ဖွားလေး၊ကြီးတော် တွေနဲ့ နေခဲ့ရပါတယ်။ ကျောင်းကပြန်လာရင် ကျောင်းဝတ်တဲ့ ဂါဝန်ကိုချွတ်၊အိမ်နေဂါဝန်နဲ့ လဲဝတ်ရပါတယ်။(ကျမတို့က နယ်မှာနေတော့ ကျောင်းဝတ်စုံ အဖြူအစိမ်းကို ၈တန်းနှစ်ရောက်မှ စဝတ်ရပါတယ်)
ဖိနပ်ဆို ကျောင်းစီးတာက ခပ်လတ်လတ်၊အိမ်နေဖိနပ်က ခုံဖိနပ် စီးရပါတယ်။ အလှူမင်္ဂလာဆောင်သွားရင် ဖိနပ် လှလှရွရွလေးစီး၊ပြန်လာရင် ပြန်သိမ်းရပါတယ်။
အဲသလို သူ့နေရာနဲ့သူ ဝတ်ရ၊စီးရတော့ ကျမတို့ အဝတ်အစားတွေ တော်တော်နဲ့ မဟောင်းသလို ဖိနပ်တွေဆိုလည်း နှစ်ပေါက်အောင် စီးရပါတယ်။
တခါတော့ မင်္ဂလာဆောင်သွားပြီး နောက်တနေ့ ဖိနပ်အကောင်းလေးကို ကြွားချင်လို့ ကျောင်းကိုစီးသွားမိပါတယ်။ မိုးရွာတာနဲ့ တိုးတော့ ဖိနပ်အသစ် ရွရွလေးဟာ တခါတည်းပြတ်ပြီး ကျောင်းအပြန် ဖိနပ်ပြတ် လက်ကကိုင်ပြန်ခဲ့ရပါတယ်။
အင်မတန် စည်းကမ်းကြီးတဲ့ ကြီးတော်က ` ရွှေဖိနပ် ရှပ်တိုက်စီးတဲ့ သူဌေးမ၊ ဒီလိုသာဆို ခုဆင်းရဲရင် နောင်ဘယ်တော့မှ မချမ်းသာဘူး၊ခုချမ်းသာရင် နောင်တာရှည်မခံဘူး´ဆိုပြီး ဆူတာ ခံခဲ့ရလို့ တသက်လုံးမှတ်သွားပါတယ်။ နောင်ဆိုရင် ဒူးနေရာဒူး၊တော်နေရာတော် ဆိုသလို ဝတ်ရစီးရပါတော့တယ်။
အခုတော့ ရွှေဖိနပ် ရှပ်တိုက်တဲ့ သူတွေ တွေ့နေရပြန်ပါပြီ။
မရမ်းကုန်းမြို ့နယ် (၁)ရပ်ကွက်ရှိ ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတားကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ(၂၄)ရက်နေ့က စတင်ဖြတ်သန်းခွင့်ပြုပြီး ကားများ သွားလာဖြတ်သန်းနေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ – ဘိုဘို၊ မဇ္ဈိမ) အဆိုပါ ခုံးကျော်တံတားကြီးကို FMI အုပ်စုကုမ္မဏီက ၂၀၁၂ ခုနှစ် ဇွန် ၅ ရက်တွင်ပန္နက်တင်ကာ တည်ဆောက်မှု စတင်ခဲ့ပြီး ဘုရင့်နောင်လမ်းအတိုင်းတည်ရှိမည့် ဒုတိယတံတားအလွှာသည် အရှည် ၁၄၂ရ ပေ၃ လက်မ၊ အကျယ် ၅ရ ပေ ၉ လက်မ၊ချဉ်းကပ်လမ်း အလျား ၅၁၆ ပေ ၂ လက်မနှင့်ခံနိုင်ဝန် ၇၅ တန်ဖြစ်ပြီး၊ သမိုင်းဘူတာရုံလမ်းအတိုင်းတည်ရှိမည့် ပထမအလွှာတံတားသည် အရှည် ၂၄၁၄ ပေ ၁ဝ လက်မ၊အကျယ် ၃၂ ပေ ၁ဝ လက်မ၊ ချဉ်းကပ်လမ်း အလျား ၃၉၃ ပေ ၉ လက်မနှင့် ခံနိုင်ဝန် တန် ၆ဝ ဖြစ်ပြီး RC နှစ်ထပ်ကွန်ကရစ်တံတားဖြစ်သည်။
ဒီ ခုံးကျော်က တံတားပေါ်က ဖြတ်မောင်းလို့ရသလို တံတားအောက်က သွားရင်လည်း လိုရာ ရောက်ပါတယ်။
မီးပွိုင့်ဖြတ်ရရင် အချိန် နည်းနည်း စောင့်ရတာ တခုပဲ ကွာပါတယ်။
တကယ်ဆို တံတား ခံနိုင်ဝန် တန် ၇၀/၇၅ တန် ဆိုပေမယ့် အမြင့်မှာ တင်ထားရတဲ့ ပစ္စည်းတွေကို တတ်နိုင်သလောက် ထိန်းထိန်းသိမ်းသိမ်း သုံးသွားပါမှ ရေရှည် အသုံးခံမှာပေါ့။
အခုတော့ ဝန်ပြည့်နဲ့ ကွန်တိန်နာကားတွေ၊ကုန်တင်ကားတွေ ခုံးကျော်တံတား အသစ်စက်စက်ကြီးပေါ် တဝေါဝေါ ဖြတ်မောင်းနေတာ မြင်ရတော့ ရွှေဖိနပ်ကြီး ရှပ်တိုက်စီးနေကြတာ ကြည့်နေရသလိုပါပဲ။
ကိုယ့်အိမ်မှာသာဆိုရင် ဝန်လေးတဲ့ ပစ္စည်းကို အိမ်ရဲ့ ဆင့်တွေ၊ကြမ်းတွေနာမှာ စိုးလို့ အပေါ်ထပ်မတင်ပဲ အောက်ထပ်ပဲ ထားတတ်ကြတာပါ။
ဒီဝန်လေးနဲ့ ကားတွေက အောက်ဆုံးအလွှာဖြစ်တဲ့ မြေပေါ်ကသွားလည်း ဒီခရီးကို ရောက်တာပါပဲ။
ပေ ၂ဝ ကွန်တိန်နာအပြည့် ဆန်(သို့)ပဲဆိုရင် ကုန်ချည်းပဲ ၂၄ တန်/၂၅ တန် အလေးချိန်ရှိပါတယ်။ကားရဲ့ အလေးချိန်ပါပါရင် တန် ၃ဝ ဖြစ်ပြီပေါ့။အသွားအပြန် ကွန်တိန်နာ ၂စီး မျက်နှာချင်းဆိုင်ဖြတ်ချိန်မှာ စုစုပေါင်းတန် ၆ဝ တပြိုင်တည်း တံတားပေါ်ရှိနေပြီ။
ကပ်လျက် ကုန်ကားတွေ အလေးချိန်ပါဆိုရင် ခံနိုင်ဝန် ကပါတော့မလား။
အခု ၂၀၁၃ နိုဝင်ဘာလကမှ ဖွင့်တဲ့ အသစ်စက်စက်မို့ မသိသာပေမယ့် ၁နှစ်၊ ၂နှစ်၊၃ နှစ် ဆိုလာရင် ဘယ်လိုနေမလဲ။
ဒီခုံးကျော်တံတားရဲ့ သက်တမ်းကို တာဝန်ရှိသူတွေက ဘယ်လောက်ထိပဲ မျှော်မှန်းထားပါသလဲ။
အခုက တောင်မြောက်တန်းနေတဲ့ ဘုရင့်နောင်လမ်းနဲ့ တည့်တည့်ကသာ ဝန်လေးကားတွေ ဖြတ်နေကြသေးတာ။ ဘုရင့်နောင် တံတားအသစ်ဆောက်တာ ပြီးသွားလို့ ကားကြီးတွေပါ ပေးသွားတဲ့အခါကျရင် အရှေ့အနောက်တန်းတဲ့ တတိယအလွှာ(သမိုင်းဘူတာရုံလမ်းတည့်တည့်)မှာလည်း ဒီလိုပဲ ကားကြီးတွေ ပေးဖြတ်မှာလား။
တွေးတွေးပြီး ရင်လေးမိပါတယ်။
`ဒါ အစိုးရဆောက်တဲ့ တံတား သူ့ဖာသာ ဘယ်လောက်ခံခံ /ဘယ်တော့ ပျက်ပျက် နင့်အပူ တပြားသားပါလား´ လို့တော့ မပြောကြဘူးလို့ ထင်ပါတယ်။
တကယ်တော့ လမ်းတံတားဆောက်တဲ့ ပိုက်ဆံတွေဟာ ကျမတို့ ဆောင်ထားတဲ့ အခွန်အတုပ်တွေက ရတာဖြစ်လို့ ကျမတို့ ပြည်သူတွေ ပိုင်ပါတယ်။ ထိန်းသိမ်းဖို့ တာဝန်လည်း ကျမတို့မှာ ရှိပါတယ်။
အခုတောင် လှိုင်မြို့နယ်ဖက် အဆင်း တံတားအကွေ့နေရာမှာ ကုန်ကားကြီးတွေ ဘရိတ်မှေးရတော့ ခင်းထားတဲ့ ကတ္တရာကို အလွှာလိုက်တွန်းသလိုဖြစ်ပြီး လှိုင်းတွန့်ကြီးဖြစ်နေပါတယ်။ သိတဲ့ မြင်မိတဲ့ သွားနေကျ ကားတွေကတော့ အဲဒီနေရာကို ကွေ့ရှောင်မောင်းရတာပေါ့။
အကယ်၍ သွားနေကျလည်း မဟုတ်၊မူးပြီး သတိလည်းမရှိတဲ့ ကားသမားမျိုးများ ညဖက် အရှိန်ပြင်းပြင်းမောင်းလာရင်တော့ တံတားပေါ်က ဒိုင်ဗင်ထိုးဆင်းတဲ့ ကားဇာတ်လမ်းတွေ ကြားလာရပါလိမ့်မယ်။
မျက်တောင်မွေး တဆုံးသာမက မျက်စိတဆုံး ကြည့်တဲ့ တာဝန်ရှိသူမျိုးနဲ့ တွေ့ကြုံ ဆုံစည်းရပါလို၏ လို့သာ ဆုတောင်းချင်ပါတော့တယ်။
ကျမကြီးတော်သာ အသက်ထင်ရှားရှိသေးရင်တော့……..
32 comments
ကေဇီ
April 26, 2014 at 7:33 am
I will be back, Aunty Don.
🙂
ရှူံးနိမ့်မှုများနဲ့.. လူ
April 26, 2014 at 8:33 am
ဆိုတော့ကာ အာတီဒုံ..
`ဒါ အစိုးရဆောက်တဲ့ တံတား သူ့ဖာသာ ဘယ်လောက်ခံခံ /ဘယ်တော့ ပျက်ပျက် နင့်အပူ တပြားသားပါလား´ လို့တော့ မပြောကြဘူးလို့ ထင်ပါတယ်။
တကယ်တော့ လမ်းတံတားဆောက်တဲ့ ပိုက်ဆံတွေဟာ ကျမတို့ ဆောင်ထားတဲ့ အခွန်အတုပ်တွေက ရတာဖြစ်လို့ ကျမတို့ ပြည်သူတွေ ပိုင်ပါတယ်။ ထိန်းသိမ်းဖို့ တာဝန်လည်း ကျမတို့မှာ ရှိပါတယ်။
လမ်းမှာ ဘရိတ်တွေအုပ်ကြလို့ လှိုင်းတွေတွန့်တယ်ပေါ့၊ ဟုတ်သလိုလိုရှိပါတယ်။ ကျွန်တော်လဲ မငြင်းပါဘူး။ ဘုရင့်နောင်တံတားအမှတ် ၂ များပြီးရင်ပိုဆိုးမယ်လို့လဲပြောတော့ ဒါလဲ ဟုတ်ပါတယ်ပေါ့။ ပိုပြီးတော့ ဆိုးလာနိုင်စရာရှိလာတယ်ပေါ့။
ပြောရရင် ကျွန်တော်အခု UAE မှာနေနေပါတယ်။ ယခင်က ဆင့်ကာပူရမှာ နေခဲ့ဖူးပါတယ်။ တစ်ကယ့်ကို ဆန့်ကျင်ဖက်နိုင်ငံနှစ်ခုပါ။ တစ်ကယ်တော့နေခဲ့တယ်ဆိုတာ နိုင်ငံမြှောင်(အိမ်မြှောင်သာသာ) ဘဝပါ။ ဒါပေမယ့် မျက်လုံးကြီးပါနေတော့ ရသလောက်လေး လေ့လာမိသပေါ့။ ဆင့်ကာပူရဆိုတာ သတိရတိုင်း မိုးက ထရွာနေတာ။ မိုးတွင်းနဲ့ မိုးနည်းနည်းပဲရွာတယ်။ ဂလိုရာသီဥတုဆိုတော့ ဘယ်လို မြန်မာမှုပြုရမလဲမသိဘူးပေါ့။ ကျော့်ဆီကစကားလုံးအသစ်အဆန်းရတယ်ပဲ ပြောနေတော့ မပြောတော့ဘူး။ ဆင့်ကာပူရက အပျိုဖြန်းရာသီဥတု ပိုင်ရှင်လေးပေါ့။ လေတိုက်တိုင်းရီနေတာ။
ပြောနေရင်း ဘယ်ရောက်သွားတယ်မသိ။ စိတ်မရှိပါနဲ့ဗျာ၊ ယောကျာ်းသုံးရေမွှေးလေး နည်းနည်းများနေလို့။
ဆိုတော့ မိုးများရင် လမ်းတွေ ပျက်တယ်ပေါ့။ အဲ့ဒီမှာ နှစ်ပိုင်းတွေ့သဗျ။ တစ်ပိုင်းက ဘီအီး၊ နောက်တစ်ပိုင်းက ဘလက် (အော် ခက်နေပြီ.. ကိုယ်ကြိုက်တာလေးတွေ) ပထမတစ်ပိုင်း လမ်းတွေကောင်းတာက ကွန်ထရက်တာတွေပေးပြီး ပျက်ရင် တာဝန်ယူခိုင်းတာ၊ နောက်တစ်ပိုင်းက ရေနှုတ်မြောင်းကြီးတွေများ သေချာမြင်ဖူးချင်ရင် ချွာချူးကန်မှာ သွားကြည့် နည်းတာကြီးမဟုတ်ဘူး။ အဲ့လိုလုပ်ထားတော့ ရေမတင်တော့ဘူး၊ လမ်းတွေလဲ ပျက်တယ်မဆိုနဲ့ လှိုင်းတွန့်တယ်တောင် မရှိဘူး၊ တွေ့မိတာများပြောပါတယ်။
ကျွန်တော်ခုနေတဲ့နေရာမှာလည်း အဝေးပြေးလမ်းမကြီး ကျွန်တော်နေတဲ့ ဘေးနားမှာ ဖောက်နေတာ နှစ်နှစ်ရှိပြီ၊ မပြီးသေးဘူး၊ လမ်းဟောင်းလေးကို နှစ်ပိုင်းခွဲပြီးမောင်းနေရတာ။ လမ်းလဲမပြီးသေးသလို လမ်းဟောင်းလဲ မပျက်သေးဘူး။ ဘာလို့လဲဆိုတော့ လမ်းတွေကို သေသေချာချာ ရေရှည်မျှော်မှန်းပြီး ကျကျနန လုပ်နေတဲ့ အင်ဂျင်နီယာတွေကြောင့်ပဲ။
ဘယ်လိုဆိုဆိုဗျာ၊ တစ်ထောင်နဲ့ လမ်းခင်းခိုင်းတာဖြစ်ဖြစ်၊ တစ်သောင်းနဲ့ လမ်းခင်းခိုင်းတာဖြစ်ဖြစ်၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာရင် တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းလေးတွေရှိလာပြီ။ ကိုယ့်တာဝန်ကိုကျေအောင် လုပ်ကြမယ်၊ ဟာကွာ… ငါဒီလမ်းခင်းပြီးလို့ နောက်မှ ပျက်ချင်လဲ ပျက်ပစေ၊ ငါ့တာဝန်ပြီး ပြီးတာပဲ ဆိုတာတွေလဲ တစ်ပိုင်းပါမယ်ထင်ပါတယ်။
ဘယ်လိုပဲ ဆိုဦးတော့ တစ်ချိန်တုန်းက ၁၉၉ဝ လောက်တုန်းက လှိုင်သာယာကို ငှက်နဲ့ ကူးနေရတုန်းထက်စာရင် ခုလို တုန်ချိ တုန်ချိနဲ့ ကူးနိုင်နေတာ တော်ပါသေးတယ်။ အစိုးရလဲ သောက်သုံးမကျတဲ့ စီမံခန့်ခွဲမှုရှိသလို တာဝန်ယူတဲ့ အင်ဂျင်နီယာတွေလဲ သောက်သုံးမကျတာ အားမရဘူးဗျာ။
စကားအတင်းစပ်ပြောရရင် FMI က ဆောက်တယ်ဆိုကတည်းက အဲ့ဒီတံတားကို ခုထိ အပြစ်မမြင်မိသေးဘူး။ သူတို့က နာမည်တစ်လုံးကို ထိန်းသိမ်းလာတာ။
(မြင်မိသမျှလေးပါ)
မူလလက်ဟောင်း
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
kyeemite
April 26, 2014 at 8:48 am
တစ်ခါတစ်ခါ ကားတွေဂျမ်းဖြစ်လို့ တံတားပေါ်မှာ ကားတန်းကြီးပိတ်ပြီး တစ်လှိမ့်ချင်းသွားနေရရင်ပိုဆိုးတာပေါ့….ကားအားလုံးအလေးချိန်တွက်ဘကည့်ရင်ောကာက်စရာပဲ အာတီဒုံရေ… :chee:
surmi
April 26, 2014 at 8:58 am
တောင်မြောက်တံတားပေါ်မှာ ကတ္တရာပေါက်ပြီး လဖုထစ်တွေဖြစ်ကုန်လို့ပြန်ပြင်ပြီးနေပါပြီ ။
လှည်းတန်းဂုံးကျော်ကို လက်ရာကြမ်းလှတယ်မှတ်တာ
သူနဲ့ကျမှ ဩချရပလေတယ် ။
သိပ်ကြာမယ်မထင်ပါဘူး ။နှစ် နှစ်ဆို အဖြေပေါ်မယ်ထင်ပါတယ်
surmi
April 26, 2014 at 9:02 am
အဖုအထစ်တွေဖြစ်ကုန်ပြီ ဟုပြင်ဖတ်ပေးပါရန်။
(ဖုန်းနဲ့စာရိုက်ရတာမို့ ခွင်လွှတ်ကြပါခင်ဗျ။စာလုံးပေါင်းမှားခြင်းနှင့် စာလုံးလွဲမှားစွာထိမိခြင်းများကြောင့် များစွာအခက်အခဲဖြစ်ရပါသည် )
Mr. MarGa
April 26, 2014 at 9:27 am
မျက်စိတစ်ဆုံး မကြည့်တဲ့ လူကြီးတွေ လို့ပဲ ပြောရမလား
အကျိုးအမြတ်ပဲ အဓိကကြည့်နေတဲ့ ကန်ထရိုက်တာတွေ လို့ပဲ ပြောရမလား
ရှေ့နောက်မကြည့် မောင်းကြတဲ့ ကုန်တင်ယာဉ်တွေ လို့ပဲ ပြောရမလား
ပြောရမှာတွေက များတယ်ဗျာ
ဆိုတော့ ကိုယ်တိုင်ပဲ တန်ဖိုးထားတတ်အောင် အရင် ပြင်ဦးမှ….. 🙁
Kaung Kin Pyar
April 26, 2014 at 9:36 am
ဒါက တံတားရဲ့ Quality နဲ့ရော လူတွေရဲ့ စိတ်ခံစားမှုနဲ့လဲ ဆိုင်မယ် ထင်တယ်။ ခု အဲ့ဒါ ဆောက်ထားတာ မကြာသေးပေမယ့် အဲ့လို လှိုင်းတွန့်တွေ စ ပေါ်နေပြီ။
ပြီးတော့ လူတွေရဲ့စိတ်ကလဲ တမျိုးပဲ။ အာတီဒုံ တွေးသလိုမျိုး ထိန်းသိမ်းရမယ်ဆိုတာထက် အမြင့်က သွားပြီး အောက်ခြေမြင်ကွင်းကို ကြည့်ရတာ သဘောကျကြတယ် ထင်ပါတယ်။
ကောင်းကင်ပြာဆို ရုံးရှိတဲ့ ရက်တွေတိုင်း အဲ့လမ်းက ဖြတ်ရတယ်။ မီးပွိုင့်နားမှာမှ တက်တဲ့သူရှိလို့ အောက်ဘက်လမ်းက သွားပေမယ့် အဲ့လူမလာလို့ အပေါ်လမ်းကများဖြတ်ရင် ကားပေါ်အိပ်လိုက်လာတဲ့သူတွေတောင် ဟိုဟိုဒီဒီမြင်ကွင်းကို ထ ကြည့်ကြတာ သတိထားမိတယ်။ ဒါကြောင့် ကားကြီးမောင်းတဲ့ သူတွေလဲ ဒီလိုမြင်ကွင်းမျိုးလိုချင်လို့ တံတားခံနိုင်ဝန်ဆိုတာ မစဉ်းစားဘဲ တက်ကြည့်ကြတယ် ထင်ပါရဲ့။
ရှူံးနိမ့်မှုများနဲ့.. လူ
April 26, 2014 at 9:54 am
ကိုကောင်းကင်ပြာရေ..
လူတွေရဲ့စိတ်ခံစားမှုနဲ့ဆိုင်တယ်ဆိုတာ မငြင်းပါဘူး။
အဲ့ဒီခံစားမှုတွေနဲ့ပဲ သူတို့အလုပ်တွေလုပ်နေကြလို့ ဒီလိုအကျိုးတွေဖြစ်လာတယ်ပေါ့။
အကျိုးကြောင့် အကြောင်းတွေဖြစ်လာတယ်ပေါ့။
တစ်ချို့ကလဲ အကြောင်းကြောင့် အကျိုးဖြစ်တယ်တဲ့။ ဟုတ်ပါတယ်ပေါ့။
ဆိုတော့ ကျွန်တော်တို့ တက်ကကြတဲ့သိုလ်ဆိုတာကြီးကို ပထမနှစ်ခိုးချကြဖို့ပြင်တုန်းကပေါ့။ လူတိုင်း ၃၀ဝ ပေးရတယ်၊ ကျုပ်က ပေးစရာမရှိလို့ မပေးဘူး၊ မကူးဘူး၊ အဲလိုမကူးတာကြောင့်ပဲ အပြစ်ကြီးဖြစ်လို့၊ ကျုပ်နားမှာပဲ ဆရာမက ရပ်နေပြီး လှုပ်ရင်လှုပ်လို့၊ ရေးရင်ရေးလို့ လာရစ်နေတာနဲ့ ရှေ့ခုံက ဘုန်းကြီးက သင်္ကန်းကြီးလှပ်ပြပြီး ဆရာတော်လည်း ကူးနေတာ ဆရာတော်နားလာနေပါကွယ်ဆိုမှ ငြိမ်သွားတယ်။
ဆိုတော့ မပေးလဲ မပေးဘဲ ကူးလဲမကူးတဲ့ ကျုပ်ကပဲ အပြစ်ရှိသလား
ကူးလဲကူး ပေးလဲမပေးတဲ့ ဆရာတော်ကပဲ အပြစ်ရှိလား
ပေးလဲပေး ကူးလဲ ကူးနေတဲ့ကျန်တဲ့သူတွေပဲ အပြစ်ရှိလားလို့
တစ်ကယ့်အမှန်တရားမှာတော့ အားလုံးအောင်တယ်၊ ပထမနှစ်ကို လူတိုင်းအောင်တယ်
ပညာမတတ်ဘွဲ့ရတွေ အများကြီးပဲ
အဲ့ဒါ စိတ်ခံစားမှုတွေကြောင့်လား
နည်းစနစ်တွေကြောင့်လား
တစ်ကယ်တော့ ကိုယ့်အမြင်နဲ့ကိုယ်ဆို
ကိုယ့်တာဝန်အသီးသီး
ကိုယ်မကျေကြလို့ပါ ကင်းကောင်ပြာရေ။
မဟာရာဇာ အံစာတုံး
April 26, 2014 at 10:18 am
ဟတ်လူ ..
အလန့်ထညက် …
ဟိုက “ကို” .. ဟုတ်ဘူး .. “မ” .. ဗျ .. “မ” … :mrgreenn:
ဒဂယ်ထဲ .. သူ့လေဒီကလွဲပြီး ကျန်တဲ့လူ အကုန် ကို ပဲ ထင်နေဒလား မတိဘာဘူး …
Kaung Kin Pyar
April 26, 2014 at 10:16 am
Agree with it. ဒါပေသည့် ကိုကောင်းကင်ပြာဆိုတာကတော့ နည်းနည်းဆိုးတယ်။
ဒါကလဲ ကောင်းကင်ပြာ ရွာမလည်ဖြစ်တာ ကြာလို့လဲ ဖြစ်နိုင်ပါတယ်။ 😀
Kaung Kin Pyar
April 26, 2014 at 10:17 am
Agree with it. ဒါပေသည့် ကိုကောင်းကင်ပြာဆိုတာကတော့ နည်းနည်းဆိုးတယ်။ 😀
ဒါကလဲ ကောင်းကင်ပြာ ရွာမလည်ဖြစ်တာ ကြာလို့လဲ ဖြစ်နိုင်ပါတယ်။ 😀
မဟာရာဇာ အံစာတုံး
April 26, 2014 at 10:21 am
ဦးကျော်သူ စကားလုံး ငှားပြောလိုက်ဦးမယ် …
ကျနော်သာ သမ္မတကြီး ဖြစ်ခဲ့ရင် ….
အာတီဒုံ ကို သမ္မတ အကျန်ပေး ခန့်ပလိုက်မယ် ….
ဘယ်လို သဘောရဒဒုံး … :mrgreenn:
ROssI
April 26, 2014 at 11:01 am
ကုန်တင်ကား ဆိုလို့ တလောလေးက … သတ်မှတ်ကုန်ချိန်တို့ ..
အာချလံ ..စံ တို့ ပေါ်လိုက်သေးတာ မှတ်မိတယ်…
ဘာတဲ့ …ဟိုဘက်က … ကုန်ဈေးနှုန်း (အခြေခံစားကုန်) တက်ကုန်မယ် ဆိုတဲ့
အကွက်နဲ့ ချက်မိတ် လုပ်လိုက်တာ ..အသံတွေ အကုန် ပျောက်လို့ ..
တလောလေးက ရခိုင်သွားတော့ .. လူစီးကား ကုန်တိုက်တာပြောပါတယ်..
အသွား စားအုံးဆီ အပြန် ဂဏန်း နဲ့ တူတူစီးခဲ့ရတယ်..
ကိုင်း
မိဘပြည်သူများ ခံဗျာ …။
ရွှေတိုက်စိုး
April 26, 2014 at 12:05 pm
ရွှေဖိနပ်ကြီး ရှပ်တိုက်စီးယုံတင်မကပါဘူးဗျာ… အဲဒီ ဖိနပ်ပျက်နေရင်လဲ ပြင်မဲ့သူမရှိပါဘူး..
အသစ်အသစ်တွေဝယ်စီးနေသမျှကာလပတ်လုံး နလန်ကိုထူနိုင်မှာမဟုတ်ဘူး…
တော်ပါပြီ မပြောတော့ပါဘူး.. ခလေး ခလေးနေရာနေတာပဲကောင်းတယ်.. လူကြီးတွေပဲပြောကြတော.. အဟိ
လင်း ထက်
April 26, 2014 at 1:15 pm
ပုံမှန်ဆို တံတားတစ်စင်းကိုဒီဇိုင်းလုပ်ရင်..ယာဉ်တစ်စီး(တန် ၆၀)ကို..တံတားပေါ်မှာ..၁ပေချင်း(တခါတရံ ၁ဝပေ)စီရွှေတယ်လို.ယူစပြီး.Case တခုပေါ့..နောက်..တံတားအပြည့်..ယာဉ်တွေ..ရှိတယ်လို.ယူဆပြီး..Case တခုပေါ့…အဲထဲကမှ..အများဆုံးဖြစ်တဲ့ Case ကိုယူပြီး..ဒီဇိုင်းလုပ်တာပေါ့….ဒါတောင် Safety Factor မပါသေးဘူး…ဒါကြောင်..အင်ဂျင်နီယာ..Rule ကိုလိုက်ပြီးပြည့်ပြည့်ဝ၀..(ဆောက်လုပ်စဉ်မှာလည်း..Quality အပြည့်) ဆိုရင်..ပူစရာမလိုဘူးပေါ့..အဲ..ဒီဇိုင်းကတော့..အမှန်အကန်နဲ…ဆောက်လုပ်မှ..ဟိုဟာခို..ဒီဟာခိုဆိုရင်တော့…..ပိုဆိုးတဲ့ကေ့စ် က ဒီဇိုင်းမှာလည်း..ခိုတာ..ဆောက်လုပ်စဉ်မှာလည်းခိုထားဆိုရင်တော့……………………………..
ရှူံးနိမ့်မှုများနဲ့.. လူ
April 27, 2014 at 2:37 am
Welcome ဗျာ
ဒီအကြောင်းလေးကို ခုလို အင်ဂျင်နီယာပိုင်းဆိုင်ရာအမြင်တစ်ခုနဲ့ ပြောပြသွားတာ။ ဖြစ်နိုင်ရင် ဒီတံတားတည်ဆောက်ပုံ၊ ဘယ်နည်းပညာတွေနဲ့ ဆောက်တယ်ဆိုတာတွေ၊ တစ်ခြားအမြင်လေးတွေရှယ်ကြည့်ပါလား..
မှတ်မှတ်ရရဆို အဲ့ဒီတံတားဆောက်တော့ TATA တံဆိပ် တစ်ပါတွေသုံးတာမြင်တော့ တစ်ချို့က တရုတ်ကားတွေသုံးပြန်ပြီပြောတယ်။ အဲ့ဒီကားတွေမှာ ဆောက်လုပ်ရေးတံတိပ်တပ်ထားတာတွေမြင်တော့ အရင်က တစ်လသုံး ဂျုံးဂျူံးကျ အေရိုးလပ်စ်ကားကြီးတွေ ပြေးမြင်တယ်။
စိတ်ပါဝင်စားရင် ဝင်ဆွေးနွေးပေးပါဦးလို့။
TNA
April 26, 2014 at 1:56 pm
အခုဟာက နေရာတိုင်းရွှေဖိနပ်ကြီးရှပ်တိုက်စီးနေတာပါပဲအန်တီဒုံရယ်။ မောဘာဘိ။ အဲ့ဒီကွန်တိန်နာသမားတွေရဲ့တွေးခေါ်စွမ်းအားကလဲ တကယ့်ကို အောက်ခြေနားကပ်နေလေတော့ လုပ်တဲ့သူကလုပ်သွား ဖျက်တဲ့သူက အမှီလိုက်ဖျက်ဆိုတာလိုမျိုးပေါ့။ တံတားပေါ်တော့မသိဘူး။ အိမ်နားတော့ ညဆယ်နာရီလောက်ဆိုရင် အဲဒီကွန်တိန်နာကားမောင်းပြိုင်ပွဲက မကြားချင်မှအဆုံးပဲ အန်တီဒုံရေ။ တံတားတွေလဲ ဘာသံမှမကြားရရင်တော့ မကြားရသေးလို့ပေါ့လေ။ ကြားလဲမကြားချင်ဘူး ရယ်။ စည်းကမ်းထိမ်းမဲ့လူရယ် စည်းကမ်းလိုက်တာမဲ့သူရယ် အပေးအယူမျှဖို့ဆိုတာတော့ ကျွန်မတသက်တောင်မှီမှမှီပါတော့မလားလို့ 😥
Ma Ma
April 26, 2014 at 2:42 pm
` ရွှေဖိနပ် ရှပ်တိုက်စီးတဲ့ သူဌေးမ၊ ဒီလိုသာဆို ခုဆင်းရဲရင် နောင်ဘယ်တော့မှ မချမ်းသာဘူး၊ခုချမ်းသာရင် နောင်တာရှည်မခံဘူး´
အဲဒီလို ဆုံးမတာကို ခုခေတ်ကလေးတွေ၊ လူငယ်တွေ ကြားဖူးကြမယ်တောင် မထင်ဘူး။
အဲဒီတုန်းကလည်း ခုခေတ်ကလေးတွေ မလွယ်ဘူးဆိုပြီး လူကြီးတွေပြောသလို…
ခုတော့ ကိုယ်တိုင် အဲဒီစကားကို ပြောနေရတယ်။
ဝင့်ပြုံးမြင့်
April 26, 2014 at 3:02 pm
ဘယ်ပစ္စည်းမဆို အသုံးခံအောင် ရိုရိုသေသေသုံးစွဲဖို့၊ နေရာတိုင်းမှာ စည်းကမ်းရှိဖို့၊ စည်းကမ်းရှိမှ ဘဝင်မမြင့် အောက်ခြေမလွတ်၊ စိတ်ဓာတ်ပိုင်းမှာပါ ကောင်းလာတာ ကြော် ထောက်ခံပြီး ကိုယ်တိုင်လည်း လိုက်နာပါတယ်။ အဲဒီစိတ်ဓာတ်လေးဝင်နေတာ တရုတ်သွေးနည်းနည်းပါလို့များလား မသိဘူး။ များများပါရင် ပိုကောင်းမှာ။ ဗမာတွေ စည်းကမ်းမရှိဘူး အာတီဒုံရယ်။ သိမ်းကျုံးပြောတာ မဟုတ်ပေမယ့် ၉၀%လောက်ဟုတ်တယ်။ နေရာတိုင်း နေရာတိုင်းမှာ စည်းမရှိဘူး။ ပြည်သူပိုင်ပစ္စည်းဆို ပိုတောင် ပစ္စလက္ခတ်လုပ်ဦးမယ်။ အထက်က မသဲနု ပြောသလို ဒီတစ်သက် မမီနိုင်တော့ပါဘူး။
•*¨နန်းတော်ရာသူ •*¨
April 26, 2014 at 8:07 pm
ကျောင်းကပြန်လာရင် ကျောင်းဝတ်တဲ့ ဂါဝန်ကိုချွတ်၊အိမ်နေဂါဝန်နဲ့ လဲဝတ်ရပါတယ်။(ကျမတို့က နယ်မှာနေတော့ ကျောင်းဝတ်စုံ အဖြူအစိမ်းကို ၈တန်းနှစ်ရောက်မှ စဝတ်ရပါတယ်)
ဖိနပ်ဆို ကျောင်းစီးတာက ခပ်လတ်လတ်၊အိမ်နေဖိနပ်က ခုံဖိနပ် စီးရပါတယ်။ အလှူမင်္ဂလာဆောင်သွားရင် ဖိနပ် လှလှရွရွလေးစီး၊ပြန်လာရင် ပြန်သိမ်းရပါတယ်။
(အာတီဒုံရဲ့အပျိုးလေးက ကျွန်မရဲ့အကျင့်နဲ့ထပ်တူကျပါတယ်။မိမိပိုင်ပစ္စည်းလေးတွေကိုစည်းကမ်းတကျသုံးစွဲကြသလို ပြည်သူပိုင်ပစ္စည်းတွေကိုလည်းစည်းစနစ်တကျသုံးစွဲကြစေလိုပါတယ်။)
ကိုပေါက်(မန္တလေး)
April 26, 2014 at 11:41 pm
ဒီ မှာ ကကိူ်ယ် က ဝိုင်း ကူ မ ပေး ဘဲ
လုပ် ပေး သူ ကို အပြစ် ပြော တာ များ နေ တဲ့ အကျင့် ကို ပြင် သည့် ပြိ
etone
April 27, 2014 at 1:25 am
အာတီဒုံရေ
ဒီဂုံးကျော် တံတားတွေ ဆောက်လို့ ကားပိတ်တဲ့ ဒဏ်ကို အလူးလဲ ခံရင်း နေ့ပြီးမလား ညပြီးမလား ရုံးတက်ရုံးဆင်းတိုင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ငေးရတာ အမောပဲ ….. ။ ပြီးသွားလို့ သိပ်မကြာဘူး အဲ့ဒီဘက်အလုပ်မဆင်းရတော့ဘူး …. ။
ဆောက်တုန်းက … တိုင်တွေကိုမြေအောက်ကို တူးစိုက်ထောင်ပြီး တတိုင်နဲ့ တတိုင်ကြားမှာ ကွန်ကရစ်တုံးအရှည်တွေကို အံဝင်ခွင်ကျဖြစ်အောင် ကရိန်းနဲ့ မတင်ပြီးတခုနဲ့ တခု ပြန်ထပ်ထားတာ … အပေါ်က ကတ္တရာလောင်းဘာညာနဲ့ဆိုတော့ … လမ်းဖြစ်သွားရော … ဒါကတော့ လူဗြိန်း မြင်တာကိုပြောတာ ။ တံတားဖွင့်တဲ့နေ့မှာ ကွန်တင်နာတွေ တဝေါဝေါပြေးနေတာ တွေ့တော့ …. တအံ့တဩဖြစ်ခဲ့တယ် …. ။ ဒါပေမယ့်လည်း အဲ့ဒီ ဒုတိယအလွှာက ကွန်တင်နာတွေပြေးဖို့အတွက်ရည်ရွယ်ပြီး လုပ်ထားသလိုပါပဲ ….. ။ တတိယအလွှာထက် ဒုတိယအလွှာရဲ့ တိုင်တွေက ပိုစိတ်ပြီး ပိုတုတ်ပါတယ် … လမ်းရဲ့ ဗျက်ကလည်း ပိုကြီးပါတယ် … ။
အရင်ကဆို မိုးတွေရွာလို့ ရေလျှံလျှင် ဘုရင့်နောင်လမ်းဆုံက ရေကြီးတယ် …. စက်မှု ဇုံဘက်က ကားတွေရယ် ပွဲရုံဘက်က ထွက်တဲ့ ကားတွေရယ် လမ်း လုမောင်းလို့ … ခနခန လမ်းပိတ်ခဲ့တယ် …. ။ ဒီကြားထဲ ပေါက်တောဝဘက်ကနေ အေးရှားဝေါလ်ကို သွားတဲ့ ကွန်တင်နာလမ်းကြောင်း(ဘုရင့်နောင်တံတားက ကွန်တင်နာ ပေးမဖြတ်ပါဘူး ။ ဒါကြောင့် အောင်ဇေယျကပဲ ဖြတ်ရပါတယ် ) ကလည်း ရှိပြန်တော့ … ဘုရင့်နောင်လမ်းဆုံက နေ့တိုင်း ကား ကြပ်တဲ့နေရာတခုဖြစ်ခဲ့တယ် ။ ဒါကြောင့်လည်း ဂုံးကျော်တံတား ဆောက်ပြီး ကွန်တင်နာတွေ ပေးဖြတ်ခဲ့တာဖြစ်ပုံရတယ် … ။ကွန်တင်နာတွေ အဲ့ပေါ်က သွားတာကြောင့် အောက်လမ်းတွေ ခုဆိုမကြပ်တော့ဘူး (ဒါတောင် တတိယအလွှာကနေ လှိုင်သာယာဘက်ကို ဆင်းတဲ့ လမ်းကတော့ ကြပ်သေးတယ် ဘုရင့်နောင်တံတား အမှတ် ၂ ပြီးမှ ချောင်ဖွယ်ရာရှိတယ် … )
ညဘက်ဆို ဒုတိယ အလွှာပေါ်ကို သစ်လုံးတင်ကားတွေလည်း ဖြတ်ပါတယ် …တစီးနဲ့ တစီး 15ပေလောက်ပဲ ခြားပြီးစီတန်းသွားတာမျိုးပါ … ။ တန် ၇ဝ ရေးထားတာ ကားတစီးချင်းစီရဲ့ ပျမ်းမျှတန်ချိန်လို့ ထင်ပါတယ် …. ။
padonmar
May 13, 2014 at 6:57 am
Etone ရေးပေးထားတာမှန်ပါတယ်။
တံတားခံနိုင်ဝန် တန် ၇ဝ ဆိုတာ ကားတစီးချင်းရဲ့ အလေးချိန်ကိုဆိုလိုတာပါ။
ကျမ ရေးသလို တပြို်င်တည်းဖြတ်နေတဲ့ ကားတွေကို ပေါင်းရမှာမဟုတ်ကြောင်း ဝန်ခံချင်ပါတယ်။
ဒါပေမယ့် ကျမဆိုလိုရင်းကိုတော့ မပြောင်းပါဘူး။
ဘယ်ပစ္စည်းမဆို တကယ် မလိုအပ်ပဲ သုံးပစ်ရင် ရေရှည်မခံပါဘူး။
ဒါကြောင့် လိုအပ်မှသုံး ချွေတာသုံးစေချင်ပါတယ်။
ကွန်တိန်နာကား၊ကုန်ကားတွေ ဒီခုံးကျော်ပေါ်က မဖြတ်ပဲ အောက်လွှာက သွားလို့လည်း လမ်းမပိတ်နိုင်တော့ပါဘူး။
ကျန်တဲ့ ကားသေးတွေက အပေါ်လွှာကသွားနိုင်ပြီပဲ၊
ကားအစီးရေကို ခွဲလွှတ်လိုက်သလိုဖြစ်တဲ့ အတွက် အဲဒီ ယာဉ်ကြောမှာ မပိတ်တော့ပါ။
kai
May 13, 2014 at 10:13 am
အင်ဂျင်နီယာရှု့ထောင့်ကဆိုရင်တော့.. သာမန်ကုန်ကားတစင်းတန်၇ဝဆိုတာမဖြစ်နိုင်သလို… တံတားခံနိုင်ဝန် တန် ၇ဝကို.. “တံတားခံနိုင်တဲ့ ဝန်”လို့သာ တိုက်ရိုက်အဓိပ္ပါယ်ဖေါ်သိသင့်အောင်.. ရေးရမယ်လို့.. ယူဆမိပါတယ်..။
ကမ္ဘာစစ်ကြီးတုံးက.. စစ်သားတွေဟာ.. ခြေလှမ်းညီညာလှမ်းပြီးတံတားတခုကို.. စနစ်တကျဖြတ်တဲ့အခါ..တံတားခံနိုင်ဝန်ကို.. ခြေထောက်ဆောင့်အားတွေက တပြိုင်ထဲဖြစ်ပြီး ကျော်သွားတာမို့.. တံတားကျိုးကျဖူးတယ်..။
တံတားခံနိုင်ဝန်ဆိုတာ.. တပြိုင်ထဲဖြတ်နေတဲ့ကားတွေအပါအဝင်.. ဝန်အားလုံးပေါင်းရမှာဖြစ်တယ်ထင်ပါကြောင်း…
kai
April 27, 2014 at 6:27 am
မြန်မာပြည်မယ်…
စည်းကမ်း.. နည်းလမ်းဥပဒေတွေကို.. ထိန်းသိမ်း..ကာကွယ်စောင့်ရှောက်ရမယ့်လူ(ဝန်ထမ်း)တွေ..မလုံလောက်နေဖူးထင်မိတယ်..။
အုပ်ချုပ်မှုပိုင်းပေါ့…။
ယှဉ်ထိုးပြောရရင်..
ယူအက်စ်မှာ.. ဖရီးဝေးလမ်းတင်.. ကားတွေကို ကုန်ကားကြီးဝန်ချိန်ရှောင်တခင်ဖမ်းစစ်တဲ့.. အလေးချိန် ချိန်တဲ့ကားပွိုင့်တွေရှိတယ်..။
အမြဲဖွင့်ထားတာတော့မဟုတ်..။ ရှောင်တခင်.. ။ ဒါပေမယ့်.. ဒါကြောင့်ပဲ.. ကုန်ကားတွေ ခံနိုင်ဝန်ထက်ပိုမတင်ရဲကြဘူး..။
ဒါကို တာဝန်ယူ.. စည်းကမ်းထိမ်းလုပ်ပေးရမယ့်လူတွေကတခု…။
ယဉ်စည်းကမ်းထိန်းတဲ့အနေနဲ့.. ကားတွေက.. လိုတာထက်ပိုပြီးအန္တရာယ်ရှိတယ်ထင်ရရင်.. လိုက်ဖမ်းတဲ့ရဲကတအုပ်စု…။
မြို့တွင်းနဲ့.. မြို့ပြင်.. ဖရီးဝေးနဲ့..ပြည်နယ်ပိုင်နက်ချင်း… သာမန်ရဲနဲ့.. ဟိုက်ဝေးပက်ထရို.. စသဖြင့်.. မတူကြရဘူး..။
လစာပေးငွေလည်းမတူသလို.. မိခင်ဌာနတွေကလည်းမတူဘူး..။
လမ်းတံတားမှာ.. ကားအာမခံ..တံတားအာမခံ.. လူအာမခံ.. ဘေးကအိမ်ကြီးအိမ်သေးတွေအာမခံ..စသဖြင့်လည်းရှိကြတော့… အခုလိုသာဖြစ်နေရင်..အာမခံကငွေမလျှော်ချင်တာမို့.. အရင်… ကားရော..မြို့နယ်ရော..တံတားဆောက်သူရော..လှည့်ပြီးတရားစွဲ..ကလိမ်း-ဘလိ်မ်းလုပ်မှာပဲ..။
တကယ်သိနားလည်တဲ့အစိုးရအတွက်ဆို.. လူထုအတွက်အလုပ်အကိုင်အခွင့်အလန်းတွေအများကြီးပဲ..
တိုတိုပြောရရင်..
… မြန်မာပြည်..မြန်မာတွေဟာ.. ခေတ်သစ်စနစ်သစ်.. ၂၁ရာစုကြီးထဲ.. ဒရွတ်ဆွဲပါလာပြီ..ထင်ပါကြောင်း…။
အရီးဒုံဒုံလို.. (Good citizen ) တွေက..မီဒီယာတွေပေါ်မှာ.. အမြင်မတော်တာတွေကို. လူထုအတွက်ဖက်ကနေ.. တောက်လျှောက်တင်ရေးလာရင်.. အစိုးရခံနိုင်မယ်မထင်ပါကြောင်း..။
=
Weigh station – Wikipedia, the free encyclopedia
en.wikipedia.org/wiki/Weigh_station
Wikipedia
A weigh station is a checkpoint along a highway to inspect vehicular weights. Usually, trucks and commercial vehicles are subject to the inspection. Weigh .
=
Motor Carrier Enforcement FAQs, Troop G – Division of State …
http://www.nh.gov/safety/divisions/nhsp/fob/…/faqmc.html
New Hampshire
Does a commercial vehicle registered and inspected in NH also have to obtain a … What is the maximum weight allowed on the interstate defense highway … limits the weight on groups of axles to reduce the risk of damage to highway bridges.
alinsett (gazette)
April 27, 2014 at 7:31 am
မျက်စိတစ်ဆုံး
မြင်ကွင်းကျယ်ကျယ်
ကြည့်တတ်ဖို့ အရေးကြီးနေပြီ. . .
nature
April 27, 2014 at 10:25 am
ခက်တော့ခက်တယ် ဒေါ်ပဒုမ္မာရဲ့ ။
ဘုရင့်နောင်ကုန်းကျော်တံတား တည်ဆောက်ရခြင်းရဲ့ရည်ရွယ်ချက်ကိုကြည့်ရင် ကားဂျမ်းကိုရှင်းဖို့ လို့ပြောရမယ်။ ဒါကြောင့်မီးပွိုင့်မှာ crossing ယာဉ်ကြောင်းတွေတခုကိုတခု အနှောက်အယှက်မဖြစ်အောင် မိုးပျံတံတားကို ၂ထပ်လုပ်ထားတာတွေ့ရမယ်။ ဘုရင့်နောင်မီးပွိုင့်ဆိုတာ လှိုင်သာယာစက်မှုဇုန် ရွှေပြည်သာစက်မှုဇုန်ကို ၁၂ ရာသီ သွားနေတဲ့ကွန်တိန်နာကားတွေ ဖြတ်သန်းနေတာဖြစ်တယ်။ ဒါကြောင့်ဒီကားတွေ မီးပွိုင့်ကို ကျော်သွားနိုင်ဖို့တံတားခံနိုင်ဝန်ကိုလည်း တွက်ချက်တည်ဆောက်ထားပုံရတယ်။ ဒီခံနိုင်ဝန်နဲ့ တည်ဆောက်ထားတဲ့ဒီတံတား နှစ်အနည်းငယ်အတွင်းမှာပျက်စီးသွားရင် အရည်အသွေးမမှီတဲ့ဆောက်လုပ်တဲ့သူတွေမှာပဲတာဝန်ရှိမယ်ထင်တယ်။ မီးပွိုင့်အောက်ကဖြတ်သွားခဏလေးပါဆိုတာကတော့ ဒေါ်ပဒုမ္ပာက သူဌေးဆိုတော့ ကွန်တိန်နာကားသမားတွေရဲ့ဘဝကို ကိုယ်ခြင်းမစာတတ်တာဖြစ်ကောင်းဖြစ်မယ် ။ 😛 ကွန်တိန်နာအစီးရေကိုလျှော့တွက်မိတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ် ။ မိုးပျံတံတားဘောင်တွေကတော့ တကယ်တန်းအန ္တရာယ်ဖြစ်လာရင်ကာကွယ်နိုင်မှုအားနည်းတယ်ထင်မိတယ်။ ဒီလောက်အကုန်အကျခံထားတဲ့တံတားတွေ ရာသီဥတုဒဏ်ခံနိုင်ဖို့ လှပဖို့အတွက်တော့ လှပအရည်အသွေးမှီဆးတွေကိုသုတ်သင့်တယ
တစ်ခုနားမလည်တာကတော့ လမ်းအကောင်းကြီးတွေပေါ်မှာ ကွန်ကရစ်တွေထပ်ခင်းနေတာပဲ။ ဒါတွေဟာ မလိုအပ်ပဲ ဘဏ္ဏာငွေကိုဖြုန်းတီးနေတာများလားလို့ ထင်မိတယ်။ အဲဒီကွန်ကရစ်လမ်းတွေဆိုကြည့်လိုက်ရင်ထုတွေကတော့ အရမ်းကောင်းပဲ။ခင်းပြီးသိပ်မကြာဘူး အပေါ်မှာ ကျောက်ပေါက်မာယာတွေဖြစ်ကုန်ပြီ။
ကေဇီ
April 27, 2014 at 12:44 pm
ဟိ။
ပြောချင်တာတွေက အများကြီးပဲ။
အမှန်တော့ နားလည်ထားတာက ပြည်သူတွေကို အဆင်ပြေအောင် လုပ်ပေးရမှာက အစိုးရတာဝန်၊ အစိုးရက ကောင်းကောင်း ပရိုဘိုက်လုပ်ထားတဲ့ နိုင်ငံ ဖစီလီတီကို စည်းကမ်းရှိရှိသုံးရမှာ ပြည်သူ့တာဝန်။
အဲ ဒီကြားထဲက မှာ စည်းကမ်းရှိရှိဆိုတဲ့ အနေအထားကို ပြည်သူက ဖောက်ဖျက်ရင် အရေးယူရမှာကဥပဒေ ရဲ့ တာဝန်။
ပြည်သူ စည်းကမ်းရှိဖို့ ကြိုတင်တားဆီးချမှတ်ထားရမှာကလည်း ဥပဒေရေးရာ က တာဝန်ရှိတယ်။
ဒီ ချိန်း ကို ဘယ်သူကဘယ်လို စဖောက်တယ်တော့မသိ။ ဘာကမှ အဲလို မဖြစ်တာတော့ သေချာတယ်။
ငိငိ။ :mrgreenn:
အဲလော့ အဲဒီ ဘက်က မပြောတော့ဘူးးး
မနေ့ထဲက မန့်ချင်လို့ စဉ်းစားလိုက်တော့ တံတားနဲ့ ပတ်သက်တဲ့စာ တွေ ဘာမှ ပြန်သတိမရ။
ဂစ်!!
:p:
လူပြိန်းပြောပဲ ပြောပါတော့မယ် အာတီဒုံး။
ဘယ် လမ်းတံတား အဆောက်အဦးပဲ ဖြစ်ဖြစ်
၁) ဒီဇိုင်း
၂) ဆောက်လုပ်ရေး
၃) ပြုပြင် ထိမ်းသိမ်းရေး
၄) သက်တမ်းကုန်ရင် ပြောင်းလဲရေး စသည်ဖြင့်ရှိတာပါ။
၁) ဒီဇိုင်းပိုင်းမှာ ဖန်ရှင် ပြေလည်တဲ့ ဒီဇိုင်းမှန်သမျှ ပြသနာ မရှိပေမဲ့
အဲဒီမှာမှ ၂) ဆောက်လုပ်ရေးပိုင်းမှာ
– နည်းပညာ အားသာရင် သာသလို
– အသုံးပြု ပစ္စည်း အဆင့်မှီ ကောင်းရင် ကောင်းသလို
– အလုပ်သမားတွေ မခိုကပ်ရင် မခိုကပ်သလို အဲဒီ အဆောက်အဦး တစ်ခု စီရဲ့ အဆင့်အတန်းကမြင့်မြင့်သွားတယ်လို့ ထင်တာပါပဲ။
၃) ပြူပြင်ထိန်းသိမ်းရေးပိုင်းမှာတော့ ကျနော်တို့ အားနည်းတယ်လို့ မြင်တာပါပဲ။
ဥပမာ။ ကျနော်တို့ ကျောင်းတက်တုန်းက သင်ခဲ့ရတဲ့ လမ်းဖြတ်ပိုင်း တစ်ခု ဆိုပါစို့။
သုံးရတဲ့ ဘယ်ပစ္စည်းက လုပ်ဒင်း အတွက်၊ ဘယ်ဟာက ဖရစ်ရှင်းအတွက် လို့ သေချာသင်ရတာပါ။ လမ်းက တစ်ကွက်လောက် မကောင်းတော့ရင် အပိုင်းလိုက်တစ်ခုလုံး ဖြတ်ထုတ်ပြီး ပြင်ရတာ၊ ပြန်ခင်းရတာ။
ကျနော် ကျောင်းသွားကျောင်းပြန်ဖြတ်ရတဲ့ လမ်းဟာ အပေါက်တွေ အခွက်တွေချည်းပါပဲ။
လမ်းဘေးမှာလည်း ကတ္တရာပုံးတွေနဲ့ ညော်နံ့ တလူလူနဲ့ မပြတ် ပြင်နေကြတာပဲ။ အမြဲတမ်းမြင်ရတဲ့ မြင်ကွင်းတစ်ခုပေါ့ဗျာ။
ဘယ်လို ပြင်တုန်း သိလားဟင်။
အခွက်ထဲက လမ်း အစအနတွေ ထုတ်၊ ကျောက်သေးလေးတွေနဲ့ ကတ္တရာ ပြန်ဖျော်လောင်းးး ပြီးရင်လမ်းကြိတ်စက်နဲ့ ကြိတ်။ နေ့စဉ်မြင်ကွင်းပဲ။
ဒါပေမည့် အဲဒီ လမ်းဘယ်တော့မှ မကောင်းဘူးးး
အခွက် ၃ ၄ ခု က အလှည့်ကျ ပြန် မွစာကျဲလို့။
ဒီလိုနဲ့ပဲ……..
:hint:
၄) သက်တမ်းကုန်ပြီ ဆိုတဲ့ အဆောက်အဦးတစ်ခု ဘယ်လောက် ကောင်းသေးတယ် ဆိုဆို သူများနိုင်ငံတွေ ဆက်မနေကြရတော့ဘူးးး
ဒါကြောင့် သွသူ ပြိုတဲ့ထိ မစောင့်ပဲ ဖျက်တဲ့ လုပ်ငန်းတွေ ပေါ်လာတာပေါ့။
ကျနော်တို့ ဆီတော့ မကြားဖူးသေးဘူးးး
ဒီ တိုက်ခန်း ကော်ရစ်ဒေါ ပြိုကျမှ “ဪ ဒီ ဆောက်အဦး သက်တမ်းရင့်လှပါပကောလားး” ဖြစ်တာပေါ့။
:b:
ပြည်သူတွေဘက်က ကြည့်ရင်တော့ အစိုးရက ရှားရှားပါးပါး တည်ဆောက်ပေးထားတာ တစ်ခုတည်းမို့ ရွှေဖိနပ်ပေမဲ့လည်း မဖြစ်မနေစီးရမှာဖြစ်ပီး သူတို့ စီးတတ်သလို စီးမှာပါပဲ။
.
.
.
.
.
ဘယ်လို စီးရမှာပါလို့ သင်ပေးတဲ့ မိဘကောင်း မရသေးသရွေ့ပေါ့ဗျာ။
😥
ဦးကြောင်ကြီး
April 28, 2014 at 8:22 am
တခြားတော့ အဝေဖံချဉ်ဗူး.. အာတီဒုံကားထဲက အမှိုက်တွေလည်း ရှင်းဇမ်းပါအု….
weiwei
April 28, 2014 at 8:40 am
သိပ်လဲ စိတ်ပူမနေပါနဲ့ အန်တီဒုံ ..
ဒီလို လုပ်ငန်းကြီးတွေမှာ စမ်းသပ်မှုတွေ အများကြီးလုပ်ခဲ့ကြမှာပါ ..
ကျွန်မကတော့ မြင်တွေ့နေရတဲ့ လက်လုပ်လက်စားတွေရဲ့ဘဝတွေမှာ ရွှေဖိနပ်ရှပ်တိုက်စီးနေသူတွေ၊ ဒူးနေရာဒူး၊ တော်နေရာတော် မနေလို့ ဒုက္ခတွင်းထဲက မလွတ်နိုင်တာတွေကို ဘယ်လိုများ ပညာပေးသင့်လဲလို့ စဉ်းစားမိရင် ရင်မောမိတယ် ..
Ma Ma
April 28, 2014 at 4:07 pm
ဒီအတိုင်းဆိုရင် အာတီဒုံနှင့် ဂေါက်သီးများဆိုပြီး ဂေါက်ကလပ်ဖွင့်လို့ရပြီ။ 😀
ထမင်းဟင်းကို ကုန်အောင်မစားပဲ လွှင့်ပစ်တာ။
သောက်ရေကို ကုန်နိုင်သလောက်ပဲ မခပ်ပဲ သွန်ပစ်တာ။
မျက်နှာသစ် သွားတိုက်၊ လက်ဆေးရင် ရေကို ဒလဟောဖွင့်ထားတာ.။
အဲဒီအသေးအဖွဲလေးတွေကနေ လေလွင့်တာတွေတောင် တကယ်တွက်ကြည့်ရင် ဆုံးရှုံးမှုတန်ဖိုး မနည်းဘူး။
အဲဒီအခြေခံကလေးတွေကိုတောင် (လူတိုင်းကို မဆိုထားနဲ့) ကိုယ့်ပတ်ဝန်းကျင်ကလူတွေ လိုက်နာအောင် မပြောနိုင်လို့ စိတ်ပျက်မိတယ်။ 🙁
ဦးကျောက်ခဲ
May 13, 2014 at 5:52 pm
လမ်းဘေးက Parapet Wall တွေကို ကြည့်လိုက်ရင် ကားကြီး တာယာ အရာတွေချည်း…
ဘယ်အချက် ဘယ်ကားပြုတ်ကျလို့ မဆိုင်သူတွေအသက်ပေးရမှာ စိုးထိတ်လှတယ်…
ရွှေ ၅ရွှေသားဖြစ်မှ ပူပင်လိုက်ရတာ ၊ အလုံသား အိပ်ရေးဝတယ်
😀