” သူမပြောတဲ့ဈေးကို ကိုယ်ကြိုက်သမို့”
” သူမပြောတဲ့ဈေးကို ကိုယ်ကြိုက်သမို့”
အမေက ကျုပ်ကိုရန်ကုန်မြို့မှာမွေးဖွားလိုက်လေတော့ ရန်ကုန်သားဖြစ်ကာ ရန်ကုန်ဆိုသော မြို့ကြီးပြကြီးမှာ ကျင်လည်ခဲ့ရတာပေါ့ဗျာ။ ဒီလိုနဲ့ အတန်းပညာတွေ တစ်တန်းပြီးတစ်တန်းတက်လို့ ရန်ကုန်တက္ကသိုလ်ဆိုတဲ့ ကျောင်းတော်ကြီးမှာလည်းပညာသင်ခဲ့ရတယ်လေ။ ကျုပ်တို့အဲလိုဘာလို့ပညာသင်ရလဲဆိုတော့ ကျုပ်တို့ ကလေးဘဝ လူရွယ်ဘဝ ဖြတ်သန်းရတာက မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဦးဆောင်တဲ့ မဆလခေတ်မှာ ကျုပ်တို့နိုင်ငံမှာ အခုလို ပြင်ပပုပ္ပလိကအလုပ်တွေ ကုမ္မဏီအလုပ်တွေ မထွန်းကားသေးဘူးလေ ဆိုရှယ်လစ် စနစ်မို့ ပြည်သူပိုင် တွေဘဲရှိသမို့ အစိုးရဝန်ထမ်းအလုပ်သာလျှင် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှိနေပြီး ကျုပ်တို့မိဘတွေကလည်း အစိုးရဝန်ထမ်းဘဲဆိုတော့ကာ
” ငါ့သားရယ် တက္ကသိုလ်ဘွဲ့တစ်ခုပြီးမှ အစိုးရဝန်ထမ်းဝင်လုပ်ရင် တင့်တယ်မှာမို့ ဒီပြင်ဆိုရင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားရမှာလေ ဘွဲလေးတစ်ခုတော့ ရအောင်လုပ်ပါ” လို့ အတန်းတစ်တန်းစတက်တဲ့ ကျောင်းဖွင့်တဲ့ အခါတိုင်း အဖေပြောခဲ့ပါတယ်။
ဒါပေမယ့် ကျုပ်တို့တုန်းက လေးနှစ်တာကာလတက်ရတဲ့ တက္ကသိုလ်ပညာရေးခေတ်မှာ ငွေစက္ကူတွေ တရားမဝင်ကြေငြာလို့ ကျောင်းသားတွေသပိတ်မှောက်ကြ ကျောင်းပိတ်ကြ၊ ဆန္ဒပြသမို့ ကျောင်းပိတ်ကြနဲ့ ထို လေးနှစ်မျှတက်ပြီးဘွဲ့ရမယ်ဉ္စာ ပိတ်တစ်ခါဖွင့်တစ်လှည့်နဲ့ တက္ကသိုလ်သက်တမ်းရှည်ကာ နောက်ဆုံးနှစ်တွင် ၈၈အရေး တော်ပုံကြီးပေါ်ပေါက်လာခဲ့တာနဲ့ ပုံမှန်လေးနှစ်ခရီး တက္ကသိုလ်ကို လေးနှစ်မကကြာခဲ့ပြီးမှ ဘွဲ့လေး တစ်ခုရတာပေါ့ဗျာ။ ဟော ဘွဲ့တစ်ခုရပြီလည်းဆိုရော အဲဒီခေတ် တုန်းက ဘွဲ့ရပြီးရင် ရန်ကုန်မြို့ကန္နားလမ်း ဆူးလေဆိပ်ကမ်းနဲ့မျက်နှာခြင်းဆိုင်မှာ ခြောက်ထပ်ရုံးခေါ်တဲ့ အလုပ်သမား ညွှန်ကြားမှုဦးစီးရုံးဆိုတာရှိတယ် အဲဒီမှာ အစိုးရရုံးတွေက ဝန်ထမ်းခေါ်စာကိုဖတ်ပြီး PSC ခေါ်တဲ့ ဝန်ထမ်း ရွေးချယ်ရေးကော်မတီ ထံမှာ လျှောက်လွှာတင်ပြီး အလုပ်ဝင်ခွင့်စားမေးပွဲဖြေကာ အောင်မြင် တော့မှ လူတွေ့ တစ်ခါဖြေပြီး ရွေးချယ်တော့မှ အစိုးရအရာရှိငယ်အဖြစ် အလုပ်လုပ်ခွင့်ရကြတာဆိုတော့ အလုပ်ကလေးတစ်ခုရဖို့ အခါခါနေ့စဉ် ထိုရုံးကို ချောင်းပေါက်မတတ်လာရသွားရတာပေါ့ဗျာ။ ထိုခြောက်ထပ်ရုံးမှာဘဲ သင်္ဘောသားလုပ်ချင်သူတွေ နိုင်ငံခြား သွားလုပ်ချင်သူတွေလည်း နိုင်ငံခြားသွားဖို့လာရတဲ့နေရာပေါ့ဗျာ။ ဒီလိုနဲ့ ကျုပ်တစ်ယောက် အလုပ်လျှောက်ဖို့ ထိုခြောက်ထပ်ရုံကို နေထိုင်ရာလှည်းတန်းကနေ ဘတ်စ်ကားစီးက အခါခါ နေ့တဒူဝ သွားလာလိုက် အဲဒီရုံး ဒုတိယထပ်စင်္ကြန်မှာဖွင့်ထားတဲ့ လဘက်ရည်ဆိုင်ထိုင်တာများလေတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့ သူတွေနဲ့မိတ်ဆွေဖြစ်ပြီး ရေခြားမြေခြားနိုင်ငံခြားမှ အလုပ်လုပ်ဖို့လမ်းစလေးပေါ်လာတယ်လေ၊ သူငယ်ချင်း တွေလည်း သွားကြမယ်ဆိုလို့ လိုအပ်တာတွေလုပ်ပြီး အမိမြေကိုခေတ္တစွန့်ကာ ရေခြားမြေခြားတိုင်းတစ်ပါး ဝယ်ကျုပ်တစ်ယောက် အလုပ်သွားလုပ်ဖို့အခြေအနေဖြစ်ခဲ့ရတယ်ပေါ့ဗျာ။
အချိန်ကာလအားဖြင့် ၁၉၉ရ လောက်၏ တစ်မနက်ခင်းမှာ ကျုပ်တစ်ယောက် ၈ နာရီမထိုးသေးခင် အင်းစိန်-ဆူးလေ ဘတ်စ်ကားပေါ်ကဆင်းပြီး ဘားလမ်းမှာရှိတဲ့ နိုင်ငံခြားငွေကြေး ကုန်သွယ်မှုဘဏ်ရှေ့မှာ ဟိုဟိုဒီဒီ ကြည့်ပြီးဘဏ်ကလည်းမဖွင့်သေး ခါတိုင်းတွေ့နေကျ ဘော်ဒါတွေကလည်း မတွေ့သေးမို့ မဟာဗန္ဓုလပန်းခြံထဲ ကအရိပ်ကောင်းသမို့ဝင်ထိုက်လိုက်အုံးမယ် စိတ်ကူးပြီး ပန်းခြံဝင်ပေါက်မှာ သတင်းစာတစ်စောင် အပျင်းပြေ ဖတ်ဖို့တစ်စောင်ဝယ်ကာ ပန်းခြံအတွင်း အရိပ်ကောင်းအောက်က ခုံလေးမှာ ခုနဝယ်လာတဲ့ သတင်းစာ ကိုအေးဆေး စိတ်ဝင်တစ်စားခေါင်းငုံဖတ်နေ လိုက်တာ ပတ်ဝန်းကျင်ကိုသတိမထားမိလိုက် သလိုဖြစ်နေတုန်း ငုံဖတ်နေတဲ့သတင်းစာရှေ့မှာ ခြေထောက်အစုံ လေးတစ်ခုလာရပ်လိုက်တော့မှ ခေါင်းမော့ကြည့်လိုက်တော့ အသားဖြူဖြူသွယ်သွယ်နဲ့ ကလေးမတစ်ယောက် ဖြစ်နေလို့ သူ့ကိုငေးကြည့်နေတုန်း သူမက ခုနရပ်နေတဲ့ ဖြူဖြူလွှလွွှှခန္ဓာကိုယ်လေးကို ညွှတ်ယိမ်းကာ ပြုလို့ကိုယ့်နား နားကိုကပ်ခါ တိုးတိုးညှင်သာသော အသံသာသာ လေးနဲ့ ” အကို………………………… ” ဆိုပြီးပြောလာတာမို့ ဘယ်ဈေးလဲ ဘယ်လောက်လဲမေးပြီး သူမ ပြောတဲ့ဈေးကို ကြိုက်နှစ်သက်တာမို့ သူမနဲ့အတူ မဟာဗန္ဓုလပန်းခြံထဲက ထွက်လာခဲ့တယ်လေ။
…………………………………………………………………………………………………………………
……………………………………………………………………………………………………………………..
………………………………………………………………………………………………………………………
…………………………………………………………………………………………………………………
……………………………………………………………………………………………………………………..
………………………………………………………………………………………………………………………
…………………………………………………………………………………………………………………
……………………………………………………………………………………………………………………..
………………………………………………………………………………………………………………………
…………………………………………………………………………………………………………………
……………………………………………………………………………………………………………………..
…………………………………………………………………………………………………………………
……………………………………………………………………………………………………………………..
………………………………………………………………………………………………………………………
…………………………………………………………………………………………………………………
……………………………………………………………………………………………………………………..
………………………………………………………………………………………………………………………
…………………………………………………………………………………………………………………
……………………………………………………………………………………………………………………..
………………………………………………………………………………………………………………………
…………………………………………………………………………………………………………………
……………………………………………………………………………………………………………………..
………………………………………………………………………………………………………………………
အဲဒီအချိန်ကာလတုန်းက နိုင်ငံခြားငွေ(ဒေါ်လာ)ကို မြန်မာငွေနဲ့ လဲလှယ်လိုလို့ ရောင်းတာဘဲဖြစ်ဖြစ် ဝယ်တာဘဲဖြစ်ဖြစ် အခုလို ငွေလဲကောင်တာတွေ ငွေလဲဘဏ်တွေမပေါ်ထွန်းသေးသလို ဒေါ်လာဝယ်ရောင်း ခြင်းဟာလည်း အဲဒီအချိန်အခါတုန်းက တရားဝင်မဟုတ်လေတော့ တိုးတိုးတိတ်တိတ် အဆက်အစပ်နဲ့သာ ဝယ်ရ ရောင်းရ လဲလှယ် ခဲ့ရတာကိုး။
ခင်ခ။
17 comments
nozomi
May 23, 2014 at 2:13 pm
ကြိုက်ဈေး နဲ့ ဆို လိုက်မယ် ဆိုတဲ့ သဘောပေါ့လေ
အရင်ကတော့ အစိမ်း ဝယ်ရ ရောင်းရတဲ့ ဒုက္ခကတယ် မသေးဘူး ဗျ
အတော်လဲ စိတ်ညစ်ဘို့ ကောင်းတာ
အခု မန်းနီး ချိန်ဂျာ တွေ ကွမ်းယာသည်တွေလို နေရာတိုင်း ပေါ်လာတာ တော်တော်လေး အဆင်ပြေသွားတယ်
ကေဇီ
May 23, 2014 at 2:22 pm
ကိုခ ခု ဘယ်ဈေးတုန်းးး??.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အစိမ်းကိုပြောတာ။ :mrgreenn:
ခင် ခ
May 23, 2014 at 2:47 pm
သူဈေးမေးပုံကလည်းနော်……….
အစိမ်းကိုပြောပါတယ်။
Wow
May 23, 2014 at 2:51 pm
တရက် ၂၀၀ဝ တော့ ဟုတ်ဝူးပေါ့နော်..
ခင် ခ
May 23, 2014 at 2:58 pm
အစိမ်း ၂၀၀ဝ ဆိုရင်တော့ မဆိုးဘူး Wow ရေ။
အကျက် ၂၀၀ဝ ဆိုရင်တော့ ရေသောက် ဗိုက်မှောက် လမ်းဘေးလျှောက် လောက်ဘဲ အသုံးတည့်တော့မယ်ထင်။
ရွှေတိုက်စိုး
May 23, 2014 at 3:39 pm
အော်ငါနှယ့်နော်…. ဒက်ဒက်ဒက်တွေ ဆုံးရင် ကောင်းခန်းတော့ရောက်ပြီးဆိုပြီး… အခုတော့ ဒေါ်လာလဲစားတဲ့ ဒေါ်လာစားနဲ.တွေ.နေတာကိုးးးးးးးးးး….
ဟွန်.နော်ကိုကြီးခ သိပ်ကဲဒါဘဲ.. ဟွန်… နောက်တစ်ခါဆို ဈေးပိုပေးရမယ်နော်….. အာဘွား….ခွိ
Mr. MarGa
May 23, 2014 at 3:57 pm
အမ်…..
တော်သေး ဒေါ်လာမို့လို့ မဟုတ်ရင် အနော်တွေးတာနဲ့ ကွက်စ်တိ 😀
Crystalline
May 23, 2014 at 4:43 pm
အခုအချိန်ထိလည်း အဲဒီဘက်တွေသွားရင် မေးတာတွေရှိတုန်းပဲ… အရင်က အသိတချို့ အဲဒီလူတွေဆီရောင်းပြီး အလိမ်ခံရတာတွေလည်းရှိပေါ့.. သူတို့ခေါက်ထားတော့ ငွေကအပြည့်.. ပြန်ရေရင် သောင်းချိီလျော့နေတာမျိုး
myat pearl phyu
May 23, 2014 at 4:33 pm
အရောင်းအဝယ်သဘောပေါ့နော်…:D
naywoon ni
May 23, 2014 at 6:56 pm
ခင်ညားဂျီး ဂျာ လုပ်ရက်တယ် ။ ဈေး ကြိုက်တာနဲ့ ပဲ လိုက်တွားရရောလား ။ မသကာ ဈေးလေးဘာလေး ဆစ်ပါအူးလား ။ အင်ဂျီး ဆို ဘယ်လိုလုပ်မလဲ
snow smile
May 23, 2014 at 7:26 pm
အင်း . . . . ထင် တော့ ထင် သား
မ နက် အ စော ကြီး ဆို တော့
အ စိမ်း ဘဲ နေ မှာ ပေါ့ လေ
:))))
အရီးမုတ်ဆိတ်
May 24, 2014 at 3:43 am
ကိုခ – ဇာတ်လမ်း အပိတ် ကို ကြိုပြီး သိပြီး သားပါရှင့်။ :-))))
ကျော်စွာခေါင်
May 24, 2014 at 6:15 am
သတင်းစာ ဖတ်ချင်ယောင် ဆောင်နေတုန်းးးးးး
ခြေထောက်ဖြူဖြူလေးနဲ ့“ အကို ” လို ့ ခေါ်တာနဲ့ ..
ကောက်ကောက်ပါအောင်လိုက်သွားပုံများ…
ရိုးပုံ ရိုးပန်းနဲ ့ ….
သွက်လိုက်တာ …။
ကျနော့် အကို ပြောပါတယ်…..။
alinsett (gazette)
May 25, 2014 at 9:23 am
———
———-
———-
အဲဒီ ကွက်လပ်ထဲ ဘာတွေရှိနေသေးလဲလို့ တွေးသွားတာ. . .
😆
kyeemite
May 26, 2014 at 1:59 pm
😀
TNA
May 27, 2014 at 10:07 pm
တော်သေး ဈေးတည့်သွားလို့ ဒေါ်လှဈေးပေါဒါနော့
aung moethu
May 29, 2014 at 9:43 am
အကို…………………… ပဟေဌိတွေသိပ်လုပ်တာပဲ