ထာဝရ
ထာဝရ
မြစ်ကြီးတစ်စင်း စီးမျောနေတယ် ကမ်းကပ်ဖို့လမ်းမမြင်ပေမယ့်
မာနကိုရွက်လွင့်လို့ ခွန်အားကိုလှော်တက်သဖွယ် ကူးခက်ဆဲ
ထက်ကောင်းကင်အုံစိုင်းတုန်းမို့ မာယာလှိုင်းများ ဂယက်ထနေပြီ
အားကြီးတဲ့မိုးစက်များက ရင်ထဲသို့ တိုးခက်နေကြပြီပေါ့
အကြင်နာလက်များနဲ့ဖယ်ရှားပေးမယ့် သံယောဇဉ်လေး
အဝေး အဝေးမှာ အတွေးခက်ခက်မို့ အတားဆီးမဲ့နေတုန်းလား
လမ်းပျောက်နေခဲ့ပြီလေ အလွမ်းတွေကျောက်ချဖို့ကြိုးစားတုန်း
အနမ်းလေပြေတိုက်ခက်လာပြီပေါ့
မင်းနဲ့သာတစ်ကမ႓ာဆိုရင် ထာဝရခရီးလမ်း ကြမ်းပါစေကွာ
ဆက်တိုးလို့လှော်လိုက်မယ် အနားကထွက်မသွားပါနဲ့နော်
ကာရံရ ့ ၁၂ ့၂၀၁၄
2 comments
အလင်းဆက်@မောင်သူရ
December 7, 2014 at 1:28 pm
ကဗျာ အမည်ကလည်း….
၀၀၁၀ရ တဲ့ …
ကာရံ
December 10, 2014 at 10:39 pm
အတော်တွေးတက်တာဘဲ