https://www.facebook.com/tin.nyunt.338?fref=ts

 

နှလုံးသားဖြင့်လုပ်သူ (Credit to Tin Nyunt)

 

“ဂျွန် မင်းကို ငါဘယ်လောက်ပေးရမလဲ”

ကျွန်တော့်ဖေဖေက ပထမလူငယ်ကိုမေးလိုက်ခြင်းဖြစ်သည်။ ဖေဖေသည်သူ့ကို ကောက်ရိတ်ချိန်ရာသီတွင် ငှားရမ်းခဲ့သည့်အတွက် အခကြေးငွေပေးရန် မေးနေခြင်းဖြစ်သည်။ ဂျွန်က

“မစ္စတာဘားရက်စ် ၅၅ ဒေါ်လာကျပါတယ်”

ဖေဖေက ၅၅ ဒေါ်လာဟု ချက်လက်မှတ်တွင်ရေးပေးလိုက်ပြီး “ကျေးဇူးတင်ပါတယ်ကွာ” ဟုတလေးတစား ပြန်ပြောလိုက်သည်။

ဖေဖေသည် ဂျွန်ကဲ့သို့အလုပ်လာလုပ်နေသည့် နောက်ထပ် လူငယ်တစ်ယောက်အား..

“မိုက်ကယ် မင်းကိုရော ငါဘယ်လောက်ပေးရမလဲ” ဟု မေးလိုက်သည်။ သူသည် ဂျွန်နှင့်အတူတူ အလုပ်လုပ် သည့် လူငယ်တစ်ယောက် ဖြစ်သည်။

“၇၅ ဒေါ်လာကျပါတယ်ခင်ဗျာ”

ဖေဖေက အံ့အားသင့်သလိုပြန်ကြည့်လိုက်ပြီး

“ဘာဖြစ်လို့ ပိုသွားရတာလဲ မိုက်ကယ်” ဟုပြန်မေးလိုက်သည်။

မိုက်ကယ်က “အလုပ်လုပ်မယ့်နေရာအရောက် ကားနဲ့သွားရတာရယ်၊ အပြန်အတွက် ဓာတ်ဆီဖိုးရယ်၊ ထမင်း စရိတ်ရယ် ပေါင်းပြီးတောင်းတာပါခင်ဗျာ” ဟုပြောလိုက်သည်။

“အော် သိပြီ၊ သိပြီ” ဟုဖေဖေကပြောပြီး ချက်လက်မှတ်တွင် ၇၅ ဒေါ်လာဟုရေးပေးလိုက်သည်။

ဖေဖေက နောက် အလုပ်သမားတစ်ယောက်ဖြစ်သည့် နာသန်ဆိုသူအား

“ကိုင်း မင်းကိုရော ငါဘယ်လောက်ပေးရမလဲ” ဟုမေးလိုက်သည်။

“၃၈ ဒေါ်လာနဲ့ ဆင့် ၅ဝ ပါခင်ဗျာ”

ဖေဖေက တောင်းသည့်ငွေပမာဏ ကွာခြားလွန်းလှသဖြင့် အံ့အားသင့်သွားသည်။ တတိယလူငယ်သည်လည်း ပထမနှင့် ဒုတိယ လူငယ်နှစ်ယောက်တို့ကဲ့သို့ပင် တစ်ချိန်တည်းနှင့် အလုပ်တစ်မျိုးတည်းအတွက် အတူတူ ငှားရမ်းခဲ့ခြင်းဖြစ်သည်။ သူတို့ အလုပ်သို့ လာရောက်ကြရသည့် ခရီးအကွာအဝေးမှာလည်း အတူတူပင် ဖြစ်သည်။ ဖေဖေက သူဘာကြောင့် ကျန်နှစ်ယောက်ထက် လျော့တောင်းနေရသည်ကို ရှင်းပြခိုင်းသည်။

 

“နေစမ်းပါဦးကွ မင်းကဘာကြောင့် သူတို့ထက်လျော့ တောင်းနေရတာလဲ”

“ဆရာကတော်က ကျွန်တော်တို့ကို နေ့လည်စာကျွေးပါတယ်။ အဲဒီအတွက် နေ့လည်စာဖိုး ကျွန်တော့်ကို ပေးစရာမလိုပါဘူး။ နောက်ပြီး ကောက်ရိုးတွေကို အမိုးအောက်သယ်သွားချိန်မှာ ကျွန်တော်တို့နားနေရပါတယ်။ နားချိန်အတွက်လည်း ထည့်မတွက်ထားပါဘူး။ လယ်ကွင်းကို ကျွန်တော်ကားနဲ့မလာပါဘူး။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စကားပြောရင်း လမ်းလျှောက်လာနေကျဖြစ်လို့ ဆီဖိုးလည်းမကုန်ပါဘူး။ ဒါကြောင့် ကျွန်တော့်အလုပ်ချိန်နဲ့ ကျသင့်တဲ့ငွေပမာဏကိုတွက်လိုက်ရင် ၃၈ ဒေါ်လာနဲ့ ဆင့် ၅ဝ ပဲရှိပါတယ်” ဟု ရှင်းပြ လိုက်သည်။

ဖေဖေက ချက်လက်မှတ်တွင် ဒေါ်လာ ၁၀ဝ ဟုရေးပေး လိုက်လေသည်။

ဖေဖေသည် လူငယ်သုံးယောက်စလုံးကိုပြန်ကြည့်လိုက်သည်။ သူတို့သုံးယောက်စလုံး ဖေဖေ့ကို စိတ်မသက် မသာနှင့် ပြန်ကြည့် နေကြသည်။ ရရှိထားသည့် ချက်လက်မှတ်လေးတွေကို ကိုင်ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေကြသည်။ ဖေဖေက

“ငါ မင်းတို့ကို အလုပ်ခိုင်းဖို့ခေါ်လာတုန်းက တန်းတူညီမျှ အလုပ်တစ်ခုတည်းအတွက် ငွေတန်ဖိုးကိုလည်း တစ်တန်းစားတည်း သတ်မှတ်ပြီးခေါ်လာတာပါ။ လူတိုင်း သူနဲ့ ထိုက်တန်သလောက် ရတတ်ပါတယ်ကွာ” ဟု ပြန်ပြောလိုက်သည်။

သူက လူငယ်သုံးယောက်စလုံးကို စိတ်ကောင်းရှိသည့် ဖခင်တစ်ယောက်၏လေသံဖြင့်

“သားတို့ အလုပ်ကို နှလုံးသားနဲ့လုပ်တဲ့လူပဲ ငါကလေးစားတာကွ” ဟုပြောလိုက်လေသည်။

(Mind and Soul)

၁၄.၅.၂၀၁၅

~~~~~~~~~~~~~~~~~~~~~~~~~~

 

အဲ ဒီ စာလေး ကို ကြိုက်လို့ ပါ။

ကိုယ်တွေ့နဲ့ ယှဉ်တော့ လည်း မှန်နေတယ်။

ကိုယ်တိုင်ကလည်း အရမ်းတော်တဲ့ထဲ မပါဘူးး၊

တတ်မြောက်တာတွေလည်း အများကြီး မရှိဘူးရယ်။

လုပ်ဖြစ်တဲ့ အလုပ်မှာတော့ စေတနာပါအောင် ကြိုးစားလုပ်ခဲ့တာချည်း။

ကိုယ့်စေတနာကို မြင်တဲ့သူကျ တော်ရုံ ကိုယ့် အမှားကို ခွင့်လွှတ်ကြတယ်။

ကိုယ်က အရမ်း လွဲပြီး အမှားအယွင်းများတာရယ်။

:a:

နောက်ပြီး စိတ်မပါရင် ဘာမှ မလုပ်ချင်ဘူးးး၊

နောက်တော့ Chicken Soup for the Soul  ထဲက လုပ်ချင်တာ မလုပ်ရရင်လည်း လုပ်နေရတဲ့ အလုပ်လေးမှာ ပျော်ရွှင်အောင် လုပ်ပါ ဆိုတာလေးနဲ့ အမြင်မှန်ရခဲ့တာ။

နောက်ပြီး ဘယ်သူနဲ့ အလုပ် လုပ်ဖြစ်ဖြစ် ကိုယ့်ကြောင့် ပြသနာ နည်းအောင် Complaint နည်းအောင် ကြိုးစားခဲ့တော့ တော်တန်ရုံ မတတ်မြောက်တတ်တာကို သင်ပေးသွားချင်သူနဲ့ ချည်း တွေ့ခဲ့ရတယ်။

စေတနာချည်းပဲ စိုက်ရလို့ ကိုယ့်ဘက်က အရှုံးမရှိဘူး ပြောတာပါ။

.

သူများနိုင်ငံမှာ အလုပ် စ လုပ်ရတဲ့ အချိန် မှာ ဒီမှာ ရောက်ပြီးသားလူတွေ သင်ကြ တယ်။

ကိုယ့် အခွင့်အရေးကို အတိအကျယူဖို့…

လျှော့မပေးဖို့…

တင်းမာ ထားဖို့ … စသည်ဖြင့်ပေါ့။

ခက်တာက ကိုယ့် အခွင့်အရေးကို အဲလိုကြီး တစာစာ မတောင်းချင်ဘူးးး

တောင်းရမှာ ရှက်ခဲ့တာ။

:mrgreenn:

လုပ်ရတဲ့ အလုပ်ကို ကြိုးစားပြီး စိတ်နှစ်ပြီး လုပ်ပေးခဲ့တယ်။

ပြောသမျှ မှတ်ထားပြီး အထာကြည့်နေခဲ့တာပဲ။

.

ရှိတာပေါ့။ တစ်ခါတစ်လေ ကိုယ့် အပေါ် မတရားသဖြင့်လို့ ထင်တဲ့ ကိစ္စတွေ ရှိတာပေါ့။

လိုက်လျောနိုင်သလောက်ဆို စိတ်ထဲ ဘာမှ ထားမနေဘူးးး

.

ကိုယ်ကလည်း ကိုယ့်တွက်ကိန်းနဲ့ ကိုယ်။

စနေ အလုပ်ဆင်းရတဲ့ အလုပ်တွေချည်းပဲ ရှိတဲ့ နိုင်ငံမှာ ၂ ရက်လုံး နားခွင့်ပေးထားတဲ့ အလုပ်…

ကိုယ်က ဝေးလို့ ကိုယ့် အလုပ်ချိန်ကို သက်တောင့်သက်သာ ထားပေးထားတဲ့ အလုပ်…

အလုပ်ချိန် အွန်လိုင်းသုံးလို့ရတဲ့ အလုပ်…

အလုပ်ပြီးရင် ရတယ်၊ တခြား ပရက်ရှာဘာမှ မပေးတဲ့ အလုပ်… တစ်ခုမှာ ကိုယ် ပျော်တယ်လေ။

.

.

ဒါက မင်းသားကြီးဘက်က ကိုယ် ရဲ့ အလုပ်လုပ်နိုင်ခြေမသိခင်မှာ သူပေးထားခဲ့တဲ့ အခွင့်အရေးမို့ ကိုယ့်ဘက်က လည်း ကိုယ်ပေးနိုင်သလောက်က ဘယ်တော့မှ မကပ်တွက်ခဲ့ဘူးးး

အလုပ် အရမ်း များလို့ ပြန်ခေါ်ရင် တနင်္ဂနွေကိုလည်း ကိုယ်ဘက်က ဘာ အပိုမှ မတောင်းဆိုပဲ သွားပေးတယ်။

လိုအပ်ရင် ည ၁ဝ နာရီထိ နေရတုန်းကလည်း နေပေးတယ်။

ရုံးကလူတွေကတော့ ဝိုင်းမြှောက်ပေးတာပေါ့။ ဟိုဟာတောင်း ဒီလိုတောင်းနဲ့။

မင်းသားကြီး အထာက ကျ တစ်မျိုးရယ်။

သူ က လည်း Calculative မဖြစ်ဘူးးး

သူ့ကို စေတနာ အရင်းမခံပဲ Calculative ဖြစ်တာကို မုန်းပါတယ်။

သူ တရုတ် နှစ်ကူးဆို ၁ဝ ရက် ပိတ်ပေးတဲ့ ကြားထဲက HR Ladies  တွေ စနေပိတ်ရက်ကျရင် ပြန်ပေးဖို့ ကတ်တွက်တာကို မုန်းပြီး နှစ်ကူးတဲ့ ၃ ရက်ပဲ ပိတ်ပေးတော့တာ ၃ နှစ်လောက် ရှိပါပေါ့။

ဒီကြားထဲ ကိုယ့် အချိန်ပို ဆင်းမှုတွေ အတွက် ပိတ်ရက် ကို သူများထက် ပိုပေးတော့ မကျေနပ်ကြဘူးးး

 

အစည်းအဝေးမှာ ပြောတာလေး မှတ်ထားတယ်။

“သူများထက် အခွင့်အရေး ရချင်ရင် သူများထက် အလုပ်ပိုလုပ်ရတယ်” တဲ့။

“လုပ်တဲ့ အလုပ်တိုင်းကို ငါကချည်း လုပ်နေရတာ၊ ငါချည်းရှုံးတယ်လို့ မတွက်ရဘူး” တဲ့။

“ကိုယ် ချည်းရှုံးတဲ့ အလုပ်မရှိဘူး၊ အနည်းဆုံး အတွေ့အကြုံ က အမြတ်” လို့ သူပြောခဲ့ဖူးတာပါ။

.

ကိုယ့် စိတ် အတိုင်းပဲ။ ဘာမှ မရရင်တောင် အတွေ့အကြုံ က အမြတ်လို့ စိတ်ဖြတ်နိုင်လို့ ဘယ် လို အလုပ်သစ်မဆို မညည်းမညူ လက်ခံပြီး ကြိုးစားခဲ့ရတာ။

ဘယ်သူမှတော့ အလုပ်စ လုပ်တဲ့ အချိန် ရာထူးကြီးကြီး ပိုက်ဆံ များများ ဘယ်ပေးမလဲလေ။

ကိုယ် ရချင်တဲ့ ပမာဏ နဲ့ တန်အောင် ကိုယ် လုပ်နိုင်သလား ကိုယ့် ကိုယ်ကို အသိကြဆုံးပေါ့။

ဒီလိုပဲ ကိုယ်က ဒီလောက်ပဲ ရလို့ ဒီလောက်ပဲ လုပ်ပေးမယ် ဆိုတဲ့ စိတ်လည်း အလုပ်လုပ်တဲ့ နေရာမှာ မထားသင့်ဘူးရယ်။

.

ကျွဲကူး ရေ ပါ ပါတယ်။

ကြိုးစားမှု၊ စေတနာ၊ စိတ်ပါမှု နောက်မှာ အထက်တက်ဖို့ လမ်းစ က ပေါ်လာမြဲလို့ ယုံတယ်။

ခု တလော အရောင်း ဝန်ထမ်းတွေရဲ့ မခြေမငံတွေ ဆက်ဆံခံရတာတွေ ကြားမိလို့ပါ။

ကိုယ့် ရတဲ့ နေရာကို အရမ်းနိမ့် တယ် ဒါမှ မဟုတ် အရမ်း မြင့်တယ် ထင်လို့ မရပါဘူးးး။

အဲဒီ စိတ်ထဲက တစ်ခုမဟုတ် တစ်ခု ဝင်လာမိရင် လက်ရှိအလုပ်ကို စိတ်ကုန်တတ်တယ်၊ အားလျော့တတ်တယ်လေ။

ကြိုးစားသူအတွက် အခွင့်အရေးဟာ အမြဲလာပါတယ်။

.

တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ်။

သူများ အတွက် လုပ်နေရပါလား မစဉ်းစားပဲ နဲ့ ကိုယ့် အတွက်ကိုယ် ကြိုးစားနေရတာလို့ စဉ်းစားလိုက်ရင် အားပြန်တက်လာရော။

.

လခ စားမှန်သမျှမှာ ကိုယ့် အလုပ်ကို လုပ်သလို သဘောထားပြီး လုပ်တဲ့သူ အတော် နည်းတယ်။

အဲတော့ ကိုယ့် အလုပ်လို သဘောမထားရင် တောင်မှ ကိုယ့် အတွက် နောက် အမြင့်ကို ကူးရမဲ့ အချိန်မှာ ရှိသင့်တဲ့ အရည်အချင်းကို စုဆောင်းနေတယ် လို့ တွေးရင် ရော ရတာပေါ့နော့။

.

ဒီ နေ့ နည်းနည်း အားနေလို့ ပွါးချင်ရာလေး ပွါးလိုက်တာပါ။

ဒီ မေ ၁၂ ဆို မင်းသားကြီးဆီ မှာ လုပ်သက် ရ နှစ် ရှိပြီ လေ။

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120