နှစ်သစ်အလွမ်း… Happy New Year 2015
ဒီနေ့ဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့…၂၀၁၄ နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့…
ဘယ်မှလည်းသွားချင်စိတ်မရှိ…သူငယ်ချင်းအချို့ နှစ်သစ်ကူးပွဲဖိတ်ကြတာလည်း
အကြောင်းအမျိုးမျိုးပြပြီးငြင်းပစ်ခဲ့တယ်….
အိမ်က မိသားစုတွေကတော့ အမျိုးတစ်ယောက်အိမ်က နှစ်ကူးအကြို စားပွဲသောက်ပွဲဖိတ်လို့
သွားကြလေရဲ့…ကျုပ်ကတော့ စိတ်မပါလို့ မလိုက်သွားခဲ့ပါဘူး….
တစ်ယောက်ထဲအိမ်မှာ ငေါင်တောင်တောင်ထိုင်နေရင်း…ကိုယ်ဖြတ်သန်းခဲ့ရတဲ့
တကယ့်လက်တွေ့ဘဝ နောက်ကြောင်းကို..ဖြေးဖြေး ရေးရေး ပြန်တွေးကြည့်နေမိပါတယ်..
တွေးနေရင်း ပထမဆုံးသတိရမိတာက….
အော်…ဘာလိုလိုနဲ့ ကျုပ်ရဲ့မွေးသဖခင် ကျေးဇူးရှင် ကျုပ်တို့ကို စိတ်ချလက်ချထားသွားခဲ့တာ
၂ နှစ်တင်းတင်း ပြည့်တော့မှာပါလား…..အဖေအပင်ပမ်းအဆင်းရဲခံပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့
ကျုပ်တို့တတွေရော…သူဖြစ်စေချင်သလိုဖြစ်နေပါပြီလား………….
လူတစ်ယောက်နဲ့တစ်ယောက် ဘဝဖြတ်သန်းခဲ့ရပုံ
ဘဝအတွေ့အကြုံ ဘယ်လိုမှမတူနိုင်ပါဘူး……….
အဓိကကတော့ ဘယ်သူမဆို ကိုယ့်မိဘကို ကိုယ်ရွေးချယ်ပိုင်ခွင့်
မရှိခဲ့ကြပါဘူးလေ…ဒါကို တချို့ ကလည်း အတိတ်ကံလို့ပြောကြသပေါ့
ဘယ်လိုပဲပြောပြောပါလေ…ပြောခဲ့သလိုပဲ..“ ကိုယ့်မိဘကို ကိုယ်ရွေးချယ်ပိုင်ခွင့်
မရှိခဲ့ကြပါဘူး”…..
ဆိုတော့…ဒီနေရာမှာ ဘယ်လိုမှ အားနာစရာ ငဲ့ညှာထောက်ထားစရာ
မလိုတဲ့…ကိုယ့်အကြောင်းပဲ ကိုယ်ပြောပြဝေဖန်ဆန်းစစ်ချင်တာပါ…
တစ်ကနေ နှစ်..သုံး..လေး..ဖြစ်အောင်လုပ်ရတာလွယ်ကောင်းလွယ်ပေမဲ့
သုံည ကနေ တစ် ဖြစ်ဖို့တော်တော်ခက်လှပါတယ်….
ဒါပေမဲ့…မဖြစ်ဘူးလားဆိုတော့…သိပ်ဖြစ်တာပေါ့….
လုပ်တဲ့လူနဲ့ သူ့ဇွဲနပဲ ပေါ်ပဲမူတည်တာပါလေ…
ထီးဆိုင်ကဆိုဖူးသဗျ…`♫♪♫ကူမဲ့သူရှိရင်ဘဝဆိုတာ…ပိုပီးတော့များ..လွယ်ကူလေမလား…♫♪♫ ´
တဲ့…အမှန်ပေါ့…ကူမဲ့သူရှိရင် ပိုလွယ်တာ လူတိုင်းသိနေတာပဲ…
ကူမဲ့သူ မရှိရင်ကော….ဘဝက သွားပြီလား…ဘာမှမဖြစ်နိုင်တော့ဘူးလား…
နိုး နိုး နိုး နိုး
လုံးဝမဟုတ်ပါဘူးခင်ဗျား…………….
ကဲ…ကဲ..ကဲ…ဇတ်လမ်းလေးစလိုက်ရအောင်…
လူနီ ဆိုတဲ့ကောင်ကို စစ်သားတစ်ယောက်ရဲ့ မိသားစုထဲမှာမွေးပါတယ်
လူနီ့ ကလေးဘဝကတော့ သိပ်အခက်အခဲမရှိ သူများကလေးတွေလိုပဲ
ပျော်ရွှင်စွာဖြတ်သန်းခဲ့ရပါတယ်….ဒါပေမဲ့…
လူနီ ငါးတန်းအရောက်မှာတော့ အမေက သူ့ဘဝမှာ ဆယ်ကြိမ်မြောက်
မွေးဖွားခြင်းအနေနဲ့ ညီမလေး အမွှာနှစ်ယောက်ကိုမွေးပါတယ်…
ကလေးတွေကတော့ချစ်စရာလေးတွေ..ကျန်းကျန်းမာမာလေးတွေပါ…
ပြသနာက အမေက နှစ်ယောက်လုံးကို နို့ဝအောင်တိုက်နိုင်လောက်အောင်အားမရှိရှာပါဘူး
ဘယ်လိုအားအင်ရှိနိုင်ပါ့မလဲဗျာ…တစ်နေ့တစ်နေ့ စားနေရတာက အဟာရအသာထားလို့
ဗိုက်ဝဖို့တောင် အနိုင်နိုင်…ဆိုတော့…..
နို့မှုန့်ကူရပါတော့တယ်..ညီမလေးနှစ်ယောက်အသက်ရှင်ရေးဦးစားပေးပေါ့…
အိမ်စားရိတ်ထဲမှာ နို့မှုန့်ဖိုးက ပိုလာတာပေါ့…
အိမ်ရဲ့တစ်ခုတည်းသော ဝင်ငွေကတော့ အဖေပဲပေါ့….အဖေ့ကိုကြည့်ပြန်တော့…
ကျုပ်မွေးကတည်းက..လက်မောင်းမှာ သုံးရစ်နဲ့အဖေဟာ
ကျုပ်ငါးတန်းရောက်လို့ ညီမလေးအမွှာမွေးတဲ့အထိ သုံးရစ်ခပ်နွမ်းနွမ်းပါပဲ
အိမ်မှာက အဲ့အချိန်က အဖွားအပါအဝင် မိသားစုဝင် ၁၄ယောက် ရှိနေပြီလေ…
အဖေတစ်ယောက်ထဲဝင်ငွေနဲ့ ကျုပ်တို့မှာ ဆန်ပြုတ်တစ်နပ် ထမင်းတစ်နပ်ပေါ့…
ဒီတော့လည်း..အမေ့ခမျာမနေသာပေဘု..“မောင်တစ်ထမ်း မယ်တစ်ရွက်”ဆို မဟုတ်လား
ဒီတော့ ကြံစီရပြီပေါ့…လူနီ့အထက်က ခပ်လှမ်းလှမ်းအကို အမ တွေကျတော့လည်း
အတန်းကြီး အရွယ်လေးရတော့ ရှက်ရှာမယ်…လူနီနဲ့ လူနီ့အထက်ကပ်ရက်က ကိုလတ်
ကိုအမေပြောတယ်…မင်းတို့နှစ်ကောင်..နေ့စဉ်ကျောင်းကပြန်လာရင် တပ်တွင်းသင်တန်းကျောင်းက
မက်စ် မှာ အကြော်နဲ့ ဟင်းချက်လေးတွေသွားရောင်းတဲ့….မနက်စောစောလည်း ကျောင်းမသွားခင်
မက်စ်မှာပဲ ကောက်ညှင်းပေါင်းနဲ့ အကြော်ရောင်းတဲ့….
ဒီလိုနဲ့ စိတ်ပျက်လက်ပျက် မလွှဲမရှောင်သာ မိခင်ကြီးပေးအပ်တဲ့တာဝန်ယူလိုက်ရသပေါ့
အစပိုင်းသာ စိတ်ပျက်( ရှက်လည်းရှက်ပေါ့လေ)တာဗျ…နောက်တော့ ပျော်သွားရော..
ပျော်ရတဲ့အကြောင်းအရင်း..ခုနေပြန်တွေးတော့…
၁။ မနက် ည ဈေးရောင်းပေးနေတဲ့အတွက် စာမကျက်ရဘူး(အဖေက စာကျက်ဖို့ မနက်လေးနာရီဆိုအားလုံးနှိုးနေကျလေ..ကျုပ်တို့နှစ်ယောက်မပါ)ကျုပ်တို့က ၆နာရီမှထရတယ်
၂။ မနက်ပိုင်း မကုန်တဲ့အကြော် ကျောင်းသွားခါနီး စါးရတယ် (အမေရှုံးတာမြတ်တာတော့မသိ)
၃။ ညနေပိုင်း တပ်က မက်စ်မှာ ဟင်းသွားရောင်းရင်း ထမင်းကျွေးတာဝန်ခံတွေနဲ့
ရင်းနှီးလာတော့…မက်စ်က ရဲဘော်တွေ မကုန်တဲ့( တစ်ချို့လာမစားတဲ့) ထမင်းဟင်းတွေ
အိမ်သယ်လာတော့ တစ်အိမ်လုံး ဆန်ပြုတ်စားနေရာကနေ ထမင်းစားကြရတယ်။
ဒါကြောင့် အဲဒီတုန်းကနေခဲ့တဲ့ တပ်ကလည်းကျေးဇူးရှင်စါရင်းထဲပါတာပဲပေါ့ဗျာ…
ဆိုတော့ဗျာ…လူနီတို့အဖို့တော့ အလွန်အဆင်ပြေတာပေါ့…ဒါပေမဲ့…
အဖေက မလွယ်ဘူးဗျို့..အလုပ်တစ်ဖက်လုပ်နေရတဲ့ကြားထဲ…စာမေးပွဲ
လပါတ်ကျရင်တောင်ဆော်သဗျ (အဆင့်ကောင်းလောက်အောင်တော့ မတွန်းပါဘူး)
နွေရာသီကျောင်းပိတ်ရက် တွေဆိုလည်း ကျုပ်တို့ညီအကိုတွေ ငွေရမဲ့အလုပ်
မှန်သမျှရှာလုပ်ပေါ့ဗျာ….
အဲ….အဲ့ဒီလိုနဲ့ဖြစ်သန်းလာခဲ့တာ…လူနီ လည်း ဆယ်တန်းရောက်ရောဆိုပါတော့…
အဲ့တော့ ကျုပ်က မန်းတလေးရောက်နေပါပြီ…
အလုပ်တစ်ဖက် စာမကျက်နိုင်တဲ့ကောင် ဘယ်အောင်လိမ့်မတုန်း…
ဆယ်တန်းမှာဘုန်းကနဲ ကျပါလေရော….ကျုပ်အဖေကလည်း သဘောပေါက်ပါတယ်
ရိုက်ဖို့နေနေသာသာ ဆူတောင်မဆူဘူးဗျ…(အဲ့တုန်းက ဆယ်တန်းအောင်ချက်နည်းလွန်းလို့
ဆယ်တန်းကျတာသိပ်မဆန်းလှဘူး)
ဒါပေမဲ့………..
ကျုပ်ကတော့ ကျောင်းဆက်မတက်ပဲ တပ်ထဲဝင်ချင်နေပြီ
တစ်နေ့အဖေ့ကိုပြောတော့..အဖေတော်တော်စိတ်ဆိုးပြီးဆူသဗျ…
“မင်းတို့ကိုငါ့ထက်တတ်အောင်ငါအငတ်ခံ ကျောင်းထားခဲ့တာကွ…
အရွယ်ရောက်တာနဲ့တပ် ထဲသွင်းမယ်ဆို မူလတန်းကတည်းက
ကျောင်းထုတ်ပြီး မင်းတို့ကိုခိုင်းစားခဲ့မှာပေါ့ကွ”….တဲ့
ကျုပ်အဲ့စကားကိုဘယ်တော့မှ မမေ့ခဲ့ပါဘူး……..
ကျောင်းတော့ဆက်မတက်တော့ပေမဲ့ ရရာအလုပ်လုပ်ရင်း
ညညသူများတွေအိပ်ချိန် ကျုပ်မအိပ်ပဲ စာကိုကြိုးစားခဲ့ပါတယ်
ဒါပေမဲ့ဗျို့…ဂိုက်လုပ်သင်ပေးသူမရှိတော့ သိပ်အရာမရောက်ပါဘူး
ဒုတိယနှစ် ဆယ်တန်း ဘီ လစ် နဲ့ပဲအောင်သဗျ……
အဲ့ချိန်ထိကျုပ်စိတ်မှာ လက်လျှော့ပြီး စစ်ထဲဝင်လိုက်ချင်တုန်းပဲ
ကျုပ်နဲ့ ကျောင်းနေဖက် တပ်ထဲကသူငယ်ချင်းအားလုုံးလိုလို တပ်ထဲဝင်ကုန်ကြပြီ…
ကျုပ်အဖေကို မပြောရဲတာနဲ့ပဲ နောက်တစ်နှစ် ကျရာအလုပ်လုပ်ရင်း…
စာမေးပွဲအတွက်လည်းရည်ရွယ်စာလုပ်ရင်း…
တစ်နေ့…ကျုပ်ဆိတ်အုပ်ကိုမောင်းပြီး အိမ်ဖက်ဝင်လာတော့…ကျုပ်တို့လိုင်းခန်း
မှာနေတဲ့ ဆယ်တန်းနှစ်ချင်းပေါက်အောင်သွားတဲ့ သူငယ်ချင်းရဲ့အဖေက..
“လူနီ..မင်းဒီနှစ်ဆယ်တန်းဖြေအုံးမှာလားကွ..လုပ်မနေပါနဲ့ကွာ..
ဆိတ်ကျောင်းနေတာပဲကောင်းပါတယ်..အချိန်တန်တော့လည်း တပ်ထဲရောက်သွားမှာပေါ့”
တဲ့…ဒီလူကြီးဘာကြောင့်ပြောမှန်းမသိပေမဲ့….ကျုပ်ရင်ထဲကိုတော့တော်တော်ပြင်းပြင်း
ကြီးကို လာမှန်သဗျို့..ကျုပ်စိတ်ထဲတနုံ့နုံ့နဲ့….အတော်ခံစားမိသဗျ…..
သူ့ရာထူးကလည်း ကျုပ်အဖေထက်ငယ်တယ်…ကျုပ်အဖေတပည့်ပေါ့ဗျာ
အဲကတည်းက မခံချင်စိတ်ဖြစ်ပြီး ညည ကျုပ်မအိပ်သလောက်ပဲ..စာလုပ်တယ်
ဗမာလိုရေးထားတဲ့စာတွေကွာ..တစ်ခါမ၇ရင် ဆယ်ခါ..ဆယ်ခါမရရင်
အခါတစ်ရာဖတ်မယ်…မင်းခံနိုင်ရိုးလားကွ..ဆိုပြီး..အစွမ်းကုန်လုပ်တာဗျို့…
ထပ်ဖြေတော့…အင်း…အောင်သွားတာပေါ့ဗျာ…ဂုဏ်ထူးတွေတောင်ပါသေး…
ဆယ်တန်းအောင်မဲ့နှစ်မှာ ရန်ကုန်ပြောင်းခဲ့ရပြီ…..
…………………
………….
……
…
..
ကျုပ်အာအိုင်တီ တတိယနှစ်ပြီးကျောင်းပိတ်တော့ မန်းလေးကို
တကူးတက ကြိုးစားသွားပြီး
အပေါ်ကပြောခဲ့တဲ့ ကျုပ်သူငယ်ချင်းအိမ် သွားလည်သေးတယ်….
အဲ့အချိန်မှာ နှစ်ချင်းပေါက်အောင်ခဲ့တဲ့ ကျုပ်သူငယ်ချင်းက ဘွဲ့ရပြီး
မိန်းမရ လုပ်စရာအလုပ်မယ်မယ်ရရ မရှိပဲ မိဘအိမ်ကပ်စားနေသဗျ
သူ့အဖေက ကျုပ်ကို ထူးထူးဆန်းဆန်းပြောသေးတယ်…
“လူနီရာ..မင်းလိုဖြစ်မယ်မှန်းသိရင် ငါ မင်းသူငယ်ချင်း xxx ကို
ဆိတ်တွေဝယ်ပေးခဲ့ပါတယ်”..တဲ့…ကျုပ်သူပြောတာကိုဒီနေ့ထိနားမလည်ပါဘူး..
(နောက်တာဖြစ်မှာပေါ့)
တစ်ခုပဲ..ကျုပ်သူ့ကိုတော်တော်ကျေးဇူးတင်နေမိတာတော့ဒီနေ့တိုင်ပါပဲဗျာ…
သူကြောင့်ကျုပ်မခံချင်စိတ်…ကျုပ်အဖေက သူ့ထက်ရာထူးကြီးရဲ့သားနဲ့
ကျုပ်ညံ့ဖြင်းမှုကြောင့် သူ့လိုသားသမီးအတွက်ဂုဏ်မယူနိုင်ရလေခြင်း…
ဆိုပြီး မခံချင်စိတ်လေးနှိုးဆွပေးခဲ့လို့ပါပဲ…….
ဒီဇာတ်ထုတ်ကိုရေးရ ချင်းရည်ရွယ်ချက်က…
ဒီနေ့ဟာ နှစ်သစ်ရဲ့ အစနေ့ပါ
နှစ်သစ်ကူးစအခါသမယမှာ ကျေးဇူးရှင်တွေကိုလည်းသတိရတမ်းတရင်း..ကျေးဇူးတင်ရင်း..
လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ် ဇန္နဝါရီလ ၆ရက်နေ့က ကွယ်လွန်သွားခဲ့ရှာသော..သားသမီး ၁၂ယောက်ကို
မငြို မငြင် လုပ်ကိုကျွေးမွေး ပညာသင်ပေးခဲ့တဲ့ အံ့ဖွယ်
သံမဏိလူသားကြီး ကျုပ်ရဲ့မွေးသဖခင် စစ်သားကြီး အားအမှတ်ရ လွမ်းဆွတ်ရင်း…
ကျုပ်လက်ရှိကျင်လည်ကျက်စားနေသော မန်းဂဇက်( မြန်မာ့ဂဇက်) ရွာထဲမှလူငယ်လူရွယ်များကို
ဇီးရိုး ဘဝမှသည် တစ်လုပ်နိုင်ကြောင်း နှစ်သစ်ကူးလက်ဆောင်ပါးလိုက်ပါသည်ခင်ဗျား။
နှစ်သစ်မှာရွာသူားအပေါင်းရွှင်လန်းချမ်းမြေ့ပြီး လိုအင်ဆန္ဒများပြည့်ဝကြပါစေ…
လေးစားခင်မင်စွာဖြင့်
ထာဝရလမ်းဆက်လျှောက်နေတဲ့…
ကြီးမိုက်။
၁၊ ၁၊ ၂၀၁၅
22 comments
ခင်ဇော်
January 1, 2015 at 11:26 am
အဲ့တုန်းးးက တော့ လူနီလေးးး
ခုတော့ လူနီကြီးးပေါ့လေ….
:k:
မင်္ဂလာ နှစ်သစ်ဖြစ်ပါစေ မိုက်မိုက်
:chit:
Kaung Kin Pyar
January 1, 2015 at 11:37 am
မင်္ဂလာနှစ်သစ်ပါ အူးလူနီကြီးရေ…
မိဘထောက်ပံ့နိုင်လို့ CEO တွေ ဒါရိုက်တာတွေ တက်ဖြစ်နေတဲ့သူတွေထက်…သုညကစလို့ ရုန်းကန်ခဲ့ပြီး အပေါ်ရောက်တဲ့ဘဝတွေကို ပိုအထင်ကြီးပါတယ်….။
ဖိအားတွေကို ဘဝအတွက်တွန်းအားအဖြစ်ပြောင်းယူလိုက်တာလဲ လေးစားပါတယ်…
ဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဇန်နဝါရီ ၆မှာ…အဖေဆုံးခဲ့တာလား…
Iris
January 1, 2015 at 12:40 pm
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ ဦးမိုက်။
စကားမစပ် ဦးမိုက် က ဦးကျော်ဟိန်း နဲ့တော်တော်တူတယ်။
အောင် မိုးသူ
January 1, 2015 at 1:13 pm
ဦးမိုက်ပြောမှ ဖေဖေ့ကိုသတိရ ဒါမယ့် ကောင်းကောင်းတောင်မမှတ်မိပါဘူး ဆုံးပါးသွားတာ (၂၄)နှစ်ကြာပြီကိုး။
kyeemite
January 1, 2015 at 2:26 pm
.Kaung Kin Pyar ရေ..ဟုတ်တယ်ဗျာ…ဂဇက်အဖွဲ့တွေပထမဆုံးအကြိမ်ဆုံတွေ့ကြဖို့ လုံးပမ်းနေချိန်ပေါ့
.ဇန္နဝါရီ ၆ရက်နေ့အဖေဆုံးပါတယ်….တွေ့ဆုံပွဲက ဇန္နဝါရီ ၂ဝရက်မှာပါ
.အစောဆုံးဝင်ရောက်အားပေးသွားတဲ့ လူမိုက်ခင်ဇော်ကို လူနီကြီး ကကျေးကျေးပါဗျ :k:
.Iris နဲ့ ကိုအောင်မိုးသူလည်း ဖတ်ရှုအားပေးလို့သင့်ခရုပါ…ကိုအောင်မိုးသူအဖေအစောကြီးခွဲသွားတဲ့အတွက် စိတ်မကောင်းပါဘူးဗျာ…
Swal Taw Ywet
January 1, 2015 at 3:18 pm
Burma army Electrical and Mechanical Engineering corp ( BEME ) ရဲ့ ဆောင်ပုဒ်လေးပေါ့။
သေနတ်များပစ်နိုင်နေစေရမည်။ ဘီးလုံးများလိမ့်နေနိုင်ရမည် တဲ့။
ဦးကြီးမိုက်ဖေဖေက လက်နက်ပြင်တပ်ကြပ်ကြီး၊ ခြေလျင်တပ်တွေနဲ့အတူ ရှေ့တန်းလိုက်ရတယ်။
ကျနော်ဖေဖေက ယာဉ်ပြင်တပ်ကြပ်ကြီး ကားတွေပြင်ရတယ်။
ပွင့်လင်းရာသီ ရှေ့တန်းရိက္ခာစုပုံ Damping ကာလဆိုရင်တော့ ယာဉ်တန်းနဲ့အတူ ရှေ့တန်းလိုက်ရသပေါ့။
ကျနော် ဆယ်တန်းနှစ်ချင်းပေါက်အောင်တော့ DSA တက်ချင်တာ မိဘ ၂ပါးစလုံး စစ်သားစစ်သမီးတွေဖြစ်ပြီး သဘောမတူလို့မတက်လိုက်ရဘူး။
အဲဒီတုံးက တပ်မိသားစုတွေကို လွမ်းသေးသဗျာ။ တကယ့်ကို နိုင်ငံအတွက်ဘဲ မြှတ်နှံထားခဲ့ကြတာ။
ခုတော့ဖြင့်- – – – – – –
With respect,
Swal Taw Ywet.
မြစပဲရိုး
January 1, 2015 at 4:11 pm
ပါပါကြီး က ဂလောက် ချောတာ သားခမျာ ခြေဖျားတောင် မမှီပါလား ကွယ်။
lol:-)))
ကူ သူ ရှိလဲ ဘဝ မှာ ရေရရာရာ နေရာ မရှိတဲ့ ပုံပြင်များလဲ ရှိပါ့ ကကြီးမိုက်ရယ်။
ကံ၊ ဉာဏ်၊ ဝီရိယ ဆိုတဲ့ အတွဲ ညီမှ ဆိုတာ ဒဏ္ဍာရီ မဟုတ်ပါ။
မိဘ ချမ်းသာ ဆင်းရဲ အပါ့ထား။ အနဲ ဆုံးတော့ လူသားဆန်တဲ့ တာဝန်ယူ၊ တာဝန် ကျေ တတ် တဲ့ စိတ် ရှိတဲ့ မိဘ ဝမ်းထဲ ဝင်ခဲ့ရတာ လဲ ကံ ကောင်း တာပါဘဲ။
ယုံကြည်ချက် ပြင်းရင် (ပျင်း မဟုတ်) သုည က နေ လဲ ထိပ်ဆုံး ရောက်နိုင်တာ လေး ကို ထပ်ဆင့် ထောက်ခံပါတယ်။
ဉာဏ်နဲ့ ယှဉ်ကြဖို့တော့ လိုမလားဘဲ။
:))
kyeemite
January 2, 2015 at 10:12 am
.အိုက်ဒါ…အိုက်ဒါ…ပြောချင်တာပါပဲ အရီးမုတ်ဆိတ်ရေ
.ကျုပ်ဆိုလိုရင်းကိုတန်းမိသဗျ…ကျေးဇူးပါဗျား
min kyansix
January 1, 2015 at 4:49 pm
လူနီကြီးဆိုတော့ ရဲရဲတောက်ပေါ့
uncle gyi
January 1, 2015 at 10:48 pm
လူတိုင်းမခံချင်စိတ်ရှိကြတယ်
ရှိတဲ့စိတ်ကိုဘယ်လိုဖောက်ထုတ်မလဲ
ဒါအရေးအကြီးဆုံးပဲ
padonmar
January 2, 2015 at 12:10 am
အောင်မြင်ချင်းတူတူ ဘယ်သူမြတ်သည်လဲကွယ်….
(အဲဒီ သူငယ်ချင်းရဲ့ အဖေကို ကျေးဇူးတင်ထိုက်ပါတယ်။)
အဲဒါ ဦးပုအကြောင်း၊ဦးပုဓာတ်ပုံမလား…ေိေိ
pooch
January 2, 2015 at 12:39 am
ဦးမိုက်ပြောသလိုသာဆို ရန်သူတွေ ြပြိုင်ဖက်တေွကို များများရှိလေ ပိုတိုးတက်လေပေါ့ သက်ကြီးစကားသက်ငယ်ကြား ကျေးဇူးတင်တတ်တဲ့စိတ်လေး မွေးယူပါ့မယ်
မွေးအဖေကို စွန့်လွှတ်ရတာ အနှစ် ၂၀ကျော် ရှိပြီ အိမ်ထောင်ကျိုးဖြစ်ပြီးအတူလည်းသိပ်မနေပဲ ကျွေးအဖေ ဦးကြီးလက်ပေါ်ကြီးခဲ့တာ
သူက တော့ လူကောင်းဆိုတာထက်ပိုကောင်းတဲ့ လူကောင်းကြီး
အစောကြီးထွက်သွားလို့ ဖြေလို့ရယ်မပြေ
သူ့ကျေးဇူးနဲ့ ထမင်း ထမင်းအိုးထဲက ရတာလောက်ပဲသိတဲ့ဘဝနဲ့နေခဲ့ဖူးတယ်
အခုမှ ကိုယ်တိုင်ပျိုးကျဲရတဲ့ဘဝရောက်မှပဲ သူ့တန်ဖိုးတွေ နားလည်လာတယ်
ခုလာမဲ့၉ရက်နေ့ ၉လပြည့်မယ်
ကောင်းရာမွန်ရာမှာ ရှိနေရောက်နေမယ်လို့ ယုံတယ်
Ma Ma
January 2, 2015 at 8:38 am
အဖေက သုမောင်နဲ့တူတယ်။
သားက ကျော်ဟိန်းနဲ့တူတယ်။
ဆိတ်ကျောင်းနေတာပဲကောင်းပါတယ်လို့ ပြောခဲ့တဲ့လူကြီး ဦးမိုက်ဘဝအတွက် ကျေးဇူးအများဆုံးလူလို့တောင် ပြောရမယ်။
သူဘာသဘောနဲ့ပြောတယ်ဆိုတာ ဦးမိုက်မသိပေမယ့်….
ူူူသူ့စေတနာ သူ့အကျိုးပေးတာကတော့ ဧကန်ပဲ။
အဲဒါကြောင့် စိတ်ထားသလိုဖြစ်ကြရတဲ့၊ မသိပဲနဲ့ လုပ်ခဲ့ကြတဲ့ ကုသိုလ်/အကုသိုလ်ကံတွေဟာ အင်မတန်ကြောက်စရာကောင်းတယ်။
kyeemite
January 2, 2015 at 10:05 am
.Swal Taw Ywet
.မြစပဲရိုး
.min kyansix
.uncle gyi
.padonmar
.pooch
.Ma Ma…..တို့အားလုံးကွန်မန့်လေးတွေချီးမြှင့်ကြလို့ကျေးဇူးပါဗျာ… :))
– etone ရဲ့“အပူပင်မဲ့စွာ စာသင်ခွင့်ရကြပါစေ” စာလေးကိုတွေ့ပြီးရေးချင်စိတ်ဖြစ်နေခဲ့တာဗျ…
.အဲ့မှာလည်းမန့်ခဲ့သေးတယ်…ကလေးတွေစာမသင်နိုင်ပဲ အလုပ်ခွင်ရောက်နေကြတာ
.၉ဝရာနှုံးလောက်က ဆင်းရဲတာတစ်ခုထဲကြောင့်မဟုတ်ဘူး..မိဘတွေကြောင့်လို့ပြောချင်တာပါဗျာ…
.မိဘတွေသာ ကလေးတွေကို .ကိုယ့်ထက်သာအောင်မရမကမြှင့်တင်ပေးရမယ်ဆိုတဲ့စိတ်လေးရှိဖို့ပဲလိုတာပါ :boss:
Mr. MarGa
January 2, 2015 at 6:00 pm
မှန်လိုက်တာ……….
ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး လုပ်ကြရမှာပေါ့လေ………
Maung Thura
January 3, 2015 at 12:13 pm
တစ် ဖြစ်ချင်တယ်..
ဒါမယ့် ခုထိ…တစ်နေသေးတယ်..
🙁
Yae Myae Tha Ninn
January 3, 2015 at 2:10 pm
အနော်လဲ မောင်မာဃ နဲ့ အတွေးတူတယ်ဗျာ… မိဘဆိုတာ ကိုယ် ရွေးချယ်ခွင့်မရှိဘူးလေ…
La Yeik
January 6, 2015 at 4:29 pm
ဟုတ်ပ အူးမိုက်အဖေက အူးသုမောင်နဲ့ဆင်တယ်နော်…အူးမိုက်ကိုလဲလေးစားပါတယ်…နာစရာကို ခွန်အားအဖြစ် အသုံးချတက်ခဲ့လို့ပါ…အာရ်အိုင်တီ ကျောင်းတက်ရင်းနဲ့ အဲလိုပြောခဲ့တဲ့ အူးလေးဂျီးကို သွားတွေ့ရတာ အရသာတော်တော်ရှိမှာနော်…သာမီးကတော့ သာမီးကို အဲလိုပြောခဲ့တဲ့လူတွေဂို တေးတော့တေးထားတယ်…အူးမိုက်လို အခြေအနေမျိုးရောက်အောင်ကြိုးစားရအူးမှာ
Shwe Ei
January 7, 2015 at 2:37 pm
-ရွေးချယ်ခွင့်မရှိသော်လည်း စံပြုထိုက်တဲ့ မိဘမျိုး ရခဲ့တဲ့အတွက် အားကျပါအိ။
-ဘဝမှာ ကိုယ့်အဖေကို ယုံကြည်အားကိုးစိတ်အပြည့်နဲ့ အဖေလို့ တစ်ခါလောက်ခေါ်ကြည့်ချင်သေးတယ်။
-လက်ရှိအခြေအနေအရတော့..အဖေသည် အနန္တောအနန္တ ငါးပါး ဂိုဏ်းဝင် ဖြစ်သည်ဆိုတဲ့ စိတ်နဲ့ -တတ်နိုင်တဲ့အချိန်တတ်နိုင်သလောက် ကန်တော့ရုံထက် ပိုပြီး မစဉ်းစားဖစ်တော့ 🙁
kai
January 7, 2015 at 2:47 pm
သားသမီး၁၂ယောက်ဆိုတော့… (သူတို့ဘာဖြစ်နေနေ).. လူ၁၂ယောက်အား.. နည်းလား…
မောင်နှမတွေ.. ပျော်စရာ..
အဲလိုအမွေချန်ပေးနိုင်တဲ့.. ဖခင်ဖြစ်ရတာလည်း…ဂုဏ်ယူစရာ..။
kyeemite
January 7, 2015 at 3:42 pm
.ဟုတ်ပ သဂျီးရယ်…ကျုပ်ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ နောက်ကြောင်းကို ကျုပ်တောင်မယုံနိုင်ဘူး
.ကျုပ်မှာလက်ရှိနှစ်ယောက်ထဲတောင်ချာချာလည်
.အဖေနဲ့အမေ ကိုအံ့ဩတာတော့ခုတိုင်ပါပဲ…ဘယ်လောက်များခေါင်းမီးတောက်ခဲ့ကြလေမလည်း 😥
ခင် ခ
January 7, 2015 at 4:00 pm
ဘဝကို လွယ်လင့်တကူမဟုတ်ဘဲ ခက်ခဲစွာဖြတ်သန်းပြီး ရပ်တည်နိုင်တဲ့အခြေတစ်ခုကို ရောက်မိတဲ့သူတိုင်း မိမိကြိုးစားဖြတ်တမ်းခဲ့ရတာတွေကို အားရကျေနပ်တတ်ကြသလို မေ့ကောင်းစရာအတိတ်လို့လဲ မှတ်ယူမှာမဟုတ်ပါဘူးလေ။
ဘဝကြမ်းကြမ်း အလှပန်းတွေ တက်သစ်စလူငယ်တိုင်း ကြုံကြဆုံကြပါစေ။