Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၂ ( Thousand Islands Cruise & Albany ) ။

Foreign ResidentMay 14, 201514min113919

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား

ပေါ်တာ တောလား – ၁၂ ( Thousand Islands Cruise & Albany ) ။

 

ဝ၉ – ဝ၅ – ၂၀၁၄ ။

 

ဒီနေ့မနက် ရ နာရီလောက်မှာ အဘတို့တည်းတဲ့ ၊

Crowne Plaza Hotel, Toronto ကနေ ၊ Thousand Islands Cruise စီးဖို့ ၊

ကနေဒါ နှင့် အမေရိကန် နယ်ခြားမြစ် St. Lawrence River ကိုထွက်လာခဲ့ကြပါတယ် ။

 

ကျွန်း တစ်ထောင် သင်္ဘော ခရီးစဉ်သာပြောတာ ၊

အဲဒီ St. Lawrence River ဒေသမှာ ကျွန်းပေါင်း ၁၈၆၄ ကျွန်း ရှိတယ် ဆိုပါတယ် ။

တကယ့် တကယ်က အဲဒီ ကျွန်းပေါင်း ၁၈၆၄ ကျွန်း ထဲမှာ ၊

၁ဝ ပေ ပါတ်လည် လောက် ကျွန်း ပေါက်စနလေးတွေကိုလည်း ထည့်တွက်ထားတာပါ ။

 

သို့ပေမယ့် ရေ ကို အလွန် ကြိုက်တတ်တဲ့ အဖြူ Caucasian တွေကတော့ ၊

အဲလို ကျွန်း ပေါက်စနလေးတွေမှာလဲ မရမကကို နေနေကြတာပါဘဲ ။

အဘတို့ ခရီးစဉ် ကတော့ အဲဒီ ကျွန်းလေးတွေကြားမှာ ၊

အလှ အပ ကို လှည့်လည် ပြသမှာပါ ။

 

အဘတို့ Boat က ကနေဒါဘက်ခြမ်း Gananoque ဆိုတဲ့ နေရာကနေ စထွက်မှာ ။

အဲဒီ ကျွန်းကြို ကျွန်းကြား လျှောက်ပါတ်ပြီး Gananoque ကို ပြန်လာမှာ ။

 

12 ဒါက အဘတို့ စီးခဲ့တဲ့ Thousand Islands Cruise Boat လေ

Boat နာမည်က Thousand Islander IV တဲ့ ။

12 ဒါက အဘတို့ စီးခဲ့တဲ့ Thousand Islands Cruise Boat လေ  Boat နာမည်က  Thousand Islander IV  တဲ့ ။
12 ဒါက အဘတို့ စီးခဲ့တဲ့ Thousand Islands Cruise Boat လေ
Boat နာမည်က Thousand Islander IV တဲ့ ။

 

12 ဒါက Boat ပေါ်က TV မှာပြနေတဲ့ အဘတို့ သွားကြမယ့် ခရီးစဉ် ။

12 ဒါက Boat ပေါ်က TV မှာပြနေတဲ့ အဘတို့ သွားကြမယ့် ခရီးစဉ် ။
12 ဒါက Boat ပေါ်က TV မှာပြနေတဲ့ အဘတို့ သွားကြမယ့် ခရီးစဉ် ။

 

12 ဒါကတော့ ကနေဒါဘက်ကနေ Wellesley ကျွန်းပေါ်ကို ကူးတဲ့ တံတားကြီး ။

12 ဒါကတော့ ကနေဒါဘက်ကနေ Wellesley ကျွန်းပေါ်ကို ကူးတဲ့ တံတားကြီး ။
12 ဒါကတော့ ကနေဒါဘက်ကနေ Wellesley ကျွန်းပေါ်ကို ကူးတဲ့ တံတားကြီး ။

 

ဒါကတော့ ကနေဒါဘက်ကနေ Wellesley ကျွန်းပေါ်ကို ကူးတဲ့ တံတားကြီး ။

ခဏလေးကြာရင် အဘတို့ ဒီ တံတားကြီးပေါ်ကနေ ဖြတ်ပြီး ၊

အမေရိကန် ဘက်အခြမ်း ကို ကူးကြတော့မှာ ။

 

12 ကျွန်းပေါ်က ဘဝ လေး ။ ငြိမ်းချမ်းမယ့်ပုံ ရတယ် ။

12 ကျွန်းပေါ်က ဘဝ လေး ။ ငြိမ်းချမ်းမယ့်ပုံ ရတယ် ။
12 ကျွန်းပေါ်က ဘဝ လေး ။ ငြိမ်းချမ်းမယ့်ပုံ ရတယ် ။

 

12 ဒီ အိမ်ပိုင်ရှင်ကတော့ ကျွန်း ၂ ကျွန်းစလုံးကို ပိုင်တယ်ထင်တယ် ။

12 ဒီ အိမ်ပိုင်ရှင်ကတော့ ကျွန်း ၂ ကျွန်းစလုံးကို ပိုင်တယ်ထင်တယ် ။
12 ဒီ အိမ်ပိုင်ရှင်ကတော့ ကျွန်း ၂ ကျွန်းစလုံးကို ပိုင်တယ်ထင်တယ် ။

 

12 ကမ်းခြေ တစ်လျှောက်မှာလဲ အိမ်လေးတွေ ပြည့်နေတာဘဲ ။

12 ကမ်းခြေ တစ်လျှောက်မှာလဲ အိမ်လေးတွေ ပြည့်နေတာဘဲ ။
12 ကမ်းခြေ တစ်လျှောက်မှာလဲ အိမ်လေးတွေ ပြည့်နေတာဘဲ ။

 

ရေ ကို အလွန် ကြိုက်တတ်တဲ့ အဖြူ Caucasian တွေဆိုတော့ ၊

ကမ်းခြေ တစ်လျှောက်မှာလဲ အိမ်လေးတွေ ပြည့်နေတာဘဲ ။

 

ရေ ဆိုလို့ ပြောရဦးမယ် ၊ သူတို့ အဖြူ Caucasian တွေသာ ရေ ကြိုက်တာ ၊

အဘတို့ ကတော့ ရေ / ကမ်းနား သိပ် မကြိုက်လှပါဘူး ။

မြန်မာ နိုင်ငံသား မို့လို့လား မသိဘူး ရေ ဆိုတာ နှင့် ၊

မစီးဆင်း ပိတ်နေတဲ့ ရေမြောင်းတွေ ၊ မြောင်းပုတ်နံ့ နှင့် ခြင်တွေ ပြေးမြင်တာဘဲ ။

 

လွန်ခဲ့တဲ့ ၃ နှစ်လောက်က အဘ အမျိုးသမီး အိမ်ဝယ်တဲ့ ရောဂါထတုန်းကလဲ ၊

အဘတို့ လင်မယား ဆုံးဖြတ်ထားတာ ရေကူးကန် မပါတဲ့ အိမ် ဘဲဖြစ်ရမယ် လို့ ။

နို့ ၊ အိမ် မှာ ရေကူးကန် ပါရင် Maintenance အရမ်း အလုပ် ရှုပ်တာကိုး ။

ဒီဖက် နိုင်ငံတွေမှာက ၊ ကိုယ့် အိမ် ကိစ္စ ကိုယ့်ဘာသာကိုယ် လုပ်ရတာလေ ။

အိမ်ဖေါ် လည်း မထားနိုင် / ထားတဲ့ အလေ့အထ လဲ မရှိတဲ့ နိုင်ငံကိုး ။

 

နောက်ပြီး ရေကူးကန် ပါတဲ့အိမ်ဆို Insurance များတယ်လေ ။

ရေကူးကန် မှာသုံးတဲ့ Auto Pump တွေ ကြောင့် အိမ်မီးလောင်တာ များလို့တဲ့ ။

 

သိပ် ရီရတာဘဲ ၊ အိမ်ပွဲစား နှင့် အိမ်ရှင်တွေက သူတို့ ရေကူးကန် ကို ရှိုးပြကြ ။

အဘတို့ လင်မယားက ရေကူးကန် ပါတာနှင့် မငြင်းခင် ၊ အားနာ ပါးနာ နှင့် ၊

အပေါ်တစ်ထပ် အောက်တစ်ထပ် တစ်ချက်ဘဲ ပါတ်ကြည့်ပြီး ထွက်သွားနှင့် ။

အဘတို့ မြန်မာတွေ ရေ မကြိုက်ပုံများ ပြောပါတယ် ။

 

ဒါပေမယ့် ၊ အခုနောက်ပိုင်းတော့ မြန်မာတွေ ရေ ကြိုက်တတ်လာပြီထင်တယ် ။

ရန်ကုန်က အဘ သူငယ်ချင်းတစ်ယောက် အိမ်ဆောက်တာ ၊

ရေကူးကန် ပါ ထည့်ဆောက်နေတယ် ပြောတာဘဲ ။

 

12 အဲလို ကျွန်း ပေါက်စနလေးတွေမှာလဲ မရမကကို နေနေကြတာပါဘဲ 1

12 အဲလို ကျွန်း ပေါက်စနလေးတွေမှာလဲ မရမကကို နေနေကြတာပါဘဲ 1
12 အဲလို ကျွန်း ပေါက်စနလေးတွေမှာလဲ မရမကကို နေနေကြတာပါဘဲ 1

 

12 အဲလို ကျွန်း ပေါက်စနလေးတွေမှာလဲ မရမကကို နေနေကြတာပါဘဲ 2

12 အဲလို ကျွန်း ပေါက်စနလေးတွေမှာလဲ မရမကကို နေနေကြတာပါဘဲ 2
12 အဲလို ကျွန်း ပေါက်စနလေးတွေမှာလဲ မရမကကို နေနေကြတာပါဘဲ 2

 

12 ဒါကတော့ Wellesley ကျွန်း အဆုံးနားက Bolt Castle

12 ဒါကတော့ Wellesley ကျွန်း အဆုံးနားက Bolt Castle
12 ဒါကတော့ Wellesley ကျွန်း အဆုံးနားက Bolt Castle

 

ထားပါတော့ ၊ နေ့လည် ၁၂၀ဝ နာရီလောက်မှာ ၊

အဲဒီ Thousand Islands Cruise ခရီးစဉ် ပြီးဆုံးပြီး ၊

Wellesley တံတားကြီး ပေါ်က ဖြတ်ပြီး ၊

ကနေဒါ အမေရိကန် နယ်ခြားကို ဦးတည်သွားကြပါတယ် ။

နယ်ခြား မရောက်မှီ ကနေဒါ ဘက်ခြမ်း Wellesley ကျွန်းပေါ်က ၊

Duty Free Shop ကို အရင် ဝင်ကြပါတယ် ။

 

အဘ တို့ Tour Guide က ဈေ းသက်သာတယ် ဆိုပြီး ညွှန်းလို့ပါ ။

အထူးသဖြင့် US နှင့်ယှဉ်ရင် အရက်တွေ အရမ်း ဈေ းသက်သာတယ် ပြောတာဘဲ ။

နောက်ပိုင်း Compare လုပ်ကြည့်တော့လဲ တကယ် ဈေ းသက်သာပါတယ် ။

အမေရိက ၊ ဩဇီ က Duty Free Shop တွေထက် ဈေ းချိုတာ တွေ့ရပါတယ် ။

 

အဘ ကတော့ Blue Label တစ်လုံးဝယ်ရင် အိတ်တစ်လုံး အလကားပေးမယ် ဆိုလို့ ၊

ဒီ အိတ်လေး လိုချင်တာနှင့်ဘဲ Blue Label 1 L = 180 US$ နှင့် ဝယ်ဖြစ်သွားပါတယ် ။

အဘတို့ Tour Guide ကတော့ များများ ဝယ်လေ သဘောကျလေပါဘဲ ။

အဘတို့ အားလုံး ဝယ်ပြီးသွားတော့မှ သူက ကော်မရှင် သွားယူတယ်လေ ။

 

12 ဒါကတော့ ရွာသူားတွေ Compare လုပ်ကြည့်နိုင်ဖို့ ဈေးတွေပါ ။

12 ဒါကတော့ ရွာသူားတွေ Compare လုပ်ကြည့်နိုင်ဖို့ ဈေးတွေပါ ။
12 ဒါကတော့ ရွာသူားတွေ Compare လုပ်ကြည့်နိုင်ဖို့ ဈေးတွေပါ ။

 

12 ဒီ အိတ်လေး လိုချင်တာနှင့်ဘဲ Blue Label 1 L = 180 US$ နှင့် ဝယ်ဖြစ်သွားပါတယ် ။

12 ဒီ အိတ်လေး လိုချင်တာနှင့်ဘဲ Blue Label 1 L = 180 US$ နှင့် ဝယ်ဖြစ်သွားပါတယ် ။
12 ဒီ အိတ်လေး လိုချင်တာနှင့်ဘဲ Blue Label 1 L = 180 US$ နှင့် ဝယ်ဖြစ်သွားပါတယ် ။

 

အဲဒီ Duty Free Shop က ထွက်လာပြီး ခပ်လှမ်းလှမ်းမှာဘဲ ၊

အမေရိကန် နယ်ခြားဂိတ် ကို ရောက်တာပါဘဲ ။

အဘတို့တွေ Tour Bus ပေါ်က ဆင်းစရာ မလိုပါဘူး ၊

Immigration အရာရှိက ကားပေါ်တက်လာပြီး ၊

အဘတို့ရဲ့ Passport တွေ အကုန်ကို လာယူသွားပြီး ၊

နောက် ၅ မိနစ်လောက်ကြာတော့ ကားပေါ်ကို ပြန်လာဝေပါတယ် ။

အေးဆေးပါဘဲ ၊ ဟာသတွေပြောပြီး ၊ Polite ဖြစ်ပါတယ် ။

 

12 Duty Free Shop က ထွက်လာပြီး ခပ်လှမ်းလှမ်းမှာဘဲ ၊
အမေရိကန် နယ်ခြားဂိတ် ကို ရောက်တာပါဘဲ ။

12 Duty Free Shop က ထွက်လာပြီး ခပ်လှမ်းလှမ်းမှာဘဲ ၊  အမေရိကန် နယ်ခြားဂိတ် ကို ရောက်တာပါဘဲ ။
12 Duty Free Shop က ထွက်လာပြီး ခပ်လှမ်းလှမ်းမှာဘဲ ၊
အမေရိကန် နယ်ခြားဂိတ် ကို ရောက်တာပါဘဲ ။

 

အမေရိကန် နိုင်ငံထဲကို ရောက်ပြီးတဲ့ အခါမှာ ၊

Mc Donald ဆိုင်လေး တစ်ခုမှာရပ်ပြီး နေ့လည်စာ စားကြပါတယ် ။

ပြီးတော့ အဘတို့ ဒီည တည်းမယ့် Albany မြို့ကို သွားကြပါတယ် ။

နယ်စပ်ကနေ ၄ နာရီလောက် မေါင်းပြီးမှ Albany မြို့ကို ရောက်ပါတယ် ။

 

ညနေစာကို Albany မြို့ထဲက ဆိုင်တစ်ဆိုင်မှာ 3 Course Dinner ကျွေးပါတယ် ။

ညနေစောင်း နှင့် ညပိုင်းမှာ Albany မြို့လည်ကို လျှောက်ကြည့်ကြပါတယ် ။

 

ပြောရဦးမယ် သိလား ၊ အဘတို့ အရင် အပါတ်က လည်ပါတ်ခဲ့တဲ့ ၊

City of New York / New York, New York / နယူးယောက် မြို့ဟာ ၊

၁ ။ New York ပြည်နယ် ထဲမှာ ရှိတာ မှန်သော်လည်းဘဲ ၊

၂ ။ New York ပြည်နယ် ရဲ့ အဓိက စီးပွားရေး မြို့ ဖြစ်နေသော်လည်းဘဲ ၊

၃ ။ New York ပြည်နယ် ရဲ့ လူဦးရေ ၄ဝ % လောက် နေကြသော်လည်းဘဲ ၊

အခု အဘတို့ရောက်နေတဲ့ ဒီ Albany မြို့ကမှ ၊

New York ပြည်နယ် ရဲ့ တရားဝင် မြို့တော် အစစ်ပါ ။

 

New York ပြည်နယ် ရဲ့ တရားဝင် မြို့တော် ဖြစ်တဲ့အတွက် ၊

ပြည်နယ် ရဲ့ တက္ကသိုလ် State University Of New York ဟာ ၊

Albany မြို့မှာဘဲ တည်ရှိနေပါတယ် ။

 

12 ဒါကတော့ State University Of New York ပါ ။

12 ဒါကတော့ State University Of New York ပါ ။
12 ဒါကတော့ State University Of New York ပါ ။

 

12 ဒါကတော့ Albany မြို့ထဲက မြင်ကွင်း တစ်ခုပါ ၊ ကားတွေကို ရှင်းနေတာဘဲ ။

12 ဒါကတော့ Albany မြို့ထဲက မြင်ကွင်း တစ်ခုပါ ၊ ကားတွေကို ရှင်းနေတာဘဲ ။
12 ဒါကတော့ Albany မြို့ထဲက မြင်ကွင်း တစ်ခုပါ ၊ ကားတွေကို ရှင်းနေတာဘဲ ။

 

12 ဒါကတော့ Albany မြို့ထဲက ဘတ်စ်ကား မှတ်တိုင်လေးပါ ။

12 ဒါကတော့ Albany မြို့ထဲက ဘတ်စ်ကား မှတ်တိုင်လေးပါ ။
12 ဒါကတော့ Albany မြို့ထဲက ဘတ်စ်ကား မှတ်တိုင်လေးပါ ။

 

12 Albany မြို့ လမ်းဘေး နေရာတွေမှာတော့ Tulip ပန်းတွေ နှင့်ဝေဆာနေပါတယ် ။

12 Albany မြို့ လမ်းဘေး နေရာတွေမှာတော့ Tulip ပန်းတွေ နှင့်ဝေဆာနေပါတယ် ။
12 Albany မြို့ လမ်းဘေး နေရာတွေမှာတော့ Tulip ပန်းတွေ နှင့်ဝေဆာနေပါတယ် ။

လှလိုက်တဲ့ Tulip ပန်းတွေ ပွင့်နေတာ ၊ လမ်းဘေးမှာ အများကြီးဘဲ စိုက်ထားတယ် ။

ဗမာလိုတော့ ” ဟော်လန် ပန်း ” လို့ခေါ်ကြတယ်ထင်တယ် ။

မြန်မာပြည်မှာဆိုရင် အကုန်ခူးပြီး ဘုရားတင်ပြစ်လိုက်မယ် ထင်ပါတယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

12 ဒါကတော့ New York State Capitol နယူးရောက် ပြည်နယ် လွှတ်တော် အဆောက်အဦး ပါ ။

12 ဒါကတော့ New York State Capitol နယူးရောက် ပြည်နယ် လွှတ်တော် အဆောက်အဦး ပါ ။
12 ဒါကတော့ New York State Capitol နယူးရောက် ပြည်နယ် လွှတ်တော် အဆောက်အဦး ပါ ။

 

12 ဒါကတော့ Albany မြို့တော် ခန်းမ City Hall ပါ ။

12 ဒါကတော့ Albany မြို့တော် ခန်းမ City Hall ပါ ။
12 ဒါကတော့ Albany မြို့တော် ခန်းမ City Hall ပါ ။

 

12 ဒါကတော့ Albany မြို့ထဲက မြင်ကွင်း တစ်ခုပါ ၊ Church ထင်တာဘဲ ။

12 ဒါကတော့ Albany မြို့ထဲက မြင်ကွင်း တစ်ခုပါ ၊ Church ထင်တာဘဲ ။
12 ဒါကတော့ Albany မြို့ထဲက မြင်ကွင်း တစ်ခုပါ ၊ Church ထင်တာဘဲ ။

19 comments

  • Ma Ei

    May 14, 2015 at 2:20 pm

    သူတို့ ဆီမှာ Tulip ပန်းကလေးတွေများ
    လမ်းအလှဆင်တဲ့ ပန်းကလေးတွေပေါ့နော်…

  • ခင်ဇော်

    May 14, 2015 at 3:36 pm

    ဘယ်မလဲ စားးစရာတွေ
    :mrgreenn:

    ကျွန်းးတစ်ကျွန်းးလောက် လိုချင်တာ…
    အိမ်သာ ပိုက်လိုင်းးး ဘိုလို သွားးလဲ မသိ
    🙄

    • Foreign Resident

      May 15, 2015 at 8:01 am

      ခင်ဇော် says:
      ” ဘယ်မလဲ စားစရာတွေ ”

      Sorry ၊ မေ့သွားတယ် ။
      သတိတရ ရှိနေတဲ့အတွက် ၊ ကျေးဇူး ။

  • Mike

    May 14, 2015 at 3:59 pm

    .ကျွန်းကလေးတွေပေါ်ကအိမ်လေးတွေသဘောကျသဗျာ..နေချင်စရာလေးတွေ…
    .အသက်ကြီးရင် အဲ့အိမ်မျိုးလေးမှာနေပြီး ငါးထိုင်မျှားနေချင်တာ
    .ရန်ကုန်မှာလည်း အင်းယားကန်စပ်တွေမှာလူကြီးတွေဦးထားကြတာပဲဗျ
    .အင်းယားထဲက ကျွန်းလေးတွေ့တိုင်း အဲ့မှာနေချင်စိတ်ဖြစ်မိတာပဲ…
    .ဓါတ်ပုံတွေ တော်တော်ကောင်းတယ်ဗျို့

  • တောင်ပေါ်သား

    May 14, 2015 at 4:18 pm

    ( Blue Label 1 L = 180 US$ )

    သားသားတို့နဲ့ ဝေးလှပါတယ်ဗျာ 🙂

    • Foreign Resident

      May 15, 2015 at 9:27 am

      ့တောင်ပေါ်သား says:
      ” ( Blue Label 1 L = 180 US$ )
      သားသားတို့နဲ့ ဝေးလှပါတယ်ဗျာ ”

      အရက် ဆိုတာ သားသား နှင့်ဆိုရင် ပိုပြီးတောင် ၊
      အလှမ်း ဝေးလှပါတယ် ၊ ဦးဦး တောင်ပေါ်သား ရယ် ။
      သားသား က အရက် ဆိုရင် အနံ့တောင် မခံနိုင်တဲ့သူလေ ။

      အခုက Trolley Bag လေးလိုချင်လို့ ဝယ်လိုက်မိတာပါ ဆို ။
      အဲ့ဒီ Blue Label 1 L ကြီးကိုတော့ အသုံးမလိုတာ နှင့် ၊
      သူများကို အလကားပေးပြစ်လိုက်တယ် ၊ အေးရော ။

  • Alinsett @ Maung Thura

    May 14, 2015 at 9:05 pm

    ဒံပေါက်ဆိုင်ရှေ့…..
    ပြားချပ်နေတဲ့ အိတ်ကပ်ကို စမ်းရင်း…အနံ့လေး ဝင် ခံသွားပါကြောင်းးး

  • uncle gyi

    May 14, 2015 at 10:34 pm

    ကျွန်းလေးတွေပေါ်အိမ်လေးတွေဆောက်ထားကြတာ
    နေချင်စရာလေးတွေအိမ်ဆောက်ထားပုံကြည့်ရတာ
    ရေတက်ရေကျမရှိလောက်ဖူးထင်ပါတယ်
    နယ်ခြားဂိတ်ကအရာရှိနယ်အချက်
    မြန်မာမှာဆိုထောချက်

    • Foreign Resident

      May 15, 2015 at 8:52 am

      uncle gyi says:
      ” နယ်ခြားဂိတ်ကအရာရှိနယ် အ ချက်
      ့မြန်မာမှာဆို ထောချက် ”

      အမေရိကန် နယ်ခြားဂိတ်က အရာရှိက ” အ ” တာ မဟုတ်လောက်ဘူး ။
      ့ဖြစ်ချင်းဖြစ် နယ်ခြားဂိတ်က အရာရှိ ” လည် ” တာ ဖြစ်ဖို့ဘဲ ရှိတယ် ။
      ” uncle gyi ” အတွေးက မြန်မာနိုင်ငံသား အတွေးပေကိုးဗျ ။

      ၁ ။
      ့နိုင်ငံသား / လူမျိုးတွေရဲ့ အဆင့်အတန်းချင်း မတူကြဘူးဗျ ။
      အမေရိကန် တွေ / Caucasian အဖြူ တွေက ၊
      သူတို့ရှေ့မှာ မဟုတ်တာ တစ်ခုခု သွားလုပ်မိရင် ၊
      ကိုယ်နှင့် ဆိုင်ဆိုင် မဆိုင်ဆိုင် ဝင်ပြော / တိုင်တန်း မှာဘဲဗျ ။

      ၂ ။
      သူတို့နိုင်ငံတွေမှာ တရားဥပဒေ ဆိုတာ ရှိတယ်ဗျ ။
      အဲဒီ တရားဥပဒေ ဆိုတာကြီးလည်း စိုးမိုးတယ်ဗျ ။
      အဲဒီတော့ မဟုတ်တာလုပ်မိလို့ အတိုင်ခံရရင် ထောင်ကျ သဗျ ။

      ၃ ။
      သူတို့နိုင်ငံတွေမှာ လူတွေ ( လူတွေ ) ကကောင်း တော့ ၊
      စံနစ်လည်း ကောင်း သဗျ ။ အဲလို စံနစ် ကောင်း တော့ ၊
      မှန်မှန်ကန်ကန် လုပ်ကိုင်နေထိုင်ယုံနှင့် ရတဲ့ဝင်ငွေ က ၊
      မိသားစု လူတန်းစေ့စေ့ နှင့် နေပျော်တဲ့ ဘဝကိုရသဗျ ။

      ၄ ။
      အဲဒီလို မှန်မှန်ကန်ကန် မာမာတင်းတင်း နှင့် နေပျော်တဲ့ ဘဝကိုရထားတော့ ၊
      တော်ရုံလူက ထောင်အကျ မခံချင်တော့ဘူး ၊ ကြောက်သဗျ ။
      ( မြန်မာပြည်မှာလို ထောင်ထဲမှာမှ နပ်မှန်သေး ဆိုတဲ့ဘဝတွေ မဟုတ်ဘူး ပေါ့ )

      ၅ ။
      အဲဒီတော့ကာ ၊ အမေရိကန် နယ်ခြားဂိတ်က အရာရှိက
      ” အ ” လွန်းလို့ မဟုတ်တာ မလုပ်တာ မဟုတ်ဘဲ ။
      ” လည် ” လွန်းလို့ မဟုတ်တာ မလုပ်တာ ဆိုတာ ၊
      သိလောက်ပါပြီ ။

  • ဦးဦးပါလေရာ

    May 15, 2015 at 11:54 am

    ကိုဖေါက ဆိုက်ချ ထားတယ်ဆိုလဲ
    ကျုပ်အဖို့တော့ ဓါတ်ပုံတွေ တစ်ပုံမှ မမြင်ရလို့
    ဒီအတိုင်းပဲ ဖတ်သွားရပြန်ပေါ့..

    • Foreign Resident

      May 15, 2015 at 12:02 pm

      ဦးဦးပါလေရာ says:
      ” ကျုပ်အဖို့တော့ ဓါတ်ပုံတွေ တစ်ပုံမှ မမြင်ရလို့ ”

      အွန် ၊ ဦးပါရေ ။ Computer နှင့် မဖတ်ဘဲ ၊
      Mobile Phone ပေါ်မှာဘဲ ဖတ်ကြည့်ပါလား ။
      အဲ့သဟာဆို ၊ ပုံတွေပေါ်လာမယ် ထင်တယ် ။

      ပုံတွေ မပါဘဲနှင့်တော့ ကျနော့် ခရီးသွား Post က ၊
      ဘယ်ဖတ်လို့ ကောင်းပါ့မလဲလေ ။

  • Foreign Resident

    May 15, 2015 at 12:28 pm

    ဦးပါက ဓါတ်ပုံ အကြောင်းပြောလို့ ၊ ပြောရဦးမယ် ။
    ္ထအမှန်က အဲ့ဒီနေ့က ညစာစားပြီး အပြင်မထွက်ချင်ဘူးရယ် ။
    အဘ က Out door လဲ သိပ် ဝါသနာမပါဘူးလေ ။
    In door / အခန်းထဲမှာဘဲ အေးဆေး နားနေရတာကို ပို ကြိုက်တာလေ ။
    ့ပြီးတော့ အဲဒီနေ့က တစ်နေကုန် ပင်ပန်းထားလို့ နားချင်နေပြီ ။

    ဒါပေမယ့် ညစာစားပွဲမှာ မဟေသီ နှင့် အဖြူမ တစ်ယောက် ၊
    စကားလက်ဆုံကျပြီး ၊ လျှောက် ကြည့်ရအောင်ဆိုလို့ ပါသွားတာ ။

    အခုမှ အဆောက်အဦးတွေ ကို ညဖက်ရိုက်တဲ့ ပုံလေးတွေကို ပြန်ကြည့်မိတော့ ၊
    လူတွေ လမ်းတွေ ရှင်းနေလို့ ၊ ညဖက် ပုံစံ တစ်မျိုးလေး လှနေသားဘဲ ။
    အခုမှဘဲ ညဖက် ထွက်ခဲ့မိတာကို ကျေနပ်နေမိတယ် ။

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 15, 2015 at 12:32 pm

    အဘဖောရေ…ရန်ကုန် ဝင်ဒါမီယာအိမ်ကြီးအိမ်ကောင်းက ဈေးက အဲ့ကျွန်းလေးတွေ အိမ်ထက် ဈေးများ
    များမလားပဲ.? ? အဲ့လိုပုံတွေ အဲ့လို ချမ်းသာနေတဲ့ ပုံရိပ်တွေ မြင်လေတိုင်း ေြ
    မကျယ်ပြီး တိုင်းရင်းသားတွေ အိမ်မရှိတာ ခေတ်အဆက်ဆက် စနစ်ဆိုး ကျိန်စာလို့ပဲပြောမလား။
    အစိုးရကလည်း လည်တော့လည်တယ် လည်တော့လည်တယ်.. ဒါပေမဲ့.. တပတ်မပြည့်တော့..
    နိုင်ဂံဂျားမှာ အိမ်ငှားနေဒါပဲ ကောင်းပဒယ်လေ… 😳

  • မြစပဲရိုး

    May 15, 2015 at 12:42 pm

    အဘဖော ခေါ်လို့ ရောက်ဖူး ပါတော့ တယ်။
    ရေလည်က အိမ်လေး တွေ အကြောင်း ကြားဖူးပြီး အခု မှ အသေအချာ မြင်ဖူး တော့တယ်။
    ကျွန်မလဲ ရေ ကြိုက်တယ်။
    ဒါပေမဲ့ ရေလည် မှာ တော့ အိမ်ဆောက်ပြီး မနေရဲ ဘူး ထင်တယ်။
    ရေထဲ ပေမဲ့ အိမ်တိုင်း သစ်ပင် တွေ နဲ့။ အတော်လှ အတော်စိတ်ကူးကောင်း ကြတယ်။
    သစ်ပင် တွေ ကြားမှာ နေရတာ တော့ တကယ်ကြိုက်ပါတယ်။
    အချိန်ရမှ သေသေချာချာ ထပ်ပြန်ကြည့်ပါ့ဦးမယ်။

  • ကိုဖော ရေ

    ဓါတ်ပုံ က ည ဘက်ထွက်ရိုက်တာ အရသာ တမျိုးရှိတယ်

    အရောင်လေးတွေစုံတယ်

    ညဘက် ပုံ လှလှ ရ ချင် ရင် နေဝင်ပြီးစအချိန် လေးထွက်ရိုက်ရင်

    အပြာရောင်ကောင်းကင် ရ နိုင်ပါတယ်

    • Foreign Resident

      May 15, 2015 at 12:55 pm

      ကိုပေါက် ၊ မတွေ့ရတာ အတော်ကြာလို့ ၊
      ့ပြန်တွေ့ရတာ ဝမ်းသာသဗျာ ။
      ရန်ကုန်ဖက် ဘယ်တော့လောက် လာဦးမတုန်းဗျ ။

  • ​ဒေါ် လေး

    May 15, 2015 at 1:34 pm

    အဘ​ဖောရဲ့ ခရီးသွား​တောလာကိုခုမှပြန်​ဖတ်​ဖြစ်​တယ်​
    မ​ရောက်​ဖူးတဲ့​နေရာ​လေး​တွေကို ကို​ယ်​တိုင်​ရောက်​
    သွားသလိုဘဲ ခံစားမိပါတယ်​

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 15, 2015 at 1:47 pm

    အင်းး

    တပုဒ်လုံး ပုံကြည့်လာ ဖတ်လာလိုက်တာ အဟုတ်…

    အောက်ဆုံးနားကျမှ ကျူးလစ်ပန်းတွေ ကိစ္စ ဟိုလူဂျီး ကို သွားဆွ ထားတယ်…
    အာဟိ..

    ကုသိုလ်တော့ မသိဘူးခည…
    မြင်ဖူးတာကတော့
    မုန်ညင်းလောက် စိုက်လို့ရတဲ့ ကျွန်းကို ကျူးလစ် (နဲ့ အခြား ခြားနားရာသီပန်းတွေ)စိုက်ပီး …
    (ဘုရားမတင်ဘဲ) ခြစ်တူများကျွန်း လုပ် ပီး နွေမိုးဆောင်း ပြစား လိုက်တာတော့…..
    မီလျှံဒေါ်လှ ဖြစ်ကုန်ရော….။

    ပြေးပီဗျို့…။

    ဒက်ဂလောက် ဒက်ဂလောက်..

Leave a Reply