Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မွမွတို့ အသုပ် အစုံ – KZ’s ထမင်းဆိုင်

ဇီဇီJuly 27, 20153min116921

 

ဒီ တစ်ပတ်လည်း ထမင်းဆိုင် မဖွင့်တာ ကြာလို့သာ ကြံဖန်ဖွင့်ရတာ။
အမှန်တော့ အသုပ်ဆိုင်ပဲ ထားပါတော့။
မွသဲ ဆီက ဆေးဘဲဥသုပ်နဲ့
ကျန်တဲ့ အသုပ်တွေတော့ မွမွဘုတ် ဆီ က ယူပါတယ်။

 

 

ဆေးဘဲဥသုပ် (Credit to TNA) သများက ခရမ်းချဉ်သီးပါးပါး  နံနံပင်  ဆေးဘဲဥ စိတ်  ကြာညို့  ရှာလကာရည်လေးနဲနဲ  ဆား  ဟိုနေ့က ဆန်ပြားငြုတ်ဆီချက်ပါလေဟန်လေးနဲ့သုတ်တာ
ဆေးဘဲဥသုပ် (Credit to TNA)
သများက ခရမ်းချဉ်သီးပါးပါး
နံနံပင်
ဆေးဘဲဥ စိတ်
ကြာညို့
ရှာလကာရည်လေးနဲနဲ
ဆား
ဟိုနေ့က ဆန်ပြားငြုတ်ဆီချက်ပါလေဟန်လေးနဲ့သုတ်တာ

 

 

ခွေးတောက်ရွက် သုပ်  ခွေးတောက်ရွက် မြေပဲထောင်း အမှန်ကတော့ကြိတ်တာ ပဲပုပ်မှုန့်  ကြ်က်သွန်နီ ခရမ်းချဉ် ဆီနီ ဆီဝါ ငရုပ်သီးလှော် ပုဇွန် ခြောက် ဆားအစား ငံပြာရည် သံပုရာသီး ကပုံမှာမပါ ထည့်ဖို့မေ့သွားလို့
ခွေးတောက်ရွက် သုပ် (Credit to မွဘုတ်)
ခွေးတောက်ရွက်
မြေပဲထောင်း
အမှန်ကတော့ကြိတ်တာ
ပဲပုပ်မှုန့်
ကြ်က်သွန်နီ
ခရမ်းချဉ်
ဆီနီ
ဆီဝါ
ငရုပ်သီးလှော်
ပုဇွန် ခြောက်
ဆားအစား
ငံပြာရည်
သံပုရာသီး ကပုံမှာမပါ
ထည့်ဖို့မေ့သွားလို့

မွဘုတ်

 

 

 

ပြောင်းဖူး အာလူးသုပ်  အာလူးကို သိပ်မနူးအောင်ပြုတ်လိုက်တယ်  ပြောင်းဖူး နည်းနည်းပါးပါး  နံနံပင်  ငရုပ်သီးစိမ်း  ခရမ်းချဉ်သီး  ကြက်သွန်ဥနီ  ထုံးစံတိုင်း အဆာပလာ မြေပဲလှော်  ပဲပုတ် မှုန့် ငံပြာရည်  ငရုပ်သီးလှော်က ထည့်ချင်ထည့် မထည့်လည်းရတယ်  ဆီစိမ်း  ကောင်းလား မကောင်းဘူးလားဆိုတော့  ဟီးဟီး မမြည်းကြည့်ရသေး  စုံအောင်ရှိတာလုပ်ပေးလိုက်တာ
ပြောင်းဖူး အာလူးသုပ်
(Credit to မွဘုတ်) အာလူးကို သိပ်မနူးအောင်ပြုတ်လိုက်တယ်
ပြောင်းဖူး နည်းနည်းပါးပါး
နံနံပင်
ငရုပ်သီးစိမ်း
ခရမ်းချဉ်သီး
ကြက်သွန်ဥနီ
ထုံးစံတိုင်း အဆာပလာ မြေပဲလှော်
ပဲပုတ် မှုန့်
ငံပြာရည်
ငရုပ်သီးလှော်က ထည့်ချင်ထည့် မထည့်လည်းရတယ်
ဆီစိမ်း
ကောင်းလား မကောင်းဘူးလားဆိုတော့
ဟီးဟီး မမြည်းကြည့်ရသေး
စုံအောင်ရှိတာလုပ်ပေးလိုက်တာ

 

 

အမဲသား သုပ် အရိုး ကပ်အသား ရေနွေး ဆူ တည်ပြီး ဖြေးဖြေး ပစ်ထဲ့ ကြက်သွန်နီ တစ်ဥ အလုံးလိုက် ကြက်သွန်ဖြူ တစ်ဥ အလုံးလိုက် အခွံ မခွာလည်းရ ဂျင်း ကို ဗြန်းကနည်းမြည်အောင်ရိုက် ကျည်ပွေ့ ရှာမနေချင် လို့ ဆား ငရုပ်ကောင်းစေ့ Black cadamon ဖာလာကြီး ဆိုလား ပါကော့ဆိုလား နာနတ်ပွင့် နည်းနည်း စီ ထည့်ပြုတ်လိုက် chinese celery တစ်ရိုး ဟိုဒီ တွဲမရတာ ဒါနဲ့တော့ အဆင်ပြေလို့ ပေါင်းခိုင်းလိုက်တယ် ပြုတ်ထားတဲ့ အရိုးကပ်အသား အဆုတ် အသည်း အရွတ် ထဲ ပင်စိမ်း ချင်း နု ငြုပ်သီး နံနံ သံပယို ကြက်သွန်မိတ် အားလုံးရိတ်ရိတ် ကြက်သွန်ဖြူကြော် ငြုပ်သီးကြော် နဲ့ သုပ်ပြီး ရှိတာစားရတယ်
အမဲသား သုပ် (Credit to မွဘုတ်)
အရိုး ကပ်အသား
ရေနွေး ဆူ တည်ပြီး ဖြေးဖြေး ပစ်ထဲ့
ကြက်သွန်နီ တစ်ဥ အလုံးလိုက်
ကြက်သွန်ဖြူ တစ်ဥ အလုံးလိုက်
အခွံ မခွာလည်းရ
ဂျင်း ကို ဗြန်းကနည်းမြည်အောင်ရိုက်
ကျည်ပွေ့ ရှာမနေချင် လို့
ဆား ငရုပ်ကောင်းစေ့
Black cadamon ဖာလာကြီး ဆိုလား ပါကော့ဆိုလား
နာနတ်ပွင့် နည်းနည်း စီ ထည့်ပြုတ်လိုက်
chinese celery တစ်ရိုး ဟိုဒီ တွဲမရတာ
ဒါနဲ့တော့ အဆင်ပြေလို့ ပေါင်းခိုင်းလိုက်တယ်
ပြုတ်ထားတဲ့ အရိုးကပ်အသား
အဆုတ် အသည်း အရွတ် ထဲ
ပင်စိမ်း
ချင်း နု
ငြုပ်သီး
နံနံ
သံပယို
ကြက်သွန်မိတ် အားလုံးရိတ်ရိတ်
ကြက်သွန်ဖြူကြော်
ငြုပ်သီးကြော် နဲ့ သုပ်ပြီး
ရှိတာစားရတယ်

 

 

 

 

 

တိုဖူး သုပ် (ရှမ်းပြည်နည်း) ကြက်သွန်နီ ခရမ်းချဉ် ဆီသတ် အနှစ်အနေတော်ရရင် ပဲငံပြာရည် တိုဖူးတုံးထည့် ကြက်သွန်မိတ် ဖြူး ဒါပဲလေ ကြော်ထည့် ချင်ထည့် မကြော်ပဲထည့်ထည့် ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့ အလှူတွေမှာ သက်သတ်လွတ်သမားတွေ အတွက် ထည့်ပါတယ်
ရှမ်းစတိုင် ရှိတဲ့ စတား တိုဖူးသုပ် နည်း (Credti to မွဘုတ်) ကြက်သွန်ဖြူ အစိမ်းထောင်း ထဲဆားထည့်ဖျော် မန်ကျီးရည် သို့ ရှာလကာရည် နံနံ ငြုပ်သီးဆီကြော် ပဲချဉ်ကတော့ ပျင်းလို့မလုပ် ပဲချဉ်လုပ်ရင် ပဲကြိတ်ဖတ်ကို အပူနည်းနည်းပေး ဆားထည့်ပြီးတစ်ည သိပ်ရင် ချဉ်ပါတယ်

 

 

 

 

 

မြင်းခွါရွက်သုပ်  မြင်းခွာရွက်က ရိတ်ရိတ်လှီးထည့်တယ်  အမြစ်နုတာ ဆို လည်းထည့်လို့ရတယ်  ခရမ်းချဉ်သီး ကြက်သွန်နီ ပါးပါး လှီး မြေပဲ ထောင်း  ဆီစိမ်းဆမ်း ဆား နဲ့ငံပြာရည် ကြိုက်ရာထည့်  ပုဇွန်ခြောက်မှုန့်ကတော့ သဘောရှိ ထည့်ချင်ထည့်ပေါ့
မြင်းခွါရွက်သုပ် (Credit to မွဘုတ်)
မြင်းခွာရွက်က ရိတ်ရိတ်လှီးထည့်တယ်
အမြစ်နုတာ ဆို လည်းထည့်လို့ရတယ်
ခရမ်းချဉ်သီး ကြက်သွန်နီ ပါးပါး လှီး မြေပဲ ထောင်း
ဆီစိမ်းဆမ်း ဆား နဲ့ငံပြာရည် ကြိုက်ရာထည့်
ပုဇွန်ခြောက်မှုန့်ကတော့ သဘောရှိ ထည့်ချင်ထည့်ပေါ့

 

အောင်မိုးသူ ရဲ့ မြင်းခွါရွက်သုပ်

အိမ်မှာ မေမေမြင်းခွာရက်သုပ်ရင်တော့ အမြစ်ကအစမသင်ဘူး
အကုန် ပါးပါးလှီးတာ
ပါးတာမှ ပါးလျှပ်နေအောင် လှီးတာ။
ငရုတ်သီးစိမ်းပါးပါးနဲ့ မြေပဲထောင်းထားတာရယ်။
သံပုရာသီးရယ် ဟင်းခတ်မှုန့် ရယ် ဆားရယ်။
ဆီချက်နည်းနည်းရယ် ရောသုတ် ကောင်းမှကောင်း

 

 

 

သံပုရာသီးသုပ်  သံပြာသီး သေးနိုင်သမျှသေးအောင် အခွံရောပါပါလှီး  အစေ့တော့ ဖယ်ပလိုက်ပါ (အရမ်းခါးမှာစိုးလို ့ပါ)  ကြက်သွန်ဥနီပါးပါးလှီး။  မြေပဲ မကျက်တကျက်လှော် ပြန်ထောင်း ကျက်သွားလဲကိစ္စမရှိပါ။  ငရုတ်သီးစိမ်းလှီး/ဆီစိမ်း/ ပဲပုပ်အမှုန် ့အနည်းငယ်ထည့် ဆားသင့်သလို ငံပြာရည် ်အနည်းငယ်ရောသမမွှေ၍စားပါလေ။  ဤသည်ကား သွေးတိုးကျ အဆီကျစေသော သံပြာသီးသုပ်နည်း တနည်း
သံပုရာသီးသုပ် (Credit to မွဘုတ်)
သံပြာသီး သေးနိုင်သမျှသေးအောင် အခွံရောပါပါလှီး
အစေ့တော့ ဖယ်ပလိုက်ပါ
(အရမ်းခါးမှာစိုးလို ့ပါ)
ကြက်သွန်ဥနီပါးပါးလှီး။
မြေပဲ မကျက်တကျက်လှော် ပြန်ထောင်း ကျက်သွားလဲကိစ္စမရှိပါ။
ငရုတ်သီးစိမ်းလှီး/ဆီစိမ်း/ ပဲပုပ်အမှုန် ့အနည်းငယ်ထည့် ဆားသင့်သလို ငံပြာရည် ်အနည်းငယ်ရောသမမွှေ၍စားပါလေ။
ဤသည်ကား သွေးတိုးကျ အဆီကျစေသော သံပြာသီးသုပ်နည်း တနည်း

 

 

 

 

ပဲသီးထောင်းသုပ်  ပဲတောင့်ရှည်ကို လက်တစ်ဆစ်လောက်လှီး ကုလား အော်သီး ထောင်းတဲ့ထဲကို  မြေပဲထောင်း ကြက်သွန်ဖြူ ပုဇွန်ခြောက် ဆား ရောထောင်းလိုက် တာ  အိမ်မှာကတော့ တစ်ခါမှမထောင်း Blender ထဲ ကြက်သွန်ဖြူ အရင်ကြိတ် ပြီးမှ ပဲသီး ငရုပ်သီး င ါးစက္ကန့်လောက် ကမန်းကတန်း ဖွင့်ပိတ်လိုက်တာပဲ  ပြီးမှ သပ်သပ်စီ ကြိတ်ထားတဲ့ မြေပဲ လှော် ပုဇွန်ခြာက်မှုန့်နဲ့ ဆီစိမ်းဆမ်း သံပုရာရည် နည်းနည်း ညှစ်လိုက်တယ်  ခက်သီ ဟိဟိ မှားလို့ ခက်သယ် နော်....
ပဲသီးထောင်းသုပ် (Credit to မွဘုတ်)
ပဲတောင့်ရှည်ကို လက်တစ်ဆစ်လောက်လှီး ကုလား အော်သီး ထောင်းတဲ့ထဲကို
မြေပဲထောင်း ကြက်သွန်ဖြူ ပုဇွန်ခြောက် ဆား ရောထောင်းလိုက် တာ
အိမ်မှာကတော့ တစ်ခါမှမထောင်း Blender ထဲ ကြက်သွန်ဖြူ အရင်ကြိတ် ပြီးမှ
ပဲသီး ငရုပ်သီး င ါးစက္ကန့်လောက် ကမန်းကတန်း ဖွင့်ပိတ်လိုက်တာပဲ
ပြီးမှ သပ်သပ်စီ ကြိတ်ထားတဲ့ မြေပဲ လှော် ပုဇွန်ခြာက်မှုန့်နဲ့ ဆီစိမ်းဆမ်း သံပုရာရည် နည်းနည်း ညှစ်လိုက်တယ်
ခက်သီ ဟိဟိ မှားလို့ ခက်သယ် နော်….

 

 

ဦးကျောက်ခဲ ရဲ့ ပဲသီးထောင်းသုပ်နည်း

ပဲတောင့်ရှည်မနုမရင့် (ရွာကပဲတောင့်ရှည်တွေက စိမ်းစိမ်းကျစ်ကျစ်လေးတွေမို့ အနည်းငယ်ပွတာကို ရွေးဝယ်ပါ)

အတောင့် ၂၀-ကို ရေဆေး အရွယ်တော်ဖြတ်ပြီး ရေခဲရေထဲစိမ်ထား ။

ပုဇွန်ခြောက် စားပွဲတင် ၂-ဇွန်းကို ရေစိမ်ပြီး မညက်တညက် အကောင်ပျက်ရုံထောင်း ၊

မြေပဲလှော် (သီဟိုဠ်စေ့လှော်ဆို ပိုကောင်း) စားပွဲတင် ၂-ဇွန်း ၊ ကြက်သွန်ဖြူ အမွှာကြီး ၂-မွှာ ၊ ငရုပ်သီးစိမ်း စားနိုင်သလောက် ထည့်ထောင်း ၊

လေးစိတ်ကွဲသွားရင် ကြံသကာ လက်တစ်ဆစ်ထည့်ထောင်း ။

ပြီးမှ ပဲသီးထည့်ထောင်း အနည်းငယ် ကြေသွားရင် ငံပြာရည် စားပွဲတင် ၁-ဇွန်း ၊ ဆား အချိုဇွန်း ၁-ဇွန်းထည့် ၊

ချယ်ရီ ခရမ်းချဉ်သီး ၅-လုံးလောက်ကို လေးစိတ်ကွဲထည့်ပြီး ထမင်းခပ်ဇွန်းကြီးနဲ့ သာသာယာယာမွှေ သံပုရာရည် တစ်ခြမ်းညှစ် ၊

အရသာ ကောင်းမှကောင်း… မောင်ကျန်တစ်တို့ ဖစ်တွားမယ်… ရှလွတ်စ

ပဲတောင့်ရှည်မနုမရင့် (ရွာကပဲတောင့်ရှည်တွေက စိမ်းစိမ်းကျစ်ကျစ်လေးတွေမို့ အနည်းငယ်ပွတာကို ရွေးဝယ်ပါ) အတောင့် ၂၀-ကို ရေဆေး အရွယ်တော်ဖြတ်ပြီး ရေခဲရေထဲစိမ်ထား ။  ပုဇွန်ခြောက် စားပွဲတင် ၂-ဇွန်းကို ရေစိမ်ပြီး မညက်တညက် အကောင်ပျက်ရုံထောင်း ၊ မြေပဲလှော် (သီဟိုဠ်စေ့လှော်ဆို ပိုကောင်း) စားပွဲတင် ၂-ဇွန်း ၊ ကြက်သွန်ဖြူ အမွှာကြီး ၂-မွှာ ၊ ငရုပ်သီးစိမ်း စားနိုင်သလောက် ထည့်ထောင်း ၊ လေးစိတ်ကွဲသွားရင် ကြံသကာ လက်တစ်ဆစ်ထည့်ထောင်း ။ ပြီးမှ ပဲသီးထည့်ထောင်း အနည်းငယ် ကြေသွားရင် ငံပြာရည် စားပွဲတင် ၁-ဇွန်း ၊ ဆား အချိုဇွန်း ၁-ဇွန်းထည့် ၊ ချယ်ရီ ခရမ်းချဉ်သီး ၅-လုံးလောက်ကို လေးစိတ်ကွဲထည့်ပြီး ထမင်းခပ်ဇွန်းကြီးနဲ့ သာသာယာယာမွှေ သံပုရာရည် တစ်ခြမ်းညှစ် ၊ အရသာ ကောင်းမှကောင်း... မောင်ကျန်တစ်တို့ ဖစ်တွားမယ်... ရှလွတ်စ်
ပဲတောင့်ရှည်မနုမရင့် (ရွာကပဲတောင့်ရှည်တွေက စိမ်းစိမ်းကျစ်ကျစ်လေးတွေမို့ အနည်းငယ်ပွတာကို ရွေးဝယ်ပါ) အတောင့် ၂၀-ကို ရေဆေး အရွယ်တော်ဖြတ်ပြီး ရေခဲရေထဲစိမ်ထား ။
ပုဇွန်ခြောက် စားပွဲတင် ၂-ဇွန်းကို ရေစိမ်ပြီး မညက်တညက် အကောင်ပျက်ရုံထောင်း ၊ မြေပဲလှော် (သီဟိုဠ်စေ့လှော်ဆို ပိုကောင်း) စားပွဲတင် ၂-ဇွန်း ၊ ကြက်သွန်ဖြူ အမွှာကြီး ၂-မွှာ ၊ ငရုပ်သီးစိမ်း စားနိုင်သလောက် ထည့်ထောင်း ၊ လေးစိတ်ကွဲသွားရင် ကြံသကာ လက်တစ်ဆစ်ထည့်ထောင်း ။ ပြီးမှ ပဲသီးထည့်ထောင်း အနည်းငယ် ကြေသွားရင် ငံပြာရည် စားပွဲတင် ၁-ဇွန်း ၊ ဆား အချိုဇွန်း ၁-ဇွန်းထည့် ၊ ချယ်ရီ ခရမ်းချဉ်သီး ၅-လုံးလောက်ကို လေးစိတ်ကွဲထည့်ပြီး ထမင်းခပ်ဇွန်းကြီးနဲ့ သာသာယာယာမွှေ သံပုရာရည် တစ်ခြမ်းညှစ် ၊ အရသာ ကောင်းမှကောင်း… မောင်ကျန်တစ်တို့ ဖစ်တွားမယ်… ရှလွတ်စ်

 

 

 

 

 

 

ပဲကြာဇံ ထမင်းခြောက်ကြော် သုပ်  ပဲကြာဇံ သင်္ဘောသီးခြစ် အာလူး ပဲမှုန့် နံနံပင် ထမင်းခြောက်ကြော် ငါးပိ ဆီချက် မန်ကျည်းရည်  ထမင်းခြောက်သုပ်နည်းအစစ်က ထမင်းခြောက်ကြော် ရယ်  ကြက်သွန်နီ ပါးပါးရယ် ဆား ငြုပ်သီးစိမ်းရယ် ပဲ  သင်္ဘောသီးသုပ်ထဲရောနယ်တော့လည်း တမျိုးစားကောင်းသွားတာ အိမ်မှာ ဘယ်သူမှ ဘာနည်းလည်းလို့ မမှတ်ရဲဘူး  ဒီတစ်ခါ ဒီလို လုပ်ပြီး နောက်တစ်ခါ ဒီအတိုင်း လုပ်ချင်မှ လုပ်တော့တာ ခိခိ
ပဲကြာဇံ ထမင်းခြောက်ကြော် သုပ် (Credit to မွဘုတ်)
ပဲကြာဇံ သင်္ဘောသီးခြစ် အာလူး ပဲမှုန့် နံနံပင် ထမင်းခြောက်ကြော် ငါးပိ ဆီချက် မန်ကျည်းရည်
ထမင်းခြောက်သုပ်နည်းအစစ်က ထမင်းခြောက်ကြော် ရယ်
ကြက်သွန်နီ ပါးပါးရယ် ဆား ငြုပ်သီးစိမ်းရယ် ပဲ
သင်္ဘောသီးသုပ်ထဲရောနယ်တော့လည်း တမျိုးစားကောင်းသွားတာ အိမ်မှာ ဘယ်သူမှ ဘာနည်းလည်းလို့ မမှတ်ရဲဘူး
ဒီတစ်ခါ ဒီလို လုပ်ပြီး နောက်တစ်ခါ ဒီအတိုင်း လုပ်ချင်မှ လုပ်တော့တာ ခိခိ

 

 

21 comments

  • Wow

    July 27, 2015 at 9:52 am

    မြေပဲမကြိုက်လို့ အသုတ်ထဲဆို ပဲမှုန့်နဲ့ ပုဇွန်ခြောက်ပဲ နိုင်အောင်ထဲ့တယ်.. သုတ်စားဖြစ်ရင်ပြောပါတယ် :kwi:

    • ဇီဇီခင်ဇော်

      July 27, 2015 at 9:59 am

      နာ က သီဟိုဠ်စေ့ လှော် ထောင်းပြီး ထည့်တယ်။
      ဟီးဟီး

      :kwi:

  • @QUIL@

    July 27, 2015 at 10:09 am

    ဆေးဘဲဥသုတ်က ဈေးကြီးတယ်ဆို…
    ဟုတ်လားဗျ…

    • ဇီဇီခင်ဇော်

      July 27, 2015 at 11:08 am

      ဟေ။
      ဟုတ်လားးး
      အာ့တော့ မွသဲ ကိုမေးး
      အဟေးဟေး

      :k:

  • Ma Ei

    July 27, 2015 at 10:16 am

    အသုပ်စုံရဲ့ အဓိကအချက် ကတော့ အဆာပလာတွေပါဘဲနော်…
    ပုဇွန်ခြောက်၊မြေပဲ၊ပဲကျက်မှုန့်၊ကြက်သွန်ဖြူ နီ ဆီချက်စုံလေ ကောင်းလေ( အထင်ပြောပါတယ်)
    ဒီထဲ မစားဘူးတဲ့ အသုပ်တွေပါတယ်တော့…
    ခွေးတောက်ရွက် သုပ်
    ပြောင်းဖူး အာလူးသုပ် ( အာလူး နဲ့ ပဲကြာဇံ တော့ သုပ်စားဘူးတယ်)
    အမဲသား သုပ် (အဖွား သုပ်ကျွေးလို့ ငယ်ငယ်က အမဲခေါင်းသုပ်တောင် စားဖူးတယ်)
    သံပုရာသီးသုပ် ( အညာက ရှောက်ချဉ်သုပ်တော့ စားဖူးတယ်)
    ပဲသီးထောင်းသုပ် ( အစိမ်းသုပ် မစားဖူးဘူး ပြုတ်သုပ် စားဖူးတယ်)
    ပဲကြာဇံ ထမင်းခြောက်ကြော် သုပ် ( ခုမှ ကြားဖူးတာ)
    ဆိုတော့ မအိတို့ မိန်းခေးပီသစွာ အသုပ်ကြိုက်တယ်ဆိုပြီး
    မသိတာ တွေများနေပါပေါ့လား
    😥

    • ဇီဇီခင်ဇော်

      July 27, 2015 at 11:00 am

      ဟီးဟီးးး
      တစ်ရွာ တစ်ပုဒ်ဆန်းးး ကျနော့ကို ကျနော်လည်း အသုပ်ကို သိလှပြီမှာတာ။
      မွဘုတ် ဆီက အသုပ်တွေက ဆန်းလို့ ယူလာတာ။
      မစားဖူးတာတွေ ပါလို့။

      :k:

  • အောင် မိုးသူ

    July 27, 2015 at 10:38 am

    အသုတ်တော်တော်များများကိုကြိုက်တယ် အသုတ်ထဲမှာ ပုစွန်ခြောက်ဆိုတာ ထည့်စားလို့ကောင်းတဲ့ အသုတ်ပဲကောင်းတာ။ တခြားအသုတ်တွေထဲဆို ပုစွန်ခြောက်ပါတိုင်းမကောင်းဘူး။

    • ဇီဇီခင်ဇော်

      July 27, 2015 at 11:03 am

      ဟုတ်တယ်နော်။
      များသောအားဖြင့် အစိမ်း (အသီးအရွက်) သုပ်တွေမှာတော့ ထည့်တာများတယ်။

      • Wow

        July 28, 2015 at 2:56 pm

        ပုံးရည်ကြီးသုတ်ကြတော့ ပုဇွန်၆အမှုံ့ပါရင် စိမ့်နေအောင်ကောင်းတာ.. အကောင်ဆို အရည်သတ်သတ် အဖတ်သတ်သတ်ဖြစ်နေတယ်… ပုံးရည်ကြီးကော မကြိုက်ကြဝူးလား

        • ဇီဇီခင်ဇော်

          July 28, 2015 at 2:59 pm

          ကြိုက်ပါ့။
          စပယ်ရှယ်သုပ်ရှိတယ်။
          နောက် လ မှ တင်ပေးမယ်။
          ပုံးရည်ကြီးပါရင် သုပ်စားတဲ့ဆီ မရောက်ပဲ ဝက်ပုံးဖြစ်ဖြစ်သွားလို့။

          :k:

  • Courage

    July 27, 2015 at 2:11 pm

    စားချင်ပါတယ်ဆို စားစရာတွေချည်ပဲ 🙁

    • ဇီဇီခင်ဇော်

      July 27, 2015 at 3:30 pm

      မေမေ့ ကို ချက်ခိုင်းလေ။

      :k:

  • Mike

    July 27, 2015 at 3:42 pm

    .ဂွေးတောက်ရွက်သုတ်စားချင်တယ်
    .အမဲသားသုတ်တော့စားဖူးဘူး..အမဲအူသုတ်တော့ကြိုက်တယ်..

    • ဇီဇီခင်ဇော်

      July 28, 2015 at 3:01 pm

      အမဲအူသုပ်တော့ မစားဖူးဘူးးး

  • မြစပဲရိုး

    July 27, 2015 at 9:59 pm

    အသုတ်တွေ က တော်ရုံမစားဖြစ်။
    အခုပို့စ် ကြည့်ပြီး စလုပ်ဖြစ်တော့ မလားဘဲ။
    . ကျေးဇူးဇီ။
    . ကျေးဇူး မွသဲ။
    . ကျေးဇူး မွဘုတ်။ (ပြောင်းဖူး အာလူးသုပ် ကြားတောင် မကြားဘူး။ လုပ်စားပါဦးမယ်)
    . ကျေးဇူး မောင်အောင်။
    . ကျေးဇူး ကျောက်စ်။

    • ဇီဇီခင်ဇော်

      July 28, 2015 at 3:01 pm

      လာအားပေးလို့ ကျေးကျေးပါ အရီး

  • CharTooLan

    July 28, 2015 at 3:41 pm

    ဒေါ်ချွိဂို အမုံးဂျီးမုံးဒယ် :'(

    • ဇီဇီခင်ဇော်

      July 28, 2015 at 3:44 pm

      မုန်းဘာနဲ့ :'(

  • ဦးကြောင်ကြီး

    July 31, 2015 at 9:38 am

    မုန့်သွပ်ကော….

    • ဇီဇီခင်ဇော်

      July 31, 2015 at 9:41 am

      ဦးကြောင် ကို ကျွေးဖို့ ချန်ထားတယ်

      :k:

  • YE YINT HLAING

    August 1, 2015 at 1:51 pm

    တရက် အဆောင်မှာထမင်းဟင်းချက်အလည့်ကျလာတယ်။ ဟင်းချက်စရာကကုန်သလောက်ဖြစ်နေပြီ
    ဒါနဲ့ နည်းနည်းဆီ ကျန်တဲ့ ခရမ်းချဉ် အာလူး အာဗြဲ ခြောက် ကြက်ဥ ၂လုးံ ကန်ဇွန်းရွက်နွမ်းခြောက်ခြောက် လက်ကျန် တွေစုပေါင်းပြီး အိုးတလုးံနဲ့ ချက်တယ် ။ လူက ၁၁ ယောက်စားမှာဆိုတော့ ဟင်းကနည်းနေသေးတာရယ် စမ်းချက်ချင်တာရယ်ကြောင့် အဆောင်ရေချိုးကန်နားက ငရုပ်သီးစိမ်းရယ် အဆောင်ဝင်းထဲက ဂွေးသီးသေးသေး ဂွေးရွက်နုနု မယ်ဇလီရွက်အနုတွေ ခူးပြီးထည့်တယ်။ဟင်းအိုးက ပွက်ပွက်ဆူလာတော့ အရင်ဆုးံ အနံ့ အရသာကို ခံစားလိုက်ရတယ်။ ဆိုးလိုက်တဲ့အနံ့။
    ဘာနံ့ကြီးမှန်းကိုမသိဘူး။ ကျက်လောက်ပြီထင်လို့ မြည်းကြည့်မယ်လုပ်တော့ အဲဒီ အနံ့ကြီးကြောင့်မြည်းချင်စိတ်ကုန်သွားတယ်။ ဒါနဲ့ အသာလေးအုပ်ထားပြီးနေလိုက်တယ်။ ထမင်းစားချိန်ရောက်တော့ ဟ ဘာတွေလည်းဟ
    ဟာ ဟင်းနံ့ကြီးကလည်းကွာတဲ့
    ပြီးတော့ ရဲကြီးဘာတွေချက်ထားတာလဲကွလို့မေးတော့ ကျနော် လည်း ပါးစပ်ထဲ တွေ့ကရာ
    မင်းတို့မသိဘူးလား အဲဒါ ကိုကာဆူကီ ဂျပန်ချက် လို့ ပြောလိုက်တယ်။ အရင်ကအကြောင်းလေးသတိရသွားတယ်။ ဆေးဘဲဥ နဲ့ တို့ဖူးသုပ်စားချင်တယ်

Leave a Reply