ပထမအချစ် ဒုတိယနှလုံးသား
အားငယ်စိတ်နဲ့ရှင်သန်နေမိတယ်
ဘဝမှာ ဘာမှမရှိတော့ဘူးလေ နားလည်မှုဆိုတာ
ငါ့အတွက်တော့ပျားရည်စက်ပါ
ပထမဆုံးချစ်ခဲ့မိတယ် အပြုံးများမဝေလိုက်သေးခင်
အမုန်းတရားခါးသက်မိတယ် မင်းကတော့
စွန့်ခါပြစ်ပြီပေါ့ တစ်ယောက်သောသူကို
ထာဝရလို့ သတ်မှတ်ဖူးတယ် ခုတော့ ခုတော့လေ
နာကျည်းချက်တွေမုန်တိုင်းအလား
ရက်စက်တယ်လို့မပြောရက်ပါဘူးလေ
အချစ်ကငါ့အတွက်တော့ စွန့်လွှတ်ခြင်းလား
ဟိုးအဝေးမှာလေတံခွန်လေး ပျော်မြူးနေသေးတယ်
လျှော့ကြိုးကုန်ခဲ့ပါပြီလေ ဒုတိယနှလုံးသားနဲ့
ဆက်ရှင်သန်နေသူမို့ ကံတရားရယ်
ဆက်ရန်ရှိသေးရင် အကြင်နာရနံ့လေး
ရင်မှာစွန်းထင်ကျန်ပါစေ
ကာရံ{9.6.2014}
2 comments
black chaw
June 10, 2014 at 9:26 am
ပုထုဇဉ်လူသားမို့
နှလုံးသားရေပြင်ထက်
ခဏတက်တဲ့ ရေပွက်ကလေးတွေ
နှစ်သက်မက်မော မိတာ
ဝန်ခံပါတယ်မေ…။
ဟေးဟေး…ရေးခဲ့ဘူးတဲ့ ကဗျာလေး ပြန်သတိရသွားလို့ပါဗျာ…။
ကာရံ
June 10, 2014 at 6:52 pm
ကျေးဇူးပါ ဗျာ