၂၀၀ဝ တန် စကားဝိုင်း….
ဒီလူ ရူးများနေလားမသိဖူး…
၂၀၀ဝ ဆိုတာ ဆင်းရဲသားတောင် မလောက်ဖူး…..
ထမင်းကြော်တပွဲ ၅၀ဝ ဆိုတာ မေ့များနေလျော့သလား…..
အိမ်ပြန်ရာ လမ်းတလျှောက် ထိုစကားသံများနဲ ့ စီနေသည်…..
၂၀၀ဝ ဆိုတာ လောက်နိုင်သလား…… အတွေးထဲမှာ ချာချာလည်….. ဆန်တပြည် အနဲဆုံး ၁၀၀၀… ကြက်ဥတလုံး ၁၄ဝ (နှစ်နပ် နှစ်လုံး)…. အလုပ်ကြမ်းသမားဆို တနေ ့ လေးလုံးချက်တော့ စားနိုင်သား…. ဆီဖိုး ဆားဖို း ဘာညာကွီ ကွ ဖိုး ထည့်တွက် နှစ်နပ် ၉၀ဝ ပျောပျော့ လောက်တော့ အသာလေးသွားသား…. ဒါဆို မနက်စာလေးပါပေါင်းရင် ၄၀၀.. ၁၃၀၀… အလုပ်အသွားပြန်လေးပါ ပေါင်းရင် တနေ ့ ၁၆၀၀… ဒါတောင် အိမ်လခ မပါသေး… ကျောတခင်းစား ဆင်းရဲသားရပ်ကွက်တောင် တနေ ့ ၁၀၀၀… ၂၆၀၀… ကွမ်းဖို း ဆိပ်လိပ်ဖိုး… ၃၀၀၀… ဒါတောင် တခြား ဘာညာကွိကွ မပါသေး….. မောင်လေး မျက်စိလည်သွားသည်…. ၂၀၀၀… လောက်ပါ့မလား…..
အမောတကော အိမ်ရောက်လာသော သားကို အမေရဲ့ မျက်နှာပြုံးပြုံးက ဆီးကြိုလျက်….
“သား ဆာလာပီလား….. ”
“ဟုတ် အမေ… ဆာတယ်… ဘာဟင်းချက်လဲ….”
“ကန်းစွန်းရွက်ကြော်နဲ ့မှိုနဲ ့….. ပဲဟင်း….. ဝတ်ပုန်းရေကြီး…. ”
အင်း… ကိုယ့်စိတ်ထဲ များလိုက်တာလို ့ထင်သား… ဒါမျိုးမိသားစုဝိုင်းဆို…. တဝိုင်းစာ ၆၀၀ဝ ပျော့ပျော့လောက်သွားပီ…. ပိုတောင်မလားပဲ….
“အမေရေ… သား တီးဆိုင်သွားလိုက်ဦးမယ်”
“သား… မိုးမချုပ်စေနဲ ့နော်… အိမ်နားမှာ သူခိုးကပ်တယ်တဲ့….”
စိတ်ထဲမှာ ဇဝေဇဝါ…. ခုနက တွက်လိုက်တဲ့အထဲမှာ ညပိုင်း အပျင်းပြေ တီးထိုင်သောက်တာ မပါသေး… မိသားစု ထမင်းဝိုင်းမပါသေး… တကိုယ်ရေသတ်သတ်သာ…..
သို ့နဲ ့အတွေးတွေက ရုံးကိတ်စ ပြန်ရောက်သွားသည်…. မျက်မှန်ပါဝါကြောင့်လား…. ညကြောင့်လားတော့ မသိ… ကားတွေကလည်း မီးထိုးလွန်းတယ်ဟုထင်လှသည်…
ကားအနီးအဝေးကို သိပ်မချိန်တက်…. ညဆို ကား မရှင်းရှင်းအောင် စောင့်ပီး လမ်းကူးရတာကလည်း စိတ်ရှည်ခြင်းတမျိုး…
အတွေးပေါင်း များစွာနဲ ့ တီးဆိုင်ကိုရောက်လာသည်…. ဝေ ့ကြည့်လိုက်သည်…. ရုံးတက်ရုံးဆင်း မိန်းမပျိုလေးများ အလန်းဇယား…. တနေကုန်လုပ်လာတာတောင် မိတ်ကပ်က မပျက်လေရော့သလား…
သို ့မဟုတ် ဆင်းချိန်မှ ပြင်လာလေရောသလား… အော်… တွက်တဲ့အထဲမှာ မိန်းကလေး တွေ အတွက် အလှကုန်စရိတ်မပါသေး… ဟူး……… သက်ပြင်းရှည်ကတဖုံ…..
သို ့နှင့် ဆိုင်ထဲ ဝေ့ကြည့်လိုက်သည်…. မြင့်အောင်… အေးမောင်… လူတော့စုံသားဟ……
လေး ။ အေးမောင်… မင်းမလဲ ပျောက်ချက်သား ကောင်းလိုက်တာကွာ…..
အေး ။ အေးကွ ပျောက် ဆို အလုပ်များနေတာကို….
မြင့် ။ ဟေ့ကောင်… မောင်လေး… အဲ့ဒါတွေအသာထား… ငါ မင်းကို သိပ် အစာမကြည်ဖူး….
လေး ။ ဟ.. ဘာလို ့လဲဟ….
မြင့် ။ မင်းကွာ… ဖဘ မှာ ရေးထားတာ… ဘာတဲ့… အလုပ်သမားအချို ့တောင် တလ ၆၀၀၀ဝ မရဖူးဆို…. ဘာလဲ မင်းက ဟို ညဏ်တုံးဘက်က ဝင်နာတာလား… မင်းက ဘာလဲ ပြည်သူဘက်ကလား… ဟို ခရိုနက်ဘက်ကလား….
အေး ။ မင်းကလည်း ခရိုနီ လုပ်စမ်းပါ….
မြင့် ။ မနီဖူးကွ… အနက် အနက်… အနီဆိုတာ ရဲရင့်ခြင်းကို ကိုယ်စားပြုတယ်… ဒီကောင်တွေက အနီနဲ ့တောင် မတန်ဖူး… အနက်အနက်… ခရိုနက်တွေ……
လေး ။ ဟုတ်သေးဖူးဟ.. ငါ့ကောင်ရ… ငါက ဟို မင်းပြောတဲ့… ညဏ်တုံးဘက်က ပါတယ်လို ့မဟုတ်ပါဖူး… တကယ်တော့ သူပြောတာက မမှားဖူး… ပြောတဲ့သူ ပြောတဲ့စကားလွဲသွားတာ…. ဒေတာကတော့ အမှန်ပဲ…..
မြင့် ။ ပြောစမ်း… ပေါက်ကရတွေ….. မင်းပါးစပ် ဝဲထဦးမယ်….
လေး ။ ထချင်လည်း ထပေါ့ကွာ… ငါ့အမြင်လေးပဲ ပြီးအောင် ပြောပါရစေ….
အေး ။ ပြောပါအုံး… မောင်လေးရ… မင်း အမြင်လေးကို….
လေး ။ ဒီလိုကွာ… ၂၀၀ဝ ဆိုတာက ငါ့အမြင်… အလုပ်သမား တိုင်း တဦးတယောက်ခြင်းဆီရဲ့ လုပ်ခကို ပြောတယ်လို ့ယူဆတယ်…. မှီခို တွေလည်း ရှိတာပေါ့ကွာ…. သို ့ပေသိ အခုဟာက တချို ့စက်ရုံ တွေမှာ တလကို ခြောက်သောင်းတောင် မရဖူး.. အဲ့ဒါလည်း ကြာပေါ့…. မင်းတို ့ပြောသလို… ခြောက်သောင်းက နဲတယ်ဆိုရင်… အဲ့လူတွေ စားမလောက်လို ့ သေတာကြာပေါ့….. မရှိတဲ့ လူဆိုတာ ဒီလိုပဲ စားရတာပဲပေါ့ကွာ….. မင်းတို ့ငါတို ့လို ညနေ တီးဆိုင်လေးလဲမထိုင်နိုင်ဖူး…. ထမင်းလဲ ဝဝ ဘယ်စားရမလဲ… ဆေးလိပ်ဆိုရင်တောင် ဆေးပေါ့လိပ်ပဲသောက်တာ…. ရူဘီနားတောင်မကပ်ဖူး….
မြင့် ။ မင်းဆိုလိုချင်တာက ခြောက်သောင်း ရရင် ငတ်မသေဖူးပေါ့….
လေး ။ အဲ့လိုလည်း မဟုတ်ပါဖူးကွာ… ကဲ ငါမေးမယ်… မင်းသားဆင်ရဲသားဆို ဘယ်လိုစားမလဲ….
မြင့် ။ မနက် အခြောက် တစ်ခု ၁၀ဝ ကောက်ညှင်းပေါင်း ၁၀ဝ တီးလေး ၁၅ဝ ဖိုး ၃၅ဝ … အသွားနှစ်ဆင့်စီး… ၃၀ဝ လောက်တော့သွားသား အသွားအပြန် ၆၀၀… ပေါင်း ၉၅၀… နေ ့လည် ဆိုလည်း ချက်စားရင် ၃၀ဝ ၄၀၀.. ဝယ်စားလည်း ၅၀ဝ လောက်တော့ရှိသား… ၄၀ဝ ထားကွာ…. ၁၃၅၀… ညနေစာလည်း ၄၀ဝ ၁၇၅၀… ရေလည်းဘာလေး လမ်းဘေး ဝယ်သောက်ရတဲ့အခါရှိသေး…. အိမ်သာသွားတာ… ဆေးလိပ်ဝယ်သောက်တာ… ဘာညာကွိကွအသေးသုံးက ၃၀ဝ လောက်တော့သွားသဟ…. ပေါင်း ၂၀၅၀… ဒါတောင် ကျောချ စရာ ရှိသေးတယ်… လပဲချုပ်ချုပ် တလချင်းပဲရှင်းရှင်း အနဲဆုံး လူတယောက် ၈၀ဝ လောက်တော့သွားတယ်ဟ ၂၈၅ဝ ရှိပီနော်… ဘယ်အိမ်နေနေ မီးဖိုး ရေဖိုးလေးတော့ လာမယ်ဟ…. အဲ့ဒါကလည်း… တနေ ့ ပျှမ်းမျှ ၃၀ဝ လောက်တော့သွားသား… ၃၁၅၀… နေမကောင်းတာ… မိသားစု ကလေးကျောင်းစရိတ် ဘာတခုမှ မပါသေးဖူး….. ကဲစဉ်းစားကြည့်…. တလ တသိန်းမှ မရှိရင် ဘယ်လိုလုပ်မလဲ….
လေး ။ မင်းတွက်သလို… ငါလည်း ပြန်တွက်ပြပါ့မယ်…. ဆင်းရဲသား လက်လုပ်ခြေလုပ်ပါဆိုမှကွာ…. ကောက်ညှင်းပေါင်း အကြော်တခုဆို တော်ပီပေါ့… အရသာခံဖို ့ တီးမစ် လိုသေးလား… ရေမျော ဗိုက်ဝပေါ့… ၂၀၀… လက်လုပ်ခြေလုပ်က ဘက်စ်ကားမစီးဖူးငါ့မောင်… မနက်အစောထပီး… ရထားပတ်စီးတယ်… အဲ့မှာ ၁၅ဝ လောက်ပဲကျတယ်… အသွားအပြန် ၃၀ဝ ပေါ့ကွာ… ပေါင်း ၅၀၀…. ဒါတောင် မြို ့ထဲအထိ လာလုပ်တဲ့သူမှနော်… နယ်နားကလူတွေဆို ၁၀ဝပဲရှိတယ်…. တချို ့ဆို ခြေကျင်…. ကဲကဲ ၅၀ဝ ပဲ… လက်လုပ်ခြေလုပ်ပါဆိုမှ ထမင်းဝယ်စားမလားဟ…. အိမ်ကနေ ယူလာမှပေါ့… ရေလည်း ရေချမ်းစင်… တွေ ့တဲ့နေရာပေါ့… အိမ်သာလား မစဉ်းစားနဲ ့ကော့ပန်းပဲ…. ဘဝပဲလေကွယ်… ဒါကတော့ လမ်းသွားပီး မအောင့်နိုင်လို ့ပါ… အောင့်နိုင်ရင် အလုပ်ကျမှ ရှင်းလည်း ရပါတယ်…. ကဲကဲ…. မင်းပြောတဲ့ဘာညာကွိကွကို ၁၅ဝ လောက်ပဲထား… ဆေးလိပ်ကတော့ ဆေးပေါ့လိပ်ပေါ့… ၆၅၀… ညနေ မနက်ထမင်းအိမ်ချက်… တနက် ကြက်ဥ တလုံး ဆီဆားနဲနဲ… ရေမျိုချ … ဒါဘဝ… ၆၅ဝ လောက်ပဲသွားသဟ… ၁၃၀၀… အိမ်ကတော့ မစဉ်းစားနဲ ့ဆရာသမား…. သူများအိမ်ကပ်နေရင်နေ… မဟုတ်ရင် ဘုန်းကြီးကျောင်းသွားနေ… အဲ့ဒါမှဟုတ်လဲ ကျူးကျော်မှာ တလတသောင်း တန် တဲကန် ့လေးတွေ ရှိသား… ရေဖိုး က ချောင်းက… မီးဖို ့က ဖယောင်းတိုင်…. ၄၀ဝ ပေါ့ဗျာ… တနေ ့ကို…. ၁၇၀၀… ကဲ… ၃၀ဝ တောင်ပိုသေး….
မြင့် ။ မင်းဟာကလည်ကွာ… သူတောင်းစားကျနေတာပဲ….
လေး ။ အေး သူတောင်းစားကို အထင်မစမောနဲ ့ငါ့ကောင်… ဒီခေတ်မှာ အလှူတခါထည့် ၅ဝ ၁၀ဝ အနဲဆုံး… တခါတလေ သဒ္ဒါပေါက်ရင် ၂၀ဝ ထည့်သွားသေး… တနေ ့ ဆယ်ယောက် ပျှမ်းမျှ ၁၅ဝ ဆို ၁၅၀၀… တလ လေးသောင်းခွဲရှိတယ်မောင်…. အဲ့ဒါ အနိမ့်ဆုံး… တခေတ်တခါက BA ဘွဲ ့ရတောင်… တောင်းစားတာ ကောင်းမှန်းသိလို ့…. ရုပ်ဖျက်တောင်းစားတဲ့ ဇာတ်လမ်းလေးတောင်ရှိသေး…. ငါပြန်ရှာပြမယ်….
မြင့် ။ မင်း ဆိုလိုချင်တာကဘာလဲကွ…..
လေး ။ ဒီလိုလေကွာ…..
အေး ။ ဆက်ပြောပါအုံးဟ….
ဒီလိုနဲ ့ပဲ…. ၂၀၀ဝ တန် စကားဝိုင်းက တော်တော်နဲ ့ မပြတ်နိုင်ရှာ…..
.
.
.
.
လေးစားလျက်
တိမ်မည်း
33 comments
alinsett (gazette)
May 23, 2014 at 10:47 am
ရူးနေလို့ ပြောတာနေမှာ
တစ်နေ့နှစ်ထောင်နဲ့ လောက်ဖို့ဆိုတာ
မသေထမင်းမသေဟင်းလေး အဖြစ် စားပြီး
လမ်းဘေးမှာနေ
ဘတ်စ်ကားခိုးစီး
ဆေးလိပ်တိုကောက်သောက်
ကွမ်းတောင်းစား
မသေသင့်တဲ့ရောဂါနဲ့သေ တဲ့ ဘဝမျိုးပဲရမယ်
——–
လက်ရှိကုန်ဈေးနှုန်းအမှန်နဲ့ လက်ရှိ ဝင်ငွေ ထွက်ငွေမျှတမှုသာ ရှိရင်
တစ်နေ့ နှစ်ထောင်မက ကျနော်တို့ရနေတာပဲ
ဘာလို့ ဆင်းရဲနေဦးမလဲနော်
တစ်လ တစ်သိန်းလောက် ရရင်တောင် မလောက်ငှတာ. . .
တစ်လ ခြောက်သောင်းက
အိမ်ငှားလခ တစ်လ သုံးသောင်းပေးရင်
ကျန်တဲ့သုံးသောင်းနဲ့
ရေသောက် ဗိုက်မှောက် အိပ်နေလို့ပဲရမယ်
အရူးလိုပဲ စကားကို ဗရမ်းဗတာ ပြောနေကြတယ်
အဟက်
——–
တိမ်မည်း
May 23, 2014 at 10:55 am
ဟုတ်တယ်… အဲ့ ညဏ်တုံးက ရူးနေတာ…
သူ ပြောတာ မှားတယ်… (ဟုတ်တယ်လေ… သူ ့ကို လူတွေက ချဉ်နေတာ… ကိုယ့်နေရာ ကိုယ်သိပါလား…)
သူ ပြောတဲ့ပုံ မှားတယ်… (ပြောပေါက်က ၂၀၀ဝ နဲ ့ပဲ ဘဝကို ကျေနပ်ရမလိုလို…. )
ဒါပေမယ့်…
သူပြောတာ အကုန်မမှားဖူး…
ဘာဖြစ်လို ့လဲဆိုတော့ ဝန်ထမ်း တယောက် တလ ခြောက်သောင်း မရသေးလို ့…. (ရှိသမျှ ဝန်ထမ်း အားလုံးအတွက် ပျှမ်းမျှ အခြေခံလစာ ကို ပြောပါတယ်…. တချို ့ဆို တလ သုံးသောင်းနဲ ့ လေးသောင်းနဲ ့ပဲ လုပ်နေရလို ့ပါ…. )
ကျွန်တော်တောင် တလ သုံးသောင်းနဲ ့လုပ်ခဲ့ဖူးပါတယ်…. အဲ့ဒါ ဘဝပဲ….
black chaw
May 23, 2014 at 11:07 am
Nay Okkar ဖဘ က မလာတာလေး ပါ…။
စဉ်းစားကြည့်ကြဖို့ပါဗျာ…။
တိမ်မည်း
May 23, 2014 at 11:19 am
စဉ်းစားကြည့်ပါတယ်… အဲ့ဒါကြောင့်လည်း ဒီပို ့စ်လေး ရေးဖြစ်သွားတာပါ…..
ကို ဥက္ကာ ပြောသလိုပါပဲ…. တယောက်ပျှမ်းမျှ ခြောက်သောင်းလည်း ဖြစ်နိုင်ပါတယ်…..
ခက်တာကလည်း သူပြောသလိုပဲ… အစိုးရ (ဝါ) ခရိုနီတွေ ပြောရင် ဘာပြောပြော အထိမခံဖြစ်နေတာကိုး…..
ကေဇီ
May 23, 2014 at 11:27 am
စေတနာမမှန်မှန်း သေချာတဲ့သူတွေ ပြောတဲ့စကားတော့
အင်အင်းစားပြီး ရွှေထွက် ပါတယ်ဆို မဲ့ စကားးပြောတောင် မယုံရေးချမယုံ။
တိမ်မည်း
May 23, 2014 at 12:32 pm
ဟုတ်တယ်…. ဘဝက အဲ့လိုဖြစ်နေတယ်….. ပြောတဲ့သူက သူ ့အဆင့်သူ ဘာမှတ်နေလဲမသိဖူး… စကားပြော မဆင်ခြင်ဖူး……….
လုံမလေးမွန်မွန်
May 23, 2014 at 11:44 am
အဲဒီစကားရဲ့ အစအဆုံး ရင်းမြစ်ကို သေချာမသိသေးဘူး ဖြစ်နေတယ် ။ဘယ်တုန်းက ဘာတွေပြောရင်းနဲ့ ပြောလိုက်တာလဲဟင်
တိမ်မည်း
May 23, 2014 at 4:15 pm
အဲ့အရင်းကိုလိုက်ရှာနေတာ…. တွေ ့သေးဖူးရယ်….
Mr. MarGa
May 23, 2014 at 4:34 pm
https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn1/v/t34.0-12/10396518_399036676900822_992940246_n.jpg?oh=a92a3da975fb7c2d981ce9b0f238841b&oe=53812CCD&__gda__=1400968312_47f2731e230f18d8ef50ed1e65e36918
အဲဒါ အရင်း အကျဆုံးပဲဗျ ဇာတ်လမ်းက အဲဒီက စတာ
တိမ်မည်း
May 23, 2014 at 4:49 pm
ကျေဇူး ဆြာသမား…
Wow
May 23, 2014 at 12:40 pm
သူကိုယ်တိုင် ၂၀၀ဝ ကိုင်ပီး တစ်နေ့လောက်နေပြလေ…
ဒူးနဲ့ မျက်ရည်သုတ်သွားမယ်… အလဂါးရေပေါ်ဆီ အချောင်သမားဒွေ တောက်ကျင့်ကတန်သေး 🙁
ကေဇီ
May 23, 2014 at 12:58 pm
ပြောပါနဲ့ဟယ်။
မတော် သူ့မိန်းမ အကြော်ထွက်ရောင်းနေပါဦးမယ်။
“ပိုက်ဆံတော့ ရလာပါရဲ့။
မင်းအကြော်တွေ မကုန်ပါလား” ဖြစ်နေမယ်။
အဟစ်ဟစ်။ :mrgreenn:
twitty
May 23, 2014 at 1:28 pm
အိမ်တအိမ်မှာ မိသားစုဝင် တဦးရဲ့ ပျမ်းမျှ ဝင်ငွေဟာ တနေ့ ၂၀၀ဝ ဆိုရင် အဲဒီမိသားစု အတွက် လောက်ငှ နိုင်ပါတယ်..။
ဒါပေမယ့် အလုပ်လုပ်သူတယောက်ရဲ့ ပျမ်းမျှ ဝင်ငွေ ဟာ တနေ့ ၂၀၀ဝ ဆိုရင်တော့ မလောက် ပါဘူး..။
ဘာလို့လဲဆိုတော့ အိမ်တအိမ်မှာ လူအားလုံး အလုပ်လုပ်ကြတာ မဟုတ်လို့ပါ..၊
လူတယောက်ရဲ့ ဝင်ငွေဟာ အဲဒီလူတယောက် စားလောက်ရုံအတွက်ပဲ မဖြစ်သင့်ပါဘူး..။
သူ့မှာ မိသားစုဆိုတာရှိပါတယ်..။ မိခင်၊ ဖခင် တွေကို ကျွေးမွေး စောင့်ရှောက်ရတဲ့ စရိတ်၊ သား၊ သမီး တွေကို ပြုစုကျွေးမွေး၊ ပညာသင်ဆိုတဲ့ စရိတ်တွေရှိပါတယ်..။ ကျန်းမာရေးစရိတ်၊ လူမှုရေး စရိတ် ဆိုတာတွေလဲ ရှိပါသေးတယ်..။ ဒါကြောင့် လူတယောက်ရဲ့ ဝင်ငွေဟာ အနည်းဆုံး နောက်ထပ် မိသားစုဝင် နှစ်ယောက်လောက် ( မိဘ (သို့) အိမ်ထောင်ဖက် (သို့) သားသမီး ) ကို ကျွေးနိုင်ရပါမယ်..။ ဒါမှသာ အလုပ်လုပ်သူများတဲ့ မိသားစုနဲ့ မှီခိုသူနည်းတဲ့ မိသားစုတွေက ချောင်လည်တယ်ဆိုတဲ့ အဆင့်ကို ရောက်လာမှာပါ..။ အိုစာမင်းစာလို့ခေါ်တဲ့ နောင်ရေးအတွက် စုဆောင်းနိုင်တဲ့ အနေအထားမျိုးဖြစ်လာမှာပါ..။
တိမ်မည်း
May 23, 2014 at 1:34 pm
Reference Link
ဝင်ငွေ ၂၀၀ဝ ကျပ် ဒုသမ္မတ ပြောဆိုချက် တလွဲအဓိပ္ပာယ်ကောက်ဟုဆို
ဝင်ငွေ ၂၀၀ဝ ကျပ် ဒုသမ္မတ ပြောဆိုချက် တလွဲအဓိပ္ပာယ်ကောက်ဟုဆို
=====================================
တရက်ကို ဝင်ငွေ ကျပ် ၂၀၀ဝ ရှိရင် လုံလောက်ဟု မြန်မာ့ ဒုသမ္မတ ဦးဉာဏ်ထွန်း ပြောဆိုချက်ဟာ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူတာဖြစ်တယ်လို့ သမ္မတ ပြောခွင့်ရက ပြောပါတယ်။
မေ ၁၉ ရက် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှု စီးပွား ဘဝမြင့်တင်ရေး အခမ်းအနား အပြီး အရစ်ကျ အနှေးယာဉ် ဝယ်ယူသူများနဲ့ တွေ့ဆုံရာမှာ “တရက်ကို ၂ ထောင်ကျော်ဆိုရင် ရပ်တည်ဖို့ လောက်ပြီပေါ့ ဒီထက်နည်းနည်း ပိုရရင် အဆင်ပြေပြီ” လို့ ဒုသမ္မတ ဦးဉာဏ်ထွန်း ပြောကြားခဲ့တာကို ကိုးကားပြီး ရန်ကုန် အခြေစိုက် လူထုပုံရိပ် ဂျာနယ်မှာ ရေးသားထားပါတယ်။
ဦးရဲထွဋ်
ဦးရဲထွဋ်
ဒီရေးသားချက်ဟာ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံနေပြီး ဝေဖန်မှုတွေ အမြောက်အမြား ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
အနိမ့်ဆုံး အခြေခံ စားသောက် သွားလာ နေထိုင်စရိတ် အနည်းဆုံး ကျပ် ၃၇၀ဝ နဲ့ တွက်ပြထားတဲ့ ပိုစ်တွေနဲ့ ဒီပြောဆိုချက်ကို သရော်တဲ့ ကာတွန်းတွေလည်း မြန်မာ လူမှုရေးကွန်ရက်အသုံးပြုသူတွေ အကြား ပျံနှံနေ ပါတယ်။
ဒုတိယသမ္မတတဦးရဲ့ ဒီလို ပြောဆိုချက်တွေအပေါ် ဝေဖန်ချက်တွေ ကျယ်လောင်တာနဲ့ပတ်သက်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်ကို မေးမြန်းရာမှာ ဒီပြောဆိုချက်ဟာ ဆိုလိုချက်ကို အဓိပ္ပာယ်ကောက်ယူမှုလွဲပြီး ပြောဆိုတာ ဖြစ်တယ်လို့ ဖြေဆိုပါတယ်။
“လူတွေက ထုံးစံအတိုင်းပဲ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူပြီးတော့ ပြောတာပါ။ တကယ်တော့ ဒုတိယ သမ္မတ ပြောတာက ကျနော်တို့ အားလုံးသိတဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု မျဉ်းပေါ့နော်၊ ဆင်းရဲနွမ်းပါးမှုမျဉ်းက အရင်တုန်းက ၁ ဒေါ်လာ သတ်မှတ်တယ်။ နောက် ၂၀၀၈ ခုနှစ်မှာ ၁ ဒဿ မ ၂၅ ဒေါ်လာ အောက် ဝင်ငွေရှိတဲ့သူတွေကို ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်တယ်လို့ ပြောတယ်။ ဒုတိယ သမ္မတကြီးပြောတဲ့ ဆိုလိုတဲ့ သဘောကတော့ အဲဒီ ၂၀၀ဝ အောက် အပေါ်ရောက်လို့ရှိရင် ဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်ကို ရောက်ပြီပေါ့။ ဒါကို သူက ဆိုလိုတာပါ။ နိုင်ငံတကာသတ်မှတ်တဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းပေါ့။ နောက်တခုက ကျနော်တို့လုပ်နေတဲ့ ဆင်းရဲနွမ်းပါးလျော့ချရေးဆိုတော အဲဒီစံနဲ့ လိုက်လုပ်နေရတာကိုး။”
အရင်ကလည်း သမ္မတ အကြံပေး ဦးကိုကိုလှိုင်၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဌာန ဝန်ကြီး ဦးမြင့်လှိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာနဝန်ကြီး ဦးအုန်းမြင့် စတဲ့ အစိုးရအဖွဲ့တွင်းက တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေကိုလည်း လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွေမှာ ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။
kai
May 23, 2014 at 2:42 pm
ကျုပ်မှတ်မိသလောက်.. ငယ်ငယ်ကမုန့်ဟင်းခါးတပွဲ.. ၁မတ်…။
ကိုယ်တိုင်ဆိုင်ထိုင်လက်ဖက်ရည်သောက်နိုင်ချိန်မှာ.. တခွက် ၃မတ်.. အကြာကြီးအဲဒီဈေး.
တလ ၂၀၀ဝ ဆိုသူဌေး.. ဟေးဟေး..။
တိမ်မည်း
May 23, 2014 at 4:24 pm
ဟုတ်ပဗျာ… နောက်အစိုးရတွေက…. ငွေကြွေး ဝါဒ တွေကို နားမလည်ဖူး… ပိုက်ဆံတွေ ရိုက်ထုတ်တော့ ဖောင်းပွကုန်တာပေါ့…..
ခင် ခ
May 23, 2014 at 3:02 pm
(“လူတွေက ထုံးစံအတိုင်းပဲ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူပြီးတော့ ပြောတာပါ။ တကယ်တော့ ဒုတိယ သမ္မတ ပြောတာက ကျနော်တို့ အားလုံးသိတဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု မျဉ်းပေါ့နော်၊ ဆင်းရဲနွမ်းပါးမှုမျဉ်းက အရင်တုန်းက ၁ ဒေါ်လာ သတ်မှတ်တယ်။ နောက် ၂၀၀၈ ခုနှစ်မှာ ၁ ဒဿ မ ၂၅ ဒေါ်လာ အောက် ဝင်ငွေရှိတဲ့သူတွေကို ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်တယ်လို့ ပြောတယ်။ ဒုတိယ သမ္မတကြီးပြောတဲ့ ဆိုလိုတဲ့ သဘောကတော့ အဲဒီ ၂၀၀ဝ အောက် အပေါ်ရောက်လို့ရှိရင် ဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်ကို ရောက်ပြီပေါ့။ ဒါကို သူက ဆိုလိုတာပါ။ နိုင်ငံတကာသတ်မှတ်တဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းပေါ့။ နောက်တခုက ကျနော်တို့လုပ်နေတဲ့ ဆင်းရဲနွမ်းပါးလျော့ချရေးဆိုတော အဲဒီစံနဲ့ လိုက်လုပ်နေရတာကိုး။”)
အဲဒီလိုသာတွက်ရင် ဆင်းရဲနွမ်းပါးမှုရာခိုင်းနှုန်း အတော်များများတော့ မတွက်ခင်ထဲက ပပျောက်နေပြီး။ ဒို့တိုင်းပြည်ကသူတွေ မဆင်းရဲဘူး ချမ်းသာတဲ့သူတွေများသကိုး ခုမှဘဲသိတော့တယ် သူဌေးမင်း သူဌေးကတော်များ ခင်ဗျ။
တိမ်မည်း
May 23, 2014 at 4:21 pm
မတွက်ခင်ကတည်းက မပျောက်သေးဖူး လေးခရေ… မြန်မာပြည်မှာ အဲ့လောက် တောင် မရသေးသူတွေ ဒုနဲ ့ဒေး ရှိသေးတယ်…. အထူးသဖြင့် အထည်ချု ုပ်တွေ… (ဒါက ခနခန ဆန္ဒပြနေလို ့ မြင်နေရတာ… မမြင်ရသေးတဲ့… အသေးစား အလုပ်လေးတွေ ရှိသေး….) ဒါ က ကိုယ့် ရန်ကုန်မြို ့ပေါ်မှာနော်…. အဲ့ဒါတွေတောင် ခြောက်သောင်းမရကြဖူး…. နယ်ကလူတွေဆို ပိုဆိုး….
Mr. MarGa
May 23, 2014 at 3:05 pm
လောလောဆယ်တော့ သရော်စာအတွက် နာမည်တစ်ခု တိုးသွားပြီပေါ့ဗျာ
JackSkellington
May 24, 2014 at 9:26 am
တစ်ရက် ကို ၂၀၀ဝ လောက်တယ် မလောက်ဘူး ကတော့ လူအမျိုးမျိုး အမြင် အမျိုးမျိုး ပဲဗျ။
ခက်တာက ဟိုက ဉာဏ်ထိုင်း ပြောတာက တစ်နေ့ ၂၀၀ဝ နှင့် အထက် သည် အနိမ့်ဆုံး ဖြစ်ရမယ့် ဝင်ငွေ ဒီထက် ပိုရင် လဲ ပိုပေါ့။
၂၀၀ဝ နဲ့ လူတစ်ယောက်ဟာ အသက်ရှင်နိုင်တယ်ပေါ့ (ချွေတာ ကုတ်ကပ် စားရင် ထောက်ပံ့စရာ မရှိရင်)
ကိုတိမ်မည်း ပြောသလိုပဲ တစ်နေ့မှ ၂၀၀ဝ (တစ်လ ခြောက်သောင်း) တောင် မဝင်တဲ့ လူတွေ တပုံကြီးရယ်။
ဒီတော့ ဒီ ၂၀၀ဝ က မှန်ချင်လဲ မှန် မှားချင်လဲ မှားမယ်ပေါ့ဗျာ။
တောက်ညင်ကပ်တာကတော့ ဖေ့စ်ဘွတ်ခ် မှ မဟာ ပညာကျော် များ ကို ပါပဲ။
သူတို့ပဲ မြန်မာစာ ကို မပိုင်နိုင်ကြတာလား သေချာပဲ မစဉ်းစား တတ်ကြတာလား မသိဘူး။
တစ်နေ့ ၂၀၀ဝ နဲ့ပဲ လူလတ်တန်းစား လို နေနိုင်တော့မလိုလို၊ သူဌေးပဲဖြစ်တော့မလိုလို နားလည်သွားကြပုံ ပေါ်ပါတယ်။
တခါထဲ သူတို့ အသုံးစရိတ်တွေ ချရေးပြကြ တွက်ပြကြ ခွဲခြမ်းစိတ်ဖြာ ပြကြ နဲ့။
ဘယ် ဆင်းရဲသားမှ အားအား ယားယား လန်ဒန် ဖွာ မနေ၊ မြန်မာဘီယာ သောက်မနေ၊ ရုပ်ရှင် တွေ ကြည့်မနေ၊ အပြင်ထွက်မနေ၊ ဆိုင်မှာ စားမနေဘူး ဆိုတာ ကို အတော် ရှင်းပြရ ခက်နေတယ်။
(ခုတောင် ဖေ့စ်ဘွတ်ခ် မှာ သွား မဆဲ ရဲ လို့ ဒီမှာ လာအော်သွားတာပါ။) 🙂
TNA
May 24, 2014 at 9:18 pm
ပထမနှစ်တုန်းကတော့ တနေ့နှစ်ထောင်ကုန်ဘူးပဲ။ ပိုတောင်ပိုသေးအဟေးဟေး
myatpone nya
May 24, 2014 at 9:26 pm
ဘယ်သူ့ကို စာနာနေကြတာလဲဟင်။ ကိုယ့်ဝင်ငွေတိုးတက်အောင် ကွကိုယ် ကြိုးစားရမှာပါ။ ဘာဖြစ်လို့ သူများတစ်ခွန်းပြော တစ်ခွန်းဝေဖန်နေကြတာလဲဟင်…… ။ သူအဲလို ပြောတော့ရော ကိုယ့်ဝင်ငွေက လျော့သွားမှာ မို့လို့လား…….။ နားကို မလည်နိုင်တော့ဘူး……။ အခု မကောင်းဘူးလို့ ပြောနေတဲ့သူတွေ ကိုယ်ပိုင်ဝင်ငွေ တစ်လ ဘယ်လောက်ရှိလဲပြော…..
အကုန်လုံး အခွန်တ်ိုးကောက်ပစ်မယ်……
အရီးမုတ်ဆိတ်
May 24, 2014 at 9:33 pm
တစ်နေ့ ၂၀၀ဝ ရရင်လောက်တယ် ဆိုတာ ဖြစ်နိုင်/မနိုင် စဉ်းစားနေကြတာပါ။
အခွန်ကောက်ချင်ရင်တော့ အဘ တို့ ကို အရင်သွားမေးပါ myatpone nya ရေ။
:-))))
တိမ်မည်း
May 26, 2014 at 9:47 am
အဲ့သူများကလည်း တခွန်းပြော ပြောချင်စရာ ဖြစ်နေလို ့ပေါ့… မြပုံညရယ်…. ဝန်ကြိးတွေ သမ္မတ တွေသာ ဖြစ်လာတယ်…. နိုင်ငံရေးစကားကို ဘယ်လို လှလှ ပပ ပြောရမယ်ဆိုတာ နားမလည်ကြဖူး… အင်မတန်မှ အရေခွံပါးတဲ့ ပြည်သူတွေ နဲ ့တွေ ့တော့ ခနခန ရေနွေးအိုးဆူတာပေါ့… ပြီးတော့ ခနခန ဂရုမစိုက်ဖူး ဆိုတာမျိုးကလည်း လုပ်သေးတယ်…. သူတို ့လုပ်တာတွေက ခရိုနီ မဟုတ်တဲ့ လူအနည်းစုသာ နားလည်နိုင်ပေမယ့်…. လူအများစုက နားမလည်နိုင်ကြဖူး…… မကြာခင် ထိုင်းလိုပဲ… မြန်မာပြည်လည်း ရှပ်စိမ်း ရှပ်နီ ဟူသော လူတန်းစား နှစ်ရပ် ပေါ်ပေါက်လာမည်ဟုတ် မြင်မိပါကြောင်း……
အရီးမုတ်ဆိတ်
May 24, 2014 at 9:28 pm
၂၀၀ဝ ဆိုတာ တစ်နေ့ အင်တာနက် သုံးစာ ကို ပြောတာပါတဲ့။
တလွဲ မထင်ကြပါနဲ့တဲ့။
အမှား ဆိုတာ များများမှားပြောမှ အမှန်ရောက်မှာ မို့ပါတဲ့။
ခွေးလွှတ်လိုက်ကြပါကွယ်။
🙄
တိမ်မည်း
May 26, 2014 at 9:00 am
ခွေးလွတ်ပါတယ် ခွေးလွတ်ပါတယ်…. 🙁
JackSkellington
May 24, 2014 at 9:45 pm
တစ်နေ့ ၂၀၀ဝ ဆိုတာ နွားနို့ဖိုး ဖယောင်းတိုင်ဖိုး နေမယ် း)
padonmar
May 26, 2014 at 12:56 am
Credit to Arr Yar Yarr
တစ်ရက် ၂၀၀ဝ ကျပ် ကျွန်တော်လည်း ပြောကြည့်မယ်….
ကြိုပြောထားပါမယ်……
အမြင်မတူတိုင်း ရန်သူလို့ မသတ်မှတ်စေချင်ပါဘူး….
လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်…
ကဲ စပြောပြီ…
တစ်ရက် ငွေကျပ် ၂၀၀ဝ တောင် မဝင်တဲ့လူတွေ မြန်မာပြည်မှာ မနည်းပါဘူး…..
တစ်ရက် ဝင်ငွေ ၂၀၀ဝ ပုံမှန်ရနေရင် ကျေနပ်ပါတယ်ဆိုတဲ့ လူတန်းစားအရေအတွက်ဟာ ဒီအွန်လိုင်းမှာ အော်နေကြတဲ့လူအရေအတွက်ထက် မနည်းပါဘူး…..
နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုအနေနဲ့
၁ ဒဿ မ ၂၅ $ အောက် ဝင်ငွေရှိတဲ့သူတွေကို ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်တယ်လို့ သိရပါတယ်….
ဒုသမ္မတအနေနဲ့ ဆင်းရဲနွမ်းပါးသူအရေအတွက် လျော့ချရေးအတွက် ရည်ရွယ်ပြီး ပြောသွားတဲ့ဆိုလိုရင်းသာဖြစ်ပါတယ်…..
ဆိုလိုရင်းထက် စကားလုံးတွေကိုသာ အဓိပ္ပါယ်ဖော်ဆောင်နေရင်တော့ နားလည်မှုလွဲမှားနေဦးမှာဖြစ်ပါတယ်….
လက်ရှိ မြန်မာနိုင်ငံမှာလည်း အလုပ်သမား အခြေခံလူတန်းစားအားလုံးပေါင်းပြီး ပျဉ်းမျှအနေနဲ့တွက်လိုက်ရင် တစ်ယောက်ကို တစ်ရက် ၁၀၀ဝ တောင် မရကြပါဘူး……
ရွာနဲ့ နယ်မြို့တွေမှာ တစ်ရက် လုပ်အားခ ၁၅၀ဝ တောင် မရတဲ့လူတွေလည်း အများကြီးပါ…
ရရင်လည်း နေ့စဉ်ပုံမှန်ဝင်နေတဲ့ ဝင်ငွေမရှိပါဘူး….ကောက်စိုက်နေ့စား၊ ကောက်ရိတ်နေ့စားအနေနဲ့ သီးနှံရာသီပေါ်မူတည်ပြီး လုပ်အားခနေ့စားရရှိပါတယ်…. ကောက်စိုက်မဲ့ရက် ကောက်ရိတ်မဲ့ရာသီ မဟုတ်ရင် အလုပ်မရှိဘဲ ဝင်ငွေမရှိပါဘူး….. လမ်းဖောက် ၊ ကူလီထမ်း၊ ပန်းရံ ၊ လက်သမားအကူ စတဲ့ အခြေခံဝန်ထမ်းတွေလည်း
ရတဲ့ရက်ရ မရတဲ့နေ့ကျ တစ်ပြားမှ မဝင်တဲ့ရက်တွေလည်း အများကြီးပါ…..
ပျဉ်းမျှဆိုတဲ့ စကာလုံးအသုံးအနှုန်းရဲ့ အဓိပ္ပါယ်ကိုတော့ ရှည်ဝေးစွာရှင်းပြဖို့လိုမယ်မထင်ပါဘူး….
အွန်လိုင်းသုံးနေတဲ့လူတွေကိုသာ ရည်ရွည်ပြီး ပြောနေတာမဟုတ်ဘူးဆိုတာကို နားလည်စေချင်ပါတယ်…
ဒုသမ္မတပြောသွားတာ အလုပ်သမားဥပဒေမှာ အခြေခံလစာ သတ်မှတ်ချက် မထွက်ရှိသေးတဲ့အတွက်ကြောင့် အလုပ်သမားတစ်ဦး အနိမ့်ဆုံးလုပ်ခ တစ်ရက် ၂၀၀ဝ နှုန်းနဲ့ တစ်လ ၆၀၀၀ဝ ဝင်ရင် စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်တယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှု စီးပွား
ဘဝမြင့်တင်ရေး အခမ်းအနား မှာ ရှင်းပြသွားတာဖြစ်ပါတယ်….သတင်းမှာဖော်ပြတာကျတော့ “တစ်ရက် ငွေ ၂၀၀ဝ ကျော်လျှင် လုံလောက်” တယ်လို့ ဖော်ပြထားတာပါ…
သတင်းထောက်တွေနဲ့ သတင်းဌာနအချို့ဟာ နိုင်ငံတော်က အုပ်ချုပ်သူတွေအပေါ်မှာ ပြည်သူတွေ မေတ္တာပို့စေမဲ့ အချက်အလက်လေးတွေကိုပဲ ရွေး Highlight လုပ်ပြီး ဖော်ပြလေ့ရှိပါတယ်….
ပြည်သူတွေအများစုကလည်း ဒါမျိုးသတင်းတွေဆိုရင် ချက်ချင်း ဆုံးဖြတ် ဝေဖန် ဒေါသထွက် ဆဲဆို နေကြတော့ သတင်းဌာနတွေအတွက် ဩဘာလက်ခုတ်သံကြီးပေါ့…..
လုံလောက်မှုရှိမရှိဆိုတာဟာ နေရာဒေသပေါ်နဲ့ သုံးစွဲတဲ့လူပေါ်မူတည်ပြီး ကွဲပြားသွားမှာပါ…
ရန်ကုန်လိုမြို့ကြီးပြကြီးမှာ တစ်ရက် ၅၀၀ဝ ဝင်ပေမဲ့ အသုံးစရိတ်အနေနဲ့လည်း မြို့ပြရဲ့ လူနေမှုအခြေခံပေါ်မူတည်ပြီး ကုန်ကျသွားမှာပါ…
တောရွာကျေးလက်မှာ တစ်ရက် ၁၀၀ဝ ဝင်ပေမဲ့ အသုံးအစရိတ်အနေနဲ့လည်း မြို့ပြထက်တော့ အများကြီး ကုန်ကျမှုသက်သာပါတယ်….
လယ်ဝေးနဲ့ ရမိုင်ဝေးတဲ့ ဝင်တဲကူရွာမှာ ကျောထောက်နောက်ခံ လုပ်ကျွေးမဲ့ သားသမီးမရှိတဲ့ (သားသမီးသေဆုံးသွားတဲ့)
အဘိုးအဘွား ၉ယောက် ကို ကျွန်တော် လစဉ် တစ်ယောက်
ဆန် ၃ပြည် ဆီ ၃ဝကျပ်သား (အကြမ်းပျဉ်း တစ်လ ၄၂၀ဝကျပ်နှုန်းနဲ့ )လှူဒါးထောက်ပံ့လာတာ ၁နှစ်ကျော်ပါပြီ…
ဟင်းစားအနေနဲ့ကတော့ ရွာမှာရှိတဲ့ ဟင်းရွက်ကန်စွန်းခူးစားတယ်… ရှာကြံစားတယ်ပေါ့…..
ထောက်ပံ့မှုမရရှိခင်က အိုကြီးအိုမနဲ့ မျှစ်ချိုး ၊ မှိုခူးပြီး ရောင်းစားတာ တစ်ရက် ၄၀ဝ ၊ ၅၀ဝ ရတယ်လို့သိရပါတယ်…
ဒီ ၂၀၀ဝကျပ် ကိစ္စမှာတော့ ကျွန်တော့်အမြင်ဟာ အများအမြင်နဲ့ (တစ်ရွာလုံးနဲ့ တစ်ယောက်) လိုမျိုး ဖြစ်နေမယ်ဆိုတာ ကြိုတွက်ဆပြီးသားပါ….
ဒီပို့စ်ရေးလိုက်လို့ အစိုးရဘက်တော်သားလို့လည်းမထင်စေချင်သလို
ယခင်က ဝေဖန်တဲ့ ပို့စ်တွေ( နောက်ဝေဖန်မဲ့ ပို့စ်တွေ) ဖတ်ပြီးတော့လည်း အစိုးရ ဆန့်ကျင်တဲ့လူလို့လည်း မထင်စေချင်ပါဘူး….
သာမာန် ပြည်သူတွေထဲက ပြည်သူသာလျှင်ဖြစ်ပါတယ်…
PS : …… ရန်ကုန်လိုမြို့ကြီးတွေမှာတော့ လူတစ်ယောက် တစ်ရက် ၂၀၀ဝ ဆိုတဲ့ငွေဟာ စားဝတ်နေရေးအတွက် ရပ်တည်ဖို့ ခက်ခဲပါလိမ့်မယ်…..
ရန်ကုန်မှာ တစ်ရက် ၂၀၀ဝ ကျပ်နဲ့ မလောက်ငဘူးဆိုတာကိုတော့ အထွေအထူူး သက်သေပြနေစရာမလိုပါဘူး…..
တိမ်မည်း
May 26, 2014 at 9:23 am
အမရေ….
အမ ပြောတာလည်း မှန်ပါတယ်…. အမအမြင်နဲ ့ကျွန်တော့်အမြင်လည်း သိပ်တော့မကွဲပါဖူး…..
ဒီပို ့စ်ရေးတယ်ဆိုတာကလည်း ပတ်ဝန်းကျင် မှာ ဖြစ်တာလေးတွေ လောက်ပါပဲ…..
၂၀၀ဝ ဟာ တကယ်တော့ တောနေလူတန်းစား အတွက် တကယ်လောက်ငပါတယ်…..
ရန်ကုန်မှာဆိုရင်တော့ လောက်ငဖို ့အင်မတန်ခဲယဉ်းပါတယ်….
အိမ်မှာလည်း အဲ့ကိတ်စပြောမိလို ့ ကျွန်တော်လည်း တအိမ်လုံး နဲ ့တယောက် ဖြစ်ပီးပါပီ… 😀
နယ် မပြောပါနဲ ့… ရန်ကုန်လို ့နေရာမျိုးတောင် ၂၀၀ဝ ဆိုတဲ့အခြေခံလစာကို အကုန် မရကြသေးပါဖူး….
အဲ့ဒါကြောင့်လည်း အဲ့လောက် အငြင်းပွားနေကြတာပါ…
တကယ်ဆို တနိုင်ငံလုံးမှာ…. မြို ့အလိုက် ဝန်ထမ်းတွေရဲ့ အခြေခံလစာကို သတ်မှတ်ပေးဖို ့….. လိုအပ်နေသည်ဟုထင်မိကြောင်း……..
လေးစားလျက်
တိမ်မည်း
P.S ငွေကြေးဖောင်းပွမှူ ဟာဆက်တက်နေတယ်တဲ့….. ကုန်ဈေးနှုန်းကလည်း တက်တုန်းပဲ… အစိုးရဝန်ထမ်းတွေကို ၂၀,၀၀ဝ တိုးပေးလိုက်တုန်းက ကုန်ဈေးနှုန်း မထိန်းလိုက်နိုင်ဖူး… အဲ့ဒါ တအားဆိုးတယ်…၂၀၀ဝ လည်း မကြာခင် ၃၀၀ဝ ဖြစ်မယ်ထင့်…..
aung moethu
May 29, 2014 at 9:25 am
အချို့အထည်ချုပ်က အလုပ်သမားတွေဟာ တစ်လ ခြောက်သောင်းမရကြတာတော့ သိကြပါတယ်။ သူ့မှာမိသားစု နဲ့ အားလုံး စုပေါင်းစားနေလို့သာ သူရတဲ့လစာနဲ့ နေထိုင်နိုင်တာပါ။ ပြောရရင် အရှည်ကြီးဖြစ်နေမှာပါ။ ကျတော်တို့နိုင်ငံက အခြေခံလူတန်းစားဆိုထဲမှာတောင် တော်တော်ခက်ခဲကြပ်တည်းနေတဲ့ လူတွေအများသားမဟုတ်လား။
weiwei
May 29, 2014 at 9:57 am
ရန်ကုန်မှာ တစ်လ ခြောက်သောင်းနဲ့ လောက်အောင်နေနေကြတဲ့ လူတွေရှိတယ် ..
နယ်ကနေလာပြီး ရန်ကုန်မှာ အထည်ချုပ်စက်ရုံမှာလုပ်တယ် … တစ်ဦးအတွက်နေခ တစ်လ တစ်သောင်းပေးရတယ်။ ထမင်းချိုင့်ဆွဲ တစ်လလုံးမှ နှစ်သောင်းကျပ် (တစ်နေ့ ၂ နပ်)ဆိုတော့ ၃ သောင်း၊ မုန့်ဖိုး တိုလီမိုလီတစ်လ တစ်သောင်းဆိုတော့ လေးသောင်းပဲကုန်တယ်။ စက်ရုံဆိုတော့ ဖယ်ရီရှိလို့ ကားခမကုန်၊ အိမ်ကို တစ်လ ၂ သောင်းပြန်ပို့နေတဲ့ ကောင်မလေးတွေကို မြင်ဖူးတယ်။ တစ်လ တစ်သိန်းလောက်များရမယ်ဆိုရင် သူတို့တော်တော်ပျော်ကြမှာ ..
padonmar
May 29, 2014 at 10:00 pm
ကျမ နာမည်ကြီး လက်ဖက်ရည်ဆိုင် တခုက စားပွဲထိုးလေးကို ဗျူးကြည့်တယ်။
သူတို့ အဲဒီမှာပဲနေတယ်။စားတယ်။(နေ+စား=15000 လို့ သူတို့တွက်ပါတယ်)
လခက ၄၅၀၀ဝ ပေးတယ်။
ဝတ်စုံက ဆိုင်ကို ပစ္စည်း ကြော်ငြာတဲ့ကုမ္ပဏီတွေက ပေးတယ်။
အဲဒါတွေကို နေ့စဉ်ဝတ်ရတယ်။
သူတို့ ပျော်နေကြတာပဲ။
ဝေဝေ ပြောတဲ့ အတိုင်း ၅၀၀၀ဝ -၆၀၀၀ဝ နဲ့ လောက်အောင်နေနေတဲ့ အထည်ချုပ်သမလေးတွေ တွေ့ဖူးပါတယ်။
လုပ်သက် ၃-၄လဆိုရင် သူတို့ ဝင်ငွေဟာ ကျွမ်းကျင်မှုပေါ်လိုက်ပြီး ၇-၈၀၀၀ဝ ဖြစ်သွားကြပြီ။
၂နှစ်လောက် လုပ်တဲ့ ကျွမ်းကျင်သူတွေဆို ၁သိန်းလောက်ရလို့ ရွှေငွေ စုဆောင်းနိုင်ပြီ။
အနည်းဆုံး လုပ်ခလစာဆိုတဲ့ အကြောင်းကို နားလည်သလောက် ကြိုးစားရေးကြည့်ပါအုံးမယ်။
ဦးကျောက်ခဲ
May 29, 2014 at 10:10 pm
“၂နှစ်လောက် လုပ်တဲ့ ကျွမ်းကျင်သူတွေဆို ၁သန်းခွဲ”…. = ၁၅သိန်း…
မနောက်ပါနဲ့ အန်တီဒုံရယ်… တကယ်ကြီးလားဟင်…
အဲဂလိုဆိုရင်တော့ ဘယ်ဆိုးလို့လဲ… လစာအတက်ကြမ်းသားပဲ ၊ လုပ်ပျော်ပါတယ်…