Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နော်ဘူဘောတောင်တော်

14355710_1630779953887610_7647166346546516261_nနော်ဘူဘော history (just for knowledge)
ကရင် ဒဏ္ဍာရီလာ ပုံပြင်ထဲက နော်ဘူဘော
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ချောမောလှပ အပြစ်ကင်းပြီး မွေးရာပါစွမ်းအင်တွေ ပိုင်ဆိုင်ကြတဲ့ နော်ဘူဘော နဲ့ ခင်ပွန်းသည်
စစ်သူကြီး စောသာဂေါ်ခွားတို့ရဲ့ လွမ်းမောစရာ၊ အံ့ဩစရာ ဒဏ္ဍာရီတစ်ပုဒ်ကို အဲဒီရာဇဝင်ထဲက
တောင်တန်းတွေရှိတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သာမကဘဲ နိုင်ငံအနှံ့အပြားက ကရင်
တိုင်းရင်းသားတွေရဲ့ အိပ်ရာဝင်ပုံပြင်အဖြစ် လက်ခံနေဆဲပဲဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ၄,၈၂၄ ပေမြင့်တဲ့ ဒေါ်ဖားခို (ခေါ်) ဘွယ်ဟီ ခိုတောင်ထွတ်က
(ယနေ့အချိန်မှာ နော်ဘူဘော ဆုတောင်းတောင်အဖြစ်) ကရင်ပြည်နယ်ရဲ့ မြောက်ပိုင်းစွန်း
အမြင့်ဆုံးတောင်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပြီး ဘွဲကရင်တိုင်းရင်းသားတွေ နေထိုင်ရာဒေသ
တစ်ခု ဖြစ်နေပါတယ်။

နာမည်ကျော်ဒဏ္ဍာရီထဲ ပြန်လည်ရှာဖွေကြည့်မယ်ဆိုရင်တော့ ဘွယ်ဟီခိုတောင်နဲ့
ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကို ကီးကူလူမျိုးဘုရင် သမိအိက အုပ်ချုပ် ပြီး သူ့မှာ စွမ်းအားပြည့်
တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သားတော် စစ်သူကြီး စောသာဂေါ်ခွား ရှိပါတယ်။

စစ်ပွဲမှန်သမျှ
အနိုင်ရခဲ့တဲ့သားတော် အရွယ် ရောက်နေပြီဖြစ်တာမို့ လက်ထပ်ထိမ်းမြားပေးဖို့ ဘုရင် သမိအိဟာ
သားတော်နဲ့ အတူ အခြွေအရံတွေ ခြံရံပြီး ချွေးမရှာထွက်ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ တန်ခိုးအင်မတန်ကြီးတဲ့ ပင်လယ်ဘုရင် သာကအူမှာ အိပ်ပျော်နေရင်း
ရောင်ခြည်အလင်းတန်းတွေ ထွက်တတ်တဲ့ အချောမောအလှပဆုံး သမီးတော် နော်ဘူဘော
ကလည်း သီးခြားတိုင်းပြည်တစ်ခုမှာ နာမည် ကျော်နေသူပါ။

တစ်နေ့မှာ စစ်သူကြီး စောသာဂေါ်ခွားနဲ့
မင်းသမီး နော်ဘူဘောတို့ တွေ့ဆုံ မိကြရာက ချစ်ကြိုက်ပြီး ခုနစ်ရက်အကြာမှာ လက်ထပ်ခဲ့ကြပြီး
ရိုးရာအစဉ်အလာအတိုင်း ခင်ပွန်းသည် နေထိုင်ရာ ဘွယ်ဟီခိုတောင်ပေါ်ဒေသကို နော်ဘူ ဘောက
အခြွေအရံတွေနဲ့အတူ ပျော်ရွှင်စွာ လိုက်ပါခဲ့ပါတော့တယ်။

မျက်စိအောက်ကအပျောက်မခံ ချစ်ခဲ့ရတဲ့ တစ်ဦးတည်းသောသမီး နော်ဘူဘောကို
နယ်မြေခြားထည့်လိုက်ရမှာဖြစ်တဲ့အတွက် ဖခင် ဘုရင်သာကအူ က စောသာဂေါ်ခွားတို့ကို
သမီးအန္တရာယ်မရှိစေဖို့ ကတိအထပ်ထပ်တောင်းခဲ့ ကြပါတယ်။

နော်ဘူဘောရဲ့ မိခင်ဖြစ်သူ
ကတော့ သမီးအတွက် စပါးအပြည့် ဖြည့်ထားတဲ့ ဘူးသီးခြောက်တစ်ခုနဲ့ မှော်ရွှေဘီးတစ်ချောင်း
လက်ဆောင်ပေးခဲ့ ပါတယ်။

ခရီးသွားရင်း လမ်းတစ်ထောက်အနား ဗိုက်ဆာချိန်မှာ နော်ဘူဘောက
မိခင်ထည့်ပေးလိုက်တဲ့ ဘူးသီးခြောက်ထဲက စပါးတစ်စေ့ကို ထုတ်၊ အခွံနွှာ၊ ထက်ပိုင်းချိုးပြီး
အနီးနားက ကြက်ဥခွံလေးထဲ ထည့်ချက်ပါတယ်တဲ့။

ကြက်ဥ ခွံအပြည့်ဖြစ်လာတဲ့ ထမင်းက လိုက်ပါသူတွေအတွက် ခရီးတစ်လျှောက်လုံး ဗိုက်ပြည့်တဲ့
အထိ အာဟာရပြည့်စေခဲ့ပါတယ်။

ဘွယ်ဟီခို နန်းတော်ရောက်ရှိချိန်မှာတော့ ညဘက်အိပ်ချိန်
ထွက်တတ်တဲ့ မင်းသမီးနော်ဘူဘောရဲ့ ရောင်ခြည်တွေကြောင့် အန္တရာယ်ရှိသူ စုန်းမအဖြစ်
ဝိုင်းသတ်မှတ်ခဲ့ကြပြီး မကြာခင်ရက်ပိုင်းမှာ စောသာဂေါ်ခွားဟာ ရန်သူတွေနဲ့ တိုက်ခိုက်ဖို့
စစ်တိုက်ထွက်ရပါတော့တယ်။

စစ်တိုက်မထွက်ခင်မှာ နော်ဘူ ဘောက တန်ခိုးရှိတဲ့ မှော်ရွှေဘီးကို ခင်ပွန်းသည်ကို အဆောင်အဖြစ်
ထည့်ပေး လိုက်ပါတယ်။

စစ်တိုက်ရာမှာ မှော်ရွှေဘီးကို ခြေနဲ့နင်းထားတာကြောင့် စစ်သူကြီး
စောသာဂေါ်ခွားကို ရန်သူတွေ မမြင်နိုင်ခဲ့ဘဲ အသာစီးနဲ့ ချေမှုန်းနိုင်ခဲ့ပေမယ့် မသေသေးတဲ့ ရန်သူတစ်ယောက်က နောက်ဆုံး စောသာဂေါ်ခွား ရွှေဘီးကို ခေါင်းပေါ်ပြန်တင်ချိန်မှာ တွေ့ရှိခဲ့
ပါတယ်။

ဒါကြောင့် အဆိပ်လူးမြှားနဲ့ ပစ်လိုက်ပြီး စောသာဂေါ်ခွားလည်း တိုက်ပွဲမှာ ကျဆုံးခဲ့ရ
ပါတော့တယ်။

စစ်ပွဲတိုင်းအနိုင်ရတဲ့ စောသာဂေါ်ခွား စစ်ပွဲမှာကျဆုံးခဲ့တဲ့ တရားခံအဖြစ် မှော်ဘီးပိုင်ရှင် နော်
ဘူဘောကို သံသယနဲ့ ဝိုင်းစွပ်စွဲကြပြီး နောက်ဆုံး တရားစီရင်မယ့် ဒေဖာဟိုခိုတောင်စွန်းထိပ်မှာ
ကြိုးနဲ့ချည်ထားခဲ့ပါတယ်။

အဲဒီတောင်ထွတ်နေရာဟာ အရင်က စုန်း၊ ကဝေ၊ မှော်ပညာရှင်တွေ
နေထိုင် တဲ့နေရာအဖြစ် နာမည်ကြီးခဲ့ပြီး အဲဒီနေရာမှာပဲ မင်းသမီးလေးကို သတ်လိုက် ကြပါတော့
တယ်။

မင်းသမီးလေး အသတ်ခံရတဲ့သတင်းကို ဖခင် ပင်လယ်ဘုရင် သာကအူ ကြားရပြီး
ဒေါသကြီးမားတဲ့ ဘုရင်ကြီးဟာ စစ်သည်များစွာနဲ့ ဘွယ်ဟီခို အရပ်ကို စစ်တိုက်ထွက်ခဲ့ကြပြီး
နောက်ဆုံး ဒေသတစ်ခုလုံး ပျက်စီးပြီး မှော် တန်ခိုးတွေကြောင့် ကျောက်ရုပ်များအဖြစ် ပြောင်း
လဲသွားကြရင်း လွမ်းမော စရာ ဒဏ္ဍာရီလေးက အဆုံးသတ်သွားခဲ့ပါတယ်။

အလွန်သာယာလှပပြီး မြူနှင်းတိမ်ဆိုင်တွေ ဖုံးလွှမ်းအေးချမ်းနေတဲ့ ဘွယ်ဟီခိုအရပ် (ယခု
သံတောင်၊ သံတောင်ကြီးမြို့နယ်)ကို ဗြိတိသျှလက်အောက်ခံကာလမှာ အပန်းဖြေအနားယူစရာ
တောင်စခန်းမြို့အဖြစ် သတ်မှတ် ခဲ့ကြပါတယ်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ နောက်ပိုင်းမှာတော့ ပြည်တွင်းလက်နက်ကိုင်တော်လှန်ရေး
တိုက်ပွဲတွေကြောင့် မငြိမ်သက်ရာ အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့
လှပတဲ့တောတောင်တွေနဲ့ တစ်နှစ်ပတ်လုံး သာယာအေးမြတဲ့ ရာသီဥတုတွေရှိနေတဲ့ သံတောင်မြို့ဟာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့က နေ ၂ရ မိုင်ပဲ ကွာဝေးတာကြောင့် အပန်းဖြေအပန်းဖြေအနားယူစရာ
တောင်စခန်းမြို့အဖြစ် သတ်မှတ် ခဲ့ကြပါတယ်။

၁၉၉၅ ခုနှစ်မှာတော့
ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ဥက္ကဋ္ဌ၊ ဆရာတော် ဒေါက်တာ စောနေဘလု က နော်ဘူဘော
ဆုတောင်းတောင် ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့ကာ ဒဏ္ဍာရီထဲက မင်းသမီး နော်ဘူဘော
အသတ်ခံရတယ်လို့ ယူဆတဲ့ တောင်ထွတ်နေရာမှာ လက်ဝါးကပ်တိုင် စိုက်ထူရင်း
ဆုတောင်းတောင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

တောင်ခြေကနေ တောင်ထိပ်ပိုင်းအထိ
ပေ ၅၆ဝ အမြင့်၊ လှေကားထစ်ပေါင်း ၃၇၄ ထစ်ရှိပြီး တောင်တက်တဲ့ လှေကားတွေဘေးမှာ သီးသန့်ဆုတောင်းခန်းတွေ ဆောက်လုပ်ပေးထားပါတယ်။

အစွဲအလမ်းတွေ၊ ဒဏ္ဍာရီပုံပြင်နဲ့ အယူအဆတွေ ပြည့်နှက်နေတဲ့ နော်ဘူဘော ဆုတောင်း တောင်တက်လမ်းတစ်လျှောက်ကတော့ မြူနှင်းတွေ၊ စိမ်းစိုနေတဲ့ တောနက်နက်တွေနဲ့ စိမ်းရွှေရွှေတောနံ့တွေ၊ ငှက်နဲ့ တောကောင်လေးတွေရဲ့ အော်သံတွေကြောင့် လူစိတ်ဝင်စားရာ အေးချမ်းတဲ့အရပ်အဖြစ် ခရီးသွားဧည့်သည်တွေနဲ့ စည်ကားနေပါတော့တယ်။

✨✨✨✨✨✨✨✨✨(တောင်ငူသားများဆုံဆည်းရာ facebook group မှကူးတင်လိုက်ခြင်း)✨✨✨✨✨✨✨✨

Credit to original writer
Photo credit to Ko Tin Aung Gyi and original photo owner

8 comments

  • ဦးကြောင်ကြီး

    September 27, 2016 at 9:57 am

    နီက မုလား ခွစ်ယံလား… ဘာသာရေး အမြတ်ထုတ်မယ် မကြံနက် ကွင်ဘုံတုမ

  • ဇီဇီ

    September 27, 2016 at 12:10 pm

    အခုမှ ကြားဖူးတာ။

    🙂

  • Ma Ei

    October 5, 2016 at 11:32 am

    ရွှေကြည်လေး မင်္ဂလာဆောင်ကို အကြောင်းပြုလို့ ရွာသူားတွေဆုံ၊
    အောင်ဇေမင်း Car Rental ပိုင်ရှင် ရွာသားတွေက ကားစီစဉ်ပေးလို့ ရောက်ခဲ့တဲ့နေရာလေးပါ 🙂
    တောင်စခန်းမြို့လေးဖြစ်လို့ ကွေ့ကွေ့ ကောက်ကောက် တောင်တက်လမ်းလေးတွေ၊ လမ်းဘေးက နေကြာရိုင်းဝါဝါတွေက သဘာဝအတိုင်း တကယ်ကို လှပလွန်းနေခဲ့တယ်။
    တောင်ငူ ပသိချောင်း၊ နော်ဘူဘောတောင် အရမ်းကိုလှပ အေးချမ်းတဲ့ နေရာလေးပါ…

  • Foolish Girl

    October 5, 2016 at 4:15 pm

    ရွာသူရွာသားအပေါင်း တို့ရေ အဲလိုနေရာတွေကို သက်သက်သာသာဈေးနှုန်းနဲ့သွားကြမယ်ဆို လက်တို့ပါဦးလို့နော်

  • Thint Aye Yeik

    October 6, 2016 at 12:09 pm

    အရမ်းသာယာတဲ့တောင်
    ဘာသာရေးအရ မဟုတ်ပဲ သီးသန့်လေး သွား ထိုင်ငေးချင်စရာပါ။
    အဲ့တောင်ပေါ်က ကျောက်တုံကြီးပေါ်မှာ ထိုင်ပြီး ဟိုးးးဘက်က တောင်စဉ်အထပ်ထပ်ကို ငေးရတာ လွမ်းမောစရာ. . .ရှုမငြီးစရာ
    .တောပန်းကလေးတွေကလည်း လှ လို့. . .
    .သစ်တောကို ဖြတ်တိုက်လာတဲ့ လေကလည်း သန့် လို့။

  • အရမ်းအေးချမ်းတဲ့ တောင်ပေါ်မြို့လေးပါ.. အဲဒီမှာ ၃ ရက်လောက်နေပြီး soft trekking လေး သွားဖူးတယ်.. အရမ်းလည်းလှတယ်.. နေ့ချင်းပြန်ကတော့ ရောက်ပြန်သဘောပဲ.. တစ်ညအိပ်လောက်သွားလည်ရင် အေးအေးဆေးဆေး အနားယူလို့ရတယ်.. B&B လေးတွေလည်း ရှိတယ်.. ကရင်စာတွေလည်း စားလို့ရတယ်.. စိတ်ထဲမှာ မွန်းကျပ်လာရင် သံတောင်ကြီးကို သွားလည်ချင်လိုက်တာလို့ အမြဲတမ်းစိတ်ကူးတယ်..

Leave a Reply