အမှား…။
မိတ်ဆွေများသိပြီးဖြစ်တဲ့အတိုင်း…ဘလက်ချောဆိုတဲ့ နလဗိန်းတုံး ကောင်ဟာ
ဗိုလ်လို သိတ်မတော့ တတ်ပါဘူး…။
သို့ပေမယ့် လူကြားသူကြားထဲရောက်ရင် လူအထင်ကြီးနည်းလားဆိုတဲ့ ထုံး နှလုံးမူပြီးသကာလ…
အောက်ပါအတိုင်း ဗိုလ်လို ထည့်ထည့်ရေးတတ်ပါတယ်…။
ဆိုတော့ကာ…
အမေရိကန်စာရေးဆရာ EMERSON ပြောခဲ့ဘူးပါတယ်ဗျာ…။
အဟမ်း…အဟမ်း…အဟမ်း…အော် ဒီချောင်းနှယ် ဗိုလ်လိုတော့တော့မယ်ဆို အလိုက်ကိုမသိဘူး…။
“A MAN’S SUCCESS IS MADE UP OF FAILURES, … I HAVE HEARD THAT IN HORSEMANSHIP
HE IS NOT THE GOOD RIDER WHO NEVER WAS THROWN, BUT RATHER THAT A MAN WILL
NEVER BE A GOOD RIDER UNTIL HE IS NOT…”
ဗမာလို ဘာသာပြန်ပေးပါ…ဟုတ်လား…။
လုပ်ပေးရမှာပေါ့ခင်ဗျာ…။
တတ်သည့်ပညာ မနေသာပေါ့…ဟေးဟေး…။
ဆိုလိုတာကဗျာ…အဟမ်း…။
အောင်မြင်မှုဆိုသည်မှာတဲ့ ကျရှုံးမှု (အမှား) များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်…တဲ့…။
မြင်းပေါ်မှ မကျဖူးသူသည် မြင်းစီးသမားကောင်း မဖြစ်နိုင် ပါဘူးတဲ့…။
ဟေးဟေး…အထင်မကြီးပါနဲ့ဗျာ…
မြားနတ်မောင် မဂ္ဂဇင်းထဲမှာ ဆရာအေးမိုး ဘာသာပြန်ပြထားတာကို ကူးချထားတာပါ…။
ဆရာအေးမိုးရဲ့ ဆောင်းပါး ခေါင်းစဉ်က အမှား တဲ့…။
သူ့ဆောင်းပါးရဲ့ အဆိုကတော့ အမှားကို မကြောက်ဖို့…။
မှားမှာ ကြောက်နေခြင်းသည် အောင်မြင်တိုးတက်ရေးအတွက် အဟန့်အတား ဖြစ်စေတယ်…
ဘာ…ညာ ပေါ့ခင်ဗျာ…။
ပြန်ပြင်လို့မရနိုင်တဲ့ အမှားမျိုးတွေကိုသာ မကျူးလွန်မိဖို့ ပါတဲ့…။
ဒါက 1995 September လထုတ် မြားနတ်မောင်မဂ္ဂဇင်းထဲမှာပါတဲ့ ဆရာအေးမိုးရဲ့ အမှားဆိုတဲ့
ဆောင်းပါးပါ…။
သင်တန်းတစ်ခုတက်ခဲ့တုန်းက ဆရာတစ်ယောက် ပြောဖူးပါတယ်…။
ဒီနေ့ သိထားတာတွေ အားလုံးဟာ မနက်ဖြန် အလကား ပဲ တဲ့…။
နည်းပညာ အသစ်အဆန်းတွေဟာ နေ့တိုင်း မရိုးနိုင်အောင် ပေါ်ထွက်နေပါတယ် မိတ်ဆွေ…။
အတွေးအခေါ်အယူအဆတွေဟာလည်း အမြဲပြောင်းလဲနေတာပါပဲ…။
အဲဒီအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူ မှု ပြုဖို့ လိုအပ်လှပါတယ်…။
မကြာခင်ကမှ ထွက်ခဲ့တဲ့..
ဆရာနေဇင်လတ်ရဲ့ စာအုပ်တစ်အုပ်နာမည်က
မှားပြီးမှ ပညာဖြစ်လျှင် ဒီခေတ်မှာ ညံ့၏ တဲ့…။
ဒီခေတ်မှာ အမှားတောင်မခံတော့ဘူး ခင်ဗျ…။
ကိုယ်တိုင်မှားမှ မဟုတ်ဘူးပေါ့…သူများမှားတာကနေလည်း သင်္ခန်းစာယူလို့ ရတယ်ပေါ့…။
အမှားကျူးလွန်ခြင်းကိုတောင် ခွင့်မပြုတော့ပါဘူးခင်ဗျာ…။
မှားပြီးမှ ပညာဖြစ်လျှင် ဒီခေတ်မှာ ညံ့၏ လို့ကို ပြတ်ပြတ်သားသား ဆိုနေချေပါပြီ မိတ်ဆွေ…။
ကဲ…ဒီပို့စ်ကို နိဂုဏ်းချုပ်ပါရစေတော့…။
လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်က ဆရာအေးမိုး က လူငယ်တွေကို ဆုံးမပါတယ်…။
အမှားကို မကြောက်နဲ့ တဲ့…။
အမှားရှိမှ အမှန်ကိုရပါမယ်…တဲ့…။
ဒီနေ့ မှာတော့ ဆရာနေဇင်လတ်က လူငယ်တွေကို ဆုံးမပါတယ်…။
မှားပြီးမှ ပညာဖြစ်လျှင် ဒီခေတ်မှာ ညံ့၏ တဲ့…။
ဆိုတော့…ဘလက်ကြီးကတော့ အမှားတွင်းကြီးထဲကနေ တစ်ထစ်ချင်း တစ်ရစ်ချင်း
ရုန်းထွက်ခဲ့ရသူမို့ ဟိုတုန်းက ဆရာအေးမိုး ယူအဆလေး ကြိုက်တယ်ဗျ…။
လူဆိုတာ မှားတတ်တဲ့ သတ္တဝါပဲဗျာ…နော့်…။
အမှားကိုရင်းပြီး အမှန်ကို ရအောင်ယူပေါ့…။
ဟေးဟေး…ကိုယ့်ဘက်ကိုယ်ယက်ပြီး တွေးတဲ့ အတွေးဗျ…။
ကျမ တစ်ခါပဲ မှားမိတာပါ လှည်းသားငါးရာနဲ့ ဆိုတာမျိုးလည်း ဖြစ်စေနဲ့ပေါ့ဗျာ…။
ဒီပို့စ်ကို အတည်ပေါက်ကြီးနဲ့ ဖတ်နေတဲ့ ကျောင်းဒကာ ကျောင်းအစ်မကြီးတို့ကရော…
အမှား နဲ့ ပတ်သက်လို့ ဘယ်လို အယူအဆရှိသလဲ…။
သိချင်မိပါတယ်ဗျာ…။
ချစ်ခင်လေးစားတဲ့…
လူညံ့ကြီး ဘလက်…။
95 comments
ကျော်စွာခေါင်
May 31, 2014 at 2:39 am
ကိုဘလက်ရေ..
နောက်တောင်ကျနေပြီ..
ကျနော်ကတော့ ပန်းချီ ပန်းပု အက သမားဆိုတော့ မှားလိုက်တာ မှားလိုက်တာ…အများကြီးဘဲဗျ…
အဲဒီအမှားတွေကဘဲ သင်သွားလို ့ အမှန်တွေ သိလာရတာ…
မြတ်စွာဘုရားကိုယ်တော်တောင် ငယ်နုစဉ်က မှားခဲ့တာ…
ကျနော့်လိုကောင် ဘယ်နေမလဲ …သိပ်မှားတာပေါ့…
အက မှာဆို ဟန်ချက်အမှား…ဘယ်ယိမ်းညာယိမ်း အမှား …အဲဒီ ဘယ်ညာ ၂ခုရဲ ့ ့အမှားကြားကနေ အမှန်ကို ရှာခဲ့ရတာ…။
black chaw
June 3, 2014 at 2:12 pm
@ ကျော်စွာခေါင် ;
နောက်မကျပါဘူးဗျ…။
ကျွန်တော်က တံခါး အမြဲဖွင့်ထားတာပဲ…။
ကြိုက်တဲ့အချိန်ဝင်ဖတ် ကြိုက်သလို ကွန်းမန့်ရေး…။
အမှားကြားကနေ အမှန်ကို ရှာခဲ့တဲ့ ကိုခေါင် ရဲ့ ကကြိုးကကွက်တွေကို
အခွင့်အရေးရရင် ကြည့်ချင်ပါသေးတယ်ဗျာ…။
Novy
June 6, 2014 at 1:56 pm
ဒုတိယ အမှားကို ဖတ်ပြီးမှ အမှားရှိမှန်း သိသွားတယ်
အမှားရှိမှ အမှန်သိမှာ :-p
အခုမှ ဇာတ်ရည်လည်တယ်
surmi
June 6, 2014 at 2:13 pm
ဒီအဆင် ကြည့်ရတာ ဒုတိယံပိ နဲ့ပြီးမယ်မထင် :kwi:
.
.
ထင်တာပြောရရင် ဒုတိယံပိမှာလည်း ရင်တွေဘာတွေဖွင့်နေကြတယ် ဆိုတော့ .…
“အဟံဘန္တေ သဗ္ဗာအာပတ္တိယော အာဝိကရောမိ ……” :kwi:
black chaw
June 6, 2014 at 3:45 pm
@ Novy ;
အဲဒါပြောတာပေ့ါ မနိုဗီရယ်…။
မှားပြီးမှ မှန်မှာပေါ့ဗျာ…။
အမှန်က မှားကိုမှားနေတာကြီးဗျ…။
မှားပေမယ့်လည်းပေါ့နော်…လုံးလုံးကြီးမှားနေတာမျိုးတော့လည်း မဟုတ်ဘူးခင်ဗျ…။
အဲဒါကို ဇာတ်ရည်လည်အောင်ဖတ်သွားတာ ကျေးဇူးပါ မနိုဗီရေ…။
ဦးကြောင်ကြီး
June 8, 2014 at 1:18 pm
ဂျူ နိုလေးမားမား နိုဗွီဂလေးလိုပဲ အမှားရှိဂျောင်း အဂုမ သိဒေါ့တယ်…
black chaw
June 9, 2014 at 12:04 pm
@ ဦးကြောင်ကြီး ;
ပို့စ်ပိုင်ရှင်ကိုလည်း အရေးလုပ်ပါဦး ကိုကိုကြောင်ရယ်…။