Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စက်တင်ဘာအတွက် ဖတ်ရွေးအဖွဲ့ အကြိုက်ဆုံးပို့စ် ကြေညာခြင်း

တောင်ပေါ်သားOctober 14, 20141min125946

– (သား….ဟဲ့သား……..ထတော့လေ…..၈ နာရီထိုးပြီ၊ လေးလပတ် အစည်းအဝေးရှိတယ်ဆို…….)

အမေ့နိူးသံကြောင့် ကျနော် နိုးလာပါတယ်။ အင်း…….ဟုတ်သားပဲ၊ ဒီကနေ့ လေးလပတ် အစည်းအဝေးတက်ရဦးမှာ

-(ဟုတ် အမေ……သား……နိုးပြီ…..)

ညက ဟိုတွေး……ဒီတွေး……..ရုပ်ရှင်လေးကကောင်းပြန်တော့ တော်တော်နဲ့ မအိပ်ဖြစ်၊

သန်းခေါင်ကျော်……တစ်နာရီခွဲ နှစ်နာရီလောက်မှ အိပ်ဖြစ်တာကိုး…။

ဟိုတွေး…….ဒီတွေး…….ဆိုတဲ့အထဲမှာ ဒီအစည်းအဝေးလည်း ပါတာပေါ့ဗျာ။

အပတ်စဉ် အစည်းအဝေးမဟုတ်တဲ့ ဒီလို လေးလပတ်မှာ ပြီးခဲ့တဲ့ လေး လ က ဘာလုပ်ခဲ့တယ်။

လာမယ့် လေးလမှာ ဘာလုပ်မယ်ဆိုတာကို ပါဝါပွိုင့်နဲ့ ပြရတာ။

ဒါပေမယ့် MD က ရက်ကပ်ပြီးမှ ပြောလိုက်တော့ ဘာမှ ပြင်ဆင်ချိန်မရ၊

ဒီတော့ ပြီးခဲ့တဲ့ လေးလက လုပ်ခဲ့တာတွေကို ရေးချ၊ နောင်လုပ်မှာတွေကိုလည်း ရေးချ၊

ဒါကိုပဲ လက်ထဲထည့်ပေးလိုက်တော့မယ်လို့ပဲ စိတ်ကူးထားတာပေါ့၊

ဆောင်းနေရောင်က ခပ်စူးစူး ထိုးနေပြီမို့…….ရေမိုးချိုး၊ ယူနီဖောင်းလဲပြီး ကားမှတ်တိုင်ကို ခပ်သုတ်သုတ် ထွက်လာခဲ့မိတယ်။

မနက် ၈ နာရီခွဲ နေကလည်း အတော်ပူပါလား…..။

x                    x                    x

အိမ်နဲ့ရုံးက သိပ်မဝေးလှတာမို့ မနက် ၉ နာရီ သာသာမှာ ရုံးဝင်း အဝင်ပေါက်ကို ရောက်လာပါတယ်။

(ဟေး….ဗျို့ဆရာ……လာလေဗျာ…….မလောစမ်းပါနဲ့)

အသံကြားလို့ လှမ်းကြည့်မိတော့ ရုံးဝင်းအဝင်ပေါက်နားက လဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ရုံးကမန်နေဂျာတချို့ကို တွေ့လိုက်ရတယ်။

(နေဦးလေဗျာ……..ဖင်းဂါးပရင့် သွားနှိပ်လိုက်ဦးမယ်….)

(အမလေး….ကိုးခွဲအထိရပါတယ်ဗျာ……လာ…..ဘာသောက်မလဲ ?….)

အဲဒီလိုနဲ့…..သူတို့နဲ့ ခဏထိုင်ဖြစ်ပါတယ်…။

(ကဲ……..ခင်ဗျားတို့ လေးလပတ် ဘာလုပ်ထားပြီလဲ?)

(အို………ထုံးစံအတိုင်းပေါ့ဗျာ…ရက်မှမရတာ၊ ကော်ပီလုပ်စာသားပြောင်းတဲ့ ပါဝါပွိုင့်ကလေးက လွယ်ပါတယ်ဗျာ…..)

(ဪ…..ခင်ဗျားတို့က ပါဝါပွိုင့် လုပ်နိုင်သေးတယ်ပေါ့၊ ကျုပ်က အချိန်ကမရ…..ဘာမှမလုပ်ခဲ့ရဘူး……..စာသားတွေ ဖတ်ပြဖို့ပဲ ရှိတော့တယ်…..။)

( အဆင်ပြေသွားမှာပါဗျာ ၊ အေးဆေးပေါ့ဗျာ…………)

ကိုးနာရီမခွဲခင်မှာ ရုံးထဲဝင်ခဲ့ကြပါတယ်။

အစည်းအဝေးက ၁ဝ နာရီ၊ ဒီတော့လုပ်စရာရှိတဲ့ သတင်းရေးစရာလေးတွေရေး……အော်ပရေတာကို မှာသင့်တာမှာ ရပါတယ်၊

၁ဝ နာရီမှာတော့ အစည်းအဝေးခန်းမ ဝင်ခဲ့ပါပြီ။

BOD ခေါ်တဲ့ ဒါရိုက်တာတွေ  ၊  ဌာန ရ ခုက မန်နေဂျာတွေ အကုန်စုံတော့ အစည်းအဝေး စပါတယ်။

ပထမဆုံး HR၊  ပြီးတော့ Technical၊  MIS ၊  ပြီးတော့ Marketing၊ …..

သူတို့တွေက ပါဝါပွိုင့် ကိုယ်စီနဲ့ပါလား…..ဒါပေမယ့် အရင်လေးလပတ်က ပုံစံအပေါ်မှာ စာသားတွေ၊ ဂရပ်ဖ်တွေ ပြောင်းထားတာမျိုးပါ၊

အဲ……သူတို့ပြီးတော့ ကျနော့် အလှည့်…..

(ကျနော်တို့ ဌာန ပြီးခဲ့တဲ့ ၄ လပတ်မှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာရယ်

လာမယ့် လေးလမှာ ဘာလုပ်မယ်ဆိုတာ ဒီစာရွက်ထဲမှာ ပြည့်ပြည့်စုံစုံ ရေးထားပေးပါတယ်)….လို့ ပြောပြီး

BOD နဲ့ MD ကို ပရင့်ထုတ်ထားတဲ့ စာရွက် တစ်ရွက်စီ ဝေပေးလိုက်ပါတယ်…..။

MD က (ပါဝါပွိုင့် မပါဘူးလား…….သူများတွေက ပါဝါပွိုင့် ကိုယ်စီနဲ့လေ)

(ဟုတ်ကဲ့…ရက်က အရမ်းကပ်တော့ အချိန်မရလိုက်တာရယ်၊

အော်ပရေတာ ခွင့်ယူထားတာနဲ့ တိုက်ဆိုင်သွားတာ ရယ်ကြောင့်ပါ…..

ဒါပေမယ့် ဒီမှာရေးထားတာတွေကကလည်း ပါဝါပွိုင့်မှာ ရေးမှာနဲ့အတူတူပါပဲ….)

(ဘယ်ဟုတ်မလဲ……ဒါ…..ခင်ဗျား…..ပေါ့လျော့တာ၊ မလေးစားတာ မဟုတ်ဘူးလား….)

(မဟုတ်ပါဘူး………အချိန်မရလို့ ဖြစ်ရတာပါ)

(ခင်ဗျား…..လာ ဆင်ခြင်ပေးမနေနဲ့)

သူ့မှာ ဘာတစ်ခြားဒေါသထွက်စရာ ရှိနေလည်း ကျနော် မသိပါ ၊ သူဟာ ခါတိုင်း အဲဒီလို မဟုတ်ပါဘူး ၊

(ကျနော် ဆင်ခြေပေးနေတာမဟုတ်ဘူး………အရင်လေးလပတ်တွေမှာ အနည်းဆုံး ၁ဝ ရက်လောက် ကြိုအသိ ပေးတယ်။

ဒီတော့ ပြင်ဆင်ချိန်ရတယ်၊ အခုက ၂ရက်တည်းနဲ့ ဘယ်လိုလုပ်မလဲ…..)

တနင်္ဂနွေသား ကျနော်ဟာ စိတ်ကြီးတတ်သူ၊ ဒေါသကြီးတတ်သူမို့ တကယ် ဒေါသထွက်လာနေပါပြီ၊

ဘာတွေ ရေးထားတယ်ဆိုတာ မဖတ်ပဲ ပါဝါပွိုင့် မပါတာကိုပဲ ခေါင်းတည်နေတာကို မကြိုက်တာပါ။ MD ဟာ ကျနော့်ထက်လည်း အသက်ငယ်သူပါ။

(ကဲ…..ကျန်တဲ့ မန်နေဂျာတွေကို မေးမယ်။ ပါဝါပွိုင့်နဲ့ပြဖို့ တာဝန်ရှိသလား…..မရှိဘူးလား၊ အရေးကြီးသလား…. မကြီးဘူးလား….)

အကုန်လုံးက အရေးကြီးတယ်၊ တာဝန်လည်းရှိတယ်လို့ ဖြေကြပါတယ်။

ဪ……..မနက်က ကျနော့်ကို လဘက်ရည်တိုက်လိုက်တဲ့ ဘစ်ဇနက် မန်နေဂျာရဲ့ အသံကပိုတောင် ကျယ်နေသလိုပါလား……..

မင်းပြောတော့ အေးဆေးပါဆို….။

(MD ခင်ဗျား…..ကျနော်တို့က ၂ ရက်ပဲ အချိန်ရပေမယ့်လည်း……ဌာနခွဲ မန်နေဂျာ တစ်ယောက်အနေနဲ့

ဒါကို မဖြစ်မနေ လုပ်ရမှာပါ။ ဒီလို ပါဝါပွိုင့်နဲ့ပြမှ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်သာမှာပါ။

ဒါပေမယ့် ဒီမန်နေဂျာမှာ အားနည်းချက် နဲ့ အခက်အခဲရှိခဲ့လို့ ဆိုရင်လည်း နားလည်ပေးလိုက်စေချင်ပါတယ် ခင်ဗျား)

ဟား…….ဟား………ဟား…….ဪ……..အတော်တော်တဲ့ ငနဲပဲ၊ င့ါကို ကူပြောပေးသလိုလိုနဲ့ မင်းအတွက် အမှတ်ယူသွားတာပဲ။

ပြီးတော့  အားနည်းချက် တဲ့ ၊ ကျနော်က အားနည်းချက် ရှိသူ တဲ့လား ၊

ဟုတ်မှာပါလေ ၊ ခင်ဗျားရဲ့   လျှာပေါ်က ပေါ့ပျက်ပျက်စကားကို ကျုပ်က အချိန်မီ ယုံလိုက်မိသေးတာကိုး ၊

MD က (ကဲ…..ထားပါတော့…….ရှေ့လုပ်မယ့်ဟာ………ကျနော် ခိုင်းထားတာတွေကော…..ပြီးပြီလား…)

ကျနော့်ဌာနအကြောင်း ပြောရရင် ကျနော့် ဌာနက သတင်းဝက်ဘ်ဆိုက် တင်တာပါ။

ဒီအပေါ်မှာ ပိုပြီး လူကြည့်များအောင်ဆိုပြီး ဂျာနယ်တွေနဲ့ချိတ်၊ ဂျာနယ်တွေရဲ့ PDF ဖိုင်တွေကို ကျနော့် ဆိုက်ပေါ်တင်ဖို့ လုပ်ခိုင်းထားတာပါ။

ဒါပေမယ့် ဂျာနယ် အတော်များများက စိတ်မဝင်စားပါဘူး……

တချို့က ကိုယ်ပိုင်ဆိုက်ရှိတယ်၊ တချို့က FB က တစ်ဆင့် ချိတ်တင်တယ်၊

တချို့ကတော့ Printing ကိုပဲ စိတ်ဝင်စားတယ်၊ Online ကို စိတ်မဝင်စားဘူး၊

ဒီတော့ အဆင်မပြေသေးတဲ့ အနေအထားပါ။

ဒါတွေကို ပြောလိုက်တော့….

MD က ( ခင်ဗျားကို အချိန်တွေလည်း ပေးထားပြီပြီ၊ အခုထိ မရဘူးဆိုတော့ ခင်ဗျား မပြောတတ်မဆိုတတ်လို့ နေမှာပေါ့၊

ရှေ့တစ်ပတ်မှာ မားကက်တင်း မန်နေဂျာနဲ့ ထပ်သွားပါ…….)

မနက် လဘက်ရည်ဆိုင်ဝိုင်းမှာ ပါခဲ့သေးတဲ့ မားကက်တင်း မန်နေဂျာအမျိုးသမီးက

(ရပါတယ်…..သူမတတ်တာတွေကို ကျမ ရှေ့က လုပ်သွားပေးပါ့မယ်….) တဲ့။

ဒေါသက ထောင်းကနဲ ထွက်လာပြန်ပါတယ် ၊

(ဘာဗျ………ကျုပ်မတတ်တာ…..ဟုတ်လား………လောကမှာ မတတ်တာဆိုတာ မရှိဘူးဗျ၊ မတတ်သေးတာပဲ ရှိတယ်၊

နောက်တစ်ခုက ဒီလိုကိစ္စက အရင်ကတည်းက မားကက်တင်းနဲ့ တွဲလွှတ်ပါ။

ကျုပ်က လူတစ်ဖက်သား ကျလောက်အောင် မပြောတတ်ဘူး….ဈေးသည်လုပ်ဖို့ဆိုတာ ဝေးရော………လို့ ပြောပြီးသားပဲ….)

(ဘာ…..ဈေးသည် ဟုတ်လား………ကျမက ဈေးသည် မဟုတ်ဘူး……..မားကက်တင်း မန်နေဂျာ ရှင့်)

(ဘာပဲဖြစ်ဖြစ်လေ………ခင်ဗျားက ဒီကုမ္ပဏီက ဆားဗစ်တွေကို ကပ်စတန်မာဆီ လိုက်ရောင်းရတာဆိုတော့ ဈေးသည်မဟုတ်လို့ ဘာလဲ ?….)

သူ့ကို ဈေးသည်ပြောတော့ စိတ်ဆိုးသတဲ့ ၊

ကိုယ့်ကို သူ့လက်အောက်ငယ်သားလို ပြောသွားတာမျိုးကျ  အတော်ခံတွင်းတွေ့တယ် ထင်ပါရဲ့

အခြေအနေက အတော်လေးတင်မာလာနေပြီမို့ ဒါရိုက်တာ တစ်ယောက်က နောက်ဌာနတစ်ခု ဆက်တင်ပြဖို့ ပြောလိုက်ပါတယ်။

ဒီလိုနဲ့……ဌာနတွေ အားလုံးအပြီးမှာ……

MD က ကျနော့်ကို ပါဝါပွိုင့် မပါမှု၊ ရှေ့လုပ်ငန်းစဉ်တွေအတွက် တစ်ခြားဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရာမှာ အားနည်းမှု….

စတဲ့……စတဲ့….စွဲချက်တွေနဲ့ လစာတိုးမှုကို ၆ လ နဲ့ ရာထူးတိုးမှုကို ၆ လ ဆိုင်းငံတဲ့ ပြစ်ဒဏ် ချခဲ့ပါတယ်။

ဟား…….ဟား…..မတက်တာကြာလှတဲ့ ရာထူး၊ (တက်စရာဆိုလို့လည်း GM လုပ်ဖို့ပဲ ရှိတော့တယ်)

တိုးမလာတာ ကြာလှတဲ့ လစာနှုန်းတွေအတွက်များ………ကျနော် လွမ်းနေမယ်ထင်သလားဗျာ….။

ဒါပေမယ့် အားလုံးထဲမှာ ကျနော့်တစ်ယောက်တည်းကို ကွက်ပြီး တည့်တည့် အပစ်ခံလိုက်ရသလိုပဲ။

ကျနော်………ကျနော့် နေရာကို ပြန်လာပြီး အော်ပရေတာလေးကို စာရိုက်ခိုင်းပါတယ်၊ နှုတ်ထွက်စာပေါ့….။

လှိုက်ကနဲ………လှိုက်ကနဲ တက်လာတဲ့ ဒေါသတွေကြားမှာ………ကျနော် ဘာကိုမှ ဂရုမစိုက်တော့ပါဘူး..။

မနေ့ကတစ်နေ့ကမှ ရောက်လာတဲ့ မန်နေဂျာသစ်တွေက လုပ်သက် ၁ဝ နှစ်ရှိတဲ့ ကျနော့် အပေါ်ဘာလို့များ

ဒီလိုမျက်နှာ နှစ်ခွနဲ့ အရှက်မရှိ ဆက်ဆံရတာလဲ ?

တကယ်ဆို ပြိုင်ဘက်လည်း မဟုတ်။

သူ့ဌာနနဲ့ သူပဲလေ..။

ကိုယ့်ပညာနဲ့ ကိုယ်လုပ်နေသူတွေအတွက် နေရာဆိုတာ ရှိကြစမြဲပါ။

အမှန်တော့ ကျနော်က ဟန်ဆောင်တတ်ခဲ့သူလည်း မဟုတ်သမို့ ဒီလို အချိုး အမျိုးမျိုး ပြောင်းတတ်၊

မပေါင်းအပ်တဲ့ မျက်နှာဖုံး တပ်လူတွေကြားမှာ မနေသင့်တော့ဘူးလု့ိ ဆုံးဖြတ်ခဲ့ပါပြီ။

ဆက်နေရင် နောက်တစ်မျိုး ချိုးလာဦးမှာလေ။

ပရင့်ထုတ်ပြီးတဲ့ နှုတ်ထွက်စာကို MD စားပွဲပေါ်တင်ခဲ့ရင်း…….ရုံးထဲက ကျနော် ထွက်ခဲ့ပါတယ်၊

ရုံးရှေ့က မြက်ခင်း ပြင်ပေါ်မှာ လှဲချရင်း………လူတွေအကြောင်း စဉ်းစားမိနေတယ်ပေါ့။

အဲဒီအချိန်မှာပဲ ဖုန်းဝင်လာတာမို့ ကောက်ကိုင်လိုက်ပါတယ်….အမေ့ဆီကပါလား

(သားရေ…….သား…….ရုံးဆင်းပြီလား…..အပြန်ကျရင် လှည်းတန်းဈေးမှာ ဗမာကြက်လေး အစိတ်သားလောက်ရယ် …..ကျောက်ဖရုံသီးလေးရယ် ဝင်ဝယ်ခဲ့ပါကွယ်…

…ဪ…..ပရဆေးဆိုင်မှာ တောင်နံဂျီး ဝယ်ခဲ့ပေးပါဦး၊ ဆောင်းတွင်းဆိုတော့ အေးလို့သားရေ…..)

ဟုတ်ကဲ့…….လို့ပဲပြောပြီး….ရုံးက ကိစ္စတွေကိုတော့ မပြောလိုက်တော့ပါဘူး…..

ဘာပဲဖြစ်ဖြစ် ကျနော်က လူသားတစ်ယောက်၊ ဒီလောက်လေးနဲ့တော့ ကိုယ့်သိက္ခာကို ကိုယ်ဈေးချပြီး ဆက်နေရမယ့်ကောင် မဟုတ်ဘူးလေ…။

အဲသလိုတွေရင်း……မျက်စိကို ဖွင့်ကြည့်မိတော့…….တိမ်ဖြူဖြူလေးတွေရှိနေတဲ့  ကောင်းကင်ပြာ  ကို မြင်လိုက် ရပါတယ်။

ဪ……….ဒီကောင်းကင်ကြီးရဲ့အောက် ဟောဒီ ကမ္ဘာမြေပေါ်မှာ မျက်နှာမျိုးစုံ ပြောင်းတတ်တဲ့သူတွေ ဘယ်လောက်တောင်ရှိလာနေပြီလဲ….။

ဒါပေမယ့် ကျနော်ကတော့ မျက်နှာမများ တတ်သူပါဗျာ…….။

ကဲ……ငါးနာရီကျော်နေပြီ၊ လှည်းတန်းဈေးက ဈေးသည် နဲ့ ဆေးသည် ဆီမှာ အမေမှာတာ ဝယ်ရဦးမှာမို့ ပြန်ဦးမှပါလေ…။

အဲ……ကဲ…..ကြည့်……..မေ့တတ်လိုက်တာဗျာ……ဂဇက်မှာ စက်တင်ဘာ အကောင်းဆုံးပို့စ် ကိစ္စလေ ၊

အဲ  ကြေညာပြီးပြီထင်တာပဲဗျ ၊ ခေါင်းတွေနောက်လွန်းလို့ဗျာ ၊

မကြေညာဖြစ်သေးဘူးဆိုရင်လည်း တောင်းပန်ပါတယ် ၊

ဒီလင့်ခ်လေးမှာတော့ ထူးခြားမှု တစ်ခုခု ရှိပါလိမ့်မယ် ၊

https://myanmargazette.net/204845 

 

mg1

ဈေးသည်

 

mg2

ဆေးသည်

 

 

 

46 comments

  • surmi

    October 14, 2014 at 3:52 pm

    ဗရာကျော်ပါဗျို့ ……
    ဆုရပို့စ်ရော
    ဆုကြေငြာတဲ့ပို့စ်ပါ နှစ်သက်မိပါကြောင်းးး
    .
    .
    .
    ဆုကြေငြာနေတယ်ဆိုတာတောင်မေ့သွားအောင် ရေးနိုင်ပါပေတယ် ဦးမျိုးရေ 🙂

    • တောင်ပေါ်သား

      October 15, 2014 at 9:33 am

      ကျနော်လည်း ရှိသမျှ ဉာဏ်နီ ဉာဏ်နက်

      ဉာဏ်ဝါ ဉာဏ်ပြာ အကုန်သုံးပြီး ရေးလိုက်ရတာ ဦးဆာရေ 🙂

  • kai

    October 14, 2014 at 3:53 pm

    အမ်..
    နှုတ်ထွက်စာကြီးနဲ့..

    ဘာပြောပြော ဘာဖြစ်ဖြစ်….. ဂငယ်.. ဂျပန်လိုပြောရင်… အိုမဲဒဲဒိုး…. omedetou ။ :k:

  • ကေဇီ

    October 14, 2014 at 4:03 pm

    အကြိုက်ဆုံး ပို့(စ) ရသွားတာမို့
    ဝမ်းသာတာထက် ပိုပါကြောင်းးး
    ကွန်ဂရက်ကျုလေးရှင်းပါ ညီမလေးရေ။

    🙂

  • kyeemite

    October 14, 2014 at 4:17 pm

    .ဒီလဖတ်ရတဲ့အထဲ တော်တော်အကြိုက်အတွေ့ဆုံးပို့စ်လေးပါပဲ
    .အရေးရော အတွေးရောကောင်းလှပါတယ်…ကွန်ကရက်ကျူ လေးရှင်းပါ ကောင်းကင်ပြာရေ :))

    ……………………………………………
    ကိုမျုးိသန့် ဆုရသူကြေငြာသွားတာလှသဗျာ….ကျေးဇူးအကြီးကြီးတင်ရင်းချီးကျူ းပါတယ်ဗျို့ 🙂

  • အာဂ

    October 14, 2014 at 4:51 pm

    ဂုဏ်ယူဝမ်းမြောက်မိပါတယ် ငါ့ညီမရေ……။

    • Kaung Kin Pyar

      October 18, 2014 at 9:21 am

      ကျေးဇူးပါ ကိုအာဂရေ…
      ပိုစ့်လေး ဆုရသွားတာကို အကြောင်းကြားပေးလို့လဲ ကျေးဇူးတင်ပါတယ်…။ ခုလို လာမန့်တာလဲ ကျေးဇူးပါပဲလို့…

  • Kaung Kin Pyar

    October 14, 2014 at 5:11 pm

    ဟားးးးးးးးးး
    ပျော်လိုက်တာ…ပျော်လိုက်တာ…
    အရမ်း……ပျော်တာပဲ….
    မထင်ထားဘူး…မထင်ဘူး…
    ပျော်လိုက်တာ…
    အရမ်းပျော်တယ်…အရမ်း..အရမ်းပျော်တယ်….
    တစ်လကိုးသီတင်းတော့ စိတ်ကောင်းဝင်သွားပြီဗျို့……….
    :k:
    ဆု ကြေငြာပေးတဲ့ ဦးမျိုးရော…ကော်မန့်ကြတဲ့ သဂျီးနဲ့….အကိုအမတွေ အားလုံးကို…ကျေးကျေးအများကြီး..တင်တယ်….
    ပျော်လို့….ပျော်လို့….
    :
    :
    :
    ကယ်ကြပါဦးဗျို့………
    :
    :
    :
    :
    ပါးစပ်ကြီး စေ့လို့မရတော့လို့………
    :k:
    :k:
    :k:

    • တောင်ပေါ်သား

      October 15, 2014 at 9:37 am

      ပျော်ရင် လှည်းတန်းမှာ ကြေးအိုးတိုက်

      စ တာပါနော့ ၊ ကြေညာခွင့်ရတာကိုပဲ ကျေနပ်ပါတယ် ၊

      ကောင်းကင်ပြာရေ ပါးစပ်စေ့ဦး ၊ တော်ကြာ သွားတိုက်ဆေးကြော်ငြာတယ် ထင်နေဦးမယ် ၊ 🙂

    • Foreign Resident

      October 19, 2014 at 10:21 am

      Kaung Kin Pyar ရေ Congratulations ပါနော် ။

  • ခင် ခ

    October 14, 2014 at 5:26 pm

    ဈေး နဲ့ ဆေး ကို ဒီလ ဖတ်ကထဲကကြိုက်ခဲ့တာဗျ။
    ဆုရရှိသူ ကောင်းကင်ပြာ လေးရေ လက်ခုတ် လက်ခုတ် တီးကာ အားပေးတယ်နော် ရွှီ ရွှီ ရွှီ…..

    ဒါနဲ့ တောင်ပေါ်သားကြီးရေ
    “(သားရေ…….သား…….ရုံးဆင်းပြီလား…..အပြန်ကျရင် လှည်းတန်းဈေးမှာ ဗမာကြက်လေး အစိတ်သားလောက်ရယ် …..ကျောက်ဖရုံသီးလေးရယ် ဝင်ဝယ်ခဲ့ပါကွယ်…”
    ဆိုတော့ကာ အိမ်အလည်လာပြီး ထမင်းစားလိုက်ရရင်တော့ဖြင့်ကွယ်။

    • တောင်ပေါ်သား

      October 15, 2014 at 9:40 am

      ကိုခရေ
      ကျနော်လည်း စားချင်တာ ထည့်ရေးလိုက်တာ ၊
      ကြက်ကျောက်ဖရုံ အရည်သောက် ရယ် မန်ကျည်းသီးစိမ်းထောင်းရယ်ဆို မိုက် မှ မိုက်ဗျ ၊ 🙂

      • ကေဇီ

        October 15, 2014 at 9:43 am

        ခု သတိရပြီ။
        ဟင်းစပ်ပေးမယ် ဆို??
        ဘယ်မလဲ??

        :kwi:

        • တောင်ပေါ်သား

          October 15, 2014 at 10:21 am

          ဟီး ဟီး ဆောရီး မမရယ် 🙂

          သားသား ဒီတနင်္ဂနွေ ကြိုးစားပါ့မယ် ၊

  • Mr. MarGa

    October 14, 2014 at 5:27 pm

    ရွေးသူ
    ကြေငြာသူ
    ရသူ
    အကုန်လုံးကို ဗရာဗို 🙂

  • Zaw Lwin

    October 14, 2014 at 5:27 pm

    I like the both awarded post and declared post.
    I wish, the declared post is not a true story.

    • တောင်ပေါ်သား

      October 15, 2014 at 9:47 am

      ဟုတ်ပါတယ် ၊ ကြေညာတဲ့ပို့စ်က ရာနှုန်းပြည့် true story မဟုတ်ပါဘူး ၊

      ဒါပေမယ့် resign letter တင်မယ့်ဆဲဆဲအထိ ဖြစ်ခဲ့တာက တကယ်ပါ ၊

      ပြီးခဲ့တဲ့ ဩဂုတ်လ meeting မှာပါ ၊

  • Kaung Kin Pyar

    October 14, 2014 at 5:37 pm

    အူးမျိုး…နောက်ခြင်းဖြစ်ပါဂျောင်း…
    ဒဂယ် နှုတ်ထွက်တာမဟုတ်ကြောင်း…အတည်လာပြုတာ..
    ခ်ခ်
    ခ်ခ်
    (ကောင်းကင်ပြာ…ထိန်းဇမ်း….ညက်နှာဘိုးကို မတေဘူး…)

  • Congratulation ဗျိုး… စကာတင်ပို့စ်ထဲ ဝင်မမန့်နိုင်ပေမယ့်.. ဒီပို့စ်ထဲတော့ ရောက်အောင်လာခဲ့တယ်…
    ဘရာဗို blue sky လေး.. 🙂

  • Kaung Kin Pyar

    October 14, 2014 at 5:47 pm

    ကျေးဇူးပါ အမွန်ရေ့…
    ကောင်းကင်ပြာတော့ အရမ်းအရမ်း ပျော်နေတယ်….။
    အမွန့်ရဲ့ ရွေးချယ်ရာလမ်းလေးလဲ ..စောင့်ဖတ်နေပါတယ်… Well done!!!!

  • Fall Guy

    October 14, 2014 at 6:27 pm

    ဝမ်​းသာပါတယ်​ဗျာ
    ရွာထဲမ​ရောက်​ဖြစ်​လို့ မ​နေ့ကမှဖတ်​ရတာပါ
    တကယ်​ကြိုက်​တယ်​ဗျာ 😀

  • မွသဲ ( 17082011 )

    October 14, 2014 at 6:48 pm

    အလုပ်မအားလို့မဖတ်ဖြစ်ပေမဲ့ ခုဖတ်လိုက်မယ်။ ဂုဏ်ယူပါတယ် ညီမလေးရေ

    • Kaung Kin Pyar

      October 15, 2014 at 4:51 pm

      လာအားပေးတာ ကျေးဇူးပါ မွသဲရယ်….
      :k:

  • Phoe Myinttar

    October 15, 2014 at 9:33 am

    Congratulation!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  • Wow

    October 15, 2014 at 9:37 am

    ကိုယ်ရေးကိုယ်တာတွေကြား ကျမ်းမာရေးမကောင်းရင်းကြားက ဒီလိုစာကောင်းထွက်လာတာ ဂုဏ်ယူပါတယ် :kwi:

  • Kaung Kin Pyar

    October 15, 2014 at 10:16 am

    ဒါတွေကြောင့်လဲ ဒီလိုစာတွေ ရေးဖြစ်တယ် ထင်ပါရဲ့…။ အားလပ်ချိန်တွေ ရခဲ့တယ်….
    အရှုံးထဲက အမြတ်ပါပဲ…မဝေါင်းရေ့

  • kyeemite

    October 15, 2014 at 10:24 am

    .ဂုဏ်ယူပါတယ်ကောင်းကင်ပြာ..အဲ့ဒီပို့စ်စဖတ်ကတည်းကစိတ်ထဲ တေးထားပြီးသားပါ
    .တကယ်ရွေးကြတော့လည်း အားလုံးအကြိုက်တူကြတယ်…
    .ကျန်းမာရေးလည်းကရုစိုက်ပါလေ
    .ဆုပေးပွဲကျတော့ ပျော်ပျော်ပါးပါး ဆုံကြသေးတာပေါ့ :))

    • Yae Myae Tha Ninn

      October 15, 2014 at 4:58 pm

      ဆုပေးပွဲက ဆုမရတဲ့သူတွေရော လာလို့ ရလား.. 🙂

      • မြစပဲရိုး

        October 15, 2014 at 5:12 pm

        မောင်ထွဋ်
        မင်းက ရွာ့ အချစ်တော် ဖြစ်နေပြီမို့ မလာမနေ ရ လာ ရမှာတဲ့။
        မဒမ်ထွဋ် ရောပေါ့။ :))

        • kyeemite

          October 18, 2014 at 1:10 pm

          .ဒီညနေ ကိုထွဋ်နဲ့ချိန်းထားတယ် အရီးမုတ်ဆိတ်ရေ..အဲ့ကျမှတွေ့ဆုံပွဲအကြောင်း .ရှင်းပြလိုက်မယ်.. :))

  • မောင်ဘလိူင်

    October 15, 2014 at 1:54 pm

    သူရေးတဲ့ အိုင်ဒီယာလေး အတော်ကောင်းပါတယ်။
    ဘယ်လိုများ စိတ်ကူးရ သလဲ သိချင်မိသား။

    The Mask

    I was once sad and lonely,
    Having nobody to comfort me,
    So I wore a mask that always smiled;
    To hide my feelings behind a lie.

    Before long, I had many friends;
    With my mask, I was one of them.
    But deep inside, I still felt empty,
    Like I was missing a part of me.

    Nobody could hear my cries at night
    For I designed my mask to hide the lies.
    Nobody could see the pain I was feeling
    For I designed my mask to be laughing.

    Behind all the smiles were the tears
    And behind all the comfort were the fears.
    Everything you think you see,
    Wasn’t everything there was to me.

    Day by day,
    I was slowly dying.
    I couldn’t go on,
    There was something missing..

    Until now I’m still searching
    For the thing that’ll stop my crying.
    For someone who’ll erase my fears,
    For the person who’ll wipe my tears.

    But till then I’ll keep on smiling.
    Hiding behind this mask I’m wearing.
    Hoping one day I can smile,
    Till then, I’ll be here.. waiting.

    Anonymous

  • Kaung Kin Pyar

    October 15, 2014 at 4:50 pm

    အို………
    ကဗျာလေးအတွက် ကျေးဇူးတင်လိုက်တာ….
    အိုက်ဒီယာကတော့….အင်းးးးးးး
    အရင်ကတည်းက တွေးမိတာတွေရော…လတ်တလောတွေရော…ရောသမမွှေလိုက်တယ်…
    ရေးထားသမျှထဲမှာ..ပြန်ဖတ်မိတော့ ဒါလေးကိုဖြင့်ခုချိန်ထိ အကြိုက်ဆုံးပါပဲ…
    ခုလဲ မြင်နေတာ၊ တွေးနေတာ ဟိုတစ်စ ဒီတစ်စ ရှိနေတယ်….
    အခွင့်သင့်ရင်ဖြင့်…ခုလိုမျိုး နောက်တစ်ပုဒ်..ဖြစ်ကောင်းဖြစ်နိုင်ပါတယ်….
    ကဗျာလေးအတွက်ရော၊ အားပေးတဲ့အတွက်ပါ ကျေးဇူးပါပဲ…

  • မြစပဲရိုး

    October 15, 2014 at 5:10 pm

    ဆုကြေငြာ ကလဲ ဆုပြန်ပေးရမလိုပါဘဲလား ကိုမျိုး ရဲ့။ :))
    ဒီတစ်ခေါက်လဲ ပရိတ်သတ်မှန်းတဲ့ အတိုင်းဘဲပေါ့ လေ။

    Many Congratulations ဒေါ်ကင်းကောင်လေး။
    Well Done ပါ။ :))

    တိုက်တိုက်ဆိုင်ဆိုင် Resign လုပ်ဖို့ ကြိုးစား ခဲ့ သူက Resign လုပ်သွားတဲ့ သူ ရတဲ့ Post ကို ကြော်ငြာ ပေးနေတာပေါ့။

    Resign ကိစ္စ က တကယ် ဆိုရင် ကိုမျိုး ဘက်မှာလဲ ပျက်ကွက်မှု ရှိခဲ့တာ လို့ စိတ်ဖြေလိုက်ရင် လောကကြီး က နဲနဲ နေသာသွားမှာပါ။

    တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်ခြင်း ကလဲ ကိုယ့်ကိုယ်ကို ပြုံးနိုင်စေမဲ့ မျက်နှာဖုံး ပါဘဲ။
    အထင်။ lol:-))

  • ဦးကြောင်ကြီး

    October 16, 2014 at 9:34 am

    ကင်းကောင်ပြာ စာနဲ့ ဆရာကြီး ရတနာဝင်းထိန် စာ ယှဉ်ဖတ်ကြည့်တာ တခြားဆီဘဲ.. ငါးပိနဲ့ထောပတ်

  • ဦးကျောက်ခဲ

    October 16, 2014 at 1:06 pm

    ကွန်ဂရက်ကျူလေးရှင်းပါ ကောင်းကင်ပြာရေ…
    ဒီဇာတ်လမ်းနဲ့ ခပ်ဆင်ဆင် ပြင်သစ် အော်ပရာတစ်ပုဒ်ကို ဖတ်ဖူးပေမည့်…
    အခု ဆုရတဲ့ “ဈေးသည်နဲ့ ဆေးသည်” က စာပိုချောပြီး… ရေးဖွဲ့ပုံကောင်းပါတယ်…
    နောက်ပြီး… ဆုကြေငြာတဲ့ ဦးမြိုးကလည်း တကယ်ထင်ယောင်မိမှားဖြစ်အောင် ရေးတတ်ပါပေ့…
    :k:

  • Ma Ma

    October 16, 2014 at 10:08 pm

    ဈေးသည်နဲ့ဆေးသည် ပိုင်ရှင် ကောင်းကင်ပြာလေးကို ကွန်ဂရက်ကျူ လေးရှင်းလို့ အရင်ဆုံးပြောချင်ပါတယ်။
    ဆုကြေညာတဲ့ ဈေးသည်နဲ့ ဆေးသည် ဓာတ်ပုံ၂ပုံကလည်း ပိုစ့်ကိုရော၊ ပိုစ့်ပိုင်ရှင်ကိုရော ပိုမိုပေါ်လွင်စေလို့ တောင်ပေါ်သားကိုလည်း အလွန်အမင်း ချီးကျူ းချင်ပါတယ်။

    • Kaung Kin Pyar

      October 18, 2014 at 8:48 am

      ဟုတ်တယ် မမရေ…။ ပုံလေးတွေအတွက် အူးမျိုးကို ကျေးဇူးတင်ရမယ်…
      လိုက်ဖက်တဲ့ပုံလေး ၂ ပုံရှာထားပေးလို့…
      ပိုစ့်ကိုဖတ်ပေးတဲ့အတွက်ရော..ကွန်ဂရက်ကျူလေးရှင်းအတွက်ပါ ကျေးဇူးပါပဲ မမရေ…

  • padonmar

    October 17, 2014 at 9:57 pm

    တောင်ပေါ်သားဆိုလို့ မျက်စိလယ်သွားတယ်။
    ဖတ်ပြီးပေမယ့် မမန့်အားလို့ ခုမှပဲ ကောင်းကင်ပြာလေးကိုရော ကိုမျိုးသန့်ကိုပါ ချီးကျူးကြောင်း ပြောရပါတယ်။
    ၂ခုလုံးကောင်းကြောင်းပါ။

    • တောင်ပေါ်သား

      October 18, 2014 at 8:40 am

      ကျေးဇူးပါ မမ နဲ့ အာတီဒုံရေ

      ဒီပို့စ်ကြေညာရတော့မယ်ဆိုတာ သိကတည်းက အဲဒီ ၂ ပုံကို ရှာပြီးသိမ်းထားတာ ၊

      ကိုယ်တိုင်ရိုက် မဟုတ်ပါခင်ဗျာ ၊

  • Kaung Kin Pyar

    October 18, 2014 at 8:47 am

    ဟုတ်တယ်..
    ကောင်းကင်ပြာလဲ တောင်ပေါ်သားဆိုလို့ ဘူတုန်းမှတ်တယ်…။ ဆုကြေငြာပေးမှပဲ..အူးမျိုးမှန်း သိတော့တယ်…။ ပိုစ့်ကိုဝင်အားပေးလို့ ကျေးဇူးပါ အာတီဒုံရေ…

  • Kaung Kin Pyar

    October 18, 2014 at 9:10 am

    ကောင်းကင်ပြာပိုစ့်လေး ဆုရသွားတာကို ကြေငြာပေးတဲ့ အူးမျိုး၊ ဝင်မန့်ပေးတဲ့ သဂျီးအူးခိုင်၊ ကွန်ဂရက်ကျူလေးရှင်းလုပ်ပေးကြတဲ့ ချစ်သောရွာထဲက ဦးဆာ၊ မမချွိ၊ လေးခ၊ သိကြား၊ ကိုဇော်လွင်၊ အမွန်၊ ကိုFall Guy၊ မွသဲ၊ ဆက်ဆက်၊ ကိုဖိုးမေတ္တာ၊ မဝေါင်း၊ ဦးမိုက်၊ ကိုထွဋ်၊ ကိုဘလှိုင်(ကဗျာလေးကို အရမ်းကြိုက်ကြောင်း ပြောချင်ပါတယ်…၊ တစ်ဆက်တည်း ဖဘမှာ အမှတ်တရအဖြစ် တင်ခွင့်ပြုဖို့ ခွင့်တောင်းချင်ပါတယ်..)၊ ဦးကြောင်၊ ဦးကျောက်စ်၊ မမ နဲ့ အာတီဒုံတို့ကို ကျေးဇူးတင်ပါတယ်…
    နောက်လဲ ဒီထက်ဒီထက် ကောင်းတဲ့စာတွေ ရေးဖြစ်ဖို့ ကြိုးစားပါ့မယ်…။
    ရွာသူားတွေရော၊ ဂေဇက်ရွာကြီးရော ကျန်းမာပျော်ရွှင်ပါစေလို့…….

    • ဦးကြောင်ကြီး

      October 20, 2014 at 3:01 am

      ကင်းကောင်ပြာနဲ့ ဦးကြောင် ဘယ်တော့ဆောင်မဲ…

  • Yae Myae Tha Ninn

    October 18, 2014 at 12:15 pm

    ကောင်းကင်ပြာကိုလဲ ကျေးဇူးတင်ပါတယ်… ရွာထဲ ပြန်ရောက် စ မှာ ကြိုဆို မန့်ပေးခဲ့တာ… 🙂

  • manawphyulay

    October 18, 2014 at 12:24 pm

    ကွန်ကရက်ကျူးးရှင်းပါ နှစ်သက်မိတဲ့ပိုစ့်လေးပါပဲ။
    ပိုစ့်လေးအကြောင့်ကို ဦးစွယ်တော်ရွက်နဲ့တောင် စကားပြောဖြစ်ပါသေးတယ်။
    ဒါနဲ့ အပြန်မှာ ကြည်မြင်တိုင် ငါးဈေးက ငါးသလောက်လေးရယ် သီရိမင်္ဂလာဈေးက ကျောက်ဖရုံသီးလေးရယ် ညောင်ပင်လေးဈေးက ပုစွန်ခြောက်ရယ် သိမ်ကြီးဈေး ဘရဈေးတန်းက လေးညှင်းပွင့်လေးရယ် ဝင်ဝယ်ခဲ့ပါဦးနော်…. :mrgreen:

Leave a Reply