ဘဝသံသရာကွေ့
ကျွန်မတို့ တည်းတဲ့ ဟဲဟိုးကနေ တောင်ကြီးဘက်အတက်မှာ တောင်ခြေက အေးသာယာမြို့သစ်ကို မရောက်ခင်လေးမှာ ကျွန်မတို့ကားဦးတည်ရာတစ်လျှောက်က မြေပြန့်ကြီး…။ ကျွန်မတို့ငယ်ငယ် ပထဝီမှာ သင်ခဲ့ရတဲ့ ဟဲဟိုးလွင်ပြင်ကြီးပေါ့…။ အဲဒါကိုကျော်လာတော့ တောင်စောင်းမှာ ထင်းရူးပင်တွေ စီရရီနဲ့ တောင်ပေါ် ပြန်တက်လာသည်…။ တစ်ကွေ့နှစ်ကွေ့လောက် သွားပြီးတော့… မြင်လိုက်ရတဲ့ မီးရထားလမ်း….။ အဲဒါ နာမည်ကြီး ဘဝသံသရာကွေ့ပေါ့….။ ဘဝသံသရာ တံတားလို့လည်း ခေါ်ပါတယ်။ အဲဒီနေရာမှာ ရထားလမ်းက တောင်ကို တပတ်ပတ်ပြီး ပထမဖြတ်သွားတဲ့ နေရာအောက်ကနေ ဖြတ်ပြီး…. ဟဲဟိုးလွင်ပြင်ဆီ ခွေကာ ခေါက်ကာ ဆင်းသွားတယ်….။
6 comments
Mr. MarGa
January 7, 2015 at 11:59 am
ဒလည်ခတ်ပြီး လည်ပတ်နေတယ်
အဲ့ ခုံတန်းလေးမှာ အေးအေးဆေးဆေးဆေး ထိုင်ချင်သဗျ
manawphyulay
January 7, 2015 at 1:57 pm
ခုံတန်းလေးက ညနေ နေဝင်ချိန်မှာ ထိုင်ရင် ပိုပြီး ထိုင်လို့ကောင်းတယ်။ ပတ်ဝန်းကျင်ရဲ့ အေးမြတဲ့ အငွေ့အသက်လေးနဲ့ နေဝင်ချိန်ရှုခင်းလေးကတော့ တကယ့်ကို လွမ်းမောဖွယ်လေးပါပဲ Mr. MarGa ရေ…. နှစ်ယောက်သား သွားထိုင်ပါလား….
Mr. MarGa
January 7, 2015 at 2:14 pm
မလုပ်ပါနဲ့
ကျန်တဲ့သူတွေက သူတို့ မခေါ်ရကောင်းလားဆိုပြီး စိတ်ကောက်ကုန်လိမ့်မယ် :mrgreenn:
Maung Thura
January 7, 2015 at 3:38 pm
ရထားနဲ့ ခရီးရှည် မထွက်ဖူးသေးဘူး ။
တစ်ခါတော့ ထွက်မယ်လို့ စိတ်ကူးထားတယ်.. ။
ဘယ်ဆီ ဘယ်ဝယ်လို့တော့ မသိသေး…
မြစပဲရိုး
January 10, 2015 at 4:51 am
တောင်ကြီး ကို ရထား နဲ့ သွားတုန်းက အဲဒီ တံတားပေါ်က ဖြတ်ခဲ့ဘူး လိုက်တာ အမှတ်တရ တွေထဲက တစ်ခုပါ။
မနော တကယ်ဘဲ ဘွပြောင်း သွားပြီလား။
Many Congratulations ပါနော်။ :))
aye.kk
January 10, 2015 at 4:25 pm
မနော
ပုံလေးတွေကြည့်ပြီး၊ကြည်နှူးစရာနေရာလေးလို ့ခံစားမိပါတယ်။