Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

International Women of Courage Awards 2015 ဆုရမေစံပယ်ဖြူ

kaiMarch 21, 20151min73513

DSC_17422015 International Women of Courage Award ကို မြန်မာပြည်မှ ကချင်တိုင်းရင်းသူ မမေစံပယ်ဖြူ ကရရှိပြီး ၂၀၁၅၊ မတ်လ(၆)ရက်နေ့က DC U.S. Department of State, Washington, D.C တွင် ဆုကိုလက်ခံရယူခဲ့သည်။ International Women of Courage Award ကို  လူ့အခွင့်အရေး၊ အမျိုးသမီးများတန်းတူအခွင့်အရေးရရှိရေး နှင့် လူမှုဘဝ တိုးတက်မြင့်မားရေး တို့အတွက်  မိမိတို့အပေါ် ဘေးအန္တရာယ်ကျရောက်နိုင်သော်ငြားလည်းထောက်ခံ ပြောဆိုခြင်း၊ သူမတူသော ရဲစွမ်းသတိ္တ နှင့် ဦးဆောင်မှုပေးခြင်းအားဖြင့် စံနမူနာ ပြသနိုင်သော ကမာ္ဘတဝှမ်းရှိ အမျိုးသမီး များအနက် ၁ဝဦးကို ၂၀၀ရမှစတင်ကာ US Department of State မှနှစ်စဉ်ချီးမြှင့် ခဲ့သောဆုဖြစ်သည်။

၂၀၁၂ခုနှစ်ကလည်း ထိုဆုကို မြန်မာပြည်မှ မဇင်မာအောင်ကလက်ခံရရှိခဲ့ဖူးသည်။ မေစံပယ်ဖြူသည် မတ်လ၈ရက်နေ့က Los Angeles ရှိ First Kachin Baptist Church တွင် မြို့ခံကချင်၊ မြန်မာတိုင်းရင်း သားများနှင့် တွေ့ဆုံခဲ့ရာ  မြို့ခံ ကချင်တိုင်း ရင်းသားများမှ အမှတ်တရဂုဏ်ပြုပန်း စည်းပေးအပ်ခဲ့ပြီးနောက်မေစံပယ်ဖြူမှ အမျိုးသမီးသတ္တိရှင် ဆုလက်ခံရရှိခဲ့ရသည့်အကြောင်းကိုရှင်းလင်း ပြောကြားပါသည်။ မေစံပယ်ဖြူသည် Kachin Peace Network ၏  Co-founder, Kachin Women Peace Network၏ ဒါရိုက်တာနှင့် Founder ဖြစ်ပြီး ငှက်ဖျား၊ HIT, တီဘီ ရောဂါ သည်များအတွက် Social Worker အဖြစ် သူမအသက် ၂၃နှစ်အရွယ်၊ ၂၀၀ဝခုနှစ်မှ စတင်ပြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ နယ်စည်းမခြားဆရာဝန်များအန်ဂျီအိုအဖွဲ့တွင် ဝေးလံခေါင်ဖျား ဒေသများ၊ မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်၊ အိန္ဒိယ-ချင်းပြည်နယ်နယ်စပ်၊ ပူတာအို၊ မချမ်းဘော၊ ကျိုင်းတုံ၊ ကျိုက်မရော ဒေသများသို့ ၉နှစ်ကြာသွားရောက်တာဝန်ထမ်းဆောင်ခဲ့ သည်။ UNDP ၏ Community Develop for Remote Project (CDRP ) တွင် ၃နှစ်တာဝန်ထမ်းဆောင်ခဲ့သည်။ Asian Institute of Technology, Thailandတွင် ၂နှစ်တာ ပညာသင်ယူပြီး  နောက် Gender and Development Studies အတွက် Master ဘွဲ့ကိုရရှိခဲ့သည်။

၂၀၁၃ အောက်တိုဘာတွင် ကချင်အမျိုး သမီးငြိမ်းချမ်းရေးကွန်ယက်မှ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အမျိုးသားများအဆင့်အမျိုးသမီးများတိုးတက်ရေးမဟာဗျူဟာအဆင့်စီမံကိန်းရေးဆွဲ ရာတွင် ပါဝင်ခဲ့၍ အမျိုးသမီးများအကြမ်း ဖက်မှုခံရခြင်းအတွက်ဥပဒေမူကြမ်းကို လွန်ခဲ့သော၂နှစ်ကျော်မှစတင်ပြီး ရေးဆွဲ နေဆဲဖြစ်သည်။

၂၀၁၁၊ ဇန်နဝါရီ၉တွင် ကချင်ဒေသ၌ စစ်ဖြစ်ရာ ၂၀၁၂ ဇန်နဝါရီတွင် ကချင် စစ်ပွဲ၁နှစ်ပြည့်အခမ်းအနားတွင်ကချင် တိုင်းရင်းသားများ စုပေါင်းပြီး ” ကချင်ငြိမ်း ချမ်းရေးကွန်ယက်” ကိုဖွဲ့စည်းနိုင်ခဲ့သည်။ ကချင်ဒေသတွင် လူု့အခွင့်အရေးချိုး ဖောက်ခံရသောဒေသခံ ဒုက္ခသည်များကို ရန်ကုန်သို့ခေါ်ဆောင်လာပြီး နိုင်ငံတကာ မီဒီယာများ၊ ပြည်တွင်းမီဒီယာများနှင့်ထိတွေပေးသကဲ့သို့ မီဒီယာများကိုလည်း ကချင်ဒေသ သို့သွားရောက်ပြီး သတင်း ယူနိုင်ရန် ကူညီခဲ့သည်။ “ကချင်အမျိုးသမီးများငြိမ်းချမ်းရေးကွန် ယက်” မှလည်း ၂၀၁၁နိုဝင်ဘာမှစပြီး ကချင်ဒုက္ခသည်စခန်းတွင် နေထိုင်နေကြ သောကချင်အမျိုးသမီးများ၏အခက်အခဲကို စစ်တမ်းကောက်ယူ၍ ၂၀၁၂တွင် နိုင်ငံတကာသို့ တင်ပြနိုင်ခဲ့သည်။

၂၀၁၂တွင် ပြဌာန်းရန်ပြင်ဆင်နေသောမျိုးစောင့်ဥပဒေ ကို အဖွဲ့အစည်းမှတရားဝင်စာထုတ်ပြန်ပြီး ကန့်ကွက်ခဲ့သည့်အတွက် အသက် အန္တရာယ်နှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြိမ်းခြောက်ခြင်းများခံခဲ့ရသည်။ ၂၀၁၂ စက်တင်ဘာ၂၁ရက်နေ့ အပြည် ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်း ချမ်းရေးကွန်ယက်မှ အယောက်၄၅ဝက ရန်ကုန်မှနေပြည်တော်သို့သွားရောက်ဆန္ဒ ထုတ်ဖော်ရန် ဒဂုံစင်တာရှေ့တွင် ဘတ်စ်ကား၆စီးငှားပြီးစုဝေး၍ပြည်သူ့ရင်ပြင်သို့ချီတက်ရာ သက်ဆိုင်ရာမှလိုက်လံတားဆီးသဖြင့် မြို့တော်ခမ်းမရှေ့သို့သွားရောက်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်နေသော အခြားအဖွဲ့ အစည်းများနှင့်ပူးပေါင်းခဲ့ရာ အာဏာပိုင် များက ကွန်ယက်မှလှုပ်ရှားသူ၁၂ဦးအားတရားစွဲခဲ့သဖြင့် ၁နှစ်ကျော်ကာလအတွင်း မြို့နယ်တရားရုံး၆ခုတွင် ရုံးချိန်း ပေါင်း ၁၄၂ခေါက် ရင်ဆိုင်ခဲ့ ရသည်။

မေစံပယ်ဖြူက ဘုရားသခင်ကျေး ဇူးတော်ကိုချီးမွမ်းခဲ့ပြီး  ” ဒီဆုရတာ ကျမတယောက်ထဲတော်လို့မဟုတ်ပါဘူး။ ကချင်စစ်ပွဲကိစ္စကို စတင်စိတ်ပါဝင်စား မိ တာကကျမလေးစားချစ်ခင်တဲ့ဆရာမခွန်ဂျာကြောင့်ဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာ ကျမခုဆုရရှိသလို ရသင့်ရထိုက်တဲ့အခြား အမျိုးသမီးတွေအများကြီးရှိပါသေး တယ်။ မတရားမှုတွေကို ရင်ဆိုင် ဖော်ထုတ် တွန်းလှန်ဖို့ဆိုရာမှာ မြင်နိုင်တဲ့မျက်လုံး၊ ကြားနိုင်တဲ့နား၊ ကိုယ်တိုင်ဖြစ်သကဲ့ သို့ခံစားတတ်သောနှလုံးသား၊ လုပ်ချင် သောစိတ်နဲ့အစွမ်း သတ္တိရှိဖို့၊ လုပ်နိုင်တဲ့ အခွင့်အရေးရှိဖို့ ဒီ၃ချက်က အဓိကလို အပ်ပါတယ်။ ” ဟု ပြောကြားခဲ့သည်။

13 comments

  • kai

    March 21, 2015 at 3:42 pm

    ၂၀၁၂တွင် ပြဌာန်းရန်ပြင်ဆင်နေသောမျိုးစောင့်ဥပဒေ ကို အဖွဲ့အစည်းမှတရားဝင်စာထုတ်ပြန်ပြီး ကန့်ကွက်ခဲ့သည့်အတွက် အသက် အန္တရာယ်နှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြိမ်းခြောက်ခြင်းများခံခဲ့ရသည်။

    အဲဒါလေးကို ဟိုက်လိုက်လုပ်ချင်လို့…။ သူပြောတာကတော့အရှည်ကြီး.. ၊ ဆဲလ်ဖုံးထဲယုတ်ယုတ်မာမာတွေပို့.. ဓတ်ပုံတွေတင်..
    စောကားတယ်ပေါ့…
    အခုလွှတ်တော်အမတ်တွေကလည်း..ထောက်ခံလိုက်ကြတာဟာ.. အဲဒါကြောင့်လို့နဲ့တူတယ်..။

  • တောင်ပေါ်သား

    March 21, 2015 at 3:58 pm

    ကချင်ပြည်နယ်သားကြီး ကျနော်က ဂုဏ်ပြုပါတယ်ဗျာ

  • Alinsett@Maung Thura

    March 21, 2015 at 4:11 pm

    သူနဲ့ http://www.azmtv.com မှာ ဗျူးပြီးပြီလား….
    သူ ပြောတာလေးတွေ အသံနဲ့ နားထောင်ကြည့်ချင်လို့…

  • ခင်ဇော်

    March 21, 2015 at 4:16 pm

    အမှန်တရားး အတွက် သတ္တိကောင်းး တဲ့ အမျိုးးသမီးးတွေကို
    လေးးစားးသဗျ..!!!
    :chit:

  • မြစပဲရိုး

    March 21, 2015 at 5:24 pm

    ပြောတဲ့ စကား တွေ က အားကျ ဂုဏ်ယူဖို့ ကောင်းလိုက်တာ။
    ကျွန်မ ဟိုက်လိုက် ထပ်လုပ်ချင်တာ က
    {{{
    မတရားမှုတွေကို ရင်ဆိုင် ဖော်ထုတ် တွန်းလှန်ဖို့ဆိုရာမှာ မြင်နိုင်တဲ့မျက်လုံး၊ ကြားနိုင်တဲ့နား၊ ကိုယ်တိုင်ဖြစ်သကဲ့ သို့
    ခံစားတတ်သောနှလုံးသား၊
    လုပ်ချင် သောစိတ်နဲ့အစွမ်း သတ္တိရှိဖို့၊
    လုပ်နိုင်တဲ့ အခွင့်အရေးရှိဖို့
    ဒီ၃ချက်က အဓိကလို အပ်ပါတယ်။
    }}}
    အရမ်းကောင်းတဲ့ ပညာရှိ စကားလေးပါဘဲ။
    အဲဒီမှာ လုပ်နိုင်တဲ့ အခွင့်အရေးရှိဖို့ ဆိုတာမှာ ကိုယ်က သူများ ထက် မြင့်နေ တဲ့ နေရာ မှာ ရှိဖို့ လိုသေးတယ်။
    ဒီလိုလူတောထဲ ထိုးဖောက်ပြီး စကားပြောနိုင်ဖို့ အတွက် သူ့မှာ ပညာအရည်အချင်း ကောင်းကောင်း ရှိနေလို့ သာ ဒီ လို တိုးလို့ ရတယ် ထင်ပါတယ်။
    အဲဒါကို သူ့ဟာသူ ရ အောင်ကြိုးစား ခဲ့ရတာမဟုတ်လား။
    အဲဒီလို ကိုယ်ကိုယ်တိုင် က မြင့် မှ ကိုယ့်ထက် နိမ့်သူ တွေ ကို ဆွဲ ခေါ်လို့ ရမယ်။

    ဆောင်းပါး လေး အတွက် ကျေးဇူးပါ သူကြီး။

    Many Congratulations မေစံပယ်ဖြူ

  • naywoon ni

    March 21, 2015 at 6:59 pm

    ​ဟောဗျာ အာဏာရှင်​ စနစ်​က သူရဲ​ကောင်​းတစ်​​ယောက်​ ​မွေးဖွားလိုက်​ပြန်​ပြီ ။ အာဏာရှင်​စနစ်​ကို တစ်​ဦး​ကောင်​း တစ်​​ယောက်​​ကောင်​းစနစ်​နဲ့ တိုက်​ဖျက်​လို့မရဘူး။​ခေါင်​း​ဆောင်​မှု​ု​ကောင်​း​ကောင်​း​အောက်​က​နေပြီး ။ တ​​စ်​နိုင်​ငံလုံးအတာနဲ့ တိုက်​ဖျက်​မှ ရမှာ ။

    • မြစပဲရိုး

      March 21, 2015 at 7:14 pm

      ကျွန်မ သာဆို အဘနီ စကား ကို အရောင်ချယ် ပေးပြီ။
      မှန်သမှ ဟိုဘက်တောင် ရောက် အောင် မှန်ပါတယ်။

    • မြစပဲရိုး

      March 21, 2015 at 8:08 pm

      အဲဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် က အားလုံး အတွက် သူ့ icon ကို အကျ ခံ ပြီး အစိုးရ နဲ့ ပေါင်းလိုက်တာ လို့ ထင်ပါတယ်။
      အပြင်မှာ ဆို စည်းဝိုင်းထဲ က အလုပ် တွေ ကို ရေရေရာရာ ဘယ်လို သိနိုင်ပါတော့ မလဲ။
      နောက်ပြီး သူ က အာဏာ နဲ့ ပါဝါမှာ ယစ်မူး မဲ့ သူ မဟုတ်တာ အကြွင်းမဲ့ ယုံပြီး ဖြစ်ပါတယ်။

  • Yae Myae Tha Ninn

    March 23, 2015 at 9:54 am

    ဂုဏ်ယူပါတယ်… 🙂

  • Mike

    March 23, 2015 at 10:36 am

    .Congratulations မေစံပယ်ဖြူ
    .မိန်းကလေးတန်မဲ့ မတရားမှုတွေကို ရင်ဆိုင် ဖော်ထုတ် တွန်းလှန်ဖို့ မဆုတ်မနစ်ကြိုးစားခဲ့တဲ့သတ္တိနဲ့ ဇွဲကို
    .လေးစားပါတယ်

  • Shwe Ei

    March 24, 2015 at 4:10 pm

    -မျိုးစောင့် ဥပေဒအကြောင်း ကြားလိုက်ရင်..
    -အဝီစိ ဂျိုးကပ်ချင်လဲ ကပ်ပါစေတော့ဆိုတဲ့စိတ်နဲ့..အရေခြုံကို်ယ်တော်များကို…
    -အားပါးတရ ဆဲချင်စိတ်ပေါက်တယ်..

  • Ma Ma

    March 25, 2015 at 7:42 am

    ငယ်ငယ်ရွယ်ရွယ်မို့
    ထက်ထက်မြက်မြက်မို့
    နောက်ပြီး အမျိုးသမီးလည်း ဖြစ်တာမို့ ပိုပြီးဂုဏ်ယူပါတယ်။

    ကိုယ်တိုင်ဖြစ်သကဲ့ သို့ခံစားတတ်သောနှလုံးသား၊
    လုပ်ချင် သောစိတ်နဲ့အစွမ်း သတ္တိ၊ ဆိုတဲ့စကားလုံးတွေက ကြက်သီးထလောက်တယ်။ 🙂

  • Courage

    March 29, 2015 at 7:58 am

    ဘာပဲဖြစ်ဖြစ် အတ္တဟိတကို ဖယ်ပြီး ပရဟိတ စိတ်ထားနဲ့ လောကရဲ့အကျိုး နိုင်ငံနဲ့ လူမျိုးရဲ့ အကျိုးကို ဆောင်ရွက်နိုင်သူတွေအတွက် ဂုဏ်ယူပါတယ်။ အရမ်းလဲ လေးစားပါတယ်။

Leave a Reply