အတ္တဘေး
ခုတလောရေဘေးဒုက္ခသည်တွေအတွက် အလှူငွေကောက်တာတွေကို ကလေး လူငယ် လူကြီး ဆင်းရဲချမ်းသာ အကုန်လုံးကတက်တက်ကြွကြွနဲ့ လုပ်နေကြတာမြင်ရတော့ကြည်နူးမိတယ်။
ဪလူတွေ တစ်ယောက်ဒုက္ခရောက်တော့ကျန်တဲ့သူတွေကမရှိပေမယ့် ရှိသလောက်ကူညီရိုင်းပင်းကြတာလေးကလည်းကြည်နူးစရာပေါ့။
ဒါပေမယ့်အဲဒီအလှူခံတာတွေနဲ့ပတ်သတ်ပြီးတွေ့ရတဲ့တချို့သောကိစ္စတွေကလည်းစိတ်ကိုမချမ်းမြေ့စေပြန်ဘူး။
ဘုရားမကြောက်တရားမကြောက်လူတွေရဲ့လုပ်ရပ်တွေပေါ့
ရေဘေးအတွက် အလှူခံပါတယ်ဆိုပြီးရသမျှငွေကိုအလှူခံတဲ့သူတွေကအညီအမျှခွဲဝေကြတယ်၊ ရေဘေးအတွက် အလှူခံတဲ့အချိန်မှာ စားသောက်ကုန်ကျစရိတ်တွေကို ရတဲ့ငွေကနေရှင်းတယ် (မရှင်းနဲ့လို့ဆိုတာမဟုတ်ဘဲ ဒုက္ခရောက်တဲ့သူတွေအတွက်လှူထားတဲ့ငွေကို ဆိုင်ကောင်းကောင်းတွေမှာစားပြီးငွေရှင်းတာကိုပြောချင်တာပါ)၊ တချို့တချို့ကျပြန်တော့ နာမည်ကြီးချင်တာရယ် ပေါ်ပြူလာဖြစ်ချင်တာရယ်ပေါ့(fb မှာ status တင်ဖို့ စသဖြင့်ပေါ့) ၊ တချို့များကကျပြန်တော့ ပရိတ်သတ်တွေမုန်းမှာစိုးရိမ်တာပေါ့
ပြောရရင်တော့အများအတွက်လုပ်တဲ့နေရာမှာ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့သူတွေရှိသလို ကိုယ့်အတွက်လုပ်နေတဲ့သူတွေရှိတယ် အဲဒီလိုလုပ်ကြတာကိုအပြစ်လို့မဆိုချင်ပေမယ့် အလှူငွေတွေကောက်ခံတဲ့နေရာက ငွေကြေးတွေကိုအလွဲသုံးစား လုပ်နေတာတွေကတော့ ဘုရားမရှိတရားမရှိမို့မကြောက်ကြတာလား???? ကျွန်မအနေနဲ့ ကိုယ့်အချိန်တွေကို လူမူကူညီရေးတွေအတွက်မပေးနိုင်ပေမယ့် ကိုယ်တတ်နိုင်သလောက်လှူတဲ့ငွေလေးကိုတော့ တကယ်ဒုက္ခရောက်နေတဲ့သူဆီရောက်စေချင်တယ် ၊
ခုလိုမြန်မာနိုင်ငံသဘာဝဘေးအန္တရယ်ကြုံနေရတဲ့အချိန်မှာ ဒုက္ခရောက်နေကြချိန်မှာ တချို့တချို့သောစီးပွါးရေးလုပ်ငန်းရှင်တွေက သူတို့ကြီးပွါးသထက်ကြီးပွါးအောင်ကုန်ဈေးနှုန်းတွေကိုကစားကြပြန်တယ် အိုးအိမ်မရှိတော့ပါဘူးဆိုမှ စားစရာသောက်စရာတွေအတွက် ဈေးကြီးကြီးနဲ့ဝယ်နေရပြန်တယ်။ ဒုက္ခရောက်နေတဲ့သူတွေခမျာတစ်ပူပေါ်နှစ်ပူဆင့် ဖြစ်ရတယ်။
ရေဘေးဆိုတာထက် အတ္တဘေးက ပိုပြီးဒုက္ခကြီးတာမသိကြလေရော့သလားနော်?????????????????????????????????
10 comments
ဇီဇီခင်ဇော်
August 27, 2015 at 1:09 pm
သဘာဝဘေးရဲ့နောက်က ဘေး ပေါ့နော်။
ကြောက်စရာကောင်းတယ်။
:a:
Mike
August 27, 2015 at 1:14 pm
.ဟုတ်တယ်ဆိုရင်ဖြင့် အတော်ယုတ်မာသူတွေလို့ပြောလို့ရတယ်.
.တကယ်တိတိက ျက ျသိခဲ့ရင်ဖေါ်ထုတ်ပေးပြီး အရေးယူသင့်တယ်
အောင် မိုးသူ
August 27, 2015 at 1:29 pm
ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စကားပုံက အလကားပေါ်လာတာမှ မဟုတ်တာ
:/
Alinsett @ Maung Thura
August 27, 2015 at 2:38 pm
ရပ်ကွက်ထဲက ကုန်စုံဆိုင်လေးတွေမှာ…ဟင်းခပ်ဆား – အရင်က တစ်ရာတန်အထုပ်ဟာ
အခု ၂၀ဝ ဖြစ်သွားပါပြီ။
မတရား လောဘကြီးချင်နေတဲ့ တချို့ စီးပွါးရေးသမားတွေဟာ….
လူတွေ မျက်ဖြူဆိုက်တာကို ကြိုက်တဲ့ ဆေးသမားအကျင့်ပုပ်တွေလိုပဲ..
Foolish Girl
August 27, 2015 at 2:51 pm
http://funny.com.mm/fun/26055?ref=next
ဒီLink မှာပါတဲ့ ဟန်ဆိုတဲ့ ကားတိုလေးက တော်တော်ကောင်းတယ် 🙂
ခုတင်ထားတဲ့ပို့လိုမျိုးပဲပေါ့
ဟေသီ
August 27, 2015 at 3:02 pm
တဖြေးဖြေး လူတွေက လူစိတ်ပျောက်သွားကြတယ်။
aye.kk
August 28, 2015 at 9:05 am
ရေဘေးဒုက္ခလည်းခံရ
အတ္တဘေးဒုက္ခလည်းခံရ
ခံရတဲ့ဝဋ်ကကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို……။။
Ma Ma
August 28, 2015 at 2:15 pm
ဟန်ချက်တစ်ခုပျက်သွားရင် အဲဒါကို ပြန်ထိန်းရင် ကျန်တဲ့ဟန်ချက်တွေလဲ အနည်းနဲ့အများဆိုသလို လွဲကုန်ကြရတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပရဟိတကို လုပ်ကြပြီဆိုပေမယ့် အတ္တဟိတကို မလွှတ်နိုင်ကြသေးသူတွေလည်း ပါလာမှာပါပဲ။
ကိုယ့်အလှူ အကျိုးရှိအောင်ယုံကြည်စိတ်ချရတာကို ရွေးလှူပေ့ါ။
စီးပွားရေးလုပ်နေသူတွေအနေနဲ့ သယ်ယူပို့ဆောင်ခ၊ ကုန်ပစ္စည်းရှားပါးမှု အဲဒါတွေပေါ်လိုက်ပြီး ရေမြင့်ကြာမြင့်ဆို ကုန်ဈေးနှုံးတက်ရောင်းရတာတွေ ရှိနိုင်ပါတယ်။
အလှူပေးတဲ့အခါ အလကားပေးနိုင်ပေမယ့် စီးပွားရေးလုပ်တဲ့အခါမှာတော့ စီးပွားရေးအရပဲ တွက်ရပါတယ်။
Foolish Girl
September 2, 2015 at 12:27 pm
Business is Business
Donation is Donation ပါ မရောပါဘူး
စီးပွါးရေးလုပ်သူတိုင်းကိုလည်းမဆိုလိုပါဘူး အမြတ်ကြီးစားတဲ့ စီးပွါးရေးသမားတွေကိုပြောချင်တာပါ
ထစ်ခနဲအသံကြားတာနဲ့ (အစိုးရလစာ၊ ဝန်ထမ်းလစာ၊ အခြေခံလစာ စတာတွေတိုးတာ၊ ရေကြီးတာ အစရှိသဖြင့်ပေါ့) လှောင်ထားတဲ့ကုန်တွေကိုမထုတ်ဘဲ
ပစ္စည်း ပြတ်တော့မှ ဈေးမြင့်ပြီးထုတ်ရောင်းတာ
ဥပမာ 200 နဲ့ဝယ်ထားတဲ့ stock က ကိုယ့် warehouse ထဲမှာလည်းကုန်သွားလို့
ထပ်ဝယ်တဲ့အခါ 400 ဖြစ်သွားလို့ရောင်းတဲ့အခါ 500 နဲ့ရောင်းတာဖြစ်သင့်ပါတယ်
200 နဲ့ဝယ်ခဲ့တာကို လက်ရှိပေါက်ဈေး 500 နဲ့ရောင်းတာမျိုးကျတော့တမျိုးပဲပေါ့ အားလုံးဒုက္ခရောက်နေတာသိရက်နဲ့ ကိုယ့်တဝမ်းထဲပဲကြည့်တယ်
လုံမလေးမွန်မွန်
August 31, 2015 at 3:50 pm
ကိုယ်ချင်းစာစိတ်တွေ ပျောက်ကုန်ကြတယ်.. သင့် မသင့် . အကောင်းအဆိုး ခွဲခြားနိုင်တဲ့ အသိဉာဏ်တွေ သေဆုံးကုန်ကြတယ်… ကိုယ့်တစ်ဝမ်းအတွက် သားကိုချနင်းသူတွေ များလာတယ်.. စနစ်ကြောင့် အရာအားလုံး ပျောက်ကွယ်ခဲ့တယ်…