ပုံပြင်အသစ်တွေ မကြားဖူးတဲ့ ကောင်လေး
တစ်ခါတုန်းက ပုံပြင်အသစ်တွေ မကြားဖူးတဲ့ မောင်ထူးဆိုတဲ့ ကောင်လေး တစ်ယောက် ရှိတယ်။
အုန်းမောင်း ခေါက်တော့ ထုံးစံအတိုင်း မောင်ထူးနိုးပြီ။ ချက်ချင်း ဆိုသလိုပဲ သူသတိရပြီး ဝမ်းနည်းလာတယ်။ အမှောင်ထုထဲ
မျက်တောင်ကလေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကြည့်ရင်း ကြေကွဲမှုဟာ ဒီ အမိုက်မှောင်လို သူ့ကို လွှမ်းခြုံထားတယ်လို့ ထင်မိလာ
တာပဲ။ ခဏနေတော့ နို့ဆီခွက်ဟောင်းပေါ်ကဖယောင်းတိုင်တိုကို ထွန်းပြီး မီးတောက် ကို ငေးပြန်တယ်။ မီးတောက်ကလေးထဲ
မှာ ဘာတွေ မြင်ရပါ့။ အဝါရယ်၊ လိမ္မော်ရယ်၊ ပြာလဲ့လဲ့ရယ်၊ ပြီးတော့မီးစာနက်နက်။ တစ်ညလုံး သူငိုနေခဲ့တာ။ ခုတော့ ဝမ်းနည်း
မှုက အစိုင်အခဲကြီးလို ရင်ထဲမှာ ကြပ်ဆို့ လေးလံနေတယ်။ မနေ့က သူ့ဂဏန်းပေါင်းစက်ကလေး ပျောက်သွားတယ်လေ။ ရိုးရိုး
ဂဏန်းပေါင်းစက်တော့ မဟုတ်ဘူးပေါ့။ နည်းပညာကောလိပ် ကျောင်းသားဆိုတော့ သိပ္ပံတွက်ချက်မှုရှုပ်ရှုပ်ထွေးတွေ တွက်လို့
ရတဲ့ ဂဏန်းပေါင်းစက်မျိုး ကိုင်ရတာ။ ခြစ်ခြစ်ကုတ်ကုတ် ရထားတာလေး။ သူ့မျက်လုံးထဲ အကြောပြိုင်းပြိုင်းနဲ့ ဝါးနှီးဖျာတဲ့ လက်
ကို မြင်လာပြန်တယ်။ အို..လေးထောင့်ငါးရာ တောင် ပေးရတာ။
ဝမ်းနည်းနေလို့ မဖြစ်သေးပါဘူး ဆိုပြီး အိပ်ယာလေး သိမ်းတယ်။ ဘုန်းတော်ကြီး နဲ့ ကျောင်းဝေယျာဝစ္စကလေး တွေလုပ်ဦးမှ
ပါ။ သူ အဆောင်မငှားနိုင်တော့ဘုန်းကြီးကျောင်းမှာနေတယ်။ ဒီအတိုင်းနေလို့တော့ ဘယ်ကောင်း ပါ့မလဲ။ ကျောင်းမှာနေ၊
ကျောင်းကကျွေးတာစား။ သံဃာ့ပစ္စည်း အဆိပ်သီး ဆိုလား။သူကြောက်တာပေါ့။ ဒီကနေ့ မနက်စောစော ကျောင်းကို
သွားကြည့်ဦးမှ။ သူကျောင်းခန်းထဲမှာ သူ့ဂဏန်းတွက်စက်ကလေး မေ့ကျန် ချင်ကျန်နေခဲ့မှာ။ ဝေယျာဝစ္စကလေးတွေ
ပြီးတော့ မနေ့က ဆွမ်းကျန်ဟင်းကျန်ကလေး တစ်လုပ် တစ်ဆုပ်စား ပြီး ကျောင်းဘက်ထွက်လာခဲ့တယ်။ ဆောင်း
မနက်ခင်းစောစောဆိုတော့ နေတောင် မပြူသေးပါလား။
မြူနှင်းကြားမှာ ရွှေဆံတော်ဘုရားကြီးကို ဖူးရတော့ သူလက်အုပ်ကလေးချီမိတယ်။ စိတ်ထဲက တပည့်တော် ဟာကလေး
ပြန်တွေ့ပါစေပေါ့။ဆုတောင်းတိုင်းပြည့်မယ်ဆို လူတိုင်းထိုင်ဆုတောင်းနေမှာပေါ့လို့ ဆရာတော်က တစ်ခါပြောဖူးတာပဲ။
မတတ်နိုင်ဘူး။ သူ့မှာ အားကိုးရာ မဲ့ နေတော့ ဘုရားပဲအပူကပ်ရတော့မှာပါလား။ သစ္စာ ဆိုရင် ဆုတောင်းပြည့်တတ်တယ်
လို့ သူကြားဖူးတယ်။ ဘာဆိုရပါ့။ ငါးပါးသီလလား။ ကလေးဘဝ အကောင် ပလောင်တွေသူသတ်ဖူးချင် သတ်ဖူးမှာပဲ။
မသိဘူး။ ထန်းရည်လည်း သောက်ဖူးပါ့။ နည်းနည်းပါ။ သူများမသိ အောင် ပဲလှော်ကလေး၊ ထန်းလျက်လေးတွေလည်း ယူခဲ့မိ
တာပဲ။သူငယ်ချင်းချင်း တစ်ခါတလေ အပိုအကဲ လေးတွေလည်း ပြောမိပါရဲ့။ အဲ..နောက်ဆုံး..ကာမေသု..အင်း..ဒါတော့ သူ
တစ်ခါမှ မကျူးလွန်ဖူးပါဘူး..။ နို့ပေမဲ့..ဘာမသိ ညာမသိ မိန်းကလေးတစ်ယောက်ယောက်ကို သူ့စိတ်ထဲ တွေးဖူးမှာပဲ။ ဒါ
အကျုံးဝင်သလား၊ သူသေချာမှ မသိတာ။ထားပါတော့။
တွေးရင်းတွေးရင်း သူ့ကိုယ်သူ မကျေမနပ်ဖြစ်လာတယ်။ တကယ်။ သူက သိပ်နမော်နမဲ့နိုင်တာပဲ။ တုံးလည်း တုံးတယ်။
ဉာဏ်ကလည်း သိပ်မကောင်းဘူး။ ဒါပေမဲ့တစ်နှစ်တစ်တန်းတော့ သူအောင်ပါတယ်။ နည်းပညာ ကောလိပ်တောင် တက်
နေပြီ။ မဟုတ်သေးပါဘူး။ သူက သိပ်ကြောက်တတ်တာ။ ဒါလည်းမကောင်းပါဘူး။ဟုတ်တယ်။ တကယ်ကြောက်တတ်
တာ။ အလကားနေရင်း ဟိုဟိုဒီဒီတွေးပြီး ကြောက်နေတာပဲ။ သရဲတွေ တစ္ဆေတွေကြောက်တယ်။ခွေးတွေလည်း ကြောက်
တယ်။ ဘုန်းကြီးကျောင်း ပြန်ရင်တောင် ကိုယ့်သိနေတဲ့ ခွေးတွေကို အသံပေးပြီးမှ ဝင်ရဲတာ။ ညဖက်ဆိုလည်း သူ့နားက
ဖယောင်းတိုင်မီးရောင်ကလေး အလွန် မှောင်ထဲက သူ့ကို စိန်းစိန်းကြည့်ရင်း တစ်လှမ်းချင်းလာနေတဲ့ ကြောင်ကလေး
ကိုတောင် ကြောက်မိသေး။ ဒီကြောင်က ငါ့ကိုဘာလို့ ကြည့်နေတာလဲပေါ့။ လူတွေကိုလည်း ကြောက်တာပဲ။ အထူး
သဖြင့် လူစိမ်းတွေ။ ဘာဖြစ်ဖြစ် သူကိုက မရွံမရဲနဲ့။ မိန်းကလေးတွေတောင် မတုန်လှုပ်တဲ့လက်ဖက်ရည်ဆိုင်ရှေ့
ဖြတ်လျှောက်တာ တောင် မဝံ့မရဲ။ စတိုးဆိုင်ကြီးတွေဆို သူမဝင်ရဲဘူး။ စိန်တွေ ရွှေတွေ ရောင်းတဲ့ဆိုင်ရှေ့ဆို
မျက်စောင်းလေး တောင်ထိုးမကြည့်ရဲတာ။ တစ်ခုခုဆို သူ့မျက်လုံးလေးတွေ ဝိုင်းပြီး တလည်လည်နဲ့ပေါ့။
စိတ်ပျက်စရာ။
နောက်ပြီးတော့ သူ့ဘဝရဲ့ အကြီးမားဆုံး လစ်ဟာချက်ပေါ့။ နွေးထွေးတဲ့ အရိပ်တစ်ခုရဲ့ အရသာ။ ဒါမျိုး သူ တစ်ခါမှ..
အင်း..သူမသိဘူး။ စိတ်ကူးကြည့်ဖူးပါရဲ့။အိပ်မက်တွေလား.. ဘယ်တော့မှ မသဲကွဲဘူး။ ခဲသားရောင် မှိုင်းမှိုင်းတွေ
လွှမ်းခြုံထားတာမျိုး..ဘယ်တော့မှ မသဲကွဲခဲ့ဘူး။ မီးရထားသံလမ်းဘေးက မြက်ရိုင်းပွင့်ကလေး တွေ သူမကြာခဏ
အိပ်မက်မက်ဖူးတယ်။ သူ့လက်သေးသေးလေးတွေနဲ့ အပွင့်ကလေးတွေ တို့ထိရင်း သူ လျှောက်နေတာပဲ။လက်တစ်
ဖက်ကတော့ တစ်စုံတစ်ယောက်ရဲ့ လက်ကို တင်းတင်းဆွဲထားတယ်။ သူမော့ ကြည့်တိုင်း မသဲကွဲတဲ့ မျက်နှာကိုပဲ
အမြဲမြင်နေရတာ။ အဲဒါအမေလား..။ မေမေ လား။ နောက်တစ်ခန်းကျ တော့ မီးခွက်လား ဖယောင်းတိုင်လားမသိတဲ့
အလင်းဝါကျင့်ကျင့်အောက်က စားပွဲတစ်ခုပေါ်မှာ စားစရာ တချို့ကို သူအငမ်းမရစားနေတာ။ သူသိပ်ဆာနေတာ။
သိပ်ကို ဆာနေခဲ့တာတဲ့။ ခပ်လှမ်းလှမ်းမှာ လူ တစ်ယောက်နဲ့ စကားပြောနေတဲ့…အင်း..သူ့မေမေပေါ့။ အသံတွေ
တော့သူကြားနေရတာပဲ။ ဘာတွေလည်း ဆိုတာတော့ သူမသိဘူး။ သူသိတာ နာကျင်ကြေကွဲမှု။ အဲဒီ ခံစားချက်ပဲ
ပြည့်သိပ် လွှမ်းခြုံနေတာ။ နောက် တော့ ဘယ်တော့မှသဲကွဲမလာတော့မဲ့ သူ့မေမေဆိုတာလည်း သူမတွေ့ရ
တော့ပါဘူး။ အဲဒီအရင်ကတော့ သူ့ကို နွေးထွေးမှု ပေးခဲ့မှာပဲ။ သူမသိခဲ့တာ၊ မမှတ်မိနိုင်ခဲ့တာပဲ ဖြစ်မှာပါ။
နောက်ဆုံးတစ်ခု ရှိသေးတယ်။ သူ ပုံပြင်တွေ သိပ်နားမထောင်ဖူးဘူး။ သူ့မျက်နှာကို ကြင်ကြင်နာနာကြည့်ပြီး
ပြောမဲ့သူလည်းမရှိတာ။ ရွှေယုန်နဲ့ ရွှေကျားလောက်တော့ ကြာဖူးပါရဲ့။ ဒီလောက်ပါပဲ။ ပုံပြင် ဆိုတာမျိုးက ပျော်စရာ
နဲ့ ဇာတ်သိမ်းတာမျိုးချည်းပါကွာ လို့တစ်ယောက်ယောက်ကပြောဖူးတာပဲ။ နားမထောင်ရ၊ ဖတ်လို့ တော့ရတာပဲလေ။
ဒါပေမဲ့ သူမဖတ်ချင်ဘူး။ ပျော်စရာဘဝကို စိတ်ကူးပြီး ပျော်စရာ ပုံပြင်တွေချည်းဖတ်ရ မလား။ မဟုတ်သေးပါဘူးနော်။
ပျော်စရာ နဲ့ အဆုံးမသတ်တဲ့ ပုံပြင်တွေ ရှိမှာပါ။ ရှိတယ်လို့လည်း သူငယ်ချင်း တစ်ယောက်ကဆိုတယ်။ အန်းဒါးဆင်းရဲ့
ပုံပြင်တွေပေါ့တဲ့။ ပုံပြင်ဆိုပေမဲ့ ပုံပြင်တွေ မဟုတ်ဘူးတဲ့။ ဒီလိုဆို တော့လည်း ဖတ်ချင်သား။ ဘာဖြစ်လို့ဖတ်ချင်တာလဲ..။
ကြေကွဲစရာဆိုတာ ငါ့တစ်ယောက်တည်းမဟုတ်ဖူး လို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ချင်လို့လား။
ကျောင်းဝင်း အဝင်ဝက ကုက္ကိုပင်အိုကြီး နဲ့ မဲဇလီပင်တွေကို သူ့စိတ်ထဲက လှမ်းပြောမိသေးတယ်။ ကျွန်တော့် ကို
ဆုတောင်းပေးကြပါလို့။ မညီမညာ ပေါက်ပြဲတွန့်လိပ်နေတဲ့ ကျောင်းအဝင်လမ်းကို သူသတိထားပြီး လျှောက်မိ
နေသေးတယ်။ နောက်မှ သူ့စာသင်ခန်းဘက် တအားထိုးပြေးသွားတာပေါ့။စာသင်ခန်းက သော့ခတ် လို့ပါလား။
တစ်ယောက်ယောက် ဆီမှ သော့ရှိမှာပဲ။ ပြတင်းတံခါးတစ်ချပ်ကို ဆွဲကြည့်မိတော့ ပွင့်သွားတာနဲ့ အ ခန်းထဲ
သူဝင်လာတယ်။သူထိုင်တဲ့ ခုံပေါ်ရော၊ စာရေးခုံအတွင်းမှာပါ သူ့ဂဏန်းပေါင်းစက်ကလေးကို မတွေ့ရ ဘူး။
သွားပါပြီ။ မင်းတို့တွေ့ကြသေးလားလို့ ခုံတွေစားပွဲတွေကို မေးချင်လိုက်တာ။ သူ့မျှော်လင့်ချက်ကလေးက မှိန်ဖျော့
သွားတယ်။ အခန်းထဲမှာ ငူငူကြီးရပ်လို့ ဘာလုပ်ရမယ်ဆိုတာ မသိတော့ဘူး။ နောက်တစ်လုံးဘယ့်နှယ် လုပ်
ဝယ်ရမလဲ။ အဲဒါမရှိရင် အင်ဂျင်နီယာ ကျောင်းသား မဖြစ်တော့ဘူးတဲ့လား။ အဲ…မနေ့က ပုံဆွဲချိန်ပါတယ်။
ပုံဆွဲခန်းထဲမှာများ ကျန်ခဲ့မလားပဲ။ပုံဆွဲဆောင်ရှိတဲ့ အပေါ်ထပ်ကို သူပြေးတက်ခဲ့တာပေါ့။ ပုံဆွဲခန်းက တံခါးက
စေ့ရုံပဲ။ ရင်တဖိုဖိုနဲ့ အသာကလေး သူတွန်းဖွင့်ပြီး ဝင်လိုက်တယ်။ အခန်းထဲမှာအလင်းရောင် သိပ်မရဘူး။
မှောင်ရီဝိုးဝါး နဲ့။ ပြတင်းပေါက်တွေ နားမှာတော့ နေခြည်ကလေး စွေစောင်းစောင်းကျနေတယ်။ မနေ့က သူ ပုံ
ဆွဲတဲ့ခုံကို ပြေးသွားကြည့်တယ်။ မရှိဘူး။ ခုံစောင်းစောင်းပေါ်မှာ ဖုန်မှုန့်စအချို့ကလွဲလို့ ဘာမှကို မရှိတာ။
မျှော်လင့်ချက်ကလေးကတော့ ညှိုးမှိန်ယုံမကတော့ဘူး။တခါတည်း စုပ်စုပ်ချုပ်သွားပါကရော့လား။
ဘာကြောင့်ရယ်တော့ မဟုတ်ဘူး။ ခြေတရွတ်သီဆွဲပြီး ပြတင်းပေါက်နား သူကပ်သွားမိတယ်။ စိတ်ထဲမှာ
ဗလာကျင်းလို့။ ပြတင်းပေါက်မှန်မှာ နှင်းငွေ့လေးတွေရိုက်နေတယ်။ ပိတောက်ပင်ရဲ့ ရွက်စိမ်းဖျော့ဖျော့ကြားက
နေရောင်နုထွေးထွေးကို အဓိပ္ပါယ်မဲ့ ငေးမိတော့ အရွက်ဖျားကလေးတွေမှာသီးနေတဲ့ နှင်းစက်ကလေးတွေကိုပါ
မြင်ရတာပဲ။ နေရောင်မှာ တလက်လက်ထလို့ပေါ့။ ငှက်ကလေးတွေလည်း ရှိသေးတယ်။ရှဉ့်ကလေးတွေရော။
ဆောင်းအငွေ့အသက်ကို သူခံစားလာရတယ်။ ဒီလို ဆောင်းမနက်ခင်းတွေ သူဘယ်လောက်များများကြုံဖူးခဲ့ပါ
သလဲ။
(နေရောင်က သူကိုယ်ပေါ်ကျလာတယ်။ စင်ကြယ်တဲ့ မျက်နှာကလေး။ မျက်လုံးအိမ်ကျယ်ကျယ်၊ မျက် တောင်
ကလေးများတောင် ကော့လို့။ ခေါင်းကတော့ကတုံးဆံပင်က ရှည်လာတာကို ကိုယ်တော်တစ်ပါး လက်တည့်
စမ်းထား တာ။ ဒါပေမဲ့ သူနဲ့လိုက်ပါရဲ့။ အပေါက်ပေါက် အပြဲပြဲဖြစ်နေတဲ့ စစ်ဆွယ်တာကလည်းတမင်တကာ
စတိုင်ကျကျစုတ်အောင် လုပ်ထားသလိုမျိုး။ သူက အရပ်မြင့်မြင့်၊ ကိုယ်လုံးကလေးကလည်း ထည်ထည်။
အောက်ကတော့ ဂျင်းပင်အစုတ်ကလေး။အရောင်ကလည်း မွဲလှပြီ။ ခြေထောက်က ဖိနပ်က တော့
ကားတာယာကို လှီးပြီး သေချာ ဒီဇိုင်းထုတ်လို့ ချုပ်ထားတာပါတဲ့။ ဖိနပ်လှီးတဲ့သူက ပြောတာ။
ဘာပြောပြော သူ့ပုံစံက ကြည့်ကောင်းတာပဲ။ မင်းသားတစ်ယောက်နဲ့တောင် တူသေး။ ဆင်းရဲတဲ့ အခန်းမှာ
တောင် ဖက်ရှင်မိမိလေး ဆင်းရဲတဲ့ မင်းသားမျိုးပေါ့။ဒါပေမဲ့ သူ့ခမျာမှာတော့ မင်းသားမဟုတ်ရရှာဘူး။
တကယ့် ကို တစ်ကောင်ကြွက်၊ မျက်နှာမွဲ ဆင်းရဲသား ကျောင်းသားကလေးပါ။)
ရုတ်တရက် လှိုင်းထလာသလို အာရုံတစ်ခုကြောင့် သူနောက်ကို လှည့်ကြည့်မိတယ်။ ဟိုး..အခန်းဝမှာ လူ
တစ်ယောက်ပါလား။ အလင်းရောင်က အဲဒီဘက်သိပ်မကျလို့ ဝိုးတဝါးပဲ။ ချက်ချင်းလိုလို သူကြောက်စိတ် ဝင်
လာတယ်။ ဟိုလူက သာသာကလေး တိုးလာတယ်။ ရွေ့လာသလိုပဲလို့ သူစိတ်ထဲထင်နေတယ်။ ပိန်ပိန်
သွယ်သွယ်ပဲ လူပုံပန်းကတော့။ ဆံပင်ရှည်ရှည်၊ အသားအရည် ဖြူဖျော့ဖျော့နဲ့။ ဖီးဂျက်ကက် အဟောင်းတစ်
ထည်ကို ဝတ်ထားတာပဲ။ အောက်က ပုဆိုးကဖြင့်ခပ်နွမ်းနွမ်း ထင်ပါရဲ့လို့ သူတွေးမိတယ်။ သူ့မျက်လုံးတွေ
ကိုလှမ်းပြီး စူးစိုက်ကြည့်မိတော့ သူပိုပြီး ထိတ်လန့်လာတယ်။ အရောင်အဆင်းမရှိတဲ့ မျက်လုံးတွေ။
သူဘယ်မှာ တွေ့ဖူးပါလိမ့်။ ဪ..ဟုတ်ပါရဲ့ ဇီဝိန်ချုပ်သွားရှာတဲ့ ပုစွန်တွေရဲ့ မျက်လုံးမျိုးပါလား။ ကြောက်စရာ။
တဖြည်း ဖြည်းတိုးလာတဲ့အဲဒီလူရဲ့မျက်နှာကြည့်ရင်း စိတ်လှုပ်ရှားလာတယ်။ ဒီမျက်နှာကို သူမြင်ဖူးတယ်ပေါ့။
ဘယ်တုန်းကပါလိမ့်။ လွန်ခဲ့တဲ့ ဘယ်လောက်ကလဲ။ လလား၊ နှစ်လား။ နှစ်ပေါင်းများစွာတုန်းကလား။ မဟုတ်
သေးဘူး။ ဘဝပေါင်းများစွာတုန်းကတောင် ဖြစ်နိုင်တာပဲ။ နေပါဦး..အတိတ်တုန်းကလား၊ မဖြစ်သေးတဲ့ အနာ
ဂတ်မှာလား။ သူ့စိတ်ထဲမှာ ကာလဆိုတာ မကွဲတော့ဘူး။ ချာချာလည်လာတယ်။ အဲဒီလူတစ်လှမ်းတိုးလာတိုင်း
အခန်းထဲက အရာဝတ္ထုတွေတစ်မျိုးတဖုံ ဖြစ်ဖြစ်သွားတယ်။ ဟောင်းနွမ်းဆွေးမြေ့သွားတာလား၊ သစ်လွင် တောက်
ပလာတာလား သူမသိဘူး။ သူသိတာ ပြောင်းလဲနေတာပဲ။
သူ့မျက်လုံးထဲမှာ မြင်ကွင်းတွေပါ ဝါးလာ တာပဲ။ အိပ်မက်တွေ ပြန်မြင်လာတယ်။ ဂဏန်းပေါင်းစက်၊
အကြောပြိုင်းပြိုင်းလက်၊ မြက်ရိုင်းပွင့်၊ မသဲကွဲတဲ့မျက်နှာတစ်ခု..။ ပြီးတော့ တခြားဟာတွေရော ရုတ်ခြည်း ဝဲ
လှည့်သလိုပေါ်လာပြီး မြုပ်ဝင်သွားတယ်။ အမြင်၊ အကြား၊ အနံ့၊ အသံ၊ အထိအတွေ့တွေ ပါတဲ့ ဖြစ်ရပ်မျိုးစုံ
တရစပ်ကြီး စုပြုံတိုးဝင်လာပြန်တယ်။ ကပ်ကမာ္ဘပေါင်း များစွာကလား၊ အတိတ်ရဲ့လား၊ အနာဂတ်ရဲ့လား
ဒါတွေက။ တွေ့ကြုံမှု အသီးသီးက ရုတ်တရက် ပိုက်ကွန်အုပ်မိတဲ့ ငှက်တွေလို နေရာမျိုးစုံက ရုန်းထ တွန်းထိုး
နေကြတာများ ဘာကိုမှ မသိနိုင်လောက်အောင်ပဲ။ သူ့လက်ရှိ ဘဝကိုတောင် မသိတော့ဘူး။ သူသိတာ
မွှတ်မွှတ်လည်လာတဲ့ တွေ့ကြုံမှုအသီးသီးမှာ ခံစားချက် တွေသာ ကျန်နေတော့ပဲ။ ဝမ်းနည်း ကြေကွဲမှုတွေ၊
နာကျင်ခံစားမှုတွေ၊ သောက ပရိဒေဝတွေ၊ ပျော်ရွှင်ကြည်နူးမှုတွေ၊ ငြိမ်းချမ်းအေးမြမှုတွေ၊ အလိုရမ္မက်တွေ၊
မုန်းတီး နာကျည်းမှုတွေ၊ ဘာရယ်လို့ အမည်မတတ် နိုင်တဲ့ ခံစားမှုတွေ။ နောက်တော့ လှိုင်းထန်တဲ့
သမုဒ်ပြင်လည်း အချိန်တန်တော့ တဖြည်းဖြည်း ငြိမ်သက်လာ သလိုပေါ့။ သူ့ခမျာမှာတော့ မိုင်ပေါင်း အသချေင်္
ကနေ ပြေးလာသလိုမျိုး ခံစားနေရရှာတာပဲ။အိပ်မက်က နိုးလာသလိုမျိုး လက်ရှိဘဝကို စပ်ဟပ်မိလာတယ်။
သတိဝင်လာတယ်။ မရေမတွက်နိုင်တဲ့ ပုံပြင်တွေ သူကြားခဲ့ရတာပဲ။
ဟိုလူ..သူက အနားတောင်ရောက်နေပါရော့လား။ အဲဒီလူက-
“မင်းက ဒီအဝတ်တွေနဲ့ သိပ်ကြည့်ကောင်းတာပဲ” လို့ပြောတော့ သူနည်းနည်း ရှိုးတို့ရှန့်တန့် ဖြစ်သွားတယ်။
ပြီးတော့ လှောင်ပြောင်တာလားဆိုပြီးဝမ်းနည်းသွားတာပေါ့။ ဟိုလူက နည်းနည်းထပ်တိုးလာတယ်။ နေရောင်
က သူ့မျက်နှာပေါ်ကျလာတယ်။ အဲဒီလူရဲ့မျက်လုံးတွေက ရုတ်ခြည်းကို ပြောင်းသွားတာသူသေချာမြင်လိုက်
ရတယ်။ ပန်းချီဆရာက ဆေးရောင်သွင်းလိုက်သလိုမျိုးပေါ့။ အညိုရောင်ဖျော့ဖျော့ပဲ။ အသက်မဲ့တဲ့ မျက်လုံး တွေ
ဘယ်ဟုတ်ပါတော့မလဲ။
အဲဒီလူက ခပ်သာသာ လေး ပြုံးပြီး –
“ငါတကယ်ပြောတာပါကွာ” တဲ့။
သူ့ပုခုံးပေါ်ကို လက်တစ်ဖက်တင်ပြီး နောက်တစ်ဖက်က သူ့ရှေ့မှာ ထိုးပြတယ်။ အဲဒီလူရဲ့ လက်ထဲမှာ သူ့
ဂဏန်းတွက်စက်ကလေး ပေါ့။ သူ့မျက်လုံးထဲမှာမှုန်ဝါးသွားပြီး မျက်ဝန်းအစပ်မှာတော့ မျက်ရည်ဥလေး ခိုတွဲ
လာတယ်။ နေရောင်မှာ တလက်လက်နဲ့ပေါ့။
10 comments
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
February 7, 2016 at 12:31 pm
ကျော်လဲ ပုံပြင်သစ်တွေ ကြားဖူးချင်တယ်
အူးလေးဂျီး
ကျော် သစ္စာဆိုပါ့မယ်
ဘီအီးဘီယာ မြောက်မူးလဲအောင် သောက်ခဲ့မိပါဒယ်
အီမှန်သော သစ္စာ ဇကားကြောင့် ပျောက်သွားခဲ့သော
ပွတ်စရာလေး နှစ်လုံး ပြန်ပေးဘာ ပြန်ပေးဘာ ငီးငီးငီးငီး
အားမူးငြီး အီးဟီးဟီး ဘီအီး
မောင်ဘလိူင်
February 7, 2016 at 12:54 pm
အန်ဒါးဆင်း ပုံပြင် တွေ ဖတ်ပါလား မြောက်မြောက်ရဲ့။ ပွတ်စရာ နှစ်လုံးက ဘာပါလိမ့်။
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
February 7, 2016 at 3:09 pm
စနေနံနဲ့ စပါတယ် ဆရာ
တမျိုးတော့ မထင်ပါနဲ့
နုတ်တူး နှစ်လုံးပါ 🙂
kai
February 7, 2016 at 4:23 pm
ကျုပ်စက်မှုကျောင်းသားဘဝက.. ဂဏန်းပေါင်းစက်ကလေးကတော့.. မကျောက်မပျက်.. အခုထိရှိတုံး…။
အထဲမှာ.. ဌာနမှုးက.. စာမေးခန်းတွင်းမှာသုံးစွဲခွင့်ပြုတဲ့ကဒ်ကလေးတောင်ရှိနေသေး…။
ဘာတွေကိုလွမ်းမှန်းမသိ… လွမ်းပါ့…။ လွမ်းလာပါ့..။ :k:
မောင်ဘလိူင်
February 7, 2016 at 5:34 pm
သဂျီးက. .ရိုသေပါပေ့ခင်ဗျာ။ ကျွန်တော် တော့ သူများပေးပစ်လိုက်တယ် ထင်တာပဲ။ ?
အရင်ကကျော်စွာဦးကြီးမိုက်
February 8, 2016 at 1:23 pm
.ကျုပ်ဂဏန်းပေါင်းစက်ကလေးတော့ ပြန်ရောင်းလိုက်မိတယ်ထင်တာပဲ fx-82 လေး :))
မောင်ဘလိူင်
February 8, 2016 at 8:01 pm
ကျွန်တော့်ဟာ ကတော့ 992-ms ပဲ ထင်ပါရဲ့။ ဖတ်ရှုပေးလို့ ကျေးဇူးပါ ဦးမိုက်ရေ။
သင့်အေးရိပ်
February 8, 2016 at 5:34 pm
ဘာသာပြန်ထားတာလားဗျ…
ကိုယ်တိုင်ရေးလား…
ဖတ်ရတာတော့ အတော့်အတော်ကြီးကို ဆွဲဆောင်မှုရှိတယ်..
တစ်ခုပဲ… ပုံပြင်ပြောပြနေသလို အရေးအသားလေးက… ဝတ္ထုတိုလို့…ဆိုရ ခပ်ခက်ခက်…ဖြစ်နေသလိုလို
ဒါပေမဲ့… အဲ့သလို ပုံပြင်ပြောသလို(ပုံပြင်ဆန်ဆန်) အဖွဲ့အနွဲ့လေးကိုက ဖတ်ရတာ အရသာရှိနေတာလို့ထင်တယ်…
မောင်ဘလိူင်
February 8, 2016 at 8:05 pm
ကိုယ်တိုင်ရေးပါ အလင်းဆက်ရေ။ ငယ်ငယ်က ဖတ်ဖူးတဲ့ အန်းဒါးဆင်း ပုံပြင်တွေ ပြန်ဖတ်မိပြီး အတွေးပေါ်လာလို့ ရေးကြည့်တာ။
kai
February 9, 2016 at 5:55 pm
သေချာပြန်ဖက်ကြည့်တော့.. ညက်နေတာပဲ..။
တခုပဲ.. အချက်အလက်ထဲ.. တွေးစရာဖြစ်မိတာက…
မြန်မာထေရာဝါဒအရဆို စိတ်ကနေ မနောကံနဲ့ကျုးလွန်တာလည်း.. အကျုံးဝင်သဗျ..။
ရီစရာက.. အဲလိုမကျုးလွန်ဖူးတဲ့ယောကျာ်းဘသားများ.. ရှိတာလိုက်လို့.. လို့.. ပြော… ချင်…. တာ…။ :k: