ကဗျာရဲ့အသက် – မောင်စွမ်းရည်
ကဗျာရဲ့အသက်
မေတ္တာ၊ သစ္စာ
ဂရုဏာ၊ မုဒိတာ
သဒ္ဓါ ။ ။
စေတနာ
ဝေဒနာ
ကဗျာ။ ။
တခုခုမပါရင်၊ ကဗျာမမြောက်ဘူး။
တခုခုခမ်းရင်၊ ကဗျာမလန်းဘူး
တခုခုမရွှင်ပြန်လဲ၊တခုမှမရှင်သန်လူး။
တခုခုရွံ့ရင်၊ကဗျာလဲဆွံ့၊မကွန့်နိုင်တော့။
တခုခုညံ့ရင်၊ကဗျာလဲမသန့်၊မခန့်တော့။
တခုမှမထက်ရင်၊ကဗျာမသွက်၊ မထက်မျက်။
အသက်မပါ၊ကဗျာပျက်ပါလေရော။ ။
မောင်စွမ်းရည်
၂၀၁၅ ဇန်နဝါရီ ၆
မှတ်ချက်။ ။ မြန်မာ့ဂဇက်ဖေဖော်ဝါရီလထုတ်တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။
3 comments
aye.kk
January 18, 2015 at 11:09 pm
မှတ်သားရပါတယ်။
ကဗျာကိုနှစ်သက်လို ့ပါ။။
Mike
January 19, 2015 at 11:20 am
.ကောင်းလိုက်တာ..ကဗျာကို အသက်ဝင်အောင်ရေးတတ်ချင်ပါဘိ
.သတိထားမိတာကတော့…“တခုခု” ဆိုတာပဲ
အလင်းဆက်
January 20, 2015 at 2:55 pm
အသက်မပါတဲ့ ကဗျာတွေ မြင်ဖူးတယ်..
ဒါမယ့်..ကဗျာဟာ ကဗျာ ဖြစ်ရုံနဲ့ကို…တော်တော်ဆန်းကြယ်တဲ့ အလှတရားနဲ့..ဖြစ်တည်နေတယ်…