ဗလာ ငါးတန်
ဗလငါးတန်ကို တစ်တန်ချင်းစီ စစ်ဆေးတိုင်းထွာတတ်သော အကြီးအကဲများနှင့် ကိုယ်ကြုံနေရသည်။
ပထမ ဗလတစ်တန်ကို စစ်ဆေးသူက ကိုယ့်ကို မေးသည်။
”ဟေ့ မောင်ရင် မင့်ဆီမှာ
စာရိတ္တဗလ ရှိသလား ”
ကိုယ့်ထံမှ အဖြေက. . .
‘သုည’
——
ဒုတိယဗလ နောက်တစ်တန်စစ်ဆေးသူက. . .
”ဟေ့ သူငယ်. . မင်းဆီမှာ ဘောဂဗလ ရှိလားကွဲ့”
ကိုယ့်ထံမှ အဖြေကတော့ . . .
‘သုည”
——-
တတိယဗလ တစ်တန်ကို တစ်ယောက်က စစ်ဆေးပြန်သည်။
”ဟေ့. . . မင့်မှာ မိတ္တဗလ ရှိသလား”
ကိုယ့်အဖြေကတော့ ထုံးစံအတိုင်း…
”သုည”
———
ထို့နောက် . . . စတုတ္ထဗလကို မေးသူနှင့် တွေ့ရပြန်သည်။
”မောင်ရင်လေးမှာ ဉာဏဗလဆိုတာ ရှိသလားဟဲ့”
ကိုယ့်ဆီမှ အဖြေစကားကတော့ ထုံးစံတကာ့ထုံးစံအတိုင်း. . .
”သုည”
———
အဲ့သည်နောက်မှာ ပဉ္စမ ဗလတစ်တန်ကို အမေးခံရပြန်သည်။
”မောင်မင်းမှာ ကာယဗလရော ပြည့်စုံရဲ့လားဟဲ့”
မလွဲမသွေ ကိုယ်ပြန်ဖြေရတာက. . .
”သုည”
———
စစ်ဆေးမှုတွေအပြီးမှာ ကိုယ့်အတွက် ဝမ်းမြောက်ဖွယ်ရာ ဂုဏ်ထူး ဘွဲ့ထူးကြီး ရလိုက်သည်။
”သုညဗလရှင်” ဆိုသော ဘွဲ့ထူးဂုဏ်ထူးကြီး ရလိုက်ခြင်းဖြစ်သည်။
ဝမ်းမြောက်ဖွယ်ရာ အထိမ်းအမှတ်အဖြစ် ကိုယ့်အိမ်နံရံပေါ်မှာ စာသားတချို့ ရေးခြစ်လိုက်သည်။
”ငါသည်ကား
ဗလငါးတန် ပိုင်စိုးနိုင်သူထက် အင်အားကြီးပါသော ”ဗလာငါးတန်” ပိုင်စိုးသူ ဖြစ်ပေတော့သတည်း”
———–
ချစ်ခင်လေးစားလျက်. . .
Alin Z @ Maung Thura
28 comments
Mr. MarGa
April 20, 2015 at 4:25 pm
ပေါင်းခြင်း သုည
သင်ဟာ လူ့ဗာလ
Alinn Z
April 20, 2015 at 4:31 pm
ဗလာရဲ့ စွမ်းအားနော်
ဗာလ မဟုတ်
:kwi:
ဝင့်ပြုံးမြင့်
April 20, 2015 at 5:14 pm
.အလက်ဇင်း ပြန်ရောက်လာလို့ တော်သေး။ ရွာကြီးက ပျင်းစရာကြီးဖြစ်နေတာ။
Alinn Z
April 20, 2015 at 5:18 pm
တိန်။
အနော် ခရီးထွက်တာ ဒီတခေါက် နည်းနည်း ရက်ရှည်သွားတယ်
ဒါမယ့် ရွာထဲ ပုံမှန်ပါပဲ။
:kwi:
အနော်ပျံရောက်လာတော့ ပျင်းစရာကြီးကနေ
မျက်စိနောက်စရာကြီး ဖြစ်သွားရောပေါ့နော်
ပလို့ဂျိ
:k:
ခင်ဇော်
April 20, 2015 at 7:34 pm
ရွာမှာ အမြဲ အက်တစ်ဖြစ်နေတဲ့ ကလေးကို မြင်ရတာ
ကူညီချင်တဲ့ ကလေးရှိတာ မင်္ဂလာတစ်ပါးလို့ မှတ်ယူပါတယ်ကွယ်။
:chit:
Alinn Z
April 20, 2015 at 10:00 pm
ရွာမှာ အမြဲ ရှိဆို
တချိန်ကျရင် ကျနော်က သဂျီးလုပ်မှာလေ
ဟီဟိ
ပလို့ဂျိ
:k:
တကယ်တော့ ရွာကို မဝင်တော့ပါဘူးလို့ တခါတွေးမိရင်
အခါတစ်သောင်းလောက် ထပ်ထပ် ဝင်မိနေတာ
သဂျီးများ ချစ်စနိုးနဲ့ ကျိန်စာတိုက်ထားသလားမသိ
:k:
(အမှန်က ကိုယ့် သံယောဇဉ်ကြိုးကို ကိုယ် မဖြတ်နိုင်တာ)
Ma Ma
April 20, 2015 at 9:26 pm
ကိုယ်တွက်ကြည့်တာတော့ ………
အနည်းဆုံးးး စာရိတ္တဗလ၊ မိတ္တဗလ နဲ့ ဉာဏဗလ ဗလ ၃တန်လောက်တော့ ရှိပါသေးတယ်။
Alinn Z
April 20, 2015 at 10:35 pm
အန်တီမမကတော့
ဗလ ငါးတန်လုံး အပြည့်အဝ ရှိနေတဲ့သူလို့
ကျနော် မြင်တယ်
မြစပဲရိုး
April 20, 2015 at 9:56 pm
ဟေ့ သူငယ်လေး
အရီး စဉ်းစားကြည့်တယ်။
သုည နဲ့ ဗလာ တကယ်တော့ တူမယ်မထင်။
ဥမပါကို ပြောရရင်
၁ နောက်မှာ ဗလာ ဖြစ်ရင် ၁ ဘဲ ဖြစ်ပေမဲ့
၁ နောက်မှာ သုည တိုးတိုင်း ၁ က တန်ဖိုးကြီးရော။
တစ်ခု ဘဲ ပြောကွယ်။ သုည လား ဗလာ လား။
ဘာဘဲ ဖြစ်ဖြစ် ဗာလနံ မဖြစ်ပြီးရော ကွယ်။
lol:-))))
အတည်ပြောရရင်တော့
ချစ်မမ ပြောသလို အဲဒီ ၃ တန် က မင်း ရဲ့ လက်ထဲ မှာ ဘဲ ရှိပါတယ်။
အမြဲ တည်နေအောင် ကြိုးစားပေါ့။
ကျန် ၂ တန် ကတော့ ကံ ကို သာ ပုံထားလိုက်။
စားတိုင်း ဝ တာ မဟုတ်တာ က သက်သေဘဲ ဟုတ်။ :))
မှတ်ချက် – ရွာ အဝင် ၃ + ၂ နဲ့ စာမေးပွဲ စစ် နေပါတော့လား။
Alinn Z
April 20, 2015 at 10:57 pm
အရီး


သုညနဲ့ ဗလာ အတူတူပဲလို့ အဓိပ္ပာယ်ယူပြီး ဒီစာမူလေးထဲ ထည့်ရေးလိုက်တာရယ်ပါ
အရီးပြောသလိုဆိုတော့လည်း ဟုတ်သား
သုည လုပ်မလား ဗလာ လုပ်မလားဆိုရင် ဒီစာမူထဲမှာ ဗလာပဲ ထည့်မယ်
ဒါနဲ့ ရွာအဝင်မှာ ဂဏန်ပေါင်းတွေ ကျွေးနေတာလား
ဟိုတပါတ်လောက်ကလည်း ကိုတောပျော်ကြီးကို ရွာအဝင်မှာ ဂဏန်းပေါင်းတွေ ကျွေးလို့တဲ့
ကြည့်ရတာ သဂျီးက လူရွေးပြီးများ ဂဏန်းပေါင်းတွေ ကျွေးနေလေသလားးးး
ပလို့ဂျိ
:k:
kai
April 21, 2015 at 4:21 am
ဟင်..။
စာမေးပွဲစစ်နေပြန်ပြီလား…။ :kwi:
Alinn Z
April 21, 2015 at 4:11 pm
စစ်တယ် စစ်တယ်…
.ပြီးခဲ့တဲ့တပါတ်လောက်က ကိုတောတွင်းပျော်က .. ကျနော့်ကို လာတိုင်ပင်တယ်။
ရွာအဝင်မှာ သူ့ကို Prove your humanity : 3 + 8 = ဆိုပြီး စစ်နေလို့တဲ့…
ဘယ်လို လုပ်ရမလဲ…တဲ့ ။
အီပုပ်ဂိုလေးကလည်း… ဘာမသိ ညာမသိနဲ့ … 11 လို့ ဖြည့်လိုက်ပေါ့လို့ အကြံပေးလိုက်တယ်..
ပလို့ ဂျိ…
:k:
kotun winlatt
April 21, 2015 at 4:57 am
အင်းးးး အတိတ်စိမ်းတွေပေးနေတာများလား ဗလငါးတန် ဗလာငါးတန် ဗ က ၄ လကလည်း ၄ အပီပဲဟေ့ ဒီအပတ် ၄၄၅ ခိခိ
Alinn Z
April 21, 2015 at 3:28 pm
တိန် တိန် (နှစ်ခါတိန်)
အဲ့လိုချဲတို့ နှစ်လုံးထီတို့ ကျနော် ထိုးလည်း မထိုး..
သူများ ထိုးလည်း အားမပေး…
.ပေါက်နိုင်ချေ ရှိပါတယ်ဆိုတဲ့ ဆယ်ကွက် ကိုယ်ကထိုးရင် ကျန်တဲ့ အကွက် ကိုးဆယ်ထဲကနေ
ထွက်သွားနိုင်ချေ ရှိတယ်လေ။
ကိုယ့်ဆီက ပါသွားဖို့က ရာခိုင်နှုန်းမတရား များနေတာ….
:k:
lu lu
April 21, 2015 at 9:47 am
သုည မဟုတ်တဲ့ ဗလာ ပေါ့
:kwi:
Alinn Z
April 21, 2015 at 3:34 pm
ဗလာငါးတန် ပိုင်ရှင်ကွ…
ဘာမှတ်နေလဲ…
(အေးသာယာဝိုင် မသောက်ခင် မူးနေပြီ)
:k:
ဝင့်ပြုံးမြင့်
April 21, 2015 at 2:55 pm
.ဆရာကြီး မင်းသုဝဏ်ကတော့ လီယာမင်းကြီးမှာ ပြန်ခဲ့တာ။ နတ္ထိ ပါ အရှင် တဲ့။
Alinn Z
April 21, 2015 at 3:37 pm
ကျနော့် ဆရာတာရာမင်းဝေကတော့ ….
သုညဆိုတာ တကယ်သုည စစ်သွားရင်… ပြစရာ သင်္ကေတ “ 0 ” ဆိုတာတောင် မရှိတော့ဘူး…တဲ့…
ပြစရာ သုည အက္ခရာ (သင်္ကေတလေး) ရှိနေသေးရင်…အဲဒါ… သုည မစစ်သေးဘူးဆိုပဲ…
ဖျားတယ်…
အောင် မိုးသူ
April 22, 2015 at 9:53 am
အေးအေး……..အာ့ပဲကောင်းတယ်။
Alinn Z
April 22, 2015 at 3:01 pm
:k:
:k:
Mike
April 22, 2015 at 10:36 am
.ရောမတွေ သုည ကိုမသိခဲ့လို့ သချာင်္မှာဒုက္ခရောက်ခဲ့သတဲ့….
.သုည ကို အိန္ဒိယ ကစတွေ့တာဆိုပဲ
Alinn Z
April 22, 2015 at 3:03 pm
စာဖတ်အားကောင်းတဲ့ ဦးမိုက်
လာရောက်ဖတ်ရှုပြီး comment လေး ပေးခဲ့တဲ့အတွက်လည်း ဇူးဇူး
Ma Ei
April 24, 2015 at 12:59 pm
”ဗလာငါးတန်” ပိုင်စိုးသူရေ…
ခရီးသွားပို့စ်လေး ဓာတ်ပုံလေးတွေ မျှော်နေတာနော်…
တင်ပါဦး…
Alinn Z
April 25, 2015 at 7:55 am
တင်မယ်ဗျ။ တစ်ပုဒ်တော့ အဆင်သင့် ရေးပြီး ချွတ်ပြီးပြီ
အိုးးးပြောနေကြတာပါတယ်
အခုပဲ တင်တေ့ာမယ်ဗျို့
ပလို့ဂျိ
manawphyulay
April 24, 2015 at 1:24 pm
မောင်သုညရေ…. အဲ မောင်သူရ
မွှားတွားလို့ လာရောက်ဖတ်မှတ်သွားတယ်နော်။
Alinn Z
April 25, 2015 at 8:00 am
ကျူးဇေးပါ အဲလေ ကျေးဇူးပါ မောမောမန မမ မနော ရေ
:k:
မွသဲ ( 17082011 )
April 26, 2015 at 4:26 pm
ဆက်ပန်ထုံကလေးက ဗလာငါးတန်ရှိရင်ရပါဘီကွယ်။ ယောက်ကျားဗလာ ရည်းစားဗလာ စပွန်ဆာဗလာ အဲ့အဲ့အဲ့ ပြေးဘီ ဟိဟိ
Alinn Z
April 26, 2015 at 4:41 pm
တိန် တိန် (နှစ်ခါတိန်)
:k: