” “ကျပ်၂၀ဝနဲ့အဆ ၄၀”

“ကျပ်၂၀ဝ နဲ့ အဆ ၄၀”

ကျနော်ရန်ကုန်ကိုရောက်တဲ့အခါ ဘယ်သွားသွား ဘတ်စ်ကားစီးလေ့မရှိပါဘူး။

မစီးရတဲ့အကြောင်းရင်းက တော့ ကိုယ်က အညာသားရုပ်ပေါက်နေတော့ခါးပိုက်နိူက်ခံရမှာစိုးလို့ပါ။

နောက်ပြီး ဘယ်ကားစီးရင် ဘယ်ရောက်တယ် ဆိုတာလဲ မသိတာရယ်

မှတ်တိုင်များမှားဆင်းရင် ပိုပြီး ဒုက္ခရောက်တတ်တာကိုကြောက်ပြီး မစီးရဲတာပါ။

အဲတော့ ဘယ်သွားသွား တက္ကစီဘဲစီးတော့ ပိုက်ဆံ အရမ်းကုန်ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာ တက္ကစီးရတာ အဆင်မပြေတော့ပြန်ပါဘူး။

တက္ကစီမောင်းသူတွေ က လမ်းမသိတော့ အဆင်မပြေဘူးဖြစ်နေပါတယ်။

နယ်ကရောက်လာတာ သိပ်မကြာသေးဘဲအငှားကားတက်မောင်းကြတော့

ဘယ်အပိုင်း ဘယ်နားရောက်အောင်

ဘယ်လို သွားရမယ်ဆိုတာ မသိ တဲ့ ကားမောင်းသူတွေများများလာပါတယ်။

ကိုယ်ကလဲ နယ်က လာသူဆိုတော့ ရန်ကုန်ကို မကျွမ်း ။

တစ်ခါလောက်ဘဲ ရောက်ဘူးတဲ့ နေရာဆို ဘယ်လို လမ်းပြရမှန်းမသိ။

ကားမောင်းသူ ကိုယ်တိုင်ကလဲ အသေအချာမသိဆိုတော့

ရွာလည်တာ ခဏခဏပါဘဲ။

အဲတော့ ပိုက်ဆံ လဲ ကုန် လိုရာမရောက်တွေဖြစ်တာများလာပါတော့တယ်။

ဒီတစ်ခေါက်ရန်ကုန်ရောက်တော့ အလုပ် က ရွှေလင်ပန်းထဲမှာရှိပါတယ်။

အဲတော့  အဲ့အလုပ်နဲ့ သိပ်မနီးမဝေး မှာဘဲတည်းဘို့ စီစဉ်ဖြစ်တော့တာပေါ့။

လှိုင်သာယာ သမကုန်း မှာရှိတဲ့ Sky Hotel (စကိုင်းဟိုတယ်)မှာတည်းဖြစ်ပါတယ်။

မြို့အနောက်ဖျား ဆုံးမှာရှိနေတော့ မြို့ထဲ သွားဘို့ လာဘို့ကတော့ နည်းနည်းခက်ပါတယ်။

မြို့ထဲသွားမယ်ဆိုရင်ကားခ က အသွားငါးထောင် အပြန်ငါးထောင် သိပ်မချောင်လှပါဘူး။

အဲတော့လဲ မြို့ထဲသိပ်မထွက်ဖြစ်ဘဲ ဟိုတယ်မှာအခန်းအောင်းနေတာများပါတယ်။

တစ်ရက်တော့ မြို့ ထဲ မထွက်မဖြစ်တဲ့ အကြောင်းကဖန်လာပါတယ်။

ဖြစ်ချင်တော့ အဲ့နေ့မှာဘဲ အွန်လိုင်းကနေခင်မင်တဲ့မယ်ယုက သူနဲ့တွေ့ရအောင်ချိန်းလာပါတယ်။

ကျနော်ကို သူက မော်တင် ၃လမ်းကိုလာဘို့ပြောပါတယ်။

ကျနော်အကြောင်းသိနေတဲ့သူက တက္ကစီမစီးနဲ့ လိုင်းကားစီးပါလို့

ညွှန်ကြားပါတော့တယ်။

လူတိုင်းလဲ ဒီလိုဘဲစီးနေကြတာကုန်ကျစားရိတ် သက်သာတယ်လို့ပြောပါတယ်။

ဟိုတယ်ရှေ့ ကလမ်းမပေါ်ထွက်လိုက် အမှတ် ( ၂၂) ဒါမှမဟုတ် (၂၃)ကိုစီးပါ။

ကားခက ပုံသေ ကျပ်၂၀ဝ အနုတ်ဆောင်ထားဘို့ မှာပါတယ်။

သခင်မြပန်းခြံ ကဂိတ်ဆုံးဆိုတော့ လမ်းမှားရာမရှိ ဘူးလို့ လဲ  ပြောပါတယ်။

ကိုယ်စီးရမယ့် ကားကို မသိရင် ကားခေါင်းကမှန်ပေါ်မှာစာတွေရေးထားတယ်။

ကိုယ်သွားချင်တဲ့ဘက်ကို သွားတာဟုတ်မဟုတ် တော့ စပယ်ယာကိုမေးပြီးစီး

တစ်ခါတစ်ခါ သူတို့ က လမ်းကြောင်းပြောင်းတတ်တယ်လို့ တော့ မှာထားပါတယ်။

ဒါနဲ့ဘဲသူပြောသလို စီး လိုက်တာ နာရီဝက်ကျော်ကျော်လောက်မှာ မော်တင်ကို ရောက်သွားပါတယ်။

နေ့လည်ခင်းလူရှင်းတော့ထိုင်စရာလဲရပါတယ်။

ဒါနဲ့ ဘဲ သူူနဲ့ အတူ “ စွဲ  “ဆိုတဲ့ မွန်ဆို်င်လေးမှာထမင်းစားကြပါတယ်။

စားပြီးတော့ သံဈေးက စာအုပ်ဆိုင်တန်းကို သွားကြတဲ့အခါမှာတော့

အချိန်မရလို့ တက္ကစီ ငှားစီးတာ တစ်ထောင်ပေးရပါတယ်။

အဲဒီက အလုပ်တွေပြီးတော့ သူက ရွာမကွေ့ ကိုပြန်မယ် ကျနော်က သမကုန်း ကိုပြန်မယ်

ဆိုတော့ လမ်းကြောတူပါတယ်။

အဲဒါနဲ့ ကားလမ်းတစ်ဖက်ကိုကူးပြီး သံဈေးက သခင်မြပန်းခြံကိုစီး

သခင်မြပန်းခြံကနေ ကျနော်တို့ သွားချင်တဲ့ နေရာကို အမှတ်၂၃ ကားစီးပြန်လာခဲ့ကြပါတယ်။

ကားစီးချိန်က နေ့လည်ပိုင်းဖြစ်နေတော့ ထိုင်စရာလည်းရ အချိန်လည်း သိပ်မကြာဘဲ

လိုရာခရီးကိုရောက်သွားပါတယ်။

ကားခကတော့ ပုံသေ ကျပ်၂၀ဝပါဘဲ။

နောက်ရက် တော့ သူက ညနေပိုင်းသမိုင်းလမ်းဆုံ ကို လာခဲ့ဘို့မှာပါတယ်။

ဘယ်ကားစီးရမလဲ မေးတော့ အမှတ် (၁၆) စီးခဲ့လို့ ပြောပါတယ်။

ညနေပိုင်းပေမယ့်ထိုင်စရာ ရပါတယ်။

ဒါပေမယ့် ကားအမောင်းကြမ်းတော့ ဇီးဖြူသီးကို စကောထဲ လှိမ့်သလိုဘဲ ဆိုတဲ့စကားကို

အခုမှ သဘောပေါက်ပါတော့တယ်။

သူမှာလိုက်တာက ဘုရင့်နောင်တံတားဆင်းရင် သမိုင်းလမ်းဆုံ ရောက်မယ်။

အဲ့နားက စီးတီးမတ်ကိုလာခဲ့လို့ မှာပါတယ်။

ဒါပေမယ့် မှတ်တိုင်ကျော်သွားမှာစိုးရိမ်တော့ ဘေးနားက ထိုင်နေတဲ့လူကို

သမိုင်းလမ်းဆုံရောက်ရင်ပြောပါလို့ အကူအညီတောင်းတော့ သူလဲ

အဲ့မှာဆင်းမယ်လို့ပြောတော့ စိတ်အေးသပေါ့။

ဘတ်စကားရဲ့နောက်ဆုံးခုံမှထိုင်လာတော့ လူတွေလှူပ်ရှားသမျှမြင်နေရပါတယ်။

ကုမ္ပဏီ ဝန်ထမ်းလေးတွေကတော့ အိတ်ကလေးတွေကိုယ်စီ ဖုန်းကိုယ်စီ

နားကြပ်ကိုယ်စီနဲ့အေးအေးဆေးဆေးသာသာယာယာပါဘဲ။

လက်ကိုင်ဖုန်း လူတိုင်းကိုင်နိုင်တဲ့ခေတ်ဖြစ်လေတော့ အားလုံးက ဖုန်းကိုယ်စီနဲ့ ပေါ့။

ထိုင်စရာရတဲ့လူက လဲ ဖေစ်ဘုတ်လေး နဲ့ငြိမ့်။

မက်ဆင်ဂျာမှာစာအပြန်အလှန်ရေးပြီး ပြုံးလိုက်မဲ့လိုက်လုပ်သူကလုပ်။

ဝီချက် ကနေ အသံထွက်ပြီး ညွန်ကြားချက်တွေပေးသူကပေး။

ရုပ်ရှင်ကားတွေဒေါင်းပြီး ကြည့် သူက ကြည့် ။

မျက်စေ့လေးမှိတ်ပြီး အနားယူရင်း နားကြပ်လေးတပ်ပြီး

 သီချင်းနားထောင်သူကထောင်နဲ့ ပေါ့။

မတ်တပ်ရပ်သူတွေက လဲ နားကြပ်ကလေးတပ်ပြီး သီချင်းလေးနဲ့အေးဆေး။

ညနေလမ်းပိတ်တော့ တစ်နာရီကျော်ကျော်အကြာမှ ရောက်ပါတော့တယ်။

သူနဲ့တွေ့ လိုတာတွေဝယ် စားသောက်ပြီးပြန်ကြတော့ ဘတ်စ်ကားဘဲစီးမယ်ပြောပါတယ်။

ကားဂိတ်ကိုအတူလာ သူက တက်တက်ဆိုတဲ့ ကားပေါါ်တက်

ဆင်းဆင်းဆိုရင် ကားပေါ်က ဆင်းနဲ့ဘဲ ဘုရင်နောင်လမ်းခွဲမှာကားပေါ်ကဆင်းပြီး

ကားပြောင်းစီးဘို့ လုပ်ကြပါတယ်။

ကျနော်က ၂၃ စီးပြီး သမကုန်းကိုပြန်ပါတယ်။

ကျနော်ပြန်တဲ့အချိန် ည ၉ နာရီကျော်နေပါပြီ။

ဒါပေမယ့် ဘတ်စကားထဲမှာလူအပြည့်.။

ထိုင်စရာ မရတော့ ကျနော်လည်းမတ်တတ်ရပ်လိုက်ရသပေါ့။

တစ်လမ်းလုံးမှာ    အိတ်ကလေး ကိုယ်စီ

ထမင်းချိိုင့်ကိုယ်စီ နဲ့ လူကြီးလူငယ်

ကျားမ မရွေးတက်လိုက်ဆင်းလိုက် မြင်ရတော့

ဆရာကြီးဦးသုခ ရဲ့ ဘဝသံသရာ သီချင်းကို သတိရမိပြန်တယ်။

အတော်လေးကြာတော့ ထိုင်စရာ ရပါတယ်။

ကျနော်လဲ ထိုင်ရင်းဖုန်းပွတ်နေမိတာ စပယ်ယာက

ဆရာကြီး ဂိတ်ဆုံးပြီးဆိုမှ ကားပေါ်ကဆင်းလိုက်ရပါတယ်။

မြန်မာငွေ ကျပ်၂၀ဝ ဆိုတော့ ကျနော့အဘို့တော့ အတော်လေးသက်သာတယ်ထင်မိပါတယ်။

ညနေ ကတော့ မိတ်ဆွေတစ်ယောက်နဲ့ ရွှေဂုံတိုင်က မယ်ညို ကြက်ကြော်ဆိုင်မှာထိုင်ဖြစ်ပါတယ်။

စားလိုက်သောက်လိုက် လေတွေပေါလိုက်နဲ့ ည ရ နာရီထိုးခါနီးတော့ပြန်ခဲ့ကြပါတယ်။

သူက တာမွေသွားမယ်။

ကျနော်က သမကုန်း ကိုပြန်မယ်။

သူက တော့ ဘတ်စကားစီးပြန်မယ်ပြောတော့ ကျနော်လဲ ဘတ်စကားနဲ့ပြန်ကြည့်ချင်စိတ်ပေါက်လာတော့

မယ်ယု ကို လှမ်းးဖုန်းဆက် ပြီး ဘာစီးရမလဲ လှမ်းမေးပါတယ်။

အခုဘယ်နားမှာလဲမေးတော့ ရွှေဂုံတိုင် ကုန်းကျော် အောက်မှာဆိုတော့

ယုဇနဟိုတယ်ဘက်ကို ပြန်သွားပြိး အမှတ်(၂၀)ကားကို လှိုင်သာယာရောက်လားမေးပြီးစီးလို့ မှာပါတယ်။

ဒါနဲ့ ရွှေအရသာ ဆိုတဲ့ ဆိုင်နားကနေသွားပြီးကားစောင့်နေလို်က်ပါတယ်။

အတော်ကြာတော့ အမှတ်(၂၀)ကားရောက်လာတော့ လှိုင်သာယာ ရောက်လားမေးတဲ့အခါ

ဟိုဘက် လမ်းကူးပြီး စီးလို့ စပယ်ယာက ပြောလို့ လမ်းတစ်ဘက်ကိုကူးပြီး ကားစောင့်ရပြန်ပါတယ်။

အမှတ်(၂၀)ကားရောက်လာတော့ ကားထဲမှာ လူသိပ်မကျပ်တာနဲ့ တက်လိုက်ခဲ့ပါတယ်။

ထိုင်စရာတော့ မရ ပါဘူး။

ကားပေါ်ကနေ အပြင်ဘက်ကိုလှမ်းကြည့်တော့ လူတွေကားတွေပျားပန်းခပ်။

ရောင်စုံမီးတွေက လင်းလက်။

ကားက သွားနေတာ ဘယ်လမ်းက ဘယ်ကိုသွားနေတယ်ဆိုတာမသိတော့

လမ်းဘေး တွေ့သမှ လိုက်ကြည့် နေပါတယ်။

ကိုးထပ်ကြီးဘုရား ကို မြင်ရပါတယ် ။

အဲ့ဒီကနေ အတော်ကြာတော့ နန်းထိုက်တော်ဝင်တို့

သီရိမင်္ဂလာငါးဈေးဆိုတဲ့ဆိုင်းဘုတ်တွေကိုမြင်ရတောကိုယ်သွားချင်တဲ့နေရာ

ကိုသွားတဲ့လမ်းကြောင်းမှန်တယ်လို့ တော့ မှန်းလို့ရသွားပါတယ်။

ကားကလဲ ဆင်းလိုက်တက်လိုက်နဲ့လူကျပ်ကျပ်လို့လာပါတယ်။

ကျနော်ကလဲ မတ်တတ်ရပ် နေရတုံးပါဘဲ။

အဲအချိန် မီးပွိုင့် မိနေချိန် ကားအောက်ကနေ ပိုက်ဆံတောင်းတဲ့ကလေးတွေရဲ့

အသံက ကြွက်ကြွက်ညံအောင်ကြားနေရပါတယ်။

ကားပေါ်က ကောင်လေးတစ်ယောက်က လက်ထဲက အချိုရည်ဘူးကို

ပိုက်ဆံတောင်းနေတဲ့ကလေးတွေဆီပစ်ချပေးလိုက်ပါတယ်။

အဲလိုလဲ ပေးလိုက်ရော ကျနော်ဘေးနားက မိန်းမ ကပေါက်ပေါက်ဖောက်ပါတော့တယ်။

“နင်က ဘာလို့ ပေးရတာလဲ

အဲ့ကလေးတွေကို ခိုင်းစားနေတဲ့ကောင်တွေရှိတယ်”

“  ဒီလောက်လေး ပေးတာ ဘာဖြစ်လဲ ဟာ“လို့ကောင်လေးက ပြန်ပြောတဲ့အခါ

အဲ့မိန်းမ က “ဒါကြောင့် နင်နဲ့ငါ မတဲ့တာ……”ဆိုတာကိုအစချီပြီး

 မပြီးနိုင်မစီးနိုင်နဲ့ကောင်လေးကို ပြောနေတာ နားတွေညည်းလို့ပါဘဲ။

အဲ့အချိန် ကျနော်ရှေ့ က ကောင်လေးကတော့  ဖုန်းလေး ထုတ်ပြီး တယောထိုးနေလိုက်တာ

တကယ့် ကို အငြိမ်ပါဘဲ။

သူကနားကျပ်တပ်ထားပြီး ပြောနေတော့ ဟိုဘက်က ဘာပြောလဲ မကြားရပေမယ့်

ချစ်ရယ် ချစ် ရယ် လို့ သူ ခေါ်နေတာကတော့ ကြားနေရပါတယ်။

သူဖုန်းပြောနေတာ ဆယ့်ငါးမိနစ်လောက်မှပြီးပါတယ်။

ခဏနေတော့ “ငါက ဗိုလ်အောင်ဒင် နင်က ဒါကို မမြင် မိန်းခလေးရယ်သိပ်မိုက်တယ်”

ဆိုတဲ့အသံလေးကိုကြားလိုက်ရပါတယ်၊

ကျနော်ရှေ့ခပ်လှမ်းလှမ်းက အသက်ခပ်လတ်လတ်လူတစ်ယောက်ဆီကလာတဲ့အသံ ပါ။

“ငါပြန်လာနေပြီ ဘတ်စကားက ၂ဆင့်စီးရတာ လွယ်တယ်မှတ်မနေနဲ့”လို့ခပ်ငေါက်ငေါက်နဲ့

ပြောသံကြားရတော့

စိတ်ထဲမှာ” ကြင်ဖော်မက်တဲ့ ဇင်ယော်ငှက်ကလေးပါ ကွာ”

ဆိုတဲ့ ဟာသလေးကို သတိရမိပြီးတစ်ယောက်ထဲပြုံးမိပါတယ်။

သိပ်မကြာခင် ကျနော်နောက်နားက ဖုန်းပြောသံ ထွက်လာပြန်ပါတယ်။

“နင်လာကြိုမှာလား ငါရောက်တော့မှာနော်”လို့ပြောသံကြားတော့ အဲ့ဒီမိန်းမထိုင်နေတဲ့အနားကို

အသာလေး တိုး ရွှေ့ပြီးနေလိုက်ပါတယ်။

ကားကလဲ လူကျပ်သထက်ကျပ်လို့ လာပါတယ်။

ရွာမကွေ့ ပါလား ဘုရင့်နောင်လမ်းခွဲ  ပါလား အက်ဖ်အမ်အိုင်ပါလားမေးရင်း

စပယ်ယာလေးက ကားခလိုက်ကောက် တဲ့အခါ တစ်ယောက်ရပြီ

နှစ်ယောက်ရပြီ သုံးယောက်ရပြီ  တစ်ယောက်လိုသေးတယ်လို့ အော်သံကြားပြန်တော့

ဒီလောက်တက်ချင်သလိုတက်နေတဲ့လူတွေ ကို ဘယ်လို မှတ်ပြီး ဘယ်လို ပိုက်ဆံ ကောက်တာကို

အတော်လေး ကို စိတ်ဝင်စားမိပါတယ်။

စပယ်ယာတွေရဲ့ မှတ်နိုင်စွမ်း စကေးကလဲ မသေးပါဘူး။

ကျနော်နားက ထိုင်နေတဲ့ မိန်းမ က

“နင်လာကြိုနော် ရောက်ခါနီးပြီနော် “ဆိုတဲ့အသံကြားတော့ထိုင်စရာရတော့မယ်ဆိုပြီးဝမ်းသာမိပါတယ်။

ကားစီးရတာ တစ်နာရီကျော်ကျော်လောက်ရှိနေပါပြီ။

တန်းကိုင်ရတာ လက်တွေလဲ အံသေနေတော့ ထိုင်ချင်မိတာအမှန်ပါဘဲ။

ကျနော်နားက မိန်းမကလဲ

ဖုန်းလေး ထုတ်ထုတ်ပြီး

“နင်လာကြိုနော် ရောက်ခါနီးပြီနော် “လို့ပြောတဲ့အသံကြားကြားနေရတော့

ထိုင်ရတော့ မယ်လို့ ထင်မိပါတယ်။

ဒါပေမယ့် နဝဒေး အိမ်ယာစခန်းသာကျော်လာတယ်

“နင်လာကြိုနော် ရောက်ခါနီးပြီနော် “ဆိုတဲ့အသံကကြားနေရတုန်းဆိုတော့

နေရာအရွေးမှားပြိဆိုတာ သိလိုက်ပါတယ်။

နောက်ဆုံ း ဘီအိုစီ အဝိုင်းမှာ မှ ဘဲ ဒီမိန်းမဆင်းသွားပါတယ်။

ဘီအိုစီအဝိုင်းပြီးတာနဲ့ ကျနော်ဆင်းမယ့် သမကုန်းရောက်မှာဆိုတော့ မထိုင်တော့ပါဘူး။

ဂိတ်ဆုံးပြီးဆိုတော့ ရှိတဲ့လူအားလုံးတိုးဝှေ့ဆင်းကြပါတော့တယ်။.

ကားပေါ်က ဆင်းဆင်းခြင်းသတိရမိတာက လွန်ခဲ့တဲ့အပါတ်က

ရွှေဂုံတိုင်ယုဇန ဟိုတယ်က နေ ကျနော်ဒီ စကိုင်းဟိုတယ်ကို လာဘို့

တက္ကစီငှားတဲ့အခါ တစ်သောင်းတောင်းတာကို ကျပ်၈၀၀ဝ ရအောင် မနည်းဆစ်ခဲ့ရတာကို

သတိရမိပါတယ်။

အခုလဲ ကျနော် ယုဇနဟိုတယ် နဲ့ သိပ်မဝေးတဲ့ နေရာကနေ ဘတ်စ်ကားစီးလာတာပါ။

အခုကားခက ကျပ်၂၀၀။

အဆ ၄ဝတောင်ကွာပါတယ်။

ဒါကြောင့်လဲ

ကိုယ်ပိုင်ကား မရှိတဲ့

ဝင်ငွေသိပ်မကောင်းတဲ့

မြိုနေ့အလွှာအသီးသီးက လူတန်းစားတွေဟာ ကျပ်ညပ်နေတဲ့ဘတ်စ်ကားကို

ဇွတ်တိုးဝှေ့ပြီးအပင်ပန်းခံ စီးနေရာတာကို သဘောပေါက်မိပါတယ်။

ကိုယ်ချင်းလဲ စာမိပါတယ်.။

ဘတ်စ်ကားစီးစီး

တက္ကစီနဲ့သွားသွား လိုရာခရီးရောက်တဲ့အချိန်ကတော့ သိပ်မကွာလှပါဘူး။

ကဲ သင်ကောဘာစီးမလဲ။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

22317

4 comments

  • Thint Aye Yeik

    March 26, 2017 at 8:58 am

    နှစ်ထပ်ရှိတော့ မှတ်မိတာပေါ့။
    (လေးပေါက် စာတွေက နှစ်ကြော့ပြန် ထည့်ထားမိတယ်ထင့်)
    :k:

    ကျနော်လည်း တက်စီ စီးရမှာ နှမြောမိလာတယ်။ အရေးကြီး မြန်မြန် သွားစရာ မရှိရင် တက်စီ မစီးတော့ဘူး။
    အဲကွန်းပါတဲ့ YBS ကြီးတွေ စောင့်စီး ဖြစ်တယ်။

  • သျှားသက်မာန်

    March 27, 2017 at 1:18 pm

    ဟုတ်တယ်အဲကွန်းပါတဲ့ကားကြီးတွေစောင့်စီးပါ..သိပ်မကြာပါဘူး..ရောက်လာတယ်..နိုင်ငံခြားအဆင့်ကိုတဖြည်းဖြည်းနဲ ့မှီလာပါ ပြီ

  • ဂျစ်စူ

    March 27, 2017 at 8:15 pm

    YBS ကြောင့် အရင်က အဆင်ပြေတဲ့လူတွေ ခုမပြေဘူး
    တယမပြေတဲ့လူတွေလဲ ပြေသွားကြပြန်ကော
    ကားသစ်တွေ မြန်မြန် ခပ်ဖြည့်နိုင်မှ အဆင်ပြေမယ်
    ရုံးတက် ရုံးဆင်းချိန်တွေ လူအရမ်းကြပ်တယ်
    မူပြောင်းပြီး လူမပြောင်းနိုင်တာအပြစ်ပြောစရာဖြစ်တယ်
    ပြောရရင် အများကြီးပဲ
    စာရေးသူပုဂ္ဂိုလ် ခုလို အဆင်ပြေပြေ လ်ုင်းကားပြောင်းစီးနိုင်တာ လေးဇားပါတယ်

Leave a Reply