ကျွန်တော်ရေးတဲ့ A to Z
A – Area =နယ်မြေ
ကျွန်တော်တစ်ခါတစ်ရံတွင် စစ်သူကြီးတစ်ယောက်လို နယ်မြေများ သိမ်းပိုက်ခဲ့ပါသည် ။ ထုံစံအတိုင်း ကျွန်တော်သိမ်းသော နယ်မြေများကို ဘုရင်က ပိုင်သွားပါသည် ။
B – B.E =အရက်
ဘီအီးဟုခေါ်သော အရက်တစ်မျိုးကို သောက်ဖူးပါသည် ။ တန်ဖိုးနည်းသော်လည်း အမူးပြေလျှင် ခေါင်းမကိုက်ပါ ။ ကျွန်တော် တစ်ချို ့ လူတွေအတွက် ဘီအီး တစ်လုံး ဖြစ်ချင်သည် ။
C – Cat = ကြောင်
ကျွန်တော့်၏ အဆောင်တွင်သောင်းကျန်းနေသော ကြွက်များကို လက်ဆောင်ပေးချင်နေသည် ။
D – Dawn = မိုးသောက်ချိန်
ကျွန်တော်နှင့် ဆုံတွေ ့ခဲသော အရာဖြစ်ပါသည် ။ ထို ့အတူ ကျွန်တော်၏ အိပ်ရာဝင်ဖက်လည်းဖြစ် သည် ။
E – Ego = အတ္တ
ကျွန်တော်တွင် အလွန် ့အလွန်ပေါများသော အရာ ဟုထင်သည် ။(မကောင်းမှန်းလဲသိသည် )
F – Father = အဖေ
ကျွန်တော်မြင်ခွင့်မရှိတော့သောလူတစ်ယောက်
G – Good = ကောင်းသော
ကျွန်တော်၏ အခြားဘက်တွင်ရှိသော စကားလုံးဖြစ်သည် ။ ကျွန်တော်နှင့် ဆန် ့ကျင်ဖက်ဝေးကွာ သည် ။ ငယ်စဉ် မှ အခုချိန်ထိ ထိုစာလုံးကို အခြားတစ်ယောက်က ကျွန်တော်ကို ညွန်းကာ သုံးနှုန်းခြင်းမျိုး မရှိ ။
H – Home = အိမ်
ကျွန်တော် အချစ်ဆုံးနဲ ့အမုန်းဆုံးနေရာ
ကျွန်တော် အပျော်ရွှင်ဆုံးနဲ ့ စိ်တ်အညစ်ဆုံးနေရာ
I – icy = အေးစက်စက်နိုင်သော
မကြာခဏ လူဆိပ်ထိခံရသောကြောင့် တစ်ခါတစ်ရံ ကျွန်တော့် စကားများ အေးစက်စက် နိုင်နေနိုင် သည် ။ (နားလည်ပေးရန်မကြိုးစားပါနှင့် )
J – Joker = ပျော်တော်ဆက်
တစ်ယောက်သောသူ အတွက် ကျွန်တော်ဖြစ်ချင်နေသည် ။
K – Key = သော့
လောကကြီးထဲရှိ (ကျွန်တော့အတွက် တမင်ပိတ်ထားသော ) တံခါးများကို ဖွင့်ရန် အရေးတကြီးလိုအပ် နေသည် ။
L – Love = ချစ်ခြင်းမေတ္တာ
ကျွန်တော် အမြဲတစေ ငတ်မွတ်နေသောအရာတစ်ခု
M – Mother =အမေ
ကျွန်တော့်ကို တစ်ခါတစ်ရံ နားလည်၍ တစ်ခါတစ်ရံ အပြစ် အမြင်ဆုံးလူ
N – Nuclear eye = နျူမျက်လုံး
မျက်လုံးများ၌ အသံပါသည်ဟု တာရာမင်းဝေကပြောဖူးသည် ။ တစ်ချို ့မျက်လုံးများတွင် အသံပါမက ပြင်းအားများပါ ပါသည် ။ထိုမျက်လုံးများကို နျူမျက်လုံးဟု ကျွန်တော်ခေါ်သည် ။
O – orphanage = မိဘမဲ့ဂေဟာ
မစည်းကားသင့်သော နေရာဟုထင်သည် ။ ထိုနေရာတွေ တစ်နေ ့တစ်ခြားကလေးတွေများများလာနေ သည် ။ ဘယ်သူ ့ကို အပြစ်တင်ရမည်မှန်းမသိ ……။
P – parrot = ကြက်တူရွေး၊(v) သံယောင်လိုက်
တစ်ခါတစ်လေတော့လဲ တစ်ချို ့လူတွေ ပြောသမျှ ကြက်တူရွေးတစ်ကောင်လို သံယောင် လိုက်နေချင် သည် ။ (မလွယ်တာတော့အမှန်ပင် )
Q – Question =မေးခွန်းများ
တစ်ချို ့သောမေးခွန်းများ ကိုဖြေရန်မဆိုထားနှင်း သဘောတရားပင် နားမလည်ပါ ။ ဥပမာ- လူတော်လူ ကောင်း ဆိုသည်မှာ အဘယ်နည်း ။ ထိုမေးခွန်းအတွက်အဖြေမှာဘယ်လိုဖြစ်နိုင်သည်ကို ကျွန်တော်မသိပါ ။ ကျွန်တော်၏ အဖြေ ကို ဖတ်ပြီးလျှင် တစ်ခြားလူတွေကဲ့သို ့(ကျွန်တော် လူတော် လူကောင်းမဟုတ်ဟု) သင် မှတ်ချက် ချမည်ထင်ပါသည် ။
R – Rabbit = ယုန်များ
ဖြူစင်သူများကို ယုန်လေးဟု ခေါ်တတ်ကြပါသည် ။အသံကျယ်ကျယ်ကြားလျှင် ယုန်များ သေတတ်သည် ( အသည်းငယ် ၍ဟုဆိုသည် ) ။ကျွန်တော် အသည်းငယ်သော ဖြူစင်သူတော့မဖြစ်ချင် ။
S – Sun = နေ
အချိန်တန်လျှင် ဝင်ရမည်ဆိုသော်လည်း နေမင်းလို အစွမ်းကုန် ပူပြင်းထွန်းလင်းခွင့်ရှိ ချင်သည် ။ (ကျွန်တော် အတွက်နေဝင်ချိန်တော့ နောက်ကျပေးလျင်ကောင်းမည် )
T – Train = မီးရထား
ငယ်ငယ်က ရထားအော်သံကို ” ဂျူံးဂျူံးဂျက်ဂျက် ” ဟုကြားသည် ။ အသက် အနည်းငယ်ကြီးလာသော အခါ ထိုသို ့မကြားတော ့ ။ “အားလုံးထွက်ခဲ့” ဟုသာကြားတော့သည် ။
U – Umbrella = ထီး
သူမ နှင့် အတူ ထီးတစ်ချောင်းအောက် လမ်းလျှောက်ချင်စိတ်များရှိနေသည် ။
V – Villain = ဗီလိန်
ကိုယ်ကိုယ်တိုင် မသိလိုက်ရပဲ ဗီလိန် ဖြစ်ခဲ ့ပေါင်းများလှပြီ ။
W – Water = ရေလောင်းသည်
သင့်အတွက် အပန်းမကြီးဘူးဆိုလျှင် ကျွန်တော်လို အဆိပ်ပင်အတွက်ရေလောင်း ပေးစေလိုပါသည် ။
X – X = ကြက်ခြေခတ်သင်္ကေတ
ကျွန်တော့်၏အားထုတ်မှုအတွက် ရလေ့ရှိသောဆု ……….
Y – Yawning = သမ်းဝေခြင်း
ကျွန်တော်သိပါသည် ။ ဤစာကိုဖတ်ရင်း သင် သမ်းဝေနေပါပြီ း) ။
Z – Zero = သုည။ ဗလာနတိ္ထ။
သင့်ထင်မြင်ချက်မှန်ပါသည် ကျွန်တော်သည် ဘာမှမရှိသော ဗလာနတိ္ထကောင်တစ်ကောင်ဖြစ်ပါသည်။
ကျွန်တော် ဟာ ဘလော့ဂါတစ်ယောက်ပါ ။ အရင်က www.mgyinnyo.tk မှာရေးထားတဲ ့ စာလေးတွေကိုပြန်တင်ပေးသွားမှာပါ စိတ်တော့ မ ရှိပါနဲ ့လောလော ဆယ် စာရေးချင်စိတ်ပျောက်နေလို ့ပါ ။ ဖတ်ပြီးရင်လဲ ဝေဖန်ပေးကြပါဦး ။ ကျွန်တော် ရဲ ့စာ အရေး အသားလေးတွေ ကို ပေါ့ ။ လာပြီးတော ့တကူးတကဖတ်ပေး ဝေဖန်ပေးတဲ ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ် ကျွန်တော် ရဲ ့ ဆိုက်ကလေးကိုလဲ လာလည်ကြပါဦး ခင်ဗျာ း ……..
2 comments
အလင်းဆက်
October 17, 2014 at 3:14 pm
ဘယ်ဆီကို မင်းရောက်နေလဲ…
ကေဇီ
October 17, 2014 at 3:45 pm
အဲလာ အကြိုက်ဆုံးပဲ။
:boss: