Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” ဓာတ်စာ-၁ “

ခင္ခJuly 26, 20141min85313

” ဓာတ်စာ-၁ “

တစ်ခါတလေကြားဖူးကြမယ် ထင်ပါတယ် တိုင်းရင်းဆေးကုထုံးမှာ ” ဓာတ်စာ ” ဆိုတဲ့ စကားရပ်ကိုပါ။ ဓာတ်စာ ဆိုတာဘာလဲလို့ဆိုရင် ဆေးသောက်ခိုင်းပြီး ကုသတာမျိုးမဟုတ်ဘဲ ဆေးသောက်ရမှာ ကြောက်တဲ့သူတွေ ဆေးမသောက်ချင်သူတွေအတွက် အစားအသောက်တစ်ခုခုပြုလုပ်စားခိုင်းပြီး ဝေဒနာကို သက်သာ စေတာမျိုး ကိုပြောတာလေ။

အဲဒီ ဓာတ်စာ တွေကို ဖတ်ဖူးမှတ်ဖူးတဲ့ တိုလီမိုလီစာပေစုတွေထဲကနေ ပြန်စုစည်းပြီးအခုလို ရေးလိုက်ပါတယ်။

၁။ ရင်ဘတ်နာ၊ လေထိုးလေအောင့် ဖျားရောဂါ

ဒန့်သလွန်သီးကို ငါးရံ ငါးခူ ငါးကြင်း ငါးပနော် တစ်ခုခုနှင့် ချက်စားပါ။

၂။ မီးယပ်ချမ်း၊ လေထိုးလေအောင့်

ဒန့်သလွန်သီးနှင့်ငါးရံ ချက်စားပါ။

၃။ အစာမကြေ

ဝက်သားပြုတ်၊ ငရုတ်သီးစိမ်း၊ ရှောက်သီး တို့သုပ်စားပါ။

၄။ ကိုယ်ရေကိုယ်သားပူသော်

ချဉ်ပေါင်နှင့်ပုဇွန် ချက်စားပါ သို့တည်းမဟုတ် ကင်ပွန်းချဉ်နှင့်ပုဇွန် ချက်စားပါ သို့တည်းမဟုတ် ပုဇွန်မီးဖုတ် ရှောက်သီးသုပ်စားပါ။

၅။ အိမ်မပျော်လျှင်

မဲဇလီဖူးသုပ်စားပါ၊ဒန့်ကျွဲရွက်(မိုးကျလဘက်ရွက်)နုနုကိုပြုတ်ပြီး လက်ဖက်ကဲ့သို့ သုပ်စားပါ။

၆။ ဝမ်းပျက်၊ အိမ်မပျော်

ဒန့်သလွန်သီးနှင့်ပုဇွန် ချက်စားပါ သို့တည်းမဟုတ် ဒန့်သလွန်သီးနှင့်ငါးပတ် ချက်စားပါ။

၇။ ကိုယ်ဖောကိုယ်ရောင်

ကနဖော့ကို အတို့အမြှုပ်ကဲ့သို့ စားပါ။

၈။ သွေးတိုး

ဒန့်သလွန်သီး မီးအုံးပြီး ဟင်းခါးချက်သောက်ပါ။

၉။ မီးယပ်ထိမ်

ဒန့်သလွန်သီး သို့တည်းမဟုတ် ဒန့်သလွန်ရွက်ကို ကြက်သွန်ဖြူနှင့် ပတဲကောထည့်ပြီး ဟင်းခါးချက် သောက်ပါ။

၁၀။ နို့ကြောပိတ်(နို့ချောင်းပိတ်)

ကြိတ်မှန်ရွက်ကို ငါးကြင်းသားနှင့်ချက်စားပါ။ ခရာရွက်ကို ငါးကျည်းခြောက် ငါးကျည်းကင်နှင့် ဟင်းခါးချက်သောက်ပါ။

၁၁။ ဒူလာသွေးဝမ်း

ဆီးဖြူသီးခြောက် အနည်းငယ်နှင့် ငါးရှဉ့်သားကို ချက်စားပါ။

၁၂။ ချောင်းဆိုးရင်ကျပ်ပန်းနာ

ပုဇွန်ချဉ်၊ ငါးလေးချဉ်ကို ပင်စိမ်းရွက်နိုင်နိုင်နှင့် သုပ်စားပါ၊ ငါးအိုးကပ်ကို ပင်စိမ်းအုပ်စားပါ။ ပင်စိမ်းရွက် တို့ပါ။

သို့တည်းမဟုတ် သင်္ဘောသီးသုပ်စားပါ။

၁၃။ လိပ်ခေါင်း

ဝက်သားနှင့်ဖန်ခါးသီး အဝချက်စားပါ သို့တည်းမဟုတ် ဝက်သားနှင့်ဆင်စွယ်ဂမုန်း ချက်စားပါ။

၁၄။ သန်ကောင်ကျစေရန်

ဒန့်သလွန်သီးဟင်း ချက်စားပါ။ သို့တည်းမဟုတ် မြူရွက်သုပ်စားပါ။ သို့တည်းမဟုတ် နာနတ်သီးနှင့် ပျားရည်စားပါ။

၁၅။ ဝမ်းမီးကောင်းစေလိုသော်

ကြောင်လျှာသီးကို သုပ်စား သို့တည်းမဟုတ် ကြော်စားပါ။

၁၆။ အစာမကြေ၊ လေထိုးလေအောင့်

ကြောင်လျှာသီးမီးအုံးပြီး တို့စားပါ၊ ကြောင်လျှာရွက် ပြုတ်တို့စားပါ။

၁၇။ အစာမကြေ ဝမ်းပျက်

ငါးရံနှင့်ကြောင်လျှာသီး ချက်စားပါ။

၁၈။ ဒူလာသွေးဝမ်း မီးယမ်သွေးဝမ်း

ကြေင်လျှာသီးနှင့်ငါးမြွေထိုးကိုချက်စားပါ။

၁၉။ အကြောတက်

ကြောင်ပန်းရွက် ဟင်းချိုချက်သောက်ပါ၊ သို့တည်းမဟုတ် ရှောက်သီးသုပ်ကို ငရုတ်သီးစပ်စပ်ဖြင့် စားပါ။

၂၀။ အစာအိမ်အချဉ်ပေါက်

သင်္ဘောသီးကို အခွံမနွာဘဲ အလုံးလိုက်ဆေးပြီး အခွံပါ ပါအောင်ခြစ်လို့သုပ်စားပါ။ ငါးရက်တစ်ခါသုပ်စားပါ။ အစပ်လျှော့ပြီး မြေပဲဆန် ပုဇွန်ခြောက်နှင့် သုပ်စားပါ။

၂၁။ နားလေထွက်

တရုတ်စကားပွင့်သုပ်စားပါ၊ သို့တည်းမဟုတ် သင်္ဘောရွက်မီးအုံးပြီး တို့စားပါ သို့တည်းမဟုတ် လက်ဖက်သုတ်ဖြင့် အစိမ်းစားပါ။

၂၂။ နားပင်း၊နားကိုက်

ကန့်ပလူရွက်ကို သံပါရာရည်နှင့် စိတ်ကြိုက်သုပ်စားပါ၊ သို့တည်းမဟုတ် ကြောင်လျှာသီးကို သံပရာရည်နှင့် သုပ်စားပါ။ သို့တည်းမဟုတ် ပုဇွန်တုပ်ကို မီးဖုတ်ပြီး ရှောက်သီးနှင့်သုပ်စားပါ၊ သို့တည်းမဟုတ် ဆီထမင်း စားပေးပါ။

၂၃။ နှလုံးရောဂါ

ကြိတ်မှန်ရွက်ကို တို့စား သုပ်စား ဟင်းခါးချက်စားပါ။ ကြိတ်မှန်ရွက် ယိုလည်းစားနိုင်ပါသည်။

၂၄ ။ နှလုံးတုန်

စောင်းလျားသီး အရည် သို့မဟုတ် ကြံရည်ကိုသံပရာရည်ညှစ်ပြီး သောက်ပေးပါ။

၂၅။ မူးမော်

ငါးမြင်းသားကို ဇီးသီးနှင့် ချက်စားပါ၊ သို့တည်းမဟုတ် ချဉ်ပေါင်ရွက်နှင့် ငါးကျည်းချက်စားပေးပါ။

၂၆။ လေဆန်နာ

ငါးကြင်းသားကို ကြိတ်မှန်ရွက်နှင့်စားပါ။ ( ကလေးငယ်ဖြစ်လျှင် နို့တိုက်မိခင်က စားပေးပါ)

၂၇။ ထိပ်ကွက်

ပဲပင်ပေါက်နှစ်ဆယ်သားခန့်ကို မကြာမကြာ ကြော်စားပါ။

၂၈။ လေငန်း

ဝက်သား အစိတ်သားခန့်အား သရက်သီးတစ်ခြမ်းကို လက်ဖက်ကွမ်းသီးလုံးခန့်နှင့် ချက်စားပါ။

၂၉။ ဝမ်းကိုက်

ငါးဖယ်ကို ဂွေးသီးနှင့်ချက်စားပါ၊ သို့တည်းမဟုတ် ပုဇွန်နှင့် ကြက်ဟင်းခါးသီး ကြော်စားပါ

၃၀။ မီးနေသည် လန့်လျှင်

ဇီးယိုကျွေးပါ။

၃၁။ မီးဖွားပြီးစ အပုတ်ဆန်လျှင်

ပင်စိမ်းရွက် ကြော်စားပါ

၃၂။ ကာမကျားအားတိုးဆေး

ငါးကြင်းသားကို မန်ကျည်းမှည့်နှင့်မဆလာခတ်လို့ ချက်စားပြီး ပိန္နဲသီးစားပါ။ သို့တည်းမဟုတ် ဌက်ပျောသီး ဖီးကြမ်းပျော်ပျော်ကို နှမ်းဆီနှင့် နီအောင်ကြော်ပြီး ပျားရည်နှင့်စားပေးပါ သို့တည်းမဟုတ် ကြက်ဥတစ်လုံးကို ထောပတ်တစ်ဇွန်းဖြင့် မကျက်တကျက်ကြော်ပြီး အရက်တစ်ဇွန်းထည့်ကာ စားပေးပါ။

၃၃။ ရေဖျဉ်း

ရှောက်ရည် သံပရာရည်ကို လနှင်ချီပြီး နေ့စဉ်မှန်မှန်သောက်ပေးပါ။

၃၄။ ဓာတ်ချုပ် စမြင်းခံ (ဝမ်းသွားရခက်နေခြင်း)

ထမင်းပူပူကို နှမ်းဆီစစ်စစ်နှင့်နယ်လို့စားပေးပါ၊ သုံးရက်ဆက်စားပါ၊ ရေများများသောက်ပြီး ဟင်းသီးဟင်းရွက် စားပေးပါ။ သို့တည်းမဟုတ် ကော်ဖီကို ထန်းလျက်နှင် ဖျော်သောက်ပေးပါ။

၃၅။ ထမင်းစားပျက်၊ မစားချင်သော်

ထမင်းရည်ကို ဆားများများခတ်လို့ သောက်ပေးပါ။

( ဆက်လက်ရှာဖွေဖော်ပြပါ့မည်)

ခင်ခ။

13 comments

  • alinsett (gazette)

    July 26, 2014 at 11:25 am

    ကောင်းလိုက်တာဗျာ.. ။ ဗဟုသုတရတယ်.. ။ မှတ်သားထားရမှာတွေ…
    ဆက်လက် ဖော်ပြမှာတွေကိုလည်း…စောင့်မျှော် ဖတ်ရှုမေပါ့မယ်…လေး ခ…

  • ခင်ဇော်

    July 26, 2014 at 1:37 pm

    ၃၅။ ထမင်းစားပျက်၊ မစားချင်သော်

    ထမင်းရည်ကို ဆားများများခတ်လို့ သောက်ပေးပါ။

    OKAY…! Noted..
    :mrgreen:

  • kai

    July 27, 2014 at 6:38 am

    ဒန့်သလွန်တော်တော်များနေတယ်နော…
    ကယ်လီဖိုးနီးယားမှာတော့.. ရှားပါးပစ္စည်း..။

    အပူစာ..အအေးစာ.. စသဖြင့်နဲ့ယှဉ်ရေးပေးပါလား….
    ဥပမာ.. ဝက်သားကအပူစာလားအအေးစာလား..
    မျစ်က.. ကအပူစာလားအအေးစာလား..
    စသဖြင့်ပေါ့… :mrgreen:

    • အရီးခင်

      July 27, 2014 at 3:26 pm

      ကိုခ ဓာတ်စာ အများစု က ကျွန်မတို့ တောဘက်မှာတော့ မရှိဘူး။
      လန်ဒန် ဘက်မှာတော့ ဒန့်သလွန်သီးရော အရွက်ရော ရတယ်ပြောတယ်။
      ရန်ကုန် အိမ်မှာတော့ ဒန့်သလွန် အပင်လိုက် သီးချိန်ဆို စားမကုန်။
      ဒါပေမဲ့ သိပ်မကြိုက် ခဲ့။

  • ခင် ခ

    July 27, 2014 at 7:44 am

    ုံသဂျီးရေ မြန်မာ့တိုင်းရင်းဆေး ဓာတ်စာမို့ မြန်မာပြည် ထွက်ကုန်ကို အခြေခံတာပေါ့ဗျ
    အပူစာ အအေးစာ လည်းရေးပေးပါအုံးမယ်ဗျ

  • lu lu

    July 27, 2014 at 10:19 am

    ဒါကြောင့်အစာလည်းဆေး
    ဆေးလည်းအစာ လို ့ပြောကြတာကိုး
    မှတ်သား ထိုက်လို ့မှတ်သွားပါတယ်
    🙂

  • ဘဲဥ

    July 27, 2014 at 12:42 pm

    ဘဲဥ နဲ့ ဖရဲသီးနဲ့တွဲစား အားရှိဆိုဘဲ :mrgreen:

    • kai

      July 27, 2014 at 12:49 pm

      ကျုပ်စားဖူးသလောက်တော့.. ဘာမှမဖြစ်…
      တိုင်းရင်းဆေးအရလည်း.. အအေးစာဆိုလား.. တွဲစား..ဘာမှမဖြစ်တဲ့အပြင်.. ဆေးဖက်တောင်ဝင်ဆိုပဲ..
      ကြည့်ရတာ.. တယောက်ယောက်ရဲ့..ချွန်တွန်း.. :k:

    • မဟာရာဇာ အံစာတုံး

      July 27, 2014 at 2:13 pm

      အခုတလော နင် အားချိနေတယ်ဆို …
      ဒီတော့ အားရှိသွားအောင်
      ငါ မန်းလေးကို လာပြီး
      အဲ့ဒီ ဓါတ်စာကို ကျွေးမယ် …
      ဒါပေမယ့် သေတမ်းစာမှာတော့ ငါ့ကို အမွေတစ်ဝက် ပေးမယ်လို့ ရေးပေးရမယ် … ငိငိငိ
      :mrgreen:

      ဥခင်ခကြီးရေ …
      မှတ်သွားပါတယ်ဗျို့ …
      ဆေးထိုး၊ ဆေးသောက် ကြောက်သူတွေအတွက်
      ဒါလေးတွေကို အတော် အကျိုးရှိတယ် …

    • ဦးကျောက်ခဲ

      July 28, 2014 at 10:04 am

      တရုတ်စားဖိုမှူးက ဖရဲသီးပေါက်စလေးတွေကို ဘဲဥနဲ့ချက်ကျွေးတာ စားဖူးပါတယ်…
      သူတို့အရပ်က အသီးအနှံနဲ့ ဘဲဥကပဲ ရသဩစာ မရှိလေသလား …
      သေနေ့ပဲ မစေ့လေသလား မသိ ၊ ဘာမှတော့ မဖြစ်ခဲ့ဘူး …
      ဒါပေမယ့် ကိုယ့်ဟာကိုယ်တော့ ချက်မစားရဲဘူး…
      :mrgreen:

  • manawphyulay

    July 28, 2014 at 9:53 am

    အတော်ပဲ ဖြစ်တဲ့ရောဂါက ဒန့်သလွန်သီးများများစားရမယ့် ရောဂါတွေပဲဆိုတော့
    အိမ်မှာ ဒန့်သလွန်ပင်စိုက်ထားတာနဲ့ အံဝင်ဂွင်ကျဖြစ်သွားတယ်။
    ဒါပေမယ့် အစာမကြေတာလည်း ခဏခဏဖြစ်တော့ ဝက်သားလည်းမစားဘူး။ ဘာနဲ့ ဓာတ်စာလုပ်ရမလဲဟင်။

  • Crystalline

    July 28, 2014 at 11:55 am

    အဖွားဖြစ်သူက သေသည်အထိဓာတ်စာအတိုင်းစားတာ.. ဆရာဓာတုရဲ့ နက္ခတ်ဓာတ်စာ စားစရာဆိုတဲ့ စာရွက်ထဲက ရာသီခွင်အလိုက်.. တွက်ချက်ပြီးရေးထားတယ်ဆိုတဲ့ အညွှန်းအတိုင်းစားတာ.. သူ့သားသမီးတွေလည်း စားတုန်းပဲ.. တနေ့ကတင် တနှစ်စာ ဓာတ်စာ စာရွက်တွေလာပို့သွားတယ်.. သများကတော့ တခါမှမကြည့် တခါတလေ ဆေးနည်းလေးတွေလွယ်ရင် တိုက်ဆိုင်ရင်တော့ စမ်းမိတယ်…. မိတ္တူကူးထားတဲ့ စာရွက်အရွက် ၄ဝလောက်ကို ၁သောင်းခွဲတောင်းသွားလို့ စိတ်တွေတိုနေပြီး အကိုကို လှမ်းရန်လုပ်လိုက်သေး.. 😀

    • kai

      July 29, 2014 at 1:55 am

      အဖွားက.. အသက်ဘယ်လောက်အထိရှည်သလည်း သိချင်သား…
      ဆရာဓာတုရဲ့ နက္ခတ်ဓာတ်စာ စားစရာအတိုင်းလိုက်စားတဲ့သူ… ၁၀ဝ မှာ ၆ဝ အသက်၈ဝအထက်နေရတယ်ဆိုရင်.. အဲဒါ.. လုတိုင်းလိုက်လုပ်သင့်လှတယ်.. :a:

Leave a Reply