Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တောအုပ်ရဲ့ ညည်းတွားသံ

alinsettJuly 29, 20162min5524

images(7)

 

 

 

 

 

 

 

သစ်ရွက်တို့. . .လေတိုက်သောကြောင့် လှုပ်လှုပ်ခက်ခက် ဖြစ်သွားသည်။

တဖျတ်ဖျတ်အသံတို့ အဆက်မပြတ်။ လေက ဟူးဟူးရားရား။

မကြာသေးခင်ကမှ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တောအုပ်သည် ဗြုန်းခနဲ မျက်လှည့်ပြလိုက်သလို လှုပ်ရွဆူညံသော တောအုပ်တစ်အုပ် ဖြစ်သွားသည်။

 

မနီးမဝေးဆီမှ . . .ရေစီးသံ သဲ့သဲ့ ထွက်ပေါ်နေသည်။

သာမန် စမ်းချောင်းတစ်ခုဆီမှ ထွက်သည့်အသံလိုမျိုး တသွဲ့သွဲ့မဟုတ်။ ကုန်းမြေမြင့်ဆီမှ ထိုးဆင်းကျလာသည့် ရေစီးသံလိုမျိုး တဝေါဝေါအသံများပင် ကြားရသည်။

 

ဤတဲကလေး အနီးမှာတော့ တောအုပ်က ပို၍ နက်ရှိုင်းသည်။ ဤတဲကလေး ပတ်လည်တွင် သစ်သီးသစ်ဥအပင်တို့ နတ်စီခြယ်သလိုပေါက်ရောက်သည်။ ပေါက်ရောက်ရှင်သန်နေသမျှ အပင်တို့သည် ဤတဲကလေးကို တည်ဆောက်ခဲ့သော လူသားအတွက် တမင်ပင် ပါရမီဖြည့်ဆည်းပေးရသကဲ့သို့ပင် အစီစဉ်တကျ သုံး စားရသည်ချည်း ဖြစ်သည်။

 

ထိုသို့ အစီစဉ်တကျဖြစ်မှုကို သူနှင့်သူ အပါအဝင် ကျေးငှက်သာရကာအပေါင်းတို့က အံ့ဩနေခဲ့ဖူးသည်။ သူနဲ့သူတို့ ကျေးငှက်သာရကာအပေါင်းတို့အတွက်တော့ စားသောက်ဖွယ်ရာ ဖွယ်ဖွယ်ရာရာဟူသမျှုသည် တကူးတက လိုက်လံရှာဖွေရသည်ချည်း ဖြစ်ခဲ့၏။

 

ဤတဲကလေးကို နေ၍ဖြစ်ရုံ တည်ဆောက်ပြီး နေထိုင်သည့် အညိုရောင်ဝတ်ရုံခြုံ/ဆံပင်မဲ့ လူသားအတွက်တော့ဖြင့် ပတ်ပတ်လည်မှ သစ်ပင်ပန်းမာလ်ဟူသမျှသည် စားသောက်ဖွယ်ရာ ဖြစ်နေသည်။ ဤနေရာ ပတ်လည်ရှိ သစ်ပင်ဟူမျှမှ ထွက်ရှိသည့်အသီး အပွင့်တို့ကို ဤအညိုရောင်ဝတ်ရုံရှင်က အသုံးချ စားသုံးတတ်သောကြောင့်လည်း ဖြစ်နိုင်သည်။

ဤကိစ္စသည် သူနှင့်သူတို့ ဉာဏ်အပြည့်မမှီသော ကိစ္စတစ်ရပ် ဖြစ်နိုင်သည်။

 

သူနှင့်သူ ထွေရာလေးပါး ပြောနေသမျှကတော့ သူတို့ဉာဏ် တစ်ထွာတစ်မိုက် မှီသမျှအတိုင်းအတာ ဖြစ်ပါသည်။

”ဟေ့ . . .သာလိကာ. . .မင့် ဗိုက်ကို မြင်ရတာ အားရပါဘိ။ တင်းလို့ ဖောင်းလို့ပါလား။ ဒီမနက် မင်း စပါးခင်းကောင်းကောင်း တွေ့ခဲ့ပြီထင်ပါရဲ့”

 

”ဘယ်ကလာ. . .စပါးခင်းတွေ့ရမဒုန်း စာကလေးရဲ့။

ငါ ဒီမနက် . . .ဗိုက် တင်းအောင် စားခဲ့တာက. . . ဟောဟို ဆံပင်မွှေးမရှိ အညိုရောင်ဝတ်ရုံရှင် ခူးထားတဲ့ အဝါရောင်သစ်သီးတွေ. . .။ ခပ်တည်တည် ဝင် ထိုးဆိတ် စားခဲ့လို့ ဗိုက်တင်းသွားခဲ့တာဟ။”

 

”အလို. . .သူက သူ့အစာကို

မင့် ”ဝင်-စားမှု”တွေ့တော့ မောင်းမထုတ်ပေဘူးလားဟ”

 

”ဆန်းကြယ်ပါတယ်ဆိုမှ။ သူက ငါ စားနေတာကို ကြည့်ပြီး ပြုံးပြုံးကြီးဟ”

 

”ဟင်. . .အဲ့ဒါက ဘာသဘောပါလိမ့်”

 

”ဘာသဘောလဲဆိုတော့. . .ဒီလိုကွ. . .စာကလေးရ. . .။ မင်း. . .THEME OF THE ABSENT CENTRE ဆိုတာကို သိလား”

 

”အဲ့ဒါက ဘာစကားဒုန်းဟ”

 

”အဲ . . .ဘယ်လို ရှင်းပြရမှာပါလိမ့်။ ဒါဖြင့် တွေးခေါ်ပညာရှင် FRANCIS FUKUYAMA ရဲ့ ”THE END OF HISTORY AND THE LAST MAN”ဆိုတာကို ဖတ်ဖူးလား။ အဲ့ထဲက END THEORY ဆိုတာအကြောင်းတော့ ကြားဖူူမှာပေါ့။”

 

”အင်း. . .ဇဝေဇဝါပဲကွ။ အဲ့နေ့က ငါ ကျောင်းများ ပျက်ခဲ့သလားပဲ”

 

”ခက်ပြီ။ မင်းနှယ်. . .”ခြောက် ဒဿ     မ သုည တစ်”လောက်တော့ ဖတ်ဖူးမှာပေါ့။ မသင်မဖြစ် သင်ခဲ့ရတဲ့ RECEPTION THRORY နဲ့ CHARLES BERNSTEIN ရဲ့ ABSORPTION အကြောင်းတော့ မှတ်မိတယ်ဟုတ်?”

 

”အင်း. . .အဲ. . .ဘယ်လို ပြောရမလဲ . . .

ဟိုလေ. . .”

 

”အေး. . .အဲ့လိုပေါ့ကွာ။ တကယ်တော့ အဲ့ပုဂ္ဂိုလ်က အဲ့လို စိတ်ခံစားမှုတွေ အဲ့လို ခံယူချက်တွေနဲ့ သူ ကြုံရတဲ့ ONTOLOGY ထဲက PURITY ကို စစ်ထုတ် ခံယူတဲ့သဘောပေါ့။ မင်း နားလည်အောင် အလွယ်ပြောရရင်တော့ ”BEING ရယ်. . .

ESSENCE ရယ်. .

SUBSTANCE ရယ်. . .

TRUTH ရယ်. . .

FORM ရယ်. . .

BEGINNING နဲ့ END တို့ရဲ့ PURPOSE ကို CONSCIOUSNESS နဲ့ MAN က GOD အကူအညီမပါဘဲ ခံစားနာယူလိုက်တဲ့သဘောပေါ့. . . ရှင်းလား”

 

”အင်း. . .ဒါဆို. . .သူ့မှာ . . .UNITY တို့ HARMONY တို့ RHYTHMN တို့ရော ရှိပါ့မလား”

 

”အေးကွ. . .မင်း မေးတာကလည်း စဉ်းတော့ စားစရာပဲ။ အဲဒါကျတော့ သူ ကြုံရတဲ့ အဖြစ်အပျက်ပေါ်မှာ မရှိဘဲ သူ့စိတ်ခံစားမှု

(သိစိတ်)ထဲမှာပဲ အကြောင်းအကျိုး ညီညွတ်သွားမယ်ထင်တာပဲ။ ငါလည်း အဲ့ဒါကို သေချာ သိချင်လာတယ်။ နေအုန်း. . .ငါ ဖတ်ဖူးတဲ့  NIALL LUCY ရဲ့ စာသားတစ်ပိုဒ်ကို ရွတ်ပြမယ်။

”TO GET TO THE MENING OR TRUTH OF ANY SIGNIFIER, IN OTHER WORDS , WE HAVE TO USE OTHER SIGNIFIERS. HENCE WE CAN NEVER QUITE GET TO”THE” MEANING OR ”THE” TRUTH AT ALL. . .: WHAT WE DO INSTEAD IS SLIDE FROM SIGNFIER TO SIGNIFER, POTENTIALLY WITHOUT END. ”

 

”အင်း. . .မင်း ပြောသလိုဆို ”MANY PEOPLE HAVE A TREE GROWING IN THEIR HEADS, BUT THE BRAIN ITSELF IS MUCH MORE A GRASS THAN A TREE” လို့ DELEUZE ပြောခဲ့တဲ့စကားကို လက်ခံရမလိုလို ဖြစ်နေပြီ။”

 

”အေး. . .ဗမာအကျော်အမော်တွေ ပြောပြောနေတဲ့ ဝမ်းစာ ဆိုတဲ့စကားလုံးအကြောင်းလည်း မေ့ထားလို့ မရသေးဘူးဟ။ အဲ့ဒါလည်း တွေးအုန်း။”

 

သူနှင့်သူ သစ်ပင်ထက်မှာနေရင်း

စကား ကောင်းနေသည်ကို အညိုရောင်ဝတ်ရုံ ဆင်မြန်းသူကတော့. . .ခပ်ပြုံးပြုံးသာ ကြည့်နေလေသည်။

သူနှင့်သူ ပြောသမျှကို နားထောင်ရင်း. . .

”သူ”တွေးနေသည်ကတော့. . . ”CONCEPTUALIST” ဆိုသည့်. . . သဘောတရားအကြောင်းသာ ဖြစ်တော့သည်။

————————————————-

သင့်အေးရိပ်

JUL 29-2016

 

images(7)

 

 

4 comments

  • မြစပဲရိုး

    July 29, 2016 at 2:05 am

    အတော် စကားများတဲ့ ငှက်တွေ။
    ခဲ နဲ့ကောက်ထုရမှာ။
    BTW
    တောမှီ အညိုရောင်ဆိုရင် ဆံပင်ရှည်ပြီး ခေါင်းဆောင်း ဆောင်းတယ် ကလေး ရဲ့။
    ရသေ့လို့ ခေါ်သတဲ့။ 😉

  • ဂျစ်စူ

    July 29, 2016 at 9:17 am

    များများရေးပါ
    များများဖတ်မှ နားလည်မှာမို့ 😆

  • ဝင့်ပြုံးမြင့်

    August 2, 2016 at 10:49 pm

    End Theory အကြောင်း ဆက်ရေးဦး

Leave a Reply