Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြ ရဲ့ သင်ပုန်း ၃၀-၀၆-၂၀၁၆

မြစပဲရိုးJune 30, 20161min177721

မြသည် အငြင်းသန်သည်။
ကိုယ်လိုတာ ရအောင် ဇွတ်ဆွဲပြောတတ်သည်။
မလိုချင်တာ ဆိုရင် “ဟင့်အင်း” ခေါင်းခါ တတ်ပြီး ကိုယ်လိုရာ ပုံသွင်းလွန်း၍ ဟိုးအရင်က “အာဏာရှင်” ဆန်သည်ဟုဝေဖန်ခံရလေ့ရှိသည်။
(ကိုယ်တာဝန်ခံလုပ်သည့် အလုပ် မအောင်မြင်ပါက ထို ရှုံးနိမ့်မှု ကို တာဝန်ယူတတ်မည် ဆိုပါက ဝေတိဝေဝါး ဟိုလိုလိုဒီလိုလို လုပ်၍မရမှန်း ကို တာဝန်ခံရဲသူတိုင်း သိပေလိမ့်မည်။ – ဤကား စကားချပ်)
အသံ ကလဲ လော်မလိုအောင် ကျယ်သူတစ်ယောက်ပေတည်း။
မယုံပါက မြ အရင်ဘဝ နှင့် နီးစပ်သူများကို မေးကြည့်ပါကုန်။

ယခုလဲ စကားများ ကို ကျယ်လောင်စွာ ဆက်၍ပြောချင်ပါသည်။
မတေလ်ဒါ ဆိုသော အင်္ဂလိပ်ကလေး ပုံပြင်စာအုပ် ထဲကနေ နာမည်ကြီးလာတဲ့ LOUD  ဆိုသော သီချင်း ရဲ့ စကားလုံး လေး ကို သဘောကျလွန်း၍ ဖြစ်၏။
ထိုသီချင်းလေးအဓိပ္ပါယ်မှာ ကိုယ့်အသံကြားနိုင်ဖို့ စကားတွေ ကို ကျယ်ကျယ်ပြောရန် နှိုးဆော်ခြင်းဖြစ်သည်။
မှန်သည့် အသံဖြစ်စေ၊ မှားသည့် အသံ ဖြစ်စေ၊ တရား အသံဖြစ်စေ၊ မတရားသည့် အသံဖြစ်စေ ကျယ်ကျယ်ပြောနိုင်သူ၏ အသံ ကသာ လွှမ်းမည် မဟုတ်ပေလော။
တိုးတိုးလေးဖြစ်စေ၊ မပြောရဲသည်ဖြစ်စေ၊ မပြောလိုသည် ဖြစ်စေ အသံမထွက် ပါက မည်သူ့မှ ကြားမည်မဟုတ်ချေ။
ကိုယ်လိုချင်သည့် အရာ ကို ကိုယ်မှ ဂရုမစိုက်ပါ က မည်သူမှ ဂရုစိုက်မည် မဟုတ်ချေ။
ထို့အတွက် စကားများ ကို ကျယ်ကျယ်ပြောရန်လို ပါသည်။
ပိုဆိုးသည်မှာ မတရားသူ၊ အတ္တကြီးလွန်းသူ၊ အမုန်းအားကြီးသူ များ၏ အသံ တွေ ကျယ်နေသည့် အနေအထားတွင်ပို၍ ဂရုစိုက်ရန်လိုပေသည်။

တကယ်တော့ ကမ္ဘာကြီးတွင် ထိုသူများသည် အနည်းစုသာဖြစ်နိုင်ပေသည်၊
သို့သော် အသံကျယ်ကြသည်။
သူတို့ သည် ထိုသို့အသံကျယ်နိုင်သမျှ ကျယ်စေရန် အားထုတ်နေသူများလဲ ဖြစ်၏။
တော်ရုံ လူတို့မှာကား ထိုသူတို့နှင့် ယှဉ်၍ အသံမပြုရဲ၊ မပြုချင်ကြသည်မို့ ရှောင်ထွက်ကြလေသော် ထို သူတို့၏ အသံသာ ဖြစ်တည် နေကုန်သည်။
ထိုနေရာသည် မတရားမှုများ အားကြီးသော ရပ်ဝန်းဖြစ်လေတော့သည်။
ထို မတရားမှု၊ အဓမ္မမှုများ မကိန်းစေလိုပါက ထို အသံများထက် ကျယ်သော အသံ ကို ညီညာစွာ ပြိုင်တူ ဟစ်ကျွေးရန်လိုပေ၏။

ထို့ကြောင့် နိုင်သလောက် လက်လှမ်းမှီရာ လော်ကြပါလော့။

ချစ်သော
မြ

နောက်ဆက်တွဲ ဝန်ခံချက် …..
မြ အလွန်ချစ်သော တစ်စုံတစ်ဦး ကို အင်မတန်မုန်းတီးနေသည့် အသံ စိုးမိုး နေခဲ့သည့်နေရာမှာ လာ၍
ကိုယ်မည်မျှချစ်ကြောင်း ကို အသံကျယ်ကျယ် နှင့် ပြောနေမိတာ တစ်ခါတစ်ခါ မိမိ ကိုယ် မိမိ Guilty ဖြစ်သည် ဟု ခံစားမိပါသည်။ အင်မတန်မှလဲ အားနာမိတာ အမှန်ပါ။
ထို့အတွက်လဲ ကိုယ့်အနေနှင့် အကွေ့တစ်ချိုးတွင် ရပ်ချိန်တန်ပြီ ဟုလည်း အကြိမ်ကြိမ် ဆုံးဖြတ်ခဲ့ပေါင်းလဲ များပါပြီ။

မြသည် တစ်ခါတစ်ရံ စိတ်ထင်ရာပြော၍ အင်မတန် မှ အူကြောင်ကြောင် နှင့် ဂေါက်သူဖြစ်ကြောင်း သိကြပါကုန်။

DSCF5956
My Favorite Things

 ဒေါင်း သည် NLD ကို ဆိုလိုခြင်းမဟုတ်။

 

Dahhma Talk

ဒါကတော့ သူကြီးမင်း ကို ပြောတယ်ထင်ပါတယ်။ ဒီတစ်ခါတော့ ရွဲ့ပြောတာမဟုတ်ရပါ။

21 comments

  • မမချွိ

    July 1, 2016 at 5:11 am

    ကိုယ် ချစ်တဲ့သူ စင်ပေါ်ရောက်ရင် ပြီးတာတယ်…
    မုန်းတဲ့သူတွေ မုန်းးလို့ မက လို့
    အမုန်းစိတ်နဲ့ လဲသေသေ
    တောက်ဖတ်ကို မလုပ်ဘူးး မြရေ…

    နားကပ် ခွေဇီထင်ရဲ့.. ဟိ
    နားကွင်းလေး ကြိုက်တယ်…

    :chit:

  • hmee

    July 1, 2016 at 6:51 am

    ဘာမှ မပြောတတ်ဘူး။ ပြောတတ်တာက အပေါ်က တဆက်လုံးကြိုက်တယ်လို့ 🙂

  • nozomi

    July 1, 2016 at 8:44 am

    ဒီရက်ထဲ ဘွားမြ ကိုတောင် သတိရမိသေး

  • ဂျစ်စူ

    July 1, 2016 at 2:15 pm

    အသံကြောင့် ဖား သေသတဲ့ဗျ
    ကျားဖူးတာ ပြောဒါဘာ

  • kai

    July 1, 2016 at 5:04 pm

    အင်း..
    ကျုပ်က.. ကုသိုလ်ရော.. အကုသိုလ်ရောကို ရှောင်သဗျ..။
    အဲ.. သည်းခံတယ်ဆိုတာကိုလည်း… သိပ်မကြိုက်…။
    ဟိုဖက်က.. ပြုတာရဲ့အခြေအနေအချိန်အခါပေါ်မူတည်ပြီး.. သင့်လျှော်သလိုတုံ့ပြန်တာကို.. ကြိုက်တယ်..။

    ဆိုတော့…
    သည်းခံ..သည်းခံနဲ့.. ရောင့်တက်လာတဲ့သဘောဖြစ်လာနိုင်တာမို့..
    အပေါ်စီးရတဲ့… အခြေအနေအချိန်အခါတခုကို.. ဖန်တီးပြီး.. တုံ့ပြန်သင့်တယ်လို့… ဆိုလို..
    ဟုတ်ပါ့..။
    အစိုးရကိုပြောနေတာပါ..။ :k:

  • ဦးကြောင်ကြီး

    July 2, 2016 at 7:53 am

    ဒုတ်ခ ျီအစိုးဓမြ

  • ဦးကျောက်ခဲ

    July 2, 2016 at 1:53 pm

    ချစ်လျင်အကျိုး မုန်းလျင်အပြစ်မို့ ပျော်သလိုသာနေ အရီးရေ … :k:

  • မြစပဲရိုး

    July 2, 2016 at 8:02 pm

    ဝင်ပြီး မှတ်ချက်ပေးတဲ့ ဇီကလေး၊ မှီ၊ ကိုနို၊ စိန်ပေါက်၊ သူကြီးမင်း၊ ကြောင် နဲ့ ကျောက်စ် တို့ကို ကျေးဇူးတင်ပါတယ်။

    ဇီကလေး ရေ – ဟုတ်ပါ့ကွယ်။
    သို့ပေသည့် လိုတာထက် ပို တဲ့ အမုန်း တွေ၊ အာဃာတ တွေ က တိုင်းပြည် ဖွံ့ဖြိုးအောင် ပြုပြင်တဲ့ မှာ အဟန့်အတား ဖြစ်စေမှာ စိုးတယ်။
    အတွင်းထဲ က ပုဂ္ဂိုလ်ကြီးများမှာလည်း ရှိပြီး စည်းစိမ် နဲ့ အသာမနေနိုင်ဘဲ သွေးထိုးနေဆဲ။
    အပြင်က ဆရာကြီး များ မှာလည်း ပါချင်လွန်းပေမဲ့ နေရာမရတော့ အသာမနေနိုင်ဘဲ ပေါက်ကရ ဝေဖန်သံ တညံညံ နဲ့ ပြည်ပျက်ဖို့ စောင့်နေလားတောင် မသိ။
    လက်ရှိ အစိုးရ ဝန်ထမ်း တွေ၊ လွှတ်တော်အမတ်တွေ အပါအဝင် ပြည်သူတွေ ထဲ မှာလဲ အများစု က အပေးအယူ နဲ့ အသားကျနေကြတာများမှာမို့ အပြောင်းအလဲ တစ်ခု မှာ သူများသာပြောင်း ငါတို့ မပြောင်းနိုင်သေး ဆိုတာမျိုး။
    အသစ် က စခွင့် ရလိုက်ရင် အင်မတန် တိုးတက်ဖို့ လွယ်ပါတယ်။
    လက်တွေ့မှာ အတ္တတွေ နဲ့ ချစားနေတဲ့ စိတ်ဓာတ်တွေ နဲ့ လူ့အဖွဲအစည်း မှာတော့ တစ်ယောက်ချင်း ဆီ က အဲဒီ အတ္တတွေ ကို ဘယ်လောက် ခွါနိုင်မလဲ။
    အဲဒါ က အရေးကြီးနေတာပါ။
    လူအများ ရဲ့ ကိုယ့်အတွက် ဆိုတာ ကို အသာချန်ပြီး ညီတူညာတူ ပူးပေါင်းမှု အရမ်းလို နေ တဲ့ အချိန်ပါ။
    ကန့်လန့်တိုက် တွေ ကင်းသွားတဲ့ အနေအထား ကတော့ မျှော်လင့်လို့ မရတာ သိပါတယ်။
    အနည်းစု နဲ့ အစွယ်ကျိုး တွေ လောက်ဘဲကျန်တာ ဖြစ်စေချင်တယ်။

    မှီ ရေ
    မှီ ဟိုဘက်မှာ ပြောလိုက်တဲ့ စကားလေး “စေတနာတွေ သိပ်ကွာကြတယ်။”
    ရင်ထဲ မှာ အရမ်းထိ သွားတယ်။
    စေတနာလေး နဲနဲထည့်ပြီး ကြိုးစားပေးရင် တိုးတက်ပြောင်းလဲ သွားမဲ့ အခြေအနေ တစ်ခုရှိပါတယ်၊ အဲဒါ ရဲ့ နောက်မှာ ဒုက္ခတွေ လျှော့နည်းသွားကြမဲ့ လူသား တွေ ရဲ့ ဘဝ တွေ ကို မသိကျိုးကျွံ မျက်ကွယ်ပြုနိုင်လောက် အောင် အသိပညာ ဆင်ခြင်တုံ တရား ခေါင်းပါး နေကြတာ ထင်ပါရဲ့။

    ကိုနို
    ဘရက်ပစ် ကြောင့် သတိရတာထင်ရဲ့။
    အခု LOUD က လဲ အဲဒီ နောက်က နေ တွေးမိသွားတာ။
    Remain ကို စိတ်က အားပေးပြီး လူ က မဲ မပေးခဲ့ လိုက် ရလို့ ဆိုတဲ့ လူ တွေ အခု မှ အသံတွေ ထွက်လာကြတာ။
    သို့ပေမဲ့ နောက်ကျ ခဲ့ပြီ။

    မောင်စိန်ပေါက်
    အရီး က အသံကျယ် သလို လက်ကလဲ မြန်တယ်။
    အနီး မှာ ရှိလို့ က နားရွက်ပြတ်ပြီ မှတ်။ 😉
    နောက်တာပါ။
    မင်းပြောတာမှန်ပါတယ်။
    သို့ပေမဲ့ အသံ ထွက် ရင် အရိုက်ခံ ရမှာ အတိတ်မှာ ကျန်ခဲ့ လောက်ပါပြီ။
    အခုချိန်မှာ အစိုးရ ကို ပြည်သူ တွေ က ကြောက်ဖို့ မလို တော့ဘူး လို့ ရာနှုန်းပြည့် ယုံပါတယ်။
    ဒါပေမဲ့ မတရား အနိုင်ကျင့်လို့ လဲ မရ ဘူးပေါ့။
    ဒါကြောင့် အလုပ်မလုပ် တဲ့ ဖော်လံဖား တွေ ပျောက်အောင် အော်ကြစို့ကွယ်။
    အသိပညာလေး နဲ့ စွက်ပြီး အော်ကြဖို့ တော့ လိုပါတယ်။
    အဲဒါ က တော့ ပညာရေး နဲ့ ပညာပေး အများကြီး လို နေပါတယ်။

    သူကြီးမင်း
    ဖားတာ ကို ရှောင်ထွက်နိုင်တယ်ပေါ့။

    ကြောင်ကြောင်
    I love you. It is true.
    Please do love her too.

    ကျောက်စ်
    အပြစ်တင်လွန်းရင် တကဲ့ ဖြေရှင်းရမဲ့ ပြသနာ တွေ က နေ ချော်သွားတတ်တယ်။
    အပြစ်တင်တာ၊ ဝေဖန်တာ နဲ့ ပူးပေါင်းဖြေရှင်းတာ မတူဘူး မဟုတ်လား။

    • ဦးကြောင်ကြီး

      July 5, 2016 at 2:49 am

      ရက်တလှ ျာ ပြည့်တော့မယ် ဟေ့.. ရက်တလှ ျာ ပြည့်တော့မယ်… လှ ျာကို ယားနေတာပဲ ပြောခ ျဉ်လွမ်းလို့…. ငှိ ငှိ။။။
      တို့မီးရှို့မီး
      မလုပ်တတ်ပါ
      လုဘောင်တစ်ဟာ
      ပြည်သူ့ဖက်က။။
      ခိုင်းတိုင်းဟုတ်ကဲ့
      ဆိုရအောင်
      ဗကသဟာ
      ငအဟုတ်ဖူး။
      ရဲဘော ်ပေါင်းတို့
      ညီညွတ်ရင်
      ခွပ်ဒေါင်းအလံ (အစစ်)
      တလူလူလွင့်မယ်။ ငါကွ….

  • ဝင့်ပြုံးမြင့်

    July 5, 2016 at 10:56 am

    အပေါ်က ဆွဲလာပြီး ဟုတ်နေပြီးမှ အောက်က ဘုန်းဘုန်း တရားတော်ကြီးက ဘယ်လိုဖြစ်ပြီ း ကန့်လန့် ဖြစ်တွားလဲ တိဘူး။ ဘုန်းဘုန်း စကားတိုင်း သီးခံပြီး ပါးစပ်ပိတ်ရမှာ မှုတ်ဘူးလား။

  • အောင် မိုးသူ

    July 5, 2016 at 12:20 pm

    ကိုယ်မည်မျှချစ်ကြောင်း ကို အသံကျယ်ကျယ် နှင့် ပြောနေမိတာ တစ်ခါတစ်ခါ မိမိ ကိုယ် မိမိ Guilty ဖြစ်သည် ဟု ခံစားမိပါသည်။

    ဒါလေးသွားတွေ့မိတယ်။

  • မြစပဲရိုး

    July 6, 2016 at 1:46 pm

    အဲဒါ သူကြီး ပြောနေကျ searching fire ပါ ပြုံးညီမ။
    ဒီတော့ တကယ်လို့ သူ ငြိမ်ပြီး သည်းခံနေတာ ငြင်းမရလို့ သာပါ့။ 😉

    ကြောင်ကြောင်
    စိတ်ဓာတ် တွေ က ရက် ၁၀ဝ နဲ့ ပြင်လို့ ရနိုင်သတဲ့ လားကွယ်။
    အဲဒီ ချွန်တွန်း သူ တွေ ရဲ့ စိတ် တွေ အရင်ကြိုးစားပြင်ကြပါ။

    လုံမ၊ မောင်အောင် ကျေးဇူး။ <3

  • .တခါတလေ အတိုးဆုံးက ကျယ်နေတတ်ပြန်ရောဗျ….လေးနက်စေချင်ရင်တော့ တိုးတိုးပြောပါတဲ့ :))
    .ဘူကမှပြောတာဟုတ်ဘူးနော်…ပညာရှိကြီးမိုက်ကပြောခဲ့တာဆိုပဲ..ငဲငဲ :))

    • မြစပဲရိုး

      July 6, 2016 at 3:04 pm

      ကျွန်မ ဆိုလိုချင်တဲ့ LOUD က ပေါက်တတ် ကရ ပြောနေပြီး အပြင်မှာ သုံးမရ တဲ့ အရူး တွေ နဲ့ ပြိုင်ပြီး အော်ဖို့ မဟုတ်ပါဘူး။
      သွားသင့် တဲ့ လမ်းကြောင်း လွဲ မသွားအောင် အကျိုး အကြောင်း ပြောပြီး ဖြစ်သင့်တာ ကို ခပ်ကျယ်ကျယ်ပြော ပြ နေဖို့ပါ။

      အခုလက်ရှိက မကောင်းဆိုးဝါး အသံ တွေ ကျယ် နေချိန် လမ်းပျောက်မသွားအောင် အတွက် တိုးတိုး ပြောလို့ မရ တဲ့ အခြေမို့ ပါ ကကြီးမိုက် ရယ်။
      မဟုတ်ရင် အဲ ဒီ အသံ တွေ က ပဲ့တင်ပြီး ဟိုမရောက် ဒီ မရောက် လူတွေ နားယောင်သွားမစိုးလို့ ပါ။ Thanks for your Quote. :-)))

  • Ma Ei

    July 7, 2016 at 3:19 pm

    အစိုးရတွေ နိုင်ငံတော်တွေထိတော့ မပြောတတ်ပါဘူး မလတ်ရယ်
    ခု ကိုယ်တိုင်ကို ရုံးမှာလုပ်နေရင်း အဖွဲ့တစ်ဖွဲ့နဲ့တိုက်နေရတာ
    သူတို့မှအမှန် စာရင်းအကြောင်းလဲမသိ ရှင်းပြလဲနားမလည် အသံကောင်းဟစ်တာမှလွန်ရော
    အေးဆေးရှင်းပြလဲမရ ကိုယ့်စိတ်အရဆို ဒီလူတွေနဲ့ မျက်နှာချင်းကို မဆိုင်ခြင်ဘူး
    တရားလွန်လာတော့ တတ်နိုင်တော့ဘူး သူ့တို့ထက်ကိုကျယ်အောင်အော်ရတော့တယ်
    အပြုံးမပျက် ကိုယ့်အသံကိုမြှင့်ရတော့တာပေါ့ ဒါကဒီလို ဒီလို… ဒါမရဘူး ဒါရမယ်…ရှင်းလိုက်ရတာ
    ကျယ်တော့ ကျယ်ခဲ့တာဘဲ မလတ်ရယ် ဘာတွေပြန်လာဦးမယ်မသိ အဖြေမရသေးဘူး
    မလတ်စာဖတ်မိတော့ ကိုယ်အော်ကျယ်ခဲ့တာ မှန်တယ်လို့ ထင်လိုက်ပြီနော်……

  • Thint Aye Yeik

    July 7, 2016 at 5:20 pm

    .စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေ အတွေး အယူအဆတွေတော့… အခုတလော ဘာမှ ထွက်မလာ…

    ဒီပိုစ့်ဖတ်ပြီး…ပုံကို ကြည့်ပြီးသွားရော..
    စိတ်ထဲ ကျန်နေခဲ့တာ…တစ်ခုပဲ…
    ဟွှာလေ…ဒေါင်းရုပ်နဲ့ နားကပ်လား..အဲ့ဒါလေး မြင်ပြီး…
    .ဒေါင်းရုပ်ပုံစံ…တစ်ခုခု…ဆင်မြန်းချင်လာတာ။ ယောကျာ်းလေးတွေ သုံးဖို့ဆို…ဘာထကြ ရှိမလဲငင်..
    နားပေါက်တစ်ဖက်တော့ ဖောက်ထားတယ်။ ဒေါင်းရုပ်ပုံစံနားကပ်ကြီးတော့ မတပ်ရဲ။

    :k:

  • uncle gyi

    July 9, 2016 at 3:15 pm

    ဟုတ်တယ်
    မဟုတ်တာလုပ်သူတွေအသံပိုက ျယ်တယ်
    အမ ျားအားဖြင့်ပြန်မပြောခ ျင်ကြလို့ငြိမ်နေကြတာ
    သူတို့မှန်တယ်ဖြစ်ရော
    အဲတော့သူတို့ထက်ပိုက ျယ်အောင်လုပ်မှအသံ

    • မြစပဲရိုး

      July 9, 2016 at 4:23 pm

      {{ အဲတော့သူတို့ထက်ပိုက ျယ်အောင်လုပ်မှအသံ }}

      တော်သေး။ 😉
      ဒါပေမဲ့ ဆက်စပ်နေလားတောင် မသိ။
      အဲဒါကျယ်လို့ဘဲ အသံကျယ် နေသလား။
      ကွကိုယ် စစ်လိုက်ပျစေဦး။ ပါးစပ် ပြောတာပါ။ :-)))

  • မြစပဲရိုး

    July 9, 2016 at 4:19 pm

    မအိ
    ကိုယ့်ဘက်က စေတနာ ထားတာ မှန်ရင် အမှန်ကို ကျယ်ကျယ်ပြောဖို့ လိုပါတယ်။
    ဒါမှလဲ မဖြစ်သင့်တဲ့ အမှားမျိုး တွေ ကိုရှောင်ဖို့ ဖြစ်မှာမဟုတ်လား။
    စာရင်း ဆိုပိုတောင် ဆိုးသေး။
    တို့ညီမ မှန်ပါတယ်။

    ဆက်ဆက်
    ဒေါင်းရွာထဲ နေနေ တာလေ။
    အသင်းသားကဒ် က ဒေါင်းပုံ ထည့်ထားတာ မဟုတ်ဘူးလား။ အဲဒါကြီး တစ်ချိန်လုံး ဆွဲထား ရင် မကောင်းဘူးလား။ :DDDD 😉

    အန်ကယ်ကြီး ပြောသလိုပါဘဲ။
    အများစု က မဟုတ်တာ လုပ်သူတွေ နဲ့ ပြိုင်မပြောချင်တာ နဲ့ ငြိမ်ကြည့်နေကြတာ။
    (ကိုယ့်ကိုယ် မထိသ၍ အထိပေါ့)
    တစ်ချို့ ကတော့ ထိမှ သိ မှ အော်။ တစ်ချို့လဲ ထိတာ တောင် မအော်ရဲ သူ တွေ လဲ ရှိပါသေးတယ်။
    ဒီတော့ ပွကြီး တွေ က အော်ပေးကြတာပေါ့။
    အနောက်မှာ အင်အား ရှိနေဖို့တော့ လိုတယ် မဟုတ်လား။

    • သူ့ဘက် ကိုယ့်ဘက်
      အပြိုင်အော်နိုင်ဘို့
      အသံလုံးကောင်းတဲ့သူ
      ပါအောင်ရွေးဘို့လိုပါတယ်

Leave a Reply