“မိုးနေ့ “
“မိုးနေ့ “
အိုု……………..
မိုးရယ်မှောင်
လွမ်းလေအောင်
သူပြုစားတယ်
ရက်စက်လေအား။
တိမ်တွေပြို
ငိုနေသလိုပါလား။
မိုးစက်စွေ
ရွာနေပုံက
လွမ်းစေရော့သလား
ရွှဲရွှဲရယ်စို
မိုးခိုတဲ့ငှက်ငယ်လေး
သူလဲကွယ် တစ်ကောင်ထဲရယ် မို့
ကိုယ့် လိုပါလား။
ဟိုးးးးးးးးးးးးးးးးးးးးး
အဝေးကလူ
ဆွေးသူကို
ဖေးကူချော့လာလှဲ့ကွဲ့
ချစ်တဲ့သက်ထား။
ကိုပေါက်လက်ဆောင်အတွေးစဉ်
14-9-2014
19 comments
ခင် ခ
September 14, 2014 at 1:34 pm
ညထဲကနေ ခုမနက်ထိ မိုးရွာနေလို့ ဘယ်မှသွားမရပေမယ့် ရွာရှိနေလို့ရွာရိုးလျှောက်ပြီး ဖတ်မန့်အလုပ်တွေလုပ်နေတော့လည်း အဆင်ပြေသားဗျ
ကွန်နက်ရှင်ကိုတော့ စိတ်ရှည်အိပ်ခါစောင့်ရတာလလွဲလို့လေ။
ကိုပေါက်(မန္တလေး)
September 14, 2014 at 1:41 pm
ဒီနေ့ မနက်ကတည်းက မုးိတွေရွာတော့ လက်ဖက်ရည်ဆိုင်သွားချင်တာ သွားမရ
တနင်္ဂနွေ ဆိုတော့ ကိုခများ လာမလား လို့ မျှော်နေသေးတယ်ဗျာ
ခင် ခ
September 14, 2014 at 2:10 pm
ဒီနေ့မိုးအရမ်းရွာလို့ ကလေးလဲကျောင်းမပို့ဖြစ်တော့ မထွက်ဖြစ်ဘူးမို့ပါ
မြစာကလေး (23122011)
September 14, 2014 at 3:45 pm
ဒီမှာလဲ အခု အဲဒီလို တိမ်တွေ ပြို မလို ဖြစ်နေပေါ့ ကပေါက်ကြီး။
မိုးစက်တွေ ကိုပါ ရအောင်ရိုက်နိုင်သလား ဗျ။ 🙂
ကိုပေါက်(မန္တလေး)
September 14, 2014 at 4:58 pm
ရိုက်လိုတော့ ရတယ် ကိုလတ်ကြီး
ဒါပေမယ့် မုးိရွာရင် ကင် မ ရာ မထုတ်ဘူး
မိုးစိုရင်ပျက်မှာစိုးလို့
ဇီဇီ ခင်ဇော် (15102012)
September 14, 2014 at 4:17 pm
အုံ့မှိုင်းကို ကြိုက်တယ်။
သဲသဲမဲမဲ ရွာလိုက်မယ်ပဲ ဟန်တွေဆင်~~~
ကိုပေါက်(မန္တလေး)
September 14, 2014 at 5:20 pm
သေအောင်သာရွာပါမိုး
မိုးနဲ့အပြိုင်ငိုမယ်
JackSkellington
September 14, 2014 at 9:12 pm
နေ့လည်ဘက်တွေ ညဘက်တွေ မိုးကြီးလေကြီး ချပါစေ…
အိပ်ကောင်းလို့… 🙂
ကိုပေါက်(မန္တလေး)
September 15, 2014 at 8:44 am
မလုပ်ပါနဲ့ ကိုယ် ဂျက် ရယ် နေ့ လည်ခင်းတော့ မရွာပါစေနဲ့
လက်လှူပ်မှ ပါးစပ် လှူပ်ရ သူတွေ ထမင်းငတ်ကုန်ပါမယ်
ဦးကြောင်ကြီး
September 15, 2014 at 9:37 am
မိုးနေ့
ချိုးပေ့
အိုးတွေ့
ပိုးခွေ့..
ကိုပေါက်(မန္တလေး)
September 15, 2014 at 10:23 am
မို့းနေ့
ခိုးပွေ့
တကယ့် အဆိုးလေး ကြောင်ကြီး
Ma Ei
September 15, 2014 at 12:20 pm
အုံ့မှိုင်း နေပေမယ့် တိမ်တောက်သလိုဘဲ လှနေတယ်…
ကိုပေါက်(မန္တလေး)
September 15, 2014 at 1:03 pm
ဟုတ်တယ်မအိ
အုံ့မိူင်း က တောင်သမန်အင်း
မိုးမှောင်တဲ့ နေ့ က တက်သိမ်းအင်းမှာ
Yae Myae Tha Ninn
September 15, 2014 at 2:17 pm
မိုးနေ့ကို မေ့နိုးနိုး နဲ့ တင်လိုက်တာမလား… လေးပေါက်… 🙂
ကိုပေါက်(မန္တလေး)
September 15, 2014 at 3:23 pm
မိုးနေ့
မေးနိုး
တွေ့နိုးနိုး နဲ့
ရက်ကြာရှည်
မမေ့နိုင်ပါသည်
ယနေ့ တိုင်သာ အတည်
(အောက်2ကြောင်းက သီချင်းစာသားနော်သူများရေးတာ)
sorrow
September 15, 2014 at 2:28 pm
ဦးပေါက်ရဲ့မိုးမှောင်တဲ့နေ့ပုံက …ဂဇက်ရဲ့ကောင်းကင်ကိုရည်ညွန်းသလားပဲနော်…အဟိဟိ …တိုက်..တိုက်ဆိုင်လွန်း….( အလွတ်ဝင်ဖွတာ..အဟိဟိ )
ကိုပေါက်(မန္တလေး)
September 15, 2014 at 3:20 pm
မောင်ဆောရိုး တေချင် ဘီလား
ရွာထဲမှာ သေ မှ ခေတ်မှီတာနော်
kyeemite
September 15, 2014 at 3:28 pm
.ပြို မှာလေလားမိုးရဲ့….
.ကဗျာလေးကိုတော်တော်သဘောကျသဗျာ….
ကိုပေါက်(မန္တလေး)
September 15, 2014 at 5:59 pm
အောင်ပြည့် လေ
မူရင်းစာသား ပိုင်ရှင် က ကိုစောငြိမ်း
ပြိုမှာလေးလားမိုးရဲ့