Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ချစ်ကြသည်ဆိုရာဝယ်….

Ma MaJune 18, 20152min66316

မလတ်ရေးတဲ့ ချစ်ညီမ သို့ ဆိုတဲ့ပိုစ့်ကို ဖတ်ပြီး ဝင်လားတဲ့အတွေးလေးပါ။

 

patriotism နဲ့ chauvinism အကြောင်းကို မလတ်ပိုစ့် https://myanmargazette.net/215855/comment-page-1#comment-404029 မှာ ရှင်းပြထားတာမို့ အထူးမပြောလိုပါဘူး။

 

patriotism အမျိုးသားရေးစိတ်ဓာတ်နဲ့

chauvinism မျိုးချစ်စိတ်ဓာတ်ဆိုတာကိုဖတ်ပြီး…….. ကြုံခဲ့ဖူးတဲ့ မြင်ကွင်းတစ်ခုကို သွားသတိရမိတယ်။

 

တစ်ခါတုန်းက လမ်းသွားရင်း ကလေး၂ယောက် ရန်ဖြစ်နေကြတာကို တွေ့လိုက်ရတယ်။

ပြောရလွယ်အောင် မောင်ဖြူနဲ့ မောင်နီလို့ နာမည်ပေးလိုက်မယ်။

 

မောင်နီက မောင်ဖြူကို ရိုက်ပုတ်ကုတ်ခြစ်တယ်။

မောင်ဖြူက ပြန်ခုခံပေမယ့် မနိုင်တော့ ဒါဏ်ရာဒါဏ်ချက်တွေနဲ့ ငိုယိုပြီး ပြန်သွားတယ်။

 

မောင်ဖြူ့မိဘတွေက လမ်းဘေးဈေးသည်တွေ။

သားဖြစ်သူ ငိုယိုပြီးရောက်လာတော့ အဖေဖြစ်သူက မေးတယ်။

 

အကျိုးအကြောင်းသိတော့ ဒေါသတကြီးနဲ့  မောင်နီဆီကိုသွားတယ်။

ကလေးကို  အော်ဟစ်ဆဲဆိုပြီး နိုင်ထက်စီးနင်း ရိုက်မောင်းပုတ်မောင်းလုပ်တယ်။

 

လူကြီးနဲ့ကလေးဖြစ်နေတော့ အင်အားချင်းမမျှပဲ မောင်နီပြန်ခံရတော့တာပေ့ါ။

 

ဒါပေမယ့် အဖေဖြစ်သူရဲ့ ဒေါသက ဒီလောက်နဲ့တင်မပြီးသေးပဲ သူ့နေရာကိုပြန်လာတယ်။

 

သားဖြစ်တဲ့ မောင်ဖြူကို …

သူများ နိုင်ထက်စီးနင်းလုပ်တာ ခံလာရလား၊

သူရိုက်ရင် ကိုယ်ပြန်ရိုက်ပါတော့လား။

ဒီလောက်မှ အသုံးမကျဘူးလားဆိုပြီး ကြိမ်းမောင်းရိုက်ပုတ်ပြန်ပါသေးတယ်။

 

ကလေးအဖေရဲ့  ရန်စွယ်ငေါငေါနဲ့ ဒေါသတကြီးနဲ့ ပြဿ      နာဖြေရှင်းတဲ့ စိတ်ဓာတ်ကိုကြည့်ပြီး ကလေးကို ချစ်တာမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်။

 

ချစ်ခြင်းအမျိုးမျိုး ရှိကြရာမှာ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်ဟာကို ခေါ်သလဲ အတွေးပွားရင် နောက်ထပ်အချစ်တစ်မျိုးကို ခံစားမိပါသေးတယ်။

 

သူငယ်ချင်းတစ်ယောက်က ရှဲပေးဖို့ ဖဘမှာ တင်ပေးထားတာကို

ရှဲချင်ပေမယ့် ……..

ရှက်စရာကောင်းတယ်လို့ ယူဆလို့ ကိုယ့်အမျိုးတွေရှိတဲ့ ရွာထဲမှာပဲ လာရှဲပေးလိုက်တယ်။ :mrgreen:

 

သက်သေခံဖိတ်စာတွေ ဓာတ်ပုံတွေနဲ့ ဆိုတော့ မှန်မယ်လည်း ထင်လု့ိ၊

:e:

(ပိုစ့်ပိုင်ရှင်ရေးထားတဲ့အတိုင်း တင်ပေးထားပါတယ်။)

 

https://www.facebook.com/polestar.polestar.14

သူငယ်ချင်းများအားလုံးမိန်းမသားတစ်ယောက်ရဲ့ဘဝကိုညှာတာသနားရင်ဖြင့်ဝိုင်းပြီးshare ပေးကြပါ ကျွန့်တော့အသိညီမလေးတစ်ယောက်ရဲ့အဖြစ်ပျက်လေးပါ

မိန်းမတယောက်ကိုချစ်ပါတယ်ဆိုတဲ့စကားတခွန်းနဲ့ ပျော်တွဲ ခဲ့တယ် ကောင်မလေးဆီကနေရသမျှပိုက်ဆံကိုအကုန်ချူစား ကောင်မလေးခမျှာသူ့ကိုချစ်ရှာတော့ အစစအရာသူပြောသမျှလုပ်ပေးခဲ့တယ် မိဘတွေကစ သမီးသမီးနဲ့ သဘောတူသယောင်ဆောင်ပြီးကောင်မလေးဆီကနေရသမျှယူခိုင်းခဲ့တယ်မင်္ဂလာကိစ္စကိုလည်းသူတို့ဘက်ကစီစဉ်ပေးမယ်ဆိုပြီးပြောခဲ့တယ်

ကောင်မလေးကသူတို့စကားကိုယုံကြည်ခဲ့တယ် နောက်ဆုံးတော့ကောင်လေးကမင်္ဂလာကိစ္စအတွက် ကောင်မလေးကိုပိုက်ဆံခဏ စိုက်ထားပါဆိုပြီးမင်္ဂလာကိစ္စစီစဉ်ခဲ့တယ် မင်္ဂလာဖိတ်စာလည်းရရော ကောင်မလေးဆီကလေ ငွေ၅သိန်း နဲ့သတို့သားဝတ်စုံကိုယူပြီး ထွက်ပြေးသွားတယ် သူ့မိဘတွေဆီဆက်တော့ သူတို့မသိဘူးရှာမပေးနိုင်ဘူး သဘောလည်းမတူနိုင်ဘူး ကြိုက်တဲ့ဆီကိုတိုင် မကြောက်ဘူး ဘယ်တိုင်တိုင်သူတို့လိုက်ရှင်းနိုင်တယ်ဆိုပြီးပြောတယ် မင်္ဂလာဆောင်ဖိတ်စာကိုလည်းမြစ်ထဲမြောပစ်လိုက် အသုံးမဝင်ဘူးဆိုပြီးပြောခဲ့တယ် မိဘတွေဖြစ်ပြီး သူတို့သားကိုရှာနိုင်ရင် မင်္ဂလာဆက်ဆောင်နိုင်တယ်ဆိုပြီးစိန်ခေါ်စကားပါ ပြောလာခဲ့တယ် မင်္ဂလာဆောင်က၁၈.၆.၂၀၁၅ပါ ဖိတ်စာတွေလည်းရနေပါပြီ ကောင်မလေးခမျှာ ပတ်ဝန်းကျင်မှာမျက်နှာမပြရဲအောင်ဖြစ်နေပါပြီ မိန်းကလေးတစ်ယောက်ရဲ့ဘဝကိုဖျက်ဆီးပြီး ပိုက်ဆံတွေက်ိုယူပြီးထွက်ပြေးသွားတဲ့သူကို ဝိုင်းရှာပေးကြပါ ကောင်မလေးခမျှာ လူလိမ်က ရန်ကုန်ကဆိုတော့ လိုက်မရှာနိုင်ဘူးဖြစ်နေပါတယ် မိန်းကလေးတစ်ယောက်ရဲ့ အရှက်နဲ့သိက္ခာ တင်မက သားသမီးချင်းကိုယ်ချင်းမစာတတ်တဲ့သူတွေ တူသောအကျိုးမပေးပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်
ယခုရန်ကုန်ရောက်မှ နောက်ထပ်ကောင်မလေးတစ်ယောက်နဲ့ထပ်တွဲနေပြန်ပါတယ် သူငယ်ချင်းများအားလုံးလည်း ဝိုင်းshare ပေးကြပါကျွန်တော့အသိညီမလေးလိုမျိုးတစ်ခြားအမျိုးကောင်းသားသမီးများဒုက္ခမရောက်အောင် သတိပေးလိုက်ပါတယ်

နာမည်က အောင်ဟိန်း
ပညာအရေအချင်းကတော့၁ဝတန်းပါ
နေရပ်လိပ်စာ က အိမ်အမှတ်၁၉ ပထမ.လွှာ နတ်ချောင်း ၂လမ်း တာမွေမြို့နယ်
မိဘနာမည်ကတော့ ဦးဝင်းရွှေ+ဒေါ်မြင့်မြင်သိန်း

လူလိမ်တစ်ယောက်ရဲ့ပုံနဲ့သက်သေအထောက်အထားတိတိကျကျတင်ပေးလိုက်ပါတယ်

— with Kitty Lay and 7 others.

 

 

16 comments

  • ဇီဇီခင်ဇော်

    June 18, 2015 at 10:03 am

    ချစ်ခြင်းတို့ အချစ်တို့ နောက်က နားလည်မှု ပါမှ။
    ပြသနာက အဲဒီ နားလည်မှု ရဲ့ အကျယ်ကို လူတွေ နားမလည်ကြတာပဲ။
    ပလို့ဂျိ (စီဒီ တူ ဆက်ဆက်)

    :k:

    • Ma Ma

      June 19, 2015 at 6:15 am

      ( နားလည်မှု ရဲ့ အကျယ်ကို လူတွေ နားမလည်ကြတာပဲ။)
      အမှန်တော့လည်း သူသူကိုယ်ကိုယ်အတ္တတွေကြီးနေကြတာကြောင့်ပါပဲ။

      ပါမောက္ခချုပ်ဆရာတော်က တရားတစ်ပုဒ်မှာ သားသမီးကိုချစ်တယ်ဆိုရာမှာတောင်…..
      အဲဒီသားသမီးလေးတွေကို တွေ့နေမြင်နေ ပွေ့ဖက်နေရရင် စိတ်ချမ်းသာလို့ ကိုယ်စိတ်ချမ်းသာတာကို ချစ်တာတဲ့။

      ကိုယ့်ကိုကိုယ်ချစ်လို့သာ သားသမီးတွေ ပြောဆိုဆုံးမမရရင် အမွေပြတ်စွန့်လွှတ်ခြင်းတွေ ဖြစ်လာတာပေ့ါတဲ့။

      🙁

  • ဦးကြောင်ကြီး

    June 18, 2015 at 10:16 am

    ဖွတ်ပါတီဝံစိုလား… ခုဒေါ့ စစ်ထဲဝံသွားဗီဒဲ့…

    • manawphyulay

      June 18, 2015 at 10:31 am

      အူးကြောင်နဲ့ ခပ်ဆင်ဆင်ပဲနော်….အဟိ :mrgreen:

    • Ma Ma

      June 19, 2015 at 7:23 am

      ကြောင်ပါတီတော့ ဝင်မသွားလျှာဗူးလားးးးး :k:

  • Wow

    June 18, 2015 at 10:29 am

    ဖြစ်တတ်ပါတယ်.. ရပ်တည်ဖို့ ခက်ခဲလာတဲ့ ဘွတွေထဲမှာ ဒေါသကြီးပေါက်ကွဲလာမယ်.. အတ္တကြီးလာမယ်… လူ့ကျင့်ဝတ်တွေ ချိုးဖောက်လာမယ်…

    ဂျူ းရဲ့ ကြာတော့သည်လည်းမောင့်စကားထဲမှာထင်တယ် ပြောထားတာ… ငယ်ကထဲက ပြည့်စုံလိုတာရပြီး မွေးဖွားလာတဲ့ ခလေးတွေက အတ္တသိပ်မကြီး ပတ်ဝန်းကျင်ကို မနာလို မရှုစိမ့်၊ စိတ်ထားမကောင်းတာမျိုးမရှိဘူးတဲ့..

    • မြစပဲရိုး

      June 19, 2015 at 1:41 am

      အဲဒါကလဲပုံသေနည်း လို တစ်ထစ်ချ တွက်လို့ မရပြန်ဘူး ဒေါ်ဝါးလေး ရဲ့။
      ဆင်းရဲ ချမ်းသာ ပြည့်စုံမှုထက် မိဘ ရဲ့ သွန်သင်မှု ပေါ်မှာ တည်မလားဘဲ။
      ရုပ်ရှင်တစ်ကား မှာလားမသိ။
      ကလေးမလေး ကို အဖေအမေ က လိုလေသေးမရှိအောင်ထား ပေမဲ့ သူတို့ က အလုပ်များလွန်းလို့ ကလေးကို ဂရုမစိုက်နိုင်ဘူး။
      တစ်နေ့ ပန်းခြံထဲ နာနီ နဲ့သွားတော့ ခပ်နွမ်းပါးပါး မိသားစုလေးတစ်စု ပျော်ပျော်ရွှင်ရွှင် ကစားနေတာ ကို ကြည့်ပြီး ဝမ်းနည်းနေတာလေး ပြထားတာ။
      အပြင်မှာတော့ မသိဘူး။
      တစ်ချို့လဲ နာနီတွေ ကောင်းရင်လဲ မေတ္တာဆိုတာ ရတာဘဲလေ။
      အဖေ အမေ ကို မတွယ်တော့တာဘဲ ရှိမယ်ထင်ရဲ့။
      မိဘ အနားမှာရှိပြီး ထမင်းငတ်နေတဲ့ ဘဝ နဲ့ မိဘ မရှိလဲ ပြည့်စုံတဲ့ဘဝ ဘာက ပိုကောင်းလဲ။
      . ပြောဖို့ခက်သား။

      ဟိ – ချစ်မ ပြောတာ နဲ့ လမ်းလွဲသွားတော့မယ်။ :-))

      • Ma Ma

        June 19, 2015 at 9:45 am

        လူတစ်ယောက် ကောင်းတယ်ဆိုးတယ်ဆိုတာ ငယ်ငယ်ကတွေ့ကြုံဆက်ခံခဲ့ရတဲ့သူ (မိဘ၊ ဆွေမျိုး၊ နာနီ၊ ဆရာ/မ၊ ပတ်ဝန်းကျင်) ရဲ့ စိတ်ဓာတ်အခြေအနေနဲ့ အများကြီးဆိုင်တယ်လို့ ထင်တယ်။

        အရွယ်ရောက်လာတဲ့အခါ ကိုယ်ပိုင်အသိဉာဏ်နဲ့ ဆင်ခြင်ဆုံးဖြတ်ပြီး တော်တည့်ကောင်းမွန်သွားတာလည်း ဖြစ်နိုင်ပါတယ်။

        အချစ်ခံရတဲ့ကလေးတိုင်း စိတ်ဓာတ်ပြည့်ဝတယ်လို့တော့ မဆိုနိုင်ဘူး။

  • အောင် မိုးသူ

    June 18, 2015 at 11:38 am

    ကျော့်ညီမလေးဆို ဖိတ်စာတွေဝေခန်းမတွေငှားပြီး အကုန်လုံး စီစဉ်ပြီးကာမှ ကောင်လေးဘက်က အချိုးမပြေလို့ တစ်ခါတည်း သူ့ဘက်က စဖျက်ပစ်လိုက်တယ်။ စိတ်ပြတ်တာ အံ့ဩဖို့ကောင်းတယ်။ 😀

    • Ma Ma

      June 19, 2015 at 9:47 am

      အောင်မိုးသူရဲ့ ညီမလေး စိတ်ပြတ်တာ တော်တာပေ့ါ။
      မဟုတ်ရင် နောင်မှ မိဘညီအစ်ကို မောင်နှမတွေပါ စိတ်ဆင်းရဲနေရမှာ။ 🙁

  • aye.kk

    June 18, 2015 at 12:35 pm

    မမရေ
    ကိုယ့်အသိမိတ်ဆွေမိန်းကလေးတွေ
    သိစေဖို့ပြောပြထားလိုက်ပါဦးမယ်
    ပြန်ပြီးမျှဝေပေးတဲ့မမကိုလည်းကျေးဇူးတင်တယ်။

  • lu lu

    June 18, 2015 at 2:56 pm

    မလည်တတ်တဲ့ ဝဋ်ဆိုတာမရှိပါဘူးး
    အလှည့်ကျရင် မနွဲ ့စတမ်းပေါ့ကွယ်
    မိ်န်းကလေးမိတ်ဆွေတွေကိုအသိပေးထားလိုက်ပါ့မယ်
    ကျေးဇူးပါ မမ
    🙂

    • Ma Ma

      June 19, 2015 at 9:50 am

      မအေး နဲ့ လုလု ရေ ကျေးဇူးပါ။
      သိတော့လည်း ရှောင်နိုင်အောင်လို့ပါ။
      ဖဘမှာရှဲဖို့ကို စိတ်ထဲတမျိုးဖြစ်နေတာနဲ့ ကိုယ့်ဆွေကိုယ့်မျိုးတွေကိုပဲ ရှဲလိုက်တာ။

  • Alinsett @ Maung Thura

    June 20, 2015 at 9:25 am

    အချစ်ရဲ့ နောက်ဆက်တွဲများဟာ
    ချိုသလား ခါးမလား..
    အရင် လေ့လာတတ်ဖို့ လိုမလားပဲ..

    • Ma Ma

      June 20, 2015 at 10:14 am

      ချိုတဲ့သူအတွက် ချိုပြီး
      ခါးတဲ့သူအတွက် ခါးမှာပါ။
      ကြိုတင်တွက်ချက်လို့ ရချင်ရနိုင်မယ်။

  • etone

    June 20, 2015 at 11:16 am

    ဘယ်လိုပြောရမှန်းတောင်မသိဘူး အန်တီရေ ။
    မိန်းမဆီက ကပ်စားဦးတော့ အသုံးမကျတဲ့ လူပဲဖြစ်ဦးမယ် ။ လက်ကြောမတင်းဘူးပေါ့ အချောင်ခိုတယ်ပေါ့ ။ ဒါက ယုတ်မာတဲ့ အဆင့်မဟုတ်သေးဘူး ။

    အခုလို ကပ်စားပြီး အရှက်ပါခွဲခဲ့တာကတော့ …. လူစိတ်ရှိတယ်လို့တောင် ပြောမရတော့ဘူး ။ ယုတ်မာလွန်းတယ် ။ ယောကျာ်းလေးဘက်က မိဘအိမ်ဘက်ကိုပါ အဲ့ပတ်ဝန်းကျင်မှာ မနေရဲအောင် လက်တုံ ့ပြန်သင့်တယ် ။ ဒါပေမယ့်လည်း တော်ရုံ စိတ်နဲ့တော့ မလုပ်ရဲကြပါဘူး ။ အတော်အကြာတင်းမှ 🙁 တရှက်က နှစ်ရှက်ဖြစ်မှာကိုး ။

Leave a Reply