Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြောက်ပြန်လေမှာ ကြွေတဲ့ပန်း

 

အောက်ဖေါ်ပြပါ ဖြစ်ရပ်သည် ပြင်ပတွင် မိတ်ဆွေတစ်ဦးကိုယ်တိုင်တွေ့ကြုံရသည်ဖြစ်၍ ကာလ ၊ ဒေသ ၊ နာမည်များအားပြောင်းလဲဖေါ်ပြထားပါသည် ။

ဖြစ်ရပ်မှန် ဖြစ်သောကြောင့် တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သည်ဟုသာ ခွင့်လွှတ်ပေးပါရန်~~~

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဝန်ခံခြင်းဆိုသည်မှာ ရိုးသားမှုဟု ဆိုပါလျှင်……

တခါတရံ၌ ရိုးသားစွာဝန်ခံခြင်းက်ို ကျမစိုးရွံ့မိပါသည် ။

အမှန်တရားကို မြတ်နိုးခုံမင်သော်လည်း ထိုအမှန်တရားကို ရင်ဆိုင်ခြင်းငှါ ကျမသတ္တိမရှိခဲ့ပါ ။

မတော်တဆ သိခဲ့ရသော အမှန်တရားတို့၏နောက်ကွယ်တွင် ကြေမွပျက်စီးခဲ့မည်ကိုကြိုသိခဲ့ပါက ဒီခရီး ဒီလမ်း ၊ ဒီနေရာကို ကျမရှောင်ဖယ်မိမည်သာ …………

တကယ်တော့ …

အလိမ်အညာ လှည့်စားမှုတွေကို သိပါလျှက်နှင့် ကျေနပ်နေခြင်သူပါလေ ……… ။

.

.

.

.

.

.

 

 

 

ကိုမောင်မောင် ~~~

ရိုးရှင်းသောဘဝရပ်တည်မှုဖြင့် မိသားစုဘဝခုံမင်ပျော်မွေ့သူ ။

အပေါင်းအသင်း ခုံမင်တတ်ပြီး လိုက်လျောညီထွေနေတတ်သူ ။

မိန်းမ အရှုပ်အရှင်းကင်းလွန်းသူဟု သတ်မှတ်ခံရသူ ။

သို့သော် ……

အရက်ဘီယာကြိုက်တတ်သူဖြစ်၍ တစ်ပတ်နှစ်ရက် သောက်စားတတ်သူ ။

.

.

.

ခင်ခင်သိမ့် ~~~~

မိမိလင်ယောက်ကျားအား ယုံစားလွန်း၍ အချစ်ကြီးလွန်းသူ ။

အိမ်တွင်းမှာ အနေများလျှက် သားသမီးကိစ္စများဖြင့် အလုပ်ရှုပ်နေတတ်သူ ။

ခရီးသွားရမည်ကိုအလွန်ကြောက်ပြီး သီးသီးသန့်သန့်နေလိုသူ ။

မိမိယောက်ကျားအား အထူးယုံကြည်လွန်းသူ ။

သားသမီးသုံးယောက်အတွက်သာ စဉ်းစားတတ်ပြီး မိမိလင်သားအား စိတ်သေလက်ချ လွှတ်ပေးထားတတ်သူ ။

 

ထိုသူတို့၏ အိမ်ထောင်ရေးသည် ၁၅ နှစ်တာကာလအတွင်း အေးချမ်းတည်ငြိမ်ခဲ့ပါ၏ ။

အိမ်ထောင်သက်ရင့်လာသည်နှင့်အမျှ မိမိတာဝန်မိမိထမ်းဆောင်ရင်း သားသမီးများအတွက်သာ ရှေ့ရှုခဲ့ကြသည် ။

မိသားစုအတွင်း ငြိမ်းချမ်းနေ၍လည်းကောင်း ………

ကိုမောင်မောင်၏ လုပ်ငန်းသဘာဝမှာ ပြင်ပတွင်အရောင်းအဝယ်ပွဲစားဖြစ်၍လည်းကောင်း ………

မုန်တိုင်းတစ်ခု၏အစပထမကို နှစ်ဦးသား သတိမထားမိခဲ့ပါ ။

သတိထားမိသောအချိန်သည် မုန်တိုင်း၏ဗဟိုချက်မနေရာသို့ပင်ရောက်ရှိနေပြီဖြစ်လေသည် ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

မုန်တိုင်းရဲ့အစ ~~~~

 

“” ကိုမောင်မောင်ရေ ဒီညနေဟောလိဝုဒ် မှာဆုံမယ်ဟေ့ … ကျနော် လန်ပွိုင့် ထိထားတယ် ”

 

“” ဟာ လန်းလှချည့်လားဗျာ မင်္ဂလာဘဲဗျ လာခဲ့မယ် ကိုစိုးရေ ”

 

ကိုမောင်မောင်တို့ ကားဝယ်ရောင်းလောကတွင် လန်ပွိုင့် ထိသည်ဆိုခြင်းမှာ လန်ခရူဇာ ကားတစ်စီးအရောင်းအဝယ်တွင် ပွဲခရသည်ဟု ဆိုခြင်းပင် ။

ထိုစဉ်က လန်ခရူဇာ ၂၀၀ဝ မော်ဒယ်တစ်စီးကို သိန်း ၃၅၀ဝ နှင့် ၄၀၀ဝ ကြားတွင် အရောင်းအဝယ်ဖြစ်လေရာ တရားဝင်ပွဲခသည်ပင် သိန်း၅ဝ နှင့်အထက်ဖြစ်သဖြင့် အတော်လေးရသည်ဟုဆိုနိုင်သည် ။

ဝယ်ရောင်းပွဲစားအများစုမှာ ထိုသို့ခတ်မျက်မျက်လေးရသည်နှင့် ဝိုင်းဖွဲ့သောက်စားကြသည်မှာထုံးစံလ်ုဖြစ်နေသည် ။

သောက်စားပြီးပြီဆိုသည်နှင့် ကာရာအိုကေများ အနှိတ်ခန်းများသို့ဆက်လက်ချီတက်ကြတတ်သေး၏ ။

 

ယခုလည်း ကိုမောင်မောင်တို့ လုပ်ဖေါ်ကိုင်ဖက်တစ်သိုက် စင်တင်စားသောက်ဆိုင်တစ်ခုတွင် အောင်ပွဲခံလျှက်ရှိကြသည် ။

အရက်ရှိန်လေးများ ရလာတော့ ပြောရဲဆိုရဲရှိလာကြသည် ။

စင်ပေါ်မှသီချင်းသည်ကောင်မလေးကို ပန်းကုံးစွပ်ခြင်း ၊ ဝိုင်းမှာ ခေါ်ပြီးဧည့်ခံခိုင်းခြင်းများဖြင့် အလကားရသောပွဲခငွေများကိုဖြုံးတီးကြပြန်သည် ။

အတော်လေးမူးလာသောအခါ ထုံးစံအတိုင်း ဗွေဖေါက်ကြသည် ။

ကာရာအိုကေ သို့ချီတက်ကြဦးမည်ပေါ့ ။

 

“” ကဲဟေ့ — ကာရာအိုကေ ကိုဆက်ကြမယ်ကွာ ဒီကစကစ်လေးတွေနဲ့ကသိပ်မထိဘူး ဘယ်လိုလဲ ဘော်ဒါတို့ ……”

 

” ကျနော် မလိုက်တော့ဘူးနော်ကိုစိုး ”

 

“” ဟာ ကိုမောင်မောင်ကလဲ ခင်ဗျားမလိုက်လို့ ဘယ်ဖြစ်မလဲဗျ … လိုက်ခဲ့ပါဗျာ ခဏလေးပါ ”

 

“အေးလေဗျာ … ခင်ဗျားမပါလို့ ဘယ်ဖြစ်မလဲ “”

 

“ဟေ့လူ မလိုက်လို့ မရဘူး ကျုပ်တို့ကိုခင်ရင်လိုက်ခဲ ့ “”

 

ကိုမောင်မောင်မှာ ငြင်းဖို့အခက်တွေ့နေသည် ။

ဇနီး နှင့် သားသမီးများကလည်း အိမ်ပြန်နောက်ကျလျှင် စိတ်ပူတတ်ပြန်၏ ။

အဓိက သူမလိုက်ချင်သော အကြောင်းမှာ အခန်းကျဉ်းလေးထဲမှ ဆူညံနေသောသီချင်းသံများနှင့် ပါတနာအဖြစ် အဖေါ်ပြုပေးသောမိန်းကလေးများကြောင့်ဖြစ်လေသည် ။

တွတ်တီးတွတ်တာနှင့် လေဖေါမြှူဆွယ်ပြီး ဈေးကြီးသောဟင်းပွဲများ အရက်ဘီယာများကို ဖေါခြင်းသောခြင်းမှာ၍ ဘေလ်များများရှင်းရအောင်လုပ်တတ်သေးသည် ။

ထိုကောင်မလေးများ၏ မထိတထိအပြောများ မူနွဲ့နွဲ့ဟန်အမူအယာများမှာ က်ိုမောင်မောင်အဖို့ ရင်ခုံစရာဖြစ်မလာခဲ့ ။

ပြန်မလာမခြင်းမျှော်နေတတ်သော အငယ်ဆုံးသမီးလေးကိုသာ သတိယနေတတ်သည် ။

 

ဒီနေ့တော့ ဘယ်လိုမှငြင်းမရသည့်အဆုံး သူတို့အဖွဲ့သွားနေကျကာရာအိုကေဆိုင်သို့ ပါလာခဲ့တော့သည် ။

 

“” ဟေ့ ညီလေး အခန်းကျယ်ယူမယ်ကွာ … ပြီးတော့ စကစ်လေးတွေသက်စေ့ခေါ်ခဲ့ …

သဘောကောင်းတဲ့ဆော်လေးတွေလုပ်နော် … စိတ်ဆိုးမကြီးတွေဆို ငါတို့ချက်ခြင်းပြန်မှာ ”

 

ကိုစိုးသိန်းမှ ဧည့်ကြိုကောင်လေးကို ကောင်မလေးများခေါ်ခဲ့ဖို့မှာကြားလေသည် ။

သက်စေ့ ဆိုသည်မှာ သူတို့အဖွဲ့ခုနှစ်ယောက်အတွက် ကောင်မလေးခုနှစ်ယောက်ကို ထည့်ပေးဖို့ပြောခြင်းဖြစ်သည် ။

 

ကိုမောင်မောင်မှာ ငြင်းဖို့လုပ်သေးသော်လည်း မထူးတော့ပြီမို့ ခတ်ဆိတ်ဆိတ်သာ နေလိုက်သည် ။

မကြာမှီ ရောင်စုံကဝေမလေးများ အခန်းထဲသိ်ု့ရောက်ရှိလာခဲ့ပါ၏ ။

အရက်ဘီယာနှင့် ဟင်းပွဲများထပ်မှာကြသည် ။

ညနေစာ စားပြီးသော်လည်း ဗိုက်ဆာဟန်ပြု၍ ထိုကဝေမများအစားအသောက်မှာကြပြန်သည် ။

ဈေးကြီးသော ဝိုင်ပုလင်းများလည်း အားမနာလျှာမကျိုး မှာကြသေးပြန်သည် ။

သီချင်းသံများ ……

လက်ခုပ်သံများ ……

အော်ဟစ်သံများ ……

မပီမသ မူနွဲ့နွဲ့ချွဲသံများ ……

.

.

.

.

ကိုမောင်မောင်အတွက်တော့ ငရဲခန်းသည် အသက်ဝင်စပြုလာပြီဖြစ်သည် ။

မိမိဘေးနားမှာလာထိုင်ပေးသော ကောင်မလေးကိုလည်း မသိကျိုးကျွံပြု၍ လှည့်မကြည့်မိ ။

စီးကရက်ကို ရှိုက်ဖွါရင်း ဆူညံသံများက်ို ခါးစည်းခံနေရလေသည် ။

မတတ်သာသည့်အဆုံး ……

” ကျနော်အသက်ရှူကျပ်လာလို့ဗျာ … အပြင်စားပွဲမှာသောက်ရင်း စောင့်နေမယ်နော် ”

ဒီလိုပြောရင်း ဘီယာပုလင်းကိုဆွဲလျှက်ထွက်ခဲ့သည် ။

အခန်းထဲက ဘော်ဒါများမှာတော့ အတွဲကိုယ်စီနှင့် ငြိမ့်ညောင်းနေပြီမို့ သူ့က်ိုခေါင်းငြိမ့်ပြရုံမျှသာ ………

 

 

အခန်းပြင်စားပွဲတွင်ထိုင်ပြီးသည်နှင့် ကောင်မလေးတစ်ယောက်မှသူ့နားတွင်ထိုင်ရင်းမေးလေသည် ။

 

“အစ်ကို ဘာမှာမလဲဟင် … အခန်းထဲမှာ အဆင်မပြေတာများရှိလို့လား … “”

 

သူ အသေခြာကြည့်မိတော့မှ အခန်းထဲတွင်သူ့အတွက်ခေါ်ထားပေးသောကောင်မလေးဖြစ်နေခြင်းဖြစ်သည် ။

အသာအယာ ခေါင်းယမ်းပြရင်း

 

“” အဆင်ပြေပါတယ်ကွာ အခန်းထဲမှာ နားငြီးလို့ ထွက်လာတာ … မင်းလည်း ကြိုက်တာမှာစားလေ သောက်တတ်ရင်လည်း မှာသောက်ပေါ့ ”

 

ကိုမောင်မောင်မှာ ထုံးစံအတိုင်းဧည့်ဝတ်စကားပြောရလေသည် ။

 

” ကျမ မဆာပါဘူးအစ်ကို … သောက်လည်းမသောက်တတ်ဘူး … ကျေဇူးတင်ပါတယ်နော် ”

 

ကောင်မလေးကို ထူးဆန်းသလိုလှမ်းကြည့်မိသည် ။

ဒီလိုနေရာမျိုးက ကဝေမလးများနှင့် နဲနဲတော့လွဲနေသည်ထင်၏ ။

 

” မင်း နာမည်ဘယ်လိုခေါ်လဲကွ ”

 

” ဂျူလီယာ ပါအစ်ကို ”

 

သူပြုံးလိုက်မိသည် ။ ညိုစိမ့်စိမ့်ကောင်မလေးသည် ဂျူလီယာဆိုသော နာမည်နှင့်မလိုက်ဖက် ။

နံမည်အရင်းတော့ ရှိပါလိမ့်မည် ။

 

“ဒါနဲ့နေပါဦး .… ငါ့ကို ဘာလို့အစ်ကိုခေါ်တာလဲ … မင်းအသက်အရွယ်နဲ့ဆို ‘ဦး’ လို့ခေါ်သင့်တယ်မဟုတ်လား ”

 

ကောင်မလေးမှာ ပြုံးရင်း …

 

” အစ်ကိုက ‘ဦး’ လို့ခေါ်ရလောက်အောင် အသက်မှမကြီးသေးတာလေ ပြီးတော့ ‘ဦး’ လို့ ခေါ်တာ ကြာသံပါနေတယ်ထင်မိလို့ပါ …ကျမက အဲ့ဒီလိုကြာဟန်ပါပါနွဲ့ရတာက်ိုရွံလို့ ”

 

” ဟေ !! ”

 

သူအံ့ဩသွားမ်ိသည် ။ ဒီလိုနေရာမျိ်ုးမှ မိန်းကလေးတစ်ယောက်သည် ကြာသံကြာဟန်တွေကို ရွံသတဲ့ ။

စိတ်ဝင်စားစရာလေးတွေတော့ သတိ်ထားမိသည် ။

ဒီလိုနှင့် ကိုမောင်မောင်မှာ ရိုးသားစွာဖြင့် ဂျူလီယာနှင့် စကားလက်စုံကျရင်း နွံထဲမှကြာတစ်ပွင့်အကြောင်းကို သိလာရသောအခါ …………

 

 

 

 

လေးစားလျှက်

မောင်ဆာမိ

 

 

 

( ဆက်လက်ဖေါ်ပြပါဦးမည် )

 

 

 

 

 

 

 

 

 

 

 

 

 

 

23 comments

  • ​ဒေါ် လေး

    May 21, 2015 at 7:20 am

    စောင့် ဖတ်ပါမည်

    • surmi

      May 21, 2015 at 10:59 am

      ကျေးကျေးဗျာ
      လာမယ်ကြာမယ် :mrgreen:

  • ခင်ဇော်

    May 21, 2015 at 8:01 am

    စပြီ…
    အဲ့မှာ စပြီ…
    စောင့်ဖတ်နေမယ်နော် ဆာဆာ

    • surmi

      May 21, 2015 at 11:02 am

      အဲ့ဒါ
      မနှစ်က ကတည်းက ရေးလက်စကြီး 🙂
      ရေးရင်းနဲ့ ဆက်မရေးဖြစ်သေးတာ
      အခုမှပြန်တွေ့လို့ အပြီးသတ်ရေးမယ်စိတ်ကူးမိလို့ :mrgreen:

  • အောင် မိုးသူ

    May 21, 2015 at 9:28 am

    အလဲ့…………. တိုးလို့တန်းလန်းကြီး ထားခဲ့ပါလား…… စောင့်မျှော်နေမယ်နော်။

    • surmi

      May 21, 2015 at 11:05 am

      ညီလေးရေ
      အရမ်းရှည်မယ်ထင်လို့ ခွဲတင်လိုက်တာ
      ရေးသာရေးရတယ် ကိုယ့်ရှူးကိုယ်ပတ်မှာလည်း စိုးမိသေး ဟေးဟေး

  • Mike

    May 21, 2015 at 11:55 am

    .ဟေး ဟေး ကိုယ်တိုင်အတွေ့အကြုံ ရှိသူရေးတော့လည်း အပြင်မှာမြင်ရသလိုဖတ်ကောင်းတယ်ဗ ျာ
    .ဆက်ရန်ကိုမျှော်နေပါမယ်ဗ ျို့

  • Ma Ma

    May 21, 2015 at 12:02 pm

    ဖတ်ကောင်းတယ်လို့ မပြောတော့ဘူး။
    ကိုဆာမိလက်ရာပဲဟာ။ 🙂

  • ဦးကျောက်ခဲ

    May 21, 2015 at 12:33 pm

    ကားပွဲစားတန်းက ဇာတ်လမ်းတွေကတော့ ပြောမကုန်ပဲ…
    ကာရာအိုကေမယ်တွေ အရောင်းမြှင့်တင်ရေးမယ်လေးတွေနဲ့ ဇာတ်လမ်းတွေဖြစ်…
    ကြေမွသွားတဲ့ ဘဝတွေ ၊ ကြွေလွင့်သွားတဲ့ ပန်းတွေ … မနည်းဘူး
    ဆက်ရန်ကို စောင့်ဖတ်ပါဦးမယ် ကိုရင်ဆာ… 🙂

    • surmi

      May 22, 2015 at 12:21 pm

      ဖတ်ရှုးပေးကြသူအပေါင်းနှင့် ကွန်မန့်ရေးချီးမြှင့်ပါကုန်သော ဦးမိုက် ၊ အန်တီမမ ၊ ဦးကျောက် ၊ အလင်းဆက် နှင့် မောင်ဂီ တို့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းး

      တစ်ဦးချင်းစီ မပြန်ဖြစ်ခြင်းကို ခွင့်လွှတ်နားလည်စေလိုပါကြောင်းးး

      ဘာဆက်ရေးရမှန်းမသိတော့လို့ ကိုယ့်ကိုကိုယ် သဘောပေါက်ပြီး ဒီနေရာမှသာရပ်နားလိုက်ပြီဖြစ်ပါကြောင်းးး :mrgreenn:

  • ဝင့်ပြုံးမြင့်

    May 21, 2015 at 2:23 pm

    .ညှို့ လုံးကလေးကတော့ စပြီ။ စောင့်ဖတ်နေမယ် ဦးဆာရေ။

    • surmi

      May 22, 2015 at 12:09 pm

      ပြောချင်တဲ့ အချက်လေးမရောက်မီ အဆုံးမသပ်နိုင်သေးဘဲတင်လိုက်မိတာခွင့်လွှတ်ပါဗျာ
      သဂျီးနဲ့ အရီးကိုပြောခဲ့သလိုပါဘဲ ။
      နောင်များမှာတော့ ဆုံးအောင်ရေးနိုင်မှဘဲတင်ပါတော့မယ် ဆရာမရေ

  • kai

    May 21, 2015 at 2:53 pm

    ပုံမှန်မဟုတ်တာလေး..လုပ်ပါလားဟင်င်င်…။
    ဥပမာ..။ ကောင်မလေးက… တောင်အမေရိကတိုက်နိုင်ငံတခုက.. ဘုရင့်သမီးတော်ဖြစ်နေတာမျိုး..
    ကွိ..။ :k:

    • surmi

      May 22, 2015 at 11:52 am

      ဟုတ်ပါတယ်သဂျီး
      အကြောင်းအရာကဖြစ်လေ့ရှိတဲ့ အဖြစ်မို့
      ထူးခြားမှုမရှိပါဘူး ။
      အပ်ကြောင်းထပ်နေတဲ့ ဇတ်လမ်းတွေပါ ။
      ဒါပေမယ့် …
      အဓိက ပြောချင်တာလေးကိုရောက်အောင်မရေးဖြစ်သေးဘဲ တင်လိုက်မိတာတော့ အားလုံးကိုတောင်းပန်ပါကြောင်း ………
      တကယ်ပြောချင်တာက ……
      ကိုမောင်မောင်ရဲ့ ဇနီးရဲ့ ခံစားမှုကိုပါ ။
      အဲ့ဒီနှစ်ယောက်လုံးက မိတ်ဆွေတွေဖြစ်လို့ နောက်ပိုင်းဇတ်ရည်လည်တဲ့အချိန်မှာ သူတို့ခံစားချက်အားလုံးကိုသိခွင့်ရခဲ့ပါတယ် ။
      နောက်ဆုံးဖြေရှင်းတဲ့ညနေမှာ …
      ခင်ခင်သိမ့်ဟာ သူ့ယောက်ကျား ဝန်ခံမှာကိုအတော်လေးစိုးရိမ်မိပါသတဲ့ ။
      သူ့ယောက်ကျားကို ဆက်ပြီးယုံပေးနေချင်လို့ ဝန်မခံပါစေနဲ့လို့ဆုတောင်းနေမိတယ် ဆိုဘဲ ။

      အခုတော့လည်း အားလုံးဟာအတိတ်မှာပြီးဆုံးသွားခဲ့ပါပြီ ။
      အခုတလော အိမ်ထောင်ရေးပဋိပက္ခတွေကြားမိလို့ မနှစ်ကရေးလက်စ ပို့စ်ကို တင်လိုက်မိတာပါ ။

      အဆုံးသပ်ထိဆက်ရေးရင် အတော်လေးရှည်နေပြီး ကျနော်ကလည်းလိုရင်းရောက်အောင်မရေးနိုင်လေတော့ ဒီလောက်နဲ့ဘဲ ရပ်နားပါရစေတော့ ။

      အဓိက ပြောလိုတာက
      တချို့မိန်းမတွေဟာ လင်ယောက်ကျားရဲ့ဝန်ခံမှုကိုသေမလောက်ကြောက်ကြတယ် လို့ပါ ။

      လေးစားလျှက်

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 21, 2015 at 3:23 pm

    တနားဇာ​လေး​ညော်​
    🙂

  • Alinsett @ Maung Thura

    May 21, 2015 at 4:58 pm

    “ ကြာသံကြာဟန်”ဆိုတာကြီးနဲ့ ပြောတတ်ဆိုတတ်တဲ့ ကောင်မရေးဒေဆိုလျှင်
    အနော်တော့…အသည်းယားအိ
    ပလို့ဂျိ

    :mrgreenn:

  • မြစပဲရိုး

    May 22, 2015 at 4:49 am

    အဝေးကြီး မသွားပါနဲ့ သူကြီးမင်းရယ်။
    အသိတစ်ယောက် ပက်ပုန်း မှာ ကဆာမိ ဇာတ်လမ်း ကလိုဘဲ။
    . ကောင်မလေး တွေ ခေါ်လိုက်တာ ဈေးအကြီးဆုံး ဆိုတာ တွေမှ မှာသတဲ့။
    အဲဒီတော့ ဒီလောက်တောင်ဖြစ်တာ ကိုင်မယ်ဟာ ဆိုပြီး ဟိုကိုင် ဒီ နှိုက် လုပ်လိုက်တာ။
    ကျားကြီး ဖြစ်နေတာ နဲ့ ထပြေးရသတဲ့။

    လည်ရင်လည်သလို ပိုက်ဆံ တွေ က အလွယ် ရနေတော့ အလွယ်ဖြုန်းဖို့ အတွက် ကြောင်ခံတွင်းပျက် နဲ့ ဇရက်တောင်ပံကျိုး ဆုံပွဲတွေပေါ့။
    . မိသားစု ကို တကယ်ချစ်ရင် အဲဒီတွေကို သွားဖို့ ကို မသင့်ပါလေ။
    မူးယစ်ဆေး ဆိုတာ ကို မစမ်းနဲ့ ဆိုတာ စမ်းရင် စွဲပြီး မကောင်းမှန်းသိနေလဲ မဖြတ်နိုင်တော့ သလိုပေါ့။
    ဆက်ရေးပါ ကဆာမိရယ်။
    . ပြီးရင် မှတ်ချက်လေးပေးချင်လို့ပါ။

    • surmi

      May 22, 2015 at 12:00 pm

      ဒီတခါတော့ အဆုံးသပ်ထိ မရေးဖြစ်တော့လို့ တောင်းပန်ပါတယ်အရီးရေ ။
      သဂျီးကို ရီပလိုင်းပြန်တဲ့ထဲကအတိုင်းပါဘဲ ။
      အချ်ု့သောမိန်းမတွေရဲ့ ထူးဆန်းတဲ့ စိတ်သဘောထားကို ပြောချင်လို့ရေးရင်း အကြောရှည်သွားတာပါ ။
      ဆက်ရေးရင်ပိုပြီး ရှုပ်ထွေးနေမှာမို့
      ကွန်မန့်နဲ့ဘဲပြောလိုက်ပါတော့တယ် ။

      အမှတ်တရရှိပေးလို့ကျေးကျေးပါအရီး
      နောကါတခါပြန်လာရင် အကြွေးဆပ်မယ်နော 🙂

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 23, 2015 at 7:47 am

    လောကကြီးမှာလေ.. အများစုက ယောက်ျားတွေသာ ဖောက်ပြန်တယ်.။ အပျော်အပါးမက်တယ်
    အပေါင်းအသင်းမက်တယ်။ ဖောက်ပြန်ပီဆို သားသမီးမျက်နှာမကြည့်တော ဆိုတော့ ။
    ခုတလော ဟော့ပ်နေတဲ့ ယောက်ျားဖောက်ပြန်လို့ စူစိုက်လုပ်သွားတဲ့
    ဒေါက်တာမလေး ဆိုပီး ဟော့ပ်ဟော့ပ်နေတာမြင်တော့…။
    ၂ ဖက်မြင်လေး ဖြစ်သွားအောင်…
    ဖြစ်ရပ်မှန် သင်္ဘောသီးကြီးများရဲ့ ရင်ကွဲ ဇာတ်လမ်းတွေတောင် ရေးချင်မိပါကြောင်း
    သို့သော်လည်း အမျိုးသမီးတွေက သက်ရှိထင်ရှားရှိနေသေးတော့… မရေးတော့ပါကြောင်းလေး.. ကိုဆာမိရေ..။

  • တောင်ပေါ်သား

    May 23, 2015 at 1:45 pm

    သများက နောက်တစ်ပိုင်းမျှော်နေပါတယ်ဆိုမှ

    တန်းလန်းကြီးထားခဲ့ရသလား ကိုကိုဆာရယ် 🙂

  • မြစပဲရိုး

    May 24, 2015 at 2:14 pm

    ကိုရင်စည် လေး ပြောသလိုမျိုး မောင်ရှုံး လဲ ပြောလိမ့်မယ်လို့ တွေးမိလိုက်သေးတယ်။

    မနေ့က ဆောင်းပါး တစ်ပုဒ် ထဲ မှာ အိမ်ထောင်ရေးဖောက်ပြန်တာ နဲ့ ပါတ်သက်ပြီး DNA တွေကို Research လုပ်တာက ရတဲ့ result တွေ အကြောင်း ဖတ်လိုက်ရသေးတယ်။
    သိပ္ပံနည်း ဆိုတော့လဲ ဗေဒင်တွေ ဟောသလို မင်းတော့ဘာဖြစ်မယ် အတိအကျ မပြောဘူးပေါ့လေ။
    http://www.nytimes.com/2015/05/24/opinion/sunday/infidelity-lurks-in-your-genes.html?_r=0
    သူတို့ ပြောတာက ဒီလိုဖောက်ဖို့ အတွက် လူတစ်ချို့ ရဲ့ ဗီဇ genes မှာပါ ကို အဲဒီ အကျင့် လာတာ ကြောင့်မို့ လို့ ပြောတယ်။
    အဲလိုပါလာတိုင်းလဲ ဖောက်တယ်တော့ မဟုတ်ပေမဲ့ % များတယ်ပေါ့။
    . ကြည့်ရတာ ပင်ကိုယ်ဗီဇ နဲ့ အခွင့်အခါရခြင်း တိုက်ဆိုင်သွားချိန်မှာ ဖောက်ပြားကြတာ နေမှာပေါ့။
    ဘာလို့ အဲဒီလို ဖောက်ကြတာလဲ ဆိုရင် ကိုယ့်ဗီဇ ရှင်သန်ဖို့ အတွက် လူများများ နဲ့ ဆက်ဆံမှ ကိုယ့် ဗီဇ ကျန်ဖို့ များမှာကြောင့်တဲ့။ selfish genes လို ဖြစ်မလားဘဲ။

    . နောက်ဆောင်းပါး တစ်ပုဒ်မှာတော့ အဲဒီလို genes ပါရင်တောင် မိန်းမ တွေ က ပိုပြီး ဖောက်ဖို့ရှိသတဲ့။
    http://www.dailymail.co.uk/sciencetech/article-2954349/Women-likely-cheat-partner-carry-infidelity-gene-scientists-discover.html
    ဒါကတော့ ကိုရင်စည်လေး တို့ မောင်ရှုံးတို့ ရဲ့ အမြင်မျိုး က မိန်းမ တွေ နေမှာပေါ့။

    ဒါမျိုး အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်လမ်း တွေ က မြန်မာပြည်မှာ ပိုများနေသလားတောင် ထင်မိတာ။
    အဲဒီမှာ ဘာကို သွားပြီး စဉ်းစားမိလဲ ဆိုတော့ မိန်းကလေး တွေ service ပေးနေတဲ့ ကရာအိုကေလို အနှိပ်ခန်းလို နေရာ တွေ မှိုလို့ပေါက်နေတာ တွေပါ။
    အလုပ် တွေမှာ ဆိုလဲ မိန်းကလေး ပီအေ တွေ ကို မလိုလဲ ဖောချင်း သောချင်း ခန့်ထားနိုင်တဲ့ ကြွယ်ဝမှုမျိုး တွေ ပေါ နေတော့တာ။
    အဲလိုမျိုး ကျား နဲ့ မ လိုတာထက်ပိုပြီး လက်ပွန်းတတီး ရှိလာတဲ့ အခြေအနေ မှာ စောစောက ပြောတဲ့ ဗီဇ နဲ့ ပေါင်းလိုက်တော့ ဖောက်ပြားမှု ဖြစ်လာတော့တာပေါ့။
    တစ်ချို့လဲ တမင်ဖောက်ချင်လို့ ကို အခွင့်အရေး ရှာနေသလို တစ်ချို့လဲ မရည်ရွယ်လဲ ထားတဲ့ စည်းပေါက်ပြီး ကျွံသွားလို့ ပြန်နှုတ်မရ တော့တာ လဲ ရှိမှာပါ။

    . ပြသနာက သိပ္ပံနည်း နဲ့ ကြည့်ပြီး ဒါဟာ ဗီဇ ရှင်သန်ဖို့ အတွက်လို့ ပြောပေမဲ့ အဲလို ဖြစ်လိုက်ရင် ကိုယ့်ပါတ်ဝန်းကျင် လူမှုရေး အရ မှာတော့ စိတ်မချမ်းမြေ့စရာ အခြေအနေ ဖြစ်ဖို့များတာပါဘဲ။
    လင်နဲ့မယား စိတ်တူ ကိုယ်တူ ဖောက်ပြားနေကြ သူတွေလဲ ရှိနိုင်ပါတယ်။
    ဒါပေမဲ့ သူတို့ လဲ တကဲ့ စိတ်ပျော်ရွှင်မှု ရမယ် မထင်မိဘူး။
    ဘာလို့လဲ ဆိုတော့ အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝ မရနိုင်တော့လို့ဘဲ။

    ဒါမျိုး ဖြစ်လာပြီဆိုရင် ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် ကိုယ်နဲ့ နှိုင်းတဲ့ ဝန်တို သံသယ တွေ နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဝေဒနာ တွေ ရကိုရမှာပါဘဲ။

    အတွေ့အထိ သာယာမှု က တဒင်္ဂပါ။ ရေရှည်မမြဲဘူး။
    ဒါကို မမြင်နိုင်ဘဲ အမှောင်လွှမ်းသွားတဲ့ အဖြစ်တွေပေါ့။

    . စောစောက အရ ဆိုရင် လူ တွေ မှာ ဒီလို ဖောက်ပြားတာ ကို မကောင်းမှန်း သိတယ်။ ဒါပေမဲ့ ဖောက်ကြတယ်။
    ဘာလို့လဲ ဆိုတော့ ရလာ ဖြစ်လာတဲ့ အခွင့်အရေး ကို မလွတ်တန်း ဖမ်းယူလိုက်မိတာကြောင့်ဘဲ။ (ကိုယ့် ကောက်ချက်ပါ)
    ဒါကြောင့် ဒါမျိုး တွေ မဖြစ်ချင်ရင် နဂို ထဲ က ဒီလို အကျိုး တွေ ဖြစ်လာမဲ့ အကြောင်းခံ တွေ ကို ရှောင်ဖို့ဘဲ ရှိပါတယ်။
    ကိုယ့်ဟာကို သိပ်စိတ်ခိုင် တယ် ထင်လဲ တစ်မျိုးပေါ့။
    ဒါပေမဲ့ စိတ်ခိုင်တယ် ဆိုမှတော့ ဒီလို ဖောက်ပြား မဲ့ အာရုံတွေ ကို နဂိုထဲ က ရှောင်နိုင်ပြီး ဖြစ်မှာပါ။
    မရှောင်နိုင်ဘဲ ထိပ်တိုက်တွေ့လိုက်တယ် ဆိုတာက စိတ်ဓာတ်မခိုင်ကြည် တဲ့ ခပ်တုံးတုံး ခပ်အအ လူတွေပါဘဲ။
    လူ ဆိုမှတော့ ယောကျာင်္း ရော မိန်းမ ပါ အကြုံးဝင်ပါတယ်။
    ဒီမှာတော့ Emotional intelligence ရဲ့အစွမ်း က လိုလာမလား။
    အဲဒါ ကို ဘဝ မှာ ကောင်းဖို့အတွက် အလေ့အကျင့် နဲ့ ကြိုးစားသင့်မလားဘဲ။

    ကိုရင်စည်လေး စိတ်ကျေနပ်နိုင်မယ် ထင်ပါရဲ့။

    (စကားလုံး လက်နက်ကြီးများ နဲ့ လေများထားလို့ ခွေးလွှတ်ကြပါကုန်) lol:-))))

  • ဦးကြောင်ကြီး

    May 25, 2015 at 12:33 am

    သပ်ချောင်ကစာမိအိ ဗျောင်လိင်သဏ်….

  • aye.kk

    May 25, 2015 at 12:05 pm

    အခေါ်အဝေါ်ဆိုတာက
    ပညတ်တရားတွေပါ၊ပညတ်တွေက စိတ်ကို
    အရောင်ဆိုးပစ်တတ်ကြပါတယ်။
    ကိုယ်ထင်တာ ကိုယ့်အနေနဲ့ကမှန်တယ်လို့ ထင်နေတတ်ပါတယ်။

Leave a Reply