Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂွစာပို့စ်​

naywoon niApril 21, 20151min55111

ဂွစာပို့စ်​

အချိန်​ပြည်​့ လူ​တွေကို ဒဲ့ ကြည်​့တတ်​သူဖြစ်​​နေ​တော့ ကြားသမျှ စကား​တွေ မဆုံးခင်​ အ​တွေးက အဆုံးထိ​တွေးမိလိုက်​ပြီးပြီ ။ အဲ့ဒါက မ​ကောင်​းမှန်​းသိ​ပေမယ်​့ ကိုယ်​နဲ့ နှစ်​​ပေါင်​း​လေးဆယ်​​ကျော်​ အတူယှဉ်​တွဲ​နေလာခဲ့တာဆို​တော့ အကျင်​့က ​ဖျောက်​မရတာခက်​တယ်​ ။ တက္ကသိုလ်​တုန်​းက ကဗျာ​ရေး​ဖော်​ ကို​အောင်​ဂျမ်​းရဲ့ ဲ​ဆေးလိပ်​တစ်​တိုနဲ့
လျှာကိုဓားလို​သွေး
နာတာရှည်​​ရောဂါ​မွေးမယ်​
ဆိုတဲ့ ကဗျာတစ်​စ လိုပဲ ​ဟော့ဒိ ဖွားဘက်​​တော်​ ပါးစပ်​ကြီးက မ​ပြောရမ​နေနိုင်​​ပေါင်​ ​ပြော​ပြောမိ​နေ​တော့ မခက်​ဘူးလား :)။

တစ်​ရက်​က ဟိုး​လေးတစ်​​ကျော်​ ​ပြော​နေကြတဲ့ကိစ္စ ။ သူတို့​ပြောမှ လူ​တွေ ပိုပြီးစိတ်​ဝင်​စားကြ ။​မေးကြ မြန်​းကြ စုတ်​သပ်​ကြ ။ ​တောက်​​ခေါက်​တဲ့သူက​ခေါက်​ ။ အဆင်​းဘီးတပ်​​ပေးသူကလည်​းမရှား ။ သူတို့မျှမျှ တတ​ပြောပါတယ်​ဆိုမှ ပြစ်​မှုကပိုထင်​ရှားသွားတဲ့ စ​တေးတပ်​​တွေကလည်​း ​ဖေ့စ်​ဘုတ်​ထဲမှာပွစိရိုက်​သွား ။ အဲ့ကိစ္စနဲ့ ပါတ်​သက်​ပြီး ​နေဝန်​းနီဖတ်​ဖူးတာ​လေး နဲနဲ ​ပြောချင်​လို့ ။ ​​ဖီလိုဆိုဖာ ဆောခရတ္တိ လား သူ့ကို အင်္ဂဝဇ္ဇာ ပညာရှင်​က ​ဟောလိုက်​တာ
” တဏှာရာဂ ​တောက်​​လောင်​​နေတဲ့သူလို့ ”
အဲ့သလိုလဲ​ဟောလိုက်​​ရော အနားမှာရှိ​နေတဲ့ တပြည်​့တပန်​း​တွေက ရှူးရှူးရှားရှားဖြစ်​ကုန်​ပြီး တစ်​ချို့က အင်္ဂဝိဇ္ဇာ ဆရာကို ထိုးမယ်​ နှက်​မယ်​တစ်​ကဲကဲနဲ့ ဖြစ်​ကုန်​တဲ့အခါကျမှ ​ဆော့ခရတ္တိ ​ပြောလိုက်​တာကရှင်​းတယ်​ ။
” တပြည်​့တို့ စိတ်​မတိုကြလင်​့ ။ သူ​ပြောတာ အမှန်​​တွေချည်​့ပဲ ။ ငါက သတိ ဆင်​ခြင်​တုံ့ တရားနဲ့ ထိန်​းချုပ်​ထားလို့ ​တောက်​​လောင်​​နေတဲ့ တဏှာရာဂ က အပြင်​ကို​ရောက်​မလာတာ ” လို့​ပြောပြီး သူ့အခန်း​ထဲဝင်​သွားတယ်​ ဆိုလား ( မှား​နေတာ ​တွေ့ရင်​လည်​း ပြင်​​ပေးကြ​ပေါ့ဗျာ ။ အဲ့စာအုပ်​ကို အနားမှာ ရှာမ​တွေ့​တော့လို့ မှတ်​မိသလို ချ​ရေး​ပေးလိုက်​တာ )
အဲ့ဒိလိုပဲ ​ဖောက်​ပြန်​တတ်​တဲ့တရားကို သတိမထားမိရင်​ ဆို​တော့ …….. ။

​နေဝန်​းနီ စိတ်​ဝင်​စားတာက writer တစ်​​ယောက်​ရဲ့ ခင်​ပွန်​းသည်​ ဖြစ်​​နေလို့လည်​းမဟုတ်​ဘူး ။ ကာယကံ ရှင်​က မြန်​မာနိုင်​ငံသား ဖြစ်​​နေလို့လည်​းမဟုတ်​ဘူး ။ သူတို့နိုင်​ငံရဲ့ ဥပ​ဒေ ​ကြောင်​းကိုပဲစိတ်​ဝင်​စားတာ ။ ​အော်​ သူတို့နိုင်​ငံရဲ့ ဥပ​ဒေက ဒီလိုရှိပါလား ။ အဲ့သဟာ​ကြောင်​့ လင်​့ခ်​ရှိရာကိုသွား ဖုန်​းထဲက ဒစ်​ရှင်​နရီ​လေးနဲ့ ​ရှေ့ထိုး​နောက်​ငင်​ အပြန်​ပြန်​အလှန်​လှန်​ ပြန်​ဖတ်​ ။ ​အော်​ ဂလိုဂိုး ​ပေါ့​လေ ။

ဖြစ်​​လေ့ဖြစ်​ထရှိတဲ့ ဖြစ်​စဉ်​မျိုးပါပဲ ။ အဖြစ်​အပျက်​က လူကြားထဲ အထူးသဖြင်​့ မိန်​းက​လေး​တွေ ရှိ​နေတဲ့​နေရာမှာ ​ပြောမဖြစ်​နဲ့ အဖြစ်​မို့သာ ။အတိတ်​ ထင်​ရှားတဲ့ အနုပညာရှင်​​တွေ ထဲမှာလဲ ခုလို sex offender list သွင်​းခံရမဲ့ သူ​တွေ ရှိခဲ့ဖူးတာပဲ ။ဥပမာ ဗန်​းဆင်​့ဗင်​ဂိုး ခု​လော​လောလတ်​လတ်​ မြန်​မာပြည်​မှာ ထင်​ရှားခဲ့သူက ​အောင်​ရင်​ငြိမ်​းဖြစ်​မယ်​ထင်​ရဲ့ :)။

​နေဝန်​းနီ
1:07 AM
2015 Apr 21

11 comments

  • အောင် မိုးသူ

    April 21, 2015 at 10:20 am

    အောင်ရင်ငြိမ်းကတော့ အပြင်မှာလည်းရင်းနှီးတယ်။ သူ့စာအုပ်က ထွက်တာစောသွားတယ်လို့ ထင်မိတယ်။ ကောင်းတယ်ဆိုးတယ်လို့တော့ မဝေဖန်ချင်ဘူး။ စာရေးဆရာမ ခင်ပွန်းကိစ္စတော့ ကျန်ရစ်တဲ့ ကလေးကိုသာ သနားမိတယ်။

  • ခင်ဇော်

    April 21, 2015 at 2:14 pm

    ဒီ မနက်တင် ဘနီ အတွေး အရေးတွေကို သဘောကျတယ်လို့ လာပြောသူ ရှိသဗျ။
    🙂

    • naywoon ni

      April 21, 2015 at 9:10 pm

      ဒီ​လောက်​ ဂွစာ ဖြစ်​တဲ့သူကို ကြိုက်​တာ ဘူများပါလိမ်​့ဟယ်​ ¿¿¿
      အပြင်​မှာ​တွေ့ဖူးရင်​ သူလည်​း စိတ်​ပျက်​မှာ အ​သေအချာ ခ်​ခ်​

  • kai

    April 21, 2015 at 3:23 pm

    ဆရာအောင်ရင်ငြိမ်းက.. (ကိုယ်ထိလက်ရောက်တာမရှိခဲ့ရင်) လွတ်လပ်စွာရေးသားပြောဆိုခွင့်ဘောင်ထဲမှာရှိနေတယ်ထင်တာပဲ..။
    ဟို.. ဆရာဝန်ကတော့.. မိုင်နာ(အသက်မပြည့်သေးသူ)ကို.. ကိုယ်ထိလက်ရောက်.. ။
    မိန်းကလေးတွေက.. မိုင်နာဖြစ်နေသမို့.. တော်ရုံခွင့်မလွတ်..။

    အင်္ဂလန်မှာရော.. ယူအက်စ်မှာရောဆို.. ဒီခေတ်ဥပဒေကြောင်းအရ.. ဆရာအောင်သူငြိမ်းက.. အလွတ်ကြီးဗျ..။

  • Alinn Z

    April 21, 2015 at 3:30 pm

    အဲဒီ အောင်ရင်ငြိမ်းကို မေးစရာ မေးခွန်းတွေရှိလို့ မေးမယ် ကြံနေတာ…
    သူ့ကိုလည်း မေးမယ်နော်လို့…ပြောပြီးပြီ။
    ကျနေ်ာ့မေးခွန်းတွေ ကို ပတ်ပြေးနေတယ်…

    .မေးဖို့များ အကြောင်း ညီညွတ်လို့ကတော့ ပွဲကြီးပွဲကောင်းပဲလို့…

    ပလို့ ဂျိ

    :k:

  • naywoon ni

    April 21, 2015 at 6:07 pm

    ကျ​နော်​မှတ်​မိသ​လောက်​
    ​ဆရာ ​အောင်​းလင်​း – ပစ်​တိုင်​း​ထောင်​
    ဆရာမြသန်​းတင်​့ -ကံ​ကောင်​း
    နုနုရည်​(အင်​းဝ) – နမ်​းမှာလား​မောင်​ရဲ့ ​မွှေးတယ်​ရှင်​့
    ဂျူး – အမှတ်​တရ
    ​ကောထန်​​မောရီရယ်​ – ဓာတ်​ခွဲခန်​းထဲက ပန်​းသီး​လေးတစ်​လုံး
    အဲ့ထက်​ ​အောင်​ရင်​ငြိမ်​းက ပို​ဆိုး​နေသလားလို့ 🙂

    • Alinn Z

      April 22, 2015 at 8:21 am

      အဟမ်းးးး
      ဦးနီ

      ကျနော် ဖတ်ဖူးသလောက်တော့ ဦးနီအခု ထုတ်ပြခဲ့သလောက် စာအုပ်တွေဟာ
      .အောင်ရင်ငြိမ်းစာအုပ်နဲ့ အဆိုး အကောင်း နှိုင်းယှဉ်စရာကို မလို ( မလိုရေးချ မလို)

      ——————————–
      ဘာလို့လဲ ဆိုတော့ အောင်ရင်ငြ်ိမ်းရဲ့ ရိုမန်းဘော့ဆိုတဲ့စာအုပ်က အဲ့ဒီ ဆရာကြီးတွေရဲ့ စာအုပ်တွေနဲ့
      တတန်းထဲ မရှိသင့်တဲ့ ညစ်ညမ်းစာပေ / အညှီအဟောက်စာပေ/
      ရည်ရွယ်ချက်ရှိရှိနဲ့ ပျစ်ပျစ်နှစ်နှစ်ရေးထားတဲ့ အဆိပ်အတောက်တခုလေ
      ——————————–

      ဟို ဆရာ/ ဆရာမတွေ ရေးထားတဲ့ စာအုပ်တွေထဲမှာ
      .အောက်ပိုင်းဆိုင်ရာ(လိင်ပိုင်းဆိုင်ရာ)ကို ဖွဲ့နွဲ့ထားတာချင်း တူရင်/ပါရင်တောင်
      .အောင်ရင်ငြိမ်းက အရည်တောက်တောက်ကျနေတာတို့ ဘာတို့ ညာတို့ ဘာအဖွဲ့အနွဲ့မှ မပါပဲ ပျစ်ပျစ်နှစ်နှစ်ရေးထားတာ
      ဆိုတော့ လိင်မှုကိစ္စ ကိုပဲ ရေးတာချင်းတူရင်တောင် ဟိုဆရာကြီးတွေက သိမ်မွေ့သွယ်ဝိုက်စွာ
      အနုပညာဆန်ဆန် တင်ပြထားတာမို့
      စာပေ အနုပညာ တန်း မှာ ဝင်ဆန့်နေခဲ့တယ်။

      .အောင်ရင်ငြိမ်းကတော့ လိင်မှုကိစ္စ ကို အနုပညာဆန်ဆန် သိမ်မွေ့ သွယ်ဝိုက် မရေးနိုင်ပဲ
      ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းက ပုန်းရှိုးကွယ်ဝှက်ရောင်းနေတဲ့ ဘာညာစာအုပ်(ညစ်ညမ်းစာအုပ် အပါးလေးတွေထဲကလို) အပေါစားဆန်တဲ့ အောက်တန်းစားစကားလုံးတွေနဲ့ ရေးထားတာပါ။
      အများသုံးအိမ်သာနံရံမှာ သိက္ခာ သမာဓိ မရှိတဲ့ လူပေါ့လူရွှတ်တွေ ရေးခြစ်ထားတဲ့ စာသားမျိုးတွေကို
      အနုပညာဆိုပြီး တံဆိပ်ကပ် လွှတ်လိုက်တာဂျီးးး

      ဆိုတော့ ညှီနံ့တွေ ပုပ်နံ့တွေနဲ့ အနုပညာ တန်းနဲ့ မတန်တဲ့ လက်ရာတခု
      တိုးတိုးတိတ်တိတ် ကြိတ်ရောင်းနေတဲ့ ပန်းဆိုးတန်း စာအုပ်ဟောင်းတန်းက
      ဘာညာစာအုပ်တွေကြားမှာသာ ထားသင့်တဲ့စာအုပ်. . .

      ဂျူးရဲ့ အမှတ်တရက ဘာမှ ဆိုးဝါးမနေဘူး။
      အချစ်ကို သိမ်မွေ့စွာ ဖော်ကျူးပြထားတာ/
      လင်မယားလို မနေဘဲ အနစ်နာခံ ချစ်ပြတတ်တဲ့ မိန်းကလေးတယောက်နဲ့
      ရိုးသားတဲ့ သာမန်ယောက်ကျားလေးတယောက် အိမ်ကလေးတအိမ်ထဲ အတူ ငှားနေကြတယ်
      ဒါပဲ
      .အောင်ရင်ငြိမ်းရဲ့ စာအုပ်ထဲမှာ ပါသလိုမျိုး လိင်ပိုင်းဆိုင်ရာတွေကို ပျစ်ပျစ်နှစ်နှစ် တလုံးမှ မပါဘူး။
      အရည်တောက်တောက် ကျနေတယ်ဆိုတာမျိုးလည်း မပါဘူး။

      ဆိုတော့ အင်မတန် ပြောင်မြောက်အောင် ရေးတတ်ပါတယ်ဆိုနဲ့
      ဆရာအောင်ရင်ငြိမ်းကို
      ဂျူးရဲ့အမှတ်တရလို သိမ်မွေ့ငြင်သာစွာ အချစ်ကို ဖော်ကျူးပြတဲ့ ဝတ္ထုမျိုး ရေးပြနိုင်မလား မေးချင်တယ်
      ဘာညာစာအုပ် အပါးလေးတွေထက် အဆင့် မြင့်တာလေးတွေ ရေးဖို့ မျှော်လင့်ပါတယ်။

  • မြစပဲရိုး

    April 22, 2015 at 2:37 am

    ဂျူး ရဲ့ အမှတ်တရ က ဘာများမှားနေလို့လဲ အဘနီ ရယ်။
    ကာမပိုင် မရှိ တဲ့ လွတ်လပ်တဲ့ လူငယ် နှစ်ယောက် ကြားမှာ ကာမ ကို ရှေ့ထား တဲ့ ညစ်ညမ်းစိတ်ဓာတ် တွေ မရှိဘဲ ဖြူစင်ပြီး စောင့်ထိန်းတဲ့ အချစ်သန့်သန့် လေး နဲ့ နေကြတာ ဘယ်သူ့ ကို ထိခိုက် ခဲ့လို့လဲ။
    သူတို့ နှစ်ယောက်လုံး ရဲ့ လိပ်ပြာ တွေ သန့် တာ သူတို့ အသိဘဲမို့ ဇာတ်ရုပ် တွေ က အောက်တန်း မကျခဲ့ပါဘူး။
    ဒါကို ကြေးစား စိတ် ဇာတ်ရုပ် တွေ နဲ့ တော့ တန်းမညှိလိုက်ပါနဲ့။

  • ဂျက်စပဲရိုး

    April 22, 2015 at 8:29 am

    **တိုင်းပြည်စုတ်တေါ့လဲ လူတွေပါ ငုတ် ကုန်တါပေါ့**
    ဒီရက်ပိုင်းအတွင်း fb မှာတက်လါတဲ့ UK
    က မြန်မါဆရာဝန် အံ့ထွန်းမေါင် အကြောင်း
    ဖတ်ကြရမှာပါ။မြန်မါတစ်ယေါက်မို့ ဖြစ်ရလေခြင်းဆိုပြီးရင်ထုမနာဖြစ်ရပါတယ်။
    နောက်တစ်ခု သူမိန်းမက အရောင်းသွက် နာမည်ကြီးစါရေးဆရာမတစ်ယေါက်ဖြစ်နေကြောင်းသိရတေါ့ပိုပြီးစိတ်မကေါင်းဖြစ်ရပါတယ်။
    စိတ်ထဲမှာလဲ ဖြစ်နှိင်ပါ့မလါးဆိုတဲ့ အတွေးတွေကဝင်လါတါနဲ့ UK မှာရှိနေတဲ့
    သါးဆီလှမ်းပြီး စပ်စုကြည့်မိပါတယ်။ခေ ျွးမ
    သမီးလေးကလဲ UK မှာဘဲလုပ်နေတဲ့ ဆရာဝန်မလေး ဆိုတေါ့ သူတို့ အသိုင်းအဝိုင်း
    ထဲကမို့ အဖြစ်မှန်ကိုအနီးစပ်ဆုံးသိနှိင်တယ်လေ။
    အဲဒီဆရာဝန် အံ့ထွန်းမေါင်မိသါးစုဟါ ဘါပြဿ
    နာမှ မရှိတဲ့ အေးအေးဆေးဆေးနေထိုင်ကြတဲ့ယဉ်ကျေး
    ပြူ ငှာမှုရှိမိသါးစုတစ်စုပါတဲ့။စီးပွားရေးအခြေနေကလဲသူ့အမျိုးသမီးရဲ့စါရေးလို့ရတဲ့စါမူခနဲ့
    တင်လူတန်းစေ့နေနှိင်ပါတယ်။ချစ်စရာသါးသမီးတွေနဲ့ ပျော်စရာကေါင်းတဲ့မိသါးစုလေးပါတဲ့။ဆရာအံ့
    ထွန်းမေါင်ဟါလဲ ခင်စရာကေါင်းပြီးရိုးသါးတဲ့
    သုုူတစ်ယေါက်ဆိုတါမြန်မါအသိုင်းအဝိုင်းကသိကြပါတယ်တဲ့။
    အမှုဖြစ်စဉ်ကတေါ့2012 ကဖြစ်တါပါ။ရင်ဘတ်အေါင့်တယ် ဗိုက်နာတယ်
    ဆိုပြီးဆေးခန်းကိုလါပြတါ။အင်္ဂလန်သူလေး။သူ့အမေ ကိုယ်တိုင်
    ပါလါပါတယ်။အသက်ကတေါ့ ၁၅ နှစ်ရှိပြီတဲ့။
    စစ်ဆေးဘို့ရင်ဘတ်ကိုနားကြပ်နဲ့ထေါက်ပါတယ် အဲဒါကိုသူ့ရင်ကိုထိပါတယ် ကိုင်ပါတယ်ဆိုပြီးပြဿ နာရှာတါပါ။အဓိက က
    တေါ့ ဆရာကမြန်မါဖြစ်နေလို့ အထင်သေးပြီး
    လေ ျှာ်ကြေးလိုချင်လို့ပါတဲ့။ဆရာကလဲသူကမှန်နေတေါ့အမှုကိုရင်ဆိုင်တါပေါ့။ဒါပေမဲ့ အခု နောက်ဆုံးတေါ့ထေါင် ၁၈ လချပြီးဆရာဝန်လက်မှတ်ပါသိမ်းမဲ့ကိန်းဆိုက်နေပါတယ်။
    အမှန်ကတေါ့ခုလက်ရှိ အင်္ဂလန်သူ/သါးတွေဟါသူတို့ဆီမှာအလုပ်လါလုပ်နေကြတဲ့နှိင်ငံခြားသါးတွေကိုသိပ်မကြည်ကြပါဘူး။
    အထူးသဖြင့် သူတို့ဆီမှာ ဗုံးဖေါက် အကြမ်း
    ဖက်လုပ်ငန်းတွေလုပ်နေတဲ့ အါရတ်အလယ်ပိုင်းကမွတ်ဆလင်အုပ်စုတွေကိုပေါ့။ကျနော ်တို့ကဆါးညှပ်တါလေ။တိုင်းပြည်ကလေးစါး
    ခြင်းမခံရတေါ့ ကျနော ်တို့တွေလဲ အထင်သေးခံရတါပေါ့။ ဒီနေရာမှာအံ့ထွန်းမေါင်
    ဟါ ဂျပန်ဖြစ်မယ် တရုပ်ဖြစ်မယ် ကိုရီးယါးဖြစ်မယ် အမေရိကန်သါ ဖြစ်မယ်ဆိုရင်အမှု ၂ခုလုံးကလွှတ်မှာပါ။ခုတေါ့
    ကိုရွှေဗမါ မို့ လူမလေး ခွေးမခန့် နဲ့ ခံ လိုက်ရတဲ့အမှုပါ။အခုလဲ uk မှာရှိတဲ့ မြန်မါ
    တွေကတေါ့ အမှုမှန်ပေါ်ရေး ကြိုးစါးနေကြပါတယ်တဲ့။ကေါင်းသတင်းပါ။
    ပြည်ပမှာ ကျနော ်တို့ပိုပြီးစည်းလုံးကြရမှာပါ။
    ပြည်တွင်းမှာရှိနေတဲ့ ကျနော ်တို့တွေကလဲ အဖြစ်မှန်ကိုမသိသေးဘဲ fb ရဲ့ အမျိုးမျိုးသေါသတင်းတွေကိုအသိဉာဏ်လေးနဲ့
    ဆုံးဖြတ်ပြီးမှ ဝေဖန်ကြပါ comment ပေးကြပါ share ကြပါလို့ ပြောချင်တါနဲ့
    ဒီ post လေးကိုတင်လိုက်ခြင်းပါ။

    credit : U Kyaw Mya Win (from FB)

    ဒီမှာ ဖဘ လင့်ခ်

    • မြစပဲရိုး

      April 23, 2015 at 3:31 am

      ကိုယ်အသေအချာ အရင်း အမြစ် မသိတဲ့ သတင်း ကို အကောင်အဆိုး မဝေဖန်ချင်တာမို့ လက်ရှောင်နေခဲ့ပါတယ်။
      ဒါပေမဲ့ ဒီမှတ်ချက်ဖတ်ပြီး အူယား လာလို့ ပြောပါရစေ။

      အမှု အသွားအလာ အတွက် အခင်းဖြစ်တဲ့ နေရာ က “the northern echo” ဆိုတဲ့ သတင်းစာ တွေထဲ မှာ အမှုစစ် တဲ့ အမေး၊အဖြေ (တရားလို ရော၊ တရားခံ ပါ ပြောတဲ့ စကားတစ်ချို့) ကို ဖော်ပြထားခဲ့ပါတယ်။
      သိချင်ရင် ကိုယ့်ဟာကို ရှာဖတ်ပြီး ကိုယ့်ဟာကို သာ ကိုယ်ပိုင် တွေးကြပါတော့။
      အမှု မှာ စကားလုံး တွေ က ခပ်ကြမ်းကြမ်း ကို သုံးထားတာပါ။

      ဒီလို နိုင်ငံ က တရားစီရင်တာဟာ မြန်မာပြည် လိုမဟုတ်ဘူး ဆိုတာပါ။
      ပွင့်လင်းမြင်သာမှုရှိပါတယ်။ တရားခွင်က စကား တွေ ကို လူရှေ့ ချပြတယ်။
      အဲဒီမှာ သတင်းမှားတွေ ထုတ်ရင် ပြန်တရားစွဲ နိုင်ပါတယ်။

      အခုပြောချင်တာက ဘယ်သူမှား ဘယ်သူမှန် လို့ ဘယ်သူ့ ဘက် ကို မှ ရပ်ပြဖို့မဟုတ်ပါ။
      ကိုယ့်မြန်မာ ချင်း ရိုင်းပင်းဖို့ မပြောဘဲ တစ်ဖက် ကို လိုက်ပြောနေစရာလဲ အကြောင်းမရှိပါ။
      ကာယကံရှင်တွေသာ အသိဆုံးဖြစ်တာမို့ မိန်းကလေးများက တမင် ထောင်ချောက်ဆင်ပြောတာဖြစ်နိုင်သလို ဆရာဝန် ကလဲ တကယ်ကျူးလွန်တာလဲ ဖြစ်နိုင်ပါတယ်။
      လူနာ အနေနဲ့ ဆရာဝန် ဟာဘာလူမျိုး ဆိုတာ မသိနိုင်ပါဘူး။
      ဒီတော့ မြန်မာလူမျိုး မို့ တမင် အကြောင်းရှာ တရားစွဲချင်တိုင်း စွဲလို့ မရပါ။
      ဖြစ်ချင်တော့ အမှု က ၂မှု ဖြစ်ခဲ့တာ က ပိုဆိုးပါတယ်။

      နောက်ပြီး မှတ်ချက်ထဲ ပါတဲ့
      { အမှန်ကတေါ့ခုလက်ရှိ အင်္ဂလန်သူ/သါးတွေဟါသူတို့ဆီမှာအလုပ်လါလုပ်နေကြတဲ့နှိင်ငံခြားသါးတွေကိုသိပ်မကြည်ကြပါဘူး။}
      ဘယ်လို စစ်တမ်းကောက်ပြီး ရလာတဲ့ အချက်အလက် လဲ တော့ မသိ။ အခြေအမြစ်မရှိ။ ပါးစပ်ထဲ ရှိရာ ကောက်ပြောချသလို ဖြစ်နေတော့တာ။
      ဒါကိုလဲ မပြောတော့ပါ။

      တကယ်တမ်း ပြောလိုတာက သတင်းတစ်ပုဒ် ပါ။
      လွန်ခဲ့တဲ့ နှစ် က ဘီဘီစီ presenter တစ်ယောက် ထောင် ၂၂ နှစ် ကျသွားတဲ့ အမှု က ကလေးတွေ ကို လိင်မှုဆိုင်ရာ ကျူးလွန် ခဲ့လို့ပါ။
      အဲဒါ မြန်မာ (သို့) အာရှနွယ်မဟုတ်ပါဘူး။
      အင်္ဂလိပ်လူမျိုး စစ်စစ်ပါ။
      http://www.bbc.co.uk/news/uk-england-24755052
      A former BBC radio presenter has been jailed for 22 years for sex attacks on boys.
      Michael Souter, 60, of Loddon, Norfolk, was convicted earlier this month of 19 sexual assaults on seven boys aged between 11 and 16.

      ဒီတော့ ကိုယ့်လူမျိုး ချစ်တာလဲ ချစ်ကြတာပေါ့။
      . ဖြစ်နိုင်ရင် တော့ လူမျိုးရေး တွေ မပါဘဲ ကြည့်နိုင်ကြရင် အမုန်းတရား တွေ ကင်းကင်း နဲ့ အမြင်ရှင်းရှင်း ကို မြင်နိုင်ပါမယ်။
      မဟုတ်လို့ ကတော့ နိုင်ငံထဲ ဟိုလူမျိုး မို့ ဒီ လူမျိုးမို့ သွေးခွဲ နှိမ်တတ် တဲ့ ကိုယ့်အကျင့် တွေ နဲ့ သူများ တွေ ကို သွားပြီး တိုင်းကြည့် နေသလို ဖြစ်မှာ စိုးပါတယ်။

      . လောလောဆယ်မှာ ကို ကုလား ကို ရှိခိုး နေပါရော့လား ဆို တဲ့ စကားလုံး တွေ ကို စိတ်ပျက် အော့နှလုံးနာလွန်းလို့။
      . အဆုံးစွန်ပြောလိုက်မယ်။ ဘာဖြစ်လဲ။ ရှိခိုးတော့လဲ။လူလူချင်း ဂါရဝပြုတာ ဆန်းလား။
      . သူတို့ဟာသူတို့ အဲဒီ လူမျိုး အမေအဖေ က မွေးလို့ အဲလို လူမျိုး ဖြစ်ရတာ။ ဘာ ကို အပြစ်ရှာ နေချင်လဲ။
      . အမှန်က အကြောင်းရှာပြီးကို သူတို့ အဘ တွေ အတွက် ပြသနာ လုပ်ပေးနေတော့တာ။ လူတွေကို သူတို့ ပြောတိုင်း လုပ်တိုင်း ယုံမဲ့ နလပိန်းတုံး တွေ မှတ်နေတော့တာ အံ့စရာဘဲ။
      🙄

  • မွသဲ ( 17082011 )

    April 26, 2015 at 4:39 pm

    ဆရာဝန်အမှု့ကတော့ဝေဖန်စရာမရှိပါဘူး။ တရားစီရင်ရေးသေချာတဲ့နိုင်ငံမို့လဲ မှတ်ချက်မပေးလိုပါဘူး။ တခုပဲ အလုပ်မရှိကြောင်မရေချိုးလုပ်ပြီး ဖဘပေါ်မှာ လွန်းထားထားနာမယ်ဖော်တာကျင့်ဝတ်နဲ့ညီမညီငြင်းခုန်နေတာကြည့်မရဘူးရယ်။

Leave a Reply