True Move
ထိုင်းနိုင်ငံသွားလည်သူတွေ အတွက် အသင့်တော်ဆုံး မြန်မာ ဖုန်းကတ်လေးလို့ထင်ပါတယ်။ True Move ကနေ မြန်မာတွေ အတွက် သီးသန့် ထုတ်ပေးထားတဲ့ ဖုန်းကတ်လေးပါ။ ဘတ် ၄၉ဘတ် (၁၅၀ဝ ကျပ်လောက်) သာ ကျပြီး မြန်မာကိုခေါ်မယ်ဆိုရင် တစ်မိနစ်ကို ၅ဘတ်၊ ထိုင်းပြည်တွင်းမှာခေါ်မယ်ဆိုရင် ၅၅ ပြားသာကျပါတယ်။ Facebook နဲ့ Line ကို ၄လ အခမဲ့ အသုံး ပြုခွင့် HTV application နဲ့ MRTV နဲ့MRTV4 အခမဲ့ ကြည့်ခွင့်တွေပါပါတယ်။ Viber သုံးတာကိုလည်း ပိုက်ဆံ မဖြတ်သလောက်ပါပဲ။ အသုံးပြုပုံတွေကိုလည်း မြန်မာဘာသာနဲ့ ရှင်းပြထားလို့ အရမ်း အဆင်ပြေပါတယ်။ ဘန်ကောက်ကို ခဏတာ အလည် သွားတဲ့ အခါ Facebook သုံးရုံသတ်သတ် ဖုန်းကတ် ဝယ်လိုသူတွေ အတွက် ဒီကတ်လေးက အသင့်တော်ဆုံးပါ။ ပုံမှန်ဆို လေဆိပ်မှာရောင်းတဲ့ Happy Tourist Unlimited 3G internet ပါတဲ့ တစ်ပတ်ကတ် ဘတ်၃၀ဝ တန်ကို ဝယ်လေ့ရှိကြပေမဲ့ ဒီကတ်လေးက ပိုလည်းတန် ပိုလည်း အဆင်ပြေလှပါတယ်။ မွန်လေးဘန်ကောက်သွားတိုင်းသုံးတဲ့
ကဒ်ကလေးပေါ့။
5 comments
ဂျစ်စူ
March 30, 2017 at 9:35 pm
ဒို့နိုင်ငံသားတွေအားလုံး မှတ်ပုံတင်ရတဲ့ ကဒ်ပဲ သုံးတယ်
သျှားသက်မာန်
April 1, 2017 at 4:44 pm
ဒါဆိုမြန်မာနိုင်ငံမှာပဲသုံးလို့ရပါလိမ့်မယ်..မွန်လေးခုရေးတာက ဘန်ကောက်သွားရင်သုံးလို့လွယ်မယ့် ဖုန်းကဒ်လေးပါ
ဦးကြောင်ကြီး
April 10, 2017 at 10:32 am
ထိုင်းမှာ ခြစ်သှ ျားနတ် ကဲခြင်တယ်
အရင်ကကျော်စွာဦးကြီးမိုက်
April 10, 2017 at 4:17 pm
woooo
သျှားသက်မာန်
April 11, 2017 at 5:47 pm
သွားကြမယ်လေ ဦးကြောင်ကြီး