Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မကျော်ကြားသေးလို့ အလုပ်ပြုတ်သည် (၃)

Shwe EiDecember 6, 20151min37079

JK Rowling

ဟယ်ရီပေါ်တာရဲ့ ဖန်တီးရှင် အမျိုးသမီးဟာ စက္ကထရီ အဖြစ်နဲ့ ကုမ္ပဏီ တစ်ခုမှာ အမှုထမ်းခဲ့စဉ်က အလုပ်ချိန်အတွင်း ဝတ္တုရေးတာကြောင့် အလုပ်ပြုတ်ခဲ့ရသူဖြစ်ပါတယ်။

JK Rowling

Rowling ပြောတာက “ ကျွန်မက ဖွဲ့ဖွဲ့ နွဲ့ နွဲ့ ပြောတတ်တဲ့ သူတော့ မဟုတ်ပါဘူး….အချိန်တိုတိုနဲ့ လက်ထပ်ခဲ့မိလို့ အတွင်းလှိုက်စားပြီး ပျက်စီးနေတဲ့ အိမ်ထောင်ရေးကြောင့် အထီးကျန်ပြီး အလုပ်လက်မဲ့ ဖြစ်နေတဲ့ မိခင်တစ်ယောက်ဟာ အိမ်ခြေယာမဲ့ မဟုတ်သော်လည်း Britain မှာနေဖို့ အတွက်တော့ ဆင်းရဲတယ်လို့ ပြောရပါမယ်။”

Rowling ဟာ သက်သာချောင်ချိရေး အစီအစဉ်တွေနဲ့ အသက်ဆက်ခဲ့ရတာ ဖြစ်ပြီး ၁၉၉ရ ခုနှစ်မှာ ထွက်ရှိလာတဲ့ သူမရဲ့ ပထမဆုံးစာအုပ် Harry Potter and the Philosopher’s Stone ကို ဒေါ်လာ ၄၀၀ဝ နဲ့ ရောင်းချခဲ့တဲ့ အချိန်ထိ စာရေးခြင်းအလုပ်ကို Edinburgh ကော်ဖီဆိုင်တွေမှာဘဲ လုပ်ခဲ့ရပါတယ်။

၂၀၀ဝ ခုနှစ်မှာတော့ ဟယ်ရီပေါ်တာ စီးရီးတွေထဲက ပထမဆုံး ၃အုပ်ကို ဘာသာစကား ၃၅မျိုး နဲ့ ကော်ပီ ၃၅ သန်း ထိ ရောင်းချခဲ့ရပါတယ်။ တကမ္ဘာလုံး က ရရှိတဲ့ ဝင်ငွေက ဒေါ်လာ သန်း ၄၈ဝ ဖြစ်ပါတယ်။ Rowling ဟာ လက်ရှိမှာ U.K ရဲ့ အချမ်းသာဆုံး အမျိုး သမီး တစ်ယောက်ဖြစ်နေပြီး ဘုရင်မကြီးထက်တောင် ချမ်းသာ တဲ့ တစ်ယောက် ဖြစ်နေပါသေးတယ်။

Oprah Winfrey

သူမရဲ့ ကိုးကွယ်ယုံကြည်မှုက ဘာလဲလို့ မေးလိုက်တော့ 30 Rock ရဲ့ ဇာတ်ကောင် Liz Lemon ပြောလိုက်တာက “Oprah ပြောသမျ ဘာဘဲဖြစ်ဖြစ် ကျွန်မလုပ်မယ်” တဲ့။

OP

အကောင်းဆုံး ဟာသဇာတ်လမ်းတွေလိုပါဘဲ တကယ့်အဖြစ်မှန်တွေက တကယ်ရီရပါတယ်။ Oprah Winfrey ရယ်လို့ အမည်တွင်စေတဲ့ ပထမဦးဆုံး သရုပ်ပြ စကားပြော အစီအစဉ်ကို တင်ဆက်ခဲ့တာက ၁၉၈၆ ပါ။ သိပ်ကို နာမည်ကြီးတဲ့ ရုပ်သံအစီအစဉ်တစ်ခု ဖြစ်လာခဲ့ပြီး The Women of Brewster Place လို ရုပ်သံအစီအစဉ်တွေ၊ Beloved လို ရုပ်ရှင်ဇာတ်လမ်းတွေမှာ ထုတ်လုပ်သူအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ပါဝင် တင်ဆက်ခဲ့ရုံမက ကိုယ်ပိုင် စာဖတ်အသင်း၊ မီဒီယာ ကုမ္ပဏီ၊ ရုပ်သံလိုင်း နဲ့ The Oprah Winfrey Network တို့ ကို တည်ထောင်နိုင်ခဲ့ပါတယ်။

Winfrey ဟာ အလှူအတန်း ရက်ရောသူလဲ ဖြစ်ပါတယ်။ သူမရဲ့ Oprah’s Angel Network က ဒေါ်လာ မီလျံ သန်း ၅ဝ ကျော်ကို Hurricane Katrina ပြန်လည်ထူထောင်ရေး အစီစဉ်လို နေရာမျိုးမှာ လှူဒါန်းနိုင်ခဲ့ပါတယ်။

Bussiness Week ကတော့ သူမကို “ အမေရိကန် သမိုင်းမှာ အောင်မြင်ကျော်ကြားဆုံး လူမည်း အမျိုးသမီး အလှူအတန်းရက်ရောသူ “ အဖြစ် Biography.com မှာ ကြေငြာခဲ့ပါတယ်။ Forbes မဂ္ဂဇင်း ကတော့ ၂ဝရာစုမှာ အချမ်းသာဆုံး အာဖရိကန်-အမေရိကန် အမျိုးသမီးအဖြစ် စာရင်းသွင်း ဖေါ်ပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေ မတိုင်ခင် သူမရဲ့ အစောပိုင်း ကာလ လုပ်ငန်းခွင်တစ်ခုကနေ သူမဟာ အလုပ်ဖြုတ်ခံရဖူးတယ်ဆိုတာ သိရင် အံ့ဩသွားမလား။ ဘာလ်တီမိုးက WJZ-TV ရဲ့ ညနေခင်း သတင်း တင်ဆက်သူလဲဖြစ်တဲ့ ထုတ်လုပ်သူက ရုပ်သံသတင်းတင်ဆက်မှုတွေအတွက် Winfrey ဟာ သင့်တော်သူတစ်ယောက် မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူကဘဲ Winfrey ကို သင့်တော်တဲ့ ဈေးနှုန်းတစ်ခုနဲ့ People Are Talking ဆိုတဲ့ နေ့ပိုင်း ရုပ်သံလွှင့် အစီအစဉ်တစ်ခုမှာ နေရာပေးခဲ့ပါတယ်။
ဒါဟာ ရာထူးချလိုက်ခြင်းဖြစ်တယ်ဆိုတာ Winfrey အနေနဲ့ ခပ်စောစောကတည်းက ရိပ်မိပေမယ့် အစီအစဉ် ရပ်နားတဲ့ အချိန်ထိ သူမရဲ့ အလုပ်ကို စိတ်အားထက်သန်စွာ ဆက်လုပ်ခဲ့ပါတယ်။

Shwe Ei
6th Dec 2015

9 comments

  • ムラカミ

    December 6, 2015 at 9:18 pm

    ကျုပ်ကျတော့ ကျော်ကြားဖို့ အတွက် အလုပ်ထွက်တာဗျ…..

    ကြုံမှ ရေးဘာအူးမယ်…
    အက်ဒမင် ဂျာ မမရယ်…
    အိပ်ချ်အာ ဂျာ မမ ရယ်…
    အော်ပရေးရှင်း ဂျာ မမ ရယ်..
    ကို ဂျာ ခဲ့တဲ့ အကြောင်းလေး..

    အဲ့လေ… … စွာခဲ့တဲ့အကြောင်းလေး…

    အားးဟိ

    • Shwe Ei

      December 7, 2015 at 10:24 am

      -ကျုပ်ကတော့ အလုပ်ဖြုတ်ခံရတာ တစ်ခါ
      -ပြုတ်တော့မဲ့ဆဲဆဲ မှာ ကိုအရင်ထွက်လိုက်မိလို့ လွတ်သွားတာတစ်ခါ
      -၂ခါ ကြီး များတောင် ကြုံဖူးပါတယ်တော် :LOL:
      အလုပ်ဖြုတ်ခံထိဖို့ ဘယ်လို အစွမ်းအစတွေ ထုတ်ပြ ခဲ့ ရသလဲ ဆိုတာလေးရေးပြီး ရင်
      လက်စ သတ်တော့မှာ 😛

  • မြစပဲရိုး

    December 7, 2015 at 2:54 am

    တကယ်တော့ အောင်မြင်လာချိန်မှာ နောက်ကြောင်းပြန် ဇာတ်နာကွက် လေးတွေ ကို ပြန်ပြော မှ အောင်မြင်မှု က ပိုပြီး တင့် သလို တောင် ဖြစ်နေတော့ သလားဘဲ။
    Bill Gates နဲ့ Mark Zuckerberg တို့ကတော့ ချမ်းသာတဲ့ ကလေးတွေကို ဂရုစိုက်တဲ့ မိဘအသိုင်းအဝိုင်း က လာခဲ့ လို့ ဘဲလားမသိ။
    ဇာတ်နာချိန် သိပ်မရှိခဲ့ ကြသလိုဘဲ။ ထင်တာပါ။ :-))

    • Shwe Ei

      December 7, 2015 at 10:36 am

      -အောင်မြင်လာချိန်မှာ ထုတ်ပြောမှလဲ ကိုယ်တစ်ကယ် မညံ့ ကြောင်း သက်သေပြရာရောက်မှာကိုး
      -မဟုတ်ရင် ကိုညံ့တိုင်း သူများကို အပြစ်တင်သလိုဖြစ်နေမယ်လေ 😛
      -ဇာတ်နာချိန်မရှိခဲ့တဲ့ ဘီလျံနာ ၂ယောက်ကိုတော့ လေးစားတယ် အရီးရေ
      -မိဘ အသိုင်းဝိုင်းရဲ့ ပံ့ပိုးမှုကို ကောင်းတဲ့ဘက်မှာ အသုံးချနိုင်ခဲ့လို့လေ
      -ငွေလဲရှိ..ဉာဏ်လဲရှိ..စိတ်ကောင်းလဲရှိ ဆိုတာမျိုး..
      -ကိုယ့်ဆီက အသိုင်းအဝိုင်းတောင့်တိုင်း…သူများ ဒွတ်ခပေးချင်နေတဲ့
      – ..ျီးဘရိန်းတွေနဲ့စာရင် အဆပေါင်း ကုဋေလောက် ကွာနေတာမို့လား ???

  • အီးမြောက်မြောက်

    December 7, 2015 at 10:32 am

    အီအီးထွက်၍ အလုပ်ပြုတ်သည်ဆိုပြီး ကိုယ်ရေး တစ်အုပ် ထုတ်ဦးမယ်ဗျ
    အားပေးကြပါဦးလို့

    • Shwe Ei

      December 7, 2015 at 10:52 am

      -ကွကို ထုတ်ပြီး ကွကိုတော့ ဝယ်ဖတ်မယ်မို့လား .. ညင်းးညင်းး

  • Alinsett @ Maung Thura

    December 9, 2015 at 9:31 am

    ဟယ်ရီပေါ်တာကို ရေးတဲ့ ချာမကြီးက
    အဲ့စာအုပ်အတွဲကြီး ရေးပြီးချိန်မှာ
    ဝင်ငွေပိုင်ဆိုင်မှု စံချိန် အကြီးအကျယ်မြင့်တတ်သွားတာများးး
    အဲလိဇဘက် ဗျင်မရီးထက်တောင် ချမ်းသာကြွယ်ဝခဲ့တယ်ဆိုတာ ဟုတ်လားငင့်

    • Shwe Ei

      December 12, 2015 at 10:39 pm

      -ဟုတ်တယ်လို့ ပြောပါတယ် မောင်ငေးရယ် 🙂

  • Min Paing Myat Thu

    June 9, 2018 at 3:03 am

    သန်း(မီလျံ) ၄၈ဝ က ရောင်းရငွေမဟုတ်ပါဘူး။ ရောင်းရအုပ်ရေပါ။ ( အခုတော့ စံချိန်ချိုးပြီး အုပ်ရေ သန်း ၅၀ဝ ကျော်သွားပါပြီ။)။ စာအုပ်ကော၊ စာအုပ်နဲ့ဆက်နွယ်တဲ့ မူပိုင်ခွင့်အသီးသီး အထွေထွေကနေ ပြန်ရတဲ့ငွေက သူ့ကို ဘီလျံနာဖြစ်စေခဲ့ပါတယ်။ အခုတော့ အလှူအတန်းတွေလုပ်တာများပြီး ဘီလျံနာဘဝကနေ လျောကျသွားပြီလို့သိရပါတယ်။ သူ့အမာခံပရိသတ်တစ်ယောက်ပါဗျ။

Leave a Reply