သွတ် သွတ် သွတ် – KZ’s ထမင်းဆိုင်
သမိန်ပေါသွပ် ခေါ်ချက်တာမဟုတ်ဘူးးနော်….
ဒီ တစ်ပတ်တော့ အသီးအနှံ တစ်ခုခုထဲကို အသားတစ်မျိုးမျိုး အစာသွတ်တာ ရေးမားလို့။
ဟိ။ :mrgreenn:
အသားဟင်းချည်း သီးသန့်မစားချင်တဲ့ သူတွေ အကြိုက်ပေါ့။
KZ အဖေ ဆို ဂလို အရောအနှောလေးတွေမှ ခံတွင်းတွေ့တာရယ်။
ဒါပေမဲ့ ခုရေးမှာက အစာသွတ်ဟင်းတွေ။ အရောအနှောဟင်းက နောက်မှ သတ်သတ်လာမှာ။
~~~~~~~~~~
၁) ဗုံလုံသီးကို ဝက်သားအကြေသား သွတ်မယ်နော်။
ဒီမှာက ဝက်သားတောက်တောက် စင်းပြီးသားရတယ်။
အဲဒါကို ပဲငံပြာရည် အကြည်၊ ဂျင်း၊ ကြက်သွန်ဖြူထောင်းထားပြီးသားနဲ့ နယ်ထားး
ဗုံလုံသီးဝယ်ရုံပဲ။ ပဲလင်းမြွေသီးလို့လည်း ခေါ်တယ်လေ။ ထိပ်ပိုင်းလေးကို ဈေးသည်မသိအောင် ချိုးကြည့်။ အဟွတ်။ ဖျောက် ကနဲ့ ကျိုးမှ ဝယ်။ :mrgreenn:
ကျနော်က အခွံခွါတယ် လက်လေးလုံးလောက် စီ ပိုင်းတယ်။ ပိုင်းလုံးတွေရရော။ အဟိ။
အလယ်က အနှစ်နဲ့ အစေ့တွေ ကို ဇွန်း အသေးနဲ့ လှည့်ထုတ်ပြီး ရေဆေး စစ်ထားး၊။
ပြီးရင် အဲ့ဒီ ပိုင်းလုံး အဲ ပိုက်လုံးလိုမျိုး ထဲကို ဝက်သားကို အပြည့်သွတ်လိုက်ပြီး စီ ထားး..
ဆီကို အရင်အပူပေးပြီးတော ့ ဆီပူလာရင် ဆနွမ်းမှုန် ့ လက်သန်းဖျားလောက် လေးထည် ့မွှေပေးပါ။ပြီးရင်အဆာသွပ်ထားတဲ ့ ဗုံလုံသီးလေးတွေကို အသာလေးထည် ့ပေးပါ။
စစနှပ်ခြင်း ချောက်ကပ်ကပ် ဖြစ်နေပါလိမ် ့မယ်။ခဏကြာလာရင် ရေတွေထွက်လာပါလိမ် ့မယ်။
မမွှေပဲ အိုးကို (ဟင်းအိုးကို) အသာလှုပ်ပေးပါ။ ကျနော်ကတော့ အရည်စပ်စပ်ကြိုက်လို့ ရေလိုသလောက် ထပ်ဖြည့်တတ်တယ်။
အဲဒီ ဟင်းအရည်ကို အပေါ့အငံမြည်းပြီးရင် မီးပိတ်လို့ရပါပြီ။
ကျန်တဲ့ ဝက်သားကို ဝက်သားလုံးလုံး ကြော်ပြီး မရမ်းသီးလေး ထောင်းစားရင် လိုက်သွားရော။ :mrgreenn:
~~~~~~~~~~
၂) ခရမ်းချဉ်သီးကို ကြက်သားသွတ်ရအောင်။
ကြက်သားကို တောက်တောက်စဉ်းပြီး ဆား၊ငရုတ်ကောင်းနဲ့ နယ်ထားပါ။
ခရမ်းသီးအလုံးကြီးကြီး မာမာတွေ ရွေးပြီး အညှာဘက်က ထိပ်ကို ဖြတ်လိုက်။
ပြီးရင် အတွင်းထဲက အနှစ်တွေကို အသာလေး ကော်ယူပြီး ပန်းကန်တစ်လုံးထဲ ထည့်ထားး
ပြီးရင် အဲဒီထဲကို ကြက်သားထည့်ပြီး ထိပ်က ဖြတ်ထားတဲ့ အပိုင်းကို အဖုံးလေးလို ပြန်အုပ်။
ရိုက်(စ) ကွတ်ကာ ထဲ ရေထည့် ခရမ်းချဉ်သီးတွေကို စကာပေါ်တင်ပြီး ပေါင်းးး
အဲလိုမှ မဆန့်ရင် စတီးချိုင် ထဲ အဖုံးဖိထည့်ပြီး ရေနွေးနဲ့ လည်း ပေါင်းတယ်။ ခိခိ
ကျန်တဲ့ ကြက်သားကို ခုနက ခရမ်းချဉ်သီး အနှစ်နဲ့ ချက်ပြီး မရမ်းသီးထောင်းလေးနဲ့ စားလို့ရပါပြီ။
ကျနော့ အဒေါ် လုပ်ကျွေးတာကျ ခရမ်းချဉ်သီးထဲကို ကြက်ဥဖောက်ထည့်ပြီးမှ ပေါင်းတာ။
အဲဒါလည်း စားကောင်းတာပဲ။
~~~~~~~~~~
၃) ငရုတ်ပွထဲ ဘာသွတ်ရင် အလိုက်ဆုံးတုန်း သိလားး၊ ဝက်အသည်းး။
ဝက် အသည်းက ပဲငံပြာရည်နဲ့ နယ် ပြုတ်ပြီးထောင်း ထားလိုက်။
ငရုတ်ပွကို ရောင်စုံဝယ်တယ်။ လှအောင်လို့။ (အနီ၊ အစိမ်း၊ အဝါ)
ပြီးရင် ထိပ်ကို အဖုံးလို ဖြစ်အောင် လှီးချလိုက်၊ အတွင်းက ငရုပ်စေ့တွေထုတ်။
ဝက်အသည်းကို သွတ်။
အိုးတလုံးထဲတွင် ဆီအနည်းငယ်ထည့်ပြီး နနွင်းမှုန့်၊ငရုတ်အရောင်တင်မှုန့်၊ ကြက်သွန်နီနှင့်ကြက်သွန်ဖြူ အနည်းငယ်တို့ဖြင့် ဆီသတ်၍
အစာသွပ်ထားသော ငရုတ်ပွများကိုထည့်ပါ။
ရေအနည်းငယ်ထည့်၍ အိုးဖုံး ပြီးတည်ထားပါ။ အရည်များပွက်ပွက်ဆူလာပြီး ငရုတ်ပွများနွမ်းလာရင် အပေါ့အငံမြည်းကာ မီးပိတ်ပါ။
ပုဇွန်ခြောက်ထောင်းလေးနဲ့ လိုက်ပါတယ်။
~~~~~~~~~~
၄) မပါမဖြစ် ရွှေဖရုံသီး ဝက်သား အစာသွတ်။
ရွှေဖရုံကို ဘယ်လောက် သေးတာ ဝယ်ဝယ် ဝက်သားကြိတ်သား အများကြီးသုံးရဦးမှာမို့ ဝက်သားလေးနဲ့ပဲ သွတ်မလားလို့။
ဝက်သားတွေကို သေးသေးတုံးထားပြီး အရသာနယ်ထားပါ။
ရွှေဖရုံသီး သေးသေးကို အညှာဘက်က ထိပ်ပိုင်းဖြတ်ပြီး အတွင်းထဲက အသားတွေကို ရသလောက် ကော်ယူ၊ ခြစ်ယူထားပါ။
အစေ့တွေတော့ ဖယ်ဦးပေါ့နော့။ ပြီးမှ ရေဆေးထား။
အဲဒီ အသားတွေနဲ့ ဝက်သားကို ဆီနည်းနည်း နဲ့ ကြက်သွန်ဖြူနီ နဲ့ အခြောက်နဲ့ လုံး (အဲလေ) ခြောက်ခြောက်လေးလုံးထားလိုက်ပါ။ ကျက်သွားအောင်။
ပြီးမှ ရွှေဖရုံသီးထဲ အစာသွတ်၊ အဖုံးလေး ပြန်ပိတ်။
အိုးတစ်လုံးထဲ ရွှေဖရုံသီးမြုပ်ရုံ ရေထည့် ပြီး ပြုတ်ချင်ပြုတ်၊ (အဲလာ အလွယ်နည်း)
ဒါမှမဟုတ် ပရက်ရှာကွတ်ကာထဲ ထည့်ပေါင်းလည်းရတယ်။
ကိုယ်ကြိုက်တဲ့ အနူးလောက်မှာ စားလို့ ရပါပြီ။
ဇီးဖြူသီးထောင်းလေးနဲ့ တွဲစားရင် ကောင်းးးးးးး
~~~~~~~~~~
၅) သခွါးသီး ကို ကြိုက်ရာ အသားသွတ်ပြီး ဟင်းရည်သောက်
တောက်တောက် စဉ်းထားတဲ့ အသားတစ်ခုခု ကို နယ်ထားလိုက်။
သခွါးသီးကို ဗုံလုံသီးကို ပြင်သလို ပြင်ထားလိုက်။
ပြီးရင် အစာသွတ်၊.။
ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းနဲ့ ဟင်းရည်တည်။
ကြက်သွန်နီ ဥ အသေးလေးတွေ အခွံခွါထည့်။
ရေဆူမှ အစာသွတ်တွေကို ဖြည်းဖြည်းထည့်။
ပေါ်လာတဲ့ အမြှုပ်တွေ ခပ်ထုပ်ပစ်။
နောက်တစ်ရေဆူလို့ အနေအထားကြိုက်ပြီ ဆိုရင် အပေါ့အငံမြည်းပြီး အရည်သောက်ဟင်း ရပြီ။
ကြက်သားကြော်လေးရယ်၊ ငရုတ်သီးစိမ်းထောင်းလေးရယ် နဲ့ စားးး
(တစ်ချို့လူတွေက သခွါးသီးနဲ့ မတည့်တတ်ဘူးး၊ လေနာတယ်။ ကြည့်စား)
~~~~~~~~~~
၆) ရုံးပတီသီး ကို ငါးဖယ်လေး သွတ်ပြီး နှပ်မို့
ငါးဖယ်ကို ရသာနယ်ပြီး ပေါက်ထားပါ။
ရုံးပတီသီး ခပ်ကြီးကြီးတွေကို ရေစင်အောင် ဆေးပြီး စစ်ထားပါ။
ပြီးရင်ကိုယ်ထည်ကို ဒါးရာပေးပြီး ခွဲထားလိုက်။
နည်းနည်းချိုးချလိုက်တာနဲ့ ဒါးရာပေးထားတဲ့ နေရာက ဟ သွားလိမ့်မယ်။
အဲဒီထဲကို ငါးဖယ်ကို ရသလောက် မဟုတ် လှသလောက် သွတ်ထားပြီး စီထားး၊(ပြီးရင် အပေါ်က သံပုရာရည်ညှစ်ရင် စီးတွဲတွဲဖြစ်မသွားဘူးတဲ့)
ပြီးရင် ကြက်သွန်ဖြူနီထောင်းထားတာကို ဆီသတ်ပြီး ရုံးပတီသီးတွေ စီထည့်ပြီး အဖုံးဖုံးပြီး နှပ်ထားး
ရေခမ်း ဆီပြန်ရင် အိုလကေဘီ။
အဲဒါကို ငါးပိထောင်းလေး နဲ့ စားရင် ကောင်းတာပဲ။
ရုံးပတီ နေရာမှာ တဂျီး ပြောတဲ့ ငရုတ်သီး ကို အစားထိုးလို့ ရ၏။
~~~~~~~~~~
၇) အမှန်အတိုင်းတော့ အကြံကုန်နေလို့ ခရမ်းသီးကို ပုဇွန်ခြောက်သွတ်ပြီး နှပ်တော့မယ်။
ပုဇွန်ခြောက်ကို ရေစိမ်ပြီး ထောင်းထားး
ကြက်သွန်ဖြူနီကိုလည်းထောင်းထားးး တစ်ဝက်ကို ပုဇွန်ခြောက်ထောင်းနဲ့ ရောပြီး
ခရမ်းသီး လေးစိတ်ခွဲထားတဲ့ အထဲထည့်ထားး
ငရုတ်သီးခြောက်ကို ရေစိမ် ထောင်းထားတာရယ် ကျန်တဲ့ ဖြူနီထောင်းရယ်ကို ဆီသတ်လိုက်ပြီး
ခရမ်းသီးကို ပုံမပျက်အောင် ထည့်ပြီး ရေနည်းနည်းမြှုပ်ရုံထည့်တည်ထားးး
ရေခမ်း ဆီပြန်ရင် ငရုတ်သီးဆားထောင်းလေးနဲ့ တွဲစားရုံ။
ဒါက ပြီးကပစ်နည်းးး
ကောင်းတဲ့ နည်းက ဒီလင့်မှာ။
http://smokenspice.blogspot.sg/2007/10/blog-post_20.html
လိုအပ်တဲ့ ပစ္စည်းတွေကတော့
ခရမ်းသီး ၂ လုံး (ခရမ်းသီး ၂ မျိုး ရှိပါတယ်။ တစ်မျိုးကတော့ အရောင်ရင့်ပြီး ခပ်ကြီးကြီး အစားမျိုးပါ၊ နောက်တမျိုးကတော့
ခပ်ရှည်ရှည် နဲ့ ခရမ်းရောင် အစားမျိုးပါ) မြန်မာပြည်မှာတော့ ဒုတိယအမျိုးအစားကို စားတတ်ကြပါတယ်။ ဒီဘက်မှာတော့
တခါတရံမှတွေ့ရတတ်ပါတယ်။ နှစ်မျိုးလုံးကောင်းပါတယ်။ ဒါပေမဲ့ ခပ်ကြီးကြီးအစားမျိုးဆိုရင်တော့ ကျက်အောင် နည်းနည်း
ပိုစိတ်ရှည်ရပါမယ်၊ သူက ထူပြီး အလုံးကြီးလို့ပါ။
ပုဇွန်ခြောက်မှုန့် (သို့) ပုဇွန်ခြောက်အကောင်
အရောင်တင်ငရုပ်သီး
ကြက်သွန်နီ / ကြက်သွန်ဖြူ
နနွင်း
ဆား
(အနှစ်များများလိုချင်ရင် ကြက်သွန်နီများများထည့်ရပါမယ်)
ကြက်သွန်နီ တို့ကိုစိပ်စိပ်လှီးပါ။
ကြက်သွန်ဖြူကိုလည်း အခြပ်လိုက်လှီးပါ။
ခရမ်းသီးအစာသွပ်ရန်လက်ကို စင်ကြယ်အောင်ဆေးကြောပါ။
ခရမ်းသီး များကိုရေဆေးပြီး ထိပ်ပိုင်းမှစပြီး လေးပိုင်းစိပ်ပြီး ထက်ဝက်ကျော်ခန့်ခွဲပါ၊ အရင်းထိမခွဲဘဲ အစာသွပ်နိုင်ရန်အတိုင်းအတာထိ
ခွဲရပါမယ်။ နှပ်မည့်ဒယ်အိုးထဲသို့ပုဇွန်ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဆား၊ နနွင်း ၊ အရောင်တင်မှုန့် နှင့် ဆီ တို့ကိုထည့်ပြီးနယ်ပါ။
အဆာတွေသမ သွားရင် ခရမ်းသီး ထိပ်မှဖွင့်ကာ အဆာများကိုသိပ်ပြီးထည့်ပါ။ ခရမ်းသီးပုံမပျက်ရန်တောင် သတိထားထည့်ပါ။
ဒယ်အိုးထဲသို့ နယ်ထားသောလက်ကို ရေနည်းနည်းဖြင့်လောင်းချပြီးထည့်ပါနော်။
ပြီးလျှင် ဒယ်အိုးကိုအဖုံးအုပ်၍ မီးအေးအေးဖြင့် နှပ်ထားရပါမယ်။
မကြာခဏ ဒယ်အိုးမကပ်အောင် ရေနည်းနည်းစီထည့်ပြီး နေရာရွေ့ပေးပါ။ ခရမ်းသီး နူးလာတာနဲ့အမျှ ပုံပြက်တတ်တာမို့
ဂရုပြုပြီး ပုံမပြက်အောင် အသာအယာရွေ့ရပါမယ်။
ခရမ်းသီးများနွမ်းပြီး ပုဇွန်ခြောက်နံသင်းလာလျှင် အရသာအသင့်အတင့် မြည်းစမ်းပြီး ချလို့ရပါပြီ။
ခရမ်းသီးအကြီးစားမျိုးဆိုလျှင် နည်းနည်းအချိန်ပိုကြာတတ်ပါတယ်နော်။
ငရုပ်သီးစိမ်းကြိုက်တတ်လျှင်မချခင်လေး ငရုပ်သီးစိမ်းများ ထက်ခြမ်းခွဲထည့်နိုင်ပါတယ်။
~~~~~~~~~~
၈) ကြက်ဟင်းခါးသီး ကို ပုဇွန်သွတ်ရင် ကောင်းမားး
တက်စာတွေချည်းးး
တက်မှာ သေချာတယ်။
ဟိ။ ဒါမဲ့ တခြား သွတ်စရာ မရှိတော့ဘူးး။
ပုဇွန်ထုတ်အသေးလေးတွေ ဝယ်လာ။ ခေါင်းရော အမြီးရော အကုန်ချွတ်။
ဆား ရယ်၊ ဆနွင်းနည်းနည်းရယ် နဲ့ နယ်ပြီး ထောင်းလိုက်။ အများကြီး မသုံးချင်ရင် ငါးဖယ် နဲ့ စပ် လိုက်လည်း ရတာပဲ။
ဒီမှာ မခါးတဲ့ ကြက်ဟင်းခါး အသီး ကြီးကြီးတွေရှိတယ်။ အဲဒါတွေကို ထိပ် ၂ ဖက်ဖြတ်။
အလယ်က အစေ့ရယ် အနှစ်တွေရယ်ကို ဇွန်းဖင် နဲ့ လှည့်ခြစ်ထုတ်လိုက်။ ပြီးရင် ရေဆေးပြီး စစ်ထား။
အစာတွေရရင် သွတ်ပြီး စီထားး
ကြက်သွန်ဖြူ/နီ/ဂျင်း နည်းနည်း ရောထောင်းထားတာရယ်၊ ငရုတ်သီးခြောက် ရေစိမ်ပြီး ထောင်းထားတာတွေရယ်ကို ဆီသတ်ပြီး
နွမ်းရင် ကြက်ဟင်းခါးသီးတွေစီထည့်ပြီး နှံ့အောင် ဖြေးဖြေးထည့်လှိမ့်။
ရေနည်းနည်းထည့်ပြီး ရေခန်း ဆီပြန်အောင် ဆက်တည်လိုက်ရင် ရပြီ။
ဟိ။
သွေးတက်မစိုးရင် ဒန့်ဒလွန်ရွက်ဟင်းရည်တည်ပြီး သရက်သီးစိမ်းထောင်းနဲ့ စားလိုက်တော့။
(အမှန်က ဒီဟာ မေ့ကျန်ခဲ့တာ၊ သတိပေးသူကို အင်မတန်ကျေးဇူးတင်)
~~~~~~~~~~~
ဟောဟဲ။
ဟဲဟော။
ဒီလောက် နဲ့ မပြီးသေးးး
ရွာထဲ ဘယ်သူ အစာသွတ်ဖူးလဲ လိုက်ရှာတော့ ကိုယ့် ရဲ့ အမ အီးဇီးကွတ် ဝေ ပေါ့။
သူတင်ဖူးတာက ငရုတ်ပွ ဝက်သားပေါင်း၊ အရမ်းလွယ်သမို့ ဒီမှာ ညွှန်းလိုက်ပြီ။
ငရုတ်ပွ ဝက်သားပေါင်း easy cook – https://myanmargazette.net/36617
မီးဖိုမလို ဒယ်အိုးမလိုတဲ့ အလွယ်နည်းတစ်မျိုးဖြစ်ပါတယ်။
ငရုတ်သီးပွကို ရေစေးပြီး အစေ့ထုတ်ထားလိုက်ပါတယ်။
ဝက်သားကြိတ်ပြီးသားကို ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ဆား၊ ကော်မှုန့်၊ သကြားအနဲတို့နဲ့ သမအောင် နယ်ရပါတယ်။
ထို့နောက် ငရုတ်သီးပွထဲကို သွတ်ထည့်လိုက်တယ်။
ကြွေပုဂံကို ဆီအနဲငယ်သုတ်ပြီး ငရုတ်သီးအစာသွတ်ထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ ၁၅ မိနစ် အပူပေးလိုက်ပါတယ်။
၅ မိနစ်စီရပ်ပြီး ငရုတ်သီးပွကိုလှည့်ပေးပါတယ်။ ပြီးရင် စားလို့ရပါပြီ …
ဒီအတိုင်း ဝက်သားပေါင်းစားသလို စားလို့ရပါတယ် … အလွန်လွယ်ကူပါတယ်
Credit to Wei Wei
~~~~~~~~~~
ဂလောက် ဆို ရမယ်ထင်ပါတယ်။
အထောင်းတွေကတော့ လူတိုင်းထောင်းတတ်မယ်ထင်လို့ မပြောတော့ဘူးးး
အဲ။
ခဝဲသီးကို ပုဇွန်သွတ်လို့လည်း ရသေးတယ်။ မကြိုက်လို့ မစားးး၊ မစားလို့ မရေးး
နောက် မလုပ်တတ်တာ တစ်ခုက ပဲပြား အစာသွတ်လုပ်နည်းကို မသိ။
စားတော့စားတတ်သားး
:sar:
58 comments
Mr. MarGa
October 20, 2014 at 10:49 am
တစ်ပတ်လုံးစာ သွတ် (အဲလေ) တစ်ပတ်လုံးစာ အမှာပေးပရဇီ
![:mrgreen:](https://myanmargazette.net/wp-includes/images/smilies/mrgreen.png)
သွတ် သွတ် သွတ်
မမချွိ
October 20, 2014 at 11:25 am
ပိုက်ဆံလေး အရင် ပေးသွားပါဦးးး
သွတ်သွတ်သွတ်
Kaung Kin Pyar
October 20, 2014 at 10:56 am
ခရမ်းချဉ်သီးတော့ ကြိုက်လို့ လုပ်စားကြည့်ဦးမယ်…။ မမချွိအစာသွပ်တွေ ကော်ပီသွားပါတယ်…။ ဒေပါဝါလီပိတ်ရက်တော့ အိမ်က မီးဖိုချောင်ထဲ ဝင်ရှုပ်လိုက်အူးမယ်….
မမချွိ
October 20, 2014 at 11:26 am
ဒေပါဗာလီ နေ့ကို ဧည့်သည်လွှတ်လိုက်ရမားဟင်?
:k:
weiwei
October 20, 2014 at 11:03 am
မကြာခင်က ဆိုင်တစ်ဆိုင်မှာ ပဲပြားအစာသွပ်ဝယ်စားဖူးတယ် ..
သူက နဲနဲဆန်းတယ် .. ပဲပြားကို ခြေပြီး အထဲမှာ စားချင်တဲ့အစာ (အသီးအရွက်ပဲဖြစ်ဖြစ်၊ အသားပဲဖြစ်ဖြစ်) နှစ်သက်ရာထည့်ပြီး ပြန်လုံးကြော်တာ ..
လှလဲလှ စားလို့လဲ ကောင်းတယ် ..
တစ်ခါလောက်လုပ်ပြီး ပို့စ်တင်ဖို့ စိတ်ကူးထားပါတယ် …
weiwei
October 20, 2014 at 11:12 am
အသီးအနှံထဲကို အသားအစာသွပ်သလိုပဲ ..
အသားထဲကို အသီးအနှံ အစာသွပ်လို့လဲ ဖြစ်ပါတယ် ..
ကြက်အကောင်လိုက်ကို ဖင်ကနေဖောက်ပြီး အတွင်းကလီစာတွေထုတ်ပြီး စားချင်တဲ့အစာထည့်ပြီး ပေါင်းလို့ရတယ် ..
သူငယ်ချင်းတစ်ယောက်ကတော့ အားလူးနဲ့ အမွှေးနံ့သာတွေရောနယ်ပြီး ကြက်ကိုယ်ထဲထည့်ပြီး ပေါင်းကျွေးဖူးတယ် .. စားလို့ကောင်းတယ် ..
တရုတ်တွေကတော့ ကောက်ညှင်းထည့်ပြီး ပေါင်းကြတယ် .. အဲဒါလဲ ကောင်းတာပဲ ..
မမချွိ
October 20, 2014 at 11:27 am
ပဲပြားကို ဟို အတုံးလေးထဲကို ငါးဖယ်တို့ ဘာတို့ သွတ်တာပဲ စားဖူးတယ်။
မလုပ်တတ်ဘူးးး
ဟီးးး
အသားထဲကို သွတ်တာက သပ်သပ် ရေးမလား စဉ်းစားတုန်းးး
:mrgreenn:
Yae Myae Tha Ninn
October 20, 2014 at 11:15 am
အင်း… တခုခုတော့ သွတ်ဦးမှ ပဲ… ဟဲ… ညနေတိုင်းတော့ ဆိုင်မှာ သွတ်ပါတယ်… သွပ် = စား = မြို = ဆွဲ ဟီး အကုန်လုံးက တူတူပဲ… 🙂
မမချွိ
October 20, 2014 at 11:29 am
သွတ်ရင်း လူလည်း မဆန့်မပြဲ ဖစ်နေအူးမယ်။
ကြည့်သွတ်!!
:kwi:
Yae Myae Tha Ninn
October 20, 2014 at 11:33 am
ဘယ်က သတင်းရရှိတာလဲ… ကျွန်တော် ဝ တယ် ဆိုတာ… 🙂
kai
October 20, 2014 at 11:37 am
ငါးပူးတင်း.. တွတ်တယ်ဆိုတာမျိုး.. တွတ်တာကလည်းရှိသေးတယ်..
စားတာပဲလေ..
ဆိုတော့..
သွပ်တာတွေ… တွတ်ဦးမှ.. :k:
မမချွိ
October 20, 2014 at 11:52 am
ဖြေးဖြေးတွတ် အဲလေ ဖြေးဖြေးသွတ်နော်။
![:mrgreen:](https://myanmargazette.net/wp-includes/images/smilies/mrgreen.png)
ဦးကျောက်ခဲ
October 20, 2014 at 11:38 am
အဟိ… ဓားကိုင် ကျွမ်းကျင်ရင် ဘီးဇီးကွတ်ခ် ရှိတယ်…
ငါးကြင်း အရွယ်တော် တစ်ကောင်ကို ကျောကနေ အကောင်မပျက်ခွဲ…
ကလီစာတွေလွှတ်… အသားတွေကို ဇွန်းနဲ့ခြစ်ထုတ်ပြီး အရိုးတွေကိုဖယ်ပါ…
ဝက်စင်းကော အသားမှုန့် ကြက်သွန်ဖြူ ကြက်သွန်မြိတ်နဲ့ရော…
ပြီးရင် အကောင်ထဲကိုပြန်သွတ် ၊ လှချင်ရင် ကြိုးနဲ့ အကောင်မပျက် ပြန်ချုပ်…
အလုပ်ရှုပ်တယ်ထင်ရင် ကြိုးနဲ့စည်းပြီး … ပေါင်းစား ကြော်စား … အလွန် အရသာရှိ၏…
:k:
မမချွိ
October 20, 2014 at 11:51 am
အဲလာ ဆို။
နောက် ပို့(စ) အတွက် ယူထားမယ်နော်။
အသားငါးကို သွတ်တဲ့ ပို့(စ) အတွက်။
:k:
ဦးကျောက်ခဲ
October 20, 2014 at 12:08 pm
အဟိ… ဒီတေးလ် ပြန်ရေးပေးမယ်…
အီကြာကွေး အစာသွတ် ၊ ကျောက်ဖရုံသီး အစာသွတ်…
ဘဲအစာသွတ် ၊ ကြက်ဆင်အစာသွတ်…
အများကြီး ကျန်သေးတယ်… :k:
မမချွိ
October 20, 2014 at 12:10 pm
အဲလာ ဆို။
နောက်တစ်သွတ်ကို ခရက်ဒစ် ပေးပြီလို့ မှတ်လိုက်ပြီနော်။
ဟိ။
စောင့်နေမယ်။
ဟိ
:k:
Crystalline
October 22, 2014 at 9:20 am
ငါးကြင်းစပွန်ဆာပေးမယ်… ဘဘကျောက်စ် ချက်ကျွေးမား.. :mrgreenn:
အဲ့သွပ်သွပ်တွေအကုန်စားဖူး… အာ့မို့ လူလည်းပေါသွပ်နေတာ.. :mrgreenn:
ဘုံလုံသီးထဲ.. ငါးဖယ်..ပုဇွန်အကုန်သွပ်.. သများကတော့ အလုပ်ရှုပ်လို့ အာ့မျိုးဟင်းတွေ
သူများချက်မှစားတာ 🙂
Kaung Kin Pyar
October 20, 2014 at 1:34 pm
အူးကျောက်စ်ပြောတာ…ဒီမှာခေါ်တဲ့ ငါးဒုက္ခဆိုတဲ့ဟာမြန်းလား….
မမချွိ
October 20, 2014 at 1:41 pm
မဟုတ်ဘူးး
လုပ်ပုံ တူတာပဲ ရှိမှာ။
ငါးဒုက္ခထဲက အသားမသွတ်ဘူးလေ။
ကျောက် ပြောတာ ငါးမှာ ဝက်သား သွတ်ထားတယ်။
:k:
Shwe Ei
October 20, 2014 at 11:45 am
သများမှာ ဟင်းချက်နည်းတွေ ကော်ပီ ပေ့စ် လုပ်ရတာ အမော…
ချက်စားတဲ့ အဆင့်ကို မရောက်နိုင်သေးတာဘဲရှိတယ်..
ချက်ကျွေးမဲ့လူရှိရင်တော့ အတိုင်းထက်အလွန်ပေါ့လေ 😛
မမချွိ
October 20, 2014 at 11:54 am
ဟယ်။
ကော်ပီနိုင်တယ် ဆိုရင်ပဲ မဆိုးလှသေးဘူးး
ချက်တယ်ဆိုတာကလည်း အားရင်တောင် စိတ်ပါအူးမှ။
မမချွိ အရမ်းပျင်းတာ။
:kwi:
ဦးကြောင်ကြီး
October 20, 2014 at 12:02 pm
ပုဇွန်ဌာပနာပြီး ကြက်ရင်အုပ် အသားလွှာထုပ် ပြီးလျင် အပေါ်က ဝက်သားပြားထပ်ဖုံး.. အချို အချဉ် အငံ အဆင်ပြေသလိုထည့်… ပြီးလျင် ကြော်စားပါ။ ကောင်းအိ… စားပြီးလျင် အကြောင်ပျံပါ… ဘယ်လိုနေမြီလဲ သိချဉ်ရို့…
မမချွိ
October 20, 2014 at 12:07 pm
အရသာမှန်အောင်ထည့်နိုင်ရင် ကောင်းမဲ့ပုံပဲ၊
:kwi:
Wow
October 20, 2014 at 1:09 pm
ရုံးပတီသီးအစာသွပ်က အဆန်းလေး မစားဖူးဘူး :sar:
ဒါနဲ့ ပုံကခန့်ညားလှချီလား :kwi:
မမချွိ
October 20, 2014 at 1:24 pm
အဟိ။
![:mrgreen:](https://myanmargazette.net/wp-includes/images/smilies/mrgreen.png)
ခွိ။
သွပ်သွပ်သွပ်။
လူက နဂိုတည်းက သွပ်ချောင်ချောင်ပါ ဆို လာ မြှောက်ကြတယ်လားးး
ခန့် တယ်လို့ပြောကြတာပဲ ။ ညား ဖို့ပဲ ကျန်တော့တယ်…
:kwi:
မွသဲ ( 17082011 )
October 20, 2014 at 1:18 pm
သွပ်သွားပြီ။ အဲ့မှတ်သွားပြီ။ အကုန်မကြိုက်ပေမဲ့ ကြိုက်တာလေးတွေလက်ရွေးစင်သွပ်သွားပါအိ
မမချွိ
October 20, 2014 at 1:26 pm
ဟယ်။
ယောက်ခမွ အကုန် မသွတ် အဲလေ အကုန်မကြိုက်ဘူးလားး
ဘာတွေ ကြိုက်တုန်းးး
နောက် တစ်ပတ်တွေကျရင် ဖက်ပြီး ထုတ်ပြီး ပေါင်းတာတွေ ရေးမားလို့ စဉ်းစားနေ။
မွသဲ ( 17082011 )
October 21, 2014 at 7:48 am
ခိခိကောင်းတယ်ရေးရေး
kyeemite
October 20, 2014 at 2:07 pm
. ဗုံလုံသီးတော့ ဘာသွတ်သွတ်မကြိုက်ဘူးဗျ…စိန်းရွှေရွှေနဲ့မို့
.ကျန်တာတော့အကုန်စားတယ်…လုပ်ပေးမဲ့သူရှိရင် :k:
မမချွိ
October 20, 2014 at 2:34 pm
ဒါ ကျ မတူတော့ဘူးးး
ကျနော်က ဗုံလုံသီး အကြိုက်ဆုံးမို့ နံပတ် ၁ မှာ ထားတာပဲ ကြည့်!!
:kwi:
Ma Ei
October 20, 2014 at 2:56 pm
အသီးနှံ တွေကို အသားငါးလေးတွေနဲ့ ရောချက် နှပ်စားတတ်ပေမယ့်…
ဘာလို့လဲ မသိ သွတ်မစားတတ်…
သွတ်ထားတာ မစားချင်…
ထူးဆန်းဘဲနော်…
🙂
မမချွိ
October 20, 2014 at 3:16 pm
ဟယ်။
နာ့ အမွ ရယ်။
ထူးထူးဆန်းဆန်းး
ကျနော် က အသားပဲ စားချင်တဲ့ သူမို့ အသီးအနှံကို ဂလို ဆန်းဆန်းပြားပြားလေး လုပ်မှစားချင်စိတ်ပေါက်တယ်။
:k:
မြစပဲရိုး
October 20, 2014 at 3:06 pm
ငယ်တုန်းကတော့ ကကြီးမိုက် မကြိုက်တဲ့ ဗုံလုံသီး ဝက်သား အစာသွပ် မုန်းအောင် စားရပါ့။
ကြိုက်လဲစား၊ မကြိုက်လဲ စား စားရလွန်းလို့ ကြိုက်ခဲ့လား၊ မကြိုက်ခဲ့လား မသိတော့။
ဒီ အပါတ် အသွပ် တွေ အားလုံးကြိုက် တယ် ဇီကလေး။
လောလောဆယ် ဒီမှာ ရာသီစာ ရွှေဖရုံ သီး တွေ ရနေတာ မို့ ရွှေဖရုံအစာသွပ် မည် ဖြစ်ကြောင်း သတင်းပေးပါတယ်။
အာလူး အလုံးကြီးကြီး တွေ ကို မီးဖုတ်။
ပြီးတော့ အထဲ က အနှစ် ကို ကော်ထုတ် (အခွံ ကို အထိအောင် သတိထား)
အာလူး အနှစ် နဲ့ ဝက်ပေါင်ခြောက် နဲ့ ရော၊ ချိစ် အများကြီး ခြစ်ထည့်။
အဲဒါ ကို စောစော က အာလူး အကာ ထဲ ပြန်ထည့်။
အာဗန် ထဲ ပြန်ပြီး ဖုတ်။
နီညိုရောင် ဖြစ်ရင် ထုတ်ပြီး စားပေတော့။
ဝေ ပြောတဲ့ ကြက်ထဲ ကောက်ညှင်းထည့် ပြီး ကင် ကြည့် ဦးမယ်။
ကျေးဇူးပါ ဇီ။
ဒါထက်
ချစ်ဖို့ကောင်းလိုက်တဲ့ မျက်နှာ နဲ့ စတိုင်လေး။
အဲလာ အရီး တူမချော အစစ်ပေါ့နော်။ :))
မမချွိ
October 20, 2014 at 3:12 pm
အသားသွတ်တာတွေကို ကျောက် အားကိုးနဲ့ သတ်သတ်ရေးပေးမယ်လေ အရီးရေ။
ခုတော့ အသီးအနှံကို သွတ်တာ အရင် လုပ်စားဦးနော။
:chit:
ပုံက အနော် မက်နှာ အစစ် ဖြစ်ခဲ့ဖူးပါဒီ။
ခု က အဲ မက်နှာ ရဲ့ ၂ ဆ ဆိုတာ ရှက်လို့ ဘူ့မှ မပြောရဲဝူးး
ခုလို လူစုံတုန်း ရှင်းပြရတာ။
:g:
Fall Guy
October 20, 2014 at 4:04 pm
ဆိုင်လာပြီး ဝင်ရောက် သုံးဆောင်သွားပါတယ်ဗျို့ 🙂
မမချွိ
October 20, 2014 at 4:05 pm
ခွိခွိ။
နာ့ အကိုကြီး မှတ်မိသားပဲ။
မလာရင် အိမ်ထိလိုက်ခေါ်မို့.။
ဟေးဟေးဟေး
:k:
အလင်းဆက်
October 21, 2014 at 8:03 am
ဖွေးဖွေးအစာသွတ်စားချင်သား
အဲ ဘာတွေ ပြောမိကုန်ပါလိမ့်
:k:
ဒီတပါတ်အစားအစာတွေကို အကုန် ဂလုချင်မိတယ်လို့
အာ့ လာပြောတာ
ဂွစ်ဂွစ်
:k:
မမချွိ
October 21, 2014 at 8:46 am
ခုလောလောဆယ်တော့ ဆိုင်မှာ ဖွေး အစာသွတ် မရှိ။
အောင်ရဲလင်း အစာသွတ် ရှိ။
စားမားးး
:kwi:
လုံမလေးမွန်မွန်
October 21, 2014 at 3:42 pm
ဂလုစ်.. သများအကြိုက်တွေချည်း.. အာဘွား
မမချွိ
October 21, 2014 at 5:44 pm
ဟို လေးထောင့်တုံးက လည်း ကြိုက်တယ်ထင်ရဲ့
:k:
တောင်ပေါ်သား
October 21, 2014 at 4:03 pm
ဒေပါဝလီပိတ်ရက်မှာ တစ်ခုုခု သွပ်မဗျာ ၊
မမချွိ
October 21, 2014 at 5:44 pm
ဟွန့်။
ပြီးမှ အရည်တွေချည်း သွတ်မနေနဲ့။
:kwi:
တောင်ပေါ်သား
October 22, 2014 at 1:52 pm
သများကို အရည်သောက်သမားလို့များ ထင်နေသလားကွယ် ၊
အဖတ်လည်း စားပါတယ်နော် 🙂
Novy
October 22, 2014 at 1:22 pm
သွတ်ပြီးရင်ပေါင်းမှာဆိုတော့
တောင်ပေါ်အစားအစာတွေဖြစ်တဲ့ မုန်ညှင်းပေါင်း -မှိုပေါင်း- ဟင်းရွက်စုံပေါင်း
ငါးပေါင်း- ဝက်ပေါင်း ပေါင်းချင်တဲ့အရာများအကုန်ပေါင်းပေးပါတယ်လို့
မမချွိ
October 22, 2014 at 7:08 pm
ကျောက်မဲ မှာ ရောင်းတာ။
ခရမ်းသီးကို ဝက်သားသွတ်ပြီး ဖက်နဲ့ထုတ်ပြီး မှကင်စားတာ မွနို။
အာ့လည်း စားကောင်းတယ်တော့။
:k:
မမချွိ
October 22, 2014 at 1:28 pm
မွနို
ထမင်းးးဆိုင် ကို ပေးးးမှာလားးးဟင်???
:k:
Novy
October 22, 2014 at 1:57 pm
ပေးမှာပေါ့ကွယ် ဘာပေါင်းချင်လဲပြော
ပုံနဲ့တကွဆို စောင့်ရမယ် ပုံမပဲ စာနဲ့ပဲပေါင်းပေးရလျှင်မြန်ပါအိ
ခင် ခ
October 22, 2014 at 1:29 pm
” ငရုတ်ပွထဲ ဘာသွတ်ရင် အလိုက်ဆုံးတုန်း သိလားး၊ ဝက်အသည်းး။”
အဲလိုမျိုးတော့ စားဖူးသေးဘူးဗျ၊ နည်းလမ်းလေးတစ်ခုတော့ရပြီမို့ ဟင်းတစ်မယ်တော့တိုးလာပြီပေါ့လေ။
မမချွိ
October 22, 2014 at 2:20 pm
မွမွ နို
ပုံ မပါ လည်းးး
အချိုးးး ပါ ရင် ရပါတယ် ချင့်
:chit:
မမချွိ
October 22, 2014 at 2:21 pm
ကိုကြီးးး ခ
ကျနော် က ပျင်းးး ရင် ရော ကြော် တာရယ်
:k:
pooch
October 23, 2014 at 1:18 pm
အစာသွပ်တွေ သိပ်မစားဖူးဘူး![:mrgreen:](https://myanmargazette.net/wp-includes/images/smilies/mrgreen.png)
တချို့တလေပဲ စားဖူးတယ်
သူများလုပ်ကျွေးတာပဲ စားတယ် ချဉ်ချဉ်တူးတူး မူးမူးခါးခါး
လုပ်စားဖို့လည်း ပျင်းလွန်းလို့
အပျင်းထူတဲ့ မောဟနဲ့ပဲ ပျော်အောင်နေတယ်
အားရင်အိပ်တယ် ဟီး
မမချွိ
October 24, 2014 at 10:12 am
အဲလို ချေးမများတာလည်း ကောင်းတာပဲ။
သများရောပဲ …
ချက် ကျွေးမဲ့သူသာရှိရင် ဘာ မှ ချေးမများပဲ စားတယ်။
Ma Ma
October 24, 2014 at 6:19 pm
ရွှေဖရုံသီးအစာသွတ်သလိုပဲ ကျောက်ဖရုံသီးနဲ့ ချက်တာလည်း စားကောင်းတယ်။
အာလူးကို ပြုတ်ချေပြီး ပုစွန်အစာသွတ်ထားတဲ့ အာလူူးကက်တလိပ်ကတော့ စာရင်းကျန်ခဲ့မှာစိုးလို့ စာရင်းလာသွင်းသွားတယ်။
နောက်ပြီး ကင်းမွန်ကို ကောက်ညှင်းအစာသွပ်ချက်တာလည်း ရှိသေးတယ်။
အိမ်ကယောင်းမချက်ကျွေးတာမို့ ချက်နည်းတော့ မသိဘူး။ 😛
မမချွိ
October 24, 2014 at 7:20 pm
ချစ်မမ
အာလူးးး က မွသဲ ဆီက….
အကောင် သွပ်တွေက ကျောက်ပေးးးမှာ
လာမှာနော်
အားးးပေးးဦးးးနော်
:k:
padonmar
October 25, 2014 at 1:57 am
အိမ်ကတော့ ဗုံလုံသီး ပုဇွန်အစာသွတ်တယ်။
အားလုံးစားချင်အိ။
မမချွိ
October 25, 2014 at 9:40 am
ဟုတ်တယ်။
အဲဒီ ဟင်းက အမြန်ဆုံး အစားဖြစ်ဆုံး အကြိုက်ဆုံးပဲ။
:k:
ခင်ဇော်
March 25, 2015 at 11:28 am
ဗုံလုံသီး ဆိတ်သား အစာသွပ်
——————————-
မြှောက်ပိုင်း အိန္ဒိယစတိုင် ဗုံလုံသီး ဆိတ်သား အစာသွပ် ချက်နည်းပါ။ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင် (နံနံစေ့၊ ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ မဆလာ) နိုင်နိုင် ထည့်ချက်ထားတာမို့ ဆိတ်သား ညှီုနံ့ လုံးဝ မရှိတော့ပဲ အရသာ အရမ်းထူးခြားကောင်းမွန်တဲ့ ဟင်းတခွက်ပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…
——————————-
ချက်ပုံ အဆင့်ဆင့်ကို http://www.wutyeefoodhouse.com/?p=9797/ မှာကြည့်နို်ငပါတယ်..
——————————-
ပါဝင်ပစ္စည်းများ
ဗုံလုံသီး – ၄ခု
ဆိတ်သား – ၂၀ဝ ဂရမ် (နှုတ်နှုတ်စဉ်းပြီသား)
ကြက်သွန်ဖြူ – ၂မွှာ (ထောင်းပါ)
ကြက်သွန်နီ – ၁လုံး (နှတ်နှုတ်စဉ်းပါ)
ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ နှုတ်နှုတ်စဉ်းပါ)
ဂျင်း – လက်တဆစ် (ညက်အောင် ထောင်းပါ)
နံနံစေ့မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တဝက်
မဆလာ – စားပွဲတင်ဇွန်း ၂ဇွန်း
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း တဝက်
သကြား – လက်ဖက်ရည်ဇွန်း တဝက်
ရေ – ခွက်တဝက်
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
နံနံပင် – လက်တဆုပ်စာ
——————————-
ဆိတ်သား တောက်တောက် ချက်နည်း
၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးထဲ (ဆိတ်သား၊ ကြက်ဖြူ၊ ဂျင်း၊ ဆား၊ မဆလာ(စားပွဲတင်ဇွန်း တဝက်) တို့ဖြင့် သမအောင် ရောမွှေပြီ ၅မိနစ်ခန့် နုပ်ထားပါ။
၂။ ပြီလျှင် ဒယ်ကို အပူပေးပြီ ဆီထည့် ဆီပူလာလျှင် ကြက်သွန်နီ ဆီပူထိုးပေးပါ။
၃။ ပြီမှ ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ နံနံစေ့မှုန့်၊ မဆလာ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ရောမွှေပါ။
၄။ ပြီနောက် ခရမ်းချဉ်သီးထည့် ရေ(ခွက်၃ပုံ၁ပုံ) ထည့် ခရမ်းချဉ်သီးများ နွမ်းသည်အထိ တည်ထားပါ။
၅။ ခရမ်းချဉ်သီး နွမ်းပြီဆိုလျှင် ဆိတ်သားထည့် ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ရေ(ခွက်၃ပုံ၁ပုံ) ထည့်ပြီ ဆီပြန်သည်အထိ တည်ထားပေးပါ။
၆။ ဆီပြန်လျှင် မဆလာ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ နံနံပင် အုပ်ပြီလျှင် မီးပိတ်ထားပါ။
——————————-
ဗုံလုံသီး အစာသွပ်ချက်နည်း
၁။ ဗုံလုံသီးများကို အလယ်က အစေ့ထုတ်ပြီ ၁လက်မခွဲအရွယ်များ ပိုင်းဖြတ်ပါ။
၂။ ပြီနောက် ဒယ်အိုုးထဲ ရေတဝက်ထည့်ပြီ ရေဆူလာလျှင် ဗုံလုံသီးများကို ၂-၃မိနစ်ခန့် တည်ထားပေးပါ။
၃။ ထို့နောက် ဗုံလုံသီးပြန်ဆယ်ကာ ခေတ္တအအေးခံကာ ဆိတ်သားများကို အစာသွပ်ပေးပါ။
၄။ ပြီလျှင် ဒယ်ထဲ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီ ဆီပူလျှင် အစာသွပ်ထားသော ဗုံလုံသီးများ ထည့်ပြီ တဖက် ၅မိနစ်နှုန်းဖြင့် pan grill ကင်ပေးပါ။
၅။ အရသာ အထူးကောင်းမွန်တဲ့ ဗုံလုံသီး ဆိတ်သား အစာသွပ်များကို ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ…
——————————-
Wutyee Food House
——————————-
Crystalline
March 25, 2015 at 1:18 pm
သများလည်း… ကိုယ့်ဝေါပေါ်ရှဲလိုက်သေး…