Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Learning English Grammar (7) – Professor Myo Kyaw Myint

kaiOctober 25, 20162min3943

ယခုလတွင်ဖော်ပြမည့် Present Perfect Tense ကို အားလုံးထဲတွင် အရေးကြီးဆုံးဟု သတ်မှတ်နိုင်ပါသည်။ Present Perfect Tense ကို ပစ္စုပန်နှင့် အတိတ်တို့ဘက် ဆက်သွယ်ထားသည့်တံတားတခုလို့ ယူဆနိုင်ပါသည်။
ကမ္ဘာကျော် Golden Gate Bridge ကြီးသည် Present နှင့် Past မြို့တို့ကို ဆက်သွယ်ပေးထားသလို အတိတ်နှင့် ပစ္စုပန်တို့ကို Present Perfect Tense ကဆက်သွယ်ပေးပါသည်။ ဆိုလိုသည်မှာ – အတိတ်တွင် စတင်ထားခဲ့ကိစ္စတခုကို
ယနေ့အထိ ဆက်လက်ဆောင်ရွက်နေသည်ဆိုလျှင် Present Perfect Tenseကို သုံး၍ ပြသနိုင်ပါသည်။ ဥပမာ –
“I have lived in San Jose since 1999.”
“I have worked at Cisco for three years .”
Present Perfect Tenseကို အတိတ်တွင်စတင်ခဲ့ပြီးယနေ့အထိ ဆက်လက်ဆောင်ရွက်နေသည့်ကိစ္စများနှင့် သုံးသည့်အခါ since for အစရှိသော key words များနှင့်သုံးတတ်ပါသည်။Present Perfect Tense တွင် Form
(၂)မျိုးရှိပါသည်။
singular(အနည်း) has + past participial နှင့် plural (အများ) have + past participalတို့ ဖြစ်ပါသည်။
ဤနေရာ၌ Present Perfect Tense သည်၎င်းနှင့် ဆက်နွယ်နေသည့် Present Perfect Tense နှင့်ထပ်တူထပ်မျှ နီးပါးတူပါသည်။ဥပမာအားဖြင့် အထက်၌ဖော်ပြခဲ့ဖူးသောဝါကျနှစ်ခုကို Present Perfect Progressiveကိုသုံး၍
“I have been living in San Jose since 1999.”
“I have been working at Cisco for three years.”
စသဖြင့် ရေးသားနိုင်ပါသည်။ အဓိပ္ပါယ်အတူတူပင်ဖြစ်ပါသည်။ Present Perfect Tense ကိုသော်၎င်း Present Perfect Progressive Tense ကိုသော်၎င်း ယခုလို since , for တို့နှင့်တွဲပြီး အတိတ်မှစတင်ကာ ယနေ့အထိထက်တိုင် ပြုလုပ် နေခဲ့ကိစ္စများကို ဖော်ပြရာ၌ တခုအထူးသတိထားရပါသည်။ နှစ်ရှည်လများကြာမြင့်သည့်ကိစ္စများနှင့်သာ သုံးစွဲရပါသည်။ ထို့ကြောင့် Live, work , have , own အစရှိသောကြိယာများနှင့် သုံးစွဲနိုင်သော်လည်း ခေတ္တခဏအတွင်း ကိစ္စပြီးဆုံး သွားသည့်အခါမျိုး၌ သုံးစွဲ၍မရပါ။ ဥပမာ –
“I have been married for thirty years” ဟုသုံးစွဲနိုင်သော်လည်း “I have married my wife for thirty years.” ဟူ၍ သုံးစွဲမိလျှင် လုံးဝမှားယွင်းပါသည်။ လူနှစ်ယောက် လက်ထပ်ပြီးနောက် အတူတကွအကြာကြီး နေထိုင်နိုင်ကြသော်လည်း လက်ထပ်ထိမ်းမြားသည့်ကိစ္စမှာ အလွန်ဆုံးတရက်နှင့် ပြီးဆုံးသွားရပါပြီ။ထို့ကြောင့် ဒုတိယဝါကျတို Present Perfect Tense နှင့် သုံး၍မရပါ။simple Past နှင့်သာ သုံးရပါသည်။
“I have had this house for ten years” ဟု သုံးစွဲနိုင်သော်လည်း “I have bought this house for ten years .”သို့မဟုတ် “I have been buying this house for 10 years .”ဟု သုံးစွဲ၍ မရပါ။အိမ်တအိမ်ကို ဝယ်ယူရန် နှစ်ရှည်လများ ပိုင်ဆိုင်နိုင်သဖြင့် ပထမဝါကျမှာ မှန်ပါသည်။ ဒုတိယနှင့် တတိယဝါကျတို့မှာ မှားယွင်းပါသည်။
Present Perfect Tense သည် အသက်ကြီးလာသည်နှင့်အမျှ ပို၍တောင်အသုံးဝင်လာတတ်ပါသည်။အဘယ်ကြောင့်ဆိုသော် အသက်ကြီးလာသူတိုင်း ဟိုဟာမေ့ ဒီဟာမေ့ဖြစ်တတ်ကြပါသည်။ စာရေးသူဆို မိမိနံမည်ကိုပင် မေ့တတ်
လွန်း၍ စာဖြင့်ရေးပြီး လည်ပင်းတွင်ကြိုးဖြင့် ချိတ်ဆွဲထားရပါသည်။ အသက်ကြီးလာ၍ မေ့တတ်လာသော်လည်း မည်သူမျှ အားလုံးကို မမေ့ပါ။ သတိရတာရပြီး၊ မေ့တာမေ့တတ်ပါသည်။ ဆိုကြပါစို့ ညနေခင်း၌ မိသားစုနှင့်အတူ TV ကြည့်နေကြ
သည်ဆိုပါစို့။ ရှပ်ရှင်တကားပေါ်လာသည့်အခါ မိမိကြည့်ပြီးသားမှန်း ချက်ခြင်း မှတ်မိသွားပါပြီ။သို့သော် ဘယ်တုန်းကကြည့်ခဲ့တာလဲ လို့မေးလာလျှင် မဖြေနိုင်တော့ပါ။ မေ့နေပါပြီ။ဒီတော့ Simple Past ကိုသုံး၍ မရပါ။ Present Perfect Tense
ကိုသုံးပြီး “I have seen this movie.” ဟု ပြောရပါသည်။ အလားတူ တစုံတယောက်နှင့်တွေ့သည့်အခါ မြင်ဖူးသလိုလို ရှိနေသော် ဘယ်တုန်းကမြင်ဘူးမှန်း မမှတ်မိတော့လျှင် “I have seen you before.” ဟုပြောဆိုရေးသားနိုင်ပါသည်။ US
ရောက်မြန်မာအများစုမှာ အလုပ်အလွန်ပင်ပန်းစွာ အချိန်ကုန်အောင်လုပ်ကြရပါသည်။အတူနေသောမိသားစုနှင့်ပင် ၅ မိနစ်၊၁ဝမိနစ်ထက်ပိုပြီး တွေ့ရဖို့မလွယ်လှပါ။ မိတ်ဆွေတယောက်ဆို အိမ်ကိုအလုပ်မှအပြန်အိမ်ရှေ့နားတွင် ကစားနေသည့်
ခလေးကို မြင်၍ ဇနီးသည်ကို” Who is that child? I have seen him before.” ဟုမေးလိုက်ရာ ဇနီးသည်က စိတ်ဆိုးမာန်ဆိုးနှင့် မြင်ဖူးမှာပေါ့၊ ရှင့်သားလေ ဟု ပြန်ပြောတာ ခံလိုက်ရပါသည်။ အော် ဇရာ – ဇရာ -ဇရာကိုဘယ်သူမှ မကျော်လွန်
နိုင်ပါလားနော်။
ဤနေရာ၌ Present Perfect နှင့် Simple Past တို့၏ ကွာခြားပုံကို အထူးသတိပြုမိဖို့ လိုပါသည်။ အတိတ်၌ဖြစ်ခဲ့သည့်ကိစ္စတခုကို ဖော်ပြလိုလျှင်၊ တိတိကျကျမှတ်မိသည်။ဖြစ်ခဲ့သည့်အချိန်ကိုလည်း သိသည်ဆိုလျှင် Simple Past ကို
သုံးရပါမည်။ဥပမာ -“Yesterday , we saw a movie.” “She went to China last years.” “We saw a show last week.” ကိစ္စတခုကိုဆောင်ရွက်ခဲ့ပြီးကြောင်း တိတိကျကျမှတ်မိနေသော်လည်း ဘယ်အချိန်က ဆောက်ရွက်ခဲ့မှန်းမေ့သွားပြီ
ဆိုလျှင် Present Perfect Tense ကိုသုံးရပါမည်။ ဥပမာ – “We have seen that movie.” “She has been to China.” “We have already seen that show.”
နောက်ဆုံးအနေနှင့် Present Perfect Progressive Tenseနှင့် Present Perfect Tense တို့၏ကွာခြားပုံကို ရှင်းပြလိုပါသည်။ since နှင့် for ကိုသုံးပြီး အတိတ်တွင်စတင်ခဲ့ပြီး ယနေ့ထိတိုင် ဆက်လက်ဆောင်ရွက်နေသည့်ကိစ္စများကို
Present Perfect Progressive Tense သို့မဟုတ် Present Perfect Tense တို့နှင့်ဖော်ပြနိုင်ကြောင်း ရှေ့ပိုင်း၌ ရေးသားခဲ့ပြီးပါပြီ။ယခုအခါ ထို tense နှစ်ခုတို့၏ကွာခြားချက်ကို ရှင်းလင်းတင်ပြလိုပါသည်။ကိစ္စတခုကို ဘယ်နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး
ပြီဟု ပြောဆိုရေးသားလိုလျှင် Present Perfect Tense ကိုအသုံးပြုရပြီး မပြီးဆုံးသေးသည့်ကိစ္စတခုကို ဘယ်လောက်ကြာမြင့်နေပြီလည်းဟု ဖော်ပြလိုလျှင် Present Perfect Progressive Tense ကိုအသုံးပြုရပါသည်။ဥပမာ-“He has written
three books.” စာအုပ်သုံးအုပ်ရေးပြီးပြီ။ နောက်လည်းရေးကောင်းရေးဦးမည်။ “He has been writing a book for three years.” ဒီစာအုပ်ကို သူရေးနေတာ သုံးနှစ်တောင်ကြာပြီ။ ပြီးလည်းမပြီးသေးဘူး။အချို့စာဖတ်သူများက “We have
been reading this article for over an hour.” လို့ ပြောသံဆိုသံ သဲ့သဲ့ ကြားရ၍ ဤနေရာ၌ပင် နားလိုက်ပါဦးမည်။

3 comments

  • သျှားသက်မာန်

    October 25, 2016 at 3:29 pm

    ဒီရွာထဲမှာ..စာတွေမျိုးစုံကိုဖတ်နေရတော့ အတော်ကိုဗဟုသုတရတယ်ဗျို ့

  • Thint Aye Yeik

    October 25, 2016 at 4:18 pm

    သူကြီးကို ကြည့်နေတာ
    ရွာအတွက် ငွေတွေ အတော် သုံးထားတာပဲ လို့။
    ဒီပိုစ့်ဆိုလည်း တစ်လတစ်လ ဒေါ်လှ ဘယ်လောက် အကုန်ကျခံထားတယ်မသိ။ မှန်းကြည့်တာတော့ မနည်း။

    နောက်ဆုံးမတော့ နာမည် ကျန်နေရစ်မယ်ပေါ့လေ။
    သိုင်းကျူးပါ ဦးလေး။

    လိုက် ဖတ် မှတ်သွားပါကြောင်း

  • ဇီဇီ

    October 27, 2016 at 9:55 am

    ကျောင်းတုန်းက သိပ် ရောတဲ့ Tense ပေါ့။
    ခုထိလည်း မခွဲတတ်သေးပါဘူးလေ။
    ပြောရင်တော့ သုံးချင်သလိုသုံးမိနေတာပဲ။

    :mrgreenn:

Leave a Reply