Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် (၁၃) – ပါမောက္ခမျိုးကျော်မြင့်

kaiApril 28, 20172min4555

အရင်လက Conditional Clause လေးတွေအကြေင်း အတော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ စကားပြောသည့်အခါဖြစ်စေ၊ စာရေးသည့်အခါ၌ဖြစ်စေ တော်တော်လေးအသုံးဝင်တဲ့ Adjective Clause လေးတွေ အကြောင်းဖော်ပြပေးမှာဖြစ်ပါတယ်။
Adjective Clause ဆိုတော့ adjective တွေရဲ့ ဝသီအတိုင်း Noun ကို အထူးပြုမှာဖြစ်ပါတယ်။ ဝါကျတစ်ခုမှာ adj clause ကို နှစ်နေရာမှာ တွေ့ရှိနိုင်ပါတယ်။ ပထမဆုံး နေရာကတော့ subject ကတ္တားရဲ့ အနောက်ဘက်မှာကပ်လျက်တွေ့ရတတ်ပါတယ်။ ဥပမာ –
“The man who works for my dad lives in San Jose”
The man = subject
Who works for my dad = adjective clause
အထက်ဖော်ပြပါ ဝါကျမှာ Who works for my dad ဆိုတဲ့ adjective clause လေးကို the man ဆိုတဲ့ subject ကတ္တားရဲ့ နောက်မှာကပ်လျက်တွေ့ရှိရပါတယ်။ အဲဒီ adjective clause ကို ဒုတိယအနေနဲ့ object ကတ္တားရဲ့ နောက်မှာလည်း တွေ့ရှိတတ်ပါသေးတယ်။
ဥပမာ – “I don’t like the man who works for my dad”
The man = object
who works for my dad = adjective clause
အထက်ပါ ဝါကျမှာ who works for my dad ဆိုတဲ့ adjective clause လေးကို the man ဆိုတဲ့ object လေးရဲ့ နောက်မှာ ကပ်လျက်တွေ့ရှိရပါတယ်။
ဒီတော့ adjective clause လေးတွေကို ဝါကျတစ်ခုမှာ ဘယ်နေရာမှာ ထည့်ပြီး သုံးရမလဲဆိုတာ သဘောပေါက်လောက်ပါပြီနော်။ ဒီတော့ adjective clause လေးတွေကို ဘယ်လိုဖန်တီးရသလည်းဆိုတာကို နားလည်သွားအောင် ကြည့်ကြရအောင်။
adjective clause တိုင်းကို relative pronouns လေးတွေနဲ့ စရပါတယ်။ ဒီတော့ relative pronouns လေးတွေကို အရင်ဆုုံးရင်းနှီးအောင် ကြည့်ထားဖို့လိုမှာပေါ့။
relative pronouns ၅ ခုကို အရင်ကြည့်ကြရအောင်။
who, whom, whose ကို လူနှင့်သာသုံးရပါသည်။
who —- subject ကတ္တားကို အစားထိုးပါသည်။
whom —- Object ကို အစားထိုးပါသည်။
whose — ပိုင်ဆိုင်မှုကိုပြတဲ့ pronoun နာမ်စား (သို့မဟုတ်) noun နာမ်များကို အစားထိုးပါသည်။ object ကိုသော်လည်း၊ subject ကတ္တားကိုသော်လည်း အစားထိုးနိုင်ပါသည်။
that ကို လူနှင့်ရော အရာဝတ္ထုများနှင့်ပါ သုံး၍ရပါသည်။ that နှင့် သုံးတာနှင့် which နှင့် သုံးခြင်း ဘယ်လိုခြားနားလည်းဆိုတာ နောက်လတွင် ရှင်းပြပါမည်။
တချိန်က ပညာရေးဝန်ကြီးအမည်ခံ စစ်သားတစ်ဦး that နှင့် which တို့၏ ကွာခြားမှုကို နားမလည်သဖြင့် တက္ကသိုလ်မှ ဆရာ၊ ဆရာမများကို မေးသည့်အခါ မဖြေနိုင်သူများကို နယ်သို့ ပို့ချပြီး ဖြေဆိုနိုင်သည့် ၎င်းနားလည်အောင် ရှင်းပြနိုင်သည့် စာရေးသူ၏ ဆရာကြီးတစ်ဦးကိုတော့ သဘောကျပြီး ရာထူးတောင် တိုးပေးလိုက်ပါသည်။ အော် ဒီစစ်အစိုးရ – တော်တော်ကို ကြောက်စရာကောင်းပါသည်။ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ အပြစ်ပေးတတ်သလို ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့လည်း ရာထူးတိုးပေးတတ်ပါသည်။ လူခင်ရင် မူပြင်တယ်ပေါ့။ အခု democracy အစိုးရကတော့ ဒါမျိုးတွေမရှိတော့တာ တော်တော်လေးကို ဂုဏ်ယူစရာပါ။ relative pronouns လေးတွေကို သုံးတတ်လာအောင် ဖော်ပြပါ နမူနာလေးတွေ ကြည့်ပါ။
“The old man lives in Portland. He has a Ph.D. in Psychology”
“The old man who has a Ph.D. in Psychology lives in Portland.”
အထက်ပါ နမူနာ၌ ဒုတိယဝါကျ၏ subject ကတ္တား “he ” ကို “who” နှင့်အစားထိုးပြီး adjective clause လေးတစ်ခုကို ဖန်တီးလိုက်ပါသည်။
Who has a Ph.D. in Psychology ဆိုသည့် “adj clause” လေးကို ပထမဝါကျရှိ The old man ၏ နောက်သို့ ပို့လိုက်သည်ကို သတိပြုမိပါစေ။ ဤသို့ဖြင့် ဝါကျနှစ်ကို adjective clause သုံးပြီး ဝါကျတစ်ခုတည်း ဖြစ်သွားစေပါသည်။ ဝါကျနှစ်ခုနှင့်လည်း အဓိပ္ပာယ်ပေါ်ပါသည်။ သို့သော် ရုပ်ဆိုးနေသည့် ကားဟောင်းကြီးကို လှပသည့် Mercedes ကားသစ်လေးနှင့် လဲလိုက်သလို adjective clause လေးကို သုံးပြီး လှပတဲ့ ဝါကျသစ်လေး ဖွဲ့စည်းလိုက်နိုင်ပါတယ်။ ကဲ whom ကို သုံးစွဲပုံလေးကို ကြည့်ကြရအောင်။
“The old man lives in Portland. We know him as a psychiatrist”
“The old man whom we know as a psychiatrist lives in Portland.”
အထက်ပါ နမူနာ၌ whom သည် object him ကို အစားထိုးပါသည်။ သို့သော် him ၏ မူလနေရာ၌ whom ကို မထည့်ရသည်ကို သတိပြုမိပါစေ။ Relative pronouns တိုင်းကို clause ၏ အစ၌သာ ထည့်ရပါသည်။ whom we know as a psychiatrist ဆိုသည့် adjective clause လေးကို ပထမဝါကျ၏ the old man ၏ နောက်သို့ ပို့လိုက်သည့်အခါ ရုပ်ဆိုးနေသည့် ဝါကျနှစ်ခုမှာ လှပချောမွေ့သည့် ဝါကျလေးတစ်ခုဖြစ်သွားပါပြီ။ အလားတူပင် whose ကိုသုံးပြီး ဝါကျနှစ်ခုကို တခုတည်းဖြစ်သွားအောင် ဖန်တီးနိုင်ပါသေးသည်။
“The general destroyed the country. His children stole from the hardworking people.”
“The general whose children stole from the hardworking people destroyed the country.”
အထက်ပါ နမူနာ၌ whose သည် နာမ်စား his ကိုအစားထိုးပါသည်။ whose children stole from the hardworking people ဆိုသည့်clause လေးကို ပထမဝါကျရှိ The general ရဲ့ နောက်ကိုပို့လိုက်သည့်အခါ အဓိပ္ပာယ်အလွန်ရှိသည့် ဝါကျလေးတစ်ခုကို ရပါသည်။ ဘယ်ဗိုလ်ချုပ်ကြီးနှင့် ဘယ်နိုင်ငံကိုဆိုလိုတာလည်းဆိုတာတော့ ကိုယ်ပိုင်ဉာဏ်လေးသုံးပြီးသာ စဉ်းစားကြည့်ကြပါတော့။ အရာဝတ္ထုများနှင့် သုံးရတဲ့ which ကို သုံးတတ်အောင် ဖော်ပြပါ နမူနာလေးတွေကို ကြည့်ပါ။
“The house is on top of the hill. It belongs to the general”
“The house which belongs to the general is on top of the hill.”
“The house is on top of the hill. The general sold it to a foreign investor.”
“The house which the general sold it to a foreign investor is on top of the hill.”
အဲတိုင်းပြည်ကို ကယ်တင်ခဲ့ပါတယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ နိုင်ငံခြားသားတွေကို အိမ်တစ်လုံးလောက်ပဲ ရောင်းခဲ့တယ်ဆို တော်ပါသေးရဲ့။ အဲအခုတော့ တနိုင်ငံလုံးနီးနီး ကုန်ပါပြီနော်။ ထားပါတော့လေ။ ပြီးခဲ့တာတွေလည်းပြီးခဲ့ပါပြီ။ နောက်လကြမှ Adjective clause လေးတွေ အကြောင်း ဆက်လက်ဖော်ပြပေးပါမည်။

5 comments

  • သင့်အေးရိပ်

    April 28, 2017 at 1:39 pm

    အခုနောက်ပိုင်း လေ့လာဖြစ်နေတာက အင်္ဂလိပ်စာ
    သဒ္ဒါထက် . . .အပြော။
    အပြောပိုင်းမှာ နိုင်ငံခြားသားတွေက သဒ္ဒါနည်းကျကျ တိတိကျကျကြီးလည်း မပြောကြတော့သလို သူတို့ကို သဒ္ဒါနည်းကျ မပြောတာတောင် နားလည်ပေးနေတာ တွေ့တော့. . .အလွတ်တန်း ပြောတာကြီးက အကျင့်ပါသွားမှာတောင် ကြောက်ရသေး။

    :k:

    US မှာရော သဒ္ဒါနည်းကျ အတိအကျ ပြောကြလားဗျ။

    • kai

      April 29, 2017 at 2:36 am

      မပြော..။
      ဒါပေမယ့်ဘာသာရပ်တရပ်ကို စနစ်တကျလေ့လာချင်ရင်.. တတ်ချင်ရင်တော့.. သဒ္ဒါနည်းကျမှ..။
      သဒတ်မတာ.. စပ်မတာဘူး..။ :k:

      • သင့်အေးရိပ်

        April 29, 2017 at 10:19 pm

        ဆိုတော့…. နလောက်ထဲမှာ…. သန်းတင်… တယ်မက်

        :k:

  • manawphyulay

    May 4, 2017 at 3:59 pm

    အင်္ဂလိပ်စာ လေ့လာရမယ်ဆိုရင် 4 Skills လုံးကို အစကနေ အဆုံး ပြန်လည်ရတော့မှာဖြစ်နေတယ်။ ခုထိလည်း ရှေ့မရောက်ဘူး။ ဘယ်ကစပြီး ဘာကိုစလုပ်ရမှန်းကို မသိတော့ဘူး။ သဂျီးရေ အကြံဉာဏ်လေးပေးပါဦး။ အပြောကျတော့လည်း ခွေးအကြီး လှည်းနင်းနေတယ်။ အရေးကျတော့လည်း နကန်းတစ်လုံးမှမသိ၊ အဖတ်ကျတော့လည်း အဘိဓာန်လှန်နေရတယ်။ နားထောင်ကျတော့လည်း သုံးလေးခေါက် နားထောင်နေရတယ်။ ဟူး… ဉာဏ်ရည်ပဲ နိမ့်နေလို့လားမပြောတတ်တော့ဘူး။ တတ်ချင်တာလည်း နှစ်ယောက်မရှိဘူး။ ကိုယ့်ဘာသာကိုယ် အားမရဖြစ်နေမိတယ်။

  • သျှားသက်မာန်

    May 24, 2017 at 10:49 am

    Good and thank you. it is very helpful to me.

Leave a Reply