ပုံပြင်လေးနဲ့ပြောပြမယ်

etoneAugust 10, 20101min1001

ပုံပြင်လေးနဲ့ပြောပြမယ်
> ______________________________

__
> (၁) စပါးကြီးမြွေတစ်ကောင်နှင့် အဆိပ်ရှိတဲ့မြွေတစ်ကောင်တို့ဟာ
> သူငယ်ချင်းတွေဖြစ်ကြတယ်။
> တစ်ရက်မှာ သူတို့ လိပ်တစ်ကောင်ကို တွေ့တယ်….
> ဒါနဲ့ ဒီမြွေနှစ်ကောင်က အရသာရှိလှတဲ့ ညနေစာပဲဆိုပြီး စားဖို့စဉ်းစားတယ်…
> စပါးကြီးမြွေက သူရှင်းပစ်မယ်လို့ပြောတယ်…
> သူ့ရဲ့ကြီးမားတဲ့ ကိုယ်လုံးနဲ့ရစ်ပတ်ပြီး သတ်ဖို့ကြိုးစားတယ်။ လိပ်က
> ခေါင်းကို လျှိုဝင်လိုက်တာနဲ့ သူဘယ်လိုလုပ်လုပ် လိပ်ကို
> လုံးဝမထိခိုက်နိုင်ပါဘူး။
> စိတ်ပျက်လက်ပျက်နဲ့ ဘေးနားမှာနားနေလိုက်တယ်။
> လိပ်ကခေါင်းလေးကို နဲနဲထွက်လာတာနဲ့ တပြိုင်နက် မြွေသေးသေးလေးက သူ့ရဲ့
> အဆိပ်ရှိတဲ့ အစွယ်နဲ့ ပေါက်လိုက်တာ လိပ်က လန့်ပြီး ပြန်ဝင်သွားတယ်။
> ခဏကြာတော့ လိပ်သေသွားတယ်။
> စပါးကြီးမြွေကပြောတယ် “ငါအားတွေတောင်ကုန်သွားတယ်။ လိပ်ကို
> ဘာမှာမလုပ်နိုင်ခဲ့ဘူး။ မင်းက တစ်ချက်တည်းနဲ့ ပြီးသွားတယ်”။
> မြွေလေးက “ငါက သူ့ရဲ့ပျော့ချက်ကို သိတာကိုး”
> ဒါပေမဲ့ လိပ်ကအထဲကိုပြနလျှို်ဝင်ပြီးမှသေတော့ မြွေနှစ်ကောင်လုံး
> ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။ သူတို့ဟာ လိပ်အခွံကို ချွတ်ဖို့
> မတက်နိုင်ဘူးလေ။
>
> ဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကတော့ သင်ဘယ်လိုတွယ်ကပ်နေပါစေ။ သူ့ကို
> သင်ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်မယ်။ သူ့ကို နားလည်မှသာ
> ပိုင်ဆိုင်လိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ပျော့ချက်ကို နားလည်ပေးနိုင်တယ်
> ဆိုပေမဲ့ တာဝန်ယူနိုင်မှသာ သူ့ကို သွားနားလည်ပါ။
> နားလည်မှုတစ်ခုတည်းနဲ့တော့ အခွင့်အရေးမယူပါနဲ့။ မဟုတ်ရင် အားလုံးဟာ
> အလကားဖြစ်သွားပါလိမ့်မယ်။ မစားရတဲ့အမဲ သဲနဲ့ပက် ဆိုသလိုပေါ့

>

>
>
> (၂) လှပတဲ့အရောင်အသွေးကို ပိုင်ဆိုင်တဲ့ ငယ်ရွယ်နုနယ်သေးတဲ့
> မြွေလေးတစ်ကောင်က လှပရင့်ကျတ်တဲ့ဖားတစ်ကောင်ကို တွေ့ပြီး ရင်ခုန်သွားတယ်။
> မြွေလေးက “ငါတို့ ချစ်သူရည်းစားဖြစ်ကြရအောင်လား” လို့ ဖားကို ပြောတယ်။
> ဖားကလက်ခံလိုက်တော့ သူတို့တွေ အတူတကွနေထိုင်ကြတယ်။ တနေ့ မြွေလေးက
> အိမ်မက်မက်ပြီး ဖားကို သူ့ရဲ့ရှည်လျားတဲ့ကိုယ်နဲ့ ရစ်ပတ်မိတယ်။ ဖားလေး
> အသက်ရှူလို့မရဖြစ်တော့ အတင်းရုန်းထွက်တယ်။ ဖားရဲ့ အားသန်တဲ့
> နောက်ခြေနှစ်ချောင်းနဲ့ ကန်ထွက်သွားလိုက်တယ်။ ဘယ်တော့မှာပြန်မလာတော့ဘူး။
> မြွေလေးကတော့ ကန်ခံလိုက်ရတော့ ဒဏ်ရာတွေနဲ့ကျန်ခဲ့တယ်။ အပြင်က
> ဒဏ်ရာကပျောက်သွားပေမဲ့ ရင်ထဲက ဒဏ်ရာကတော့ မပျောက်ဘူး။ ဒါနဲ့ မြွေလေးက
> ရင့်ကျတ်ပြီး ပြည့်စုံတဲ့ ဖားကို ကြောက်သွားတယ်။ နာကျင်မှာစိုးရိမ်တာနဲ့
> အထီးကျန်တဲ့ ဘဝကိုဖြတ်သန်းတယ်။
> တစ်ရက် ရုပ်ဆိုးလှတဲ့ ဖားလောင်းလေးက မြွေကို တွေ့သွားတယ်။
> လှလွန်းတဲ့မြွေကို ဖားလောင်းလေးအရမ်း ရင်ခုန်သွားတယ်။ ဖားလောင်းလေးက
> ချစ်ခြင်းတွေကို ဖွင့်ပြောတယ်။
> မြွေက ရုပ်ဆိုးတဲ့ ဖားလောင်းလေးကို ကြည့်ပြီး သူ့ကို မြတ်နိုးမယ် သူ့ကို
> မထားသွားလောက်ပါဘူးဆိုပြီး ဖားလောင်းလေးကို လက်ခံလိုက်တယ်။ ဒီလိုနဲ့
> အတူတူနေထိုင်ကြတယ်။
> မြွေကအိမ်မက်မက်ပြန်တယ် အလိုလိုနေရင်း ဖားလောင်းလေးကို ရစ်ပတ်မိတယ်။
> ဖားလောင်းလေး သေလုနီးနီးဖြစ်တော့ အတင်းရုန်းရင်းကနေအဆိပ်ရည်က
> မြွေရဲ့မျက်စိကို ထိပြီး ဖားလောင်းလေးထွက်ပြေးသွားပြန်တယ်။
> ဒီပုံပြင်လေးကတော့ ခန့်တယ် ချောတယ် ပဲဖြစ်ဖြစ် ရုပ်ဆိုးတဲ့ သူပဲဖြစ်ဖြစ်
> ဒဏ်ရာတွေပေးနိုင်တယ်။ ပြီးတော့ နောက်တစ်ချက်က သင့်တော်ရုံ
> ချုပ်ကိုင်ထားရင် ရပါပြီ။ တောင်းဆိုမှုတွေများသွားရင် သူတို့တွေ
> ထွက်ပြေးသွားလိုက်မယ်။

>
>
> (၃) လှပတဲ့ ငန်းတစ်ကောင်က ပျံသန်းရင်း သန်မာတဲ့ ဘဲတစ်ကောင်ကို တွေ့တော့
> ချက်ချင်းကြွေသွားတယ်။ ပုံစံမတူတဲ့ ဘဲကို တွေ့ပြီး
> ပြောမတက်အောင်ရင်ခုန်ခဲ့တယ်။
> ငန်းရဲ့လှပတဲ့ စွဲဆောင်မှုကြောင့် ဘဲလဲချက်ချင်း ချစ်မိသွားတယ်။
> သူတို့တွေ မြေပြင်မှာပဲ ပျော်မြူးနေကြတယ်။ ရေကန်ဘေးက ရွှံ့တွေကြောင့်
> ငန်းလေးက တနေ့တခြား ဖြူဖွေးတဲ့ အမွေးအတောင်လေးတွေညစ်ပတ်လာတယ်။ လှပတဲ့
> ခြေထောက်တွေလဲ ရောင်ရမ်းလာတယ်။ ဒါနဲ့ ငန်းက မခံနိုင်လာတော့ ဘဲကို
> နင်ပျံသန်းနိုင်အောင်ကြိုးစားပါလား ငါတို့ ကောင်းကင်ပေါ်မှာ
> ပျော်မြူးကြရအောင်။
> ဘဲလဲ ငန်းအတွက် ပျံသန်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူက ဘဲက ဘဲပါပဲ။ မပျံတက်ဘူး။
> နောက်ဆုံးမဖြစ်နိုင်တော့မှန်းသိတော့ ဘဲလေး စိတ်ပျက်အားငယ်ပြီး
> လက်လျော့လိုက်တယ်။
> ဘဲက နင်ငါ့ကို ခေါ်ပြီး ပျံသန်းပါလား လို့ တောင်းဆိုတယ်။
> ငန်းလဲ ဘဲကို ချစ်တော့ ခေါ်ပြီး ပျံသန်းတယ် ဒါပေမဲ့ အားအင်တွေ
> အရမ်းကုန်ခမ်းတယ်။ ခဏလေးပဲ ပျံသန်းနိုင်တယ်။
> မြေပြင်ကို ရောက်တော့ ဘဲပြုံးတယ်။ ကောင်ကင်ပေါ်ရဲ့ မြင်ကွင်းဟာ အရမ်းကို
> လှပတယ်။ ငန်းကို ချစ်မိတာ အရမ်းကောင်းတာပဲလို့ စဉ်းစားတယ်။
> အဲဒီနေ့ကနေစပြီး ဘဲက ငန်းကို ကောင်းကင်မှာပျံသန်းဖို့ ပြောတယ်။ အကြာကြီး
> ပျံသန်းခိုင်းတယ်။ မပျံသန်းနိုင်ရင် ဘဲက စိတ်ဆိုးတယ်။
> ငန်းကဘဲကို ချစ်နေရတာ ပင်ပန်းလာတယ်။ ဘဲရဲ့တောင်းဆိုမှုတွေကို
> လိုက်လျောရင်းနဲ့ တစ်ရက်မှာ ငန်းက အမြင့်အမြင့်ဆုံးကို ပျံပြီး
> နက်ရှိုင်းစွား ဘဲကိုနမ်းလိုက်ပြီး ဘဲက ထူးဆန်းနေတဲ့အချိန်မှာပဲ ဘဲကို
> ဆွဲထားတာကို တဖြည်းဖြည်းလွတ်လိုက်တယ်………….
>
> ဒီပုံပြင်လေးကတော့ အားလုံးဟာ ကျေနပ်ရောင့်ရဲတင်းတိမ်ရမယ်။ ရထားတာကို
> မြတ်နိုးတက်ရမယ်။ တောင်းတိုင်းရတယ်ဆိုပေမဲ့ အခွင့်အရေးကို ရတိုင်းမယူနဲ့။
> နောက်တစ်ခုကတော့ အမြင့်ကိုရောက်တိုင်း ပြုတ်ကျဖို့က ပိုလွယ်တယ်
> ဆိုတာမမေ့ပါနဲ့။ ဘဝမမေ့ကြပါနဲ့။

One comment

  • မန်း ရိပ်

    August 13, 2010 at 5:02 am

    အမှန်ပါပဲ
    ပုံပြင်လေးကို နမူနာယူသင့်တယ်

Leave a Reply