အယ်ဒီတာ့သင်ပုန်း – ဇူလိုင် ၂၀၁၄
“Government of the people, by the people, for the people, shall not perish from the Earth.” – Abraham Lincoln
“Every country has the government it deserves” – Joseph de Maistre
ဤသို့ဆိုခဲ့ကြသည်။
အမေရိကပြည်သည် ၁၇၈၉ အခြေခံဥပဒေဖြင့် ဆက်ကာဆင့်ကာ ၂ရကြိမ် ပြင်မွန်းမံရင်း ချီတက်လာခဲ့သည်မှာ နှစ်၂၀ဝကျော်လေပြီ၊ ဥပဒေတို့၏အခြေခံ – အခြေခံဥပဒေကို လိုက်နာစောင့်ထိမ်းခဲ့ကြခြင်းအားဖြင့် အောင်မြင်ခဲ့သည် ဆုတ်ယုတ်ခဲ့သည်ကို နှစ်၂၀ဝခရီးနှင့် မြင်ကြည့်နိုင်သည်။
နှစ်၁၀ဝပိုင်းပိုင်း၊ ရာစုနှစ်ဝက်စိတ်စိတ်၊ ဆယ်စုနှစ်တခုယူယူ၊ အမေရိကပြည်၏ တရွေ့ရွေ့နှင့်တိုးတက်နေမှုကိုသာမြင်ရမည်။
အဆုံးသတ်သည်သာ အဆုံးအဖြတ်ဖြစ်ပါသဖြင့် အခြားတပါးသော ကမ္ဘာ့နိုင်ငံများနှင့်နှိုင်းယှဉ်ပါလျှင် အမေရိကန်တို့၏အခြေခံဥပဒေသည်ခိုင်သည်မြဲသည်မှန်သည်ကောင်းသည်ဟုသာ ဆိုရမည်ဖြစ်လေသည်။
အချိန်အပိုင်းအခြားတခုထားလျှက် စိတ်ပိုင်းကြည့်ကာ အဆုံးသတ်ကောက်ချက်ဆွဲခြင်း၌ အချိန်ဘောင်ခွင်တိုင်း အောင်မြင်တိုးတက်ခြင်းသို့သာရှေ့ရှုနေပါလျှင် ထိုထိုအဆုံးအဖြတ်သည် မှန်ကန်သင့်လျှော်သည်ဟု ယူသင့်သည်ဟူလို..။
မြန်မာပြည်
မြန်မာတို့အခြေခံဥပဒေ ၃ခုဆွဲခဲ့ဖူးသည်။
၁၉၄ရတွင်တကြိမ်၊ ၁၉၇၄တွင်တကြိမ် ယခု၂၀၀၈တွင်တကြိမ်ဆိုကြပါစို့၊
အခြေခံဥပဒေများကို စစ်တပ်အာဏာသိမ်းမှုဖြင့်ဖျက်ခဲ့ကြသည်။ ပထမအာဏာသိမ်းမှုကို ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ခု မတ်လ၂ရက်နေ့တွင်ပြုကာ ၁၉၄ရအခြေခံဥပဒေကိုဖျက်ပြီး ပြည်ထောင်စုတော်လှန်ရေးကောင်စီအမည်တတ် ၁၂နှစ်အုပ်ချုပ်သည်။ အဆုံးတနေ့ရောက်သော် မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ဖြင့် အခြေခံဥပဒေသစ်ကိုထပြု၍ ချီလေပါသည်။ ၁၉၇၄မှ ၁၉၈၈အထိပါတည်း။
၁၉၈၈ရောက်ပြန်သော် တပ်မတော်မှအာဏာသိမ်းပြန်ပါသည်။ အဆိုပါအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်သည် ဗိုလ်ချုပ်မှုးကြီးစောမောင်ဖြစ်သွားကာ “ကျနော့်ကို အခြေခံဥပဒေလာမဆွဲခိုင်းပါနဲ့..ဒါဟာ ကျနော့်ကို ရာဇဝတ်ပြစ်မှု – Criminal Case ထဲဆွဲသွင်းတာပဲ။” ဟုပြောခဲ့ဖူးသည်။
ထိုစကားနှင့်အတွေးအခေါ်များကြောင့်လောမဆိုနိုင်၊” ရာသီဥတုသာယာသောတနေ့”တွင် တပ်တွင်းလျှို့ဝှက်အာဏာလုမှုဖြစ်ကာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေတက်ခဲ့သည်။
၂၀၀၈မှစ၍ မြန်မာ့သမိုင်းဝင် ထူးခြားသော ပြောင်းလဲမှုများကို ဆက်တိုက်မျက်ဝါးထင်ထင်မြင်ကြရပါသည်။ ၂၀၀၈အခြေခံဥပဒေသစ်ထွက်လာခြင်း၊ ၂၀၁ဝတွင်ရွေးကောက်ပွဲကျင်းပခြင်း၊ ခေတ်အဆက်ဆက် ထောင်ကျခံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ခြင်း၊ လွတ်လပ်စွာပြောဆိုရေးသားစည်းရုံးခွင့်ရရှိလာခြင်း၊ ၂၀၁၁တွင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနားယူသွားခြင်းတို့ဖြစ်၏။
ရိုသားစွာဆိုရပါလျှင် မြန်မာ့သမိုင်းတွင် အာဏာလက်ကိုင်ရှိလျှက်မှ လက်လွှတ်ချကာ ကုလားကာနောက်ဝင်အနားယူသွားသူ ရှာမှရှား၏။ ဘုရင်မင်းအဆက်ဆက်နှင့် အတိုက်အခံ၊ သူပုန်၊ ခေတ်သစ်မြန်မာနိုင်ငံရေးသမိုင်းတို့တွင်ပင် မရှိငြားခဲ့၊
မကြာမှီနှစ်ပိုင်းတွင် ယခုတပ်ချုပ်လည်း ပင်စင်အသက်ရောက်ကာသွားပေလိမ့်မည်။ နိုင်ငံရေးထဲဝင်ကာ ဦးစီးဦးဆောင်ပြုဦးမည်လော ပရောဖက်ရှင်နယ်(ပရို) တန်းတပ်မတော်အကြီးအကဲနေရာ၌သာရပ်နေပြီး ကိုယ့်သမိုင်းရေးရစ်မည်လော စောင့်ကြည့်ကြရန်သာရှိ၏။
အမှန်တကယ်တွင်တော့ မြန်မာ့တပ်မတော်သည် မိမိ၏ကိုယ်ပိုင်ဝင်ငွေဖြစ်ရပ်တည်နိုင်နေကာ ဆယ်စုနှစ်၂ခုအတွင်းပြင်းပြင်းထန်ထန်အလုပ်လုပ်ခဲ့ ပညာယူခဲ့ကြသဖြင့် ရေချိန်မြင့်ခဲ့ပြီ။
စစ်သားများသည် ဘောင်းဘီချွတ်၍ ပုဆိုးခြုံပြီး အစိုးရအလုပ်များ၏ ခေါင်းကိုင်ဦးစီးနေရာများသာမက အနိမ့်စားအရာရှိများအထိပင် အစိုးရဝန်ထမ်းများအဖြစ်မြုျတ်နှံဝင်ရောက်ကြကာ ဂိုဏ်းကြီး၊တခုအသွင်နေရာယူထားကြပြီဖြစ်ပါသည်။ ထိုအခြေအနေသည် ဒီမိုကရေစီအတွက်မှန်ကန်သင့်မြတ်သော နိုင်ငံရေးအခြေအနေကားမဟုတ်၊
စစ်ရေးစစ်ရာတွင် ပရိုတန်းဖြစ်ရမည့် မြန်မာ့တပ်မတော်၏ ကမ္ဘာ့အကြာဆုံးပြည်တွင်းစစ်များနှင့်လုံးလည်လိုက်ကာ မပြီးနိုင်(သို့) မပြီးချင်ဖြစ်နေရသည်ကို ထောက်ချင့်ခြင်းဖြင့် စစ်သဘောတရားကိုပိုင်နိုင်ကျမ်းကျင်ပါသည်ဆိုသော စစ်သားနှင့်သူတို့၏ပရိုဖက်ရှင်နယ်သည် ဘယ်ဆီလမ်းသွားနေသည်ကို မြင်သိသာသည်။
အဆိုပါခေါင်းဆောင်တို့နှင့်သူတို့လမ်းစဉ်များအောက်ဝယ် စစ်(ဝါ)သေနတ်ပြောင်းမှလာသော အာဏာ၏မဏ္ဍိုင်ဖြိုချရေးမှာ လွန်စွာခက်လှမည်ဖြစ်ကာ ဆယ်စုနှစ်များချီကြာမည်ဟု အတတ်ပြောလိုပါသည်။
မြန်မာပြည်သမိုင်းကို နှစ်၁၀ဝပိုင်းပိုင်း၊ ရာစုနှစ်ဝက်စိတ်စိတ်၊ ဆယ်စုနှစ်တခုယူယူ အဆုံးသတ်ကောက်ချက်ဆွဲကြည့်ကြစေလိုသည်။
တိုးတက်ခဲ့သလော၊ ဆုတ်ယုတ်ခဲ့သလော၊ တန့်နေသလော၊ သင်ကိုယ်တိုင်ပါဝင်လျှက်ရှိသော မျက်ဝါးထင်ထင် မြန်မာ့သမိုင်းသစ်ဖြစ်ပါသတည်း။
အမေရိကန်-မြန်မာဆက်ဆံရေး
ယူအက်စ်သမ္မတအိုဘားမား၏ မြန်မာပြည်အပေါ်ထားသော ပေါ်လစီကိုအားရနေဟန်ရှိခြင်းက သူ၏မိန်းခွန်းများတွင် မြန်မာပြည်အားမကြာခဏထည့်သွင်းညွှန်းဆိုခြင်းအားဖြင့် မြင်သာသည်။
ထိုအကြောင်းထောက်ကြည့်လျှင် ထိုပေါ်လစီသည် တည်နေမည့်ဟန်ရှိယုံမက မြန်မာစစ်တပ်ဖက်သို့ပင် ဦးစားပေးချည်းကပ်ခြင်းများလာမည်ဟု ထင်မိသည်။ အမေရိကား၏ နိုင်ငံခြားရေးပေါ်လစီများတွင် အခြားတပါးနိုင်ငံခြားစစ်တပ်အပေါ်ထားသော ရပ်တည်ချက်အချို့ကို ပါကစ္စတန်နှင့်အီဂျစ်တို့တွင်ထင်ရှားမြင်ရမည်။
အရင်းစစ်ကြည့်ရလျှင် ဖက်စစ်ဂျပန်ခေတ်မှ ဖက်ဆစ်အောက်တွင် သင်ကြားခံယူမူ၍ပေါက်ဖွားလာရသော မြန်မာ့တပ်မတော်သည် အနောက်နိုင်ငံတို့၏ စစ်ပညာဒီမိုကရေစီနိုင်ငံတို့၏ စစ်ပရောဖက်ရှင်နယ်အဖြစ်ရပ်တည်မှုတို့မှ မသိနားမလည်ကင်းလွတ်ခဲ့သည်များရှိသည်ဆိုရပါလျှင် လွန်အံ့မထင်၊
ထိုအချက်ကို အမေရိကပြည်မှ အရဖမ်းပြီး နီးကပ်ခွင့်ယူကာ တည့်မှတ်သင်ကြားပေးနိုင်ခြင်းမှာ ကောင်းသောမြန်မာပြည်အနာဂတ်မြင်ရရန်ပိုနီးစပ်မည်ဟူလို..။
ပုဒ်မ (၄၃၆)
ပုဒ်မ (၄၃၆)၏ ဆိုလိုရင်းအချက်မှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲလိုပါလျှင် စစ်တပ်မှခွင့်ပေးမှသာဖြစ်နိုင်မည်ဟူ၍ဖြစ်၏။
စစ်တပ်အာဏာသိမ်းခြင်းအားဖြင့် ဖျောက်ဖျက်ရလွယ်လှသော အခြေခံဥပဒေကြီးရှိ်လျှက်မှ ထိုအခြေခံဥပဒေအရပင် စစ်တပ်အား အာဏာသိမ်းခွင့် ထပ်တင်ပေးထားပြန်ပေရာ “ထူးပေသည့်ဆန်းရာသော်”ဟုဆိုရမည်ဖြစ်သည်။
တိုင်းပြည်၏နောင်ရေးနှင့် နိုင်ငံရေးကိစ္စအဝဝသည် ကာကွယ်ရေးဦးစီးချုပ် တဦးတည်းပေါ်တွင်သာ လုံးဝတည်မှီနေသည့်သဘောရှိပါသည်။
ထိုအခြေအနေထင်ရှားပြနေလျှက်နှင့် အခြေခံဥပဒေကိုပြင်ရန်ကြိုးစားနေမှုများသည်သင့်သလောဟု မေးခွန်းအလီလီထုတ်ယူရမည်ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်ကမူ “ပုဒ်မ ၄၃၆ လက်မှတ်ရေးထိုးပွဲပြီးရင် ပြည်သူရဲ့ဆန္ဒဟာ ရှင်းရှင်းလင်းလင်း ပေါ်လာမည်ဖြစ်ပြီး အလွန်အရေးကြီးသည်”ဟု ဆိုထားသည်။
လူထုအင်အားကိုပြလိုဟန်ရှိပါသည်။ ပြရင်းမှ တွန်းတိုက်ခြင်းဖြစ်ကာ တချိန်ချိန်တွင် တပ်မှ၄ကြိမ်မြောက်”ထ”အာဏာသိမ်းသောအခြေဆိုက်ပြန်သော် အဘယ်သို့ပြင်ဆင်ထားပါသနည်းး၊
မေးးခွန်းထုတ်ချင်မိပါ၏။
သားသုံးသား(သသသ)
စစ်သား၊ ကျောင်းသား(အရပ်သား)၊ဘုရားသား(ဘုန်းကြီး)ဟူသော သားသုံးသားသည် မြန်မာ့အင်အားစုကြီးများဟုဆိုရမည်။
ဒေသတွင်းနိုင်ငံရေး မျှော်လျှက်ကြည့်လျှင်လည်း ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများဖြစ်သော သီရိလင်္ကာ၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင်ထိုင်းနိုင်ငံတို့တွင် အဆိုပါအင်အားစုကြီးများကို ကွဲပြားခြားနားသောအင်အားစုကြီးများအဖြစ်ထည့်သွင်းတွက်ချက်ကြရမည်။ ချွင်းချက်အဖြစ် ထိုင်းနိုင်ငံတွင် ဘုရင်အားယုံကြည်ကိုးကွယ်မှုများသဖြင့် ဘုရင်နှင့်သူ၏မဏ္ဍိုင်ကိုပါ အပိုဆုထားထည့်တွက်ကြရမည့်ဟန်ရှိပါသည်။
အဆိုပါအင်အားကြီးများ အတွင်းအပြင်အားပြိုင်တွန်းတိုက်မှုဖြစ်ပါက ဆိုင်ရာထေရဝါဒတိုင်းပြည်တို့တွင် ပြည်တွင်းပဋိပက္ခလွန်စွာကြီးသွားစေသည်ကို မြင်ကြရမည်။ မတည်ငြိမ်သော လူမျိုးရေး၊ ဘာသာရေး၊ စစ်ရေး၊ တိုင်းပြည်နိုင်ငံရေး ပြည်တွင်းစစ်တို့ကို တွေ့ကြရမည်။
အဆုံးသတ်သည်သာ အဆုံးအဖြတ်ဖြစ်ပါသဖြင့် အဆုံးအဖြတ်ကောက်ချက်ကို ဒေသသမိုင်းရေးရာများတွင်ကိုယ်တိုင်လှန်၍ကြည့်ကြစေချင်သည်ဟူလို..။
သား၃သားတွင် ကျောင်းသား(အရပ်သား)တို့နို်င်ငံရေး ဦးဆောင်လုပ်နိုင်သည့်လမ်းကြောင်းပေါ်တွင်ရပ်တည်နေမှသာ တိုင်းပြည်တိုးတက်ပေလိမ့်မည်။
နှစ်ရာချီအထိုင်ကျနေသော အဆိုပါဓလေ့ထုံးတမ်းကို ဖေါက်ထွက်ပြင်ဆင်နိုင်မှုတို့သည် အတွင်းမှလှိုက်၍လာနိုင်သည်မထင်မူပဲပြင်ပ မှသာ လာနိုင်မည်ထင်ပါ၏။
မြန်မာ့ထွက်ရပ်လမ်းကို ဖေါက်နိုင်သူတို့မှာ တိုင်းရင်းသားများနှင့် ပြည်ပရောက် သန်းချီမြန်မာများသာဖြစ်သည်ဟုဆိုချင်သည်။
မည်သို့ဆိုစေ…
မိမိမွေးဖွားကြီးပြင်းလာသည့်အဖမြေနှင့်အမိဧရာဝတီအကျိုးအတွက် (ယခုနှစ်ပိုင်းတွင်)ရည်ရွယ်ကြိုးစားပေးကြပါရန် တိုက်တွန်းလိုပါသည်။ ပြိုင်တူတွန်းလျှင်ရွေ့မည့်အချိန်ဟုမြင်သည်။
မြန်မာပြည်မြင့်လျှင် မြန်မာ-အမေရိကန်တို့လည်းတင့်ပေလိမ့်မည်။
14 comments
Mr. MarGa
June 12, 2014 at 2:14 pm
သတ်ပုံပြင်ပါရစေ သဂျီးးး
ကုလားကာ တော့ မကြားဖူးတာကြောင့်
ကန့်လန့်ကာ သာ ဖြစ်ပါကြောင်းးးးး
အဲ့ဒါ အဲ့ဒါ
kai
June 12, 2014 at 2:52 pm
ကျေးကျေးပါဗျာ..။ ပုံမနှိပ်ခင် သတ်ပုံလေးများ ပြင်စေလိုပါကြောင်းရယ်..။
kyeemite
June 12, 2014 at 3:10 pm
စစ်သား၊ ကျောင်းသား(အရပ်သား)၊ဘုရားသား(ဘုန်းကြီး)ဟူသော သားသုံးသားသည် မြန်မာ့အင်အားစုကြီးများဟုဆိုရမည်။ ထိုသားသုံးသားအနက်
တတိယသားမှာ ပထမသားနှင်နှင်ဖြစ်၍လာခဲ့ပေပြီ (အာဏာရှင်ဆန်လာသည်ဟူလို..)
ဖေ့ဘုတ်ကတွေ့လို့မလာတာပါ…
ဟာဂျူလီ ကသာ
မဟာသန္တိသုခကို နမူနာယူကြပါလို့ မှာချင်တယ်(ပီနန်ဆရာတော်ကြီး)
—————————————————————————
ဘုန်းကြီး ခံစားရတာကတော့ ဘုန်းကြီးတွေလည်း ဖြစ်ပြီးတော့၊ သံဃနာယကလည်း ဖြစ်ပြီးတော့၊ သူတို့က တိုင်းကို အမိန့်ပေးပြီးတော့ ဘုန်းကြီးတွေ ကိုယ်တိုင်က ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း၊ ရက်ရက်
စက်စက် လုပ်တာလဲဆိုတဲ့ အခါကျတော့ ဘုန်းကြီး ခံစားရတာက
ဪ … မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံ၊ အင်မတန် ယဉ်ကျေးတယ်
လို့ ကျော်ကြားနေတဲ့ ဟာတွေကဘာယဉ်ကျေးတာလဲ၊ ဒါယဉ်ကျေးမှုလား
လို့ စိတ်ထဲမှာ တွေးမိတယ်။
သူတို့ကလည်း ပြောပါတယ်၊ ရှေးတုန်းကတော့ စစ်တပ် အုပ်ချုပ်နေတော့ ထားပါတော့။ အခုက ဒီမိုကရေစီ ခေတ်ရောက်နေပြီ ဆိုတော့ ဘုန်းကြီးကတော့ ဒီလိုပဲ ရိုးရိုးသားသား … အေး … သူတို့ မှန်တဲ့အတိုင်း လုပ်ပေးမှာပဲ ဆိုပြီး ဘုန်းကြီးတို့က အဲဒီအတိုင်းပဲ နေတယ်လေ။
အခုတော့ သံဃနာယက က သူပိုင်တယ်ဆိုတာ သူ့ဖာသာသူဆုံးဖြတ်တာ။ တရားဆိုတာ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်လို့ရှိရင် ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ အခုက သူတို့ဖာသာ သူတို့ တရားလုပ်ရုံတင် မကဘူး။ အခုလို ဂရန်တွေ၊ အထောက်အထားတွေ ရှိတဲ့အပြင် အစကတည်းက မြေကြီး
ကနေ စလုပ်ထားတဲ့ ဘုန်းကြီးကို အခုလို ဘုန်းကြီး မရှိတဲ့အခါ ဘုန်းကြီးထားခဲ့တဲ့သူတွေကို လုပ်တယ်ဆိုတာ ဘုန်းကြီးကို လုပ်တာနဲ့ အတူတူပါပဲ။ အဲဒီလောက်တောင် လုပ်တယ်ဆိုတော့ ခင်ဗျားတို့တွေ ကမာ္ဘကြီးက ကြားလို့ ကောင်းပါ့မလားလို့။ အဲဒီလို ကြားလို့ ကောင်းပါ့
မလားဆိုတာ မြန်မာ့ဒီမိုကရေစီဆိုတာ ဒါလား။
နောက် နမူနာ တခု ပြောချင်တာကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ
မှာ နေထိုင်ကြတဲ့ ဒကာ၊ ဒကာမတွေကို မှာချင်တယ်။ ဒါကတော့ မဟာသန္တိသုခကို နမူနာယူကြပါလို့ မှာချင်တယ်။ သူတို့ရဲ့ လုပ်ပုံ
လုပ်နည်းတွေကို ကြည့်ကြပါ။ အဲဒီလို ကြည့်ပြီးတော့ သဘောပေါက်
ဖို့တော့ လိုတယ်လို့ ဘုန်းကြီး ပြောချင်တယ်လေ။
ဘုန်းကြီးရဲ့ ခံစားချက်ဟာ ဒကာ၊ ဒကာမတွေရဲ့ ခံစားချက် အတိုင်းပါပဲ။
ဘာမှ မထူးခြားဘူး။ နောက် ဘုန်းကြီးပြောချင်တာက အဲဒီလောက်တောင် တရားတွေ မဲ့နေပြီလား၊ မဲ့ကုန်ပြီလား။ တရားတွေ ပျက်စီးနေပါလား၊
အဲလို ပုံစံနဲ့ ဒီမိုကရေစီကို သွားမယ်ဆိုတော့ ဒီ ဒီမိုကရေစီဟာ ဘာဒီမိုကရေစီလဲဆိုတဲ့ဟာ ကမာ္ဘက ဒီမိုကရေစီနဲ့ မတူဘူး ဆိုတာကို ပြချင်လို့လားလို့ ဘုန်းကြီးက တွေးတယ်လေ။
( ဧရာဝတီ )
—————————————————————————–
နောက်တစ်ယောက်ရေးထားတာလည်းကြိုက်တယ်…
Zin Thaw Naing
အဆိုးထဲက အကောင်း
===================
တကယ်တော့ အခုလို ရဟန်းတွေ ကိုယ်တိုင်က ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေတောင် လက်မခံနိုင် လောက်စရာ လုပ်ရပ်မျိုးတွေ ပေါ်ပေါ်ထင်ထင် လုပ်နေကြ တာဟာ အကောင်းဘက်က ကြည့်ရင် ရေရှည်မှာ အကျိုးများမယ့် လက္ခဏာလို့ ယူဆမိတယ်။
ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့် ဗုဒ္ဓဘာသာဝင် တွေဟာ တခြား ဘာသာဝင်တွေ (အဓိက အားဖြင့် ခရစ်ယာန်ပေါ့) နဲ့စာရင် ဆရာဒကာ အပြန်အလှန် ဆွေးနွေးဝေဖန်မှု အားနည်းတယ်။ Traditional ဓလေ့ထုံးတမ်း အရ ရဟန်းသံဃာတွေ ဘယ်လိုပဲ မိန့်မိန့် ပြန်ပြီး ဆန့်ကျင် စောဒက တက်တဲ့ အလေ့အထ မရှိဘူး။ နောက်ဆုံး မကျေနပ်စရာ ရှိရင်တောင် ကိုယ့်ဘာသာပဲ စိတ်ထဲမှာ မြုံထားလေ့ ရှိတယ်။
ဒါပေမယ့် အခုနောက်ပိုင်းမှာ ပွင့်လင်းလာတဲ့ မီဒီယာ အသီးသီးကြောင့် ရဟန်းအချို့ရဲ့ အစွန်းရောက် လုပ်ရပ်တွေနဲ့ အာဏာရှင် ဘက်ကို အလေးသာတဲ့ ကြီးနိုင်ငယ်ညှင်း ဖြစ်ရပ်တွေကို သိလာရတဲ့အခါ ဒကာတွေရဲ့ အမြင်ဟာ ပြောင်းလဲ လာတယ်။ ရဟန်းဆိုတာ လုံးဝ မတို့မထိသင့်တဲ့ Untouchable Elite တွေ မဟုတ်ဘူးလို့ မြင်လာရတယ်။ မှားတာ မှန်တာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေး ရဲလာတယ်။
ဒါတွေဟာ အနာဂတ် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ခေတ်သစ် အတွေးအခေါ် လွတ်လပ်မှု အတွက် အရမ်းကို အရေးပါတဲ့ ခြေလှမ်းလို့ ယူဆမိတယ်။ ဒီဖြစ်ရပ်တွေက အစပြုပြီး ကိုယ့်ရဲ့ အမြင်တစ်ခုကို ဘယ်သူရဲ့ ဩဇာလွှမ်းမိုးမှုမှ မပါဘဲ ပွင့်ပွင့် လင်းလင်း ပြောရဲ ဆိုရဲတဲ့ စိတ်မျိုး ဖြစ်လာ လိမ့်မယ်လို့ မျှော်လင့်မိတယ်။
kai
June 12, 2014 at 3:52 pm
အမြင်တွေကို ရှယ်တဲ့အတွက်ကျေးဇူးပါနော…
ဆိုတော့..
လူတိုင်းမြန်မာတိုင်း ကိုယ့်ကိုယ်တိုင်လုပ်လို့ရတာရှိပါတယ်..။ ဘယ်သူမှလည်းမထိခိုက်ပါဘူး..
၁ဝနှစ်အတွင်း.. မြန်မာကမ္ဘာတန်းထိပ်ကိုဝင်လာမယ်လို့ အာမခံတယ်..။
“မည်သူကမှ..မည်သူ့ကိုမှ.. ဖူးမျှော်မာန်လျှော့ဦးချကန်တော့ခြင်း မပြုရ…။ ”
UNIVERSAL DECLARATION OF HUMAN RIGHTS
Article 1.
All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of brotherhood.
အရီးခင်
June 14, 2014 at 5:08 pm
ဒါကတော့ သူကြီး မင်း ကို တိုက်မဲ့ ဆေး။
{
“မည်သူကမှ..မည်သူ့ကိုမှ.. ဖူးမျှော်မာန်လျှော့ဦးချကန်တော့ခြင်း မပြုရ…။ ”
}
ပြောရရင် “ဖူးမျှော်မာန်လျှော့ဦးချကန်တော့ခြင်း” ဆိုတာ လူသား က လူသား ကို လုပ်တာ မဟုတ်တာလေး။
ဘုရားဆင်းတုကို ဦးချတာ ဘုရားရှင် ရဲ့ တရားတော်ကို အဖိုးတန်ကြောင်း လက်ခံပြီး အဲဒါကို ရှာဖွေ ကျင့်ကြံပေးခဲ့တဲ့ ကိုယ့်ထက် အများကြီး သာလွန်တဲ့ “စိတ်၊ ဉာဏ်၊ ဝီရိယ” စတဲ့ တနည်း ပါရမီ ၁ဝပါး ကို အရိုအသေပြုဦးချတာပါ။
သံဃာ ဆိုတာလဲ ဒီအတိုင်းပါဘဲ။
ဒီတော့ အုတ်ပုံ ကို ကန်တော့တာမဟုတ် သင်္ကန်း ရုံ ထားလို့ ကန်တော့တာမဟုတ် ဖြစ်သမျှ ရိုသေထိုက်သူကို ရိုသေတာ မင်္ဂလာတရားပါ သူကြီးမင်းရှင့်။
ဒါဟာ မြန်မာ့ယဉ်ကျေးမှု ထုံးစံ လို့ လဲ ဂုဏ်ယူနိုင်သပေါ့။
(ရိုသေ ဦးချထိုက်သူ လို့ ထပ်ပြီး ဟိုက်လိုက် လုပ်ပါတယ်)
တစ်ခုတော့ရှိ တယ်။
ကိုယ့်ကို ကန်တော့ လို့ ဟန်ကြီး မာန်တက် သွားရင်တော့ အဲ့ဒီ မာန်တက်တဲ့ ပုဂိ္ဂုလ် က ဦးချထိုက်သူ မဟုတ်သေးတာဘဲ။
kai
June 14, 2014 at 5:38 pm
ရိုသေထိုက်သူကို ရိုသေတာ နဲ့.. အပြန်အလှန်.. လေးစားသမှုထားတာနဲ့..
လူသားတဦးက.. လူသားတဦးကို.. ဖူးမျှော်မာန်လျှော့ဦးချကန်တော့တာနဲ့.. မတူပါဘူးအရီးလတ်ရာ..
အဲဒါကို အခွင့်ကောင်းယူ.. အလွဲသုံးစားလုပ်ပြီး.. မြန်မာ့လူနေမှုနဲ့ယဉ်ကျေးမှုဘဝ..စနစ်တွေပြောင်းပြန်လှန်ခံရတာက.. သမိုင်းမှာအကြိမ်ကြိမ်ပြခဲ့ပြီပဲ..။
ဂေါတမဗုဒ္ဓလက်ထက်မှာလည်းမရှိ..။ ခွင့်လည်းမပြု..။
လုပ်တာကလည်း.. အောင်မှမအောင်မြင်တာ..။
တော်သင့်ကြပြီပေါ့…။
အရီးခင်
June 14, 2014 at 4:59 pm
ဒီမှာ တော့ ကန့်လန့်တိုက်မယ်။
ကကြီးမိုက် မျှထားတဲ့ စာထဲ မှာ ခရစ်ယာန် တွေ အပြန်အလှန် ဘာသာရေး ဆွေးနွေး တယ် ဆိုတာတော့ သိပ်မထင်ပါဘူး။
{
ကျွန်တော့် ဗုဒ္ဓဘာသာဝင် တွေဟာ တခြား ဘာသာဝင်တွေ (အဓိက အားဖြင့် ခရစ်ယာန်ပေါ့) နဲ့စာရင် ဆရာဒကာ အပြန်အလှန် ဆွေးနွေးဝေဖန်မှု အားနည်းတယ်။
Traditional ဓလေ့ထုံးတမ်း အရ ရဟန်းသံဃာတွေ ဘယ်လိုပဲ မိန့်မိန့် ပြန်ပြီး ဆန့်ကျင် စောဒက တက်တဲ့ အလေ့အထ မရှိဘူး။
နောက်ဆုံး မကျေနပ်စရာ ရှိရင်တောင် ကိုယ့်ဘာသာပဲ စိတ်ထဲမှာ မြုံထားလေ့ ရှိတယ်။
}
သူတို့က လူတိုင်း ဖတ်နိုင် ကိုင်နိုင် တဲ့ ကျမ်းစာ ရှိပြီးပါ။
အဲဒီထဲ မှာ ရေးထားတာ တွေ အတိုင်း ဘဲ ဟောကြ ပြောကြ လိုက်နာကြတာပါ။
ကျမ်းစာ ကို ဆန့်ကျင်ပြောရင် ဘုရားစကား ကို ဆန့်ကျင်တာလို့ ဆိုနိုင်မလားဘဲ။
ကျုပ်တို့ ဗုဒ္ဓဘာသာ မှာ ရွာ့ မိုတို လိုဖြစ်နေတဲ့ “ကာလာမတရား” ရှိပါတယ်။
ဟိုးကထဲက အဖိုး (ဟုတ်ပါ့ အဓိက ဘာသာရေး ငြင်းကြတာ အဖွားတွေထက် အဖိုးတွေ) တို့ အဖိုးကြီးများ ဘုန်းကြီး ကျောင်းသွား ဘုန်းကြီး နဲ့ တရားစကားပြော အပြန်အလှန်မေးကြ ဖြေကြ တာ တွေ့ဘူးပါတယ်။
ဟောတဲ့ တရားတိုင်း ကို လက်မခံ ငြင်းကြတာလဲ ရှိပါတယ်။
kyeemite
June 12, 2014 at 4:01 pm
ဒါလေးက သူရိယနေဝန်းမှာဖေါ်ပြထားတာ..ကြိုက်လို့ ယူလာပါတယ်..
———————————————————————–
“ဒါ မြန်မာပြည် တွင် လုုပ်သည်”
(Made in Myanmar)
=================
“ဘာ”
ဒါ အနုုကြမ်းစီးမှုတစ်ခုု
ဘုုန်းကြီးတွေ ဦးစီး ဦးဆောင်ပြုသတဲ့
အဏာအရူး နဲ ့ထူးသစ်နေတဲ့
သာသနာရဲ့ အညစ်အကြေး
ဟေ့ . ..ဒါပြည်တွင်းဖြစ် မြန်မာပြည်မှာ မွေးတဲ့ ရဟန်းတွေပါ…..။
“ဘာ”
ဒါ ငါတိုု ့ရဲ့ “ဘိုုးဘေး”အဆက်ဆက်
“ကမာ္ဘအေး” ကုုန်းမြေထက်မှာ
“သိင်္ဂါယနာ” တင်ခဲ့တဲ့နေရာပါ
ဒါကိုု
ဘယ်လိုု အတွေးနဲ ့
“သံဃာစစ်ကြောရေး” စခန်း ဖြစ်သွားရတာလဲ……။
“ဘာ”………
ဒါ”ဗမာ” ဘုုန်းကြီးကွ
“အမုုန်းသီး” တွေ ဝေ
စကားလုုံး “အဖြီး” အနှောက်တွေနဲ ့
မြင်မြင်ရာ ခြောက်ခြားလိုု ့
“မိုုးခါးရေ” မသောက်သူများ ကိုု
“သစ္စာဖေါက်” စွတ်စွဲ ………….။
“ဘာ” ……..
ဒါ ဗမာ အရေး
ဘာမှတွေး နေစရာမလိုု
“ပလ္လင်ပေါ် သွေးစက်” ကျမှ
နန်းတက် ရ တဲ့ “ဧက္ကရာဇ်”
ဒါတွေနဲ ့ ဘယ် နှစ်နှစ် ရှိပြီလဲ
“အမျိုးချစ်ဆိုုတဲ့” လူယုုတ်တွေ လက်ထဲ
“စုုတ်ပြတ်မွဲ” နေတဲ့ တုိုင်းပြည်………..။
“ဘာ” …………
ဒါ ဗမာ ပြည်သား
“တရားလား” “မတရားလား”
ဦးနှောက်နဲ ့ နှလုုံးသားမှာ
အသေအချာ “မပိုုင်းခြားတတ်ပေမဲ့”
ခိုုးစားဖူးတဲ့ “လျှာ” အလှုပ်မှာ
“နာနာဘာဝ” ရုုပ်လုုံးပေါ် ပြီး ပြောလိုုက်တာကြားရတယ်
ကဲ… “ကျုပ်” ဘယ်သူ ့ “အဖေ” ခေါ်ရမလဲ တဲ့…….။
(ရဲနောင် – မြန်မာပြည်)
(ဖြစ်ရပ်များမှာ အကျဉ်းတန် ရုုပ်ဆိုုးလွန်းလှ၍ ရေးသင့်သည် ထင်၍ ရေးသားလိုုက်ပါသည်။ သာသနာပြု ဘုုရားသားတော် သံဃာတော် များကိုုမရည်ရွယ်ပါ။ ဂုုဏ်တော်ဖြင့်ပြည်စုုံသည့် ရဟန်းတော် များ ကိုုဦးတင်ပါသည်။ စာဖတ်၍ စိတ်အခန် ့မသင့်ဖြစ်ပါက တောင်းပန်လိုုက်ပါသည်။)
Credit-ရဲနောင် – ခတ္တာ (ကဗျာ စာစုများ)
ပန်း စံပါယ်
June 12, 2014 at 5:08 pm
ဖတ်ရှုလေ့လာ မှတ်သားသွားပါတယ်။
ကိုပေါက်(မန္တလေး)
June 12, 2014 at 7:01 pm
ကိုခို်င ်ရေ
အခြေခံဥပဒေ အကြောင်း ပြောရ ရင် သမိုင်းကြောင်း ပြောင်းပြန်လှန်ပြီး ပြောင်းတဲ ့မြန် မာ ပြည်မှာ
လက်ရှိ အ နေ အထား နဲ့ မညီ ညွတ် တော့ တဲ့ အချက်တွေပါလာ မှာဘဲ။
အဲ တော့ ကျနော် ဖြစ် ချင် တာ ပြောရ ရင် ဒေါ်အောင်ဆန်း စု ကြည် ဦး စီးပြီး ပညာ ရှင်အဖွဲ့ များ ကို ဦး ဆောင် လို့အခြေခံ ဥပေ ဒ မူကြမ်း တစ် ခု ဆွဲ စေ ချင် တာပါ။
ဘုန်းကြီးတွေ ကျောင်း လု တဲ့ကိစ္စ နဲ့ပါတ် သက်ရင် မြတ်စွာဘုရား ဟောကြာ းတဲ့တရား က တပ် မက်ခြင်း ကို ပယ် စွန့်ဖို့ အမြဲ ဟောကြား ခဲ့ ပါတယ်။
တကယ့် သံ ဃာ အစစ် ဆို တာ ကိုယ့်ကျောင်းပေါ်က ပစ္စည်း သူ ခိုး တက်ခိုး နေ ရင် တော့ ဥပေက္ခာပြု ထား ရ တယ် ဆို တာ ကြား ဘူး ပါ တယ်။
ဒီ တော့ နိုင်ငံ တိုး တက် ဘို့ အတွက် တော့ ကိုးကွယ် မူ့ ကိုပစ်ပယ် စရာ မလို ဘူ း ထင် ပါတယ်
သူ ကဏ္ဍ နဲ့ သူ သူ အချိုး အစားနဲ့သူ ထား တတ် ဘို့ ဘဲလိုပ ါတယ်။
ဘာသာ တရား ကိုင်းရှိုင်းတဲ့ ယိုးဒယား လဲ သူ ့ အတိုင်း အတာန ဲ့သူတိုး တက်ပါတယ်။
အဲ တော့ ဘာ သား တရာ းကို ပစ် ပယ် ဘို့မလို ဘူး အကန့် အသတ် တစ်ခု ထား ဘို့ ဘဲလို အပ် တယ် လို့ ထင် ပါတယ်
kai
June 14, 2014 at 12:00 pm
တလောကတင် ဆိုင်းယင့်စ်ချာနယ်ကြည့်နေတာ…လူသားတွေရဲ့ God ယုံကြည်မှုက.. ၂၀၅ဝလောက်မှာ ပျောက်သလောက်ဖြစ်သွားတော့မယ်ဆိုတာပဲ..။
နည်းပညာနဲ့သိပ္ပံတိုးတက်မှုက.. လျှို့ဝှက်ချက်မှန်သမျှ ဖေါ်သွားနိုင်မှာမို့.. No Place for God တဲ့…။
မြန်မာပြည်အတွက်ကတော့.. ထူးပြောစရာမရှိပါဘူး..
ဗုဒ္ဓဘာသာဆိုတာကိုက.. ကိုးကွယ်ရာဘာသာတရားမဟုတ်ဖူးလို့ ဗုဒ္ဓဘာသာဝင်တော်တော်များများက လက်ခံယူထားတာမို့ပါ..။ လက်တွေ့လက်ခံလိုက်နာရမယ့် တရားတွေပဲ..။
Buddhism is not a religion it is a way of life.
အဲဒါကို အများစုကလက်ခံတဲ့နေ့.. မြန်မာပြည်တိုးတက်မယ်လို့.. မြင်နေရတာပဲ..
ဘေးက.. ဂျပန်..ကိုရီးယား၊ စိန၊ ထိုင်ဝမ်တွေမှာလည်း.. ပြနေတာပဲ..။
သားသုံးသားရေးချပြရခြင်းရဲ့ရည်ရွယ်ချက်က.. ဥပဒေအထက်.. ဘယ်သားမှမရှိစေရဘူးဆိုတာလေး.. လက်ခံစေချင်လို့သာပါပဲ..။
နောက်ပြီး နိုင်ငံရေးကို.. ကျောင်းသား(အရပ်သား)ကို အဓိကမဏ္ဍိုင်ထားလုပ်ကြရမယ်ဆိုချင်တာပါ..။
အဲဒီ (သသသ) အင်အားစုဆိုတာမျိုးက.. ဖျောက်လို့မရသလို.. ပျောက်သွားမှာလည်းမဟုတ်..။
အဲဒီလို..။
ဇီဇီ
June 14, 2014 at 6:07 pm
အရင်ကတော့ ကိုယ်ချစ်တဲ့သူတွေ သာသနာ့ဘောင် အပြီးဝင်မယ်တို့ ဘာတို့များဆို သိပ်အားပေးချင်တာ၊
ဒီ ခေတ်ကြီး ဒီ အခြေအနေကြီးစဉ်းစားမိတော့လည်း သာသနာ့ ဘောင်ထဲမှာတောင် မအေးချမ်းတဲ့ အခြေအနေ။
😥
ဦးကြောင်ကြီး
June 15, 2014 at 12:19 pm
သဂျီ းဇုတ် ခီမြားဂို ကြုပ်သက်မဲ…
မင်း ခန့် ကျော်
July 14, 2014 at 11:49 am
တခါတလေစဉ်းစားမိတာက
ဒီမိုကရေစီမြစ်ကြီးကို ဖြတ်ကူးကြတဲ့အခါ
ပြည်သူတွေ မီဒီယာတွေက ရှေ့ကို ကူးခတ်နေကြပြီ။
အဘ အုပ်စုက ရေအတိမ်အနက် ရေစီးနုန်းတိုင်းတာတွက်ချက်ပြီး
ကမ်းနဘေးငြင်းခုန်နေလို့ကောင်းတုန်း ။