Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နှစ်ပတ်လည် ကမ္ပည်းစာလွှာ

အဲ့ဒီနေ့ ညနေက နေ မပူဘူး
ဇူလိုင်လရဲ့ ညနေခင်းမှာ မိုးရေတွေ ဖွေးဖွေးလှုပ်နေတာလည်း မထူးဆန်းဘူး
ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ ရေလျှံတဲ့ ကိစ္စဟာလည်း မထူးဆန်းဘူး
အဲ့ဒီ မိုးရေတွေကြား အသက်မဲ့စွာ လှုပ်ရှားနေတဲ့ ကိုယ့်ကိုယ်ကိုလည်း ထူးဆန်းတယ် မထင်မိပြန်ဘူး …။

ထူးဆန်းမှုတွေကိုမှ နှစ်သက်ခုန်မင် တတ်သူ လူတစ်ယောက်အဖို့
မထူးဆန်းသော အချိန်များကို မထူးဆန်းစွာပဲ ဖြတ်သန်းနေမိခဲ့တယ်
အဲ့ဒီ ထူးဆန်းချင်သူတဲ့ မထူးဆန်းသော အချိန်ကာလကို ပြက္ခဒိန်များမှာ ဟောဒီလို သတ်မှတ်ထားတယ် …။

——————————————–
“ဇူလိုင် ၂၂၊ ၂၀၁၃”
——————————————–

ဒါပေမယ့် အချိန်ကာလရဲ့ လှည့်စားမှုဟာ ကြောက်ဖို့လန့်ဖို့ ကောင်းတယ်
တစ်နေ့လုံး မထူးဆန်းခဲ့သမျှ ညအခါကျကာမှ ထူးဆန်းလာခဲ့တယ် …..။
ဘယ်တော့မှ မျှော်လင့်လို့ မရတော့ပါဘူး ဆိုတဲ့ ထင်မြင်ချက်တွေနဲ့
တစ်သက်စာ စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ချစ်ခွင့်ပန်မှု ဟာ
မမျှော်လင့်တော့ကာမှ အဖြေ ရလာခဲ့တယ် …။
သူမက ကျုပ်ကို “ချစ်တယ်” တဲ့ …..။

ဒီနေရာမှာ ဦးမိုက်ရဲ့ ဒဿန တစ်ခုကို အမှတ်ရမိသွားတယ်။

” ဟကောင်ရ …
အချစ်ဆိုတာ … လိုက်ရှာလေ ပျောက်လေပဲ …
ဖာသိဖာသာ ပစ်ထားလိုက်မှ …
အလိုလိုရောက်လာတတ်တာမျိုးကွ ….. ။ “

——————————————–
——————————————–
———————————————————
ဆရာကျောက်စ်ရဲ့ ဗျူဟာ ကိုတော့
နှစ်ကိုယ်ကြား လျှို့ဝှက်ချက်မို့ ထိန်ချန်ခွင့် ပြုပါ …..။
သိချင်၊ လိုချင်ရင်တော့ဖြင့် သူနဲ့ သူ့အဖွဲ့ဆီကိုသာ အပူကပ်ကြပါ … ဟီဟိ။
———————————————————

အဲ့ဒီနေ့ အဲ့ဒီရက်ဟာ …
ဒီနေ့ ဒီရက် (ဇူလိုင် ၂၂၊ ၂၀၁၄) ဆိုရင် နှစ်ပတ်လည်ခဲ့ပြီပေါ့။

ဒီလို နှစ်ပတ်လည် လာတဲ့ နေ့ရက်ကြီးမှာ သူနဲ့ ကျုပ်နဲ့ ဆုံဆည်းခဲ့ရာ
ဟောဒီ မန်းဂဇက် ရွာမှာ အမှတ်တရ အနေနဲ့ ကမ္ပည်းစာ တင်ပါတယ်ဗျာ။
သူကြီးရေ … မပျက်အောင်တော့ ထားနော်။
ပျက်သွားရင် ပြန်လျော်ရမှာ … ဟွန့် ….

ချစ်သူ သက်တမ်း (၁) နှစ် ပြည့်လို့ လာတဲ့ အခါမှာတော့
သူနဲ့ကျုပ်နဲ့ တစ်ယောက်အကြောင်း တစ်ယောက် တော်တော်လေးတော့ သိလာခဲ့တယ်
သူနဲ့ကျုပ်နဲ့ ကြားမှာ မတူတာလေးတွေ အတော်များသဗျ။
ဒီမတူတာလေးတွေကိုပဲ အမှတ်တရ အနေနဲ့ ရေးထွင်းလိုက်ပါတယ်ဗျာ။

——————————————–
——————————————–

ကျုပ်က ရုံးသွားတဲ့အချိန်က လွဲပြီးတော့ ကျန်တဲ့အချိန်မျိုးဆို
နေပုံထိုင်ပုံက အပေအတေ ပုံစံပဲ ….။
သူကတော့ ဒီလို မဟုတ်ဘူး …
အိမ်မှာနေတဲ့ အချိန်ဆို အိမ်နေ အဝတ်အစားလေးနဲ့ …
အပြင်ထွက်မယ်ဆို ဟိုနားဒီနား ထွက်ရင်တောင်မှ
အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ ဝတ်တတ်တယ် ….။
သူက သပ်သပ်ရပ်ရပ် ဝတ်စားတာ ကြိုက်လေတော့ကာ ….
ကျုပ်လည်း သူနဲ့ တွေ့ရမယ်ဆို အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်စားသွားရတယ်ဗျ …။
သူနဲ့ မတွေ့ရဘူးဆို ဘယ်ထွက်ထွက် ဝတ်ချင်သလို ဝတ်သွားတတ်တယ်လို့ … မပြောပါဘူး … ဟီးဟီးးး

——————————————–
——————————————–

ပြီးတော့ ပြောရဦးမယ် ….
သူနဲ့ကျုပ်နဲ့ မတူတဲ့ အချက်ထဲမှာ အစားအသောက်လည်း ပါသဗျ။
သူက အချဉ်အငံ အစပ်တွေ စားရတာ ကြိုက်တယ်
ကျုပ်လည်း ကြိုက်တော့ ကြိုက်ပါတယ် .. ဒါပေမယ့် သိပ်မကြိုက်ဘူး …
ကျုပ်က ထမင်းစားရင် ကြက်ဥလေး တစ်လုံးသာပါလိုက် စားလို့ရတယ်
အစိမ်းကြော် လေးနဲ့သာဆို အိုကေမှာ စိုပြေပြီပဲ …
သူက အဲ့ဒါတွေနဲ့ မစားတတ်ဘူး … တဲ့ …
သူက ထမင်းစားရင် ငပိရည်လေးပါမှ ပိုပြီး စားလို့ မြိန်သတဲ့ …
ပြောရရင် .. ကျုပ်က အညာသား ငပိခဲကြီးကို ဒီအတိုင်း စားတတ်ပေမယ့်
ငပိရည်တော့ လုံးလုံး မကြိုက်ဘူးရယ် ….
အစားအသောက် ဘက်မှာတော့ မတူတာတွေ ပြောရရင် …
အားလုံး ဆန့်ကျင်ဘက် နီးပါးပါပဲ …
အို … ဘာပဲဖြစ်ဖြစ် .. ချစ်နေဖို့က အဓိကပဲကို … နော့် ….

ဦးဘလက်ကြီး ကို “အချစ်ဆိုတာ ဘာတုန်း”လို့ မေးကြည့်တုန်းကတောင် ….

“အချစ်ဆိုတာ ငါ့မိန်းမပေါ့ကွ” … တဲ့။

ဒါ …. အချစ်သည်သာ အဓိကလို့ ဆိုလိုတာပဲ နေမှာ …. ဟီဟိ

——————————————–
——————————————–

နောက်ထပ် သူနဲ့ကျုပ် မတူတာကတော့ အပြောအဆိုပိုင်းပဲ …
ကျုပ်က စကားက သိပ် မပြောတတ်
ပြောတော့လည်း စိုစိစိုနာ
သူကလည်း ဂလို မဟုတ်ဘူးရယ်
ပြောလိုက်သမှ ရွှန်းရွှန်းဝေလို့ …
လူတွေနဲ့လည်း ပေါင်းတတ်သင်းတတ်ပါ့
ကျုပ်ကတော့ လူပေါင်းမဆံ့
အေးအေးဆေးဆေး တိတ်တိတ်ပဲ နေချင်တဲ့ကောင် ဖြစ်လေတော့ကာ
ဒီ .. အပေါင်းအသင်း၊ အပြောအဆို ပိုင်းမှာလည်း သူနဲ့ ဆန့်ကျင်ဘက်ပါပဲ …
ဘာပဲဖြစ်ဖြစ် ကျုပ် စကားနည်းတာ သူ နားလည်သလို …
သူ စကားဖောင်တာလည်း ကျုပ်က အေးဆေးပါပဲ …
အဓိက နားလည်မှု ပဲလေ ….

အော် … ဒါနဲ့ ပတ်သက်ပြီး တိုရီးသဲ (Thel Nu Aye) ကတောင် အခုလို ပြောပြထားသေးတယ်။

“အချစ်ကို ကိုးကွယ်ပြီး ဘဝတခု တည်ဆောက်လို့ မရ။
နားလည်မှု့နဲ့ အပေးအယူ မပါပဲ အချစ်က ဘဝဖြစ်မလာဘူး …။”

——————————————–
——————————————–

နောက်တစ်ခု ရှိသေးတယ် …။
သူက ကြောင်တွေဆို ချစ်တတ်တယ်။
ရွာထဲက ဦးကြောင်ကြီးလို လူကြောင်တွေကတော့ ခြွင်းချက်ပေါ့။
ကျုပ်ကတော့ ကြောင်တွေဆို မချစ်တတ် ….။
အနားကို တညောင်ညောင်နဲ့ ကပ်လာရင် အလွန် အညင်ကပ်တတ်တာ … ဟီးဟီး
ရွာက အိမ်မှာဆို အဲ့ဒီလို ညောင်ဆိုပြီး လူနား ကပ်လာရင်
အိမ်က လူတွေ အလစ် … ဆောင့်ကန်လွှတ်ပစ်တတ်တာ ….
အကျင့်က သိပ်ကောင်းတာ ဟုတ်ဘူးရယ် … ဟီးး

——————————————–
——————————————–

အဲ … တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး တူသလိုလို၊ မတူသလိုလို အချက်လေးတော့ ရှိသဗျ။
အဲ့ဒါက ဘာတုန်းဆိုတော့ … “ဖား” .. ပဲ ..။
သူက ဖား ဆို အလွန်ကြောက် …
အဝေးက မြင်ရင်တော် ကြောက်တတ်သေးတယ် …
ကျုပ်ကတော့ .. အင်း .. ကြောက်တော့ ကြောက်တာပါပဲ ….
ဒါပေမယ့် … ဖား ဆို ဖားပြုတ် ကို ပိုကြောက်တယ် …
ငယ်ငယ်တည်းက ဖားပြုတ်ဆို အဆိပ်ပါတယ်တွေ၊
ဖားပြုတ်အာနီက ကိုက်ရင် သေတတ်တယ်တွေ၊ ဘာတွေညာတွေ ကြားထားရတော့
ဖားပြုတ်တွေ တွေ့ရင် လန့်မိသပေါ့ …
နို့ပေမယ့် … ဒီဖားပြုတ်တွေ တက်နင်းမိတာလည်း ခဏခဏပါပဲ …
ဖား ကြောက်ပေမယ့် .. ဖားဟင်းဆို တယ်ကောင်းကိုးဗျ …
ငယ်ငယ်က မိုးရွာလို့ ဖားရိုက်ထွက်ပြီး ပြန်လာတဲ့လူတွေဆီက ဖားတွေဝယ်ပြီး အမေက ချက်ကျွေးရင်
ထမင်း နှစ်ပန်းကန်လောက် အသာလေးပဲ …. ဟီးးး
ဒါကြောင့် … တူသလိုလို၊ မတူသလိုလို အချက်လေးလို့ ပြောတာ ….
ဒါ့ထက် … ရွာထဲက ဖားကတော့ ဘာဖားတုန်း မသိဘူး ….

——————————————–
——————————————–

အသွင်မတူ အိမ်သူ မဖြစ် .. ဆိုတဲ့ စကားနဲ့အညီ … အဟမ်း ..
ကျုပ်နဲ့သူ .. နှစ်ယောက်သား တူညီတဲ့ အချက်တော့ ရှိရမှာပေါ့ ….
ချစ်တာခြင်း တူတာတော့ ပြောမနေတော့ဘူးနော် …
အဲဗား အီးကွဲ ချစ် … ပဲ … ဟီဟိ
ကျုပ် ပြောမယ့် သူနဲ့ကျုပ် တူတဲ့ အချက်လေး တစ်ချက် ရှိသဗျ။
ခင်ဗျားတို့ ရီတော့ မရီကျနဲ့ဦး ….
သူနဲ့ကျုပ်က ဇာတ်ကားတွေထဲမှာ ကာတွန်းကား ကြိုက်တာချင်း တူတယ် .. ဟီး ..
Rango, Minions ဇာတ်ကား 1+2၊ Rio 1+2၊ Monster University,
How to Train Your Dragon, Frozen, Paranorman …
အို .. ကြည့်ပြီး ကြိုက်ပြီးတဲ့ ဇာတ်ကားတွေ အများကြီးပဲ ….
နှစ်ယောက်သား အခွေဆိုင် ရောက်လို့ သူက ကာတွန်းကားခွေကို ထောင်ပြရင်
ခေါင်းညိမ့်မိတာက များတယ် ….

——————————————–
——————————————–

အခြားနေရာတွေမှာ ဘယ်လိုပင် မတူတာတွေ ရှိပေမယ့်လို့လည်း
လက်တွေကတော့ ခိုင်ခိုင်မြဲဆဲပါပဲ။
ဟော … အခုပဲ ကြည့်တော့လေ။
ချစ်သူ သက်တမ်း (၁) နှစ် ပြည့်လေပြီ …………။

နောက်ဆုံး အနေနဲ့ ပြောရရင် ….
ကျုပ်နဲ့သူ့ကို လက်ချင်း ချိတ်ဆက်နိုင်အောင်
ဝိုင်းဝန်းဖေးမ ခဲ့ကြပါသော ပုဂ္ဂိုလ်များကို
ဒီနေရာကနေပြီးတော့ ကျေးဇူး အထူးပင် တင်မိပါကြောင်း …..။

ဟောဒီက ကျုပ်တို့ရဲ့ နဖူးစာ ရွာလည်ခဲ့တဲ့ မန်းဂဇက် ရွာကိုလည်း ကျေးဇူး တင်မိပါကြောင်း …။
ဒီဂဇက်ရွာကြီးထဲက မိတ်ဆွေ အပေါင်းတို့ကိုလည်း ကျေးဇူး တင်ပါကြောင်း …။

——————————————–
ချစ်ခြင်းများဖြင့် …..
အံစာတုံး
——————————————–

24 comments

  • surmi

    July 22, 2014 at 7:08 am

    နှစ်ပတ်လည်မှသည် အသက်ထက်ဆုံး ပျော်ရွှင်စွာ မခွဲမခါ မြဲမြံစွာ ပေါင်းရပါစေသော်ဝ် …

  • ခင်ဇော်

    July 22, 2014 at 7:42 am

    စက္ကူ ရတု (ဆိုလား ဘာလား) ချစ်သက်တမ်းမှသည်
    မင်ဂါ စိန်ရတုထိ ရောက်ပါစေလို့။
    :s:

  • ခင် ခ

    July 22, 2014 at 8:02 am

    မောင်ရင်စာဖတ်ပြီး ကျုပ်ကတော့ သမ္မတကြီးစတက်ခါစက ပြောခဲ့တဲ့စကားကိုဘဲ မောင်ရင်တို့နှစ်ယောက်အတွက် ပြောရမယ်။
    မတူတာတွေဘေးဖယ်ပြီး တူတာတွေနဲ့ပေါင်းစည်းသွားကြပါလို့။

  • Mr. MarGa

    July 22, 2014 at 8:32 am

    ဪ…. တစ်နှစ်တောင်ပြည့်ခဲ့ပြီ
    ရှေ့ဆက်ပြီး တွဲလက်ညီညီ ဆက်နိုင်ပါစေ…..
    ငါလဲ ခဏခဏ နားဒုက္ခ မခံရပါစေနဲ့
    ဟီးးးး
    :mrgreenn:

  • kyeemite

    July 22, 2014 at 8:43 am

    Paper Anniversary မှသည် Diamond Anniversary တိုင်အောင် လက်တွဲခိုင်မြဲပါဇီကွာ… :s:

    ဒါနဲ့..ငါပေါက်ကရလျှောက်ပြောတာကို နင်က တကယ်မှတ်တာကိုး..ခိခိ 😀

  • TNA

    July 22, 2014 at 8:49 am

    ချစ်သူသက်တမ်းတနှစ်မှသည် မင်္ဂလာသက်တမ်းတနှစ်ပြည့်သို့ အမြန်ဆုံးတက်လှမ်းနိုင်ပါစေ

    ငါ့မေးတုန်းကမေးပြီးဘယ်ပျောက်တွားဘာလိမ့်အောက်မေ့ဒါ တူဂဒီပိုစ့်အတွက်ခြောက်လလောက်ကြိုတင်စုဆောင်းပြင်ဆင်ခဲ့တာကိုး။ ကိုင်းကိုင်းဒဂျီးဒီအတွဲအမြန်နီးအောင်တူဒို့ပွိုင့်ဒေကိနှစ်ဆပေးလိုက်ပါလား 🙂

  • ဦးကျောက်ခဲ

    July 22, 2014 at 9:13 am

    အခြစ်ဆိုဒါ မျက်မမြင် ပုဏ္ဏားခြောက်ယောက်နဲ့ ဆင်လိုပဲ…
    ဘာပဲဖြစ်ဖြစ် မတူတာတွေညှိ တူတာတွေ အဟိကြရင် အဆင်ပြေသတဲ့…
    ကဲ… တစ်နှစ်ပြည့်မှသည် နှစ်တစ်ရာတိုင်စေသောဝ်…
    အဟိ… ရှည်ရှည်ဝေးဝေး မမန့်တတ်… ကွိုင်တက်လို့ ပုဏ္ဏားတိုင်မဖြစ်ရင် ပြီးတာပဲ 😀

  • Crystalline

    July 22, 2014 at 10:52 am

    ချစ်သူသက်တမ်းတစ်နှစ်ပြည့်မှ မင်္ဂလာနှစ်ပတ်လည်တွေထိတိုင် ခိုင်မြဲပါစေသော်.. :))
    နာဖြေတဲ့ဟာကိုတော့ မထည့်ဘူးပေါ့လေ.. :mrgreenn:

  • နှူးဘာ မိဂီ

    July 22, 2014 at 12:27 pm

    ဟိတ်လူ
    ဖားမပါဂျေး ဖားမပါဂျေး…

    P.S Congrats

    😀

    • ခင်ဇော်

      July 22, 2014 at 12:49 pm

      ကျန်းးးးးးး
      လိမ္မာတဲ့ မောင်များကျတော့ လည်း တစ်ယောက်ဆို တစ်ယောက် စွဲစွဲမြဲမြဲ ချစ်သက်တမ်း နှစ်ပေါက်ပြီ။
      ဟို တစ်ကောင်များကျ
      နာ့မယ်
      ဘယ်သူ့ကို ဘလော့ပြီး ဘယ်သူ့ ဖရန့်ရမှန်းမသိအောင်ကို မျောက်စိလည်ချက်ကတော့။
      နာ့နှယ်၊ အနီးရှိလို့ကတော့ ခေါင်းခေါက်ပလိုက်တယ်။
      🙁

      • နှူးဘာ မိဂီ

        July 23, 2014 at 9:54 am

        ခညားဟာခညား ကောမန့်ရေးချင် လွတ်လွတ်လပ်လပ်ရေးဘာ့လား…
        ဘယ့်နှယ့် ကျုပ်အောက်မှာ လာရေးရဒယ်လို့….
        ဒမယ်…
        စကားဂျို နဲ့ ယုစ့်ကို ယောင်းမမတော်ဂျင်ဝူးလား …
        ခီညားတော့ဗျာ….
        ဂျူရုံး ပါခ့် ကို ငှက်ပစ်ထွက်ရင်း တခါဒဲ စနိုက်ဘာနဲ့ လုပ်ကြံမှ အေးမှာပါလေ….

        :mrgreen:

        • ခင်ဇော်

          July 23, 2014 at 10:09 am

          ဘယ်သူ့ကိုမှ မရည်ရွယ်ပါ။
          တိုက်ဆိုင်မှုရှိရင် တည့်တည့်ပြောခြင်းဖြစ်သည်။
          အဟိ။
          :mrgreenn:

        • နှူးဘာ မိဂီ

          July 23, 2014 at 10:29 am

          မိညီမ အဲ့မှာနော် …
          မိဂီတို့အမျိုး ဘာမှတ်သဒုံး …သိပ်စိတ်ကျီးဒါ…
          လှမ်းပြောလိုက်ရင် တခွင်းပဲ …
          ခီညား …တေချင်ဘီယား…
          ဟမ်…

          ခီညား မာလကီးယား တာ အရေးမဂျီးဘူး…
          နမ်းချင်ဇယာ လေးတို့ (အချစ်အူး)သင်ချာယီးတို့ အလုပ်ရှုပ်မစိုးလို့
          မျို သိပ်ထားတယ် မှတ်ပါလေ….

          ကျော် ဒချိ ဒချိ လိုက်လို့ … ငိငိ မအော်နိုင်ဘဲ ဖြစ်တွားမယ်..
          ဟွန့်

  • sorrow

    July 22, 2014 at 2:29 pm

    ဂုဏ်ယူဝမ်းမြောက်ပါကြောင်း….ညီကလေးရေ…အောင်မြင်ပျော်ရွှင်တဲ့ဘဝကို အတူတူပိုင်ဆိုင်ကြပါစေဗျာ…

  • pooch

    July 23, 2014 at 11:04 am

    soul mate ဆိုတာ လိုချင်တိုင်းရတာ မဟုတ်ဖူး တန်ဖိုးထားပြီး မြဲမြဲကိုင်ထားပါနော် ဘယ်တော့မှ လက်မလွှတ်လိုက်နဲ့

  • မဟာရာဇာ အံစာတုံး

    July 23, 2014 at 2:38 pm

    အခုလို မင်္ဂလာ ဆုမွန်ကောင်း တောင်းပေးကြတာ
    ကျေးဇူး အများကြီး တင်ပါတယ်ဗျာ ….
    ကျော်တို့မှာလည်း တစ်ခုခု ကြွားစရာ ရှိတာတို့၊ ပြောစရာ ရှိတာတို့ဆိုရင်
    ဒီရွာထဲက လူတွေကိုပဲ လာလာကြွားပြရ၊ ပြောပြရလေတော့ကာ
    ဗွေယူပါနဲ့လို့ …. ဟီးးဟီးး
    :mrgreen:

  • Shwe Ei

    July 23, 2014 at 6:08 pm

    တော်ပါသေးရဲ့ နာ့လာမေးတုန်းက ဂဂျိုးဂဂျောင်ဖြေလိုက်တာရီး မပါလာလို့…ခွိ

    ပို့စ်ဖတ်ပြီးမှ သဘောပေါက်တယ် (ပိန်းချက်တော့)..မဟာဘာဂျာတယောက် လှည်းတန်းမှာတွေ့လိုက်တိုင်း ဂျင်းပန် အလန်း ရှပ်အလန်းတေနဲ့ လှလာပါတယ် မှတ်တာ…အချစ်စွမ်းအားကြောင့်ကိုးးး

    ဒါမဲ့ တခုတော့ရှိတယ်….အခုပို့စ်ထဲမှာရေးထားတာက နိခံစားချက်သက်သက်ဘဲ
    နာ့ညီမလေး ခံစားချက်တေရော ထည့်မရေးတော့ဝူးလား

    သိချင်ရင် မမကြီးကိုမေး….Moon Bakery မှာ မုန့်စားရင် အကုန်ပြောပြသွားတယ်… အဟိ အဟိ :mrgreen:

    • koyinmaung

      July 24, 2014 at 6:40 pm

      …..ဂုဏ်ယူပါတယ် ကောင်လေးရေ …..

  • အရီးခင်

    July 24, 2014 at 10:23 pm

    တစ်နှစ် ဆိုတာ ခဏလေးလိုဘဲ လား။ အကြာကြီးလား။ မသိတော့။
    သိတာက အရီး ရဲ့ ချစ်သော တူလေး နဲ့ တူမလေး တို့ ရဲ့ လက် နှစ်စုံ အရေတွန့် သွားမဲ့ အချိန်ထိ တွဲလက်ခိုင် ဖို့ ဆုတောင်းပေးဖို့ ဘဲ။
    ရန်ဖြစ်ချင်ဖြစ်ပေါ့။ ဘာဖြစ်လဲ။
    နားလည်မှု အပေးအယူ မျှမျှ နဲ့ ရန်ဖြစ်ရတာ ပျော်ဖို့တောင်ကောင်းသေး။
    တစ်နှစ်တာမှသည် ၁ဝနှစ် အနှစ် ၁၀ဝ ဆီသို့ ပျော်ရွှင်စွာ လှမ်းလျှောက်နိုင်ကြဖို့ ကြိုးစား အားထုတ်ကြပါလေ။
    :-))

  • kai

    July 25, 2014 at 6:25 am

    ညအိပ်ရင်.. ဟောက်တတ်သလား.. ဘေးလူအိပ်မရအောင်… အကျယ်ကြီးဟောက်တတ်သလား..
    အိပ်ယာထရင်.. ဘာအရင်လုပ်သလည်း…
    ကျမ်းမာရေးမှာ.. ဘာရောဂါဆိုးတွေရှိသလည်း..။
    ကူးစက်ရောဂါရှိဖူးသလား..
    မျိုးရိုးမှာ.. ဘာရောဂါတွေရှိသလည်း…။
    ဘယ်လိုတွေပြင်ဆင်ထားသလည်း.. သိပြီလား…. ဟင်င်င်…။

    ဘာရယ်မဟုတ်ပါဘူး..
    တနှစ်ဆို.. သိသင့်ပြီ..။
    မသိရင်.. သိအောင်လုပ်ကြနော…

    အချစ်က..အကုန်လုံးအနိုင်ယူပြီး..
    ခွင့်လွတ်…အနစ်နာခံတတ်.. ခံနိုင်ပြီလား…။
    အပြန်အလှန်.. . ဘဝတလျှောက်… တသက်လုံး.. လုပ်(ပေး) နိုင်ပြီလား..
    ဆုံးဖြတ်..။

  • လုံမ လေး နဲ့ အံ ဇာ တို့ ရဲ့ နှစ်ပါတ်လည် အမှတ်တ ရ

    ရွာထဲမှ ာ ဖတ် ပြီးေ ကာ်မ င်းပေး ခဲ့ သေးတယ်။

    ဒါပေမယ့် ရွာ ထဲ ဝင် မရ ရင် မဖတ် လိုက် ရ မှာ စိုးလို့ ပါ။

    လုံမလေး နဲ့ အံ ဇာ ရေ
    ကိုယ့် ဘဝ ကိုယ် ရုန်းကန်ကြ ရ တာ လဲ အမှန် ဘဲ။
    အဲ တော့ တစ်ယောက ်ထဲ ရုန်းကန် တာ ထက် စာ ရင် နှစ်ယောက်ပေါင်းပြီး ဘဝ ကို ရုန်း ကန် တာ နည်း နည်း အမော သက် သာ မယ် ထင် ပါတယ်။
    ဒီ တော့ ကိုင် ဇာ သီ ချင်းလေး ဆို လိုက် ပါ
    ” မင်္ဂလာ ဆောင်ရ အောင် အချစ် ရယ် ”
    ” မင်္ဂလာ ဆောင်ရ အောင် အချစ် ရယ် ”
    ” မင်္ဂလာ ဆောင်ရ အောင် အချစ် ရယ် ”
    ” မင်္ဂလာ ဆောင်ရ အောင် အချစ် ရယ် ”
    ဟုတ် ပီ နော်။။။
    လုံမ လေး တို့ စုံ တွဲ က သူများတွေ အားကျ စရာ။
    ကိုယ် တို့ ချစ် နေ တာ ကို အများ သိအောင်ကြေ ငြာ ထား တော့ အခု လို ပိုစ်လေး တင်
    အားလုံး ကလဲ ကော် မင်းတွေ ပေး ပျော်စရာ ကြီး နော်။
    နောက် မင်္ဂလာဆောင်ရင် ဒီ ထက် ပို ပျော် စရာ ကောင်း မယ်။
    နောက် မင်္ဂလာဆောင် ပြီး လို့ နှစ်ပါတ်လည် ဆိုရင် လဲ ပိုစ်တွေ တင်
    ကော်မင်း တွေ ပေး အတော် ကျက် သရေ ရှိ မယ်။
    ဒါ ပွင့်လင်းမြင်သာ တဲ့ အကျုးိ တရား ပေါ့။
    (ဒီ နေရာ မှာတော့ Lt တွေ တို့ တိတ် တိတ် ပုန်း လင်ယူ မယား ယူ လုပ်ထား သူတွေ တော့ နာ တာ ဘဲ
    သူများလို့ ပွင့် ပွင့် လင်း လင်း မပျော် နိုင် ရှာ ဘူး နော်.၊)
    ဒန် ဒန့် ဒန်

  • Swal Taw Ywet

    July 27, 2015 at 1:18 am

    လုပ်စရာရှိတာသာ မြန်မြန်လေး လုပ်ကြပါခင်ဗျာ။
    လက်ဖွဲ့မယ့်သူတွေအဆင်သင့် ဖြစ်တာဖြင့်

    ကြာပေါ့။
    Bravo.
    With respect,
    Swal Taw Ywet.

Leave a Reply