( ဇာတ်လမ်း ) ၂
( ဇာတ်လမ်း ) ၂
( ဟော ဦး ၊ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ? )
ဟုတ်ပ ၊ ကျနော်က ဆင်ရေတွင်း မှတ်တိုင်မှာ ၊ သူ့ကို မတွေ့တာကြာလို့ အိမ်ကစောစောထွက် ၊
ဒီမှတ်တိုင်နားက လဘက်ရည်ဆိုင်ကနေလာစောင့်နေတာ ၊ သူ ကားလမ်းကူးလာတာမြင်မှ ထလာတာလေ ၊
( ဪ ဟုတ်တယ်နွယ် ၊ ဟို မြကန်သာလမ်းထဲက အသိအိမ်မှာ အလှုလုပ်လို့ )
( ဪ မသိပါဘူး ၊ တစ်ယောက်ယောက်ကိုများ လာစောင့်နေသလားလို့ )
သေစမ်း ၊ ငါ့ဗျူဟာက အတော်ခေတ်နောက်ကျသွားပြီထင်တယ် ၊
သူက ပြုံးစိစိနဲ့ ကျမသိပါတယ် ဆိုတဲ့ ပုံစံ ၊ ဒီလိုနဲ့ ကားစီးလာ လှိုင်မင်းမှာထိုင်ပေါ့ ၊
( နွယ်နဲ့ မဆုံတာ ကြာပြီနော် ၊ ဘယ်သွားနေတာလဲ ? )
( ရှိပါတယ် ဦးရယ် နေ့တိုင်းလာနေတာပဲ )
( ဟင် အဲဒါဆို ဘာလို့ မတွေ့မိရတာတုန်း )
( ဪ ဦးရယ် ချိန်းထားတာမှ မဟုတ်တာ ၊ လွဲနိူင်တာပေါ့ )
( ဦးက ဘာများဖြစ်သလဲလို့စိတ်ပူနေတာ )
( နွယ်ကလည်း ဦးကို မတွေ့လို့ ခရီးတွေဘာတွေ သွားနေတယ်ထင်တာ )
အဲ မဆိုးဘူးဗျ ၊ သတိရတယ်ဆိုပဲ
( အဖေကြီး မုန့်ဘိုး )
ဟဲ့ သောက်ခွေး ၊ အမယ်လေး ဒီမယ် ဖီလင်ဝင်နေတုန်းဟ ငါ့သားရ ၊
ဒီလိုဗျ ဘောလုံးဝါသနာပါတဲ့သားက ဘောလုံးအဖွဲ့ချုပ် နဲ့ ရန်ကုန်ယူနိုက်တက်တို့ ပေါင်းဖွင့်တဲ့ ဘောလုံးသင်တန်းတက်နေတာ ၊
လှိုင်မင်းက ရန်ကုန်ယူနိုက်တက် အဝင်လမ်းမှာ ၊
အေးပါကွာဆိုပြီး ငါးရာတန်ထုတ်တော့ အဖေကြီး သားး သွားစရာရှိတယ် ၊ အဖွားကြီးဆဆီက မတောင်းခဲ့ရလို့ ၊ သုံးထောင်ပေး တဲ့
၊ သောက်ဘဲ လူလည်ကျတာ ၊ ဒီလိုအနေအထားက သူ့အတွက် အကွက်လေ ၊ ပိုက်ဆံမြန်မြန်ပေးပြီး သူ့ကို ရှင်းထုတ်ရမှာလေ ၊
အမယ် သူက မြန်မြန်သာပေးလိုက်စမ်းပါ အဖေကြီးရယ်ဆိုတဲ့ မျက်နှာပေးနဲ့ဗျ ၊ ပေးလိုက်ရတော့တာပေါ့ဗျာ ၊
အဖေကြီး ဟိုနောက်စားပွဲမှာ သား ကိုလာ သာက်ထားသေးတယ် အဲဒါလည်း ရှင်းလိုက်နော် တဲ့
ဘယ်အချိန်ထဲက ရောက်နေလည်း မသိတော့ပါဘူး၊
( ဦး သားက လူချောပဲ ၊ အဖေနဲ့ ဘာမှမဆိုင်ဘူး )
( ဒီမှာနွယ် ၊ ဒီအဖေကြောင့် ဒီသားဖြစ်လာတာဗျ )
( ဟုတ်ပါတယ် ဒါပေမယ့် အမေနဲ့များ တူသလားလို့ )
( ဒီမိန်းမအကြောင်း လာမပြောနဲ့နော် ၊ လှချင်လှ မလှချင်နေ ဦးခေါင်းထဲမှာ မရှိဘူး )
( ဦးရယ် ဆောရီးပါ ၊ ဒေါသမကြီးပါနဲ့ ၊ နွယ်က စကားအဖြစ်ပြောတာပါ )
( လာမပြောနဲ့ ၊ အဲသလို လာပြောသူတိုင်းဟာ မုန်းသူပဲ )
( အမယ်လေး ၊ နွယ့်ကိုတော့ မမုန်းလိုက်ပါနဲ့နော် ၊ မုန်းသူလည်း မဖြစ်ချင်ပါဘူး )
( ဒါဖြင့် ချစ်သူပေါ့ )
( ရှင် . . . . . )
ထိုနေ့မနက်က ရန်ကုန်တွင် နှင်းတို့ဝေခဲ့ပါသည် ၊
ညဘက်တွင်လည်း လေနူအေးလေးများ တိုက်ခတ်မည်ဟု မျှော်လင့်ပါသည် ၊
စားနေကျ ထမင်းဆိုင်တွင် ထမင်းလိုက်ပွဲမှာစားမိ၍ ဆိုင်ရှင်က ထူးထူးဆန်းဆန်း လိုက်ပွဲတွေ ဘာတွေ မှာလို့ပါလားဟု
အပြောခံရပါသည် ၊ ကျနော်က ပုံမှန် ထမင်းတစ်ပန်းကန်သာ စားခဲ့သူဖြစ်ပါသည် ၊
သို့သော် နောက်နောင်တွင် လိုက်ပွဲများ မှာစားလေ့ရှိသူ ဖြစ်လာမည်ဟု ယုံကြည်နေမိလျက် . . . . . . .
31 comments
Kaung Kin Pyar
March 17, 2015 at 3:56 pm
အဲ့…အူးမျိုး….
တိုက်စစ် စ နေပြီပေါ့….။ သားနဲ့ တိုးသွားတော့လဲ တစ်မျိုးကောင်းတာပါပဲ…။
အပေါ်ကစာအတိုင်းဆို အခြေအနေမဆိုးဘူးပဲ…..
ဟိုဘက်ကလဲ အတော်လေးကို ရိပ်မိနေပုံရှိတယ်….
ဒူး….ဒူးးးး ဆက်ဒူးပါ….
နောက်ထပ် ဇာတ်လမ်းကို စောင့်နေပါတယ်…..
တောင်ပေါ်သား
March 17, 2015 at 4:47 pm
အင်းးးးး လမ်းတော့မှန်သလိုရှိနေပေမယ့် ညှိစရာတွေက အများသား
ခင်ဇော်
March 17, 2015 at 4:02 pm
အာ။
အပီပဲ။
ဦးဦးမျိုးးးဒုန်းဒုန်းဒုန်းးးး
ဦးဦးမျိုးးးဒုန်းဒုန်းဒုန်းးးး
ဦးဦးမျိုးးးဒုန်းဒုန်းဒုန်းးးး
ဦးဦးမျိုးးးဒုန်းဒုန်းဒုန်းးးး
တောင်ပေါ်သား
March 17, 2015 at 4:49 pm
ဒုန်းဒုန်းဒုန်း ကနေ ဒိုင်းကနဲ အပစ်မခံရဖို့ သတိထားရဦးမယ်
Mr. MarGa
March 17, 2015 at 4:11 pm
“အင်”
.
.
.
.
.
ရဲဘော် ဆက်လုပ်!!!!!
တောင်ပေါ်သား
March 17, 2015 at 4:49 pm
YES SIR 🙂
sorrow
March 17, 2015 at 4:53 pm
..လက်ကိုင်ပါဆိုဗျာ ..
တောင်ပေါ်သား
March 17, 2015 at 5:01 pm
ဟဲ့ နုထွားရဲ့
အခုမှ အစလေကွာ
လဘက်ရည်ဆိုင်ထဲ အရိုက်ခံနေရပါဦးမယ်ကွယ်
ဒါနဲ့ သူ့အသားက အတော်အေးသဟ
🙂
•*¨နန်းတော်ရာသူ •*¨
March 17, 2015 at 4:59 pm
သွက်ထာနော်
ဒါနဲ့ဦးမျိုး အိမ်ကအိမ်ကသားတော်မောင်လည်း အဲ့လိုပဲ လူရှေ့သူရှေ့ဆို လိုချင်တာတွေတောင်းဆိုတာ ဘယ်လောက်ဆူထားထား အခွင့်အရေးအပြည့်အဝအသုံးချတာ။သန့်ကောင်းစံတို့ကပိုဂွင်တည့်တာပေါ့
🙂
တောင်ပေါ်သား
March 17, 2015 at 5:03 pm
ဟုတ်ပ သော်သော်ရေ
naywoon ni
March 17, 2015 at 7:20 pm
ဟာဂျာ တော်တော်ဆိုးတဲ့သူပဲ ။ ကိုရီးယား ဇာတ်လမ်းတွဲလားအောက်မေ့ရ ။ စိတ်ဝင်းစားစရာ ဖြစ်ရင် ရပ်လိုက်ဘီ ။ 🙂
တောင်ပေါ်သား
March 18, 2015 at 9:02 am
အပိုင်း ၃ လာမှာပေါ့ ဆရာနီရယ်
black chaw
March 17, 2015 at 7:52 pm
ဆရာမျိုးရေ…။
တစ်ပွင့်ကြွေတစ်ပွင့်သစ်
ပန်းဖြစ်လျှင်လည်း အကောင်းသား နော်…။
တောင်ပေါ်သား
March 18, 2015 at 9:04 am
ပန်းဆို ဘယ်လိုလုပ် လက်ကလေးကိုင်လို့ ရပါ့မလည်းဂျာ 🙂
ဦးကျောက်ခဲ
March 18, 2015 at 8:50 am
♫ ♪ ဂီတာအိုတောင် ပျိုရွယ်နေဆဲ… တေးသံနဲ့.. သီချင်းအသစ်ဖြစ်သေးရင်…
အကြင်နာဆိုတာ … ဒီတစ်ယောက်နဲ့ပဲ … ပြီးသင့်သလား… ♫ ♪
ဆွဲထား ကိုဂျီးမြိုး … လက်ဖွဲ့ဖို့ ပြင်ထားတယ်… ခွိ ခွိ
:k:
တောင်ပေါ်သား
March 18, 2015 at 9:07 am
ဆရာကျောက်စ်ရယ်
အခုမှ စလုံးရေစ တာဗျ
ကြိုးစားရဦးမှာတွေ အများကြီး
Alinsett@Maung Thura
March 18, 2015 at 3:27 pm
ကိုရီးယား အချစ်ဇာတ်လမ်းလေးလိုရေးဗျာာာ
😆
တောင်ပေါ်သား
March 18, 2015 at 3:35 pm
အိုပါးကလည်း 🙂
Wow
March 18, 2015 at 4:50 pm
ခိုးပြေးဗျာ.. ကားတင်ဗျာ.. ကြာဒယ်..
တောင်ပေါ်သား
March 18, 2015 at 4:57 pm
ခိုးပြေးစရာ မလိုအောင် ကြံစည်နေပါကြောင်း
sorrow
March 18, 2015 at 5:56 pm
ဟာဗျာ..ဒါလေးမေးတာကို ..ကတ်ကတ်လန်ရသလားဗျာ… သူပြောတာလေး ပြုံးပြီးနားထောင်ရမှာ ..ဘယ့်နှယ့်ဗျာ …လက်ဖမ်းကိုင်ပစ်ပါဆို …ရန်သွားလုပ်ရတယ်လို့ … နောက်တစ်ခါ မြင်တာနဲ့ ..လက်ဖမ်းကိုင်ပစ်… ဒီအခြေအနေရောက်နေတာကိုဗျာ…လက်နှေးပါ့ ….
တောင်ပေါ်သား
March 19, 2015 at 10:27 am
နီက အဝေးကနေ မြှောက်နေ
နာက ရမ်းမလုပ်ရဲဘူးဟ 🙂
မြစပဲရိုး
March 19, 2015 at 4:47 am
အလိုလေး။
တယ်ဟုတ် နေပါတော့လား။
သားလေး နဲ့ တိုး လိုက်တာ သူက အိမ်မှာ ပြန် မဖွ ဘူးလား။
သမီးလေး တွေ ရော သိသွားပြီလား။
သူတို့ က သဘောတူလား။
ကျွန်မ သာ သမီးလေး တွေ နေရာ ဆို အဖေ့ ကို ဘယ်သူ့ ကို မှ မပေးဘူး။
ဇာတ်လမ်း ကို ဖျက်တာ မဟုတ်၊ ဆက်ပါလေ။
ဟို မင်းသား မောင်စော ကြားရင် ဒွပေါ နေဦးမယ်။
ဒင်းက ပါး နမ်းခံရအောင် အဆင်းဘီး အတင်းကိုတွန်း နေတာကော။ lol:-))))
တောင်ပေါ်သား
March 19, 2015 at 10:35 am
အရီးရေ
သားက လူလည်ဗျ ၊
ကျနော့်ကို ဘာပြောလဲသိလား
အဖွားကြီးနဲ့ မမကြီးတို့ကို ပြောလိုက်ရမလားး တဲ့ ၊
မပြောစေချင်ရင် တစ်ရက် တစ်ထောင်ပေးတဲ့ ၊ အဖေကြီးတို့ ရုုံးက မိန်းကလေးလည်း မဟုတ်ဘူး တဲ့
( ယူနီဖောင်း မတူလို့လေ )
မင်းဟာမင်း ပြောချင်ပြော မပြောချင်နေ တစ်ထောင်တော့ တတ်နိူင်ဘူးဆိုတော့
နောက်ဆုံး ငါးရာနဲ့ ဈေးတည့်သွားတယ် ၊ ဒီကောင် လူလည် 🙂
sorrow
March 19, 2015 at 12:49 pm
သားသမီးတွေ…သဘောတူသည်ဖြစ်စေ သဘောမတူသည်ဖြစ်စေ …မြစ်ဆိုတာအထက်ကိုစီးရိုးမရှိသည့်အတိုင်း…
သားသမီးများဆန္ဒကို တစိမှ အဖက်လုပ်ရန်အကြောင်းမရှိ….လူတိုင်းကိုယ့်ဘဝနဲ့ကိုယ်…အဟိဟိ
နောက်တစ်ခုက အကြင်နာတွေ ပန်းခင်းကြီးအဖြစ်ဖူးပွင့်ဖို့ …အစတော့ အနာခံထွန်ယက်ရသဗျ…. အစ်ကို သိသလား …
အရီးလေးစကားနားထောင်မပြောဘူးနော်… ကွကိုယ် forever alone ဖြစ်ချင်လဲ ..ကျော်မသိဘူး ..အဟိဟိဟိ ..တကယ်က အချစ်မရှိပဲနေရတဲ့ ဘဝက .. သစ်ခြောက်ပင်ကြီးလိုပဲ..ငရဲဗျ …မစိမ်းလန်းဘူး……ကျော်များကြီးအကြံပေးပြီးပြီ…အဟိဟိ
who , Brave are loved ပဲ ..
တောင်ပေါ်သား
March 19, 2015 at 1:01 pm
အေးပါ နုထွားကြီးရာ
ဒါပေမယ့် အသာလုပ်ပါ
ငါက ၂၀၁၅ မော်ဒယ် မာစီးဒီး ဟုတ်ဘူးလေကွယ်
ထော်လာဂျီသာသာ အင်ဂျင်ဆိုတော့ သိပ်မလောနဲ့ ဟ 🙂
Mike
March 19, 2015 at 1:57 pm
.တကယ်ဂျီးလားအူးမျိုး…တယ်စွံပါလား…ဆက်ဆွဲပေတော့ 🙂
တောင်ပေါ်သား
March 20, 2015 at 3:25 pm
အားပေးတဲ့သူတွေက ဒီလောက်အားပေးနေမှာတော့
အို . . . . . ဘာတဲ့တုန်း 🙂
Ma Ei
March 20, 2015 at 3:37 pm
အမေ၊ သမီး၊ သား မိသားစုနဲ့ အေးအေးမနေချင်ဘူးထင်ပ ကိုမျိုးသန့်ရေ…
အမ တော့ အားမပေးဘူးနော်… နောက်မှ အမအိ ပြောတာမှန်ပါလားဖြစ်နေဦးမယ်…
အေးအေးနေပါဟယ်…
တောင်ပေါ်သား
March 20, 2015 at 3:53 pm
အမအိရေ
အမစေတနာကို ကျနော်သိပါတယ်
ကျနော် ဘယ်လို စခန်းသွားမယ်ဆိုတာ စောင့်ကြည့်ပေးပါနော့
sorrow
May 17, 2015 at 4:31 pm
အစ်ကို .. ဇတ်လမ်းနှစ်က နေမတက်တော့ဘူးလားဗျ…. ကြိုးစားအားထုတ်မှုနည်းလေခြင်းဗျာ…