Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘီအီးတခွက် သာခိုမမက်

ဂ်စ္စူMay 3, 20161min156428

ဟိုတလောက
သုံးရာတန် မီးသွေးထုပ်လေးတွေ ထုတ်ပြီး မီးသွေးသည်ကြီးက သူအိမ်ပြန်တဲ့အခါ
အဲဒီ မီးသွေးထုပ်လေးတွေနဲ ့ အမ်းစရာအကြွေလေးတွေကို
ဆိုင်မှာ ဒီတိုင်း ထားခဲ့တဲ့ သတင်းဖတ်မိကြမယ် ထင်ပါတယ်။
သင့်ကိုယ်ကျင့် တရားကို ကျုပ်ယုံတယ် ၊ မီးသွေး တစ်ထုပ်ယူရင် ငွေသုံးရာ
ပိုက်ဆံခြင်းထဲ ထည့်ခဲ့၊ အမ်းစရာ အကြွေလဲ လုပ်ပေးထားတယ်ဆိုပြီး
ဆိုင်ရှင်က သူ အိမ်ခဏပြန်နားတဲ့အချိန်တိုင်း မီးသွေးတွေနဲ ့ငွေအကြွေတွေကို အဲသလို စိတ်ချလက်ချ
ထားခဲ့တယ်။ မီးသွေးဆယ်ထုပ် ထားခဲ့ရင် ဆယ်ထုပ်ဖိုး ပိုက်ဆံက ခြင်းထဲ အတိရှိတယ် ဆိုတဲ့သတင်းလဲ
နောက်ဆက်တွဲကြား ရတော့ စိတ်ထဲ တယ်ဟုတ်ပါလားပေါ့ဗျာ။
စီစီတီဗီ မရှိ အစောင့်မထားပဲ ဈေးဆိုင်ကို ထားခဲ့တာတောင် ခိုးဝှက်သူမရှိ ပိုယူသူမရှိ ကွက်တိရောင်းရတယ် ဆိုတော့
ဒီလူကြီး ဘစ်ဇနက် အားကျသလို ဈေးဝယ်သူတွေရဲ့ စိတ်ဓာတ်လဲ ကြိတ်လေးစားမိပါရောဗျာ။
သက်သာလိုက်တဲ့ လုပ်ငန်း၊ ရိုးသားလိုက်တဲ့လူဒွေ ။

ဟော…မီးသွေးသည်ကြီးအားကျလို ့ထင့်
သူ့လိုပဲ မန်းလေးမှာလည်း အအေအေးသည်ကြီးက အအေးဗူးတွေ ရေခဲ့ပုံးထဲထည့်
ငွေအကြွေလည်း အဆင့်သင့်ထည့်ပြီး ဒီတိုင်းထားခဲ့တာ အပိုလိုမရှိ ကွက်တိ ရောင်းရဆိုတဲ့သတင်း
တနေ ့က ကြားမိပါရောဗျာ။ ဟား. လာပြန်ပဟ.တယ်နိပ်တဲ့ ဘစ်ဇနက်၊ တယ်ရိုးသားတဲ့လူဒွေ၊
အစောင့်မရှိ၊ လုံခြုံ ရေးကင်မရာ မထား ဈေးဆိုင်ဒီတိုင်းထားခဲ့တာတောင် မခိုးမဝှက် နဲ ့
ရိုးသားကြပါလားကွယ်ရို ့ စိတ်ထဲ တဒင်္ဂ အား..ကျ .ချီးကျူး…မိ….မ…….လို………ရှိ……သေး..
စိတ်ထဲ အတွေးတစ်ခု ဝင်လာတာ လွယ်ရင် သူကြွယ်တောင် လက်မနှေး ဆိုတဲ့ ဆိုရိုးစကားကြီး
ဒီဆိုရိုးကြီး ပါးစပ်ယားထွင်ခဲ့ကြဟန်မရှိ။ တန်ဘိုးကြီးရင် မလွယ်တာတောင် သတ်ဖြတ် လုယက် ပျံပေးဆွဲနေတဲ့ခေတ်ကြီး။

ပထမတစ်ယောက်တော့ သာမန်ချီးကျူး မိလိုက်ပေမဲ့ ဒုတိယတခေါက်ကြားရတော့ ဆိုရိုးစကားကြီး စဉ်းစားမိသွားပြီ။
မီးသွေးထုပ်နဲ ့ အအေးပုံးကို မြို ့၊ ရပ်ကွက်အနီး ထားပြီး ကိုယ်ကျင့်တရား စမ်းတော့ ဘယ်လိုလုပ်
စိတ်ဓာတ် အမှန်ပေါ်မလဲနော့။
ပြီးတောအလစ်ချောင်းပြီး အချောင်ယူရအောင်လဲ မီးသွေး နဲ ့ အအေးဗူး ဆိုတာ နှစ်ရာ သုံးလေးရာ ဝန်းကျင် ဟူ၍ ဆင်ခြင်မိပြီး
ဤ ဒုတိယအကြိမ်မတော့..ကျနော် အူးမြောက်မြောက်သည် အနှီဉာဏ်ကြီးရှင်တို ့အား
အားလဲ မကျတော့ဘူး ချီးလဲ မကျူးတော့ဘူး။
ဈေးသည် “ငပျင်း”၊ သူခိုး “မလစ်လို ့၊ တန်ဘိုးမရှိလို ့” ဟူ၍ပဲ။ ။

လူဒါးအားလုံးကို၄စားဘာဒယ်။

 

28 comments

  • ဦးဦးပါလေရာ

    May 3, 2016 at 12:31 pm

    သယ်….
    မောင်ရင်က ကျုပ်တို့ပြည်သူတွေကို အထင်သေးအမြင်သေးနဲ့…
    မယုံရင် ဘီအီးငါးလုံးနဲ့ ကြွက်ကြော်တစ်ပန်းကန် ထင်းရူးသေတ္တာပုံးပေါ်တင်-
    (ဘီအီးတစ်လုံးတစ်ထောင်နှုံးနဲ့ ပိုက်ဆံဗူးထဲ ထည့်ခဲ့ပါ။ ကြွက်ကြော်အခမဲ့လက်ဆောင်ပါ)လို့ စာရေးထားခဲ့ကြည့်..
    ဘာဖြစ်လာမယ်ထင်သလဲ…

    • ယမကာကျော်စွာ အူးမြောက်မြောက်

      May 3, 2016 at 12:44 pm

      စော်ဒဂါး မော်ဒဂါးလုပ်နဲ ့
      တားဘကျီးက ဘလက်နဲ ့ ငါးရှဉ့်မြေအိုးဘဲကြိုက်ဒါ

  • Tawwin Pan

    May 3, 2016 at 1:34 pm

    တခါတုန်းက မှတ်တိုင်နားမှာ စက်ဘီးစီးလာတဲ့သူရဲ့ ခါးပုံအိတ်ထဲကနေ ပိုက်ဆံထောင်တန်တွေ ထွက်ကျ လာတယ်……မှတ်တိုင်ကသူတွေ လှမ်းအော်တော့ ပြန်လှည့်လာပြီး လမ်းပေါ်ပြန့်ကျဲနေတဲ့ပိုက်ဆံတွေ လိုက်ကောက်တာပေါ့….မှတ်တိုင်မှာကားစောင့်နေတဲ့သူတွေကလည်း ဝိုင်းကောက်ပေး..တချို့တွေကတော့ အိတ်ထဲထည့်ကျတာပေ့ါ…….လိုင်းကားပေါ်ကသူတွေကလည်း ဝိုင်းကောက်နဲ့……အနားကသူတွေက ပိုင်ရှင်က ဒီမှာဆိုပြီး ပြောတာတောင် ခပ်တည်တည်နဲ့ကောက်နေကြတာ……..၄၅ ဟိုင်းလပ်ကားခေါင်းခန်းမှာ မျက်မှန်ကြီးနဲ့ ရုပ်ခန့်ခန့်ယောကျင်္ားကြီးကလည်း ခေါင်းခန်းကနေ ခဏဆင်းပြီး ပိုက်ဆံဆင်းကောက်ပြီး ပိုင်ရှင်သိရဲ့သားနဲ့ ပြန်မပေးဘဲ ခပ်တည်တည်နဲ့ကားပေါ်ပြန်ထိုင်နေလေရဲ့…..
    2002 လောက်ကဖြစ်မယ်ထင်တယ်…..ပိုင်ရှင်ဘယ်သူဆိုတာလည်းသိရဲ့သားနဲ့ အချောင်လိုချင်တဲ့သူတွေ အများကြီးတွေ့လိုက်ရတယ်……….

    • ယမကာကျော်စွာ အူးမြောက်မြောက်

      May 3, 2016 at 2:14 pm

      အတော်ဆိုးတဲ့လူကြီး
      ကားခေါင်းခန်းမဟုတ်ပဲ အောက်မှာသာဆို
      သူကောက်တာနဲ့တင် ပြောင်လောက်တယ်

  • kai

    May 3, 2016 at 2:11 pm

    မြန်မာပြည်မယ်… ထေရာဝါဒ..ဝါဒီတွေဒီလောက်ပေါတာ…
    အလုပ်ဖြစ်မယ်လို့.. လုံးဝမထင်.. :k:

    • ယမကာကျော်စွာ အူးမြောက်မြောက်

      May 3, 2016 at 2:24 pm

      အကောင်းမြင်ပါ တဂျီး
      ဒါ
      စွန့်ဦး တီထွင်ခြင်းပဲ
      ကျနော်က မိုးသီးကြွေရင် ကောက်ပြီး ရန်ကုန်မှာ ရေခဲခြစ်ရေင်းမှာ
      တဂျီးလဲ အမေဒီကန်မှာ ရေခဲထုပ်ရောင်း

      • kai

        May 3, 2016 at 3:48 pm

        ဖဘမှာလည်း ဒေါ်ဒေါ်ပဒုမ္မာအပါအဝင်.. ဗမာတော်တော်မာျးမာျးက.. ရာသီဥတုဖေါက်တာ.. လူတွေစိတ်ထားဘာညာဆိုပြီး ဘုန်းကြီးစကားကိုးကားထားတယ်..
        ကျုပ်ကလည်း.. ရွတြ်ပီး.. ရှေးစကားတင်ပေးထားတယ်..။
        တကယ်က ..အဲလိုတွေးတာကိုက.. အူကြောင်ကြားကြီး..။ ရှေးက ငလျှင်လှုပ်ရင်ပဲ.. တန်ခိုးကြီးလူပဲမွေး/သေသလို.. နဂါးပဲနိုးသလိုလို.. အဲဒါနဲ့သဘောတူတူပဲ..။
        ဘာသာရေးမှိုင်းမိနေကြမှန်း.. သိပ်သိသာ.. ။

        တကယ်က…
        အာဖရိကတိုက်.. တန်ဇန်းနီးယားပြည်.. မြောက်ဖက်စွန်းက.. သစ်တော်ကြိုးဝိုင်းရဲ့ အမြင့်ဆုံးသစ်ပင်ထိပ်က…. ငှက်သိုက်..။
        အဲဒီငှက်သိုက်ထဲက.. ငှက်ပေါက်စလေး.. ပါးစပ်ဟပြီး ကျိကျိ.. ၂ခါအော်လိုက်လို့.. .. မြန်မာပြည်မယ်.. မိုးသီးအကြီးအကျယ်ကြွေတယ်..။
        အကျိုးအကြောင်း.. အဆက်အစပ်.. အဲဒါပဲ..။ :k:

        • ယမကာကျော်စွာ အူးမြောက်မြောက်

          May 3, 2016 at 4:02 pm

          ဟယ်…. 🙄

          အဲသလို

        • မြစပဲရိုး

          May 4, 2016 at 4:22 am

          အစိမ်းရောင် သစ်ပင်သစ်တော ပြုန်းတာ လူ တွေ ရဲ့ လောဘ မဟုတ်လို့ ဘာကြောင့်တုန်း။
          သူ့ဟာသူ ခြေပေါက်ပြီး ထွက်ပြေးကြတယ်လား မသိ။ 🙄

        • ယမကာကျော်စွာ အူးမြောက်မြောက်

          May 4, 2016 at 11:11 am

          တဂျီး
          ဘသူလာလာ မကြောက်နဲ ့
          တဂျီးနောက်မှာ ကျော်စိတယ်
          ၁ကျီးကိုထိရင် ခံဘူးဟေ့..

  • Yae Myae Tha Ninn

    May 3, 2016 at 5:04 pm

    အဲသဟာထက် ဆိုးတာ ရှိတယ်… ဖွင့်ပွဲတခုမှာပေါ့… ရာထူးကြီး ဟိတ်ဟန်တခွဲနဲ့ ဆရာကြီးက ပိုက်ဆံကြဲဖို့ တာဝန်ယူထားပါတယ်… ဖလားက သူ့လက်ထဲမှာ… တကယ်တမ်း ကြဲတော့ … အဟင့်… အတန်သေးတွေ အပြင်ကို ကြဲပြီး အတန်ကြီးကို သူ့နားကြဲ ဖိနပ်နဲ့ ဖိထားတယ်… တား လဲ နားကို မလည်နိုင်တော့ဘူး… 🙁

  • Tawwin Pan

    May 3, 2016 at 5:34 pm

    ရပ်ကွက်ထဲကအလှူတစ်ခုကတော့ ၂ဝတန်လေးမှာ ရွှေထည့်ပြီး ကြဲတာ…ဘယ်သူမှ မကောက်ကြဘူး…
    ကလေးလေးတစ်ယောက်ပဲကောက်တော့ ရွှေရသွားကော………အတန်ကြီးမက်ကြတာလေ…

  • Ma Ma

    May 3, 2016 at 10:22 pm

    အဲဒီသတင်းကိုကြားပြီး အမျိုးမျိုး ကွန်မန့်တွေ ပေးကြတယ်။
    သဘောတူသူလည်းပါ၊ သဘောမတူသူလည်းပါပေ့ါ။
    ကိုယ်သာဆို အဲလိုရောင်းမလားလို့ ကိုယ်ချင်းစာတဲ့အနေက ဝင်ကြည့်လိုက်တော့…… မရောင်းဘူး လို့ အဖြေထွက်တယ်။

    ကိုယ်ကျင့်တရားကောင်းလာစေချင်တဲ့စေတနာက မှန်ပေမယ့် ………………….
    လူတွေရဲ့ mind-set ကို ပြုပြင်ဖို့ ဒီနည်းလမ်းက မဟုတ်သေးဘူးလို့ထင်တယ်။ 🙄

  • ခင်ဇော်

    May 4, 2016 at 6:26 am

    မီးသွေးဆိုရင်တော့ နာ ခိုးဖြစ်မယ်ထင်တယ်..
    ဒီမှာ တတောင် လောက် မရှိအိတ်လေးကို ၃ ဒေါ်လှ ကျော်ကျော် ပေးဝယ်ရတာ..
    ဘာဘီကျူတစ်ခါစားရင် မီးသွေး ဝယ်ရတာတင် ၁၅ ဒေါ်လှလောက် ကုန်တယ်…
    :k:

  • ဝင့်ပြုံးမြင့်

    May 6, 2016 at 1:03 pm

    သူများနိုင်ငံတွေ သတင်းစာ အဲဒီပုံရောင်းနေတာဖြင့် ကြာလှပြီ။ တကယ်ဆိုရင် ဈေးရောင်းတဲ့အလုပ်ဟာ အလုပ် ဟူသမျှထဲမှာ အမိုက်မဲဆုံးအလုပ်လို့ ထင်တယ်။ ကုန်ပစ္စည်းတွေကို ရောင်းတာမဟုတ်ဘဲ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မိုးလင်းမိုးချုပ် ဆိုင်မှာ ထိုင်ပြီး ရောင်းပစ်လိုက်တာ။ ဘဝအရည်အသွေးဆိုတာကို ဘာလို့ ထည့်မစဉ်းစားရမှာလဲ။ အခု လို ငွေယားကလေးအတွက် ဆိုင်မှာထိုင်ပြီးရောင်းရမယ်ဆို ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေက ပိုနှမျောစရာကောင်းတယ်။

    • ယမကာကျော်စွာ အူးမြောက်မြောက်

      May 6, 2016 at 2:19 pm

      အဲထက် ပိုနှမြောစရာကောင်းတာဂ ရောင်းသူမဲ့ ဆိုင်ဆိုဘီး
      အချိန်ကုန်ခံဘီး စောင့်ကြည့်နေကြတဲ့ လူတစ်အုပ်ရဲ့ တန်ဘိုးကျီး အချိန်တွေပါ အဒေါ်
      ထိုင်ရောင်းရင် တစ်ယောက်ပဲ အချိန်ပေးရမှာ ထိုင်မရောင်းတော့ မဆိုင်သူတွေပါ အချိန်ထပ်ပေးရကော
      ဆိုတော့ ..ပြောချင်တာ
      စောင့်မနေနဲ ့ စမ်းမနေနဲ ့ လစ်ရင် ယူသွားလိမ့်မယ် မလစ်ရင် ပိုတောင် ပေးသွားဦးမယ်
      နံကြားထောက်ပြောမယ် နောင် နှစ်တထောင် 😆

      ပြီးဒေါ့
      အဒေါ်ကသာ ဈေးရောင်းတာ မိုက်မဲတယ်လုပ်နေတာ
      ဈေးရောင်းပြီး ရွှေတွဲလွဲ ငွေတွဲလွဲ သားသမီး ပညာသင် နိုင်ဂံဂျားပို ့ လှူနိုင်တန်းနိုင်တဲ့ ဈေးသည်တွေ ဒဗုန်ကြီး
      သိသလောက်တော့ တန်ရာတန်ကြေး အချိန်ပေးဆပ်ပြီး ထိုင်ရောင်းမှ ရခဲ့တဲ့ ရလာဒ်တွေ
      ပြီးဒေါ့ သူဒို ့အရည်ချင်းနဲ ့ဒီလိုမပေးဆပ်လို ့ အဲကွန်းခန့်ခန် ့ဝင်ထိုင် စာကြီးပေကြီးဖတ် အလုပ်ကြီးကိုင်ကျီးလုပ်ဖို ့
      မဖြစ်နိုင်လေဒေါ့ ဈေးမှမရောင်းရင် နေပူထဲ ပန်းရံသယ် စပယ်ယာလိုက် ခြံစောင့် စတဲ့အလုပ်မှတပါး
      အခြား ဂွင်ကောင်းကောင်းလေးများရှိရင် အလင်းပြပါ အဒေါ်

      • ဝင့်ပြုံးမြင့်

        May 15, 2016 at 12:07 am

        ဟုတ်ပါ့ ဒီတစ်ခါ မျောက်ကို ဆရာတင်လိုက်ပြီ။

  • ယမကာကျော်စွာ အူးမြောက်မြောက်

    May 6, 2016 at 2:37 pm

    သိချင်သေးတယ်
    တစ်ယောက်ယောက်က အလစ်ယူ
    ဒါမှ မဟုတ် သုံးရာတန်ကို တစ်ရာထဲ ထားသွားတာ
    သိသွား မိသွားလျင်တောင်
    ကလိန်ကကျစ်က မပေးဘူးဆို ဘီလိုရှင်းမလဲ
    ဘယ်အုပဒေနဲ ့ ရှင်းမလဲလို ့

    ဒီရာသီ မီးသွေးက ပြဿနာမရှိ
    အအေးတို ့ ဘာဒို ့က ကြာရင် အရင်းပြုတ်နိုင်တယ်
    စိုးမိဒယ်..
    မစိုးမိရင် ကျွဲရိုင်းလေး ဘာလေး ထည့်ထားပေးကျိ

    • ယမကာကျော်စွာ အူးမြောက်မြောက်

      May 7, 2016 at 9:36 pm

      ကျော် ယူဒါဟုတ်ဘူးနော်
      ကျော်က နည်းရင်မယူဘူး အဲ ဟုတ်ပါဘူး လစ်မှယူမှာ

    • မြစပဲရိုး

      May 7, 2016 at 10:03 pm

      သူများ နိုင်ငံ တွေမှာ သူခိုး နဲ တယ် ဆိုတာက အလွယ် ယူလို့ မရအောင် နည်းလမ်း၊ စည်းကမ်း တွေ ကောင်းလို့ပါ။
      မ တရာသား တွေ စိတ်ရောင်စုံ မို့ စုံးပြူး တွေကတော့ နေရာ တကာ နိုင်ငံတိုင်း အနှံ့ရှိမှာပါ။
      ငတ် နေတဲ့ နေရာ မှာ ပိုပြီး ဆိုးတော့ မပေါ့။
      စိတ်ဓာတ်ပြင်ချင်ရင် အရင် လူတွေ ကို အရှက်တရား (ကိုယ့်ကို လူတွေ က စာရိတ္တမခိုင်သူ လို့ မြင်မှာ) နဲ့ အကြောက်တရား (မဟုတ်တာ လုပ်ချိန် တရားဥပဒေ က စောင့်ပြီး အရေးယူမှာ) ရှိဖို့ အရင် ပညာပေးရ မယ် ထင်တာပါဘဲ။

      ဒီမှာလဲ စီစီတီဗီ တွေ အနှံ့ထားတာ အလကားမှ မဟုတ်တာ။
      လူတွေထဲ က တစ်ချို့ ကို မယုံလို့ပေါ့။

      • ယမကာကျော်စွာ အူးမြောက်မြောက်

        May 8, 2016 at 12:25 am

        လူမျိုး နိုင်ငံရယ်နဲ့ မဆိုင်
        တစ်အူးချင်းစီနဲ့ဆိုင်တဲ့ ကိစ္စ
        မျက်ကွယ်ရာ လူကောင်းရှိမယ် သာခိုရှိမယ်
        ဒွန်တွဲနေတာ လစ်ရင် ပါမှာပဲ
        စောင့်ကြည့်မဲ့အရာမရှိပဲ ဈေးရောင်း
        သာခိုနဲ့တွေ့ရင်
        အရင်းတင်မဟုတ် အဖျားပါ ငုတ်စိမကျန်ဖြစ်မှာ
        ကျနော်ကိုဒိုင်လဲ
        ဒီနေ့ သူဒေါ်ဂေါင်း
        နောက်နေ့ သာခို ဖြစ်ချင်ဖြစ်မှာ
        ကို့ယ်ကိုယ်ကိုလဲ ယုံဘူးလို့
        မျောက်ပါဆို မျောက်စိတ်ပေါ့ အဒေါ်ရာ

  • Ma Ma

    May 7, 2016 at 11:33 pm

    (လူတွေ ကို အရှက်တရား (ကိုယ့်ကို လူတွေ က စာရိတ္တမခိုင်သူ လို့ မြင်မှာ) နဲ့ အကြောက်တရား (မဟုတ်တာ လုပ်ချိန် တရားဥပဒေ က စောင့်ပြီး အရေးယူမှာ) ရှိဖို့ အရင် ပညာပေးရ မယ် ထင်တာပါဘဲ။)
    အဲလိုပြုပြင်မှရမှာကို အခုလိုလုပ်နေတာက စောနေသလား၊ မှားနေသလားလို့။ 🙄

    • ယမကာကျော်စွာ အူးမြောက်မြောက်

      May 8, 2016 at 12:17 am

      စိတ်ဓာတ်ပြင်ချင်ရင် ယာဉ်ကျေးလိမ္မာ သင်တန်းဖွင့်လေ
      ဒါမှမဟုတ် ရောင်းသူမဲ့ ဘီယာဆိုင်ဖွင့်
      လာအားပေးမယ်

  • Thint Aye Yeik

    May 9, 2016 at 11:37 am

    ဟန်းစက်တို့ အဝတ်အထည်တို့ကို..အဲ့နည်းနဲ့ ချရောင်းလို့ကတော့….
    ဘာပြောကောင်းမလဲ….

    အအေးတစ်ဗူး သုံးရာလောက်က… ပန်းရံလုပ်တဲ့သူလည်း ခိုးဝှက် သောက်ရလောက်အောင်..
    မက်လောက်စရာ မရှိ…
    .ငွေများများပေးမှ ရမယ့်ဟာတွေကို အဲ့လိုချပေးထားကြည့်ရင်… စိတ်ဓါတ်မကောင်းသူတွေ ပေါ်လာလိုက်မယ့်ဖြစ်ခြင်းလို့…ထင်မိ…

    ဆိုတော့…
    အန်တီမမနဲ့ သဘောချင်း တူပါကြောင်း…

    Ma Ma says:
    အဲဒီသတင်းကိုကြားပြီး အမျိုးမျိုး ကွန်မန့်တွေ ပေးကြတယ်။
    သဘောတူသူလည်းပါ၊ သဘောမတူသူလည်းပါပေ့ါ။
    ကိုယ်သာဆို အဲလိုရောင်းမလားလို့ ကိုယ်ချင်းစာတဲ့အနေက ဝင်ကြည့်လိုက်တော့…… မရောင်းဘူး လို့ အဖြေထွက်တယ်။

    ကိုယ်ကျင့်တရားကောင်းလာစေချင်တဲ့စေတနာက မှန်ပေမယ့် ………………….
    လူတွေရဲ့ mind-set ကို ပြုပြင်ဖို့ ဒီနည်းလမ်းက မဟုတ်သေးဘူးလို့ထင်တယ်။ 🙄

  • uncle gyi

    May 12, 2016 at 8:53 am

    ဆေးသမားအရက်သမားတွေနည်းအောင်ပဲအရင်လုပ်ပါအုန်းလေ

  • ဦးကြောင်ကြီး

    May 16, 2016 at 2:37 am

    စိန်မျောက်မြောက်
    အိမ်ပေါက်စောင့်
    တိမ်တောက်မောက်
    လိင်အောက်ဖေါက်..

Leave a Reply