Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြောင်းလဲနေတဲ့ သက်သေလေးများ

အခုရက်ထဲ . . .
ရန်ကုန်ကနေ နယ်တွေဆီ ခရီးထွက်လာတာ။ ပြည် – ဥသျှစ်ပင်- ပုသိမ် မုံရွာလမ်း – မင်းတုန်း – ပဒါန်း- မင်းဘူး- မကွေး – အထက် မင်းလှ- သရက်
စသည်ဖြင့် မြို့တွေ မြို့တွေထဲက အစိုးရ ရုံးတွေဆီ လှည့်ပတ်
သွားလာကြရတယ် ဆိုပါစို့။

ခရီးသွားရင်း ကြုံရတာလေးတွေကို အသေးစိတ် ပြောပြချင်လာတာတွေ ရှိပေမဲ့ အချိန် မရတာကြောင့် ခပ်တိုတို တုတ်တုတ်ပဲ အတင်း အုပ်ပါတော့မယ်။
:k:

အစိုးရုံးဝန်ထမ်းတွေရဲ့ ဆက်ဆံရေးနဲ့ လုပ်ဆောင်မှုတွေ. . .
အရင်ထက် ပို ကောင်းမွန်လာပြီး တတ်နိုင်သမျှ မြန်ဆန်အောင်
လုပ်နေကြပါပြီ။ စင်းလုံးချောတော့ ကောင်းလာပြီ မဆိုသာပေမဲ့ . . .
အရင်ကလို အီကြာကွေး ဆွဲတာတို့
မူလီရစ်တာတို့ သိပ် မလုပ်ကြတော့ပါဘူး။

နောက်ပြီးတော့. . .
ခရိုင်ချင်း ဆက်ထားတဲ့ လမ်းတွေ
အတော်အသင့်ကို ကောင်းလာတာ
မြင်ရပါတယ်။
လမ်းအသစ်တွေလည်း
ဖောက်ထားတာ တွေ့ခဲ့တယ်။

ပုသိမ်-မုံရွာလမ်းကြီးတောင် အရင်ကလို ကြမ်းတမ်း ခက်ထန်မနေတော့ဘဲ km/h 100 လောက်နဲ့ မောင်းသွားလို့ ရတဲ့အထိ ကောင်းနေပါရောလား။

ပုသိမ်-မုံရွာလမ်းကနေ ပြည်ဘက်က လာရင် မင်းတုန်းမြို့နားအရောက်မှာ ညာဘက် ချိုးသွားရတဲ့ မင်းတုန်း-သရက်လမ်းလည်း မဆိုးပါဘူး။

သရက်ကနေ မင်းလှမြို့အထိကိုလည်း လမ်းဖောက်ထားပြီးပါပြီ။ အကွေ့အကောက်များတဲ့ တောင်ကုန်း ပတ်လမ်းတွေဆိုပေမယ့် ညီညာပြန့်ပြူးလို့ မောင်းလို့တောင် ကောင်းသေး။

သရက်- မင်းလှကနေ မင်းဘူးကို
သွားတာလည်း လမ်း အတော်ကောင်း။
(သရက်ကနေ မင်းလှ အထိ ပေါက်တဲ့လမ်းကို မြေပုံမှာ ရှာတာ နာမည် မတွေ့ရ။ ကားအသွားလာလည်း နည်း။ လမ်းကတော့ အတော် အဆင်ပြေ။ ဆိုတော့ လမ်းအသစ် ဖောက်ထားတာကိုများ Google Map က မသိသေးဘူးလားပဲ။)

မင်းဘူးကနေ ရခိုင်ရိုးမထဲက အမ်းမြို့ကို သွားတဲ့ မင်းဘူး-အမ်း လမ်းမကလည်း အရင် လေးငါးလလောက်ကဆိုရင် ကျဉ်းပြီး ကြမ်းခဲ့ပေမဲ့ အခု ကောင်းနေပြီ။
ကားနှစ်စီး ကောင်းကောင်း ရှောင်နိုင်လောက်အောင်လည်း ကျယ်နေပြီ။

ဆိုတော့ ဒီဘက်နှစ်ထဲမှာ လမ်းပန်းဆက်သွယ်ရေးကဏ္ဍထဲ ငွေအတော် သုံးထည့် စီစဉ်ပေးထားတာကို
လက်တွေ့ မြင်ခဲ့ရကြောင်း
သတင်းပို့လိုက်ပါတယ်။

သင့်အေးရိပ်
16-06-2017
(ခေတ္တ -အညာဒေသ)

 

ပုသိမ်-မုံရွာလမ်းမ တစ်နေရာ

 

 

 

 

သရက်မြို့သို့အသွား လမ်းမတစ်နေရာ

 

 

 

ပုသိမ်-မုံရွာလမ်းနှင့် မင်းဘူး-အမ်း လမ်းဆုံ(ပဒါန်းမြို့နယ်)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

20 comments

  • surmi

    June 16, 2017 at 1:20 pm

    ပုသိ မုံရွာလမ်းကဗျူဟာလမ်းလေ ။
    အရင်ကတည်းက အသွားအလာမရှိပေမယ့် အထူးကြိုးစားဖေါက်ထားတာ ။
    ခန့်မှန်းခုနှစ်အရ 1980 ကျော်နှစ်တွေကတည်းက အဲ့ဒီလမ်းကသွားလို့ရနေပြီ ။
    အဓိက တပ်ပြောင်း တပ်ရွေ့တွေအတွက်လို့ထင်မိ ။
    အခူတော့ ပြည်သူအများသွားလာလို့ရနေပြီဆိုတော့ သာဓုပေါ့လေ 🙂

    • သင့်အေးရိပ်

      June 16, 2017 at 6:19 pm

      ဟုတ်။ အရင်နှစ် ဒီဇင်ဘာလောက်က သွားခဲ့တုန်းက လမ်းက ဆိုးမှဆိုး။
      အခု အတော် ကောင်းလာတာ မြင်ရတော့
      ကျေနပ်နေမိတာ။
      😆

  • Foreign Resident

    June 16, 2017 at 1:46 pm

    ကို သင့်အေးရိပ် ။
    အဲ့ဒီ အဝေးပြေးလမ်းတွေမှာ ၊
    Google Map & GPS အဆင်ပြေပြေ သုံးလို့ရလား ။

    • surmi

      June 16, 2017 at 2:51 pm

      ရတယ်ဦးဖေါ
      ကျနော်တို့ အဲ့ဒါနဲ့လှုပ်ရှားနေတာ ။
      တောကြိုအုံကြားတောင်ရတယ် ။
      တခုတော့သတိထား . . .
      တချို့လမ်းတွေမှာ လမ်းမကြီးအမှတ်အသားပြထားပေမယ့် လမ်းကမပြီးသေးဘူး
      ဥပမာ . . အမြန်လမ်းကနေခွဲထွက်ပြီး တပ်ကုန်းကိုဝင်တဲ့လမ်း ။
      ငါးပါးမှောက်သွားမယ် :mrgreenn:

    • သင့်အေးရိပ်

      June 16, 2017 at 6:17 pm

      G-Map ကောင်းကောင်း အလုပ် လုပ်ပါတယ်။
      G-map ပဲ အားကိုးပြီး သွားနေရတာ။
      :k:

  • ဦးကျောက်ခဲ

    June 16, 2017 at 2:13 pm

    ပုသိမ် – မုံရွာလမ်းကို ကောင်းကောင်း မမောင်းဖူးသေးဘူး …
    မြေလတ် အညာ ရှမ်းပြည်ဘက်တော့ အေးဆေး … :k:
    မန္တလေးကိုတော့ ဆိုင်ကယ်တွေ စက်ဘီးတွေလန့်လို့ မောင်းရတာ ရင်တထိတ်ထိတ်…

    • သင့်အေးရိပ်

      June 16, 2017 at 6:20 pm

      မန်းလေးမှာ ကျနော်လည်း ကားမမောင်းရဲသလောက်ပဲ။ ဆိုင်ကယ်တွေကို တအားလန့်နေရလို့။
      :k:

  • ဦး လေး မန်း

    June 16, 2017 at 3:01 pm

    လမ်​း​တွေ​တော်​​တော်​​ကောင်​းလာတဲ့သ​ဘောရှိတယ်​​နော်​။ မင်​းဘူး အမ်​းလမ်​းက အရင်​က​တော့ အ​တော်​ဆိုးသဗျ။ မြဝတီ ဖက်​လဲသွားရတာအ​တော်​အဆင်​​ပြေလာတယ်​။

    • သင့်အေးရိပ်

      June 16, 2017 at 6:21 pm

      ဟုတ်။ နေရာတော်တော်များများမှာ ရှိပြီးသား လမ်းတွေထက်လည်း ပိုကျယ်အောင် ချဲ့ထားတာ သိသာနေတယ် ဦးလေးရေ။

  • aye.kk

    June 16, 2017 at 5:25 pm

    ပြည်သူတင်တဲ့
    အစိုးရမို ့၊အကောင်းဘက်ကို
    ဦးတည်ပြီးပြောင်းလဲလာတာမြင်ရ,တွေ ့ရ,သိရလို ့ဝမ်းသာရပါတယ်။

    • သင့်အေးရိပ်

      June 16, 2017 at 6:22 pm

      ဟုတ်။ တဖြည်းဖြည်း ဒီ့ထက်ပို သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်ရတာပါပဲ တီအေးရေ

  • Shar Thet Man

    June 16, 2017 at 5:35 pm

    သတင်းကောင်းပါပဲ

    • သင့်အေးရိပ်

      June 16, 2017 at 6:22 pm

      ဒါပေါ့

  • ကထူးဆန်း

    June 16, 2017 at 6:05 pm

    လစဉ် တစ်လတစ်ခါ အမြဲတန်းလိုခရီးထွက်ဖြစ်နေတော့ လမ်းတွေတိုးတက်လာတာ တွေ သတိထားမိတာ တကယ်တော့ အခု အစိုးရ မတက် ခင် ကထဲ ကပါ ..
    အခု အစိုးရ လက်ထက် သိသိသာသာ လုပ်လာတာကတော့ နဂို ရှိရင်းစွဲ လမ်းတွေကို စက်အား နဲ့ ချဲ့ လာတာပါဘဲ ..သူတို့လုပ်တဲ့ အသီးအပွင့်က သိပ်မသိသာသေးပါဘူး ..လုပ်ဆဲ့ပါ ..
    အမြန်လမ်းတိုးတက်လာတာလမ်းညွှန်အမှတ်အသားတွေများလာတာ လမ်းချဲ့တာတွေ ကတော့ သိသာနေပါပြီ ..ဒါပေမဲ့ ဆောက်လုပ်ရေးဝန်ကြီး အင်ဂျင်နီယာတွေ ကို လမ်း ပ ျက် ရင် ထောင်ချမယ်ဆို သွားကြီမ်းခဲ့တဲ့ နေရာကို ပြင်ထားတာတော့ အင်ဂ ျင်နီယာတွေ တမင်ဘဲ ပညာပြထားသလားမသိ ။။ ကတ္တရာတွေကတော့ လှိုင်းတွန့်တွေဖြစ်နေလေရဲ့ …အချို့နေရာတွေ ကတ္တရာပေါက်နေလေရဲ့ … ရေတင်တဲ့ နေရာတွေ လည်း ရှိနေသေးတယ် ..

    ဘာဘဲပြောပြော အစိုးရ ပေါ်လစီကိုက လမ်းပန်းဆက်သွယ်ရေး အားကောင်းအောင်လုပ်မယ်ဆိုတော့အခုထက် ပိုကောင်းလာမှာပါ … ဆောက်လုပ်ရေးဝန်ကြီးဘာတွေ လုပ်နေတယ် ဘတ်ဂ ျတ်တွေ ဘယ်လို ရ သုံးစွဲ နေတယ် ဆိုတာကို မီဒီယာတွေ လည်း မျက်ချေပြတ်နေပုံရတယ် … မီဒီယာတွေ မှာဘာမှတက်လာတာ မတွေ့ ရဘဲ လမ်းတွေမှာ သုံးစွဲ နေတာ သိသိသာသာ တွေ့နေရတယ် ..ဝန်ကြီးလူလည်လုပ်နေပုံရတယ် .. မီဒီယာကို အသိမပေးတော့ဘဲ ကြိတ်နေပုံရတာမို့ ပွင့်လင်းမြင်သာမှုရှိအောင် မီဒိယာတွေတူးဆွ သင့်ပါတယ် ..

    ဒီတစ်ခေါက်က နေပြည်တော်တပ်ကုန်း ပင်လောင်း ကနေ ကယား လွိုင်ကော် သွားတာ လမ်းက ျဉ်းပေမဲ့ ကတ္တရာဖြစ်လို့ အတော်အဆင်ပြေပါတယ် .. လွိုင်ကော် အင်းလေး ကားလမ်းကတော့ တဝက်ကျော်ကေ ျာ် လောက် က ကေ ျာက် လမ်းဘဲ ရှိပါသေးတယ် …

    စကားအတင်းစပ် ဦးကေ ျာက် ရေ .. မန်းမှာ ကားမောင်းရတာ ရန်ကုန်မှာမောင်းရတာထက်တော့ စိတ်ချမ်းသာသွားပြီ .. ရန်ကုန်မှာကားပိတ်ကားမရွေ့တာတွေခေါင်းဦးသူ အတင်းဝင်တာတွေက မန်းမှာဆိုင်ကယ်တွေနဲ့မောင်းရတာထက် စိတ်ပ ျက် စရာကောင်းနေသလိုဘဲ … 🙂 🙂

    • သင့်အေးရိပ်

      June 16, 2017 at 6:25 pm

      ဟုတ်ကဲ့။
      အရင်က အလုပ်အကိုင်ရှိရာကို လူတွေ လာနေတဲ့ကိစ္စထက် ပိုကောင်းအောင်
      လူတွေရှိရာကို အလုပ်အကိုင်တွေ ပို့မယ်လို့ ပြောခဲ့တာ ကြားမိတယ်။

      အခုနောက်ပိုင်းတော့ လူတွေရှိရာကို အလုပ်အကိုင်တွေ ပို့ဖို့ ဆိုရင် လမ်းပန်းဆက်သွယ်ရေး ကောင်းနေမှ
      ဖြစ်မယ် ဆိုတာ သိလို့ အဲ့ဘက်မှာ ငွေပိုသုံးမယ်လို့ ထပ် ပြောတာ ကြားမိတယ်။

    • kai

      June 17, 2017 at 7:40 am

      အမေရိကားတောင် တိတ်တိတ်လေးလာသွားပုံရပါတယ်..။
      ကြောက်ချက်..။ :k:

  • ဦးကျောက်ခဲ

    June 16, 2017 at 7:39 pm

    ပုသိမ် – မုံရွာလမ်းက ကိုရင်ဆာမိမန့်ခဲ့သလို အရင် စစ်သုံး ဗျူဟာလမ်းပါ ။ ၁၉၈ဝ နှစ်လွန်များမှာ ပုသိမ် – မုံရွာလမ်းအတွက် ADB က ဘဏ္ဍာငွေ ချပေးခဲ့တယ် … ။
    ပဆလ က လမ်းဖောက်ပြီး လက်ကျန် ဘဏ္ဍာငွေကိုတောင်းတော့ ၊ ADB က လမ်းအတွက် အတိုင်ပင်ခံ Louis Berger Co. (ရန်ကုန်-ပြည်လမ်းအဆင့်မြှင့်သွားတဲ့ အဖွဲ့) ကို ခေါ်ပြီး စစ်ဆေးလိုက်တာ ခိုးထားသမျှ ပေါ်ရော (ကားနဲ့မောင်းသွားရင်း စစ်ချင်တဲ့နေရာ ကားရပ်ခိုင်းပြီး ၊ လမ်းကို လွန်ထိုး “Coring” စစ်တာ) ။ အဲသည့်မှာ ပြသနာတွေတက် ၊ ပြုတ်တဲ့သူပြုတ် ၊ ၈၈၈၈ ကလည်းဖြစ် … တန်းလန်းကြီး ဖြစ်နေရာကနေ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ လမ်းကို စံမီအောင်ပြန်ပြင်ပြီး ADB ကို ပြန်စစ်ခိုင်းမှ လက်ကျန် ဘဏ္ဍာငွေကို ၂၀၁၆-မှာ ပြန်ရပါတယ် ။ ဆိုတော့ … ဘယ်အစိုးရရဲ့ လမ်းမှမဟုတ် ADB (အာရှဖွံ့ဖြိုးရေးဘဏ်) ရဲ့ ကူငွေနဲ့ ဖောက်ထားတဲ့ လမ်းသာ ဖြစ်ပါကြောင်း … :k:
    ကထူးဆန်းရေ … ရန်ကုန်မှာ ကားမောင်းဖို့တော့ တောရှုံးသွားပြီ ။ လူတွေရော ကားတွေရော စိတ်ပျက်စရာကောင်းလို့ သူများမောင်းတာပဲစီးတော့တယ်… :k:

  • အစိုးရ တစ်နှစ်ပြည့်မိန့်ခွန်းမှာ လမ်းပန်းဆက်သွယ်ရေးကို အဓိကထား လုပ်နေတယ်လို့ ပြောထားတယ်.. သိသိသာသာလည်း တိုုးတက်လာတယ်တဲ့… ကိုယ်တွေလည်း အိမ်ပြန်ရင် အချိန်ကုန်အရမ်းသက်သာသွားတယ်..

    လောလောဆယ် ဝမ်းသာနေတာကတော့ စစ်တွေ မြောက်ဦးလမ်း လုံးဝကောင်းသွားတာ.. အရင်က တပ်ကို ဖြတ်ရတာရော.. လမ်းဆိုးတာရောကြောင့် ရေလမ်းကို အဓိကထား သွားနေရာကနေ ခု ကားလမ်းကောင်းသွားတော့ အတော်လေး အဆင်ပြေသွားတယ်.. :mrgreen:

  • ကျော်လွင်ဖြိုး

    June 18, 2017 at 9:56 pm

    အိမ်ကတော့ ပြောရှာတယ်။
    ရန်ကုန် ထဲက လွဲပြီး ကျန်တဲ့ နေရာတွေ အတော် များ များ လမ်း တွေက ဖြူး လို့ တဲ့။
    (ကျန်တဲ့ နေရာတွေ ဆိုတာ ရန်ကုန် မော်လမြိုင် ဘားအံ မန္တလေး တောင်ကြီး ဟိုင်းဝေး လမ်း တွေနဲ့ အဲ့ မြို့က လမ်းတွေု့ကို ပြောတာနော်။)

  • weiwei

    June 19, 2017 at 9:02 am

    မြန်မာပြည်တစ်ပြည်လုံး မကြာခဏ ကားလမ်းကနေ ခရီးသွားဖြစ်နေတာဆိုတော့ လမ်းတွေတိုးတက်မှု သိသိသာသာ တွေ့ရှိရပါတယ် .. ဒါပေမယ့် အဲဒါတွေက နေ့ခြင်းညခြင်း ကောင်းလာခဲ့တာတော့မဟုတ်ဘူး .. နှစ်တော်တော်ကြာ အချိန်ယူပြီး လုပ်ခဲ့ရတာ .. တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာတယ်လို့ပဲ ပြောလို့ရမယ် ..

Leave a Reply